Chapter 239
Viewers 23k

Volume 11 : ဓာတုဗေဒဌာန


Chapter 239 (ဓာတုဓာတ်ပြုမှု ၁၄)

ရှောင်းဝမ်ဟွေ့ကို အခြားအတန်းဖော်တွေက တစ်ခါမှ မမြင်ဖူးသလို ဝန်ထမ်းအချက်အလက်တွေကို စီစဉ်ပေးသော လန်ယာရုန်နှင့် လင်းမန့်လော်တို့က သူ့ကို အထူးဂရုမစိုက်ခဲ့ကြဘူး။ သို့သော် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် သူ့အား လေးနက်စွာ သဘောကျခဲ့သည်မှာ အမှန်ပင်။ ဤလူသည် သူတို့နှင့် တစ်ရုံးတည်း အဖွဲ့ခေါင်းဆောင်ဖြစ်သည်။

ခပ်ဝဝလူလတ်ပိုင်းအရွယ်၊ ဘီယာဗိုက်နဲ့ ဒီလူသည် စကားပြောသောအခါ ပြုံးနေပြီး အလွန်ဖော်ရွေသော သဘောထားရှိကာ စိတ္တဇလူသတ်သမားနှင့် ဆက်စပ်ရန် ခက်သည်။

ရှောင်းဝမ်ဟွေ့၏ နာမည်ကို သူတို့နှစ်ယောက်ပြောနေတာကိုကြားတော့ ခယ်ရှောင်ပင်းသည် သူ့လက်ပ်တော့ကို ချက်ချင်းထုတ်လိုက်ပြီး စီနီယာအစ်မလင်း ပြုစုထားသော ဓာတုစက်ရုံဝန်ထမ်း အချက်အလက်စာရွက်ကို ဖွင့်ကြည့်လိုက်ကာ ရှောင်းဝမ်ဟွေ့၏ အချက်အလက်ကို တွေ့ပြီး လူတိုင်းမြင်နိုင်အောင် ချဲ့လိုက်သည်။

လင်းမန်လော်က ဒီလူကို တစ်ချက်ကြည့်လိုက်ပြီး အမြန်မှတ်မိသွားသည်။ "ရှောင်းဝမ်ဟွေ့လား။ သူက ပရောဂျက်ဌာနရဲ့ အဖွဲ့ခေါင်းဆောင်ပါ။ သူက ဓာတုစက်ရုံတွေနဲ့ အခြားဆေးဝါးကုမ္ပဏီတွေကြားက ပရောဂျက်တွေကို ညှိနှိုင်းဖို့ လိုအပ်တယ်။ ရှင်းဝမ်နဲ့ ဖျင်စစ်က သူ့ကို သံသယရှိတာလား။ ငါတို့ အချက်အလက်တွေကို ခွဲထုတ်တုန်းက သူ့ရဲ့အချက်အလက်နဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ ဘာမှမရှိပါဘူး။"

လန်ယာရုန်က သံယောင်လိုက်သည်။ "ဟုတ်တယ်၊ သူက ဒီနှစ် အသက် 35 နှစ်ရှိပြီ။ ကျိုးကျားနန်က လွန်ခဲ့တဲ့ အနှစ် 20 မီးထံမှာ ဆုံးသွားတော့ သူ့အသက်က 15 နှစ်ပဲရှိသေးတယ်။ သူက အဲဒီအသက်အရွယ်မှာ ကျိုးကျားနန်ရဲ့ခင်ပွန်း ဒါမှမဟုတ် သားမဖြစ်နိုင်ဘူး။ သူက သူ့ရဲ့အချက်အလက်စာရွက်မှာ မွေးချင်းမောင်နှမမရှိတဲ့ တစ်ဦးတည်းသောသားလို့ ဖြည့်ထားပြီး သူ့မျိုးရိုးနာမည်ရှောင်းသလို သူ့မိဘတွေရဲ့ မျိုးရိုးနာမည်တွေမှာလည်း ကျိုး လုံးဝမပါဘူး၊ သူက ကျိုးကျားနန်ရဲ့မောင်လေးဖြစ်ဖို့လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။"

လင်းမန့်လော်: "ပိုအရေးကြီးတာက ရှောင်းဝမ်ဟွေ့ရဲ့ အချက်အလက်တွေအရ သူ့မှာ မိဘနှစ်ပါး၊ ဆရာမလုပ်နေတဲ့ ဇနီးနဲ့ အသက် 7 နှစ်အရွယ် သမီးလေးတစ်ယောက် ရှိတယ်။ သူ့မှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးရှိပြီး ပြစ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်မရှိဘူး၊ ဒါကြောင့် အဲဒီအချိန်တုန်းက ငါတို့က ဒါကို ဖယ်ထုတ်ခဲ့တာ။"

ဤကဲ့သို့သော အချက်အလက်အပိုင်းအစတွင် သံသယများစွာ မရှိပါ။ သို့သော် ရှောင်းဝမ်ဟွေ့က အပေါ်ယံလို ရိုးရိုးရှင်းရှင်းပဲလား။

ယွဲ့ရှင်းဝမ်က မေးလိုက်သည်။ "သူဘယ်တက္ကသိုလ်က ဘွဲ့ရခဲ့တာလဲ။"

ခယ်ရှောင်ပင်းက အချက်အလက်တွေကို ထောက်ပြပြီး ပြောသည်။ "ဓာတုဗေဒဌာနရဲ့ အသုံးချဓာတုဗေဒဌာနကပဲ။ ဒါပေမဲ့ ဒီဓာတုစက်ရုံက ခေါ်ယူခဲ့တဲ့ ဝန်ထမ်း 40% လောက်က ဓာတုဗေဒဌာနက ဘွဲ့ရတွေဖြစ်ပြီး ဒါတစ်ခုတည်းကိုအခြေခံပြီးတော့ သူ့ကို လူသတ်သမားလို့ ဘယ်လို သတ်မှတ်နိုင်မှာလဲ။"

ယွဲ့ရှင်းဝမ် ပြောခါနီးတွင် ကျန်းဖျင်စစ်၏အသံကို သူကြားလိုက်ရသည်။ "ချန်ရှို့မိန်ရဲ့သေဆုံးချိန်နဲ့ သေဆုံးမှုဖြစ်စဉ်ပဲ။"

ကျန်းဖျင်စစ်က သူတွေးနေသောအရာကိုပြောခဲ့ပြီး ယွဲ့ရှင်းဝမ်က တစ်ဖက်လူကို လှည့်ကြည့်လိုက်သည်။ "ချန်ရှို့မိန်က ဒီနေ့နေ့လယ်ပိုင်းမှာ ရာထူးက နှုတ်ထွက်သွားတယ်။ စီနီယာအစ်ကိုရွှီက ချန်ရှို့မိန် သူမခရီးဆောင်အိတ်နဲ့ ဓာတုစက်ရုံက ထွက်သွားတာကို ကြည့်နေခဲ့တယ်၊ ဒါကြောင့် သူမက စက်ရုံအပြင်ဘက်မှာ အသတ်ခံရတာပဲ။ အရင်က ငါတို့ သံသယရှိခဲ့တဲ့ လင်းယွိစန်းက ဒီနေ့လယ်မှာ ဓာတုစက်ရုံကနေ မထွက်သွားခဲ့တာကြောင့် စက်ရုံအပြင်ဘက်ကလူကိုသတ်ဖို့ မဖြစ်နိုင်ဘူး။"

ရှင်းယန်: "ဟုတ်တယ်၊ လင်းယွိစန်းက ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာပါ။ သူက ငါ့ဘေးက ရုံးခန်းထဲမှာ ရှိတယ်။ ဒီနေ့ တစ်နေ့လုံး သူ့အခန်းထဲမှာ ရှိနေတာ။"

ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ပြောတာကို ဆက်ပြောသည်။ "ဒါပေမဲ့ ရှောင်းဝမ်ဟွေ့က ဒီနေ့ တစ်နေကုန် အလုပ်မလာဘူး။ မနက်အစောကြီးကတည်းက ငါနဲ့ရှင်းဝမ်ကို ဖုန်းဆက်ပြီး သူ့သမီးက အကသင်တန်းမှာ ခြေထောက်အဆစ်လွဲသွားလို့ သူမကို အဖော်ပြုပြီး ဆေးရုံလိုက်ပို့ပေးချင်တယ်လို့ ပြောတယ်။"

လျှိုကျောက်ချင်းသည် သူတို့နှစ်ဦး၏ ကျိုးကြောင်းဆင်ခြင်ခြင်းကို သေချာစဉ်းစားကာ မေးစေ့ကိုထိရင်း ခဏလောက်စဉ်းစားပြီး ရုတ်တရက်ပြောလိုက်သည်။ "စကားမစပ်၊ နောက်ထပ်တစ်ခုရှိသေးတယ်။ ရေဆိုးကန်ထဲက အလောင်းကို အပိုင်းပိုင်းဖြတ်ထားတယ်။ စက်ရုံထဲမှာ လူတစ်ယောက်ကိုသတ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ဖို့အတွက် လှုပ်ရှားမှုက အရမ်းကြီးလွန်းရင် အခြားသူတွေရဲ့အာရုံကို လွယ်လွယ်နဲ့ စွဲဆောင်နိုင်တယ်။ စက်ရုံအပြင်ဘက်မှာ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ပြီး ပြန်သယ်လာတာက ပိုအဆင်ပြေလိမ့်မယ်။"

ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။ "ဒါကြောင့် အရင်က နှုတ်ထွက်ခဲ့တဲ့ လူသုံးယောက်ကလည်း စက်ရုံအပြင်ဘက်မှာ အသတ်ခံခဲ့ရတယ်လို့ ကျွန်တော်သံသယဖြစ်မိတယ်။"

ခယ်ရှောင်ပင်းသည် ရှောင်းဝမ်ဟွေ့၏ အချက်အလက်ကို ပြန်ကြည့်လိုက်တော့ ဓာတ်ပုံထဲကလူသည် ရိုးသားပြီး သစ္စာရှိပုံရကာ သူက မျက်မှန်ကို ပင့်တင်ပြီး တွေးဆသည်။ "ဒါပေမဲ့ ရည်ရွယ်ချက်ကဘာလဲ။ ရှောင်းဝမ်ဟွေ့အဖေရဲ့ မျိုးရိုးနာမည်က ရှောင်းဖြစ်ပြီး သူ့အမေရဲ့မျိုးရိုးနာမည်က လင်းပဲ။ သေဆုံးသွားတဲ့ ကျိုးကျားနန်က သူနဲ့ မောင်နှမအရင်းလည်း မဟုတ်သလို ဝမ်းကွဲလည်း မဟုတ်ဘူး။ ဘယ်လိုနေရာမျိုးကနေ သူက ကျိုးကျားနန်အတွက် ‌လက်စားချေရတာလဲ။"

အားလုံး တိတ်ဆိတ်သွားကြသည်။

အကယ်၍ ရှောင်းဝမ်ဟွေ့သာ ပြစ်မှုကျူးလွန်ခဲ့မည်ဆိုပါက ရည်ရွယ်ချက်မှာ တကယ်အဓိပ္ပါယ်မရှိချေ။ သူ့တွင် ပျော်ရွှင်သောမိသားစုတစ်ခုရှိပြီး လွန်ခဲ့သော အနှစ် 20 က သေဆုံးသွားသော ကျိုးကျားနန်နှင့် ဘာမှပတ်သတ်မှုမရှိပေ။ ကွင်းဆက်လူသတ်ဖို့ ကြီးမားသောအမုန်းတရားက ဘယ်ကနေလာခဲ့တာလဲ။

ယွဲ့ရှင်းဝမ်က သေသေချာချာ တွေးပြီး ပြောသည်။ "ချန်ရှို့မိန်က စက်ရုံအပြင်မှာ အသတ်ခံရတာဖြစ်နိုင်တယ်ဆိုတော့ စက်ရုံမှာ ဒီနေ့နေ့လယ်ပိုင်းက အလုပ်လုပ်နေတဲ့ ကျိုးချီချီနဲ့ လင်းယွိစန်းတို့ရဲ့ သံသယကို ရှင်းနိုင်ပြီ။ အလုပ်ရုံဒါရိုက်တာ ယွီချန်မင်းကကော၊ သူ ဒီနေ့နေ့လယ် အလုပ်လာလား။"

ကျိုဖုန်းက ဆိုသည်။ "မလာဘူး၊ မင်း သူ့ကို သံသယရှိနေတယ်လို့ အရင်ပြောခဲ့တော့ ငါ သူ့ကို စောင့်ကြည့်နေတာ။ ဒီနေ့ တစ်နေ့လုံး အလုပ်ရုံမှာ သူ့ကိုမတွေ့ခဲ့ရဘူး။ သူ ထွက်သွားဖို့ ခွင့်တောင်းခဲ့တာ ဖြစ်နိုင်တယ်။"

ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကောက်ချက်ချလိုက်သည်။ "လူသတ်သမားက ယွီချန်မင်းနဲ့ ရှောင်းဝမ်ဟွေ့တို့ကြားထဲမှာပဲ။ ဒါ့အပြင် ဒီနေ့ စက်ရုံမှာ မရှိတဲ့သူတွေက ချန်ရှို့မိန်ကို သတ်နိုင်တယ်။"

ခယ်ရှောင်ပင်းက ခွဲခြမ်းစိတ်ဖြာသည်။ "ဒီလူနှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရင် ယွီချန်မင်းက ဖြစ်နိုင်ခြေပိုများတယ်လို့ ငါထင်တယ်။ သူက ကျိုးကျားနန်ထက် တစ်နှစ်ပိုကြီးတယ်၊ ပြီးတော့ သူ့ရဲ့ကိုယ်ရေးအကျဉ်းမှာ 'မုဆိုးဖို'ရေးထားပြီး သူက ကျိုးကျားနန်ရဲ့ခင်ပွန်းဆိုရင် လက်စားချေဖို့ စက်ရုံကို လာရတဲ့ သူ့ရဲ့ရည်ရွယ်ချက် အဓိပ္ပါယ်ရှိတယ်။"

လျှိုကျောက်ချင်းက သူ့ခေါင်းကို ကုတ်လိုက်ပြီး ပြောသည်။ "ဒါပေမဲ့ လူသတ်သမားက ယွီချန်မင်းဆိုရင် ကျိုးကြောင်းဆီလျော်တယ်လို့ ငါလည်းထင်တယ်။"
 
ရွှီယိရှန်းက အပြုံးဖြင့် ဆိုသည်။ "စာကြည့်တိုက်က မကြာခဏ အဓိပ္ပါယ်ရှိတာကနေ ကွဲထွက်တဲ့ ကတ်တွေ ကစားတတ်တယ်ဆိုတာ မမေ့ပါနဲ့၊ ပြီးတော့ ပိုပြီးရှင်းလင်းတဲ့ သက်သေအထောက်အထားတွေကို မရှာခင် ငါတို့ရဲ့ခွဲခြမ်းစိတ်ဖြာမှုက မှားနိုင်တယ်။"

လူတိုင်းသည် ကူကယ်ရာမဲ့သော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ရွှီယိရှန်း ပြောတာမှန်၏။ အရာအားလုံးက သက်သေအထောက်အထားတွေပေါ်မှာ မူတည်သည်။

အချက်အလက်ကိုအခြေခံထားသော လက်ရှိခွဲခြမ်းစိတ်ဖြာမှုသည် သူတို့၏ ခံစားချက်အရဆုံးဖြတ်ချက်ဖြစ်ပြီး လုံးဝမှန်ကန်မည်မဟုတ်ပါ။

ဆုံးဖြတ်နိုင်သည့် တစ်ခုတည်းသောအချက်မှာ ချန်ရှို့မိန်ပြောသော "အဲဒီအဖြစ်အပျက်" က လူသတ်သမားနှင့် ပတ်သက်နေသည်။ မဟုတ်ပါက ချန်ရှို့မိန်သည် သူမ၏လုပ်ဖော်ကိုင်ဖက်များ သုံးယောက်ဆက်တိုက် ပျောက်ကွယ်သွားပြီးနောက် နေ့တိုင်း အိပ်မက်ဆိုးများ ရှိနေမည်မဟုတ်သလို လင်းယွိစန်းနှင့် ညဥ့်နက်သန်းခေါင် ခေါင်မိုးပေါ်တွင် “လက်စားချေခြင်း” နှင့် အခြားစကားလုံးများကို ပြောနေမည်မဟုတ်ပေ။

ချန်ရှို့မိန်ပြောသော 'အဲဒီအရာ'က ဘာလဲ။

ယွဲ့ရှင်းဝမ်က ဒါကို တွေးပြီး ရုတ်တရက် ပြောလိုက်သည်။ "ငါတို့ကျိုးကြောင်းဆင်ခြင်တာက လမ်းလွဲသွားတာဖြစ်နိုင်တယ်။ ချန်ရှို့မိန်နဲ့ လင်းယွိစန်းတို့ ခေါင်မိုးပေါ်မှာ စကားစမြည်ပြောခဲ့တဲ့ 'အဲဒီအရာ' က ကျိုးကျားနန်သေဆုံးမှုကို တကယ်ရည်ညွှန်းတာလား။ မဟုတ်ဘူးဆိုရင် ကျိုးကျားနန်သေဆုံးမှုက အကြီးမားဆုံး အာရုံထွေပြားမှု ဖြစ်လာပြီး ငါတို့ရဲ့ တွေးခေါ်မှုကို လုံးဝလွဲချော်သွားစေလိမ့်မယ်။"

ခယ်ရှောင်ပင်းသည် ခေါင်းကိုက်ကာ နားထင်ကိုပွတ်လိုက်သည်။ "ဒါပေမဲ့ လွန်ခဲ့တဲ့ 25 နှစ်က သတင်းတွေအကုန်လုံးကို ငါလိုက်ရှာခဲ့တယ်။ အဲဒီနှစ်တွေတုန်းက ဓာတုစက်ရုံမှာ အဲဒီ'ကျိုးကျားနန်ရဲ့သေဆုံးမှု' လူသတ်မှု တစ်ခေါက်ပဲရှိခဲ့တယ်။ 'အဲဒီအရာ'က ချန်ရှို့မိန်ကို အိမ်မက်ဆိုးတွေ မက်ပြီး ထွက်ပြေးဖို့ အလျင်စလိုဖြစ်အောင် လုပ်ခဲ့တာက လူသတ်မှုမဟုတ်ရင် အခြားဘာဖြစ်နိုင်မလဲ။"

ရှင်းယန်က ရုတ်တရက် ပြောလိုက်သည်။ "တချို့ဒဏ်ရာတွေက သေတာထက် ပိုကြောက်စရာကောင်းတယ်။"

ခယ်ရှောင်ပင်းက သူ့ကို လှည့်ကြည့်လိုက်တော့ ရှင်းယန်၏ ငြိမ်သက်သောအကြည့်နဲ့ တွေ့လိုက်ရပြီး တည်ငြိမ်သောအသံဖြင့် ပြောလာသည်။ "စာကြည့်တိုက်ထဲမှာ လူတွေကို ဆာလဖျူရစ်အက်စစ်နဲ့ပတ်တဲ့ အဖြစ်အပျက်ကို မင်းတို့ မှတ်မိသေးလား။"

ဒါကို လူတိုင်းကြားလိုက်ရတော့ တစ်ချိန်တည်းမှာပဲ သူတို့နှလုံးသားတွေ တင်းကြပ်လာခဲ့သည်...။

၎င်းက စာကြည့်တိုက်ကို သူတို့ ပထမဆုံးရောက်လာတုန်းကဖြစ်သည်။ ပထမဆုံး အများသူငါစိတ်ကြိုက်သင်တန်း "တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ"တွင် အမှတ်ကတ်များနှင့်ပတ်သက်၍ ကျောင်းသားအုပ်စုများအကြား ပဋိပက္ခဖြစ်ခဲ့သည်။ ဓာတုဗေဒဌာနမှ အတန်းဖော်သည် သေချာမစဉ်းစားဘဲ စုစည်းထားသော ဆာလဖျူရစ်အက်စစ်ကို အတန်းဖော်များအပေါ်ပတ်ဖြန်းရန် သူ့အထူးစွမ်းရည်ကို တိုက်ရိုက်အသုံးပြုကာ မိန်းကလေး လေးဦးသည် နေရာမှာတင် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရသည်။

စာကြည့်တိုက်ရှိ ဆာလဖျူရစ်အက်စစ်သည် ပြင်းထန်သော သားရဲတစ်ကောင်ကို သွေးအိုင်ထဲသို့ လျင်မြန်စွာ အရည်ပျော်သွားစေနိုင်ပြီး ထိုအချိန်တွင် ၎င်းနှင့်ပက်ဖျန်းခံရသော မိန်းကလေးများ၏ မျက်နှာများသည် သွေးထွက်သံယိုဖြစ်ကာ မျက်နှာပေါ်ရှိ အရေပြားနှင့် ကြွက်သားများသည် သွေးအိုင်ထဲသို့ အရည်ပျော်သွားပြီး ဒဏ်ရာဒဏ်ချက်တွေက အရိုးတွေကို ပြနိုင်လောက်အောင်နက်တယ်။

ဒီလို ကြေကွဲဖွယ် ဒဏ်ရာက သေခြင်းထက် ပိုကြောက်စရာကောင်းသည်။

စာကြည့်တိုက်သို့ ပြန်လာပြီးနောက် အမာရွတ်များကို အလိုအလျောက် ပြုပြင်ပြီး သူတို့၏ အသွင်အပြင်ကို ပြန်လည်ရရှိလာသော်လည်း ဤအိပ်မက်ဆိုး အတွေ့အကြုံသည် မိန်းကလေးများစွာအတွက် မမေ့နိုင်စရာ ဖြစ်မှာ သေချာပါသည်။

ဒီလို အဖြစ်ဆိုးတွေ မဖြစ်ပွားအောင် တားဆီးဖို့အတွက် တက္ကသိုလ်မဟာမိတ်အဖွဲ့ဟာ "စာကြည့်တိုက်ကျောင်းသားသဘောတူညီချက်" ကို ပူးတွဲထုတ်ပြန်ခဲ့ပြီး ရုပ်ပျက်ဆင်းပျက် မိန်းကလေးတွေကို စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးဖို့အတွက်လည်း စိတ်ပညာဘာသာရပ်မှ စီနီယာအစ်မကို တွေ့ရှိခဲ့ပြီး ဒီကသောင်းကနင်းအခြေအနေက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

နောက်ပိုင်းတွင် စာကြည့်တိုက်မှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်မှုများမရှိတော့ဘဲ အတန်းဖော်များကို မထိခိုက်စေရန် လူတိုင်းက သူတို့၏စွမ်းရည်များကို သတိဖြင့် အသုံးပြုကြသည်။ သို့သော် ဤအဖြစ်အပျက်သည် အစပိုင်းတွင် လူတိုင်း၏ခေါင်းပေါ်တွင် တွဲလောင်းကျနေသော အရိပ်တစ်ခုကဲ့သို့ဖြစ်ပြီး ၎င်းကို ထပ်မံဖော်ပြသည့်အခါတွင် အားလုံးက သူတို့၏ကျောရိုးတလျှောက် အေးစိမ့်မှုကို ခံစားရဆဲဖြစ်သည်။

ရှင်းယန်၏ လေးနက်သောအမူအရာကိုကြည့်ရင်း ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ မေးသည်။ "လူသတ်သမားရဲ့ လက်စားချေမှုက ကျိုးကျားနန်ကြောင့်မဟုတ်ပေမဲ့ ချန်ရှို့မိန်နဲ့ အခြားသူတွေကြောင့် ဓာတုစက်ရုံမှာ ထိခိုက်ဒဏ်ရာရသွားခဲ့တဲ့ အခြားသူတွေရှိသေးပြီး—— သေလောက်တဲ့ဒဏ်ရာမဟုတ်ပေမဲ့ သေတာထက် ပိုရက်စက်တာကို မင်းဆိုလိုတာလား။"

"ဟုတ်တယ်" ရှင်းယန်က အေးဆေးတည်ငြိမ်စွာပြောခဲ့သည်။ "တကယ်တော့ လူသတ်သမားရဲ့ လုပ်နည်းလုပ်ဟန်ကို ငါတို့ပိုပြီး သေသေချာချာ တွေးကြည့်နိုင်တယ်။ ပထမတော့ လူသတ်သမားက ဆိုဒီယမ်ဆိုင်ယာနိုက်လိုမျိုး အဆိပ်ပြင်းတဲ့ ဓာတုပစ္စည်းကို သုံးခဲ့တယ်လို့ ငါတို့အားလုံး သံသယရှိခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ ဆိုင်ယာနိုက်က အရွယ်ရောက်သူတစ်‌ဦးကို အဆိပ်ဖြစ်စေဖို့ ဂရမ်အနည်းငယ်သာ လိုအပ်ပြီး သက်ရောက်မှုက မြန်တဲ့အပြင် စက်ရုံဂိုဒေါင်မှာလည်း ဒီအန္တရာယ်ရှိတဲ့ပစ္စည်းကို သိုလှောင်ထားတယ်။ လူသတ်သမားက အဲဒါကိုယူဖို့ နည်းလမ်းရှာနိုင်ရင် ဓာတုစက်ရုံထဲမှာ ဘယ်သူမှသတိမထားမိဘဲ လူတွေကို သတ်နိုင်တယ်။"

ယွဲ့ရှင်းဝမ်က ရှင်းယန်၏အတွေးနောက်ကိုလိုက်အြီး ပြောသည်။ "ဒါပေမဲ့ အခုတော့ လူသတ်သမားက ဓာတုစက်ရုံထဲမှာ လူတွေကို မသတ်ခဲ့ဘဲ ချန်ရှို့မိန်နဲ့ အခြားသူတွေက ဓာတုစက်ရုံကနေ ထွက်သွားပြီးတဲ့နောက်မှာမှ အသတ်ခံခဲ့ရတယ်ဆိုတာ ငါ‌တို့တွေ့ရှိခဲ့လို့မလား။"

"ဟုတ်တယ်။ လူသတ်မှုက ဓာတုစက်ရုံအပြင်ဘက်မှာ ရှိတဲ့အတွက် လူသတ်သမားက လူကို မြန်မြန်သေအောင် ဆိုဒီယမ်ဆိုက်ယာနိုက်နဲ့ အဆိပ်ခတ်ဖို့ မလိုဘူး။ သူက လူတွေကို ဖြည်းဖြည်းချင်း သေတဲ့အထိ နှိပ်စက်နိုင်တယ်။"

ရှင်းယန်က ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်ကိုကြည့်ကာ ဆိုသည်။ "ငါတို့ အလောင်းကိုတွေ့တဲ့နေရာက ရေဆိုးကန်ထဲမှာဖြစ်ပြီး ဓာတုစက်ရုံရဲ့ ရေဆိုးသန့်စင်ရေးအလုပ်ရုံက လုံးဝတိုက်စားပြီး အန္တရာယ်ရှိတဲ့ ထုတ်ကုန်ဖြစ်တဲ့ ဟိုက်ဒရိုဖလိုရစ်အက်စစ်ကို သေချာပေါက် မသုံးဘူး။ ဖြစ်နိုင်ခြေတစ်ခုကတော့ ရေဆိုးကန်ထဲမှာ ဟိုက်ဒရိုဖလိုရစ်အက်စစ်မရှိပေမဲ့ လူသတ်သမားက ရေဆိုးကန်ထဲကို အလောင်းပစ်ချလိုက်တဲ့အခါ ဟိုက်ဒရိုဖလိုရစ်အက်စစ်က အလောင်းကိုယ်ထဲမှာရှိနေပြီသား။"
 
သူက ခေတ္တရပ်လိုက်ပြီး အသံတိုးတိုးဖြင့် အကျဉ်းချုပ်ပြောသည်။ "တစ်နည်းအားဖြင့်ပြောရရင် လူသတ်သမားက ဆိုဒီယမ်ဆိုင်ယာနိုက်ကို လူသတ်ဖို့ မသုံးခဲ့ဘဲ ဟိုက်ဒရိုဖလိုရစ်အက်စစ်ကို သုံးခဲ့တာ။"

ရှင်းယန်၏ စကားကြောင့် နေရာတွင်ရှိသော လူအားလုံးသည် အံ့အားသင့်စွာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

သူတို့သည် ဓာတုဗေဒအကြောင်း အနည်းငယ်မျှ မသိသော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရှင်းယန်၏ သိပ္ပံပညာများ ရေပန်းစားလာပြီးနောက် ဆိုဒီယမ်ဆိုင်ယာနိုက်သည် အလွန်အဆိပ်သင့်သောအရာဖြစ်ပြီး ပမာဏအနည်းငယ်ဖြင့် မိနစ်အနည်းငယ်အတွင်း သေစေလိမ့်မယ်ဆိုတာ အားလုံးသိခဲ့သည်။ ပြီးနောက် ဟိုက်ဒရိုဖလိုရစ်အက်စစ်သည် အလွန်တိုက်စားသောအက်စစ်ဖြစ်ကာ ဆာလဖျူရစ်အက်စစ်ကဲ့သို့ ချက်ချင်း သေစေမည်မဟုတ်သော်လည်း လူ့အရေပြား၊ အသားနှင့် အသွေးကို ဖြည်းညင်းစွာ ပျက်စီးစေသည်။

လူသတ်သမားက သူတို့ကိုသတ်ဖို့ ဆိုဒီယမ်ဆိုင်ယာနိုက်ကို အသုံးပြုပါက လူများသည် မိနစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားလိမ့်မည်။

သို့သော် လူသတ်သမားသည် လူတွေကို ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်မယ်ဖို့ ဟိုက်ဒရိုဖလိုရစ်အက်စစ်ကို အသုံးပြုခဲ့မယ်ဆိုရင် ချန်ရှို့မိန်နှင့် အခြားသူများ မသေခင် ခံစားရသောနာကျင်မှုကို စိတ်ကူးကြည့်လို့မရဘူး။ ကျောက်စိမ်းကိုတောင် တိုက်စားနိုင်သောအရာတစ်ခုက ကိုယ့်အရေပြားအပေါ်ကို ပတ်ဖြန်းလိုက်ရင် ဘယ်လိုခံစားရမလဲ။ ထိပ်တန်းညှဉ်းပန်းနှိပ်စက်မှုဆယ်ခုတွင် "လင်းချီ ကွပ်မျက်ခြင်း"ထက် အရေပြားနှင့် အသားတစ်လက်မချင်းစီကို တိုက်စားရန် ဓာတုပစ္စည်းများအသုံးပြုခြင်း၏ နာကျင်မှုက ပြင်းထန်သည်မဟုတ်ပါလား။
𝗧𝗞: "လင်းချီကွပ်မျက်ခြင်း" = ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ပြီးသတ်ပစ်ခြင်း

ဓာတုဗေဒဘာသာရပ်ကို မကောင်းသောရည်ရွယ်ချက်ရှိသူတစ်ယောက်က အသုံးချခဲ့မယ်ဆိုရင် တကယ်ကို ကြောက်စရာကောင်းပါသည်။

ယွဲ့ရှင်းဝမ်သည် လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။

ရှင်းယန်၏ ခွဲခြမ်းစိတ်ဖြာမှုက သူ့စိတ်ကို ရုတ်တရက် ရှင်းလင်းသွားစေသည်။

အမှန်တွင် ၎င်းသည် credit 6 မှတ် ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းတစ်ခုဖြစ်သော်လည်း လွဲမှားစေသောအချက်အလက်များနှင့် အာရုံထွေပြားလွန်းလှသည်။ အကယ်၍ လူသတ်သမားသည် ကျိုးကျားနန်နှင့် ဘာမှမဆိုင်ပါက သူတို့၏ယခင်စုံစမ်းစစ်ဆေးမှုအားလုံး မှားယွင်းသွားမည်ဖြစ်သည်။

သေသေချာချာ စဉ်းစားကြည့်လျှင် လူသတ်သမားသည် ဟိုက်ဒရိုဖလိုရစ်အက်ဆစ်နဲ့ ဒီလူများ၏အလောင်းကို တကယ်တိုက်စားခဲ့တာလား၊ ဒါမှမဟုတ် ထိုလူများကို သူသတ်ပြီးနောက် အလောင်းများကို တိုက်စားခဲ့တာလား။ ဒါမှမဟုတ် သူတို့အသက်ရှင်နေစဉ် သူက လူတွေကို သေသည်အထိ တိုက်စားခံရအောင် ရေစိမ်ပြီးမှ အလောင်းကို ရေဆိုးကန်ထဲ ပစ်ချခဲ့တာလား။

ယခုအခါ အနောက်တစ်ခုက ပို၍ဖြစ်နိုင်ခြေရှိသည်။

လူသတ်သမားသည် စက်ရုံအပြင်ဘက်တွင် လူများကို သတ်ပစ်ရန် မရေမတွက်နိုင်သော နည်းလမ်းများစွာရှိသော်လည်း ဟိုက်ဒရိုဖလိုရစ်အက်ဆစ်ဖြင့် လူ၏ခန္ဓာကိုယ်ကို တိုက်စားရန် လွန်ကဲသောနည်းလမ်းကို ရွေးချယ်ခဲ့သည်။ ပြစ်မှုကျူးလွန်ရန် လူသတ်သမား၏ ပထမဆုံး လုပ်နည်းလုပ်ဟန်မှာ အများအားဖြင့် သူ၏ရည်ရွယ်ချက်နှင့် သက်ဆိုင်သည်။ ဤနှစ်များအတွင်း အပြစ်မဲ့သူတချို့သည် ဓာတုပစ္စည်းများကြောင့် ပျက်စီးခဲ့ရပြီး သူတို့၏ဘဝသည် သေခြင်းထက် ဆိုးရွားနေပေလိမ့်မည်။

#TK