အပိုင်း၁၅၈
Viewers 14k

Chapter 158



ကျားတံဆိပ်ကို ရွှေဖြင့်ပြုလုပ်ထားသည်။အလွန်ခမ်းနားပုံရသော်လည်း အနည်းငယ်ချစ်စရာကောင်းသည်။ ပန်းဟွာက ထိုတံဆိပ်ကို ထပ်ခါထပ်ခါ ကြည့်မိသည်။


"ကျားတံဆိပ်က အရမ်းအစွမ်းထက်ပေမယ့် တကယ်ကို အသုံးမဝင်ပါဘူး၊ တပ်ဖွဲ့တွေကို စည်းရုံးတဲ့အခါ ဗိုလ်ချုပ်က ရှင့်စကားကို နားထောင်ချင်စိတ်ရှိဖို့ လိုပါတယ်၊ ဒီ ကျားတံဆိပ်ဟာ တစ်ခါတရံမှာ အလွန်အသုံးဝင်ပြီး တစ်ခါတစ်ရံမှာ တော့ အဆောင်အယောင်တစ်ခုပါပဲ၊ လူတွေရဲ့ စိတ်ကို ထိန်းရမှာအခက်ခဲဆုံးပဲလေ"


 " ကျားတံဆိပ် နဲ့ တပ်တွေကို စည်းရုံးဖို့ မဖြစ်နိုင်ဘူးဆိုတာ ကိုယ် သိပါတယ်"  


ပန်းဟွာက ကျားတံဆိပ်အား ဆော့ကစားနေသည်ကို ရုံရှားကြည့်နေသည်။ 


 "ဒါပေမယ့် တစ်ခါတရံမှာလည်း အသုံးဝင်ပါတယ်"


ပန်းဟွာက ကျားတံဆိပ်ကို ရုံရှားဆီ ပြန်ပေးခဲ့သည်။


 "ကဲ တော်ပါ...စဉ်းစားဖို့ လိုတဲ့ဟာတွေ တော်တော့၊ကျွန်မ ငါ့ကို မပြောနဲ့၊ ဗိုက်ဆာလို့ သွားစားရအောင်၊နေဦး ရှင် ကျွန်မကို ဖုံးကွယ်ထားတာ ရှိသေးလား"


ရုံရှားက အချိန်အတော်ကြာ စဉ်းစားပြီး ခေါင်းခါပြသည်။


  "တော်လိုက်တာ၊ ရှင် အစကတည်းက ဒီလိုဖြစ်သင့်တာ"


နင်းဝမ်မင်းသား နန်းတက်ပြီးနောက် တိုင်းပြည်ကို "ဖုန်းနင်း" ဟု အမည်ပေးခဲ့သည်။ကောက်ရိတ်သိမ်းခြင်းနှင့် ငြိမ်သက်ခြင်းဆိုသော အဓိပ္ပာယ်တစ်ခုဖြစ်သည်။ သို့သော် တယဲ့မင်းဆက်၏ နေ့ရက်များသည် မငြိမ်းချမ်းခဲ့ပေ။  နေရာတိုင်းတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ တရားရုံးရှိ အရာရှိများ အထပ်ထပ် ပြောင်းလဲခဲ့သည်။  နင်းဝမ်မင်းသား သည် ဆဲဆိုစကားများကို နားထောင်ပြီး မကြာခဏဆိုသလို ဒေါသထွက်နေခဲ့သည်။  တရားရုံး အရာရှိများကိုလည်း မျက်နှာသာ မပေးခဲ့။


အိမ်ရှေ့စံနှင့် ဆက်ဆံရေးရှိသည့် မည်သည့်အရာရှိမဆို ကောင်းသော အဆုံးသတ်မရှိကြရပေ။  ထိုမျှတင်မကသေးဘဲ နန်းတွင်းအစေအပါးများလည်း မကြာခဏ သတ်ဖြတ် နှိပ်စက်ခံကြရ၏။ မကြာမီ၊ ဖုန်းနင်း ဧကရာဇ်၏ ရက်စက်ကြမ်းကြုတ်သောအပြုအမူသည် အင်ပါယာတစ်လျှောက် ပျံ့နှံ့သွားသည်။ ဖုန်းနင်း ဧကရာဇ် ထီးနန်းရယူခြင်းနှင့် သူ့ဖခင်နှင့် ညီတော်တို့ကို နေအိမ်အကျယ်ချုပ်ချထားခြင်းတို့နှင့်ပတ်သက်သော ကောလဟာလများသည် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ပိုမိုဝေးလံသောပြည်နယ်များနှင့် ခရိုင်များရှိ လူများပင်လျှင် ဖုန်းနင်း ဧကရာဇ်သည် ထီးနန်းကို သိမ်းပိုက်ပုံ၊ ပြည်သူများကို ဂရုမစိုက်ပုံနှင့် နန်းတော်အတွင်း ရက်စက်ကြမ်းကြုတ်မှုများ မည်သို့ကျူးလွန်ပုံတို့ကို ကွက်ကွက်ကွင်းကွင်း သိကြရသည်။


လူ့စိတ်ဆိုသည်မှာ ထူးဆန်းလှပေတကား။ လူအများစုသည် ဒုက္ခတွင်းမှ နှုတ်ထွက်နိုင်ဖို့ ပုန်ကန်ဖို့မဝံ့ရဲကြချေ။ သို့ရာတွင် အထက်လူကြီးများက အောက်ကလူများကို ဖိနှိပ်လာလျှင်တောင် သူတို့ ပြင်းပြင်းထန်ထန် ခုခံကြလိမ့်မည်။ အသက်ကို စတေးရလျှင်တောင်မှ သူတို့မုန်းတီးသည့် အထက်တန်းစားများကို ဖြုတ်ချပစ်မည်။


 ဖုန်းနင်း ဧကရာဇ်သည် ဆူပူအကြမ်းဖက်မှုများကြောင့် တရားရုံးတွင် ဒေါသထွက်နေသကဲ့သို့ ရွှယ်ကျိုး မှလူများသည်လည်း ပုန်ကန်ကြသည်။  ပုန်ကန်သူများမှာ အခြားမဟုတ်၊ နယ်မြေခံ အရာရှိများနှင့် ပြည်သူများပင်။


ကျောက်မိသားစုကို ဖုန်းနင်း ဧကရာဇ်မှ အခြားပြည်နယ်နှင့် ခရိုင်များသို့ ရာထူးမှ ချလိုက်၏။ ရွှယ်ကျိုး ၏အုပ်ချုပ်ရေးမှူးသည် ကျောက်မိသားစု၏ တရားဝင်သားဖြစ်သည်။ထို့ကြောင့် သူကိုယ်တိုင် ပုန်ကန်သည်က မဆန်းပေ။


ရွှယ်ကျိုးသည် ဖုန်းနင်းဧကရာဇ်အား ရှင်းထုတ်ရန် ဆန္ဒပြခဲ့သည်။  တုံးကျိုး၊ ရှီကျိုး နှင့် အခြားကြီးမားသောပြည်နယ်နှင့် ခရိုင်များအားလုံးကလည်း တုံ့ပြန်ခဲ့သည်။ သို့နှင့် နန်းတွင်းစစ်တပ်က ရှုံးနိမ့်သွား၏။ထိုမှာ ကျန်းလော မနေနိုင်မထိုင်နိုင် ဖြစ်တော့သည်။သူသည် ယုံကြည်ရသော လက်ထောက်အနည်းငယ်ကို စေလွှတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့က နိုင်သွားပြန်သည်။ အဆုံးတွင်၊ တယဲ့မင်းဆက်၏ နယ်မြေအနည်းငယ်သည် တော်လှန်ရေးတပ်ဖွဲ့လက်ထဲသို့ ကျရောက်သွားသည်။


 အရာရှိများ အားကိုးရာမဲ့ ဖြစ်နေသည်။ ကျန်းလောလည်း နေမထိထိုင်မသာဖြစ်ရ၏။ နယ်စပ်ကို တိုက်ထုတ်နိုင်သည့် တရားရုံးက အရာရှိများအား ရာထူးက ချလိုက်သာ့်အတွက် သူ အခုမှ နောင်တရမိသည်။


ကျန်းလောကို အမှုထမ်းနေသည့် အမတ်ငယ်က "အရှင်မင်းကြီးကျွန်တော် သိပ်တော်တဲ့ လူတစ်ယောက်ကို အကြံပေးချင်ပါတယ်၊ ဒါပေမယ့် သူ့ရဲ့ နာမည်ကို ကြားရင် အရှင်မင်းကြီး မကျေနပ်မှာကို ကျွန်တော် ကြောက်မိပါတယ်"


 "ဘယ်သူလဲ"  


ကျန်းလော သည် ဆေးကို အသည်းအသန်ရှာဖွေနေပြီဖြစ်သည်။  သူ့ဘေးနားက အမတ်ငယ်က အကြံတစ်ခုပေးနေတာကြောင့် "ဒီအသုံးမဝင်တဲ့လူတွေက များနေတယ်၊ အရာရှိတစ်ယောက်ချင်းစီက စကားပြောကောင်းပေမယ့် အရေးကြီးတဲ့အချိန်ရောက်ရင် ဘာမှ အသုံးမကျကြဘူး"


" ကောကုန်းချမ်အမ် ရုံရှား "


 "သူလား...." ကျန်းလောက မျက်မှောင်ကြုတ်လိုက်သည်။  "သူက ပညာရှင်ပဲ၊စစ်မြေပြင်ကို သွားလို့ရပါ့မလား"


 “သူက မတော်မဲ့ သူ့မိန်းမက စစ်သူကြီးမိသားစုမှာ မွေးလာတဲ့သူပါ၊ရုံရှားဟာ အရှင်မင်းကြီးအပေါ် အကြွေးတင်နေတာမလား၊သူလည်း တယဲ့မင်းဆက်ရဲ့ ကောကုန်းတစ်ယောက် ပါ၊ အခုလို အကြပ်အတည်းဖြစ်နေချိန်မှာ သူ မပါဝင်ချင်ဘူးဆိုရင်တောင် တယဲ့မင်းဆက်အတွက် သွေးစွန်းရမှာပဲ"


"တကယ်လို့ မအောင်မြင်ခဲ့ဘဲ သူ စစ်မြေပြင်မှာ မတော်တဆ ကွယ်လွန်သွားခဲ့ရင်လည်း အရှင်မင်းကြီး စိတ်ထဲက ပြဿနာတစ်ခု အေးရမှာပါ၊ ဒါက နှစ်ဖက်စလုံး ကောင်းတြဲအခြေအနေမျိုးပါ"


 "မင်း ပြောတာက အဓိပ္ပါယ်ရှိတယ်"  ကျန်းလော ရုတ်တရက် နားလည်သွားသည်။ မူလက သူသည် ကောကုန်းချမ်အမ်ကို သေစေလိုသော်လည်း လုပ်ခွင့်မရခဲ့ပေ။ရုံရှားသာ စစ်မြေပြင်မှာ သေဆုံးသွား တိုင်းပြည်အတွက် အသက်စွန့်တယ်ဆိုရင် ဘယ်သူပြောနိုင်မှာလဲ။


 "မင်းပြောတာ မှန်တယ်၊ လာ၊ အမိန့်စာလာရေး"


 "ဟုတ်ကဲ့၊ ရုံရှား နဲ့ ပန်းဟွာတို့ကို တပ်တွေနဲ့အတူ မြို့ပြင်ကို ပို့ဆောင်ပေးလိုက်၊ပန်းမိသားစု နေထိုင်တဲ့ နေရာကိုတော့ အစောင့်အကြပ် ထူထပ်အောင်ချထားပြီး မြို့ထဲက မထွက်စေနဲ့"


 "ဟုတ်ကဲ့"


တော်ဝင်အမိန့်ကို မထုတ်ပြန်မီ၊ ရုံရှားသည် ပန်းမိသားစုအား မြို့တော်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးဖြစ်သည်။ မြို့ထဲမှာနေခဲ့သည့် ပန်းမိသားစုက အပြင်သိပ်မထွက်တာကြောင့် သူတို့ကို ဘယ်သူမှ မသံသယဖြစ်ခဲ့ကြချေ။ ပန်းမိသားစုနေထိုင်ရာ ခြံဝင်းကို ယာမန်စစ်သည်များက စောင့်ကြပ်သောအခါ ပန်းဟွိုက်နှင့် ပန်းဟမ်တို့သည် တံခါးကိုတစ်ဝက်ဖွင့်ကာ အချိန်အတော်ကြာ ကျိန်ဆဲခဲ့ကြသည်။  


ပန်းမိသားစုကို ထိန်းချုပ်ထားစဉ်တွင် ဖုန်းနင်း ဧကရာဇ်၏ အမိန့်ပြန်တမ်းကို ကောကုန်းချမ်အမ်၏ နေအိမ်သို့ ပေးပို့ခဲ့သည်။


ဖုန်းနင်း ဧကရာဇ်မျှော်လင့်ထားသည့်အတိုင်း ပန်းမိသားစုအား ဓားစာခံလုပ်ထားကြောင်း ကြားသိရပြီးနောက် ရုံရှား၏ အမူအရာများ ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် သူတို့သည် တော်ဝင်အမိန့်စာကို လက်ခံခဲ့ကြသည်။  နောက်နေ့မနက်တွင် သူတို့လင်မယားသည် လူငါးသောင်းသာရှိသော တော်ဝင်တပ်သားများနှင့်အတူ မြို့တွင်းမှ ထွက်ခွာသွားသော်လည်း စစ်သည်အင်အားနှစ်သိန်းဟု သတင်းလွှင့်ခဲ့သည်။


ဖုန်းနင်း ဧကရာဇ်သည် ရုံရှားကိုမုန်းတီးသောကြောင့် ရုံရှား မြို့မှ ထွက်သွားသောအခါ လိုက်မပို့ချေ။ ယင်းအစား တွေ့ကရာ အရာရှိတစ်ဦးကိုသာ လိုက်ပို့စေ၏။


သူ၏ လုပ်ရပ်သည် မူလက သူ့နောက်သို့ လိုက်ပါခဲ့သော အရာရှိအချို့ အပါအဝင် နန်းတွင်း အရာရှိများကို ပို၍ပင် စိတ်ပျက်စေခဲ့သည်။


 မြို့တော်နယ်နိမိတ်မှ ထွက်ခွာပြီးနောက်တွင် နယ်ခြားစောင့်တပ်သည် မနှောင့်နှေးဘဲ တောင်ဘက်သို့ ဦးတည်သွားခဲ့သည်။ လမ်းတလျှောက်မှာ စစ်သားများက ပြည်သူတို့ကို နှောင့်ယှက်ပြီး ကောက်ပဲသီးနှံများကိုပင် ဖျက်ဆီးခဲ့သေးသည်။ ရုံရှားက ထိုစစ်သားများကို အပြစ်ပေးသော်လည်း ထိုလူများက မကျေနပ်ကြာနောက်ဆုံးတွင် လေးပစ်ကျွမ်းသော ရုံရှားနှင့် ဓားပညာတတ်ကျွမ်းသော ပန်းဟွာတို့ကို စစ်သည်များ ရိုသေလာကြတော့သည်။  


 " ဗိုလ်ချုပ် သူပုန်တပ်က ရှေ့မှာရှိနေပါတယ်" ရှေ့တန်းအရာရှိက မြင်းစီးပြီး ရုံရှား၏ နံဘေးကို ရောက်လာ၏။  "ဗိုလ်ချုပ်၊ ကျေးဇူးပြုပြီး အမိန့်ချပေးပါ"


 "စစ်သားတို့၊ ခရီးက ပင်ပန်းနေတယ်မလား၊ စခန်းချပြီး ငါတို့ရဲ့ အားအင်ကို ထိန်းထားကြရအောင်"


 "ဟုတ်ကဲ့"


 ရှေ့တန်းအရာရှိ ဝမ်းသာသွားသည်။  ခရီးက အတော်လေး ပင်ပန်းသည်။အခု စခန်းချမယ်ဆိုရင် သူပုန်စစ်တပ်အတွက် ဘယ်လိုပွဲမျိုးဖြစ်မလဲ။ ဒါပေမယ့် သူတို့မှာ စားစရာက အကန့်အသတ်ရှိနေတော့ အချိန်အကြာကြီး နှောင့်နှေးလို့မဖြစ်ဘူး၊  စားစရာကုန်သွားရင် ရှုံးမှာသေချာတယ်။


စခန်းချပြီးနောက် ရုံရှား နှင့် ပန်းဟွာတို့သည် တဲတစ်လုံးတည်းတွင် နေထိုင်ခဲ့သည်။တခြားစစ်သားများကမူ နေသားကျနေပြီဖြစ်၍ ဖြစ်သလိုနေကြသည်။ခရီးတစ်လျှောက်တွင် ပန်းဟွာကျွင်းကျူး၏ စွမ်းရည်က အံ့အားသင့်စရာကောင်းသည်။ သူမသည် အမျိုးသမီးဖြစ်သော်လည်း ယောက်ျားများစွာပင် သူမနှင့် မနှိုင်းယှဉ်နိုင်ပေ။


 သူမ ယောက်ျားမဟုတ်သည်က နှမြောစရာပင်၊ မဟုတ်လျှင် ပန်းမိသားစုမှာ အောင်မြင်သော ဆက်ဆံသူရှိလာနိုင်၏။ သို့သော် ပန်းမိသားစုသည် မြို့တော်တွင် ဓားစာခံအဖြစ် ချုပ်နှောင်ခံရပုံကို တွေးကြည့်သောအခါတွင် စစ်သားများ အေးခဲသွားကြသည်။ ဧကရာဇ်သည် အကြင်နာကင်းမဲ့ပြီး ကမ္ဘာကြီးကို ကမောက်ကမ ဖြစ်စေခဲ့သည်။အဆုံးတွင် သူသည် အမျိုးသမီးတစ်ဦးကိုပင် စစ်တိုက်ခိုင်းပြီး သူမ၏မိသားစုကိုလည်း ဓားစာခံအဖြစ် အသုံးပြုခဲ့သည်။ ဤသည်က ပညာမတတ်သူများကိုပင် မခံမရပ်နိုင်ဖြစ်သွားစေ၏။


ချမ်အမ်မြို့စားမင်း နှင့် ပန်းဟွာကျွင်းကျူး တို့သည် ကြင်စဦးဇနီးမောင်နှံများဖြစ်သော်လည်း ထိုကဲ့သို့သောဒုက္ခအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။


 "ဗိုလ်ချုပ်ရဲ့ သဘောထားကို ကြည့်ရရင် သူက သူပုန်တပ်ကို မရင်ဆိုင်ချင်ဘူးထင်တယ်" စစ်သူကြီးဟောင်းတစ်ယောက်က ပြောသည်။  ငွေရောင်ချပ်ဝတ်တန်ဆာဝတ် ဗိုလ်မှူးတစ်ဦးက ဒေါသတကြီးပြောလာသည်။


 "ဘယ်သူက သူပုန်တပ်ကို ရင်ဆိုင်ချင်လဲ၊ ကျွန်တော်တို့က အင်ပါယာ နယ်နိမိတ်ကို ကာကွယ်ရမယ်၊ ပြည်ပရန်သူတွေကို တွန်းလှန်ရမှာ၊ အပြစ်မဲ့ ပြည်သူတွေကို ဓားနဲ့ရွယ်ရမှာမဟုတ်ဘူး" 


တခြားစစ်သူကြီးများက ဘာမှ မပြောပေ။ သူပုန်စစ်တပ်သည် အခြားရွေးချယ်စရာမရှိ၍ ပုန်ကန်ရမှန်း လူတိုင်းသိသောကြောင့် သူတို့၏ စိတ်များမှာလည်း လေးလံနေသည်။  သို့သော်လည်း ဤစစ်သားများသည် ပြည်သူတို့အမှားအယွင်းမရှိမှန်း သိသော်လည်း စစ်မြေပြင်တွင် ရင်ဆိုင်နေကြရသည်။ ဘယ်သူတွေက ပျော်မှာလဲ။


 "ချီးပဲ၊ ငါလည်း ပုန်ကန်နိုင်တယ်!"  


အသက်ကြီးကြီး စစ်သူကြီးက ကျိန်ဆဲခဲ့သည်။  "အဲဒီလို အသုံးမဝင်နေတဲ့ ဧကရာဇ်အတွက် အလုပ်လုပ်ရတာ မှားတယ်လို့ ခံစားရတယ်"


ဗိုလ်မှူးကလေးသည် စစ်တပ်မိသားစုမှဖြစ်သည်။ ပန်းမိသားစုလောက် မထင်ရှားသော်လည်း မျိုးဆက်ပေါင်းများစွာ အမွေဆက်ခံလာခဲ့၏။ သူသည် စစ်တပ်တွင် နှစ်အနည်းငယ်သာ တာဝန်ထမ်းဆောင်ခဲ့သည်။ယခုလည်း စစ်မြေပြင်တွင်တိုက်ရမည့် သူ၏ပထမဆုံးအကြိမ်သည် တိုင်းတစ်ပါးရန်သူများကို သတ်ရန်မဟုတ်ဘဲ မိမိလူမျိုးကို သတ်ပစ်ရမည်ဟု မမျှော်လင့်ခဲ့ပေ။ဤအရာက မှားယွင်းနေသည်ဟု သူ ခံစားလာရသည်။


ကျန်တစ်ယောက်ကလည်း ဝင်ဟန့်သည်။  " လျှောက်မပြောနဲ့၊ တခြားလူတွေကြားရင် မင်း သေလိမ့်မယ်"


ချောက်....  


တစ်စုံတစ်ယောက်သည် သစ်ကိုင်းတစ်ခုကို နင်းမိသွားသည်။


စစ်သူကြီးကြီးများ လှည့်ကြည့်လိုက်သော် ပန်းဟွာကျွင်းကျူးသည် မနီးမဝေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။  သူမသည် ရွှေရောင်အပျော့စား ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။


 "မင်္ဂလာပါ ကျွင်းကျူး"  စစ်သူကြီးများ မျက်နှာထားပြောင်းလဲသွားကာ မတ်တပ်ရပ်ပြီး ဦးညွတ်ကြသည်။


ပန်းဟွာသည် စစ်တပ်နှင့်အတူ လိုက်ပါလာကတည်းက စစ်သူကြီးဘွဲ့ကို ရရှိခဲ့သည်။လက်ရှိဧကရာဇ်သည် ပန်းမိသားစုအား သူနှင့်အတူ ဆွဲချသွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း ထင်ရှားသည်။


 နန်းတွင်းအရာရှိအချို့က ပန်းဟွာအား စစ်မြေပြင်ပို့မည့်ကိစ္စကို ဆန့်ကျင်ရန် မတ်တပ်ထရပ်ကြသည်။အမျိုးသမီးတစ်ဦးသည် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ရိုး ထုံးစံမရှိဟု ဆိုကြသည်။သို့သော် ဖုန်းနင်း ဧကရာဇ်သည် သမိုင်းတွင် အမျိုးသမီး စစ်သူကြီးများ ရှိခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆိုခဲ့သည်။


 သမိုင်းထဲက အမျိုးသမီးတွေ လုပ်နိုင်ရင် ပန်းဟွာကျွင်းကျူး ဘာလို့ မလုပ်နိုင်မှာလဲ။အင်ပါယာအတွက် သူမမှာ တာဝန်မရှိဘူးလား။ သူမသာ တယဲ့အတွက် သစ္စာစောင့်သိမှုမရှိရင် ကျွင်းကျူးတစ်ယောက်အနေနဲ့ ဒီအသိတရားတောင် မရှိခဲ့ဘူးလား...


ဤစကားလုံးများ၏ အဓိပ္ပါယ်မှာ ပန်းဟွာသည် စစ်မြေပြင်သို့ မသွားလိုပါက တယဲ့အပေါ် သစ္စာမရှိဟု ဆိုလိုခြင်းဖြစ်သည်။


ဖုန်းနင်း ဧကရာဇ်၏ စကားများသည် ထူးဆန်းကြောင်း လူတိုင်းသိကြသော်လည်း ပန်းဟွာကျွင်းကျူးအတွက် မည်သူမျှ မပြောဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က နောက်ခံအားကောင်းသူများသည် အင်ပါယာတရားရုံးတွင် မရပ်တည်နိုင်တော့သောကြောင့် ဖြစ်သည်။ ကျန်နေသူများသမှာ ခြံစည်းရိုးစောင့်များ သို့မဟုတ် နောက်ခံအားမရှိသူများဖြစ်သည်။


 စည်းမျဥ်းစည်းကမ်းကို လိုက်နာသည်ဖြစ်စေ မလိုက်နာသည်ဖြစ်စေ အရေးမကြီးတော့ဘူးလေ.... ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေပြီမို့ မိန်းမတစ်ယောက် စစ်မြေပြင် သွားနေရတော့ရော ဘာအရေးလဲ။



xxxx