Chapter 236
Viewers 23k

Volume 11 : ဓာတုဗေဒဌာန


Chapter 236 (ဓာတုဓာတ်ပြုမှု ၁၁)

လျှိုကျောက်ချင်းနှင့် ရှင်းယန်တို့သည် ကျန်းဖျင်စစ်နှင့် ပူးပေါင်းရန် အိပ်ဆောင် 415 သို့ရောက်ရှိလာပြီး ကျန်းဖျင်စစ်သည် ကိုသြဒီနိတ်စနစ်ကိုဖွင့်ကာ သူတို့လေးဦးအား ပြတင်းပေါက်မှ ထွက်ခိုင်းပြီး အိပ်ဆောင်ဘေးရှိ အရိပ်ထဲသို့ တိုက်ရိုက်ကျသွားသည်။

လှုပ်ရှားမှုက အလွန်မြန်တာကြောင့် အခြားကျောင်းသားတွေက ပြတင်းပေါက်ရှေ့မှာ ရပ်နေရင်တောင် ပြတင်းပေါက်ကနေဖြတ်သွားသော အရိပ်‌လေးခုကို ခဏမျှသာမြင်ရလိမ့်မည်။ ချင်လုနှင့် လင်းမန့်လော်တို့သည် လျင်မြန်စွာ ရွေ့လျားကာ ကျောက်ထုလွှာလှုပ်ရှားမှုဖြင့် နေရာပြောင်းပြီး ဆုံမည့်နေရာကို 3 စက္ကန့်အတွင်း ရောက်ရှိခဲ့သည်။

လူခြောက်ယောက်ရောက်လာပြီးနောက် ယွဲ့ရှင်းဝမ်က အသံကိုလျှော့ပြီး ပြောလိုက်သည်။ "အလောင်းကို ဘယ်မှာဝှက်ထားမယ်လို့ ထင်မိကြလဲ။"

လျှိုကျောက်ချင်း: "အခု နွေရာသီရောက်နေပြီ၊ လေနဲ့ထိတွေ့ရင် အလောင်းက ပုပ်သွားတတ်ပြီး အနံ့အသက်ဆိုးတွေကို အလုပ်ရုံတွေနဲ့ အဆောင်တွေမှာ ဝှက်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရေခဲခန်းထဲမှာ ခဲထားတယ်ဆိုရင် မြင်ကွင်းကနေ ဝှက်ထားလို့ရတယ်။ အမှိုက်ကန်အပြင် ရေခဲခန်းထဲ အလောင်းဝှက်ထားနိုင်တဲ့ ဖြစ်နိုင်ခြေကို ငါတို့လျစ်လျူရှုလို့မရဘူး။"

ရှင်းယန်: "ဓာတ်ခွဲခန်းမှာ ဆေးဝါးတွေ သိမ်းဆည်းဖို့ သုံးတဲ့ ရေခဲခန်းအများကြီးရှိတယ်။ ခယ်ရှောင်ပင်းနဲ့ ငါ လိုက်ရှာကြည့်တော့ သံသယဖြစ်စရာ ဘာမှမတွေ့ရဘူး။ အပူချိန်နိမ့်တဲ့နေရာမှာ သိမ်းဆည်းဖို့ လိုအပ်တဲ့ပစ္စည်းတွေအတွက် ဂိုဒေါင်မှာ ရေခဲခန်းကြီးတွေ ရှိရမယ်။ ဂိုဒေါင်ကို အရင်ရှာကြမလား။"

ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ၊ ဂိုဒေါင်ကို အရင်ရှာကြည့်ရအောင်၊ ပြီးရင် ရေဆိုးကန်ကို သွားကြည့်မယ်။ ဂိုဒေါင်ထဲက ပစ္စည်းအမျိုးမျိုးရဲ့ သိုလှောင်မှုအခြေအနေကို တစ်ချက်ကြည့်မယ်။"

ဂိုဒေါင်၏တည်နေရာကို ရွှီယိရှန်းနှင့် ကျန်းရှောင်နျန်တို့က ယနေ့သွားရောက်စုံစမ်းခဲ့ရာတွင် သူတို့သည် မြေပုံတစ်ခုဆွဲကာ အဖွဲ့ထဲပို့ခဲ့သည်။ ကျန်းဖျင်စစ်သည် အကွာအဝေးကို အမြန်တွက်ချက်ပြီး ချင်လုကို တိုးတိုးပြောခဲ့သည်။ "ညာဘက်၊ 35 ဒီဂရီ၊ 50 မီတာ။"

ချင်လုသည် ချက်ချင်းပင် သူမ၏ညာလက်ကို ဆန့်ထုတ်ကာ သူမ၏လက်ထဲတွင် အပြာရောင် ကမ္ဘာလုံးကြီးတစ်ခု ပေါ်လာပြီး သူမသည် ကမ္ဘာပေါ်တွင် လျင်မြန်စွာ နေရာယူလိုက်ပြီး ကျောက်ထုလွှာလှုပ်ရှားမှုကိင အသက်သွင်းလိုက်သည်။ အားလုံး၏မျက်လုံးများရှေ့က မြင်ကွင်းပြောင်းသွားပြီး ဂိုဒေါင်အတွင်းသို့ ချက်ချင်း ဝင်လာခဲ့သည်။

ဒီည ဂိုဒေါင်တံခါးမှာ တာဝန်ကျသူသည် သူဌေး၏ဝမ်းကွဲ လီတချန်ဖြစ်ကာ "Retreat"၊ "Triple Kill"ဆိုသော စနစ်အသံနှင့် ဂိမ်း၏ရင်းနှီးသော နောက်ခံဂီတသံကို သူတို့နားထဲမှာ အဆက်မပြတ်ကြားနေရသည်။ ဒီအဘိုးအိုက ' Fight the Landlord ' ကို ထပ်မံကစားနေပုံရပြီး ဂိမ်းအသံက ပတ်ဝန်းကျင်ဆူညံသံကို ဖုံးလွှမ်းသွားသည်။ ဂိုဒေါင်အတွင်းထဲတွင် လူခြောက်ယောက်ရောက်နေတာကို သူ သတိမထားမိပေ။

ယွဲ့ရှင်းဝမ်က ညင်သာသောအမူအရာဖြင့် လူအားလုံးကို ဂိုဒေါင်အတွင်းထဲသို့ ခေါ်သွားခဲ့သည်။

ဂိုဒေါင်အတွင်းရှိ မီးအလင်းရောင်သည် မှိန်နေကာ ရှင်းယန်သည် အရက်မီးခွက်ကို တိုက်ရိုက်မထုတ်ဝံ့ဘဲ ဓာတုပစ္စည်းများစွာသည် မီးလောင်လွယ်ပြီး ဒီနေရာမှာ ဘယ်အရာကိုသိုလှောင်ထားသလဲမသိဘဲ မဆင်မခြင် အရက်မီးခွက်ကို ဖွင့်လိုက်ခြင်းဖြင့် သူ့အဖွဲ့ဝင်များကို သတ်ပစ်လိုက်နိုင်သည်။

လူတိုင်းသည် ပြတင်းပေါက်များမှ ဖြတ်လာသော လမ်းမီးများမှ အလင်းရောင်များဖြင့်သာ သတိထားပြီး ရှေ့သို့ ရွေ့သွားနိုင်သည်။

ဂိုဒေါင်၏ အတွင်းပိုင်းသည် ကျယ်ဝန်းပြီး သန့်ရှင်းသော ဓာတုဗေဒပစ္စည်းများကို စင်္ကြံ၏ တစ်ဖက်တစ်ချက်စီတွင် သေသေသပ်သပ် ထားရှိကာ နံရံတစ်ခုလုံးတွင် ရေခဲခန်းကြီးများ ရှိနေတာကြောင့် လူတိုင်း ဖွင့်ကြည့်လိုက်ကြသည်။ ဆေးဝါးများနှင့်အတူ လူသေအလောင်းများ မရှိဘဲ ဂိုဒေါင်မန်နေဂျာနှင့် လူသတ်သမားတို့က ပြစ်မှုတွင် ပူးပေါင်းဆောင်ရွက်နေသော ဖြစ်နိုင်ခြေကိုလည်း ထုတ်ပယ်လိုက်သည်။

စင်္ကြံ၏ အဆုံးတွင် တံခါးတစ်ခုရှိပြီး "ထိန်းချုပ်ထားသောဆေးဝါးများ၊ တာဝန်ရှိသူမှအပ ဝင်ခွင့်မပြုပါ"ဟူသော ဆိုင်းဘုတ်တစ်ခုနှင့် တံခါးတွင် သံသော့ခလောက်နှစ်ခုခတ်ထားသည်။ ယွဲ့ရှင်းဝမ်က ချင်လုကို အချက်ပြလိုက်ပြီး ချင်လုသည် အားလုံးကို အခန်းထဲသို့ ခေါ်ဆောင်ရန် ကျောက်ထုလွှာလှုပ်ရှားမှုကို ထပ်မံအသုံးပြုခဲ့သည်။

ဤနေရာသည် သီးသန့်ဂိုဒေါင်ငယ်ဖြစ်ပြီး အတွင်းအပူချိန်မှာ နိမ့်ကာ ပြတင်းပေါက်များ လေဝင်လေထွက်ကောင်းဖို့အတွက် သံဆန်ခါများဖြင့် ပိတ်ထားသည်။ လူဝင်ဖို့မဆိုထားနှင့် ကြောင်တောင် မတက်လာနိုင်ပေ။

ကံကောင်းထောက်မစွာ ဤပြတင်းပေါက်တည်ရှိမှုသည် လမ်းမီး၏အကူအညီဖြင့် အတွင်းပိုင်းပရိဘောဂများကို ယောင်ဝါးဝါးမြင်နိုင်စေခဲ့သည်။

ရှင်းယန်က သူတို့ကို တိုးတိုးလေး သတိပေးလိုက်သည်။ "ဒီမှာ သိမ်းဆည်းထားတဲ့အရာတွေက အဆိပ်ပြင်းဓာတုပစ္စည်းတွေဖြစ်နိုင်တယ်၊ အားလုံး အဲဒါကို မထိမိအောင် သတိထားပါ။"

ယွဲ့ရှင်းဝမ်ကလည်း ချက်ချင်း ပြောသည်။ "အခြားလူတွေက နေရာကနေမရွှေ့ဘဲ ရှင်းယန်က ဆေးကို အရင်ဆုံးအတည်ပြုလိုက်ပါ။"

ဒါကိုကြားတော့ အားလုံးက နေရာတင်ရပ်သွားသည်။ ရှင်းယန်သည် ရှေ့သို့ လျှောက်သွားကာ မျက်လုံးများကို ကျဉ်းမြောင်းပြီး ဖန်ပုလင်းအတွင်းမှ ဆေးတံဆိပ်များကို သေသေချာချာ စစ်ဆေးပြီးနောက် သူက မျက်မှောင်ကြုတ်ပြီး တိုးတိုးပြောသည်။ "ဘယ်ဘက်က ဗီရိုမှာ ဆိုဒီယမ်ဆိုင်ယာနိုက် ပြည့်နေပြီး ညာဘက်မှာ သီအိုဖီးနောလ်ကို တွေ့တယ်။"

လင်းမန့်လော်၏ မျက်နှာက ဖြူဖျော့သွားသည်။ "ဆိုဒီယမ်ဆိုင်ယာနိုက်က ဂရမ်အနည်းငယ်နဲ့ အရွယ်ရောက်သူတစ်ဦးကို အမြန်သတ်နိုင်တယ်လို့ ငါကြားဖူးတယ်။ ဒီဗီရိုထဲက အဆိပ်ပြင်းဓာတုပစ္စည်းတွေက အန္တရာယ်များလွန်းတယ်။ လူသတ်သမားက မကောင်းတဲ့ရည်ရွယ်ချက်ရှိရင် စက်ရုံတစ်ခုလုံးကို မိနစ်ပိုင်းအတွင်ူ သူအဆိပ်ခတ်နိုင်တယ်မဟုတ်ဘူးလား။"

ချင်လုက အသံတိုးတိုးဖြင့် မေးသည်။ "သီအိုဖီးနောလ်က ဘာအတွက်လဲ။"

ရှင်းယန်က တည်ငြိမ်စွာ ရှင်းပြသည်။ "သီအိုဖီးနော်လ်က ဆေးဝါးနဲ့ ပိုးသတ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုနိုင်တယ်။ အဲဒါက ထုံဆေးနဲ့ ပဋိဇီဝဆေးတွေ ထုတ်လုပ်တဲ့ ပစ္စည်းအဖြစ် အများအားဖြင့် အသုံးပြုလေ့ရှိတယ်။ အဲဒါကလည်း အဆိပ်ပြင်းတယ်။ ဒီစက်ရုံက ကင်ဆာရောဂါတိုက်ဖျက်ရေးဆေးတွေကို အမြဲမထုတ်လုပ်ပါဘူး၊ အရင်က ပဋိဇီဝဆေးသီအိုဖီးနောလ်ကို ထုတ်လုပ်ထားတာကြောင့် ဒီဆေးကို ဂိုဒေါင်ထဲမှာတွေ့ရတာ အံ့ဩစရာတော့မဟုတ်ဘူး။"

ရှင်းယန်သည် စက်ရုံမှထုတ်သော ဆေးဝါးများကို သေချာစွာ လေ့လာရန် နှစ်ရက်ကြာခဲ့ပုံရသည်။

ယွဲ့ရှင်းဝမ်သည် ရှင်းယန်၏ ပရော်ဖက်ရှင်နယ်အဆင့်ကို ပထမဆုံးအကြိမ်မြင်ဖူးကာ သူသည် ဓာတုပစ္စည်းအများအမြားကို မမြင်ဖူးသော်လည်း အကြောင်းအရာကိုဖတ်ပြီးနောက် စက္ကန့်ပိုင်းအတွင်း သူနားလည်နိုင်တာက သူ၏အရည်အချင်းဖြစ်နိုင်သည်။ ကျန်းဖျင်စစ်က သင်္ချာကို ချစ်မြတ်နိုးသလိုပဲ ရှင်းယန်သည် ဓာတုဗေဒအကြောင်းပြောသောအခါ သူ့မျက်လုံးတွေက ခါတိုင်းနဲ့မတူဘူး။

ယွဲ့ရှင်းဝမ်က ရှေ့တိုးလာပြီး မေးလိုက်သည်။ "သီးသန့်ဂိုဒေါင်ထဲမှာ အန္တရာယ်ရှိတဲ့ ဆေးဝါးတွေ အများကြီးရှိလို့ အရမ်းတင်းကျပ်တဲ့ စီမံခန့်ခွဲမှုစနစ် ရှိသင့်တယ် မဟုတ်လား။ ဗီရိုမှာ သော့ခလောက်နှစ်ခုရှိတာကြောင့် အဲဒါကိုဖွင့်ဖို့ သော့နှစ်ချောင်းလိုတာလား။"

ရှင်းယန်က ခေါင်းငြိမ့်သည်။ "မှန်တယ်။ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေအတွက် ပြည်နယ်မှာ တင်းကျပ်တဲ့စီမံခန့်ခွဲမှုစည်းမျဉ်းတွေရှိပြီး အဲဒါကို နှစ်ကြိမ်သော့ခတ်တာ၊ နှစ်ကြိမ်ကြားခံကိရိယာတွေ၊ နှစ်ကြိမ်မှတ်တမ်းတင်တာ၊ နှစ်ကြိမ်သယ်ယူပို့ဆောင်ရေးနဲ့ အသုံးပြုဖို့လိုအပ်တယ်။ မင်းမြင်တဲ့အတိုင်း ဒီတံခါးမှာ သော့ခလောက်နှစ်ခုပါပြီး ဆေးသိုလှောင်ထားတဲ့ ‌ဗီရိုမှာ သော့ခလောက်နှစ်ခုရှိတာကြောင့် တစ်နည်းပြောရရင် လူသတ်သမားက သော့တစ်ချောင်းခိုးသွားရင်တောင် နောက်ထပ်သော့ခလောက်ရှိသေးတာကြောင့် ဖွင့်ဖို့ခက်လိမ့်မယ်။"

ယွဲ့ရှင်းဝမ်သည် သော့ခလောက်နှစ်ခုကို လေးလေးနက်နက် ကြည့်နေသည်။ "ဒါဆို အဆိပ်ပြင်းဆေးတွေကို တစ်ယောက်တည်း ခိုးယူနိုင်ခြေက အရမ်းနည်းတယ်… ဒါဆို လူသတ်သမားက ဆေးတွေကို ဘယ်လိုရသွားတာလဲ။"

ရှင်းယန်က ခဏလောက် နှုတ်ဆိတ်နေပြီး ပြောလိုက်သည်။ "တစ်ခုခု မလွဲချော်သရွေ့ပေါ့။"

လျှိုကျောက်ချင်းကလည်း ရှေ့ကိုလှမ်းပြီး ဗီရိုကို ဂရုတစိုက် စစ်ဆေးကြည့်ကာ ပြောသည်။ "သော့ခလောက်နှစ်ခုမှာ ဖောက်ထွင်းရောက်တဲ့ အရိပ်အယောင်တွေ မတွေ့ဘူး။ ပုံမှန်အားဖြင့် သော့တွေနဲ့ ဖွင့်ထားပုံရတယ်။ လူသတ်သမားက ဒီအခန်းထဲကို ဝင်ပြီး ဆေးရချင်တယ်ဆိုရင် အနည်းဆုံး သော့ငါးခုဆောင်ထားရမယ်။"

ချင်လု: "ဒါက အရမ်းခက်လွန်းတယ် မဟုတ်ဘူးလား။ ဂိုဒေါင်တံခါးသော့၊ သီးသန့်ဂိုဒေါင်ရဲ့ တံခါးသော့နှစ်ချောင်း၊ ဆေးဗီရို‌ရဲ့ တံခါးသော့နှစ်ချောင်း၊ ဒီလောက်သော့အများကြီးကို ဘယ်လိုလုပ်အတုလုပ်နိုင်မှာလဲ။"

အခန်းထဲတွင် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားကာ ကျန်းဖျင်စစ်က တိုးတိုးပြောလိုက်သည်။ "မနက်ဖြန်မှာ သော့ကိစ္စကို စုံစမ်းကြမယ်။ အရင်းအမြစ်ကို ခြေရာခံပြီး ပျောက်နေတဲ့ ဆေးဝါးရဲ့ ဖြစ်စဉ်ကို မဖော်ထုတ်ခင်မှာ ဘယ်သူက သော့ရှိတယ်ဆိုတာ ငါတို့အရင်ဆုံးဖြတ်ရမယ်။ လူသတ်သမားက ဆေးယူဖို့ ဂိုဒေါင်ကိုသွားစရာမလိုဘဲ သယ်ယူပို့ဆောင်ရေးမှာ လူသတ်သမားက ဆေးကို ယူသွားနိုင်သေးတယ်။"

ရှင်းယန်က ခေါင်းငြိမ့်သဘောတူသည်။ "မှန်တယ်။ အလောင်းကို အရင်ရှာရအောင်။"

ဂိုဒေါင်တွင်တွေ့ရှိမှုသည် "လူသတ်သမားက ဦးလေးလီအိပ်နေချိန်တွင် အခွင့်ကောင်းယူကာ ဆေးယူရန်သော့နဲ့ ဂိုဒေါင်ထဲခိုးဝင်ခဲ့တယ်"ဟူသော ယခင်ခန့်မှန်းချက်ကို ယွဲ့ရှင်းဝမ်က ရိုးရိုးရှင်းရှင်း ပယ်ဖျက်လိုက်သည်။

ဖျင်စစ်ပြောသည့်အတိုင်း သူတို့သည် ပျောက်ဆုံးနေသော ဆေးဝါးများ၏ လုပ်ငန်းစဉ်ကို ပြန်လည်ခြေရာခံရန် လိုအပ်ပြီး တရားခံအစစ်ကို ရှာဖွေနိုင်မည်ဖြစ်သည်။

ယခု သော့ချက်မှာ ညဘက်တွင် အလောင်းကို ရှာတွေ့ရန်ဖြစ်သည်။ ဒါကိုတွေးတောရင်း ယွဲ့ရှင်းဝမ်က ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ "ချင်လု ပြန်ဆုတ်မယ်။"

ချင်လုသည် ကမ္ဘာလုံးကို သူမ၏လက်ချောင်းများဖြင့် နှစ်ကြိမ်အလျင်အမြန် ထိလိုက်ရာ လူခြောက်ယောက်သည် နေရာပြောင်းကာ ဂိုဒေါင်ထဲမှ ထွက်လာကြသည်။

တံခါးပေါက်မှာ ဦးလေးလီက Fight the Landlord ကို ကစားနေဆဲဖြစ်ပြီး ညဘက်ဆို ဂိုဒေါင်ထဲကို ဘယ်သူမှ လာမှာမဟုတ်ဘူးလို့ သူထင်တာကြောင့် ကစားနေရင်းနဲ့ ဆဲဆိုကြိမ်းမောင်းသည်။ လူခြောက်ဦးသည် သူ့နောက်မှ ခိုးထွက်ကာ ကျန်းဖျင်စစ်သည် ကိုသြဒီနိတ်စနစ်စွမ်းရည်ကို တိုက်ရိုက်အသက်သွင်းခဲ့ပြီး ကျောင်းသားများကို အမြင့်သို့စုစည်းကာ မိလ္လာသန့်စင်ရေးအလုပ်ရုံသို့ ရောက်ရှိစေခဲ့သည်။

ရွှီယိရှန်းနှင့် ကျန်းရှောင်နျန်တို့သည် ယနေ့တွင် ရွှီယိရှန်း၏ လိုက်လျောညီထွေရှိမှုဖြင့် စက်ရုံကို ဂရုတစိုက် လှည့်ပတ်ခဲ့ကြပြီး ဗိသုကာဌာနမှ ကျန်းရှောင်နျန်၏ လေဆာ theodolite အကူအညီဖြင့် သူတို့နှစ်ဦးသည် စက်ရုံကို ကျယ်ကျယ်ပြန့်ပြန့် စစ်တမ်းကောက်ယူပြီး မြေပုံရေးဆွဲခြင်းကို လုပ်ဆောင်နိုင်ခဲ့သည်။ အဖွဲ့မှ ပေးပို့သော စက်ရုံစီမံကိန်းမြေပုံက ပြည့်စုံပြီး တိကျသည်။

ကျန်းဖျင်စစ်သည် လူတိုင်းကို ကြမ်းပြင်ပေါ်ရှိ အကွာအဝေးအတိုင်း မိလ္လာသန့်စင်ရေးအလုပ်ရုံအဝင်ဝတွင် တိုက်ရိုက်ဆင်းသက်စေခဲ့သည်။

မိလ္လာသန့်စင်ရေးအလုပ်ရုံသည် စက်ရုံ၏အရှေ့တောင်ဘက်ထောင့်တွင်တည်ရှိပြီး ယခင်အလုပ်ရုံများမှထွက်ရှိသောရေဆိုးများကို ဤနေရာတွင် သန့်စင်ပေးမည်ဖြစ်ပြီး သန့်စင်ထားသောရေဆိုးများကို အနီးနားရှိမြစ်အတွင်းသို့ စွန့်ပစ်မည်ဖြစ်သည်။ ဆင်ခြေဖုံးများရှိ ဓာတုစက်ရုံများစွာတွင်လည်း အသုံးများသော ပုံစံတစ်ခုဖြစ်သည်။ စက်ရုံသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဉ်းများကို လိုက်နာခြင်း ရှိ၊ မရှိနှင့် မြစ်ထဲသို့ စွန့်ပစ်သည့် ရေဆိုးများသည် အမှန်တကယ် ညစ်ညမ်းမှု ကင်းစင်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရှင်းယန်က သူတို့ကို သတိပေးခဲ့သည်။ "ဒီမှာ အဆိပ်သင့်ဓာတ်ငွေ့တွေ ထွက်လာနိုင်တယ်။ ရေဆိုးအလုပ်ရုံထဲကို ဝင်တဲ့အခါ အကာအကွယ်အစီအမံတွေ လုပ်ရမယ်။ တံခါးနားမှာ အလုပ်သမားတွေ ဝတ်ထားတဲ့ အကာအကွယ်အဝတ်အစားတွေ ရှိရမယ်။ စီနီယာအစ်ကိုလျှိုရဲ့ပတ်တီးကို ငှားပြီး ချင်လုနဲ့ ကျွန်တော်က ဝင်လိုက်မယ်၊ အကာအကွယ်အဝတ်အစားတွေကို အရင်ထုတ်ပြီး မဝင်ခင် ဝတ်လိုက်ပါ။"

ယွဲ့ရှင်းဝမ်သည် ရှင်းယန်၏ သတိပေးချက်ကို အသိအမှတ်ပြုပြီး ဓာတုဗေဒသင်တန်းတွင် အဆိပ်ပြင်းသောရေနှင့် လေကို ကာကွယ်ရန် အလွန်ခက်ခဲသောကြောင့် သူတို့တွေ ပိုပြီးဂရုစိုက်ရမည်။ သူက လျှိုကျောက်ချင်းနှင့် ချင်လုကို ကြည့်ပြီး ရှင်းယန်နှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ လျှိုကျောက်ချင်းသည် ကုသရေးအတွက် အသုံးပြုသော ပတ်တီးကို အမြန်ထုတ်ကာ အန္တရာယ်ရှိသော ဓာတ်ငွေ့များကို အချိန်တိုအတွင်း စစ်ထုတ်နိုင်သည်။ ရှင်းယန်နှင့် ချင်လုတို့သည် ပါးစပ်ကို ပတ်တီးဖြင့် အုပ်ထားပြီး အသက်အောင့်ကာ ကျောက်ထုလွှာလှုပ်ရှားမှုဖြင့် နေရာပြောင်းသွားကြသည်။ 10 စက္ကန့်အတွင်းမှာပင် ရှင်းယန်တို့ နှစ်ယောက်သားက ပြန်ထွက်လာသည်။ ရှင်းယန်သည် အကာအကွယ်အဝတ်အစားများစွာကို ကိုင်ဆောင်ကာ လူတိုင်းကို အမြန်ဝတ်ခိုင်းလိုက်သည်။

ရေဆိုးသန့်စင်ရေးအလုပ်ရုံသို့ တစ်ဖန်ဝင်ရောက်လာသောအခါတွင် ယွဲ့ရှင်းဝမ်သည် အလွန်စူးရှသော အနံ့အသက်ကို ရရှိခဲ့သည်။

အကာအကွယ်မျက်နှာဖုံးသည် အန္တရာယ်ရှိသော ဓာတ်ငွေ့များကို စစ်ထုတ်နိုင်သော်လည်း အနံ့ကို တကယ်ရှူရှိုက်နေရပြီး လူတိုင်းကို ရှေ့သို့ မြန်မြန်သွားစေခဲ့သည်။ ရေဆိုးကန်တစ်ခု၏ အကွာအဝေးတွင် ရေကူးကန်အရွယ်အစားကို သူတို့တွေ ရှာဖွေတွေ့ရှိခဲ့ပြီး အတွင်းရေသည် အညိုရင့်ရောင်အရုပ်ဆိုးကာ ၎င်းပေါ်တွင် ထူးဆန်းသော အညစ်အကြေးများ လွင့်မျောနေသည်။

ကန်ထဲကရေသည် အလွန်နက်ပြီး အောက်ခြေကို သူတို့မမြင်ရသည့်အတွက် သူတို့ကိုယ်တိုင် အောက်ကိုသွားပြီးမရှာနိုင်ဘဲ လင်းမန့်လော်က ကိုင်တွယ်ရန်ရောက်လာသည်။

ယွဲ့ရှင်းဝမ်က လင်းမန့်လော်ကို ကြည့်ပြီး "စီနီယာအစ်မအပေါ်မှာ မူတည်တယ်။"

လင်းမန့်လော်သည် သူမ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး အစိမ်းရောင်နွယ်ပင်သည် အသက်ရှိမြွေတစ်ကောင်လို ရေကန်ထဲသို့ ရုတ်တရက် ပျံသန်းသွားသည်။ သို့သော် နွယ်ပင်များ ရေကန်ထဲသို့ ဝင်သွားသောအခါတွင် ရေကန်အတွင်းရှိ ရေသည် အလွန်အမင်း တိုက်စားသွားကာ စက္ကန့်အနည်းငယ်အတွင်း နွယ်ပင်ပေါ်ရှိ သစ်ရွက်ခြောက်များသည် အနက်ရောင်အဖြစ် လောင်ကျွမ်းသွားသည်။

ရှင်းယန်၏မျက်နှာက ပြောင်းလဲသွားသည်။ "သတိထား၊ ရေထဲမှာ အက်စစ်ပြင်းရှိတယ်။"

လင်းမန့်လော်သည် ရေမှ 3 မီတာကျော် အကွာအဝေးကို လှမ်း၍ နောက်ပြန်ဆုတ်သွားသည်။ သူမသည် နွယ်ပင်အမြောက်အမြားကို အဆက်မပြတ်ထုတ်ပြီး လမ်းကြောင်းအမျိုးမျိုးတွင် ရှာဖွေနေချိန်တွင် အခြားသူများမှာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။

တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် နွယ်ပင်များ ဆွေးမြေ့နေသည့် ထူးဆန်းသောအသံများသာ ရှိတော့သည်။

အချိန်ဘယ်လောက်ကြာမလဲမသိပေမဲ့ လင်းမန့်လော်က ရုတ်တရက် "ဟေး" အသံပြုပြီး ပြောခဲ့သည်။ "ဟိုဘက်မှာ တစ်ခုခုရှိနေတယ်။"

သူမသည် သူမ၏ ညာလက်ကို ရုတ်တရက် ပြန်ဆွဲလိုက်ရာ တစ်စုံတစ်ရာသည် လူတိုင်း၏ခြေရင်းသို့ ပျံတက်သွားသည်။ လျှိုကျောက်ချင်းက အနီးကပ်ကြည့်ကာ ရုတ်တရက် ကျိန်ဆဲလိုက်သည်။ "Fuck၊ လူသေအရိုးခြောက်ကြီး"

သူတို့မျှော်လင့်ထားပေမဲ့ ရေဆိုးကန်ထဲက အရိုးတွေကို အမှန်တကယ် ဆယ်လိုက်သောအခါ လူတိုင်း၏မျက်နှာက မနေနိုင်အောင် ဖြူဖျော့သွားခဲ့သည်။

ယွဲ့ရှင်းဝမ်က အမြန်ငြိမ်သက်သွားပြီး အသံတိုးတိုး ပြောလိုက်သည်။ "စီနီယာအစ်မ ဆက်ပြီးဆယ်လိုက်ပါဦး။"

လင်းမန့်လော်: "..."

#TK