Chapter 9
Viewers 12k

💮Chapter 9



ဝမ်ချီ ဝါးပလွေအ်ိမ်တော်သို့ ပြန်လာချိန်တွင် တစ်နေ့ခင်းလုံး အလုပ်များနေခဲ့သည့် ယောဖန်းနှင့် ယောထောင်တို့က လက်ခံနိုင်ဖွယ် ရှိသော သစ်သီးကိတ်ကို ပြုလုပ်ပြီးသွားခဲ့လေပြီ။ 


၎င်းက အနည်းငယ် မသေသပ်သော်လည်း ရှေးခေတ်၌ ခေတ်သစ်ကဲ့သို့ ကိရိယာ အစုံအလင်မရှိရာ ထိုမျှ ပြုလုပ်နိုင်သည်ကပင် လုံလောက်နေပြီဖြစ်၏။ 


“သခင်လေးဝမ် … 

 á€™á€­á€”á€şá€¸á€€á€œá€ąá€¸ နှစ်ဦး၏ မျက်နှာထက်တွင် ဂျုံမှုန့်များ ရှိနေသည်။ သူတို့က ပျော်ရွှင်စွာဖြင့် ငှက်ကလေးများကဲ့သို့ ဆိုလာကြသည်။

“သခင်လေး ဒါကို မြည်းကြည့်ပါဦး … ”


သူက ကိတ်ကို ကိုက်လိုက်ရင်း ပြောသည်။

“နောက်တစ်ခါ နို့ထဲကို သကြားခဲများများ ထည့်ရမယ် ...”


ယောထောင် မျက်မှောင်ကြုတ်လိုက်၏။

“ဒါပေမယ့် သခင်လေးဝမ်… ဒီကိတ်က ချိုလွန်းနေပါပြီ…”


ဝမ်ချီ ပြောလိုက်၏။

“ထည့်သာ ထည့်လိုက်စမ်းပါ ...”


ထိုအရာကို ကြားသည့်အခါ ယောဖန်းနှင့် ယောထောင်က တစ်ဦးနှင့်တစ်ဦး ကြည့်သာကြည့်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။


ညစာစားပြီးနောက် ဝမ်ချီ အိပ်ချင်လာ၏။ 


အကြောင်းရင်းတစ်ချို့ကြောင့် အိမ်ရှေ့စံ၏ စာကြည့်ခန်းအတွင်း နှစ်နာရီကြာ နေထိုင်ရခြင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က ကိတ်မုန့်လုပ်ခြင်းဖြင့် အလုပ်များနေသည်ထက် ပို၍ပင်ပန်းသလို ခံစားရ၏။ သူ မျက်လုံးမှိတ်ပြီး မကြာမီမှာပင် အိပ်မောကျသွားလေသည်။ 


နောက်တစ်နေ့တွင် … 


ကိတ်မုန့်များ ပြုလုပ်ရင်း အလုပ်ရှုပ်ရသည့် နောက်ထပ်တစ်နေ့ဖြစ်၏။ 


ယမန်နေ့က ဖြစ်ခဲ့သည့် ရှက်ဖွယ်ဖြစ်ရပ်ကြောင့် အိမ်ရှေ့စံ သူ့အား စာကြည့်ခန်းအတွင်း ထပ်မံခေါ်ဆောင်မည် မဟုတ်ဟု ဝမ်ချီ တွေးလိုက်မိသည်။ 


ကံမကောင်းစွာဖြင့် ယမန်နေ့က ရှက်ခဲ့ရသူများထဲတွင် အိမ်ရှေ့စံ မပါခဲ့ဘဲ သူတစ်ဦးထဲသာ ရှက်ခဲ့ခြင်းဖြစ်သည်။ 


ခြံဝန်းထဲတွင် စောင့်နေသည့် မိန်းမစိုးကျိုးကို တွေ့ရသည့်နောက် ဝမ်ချီ ကြောင်အသွား၏။ ထို့နောက် သူနှင့်အတူ လိုက်ပါလာရတော့သည်။ 


ဝါးပလွေအိမ်တော်က အိမ်ရှေ့စံ၏ အိမ်တော်နှင့် အနည်းငယ် အလှမ်းကွာပြီး ခဏကြာ လမ်းလျှောက်ရလေ့ရှိသည်။ တော်ဝင်ကိုယ်လုပ်တော်နှင့် အဆင့်မြင့် ကိုယ်လုပ်တော်များက ရထားလုံးကို ယူဆောင်နိုင်သော်ငြား ဝမ်ချီကမူ အကူအညီမဲ့ရှာသည့် ဆင်းရဲသော အမျိုးသားကိုယ်လုပ်တော်အပြင် ဘာမှမဟုတ်ချေ။ 


ဝမ်ချီ၏ ခြေထောက်များက လမ်းလျှောက်ရင်း နာလာ၏။ သို့သော်  သူက လက်ဖြင့် သွားမပွတ်ဝံ့ချေ။ ဝမ်ချီ သက်ပြင်းချလိုက်ရင်း ဝါးပလွေအိမ်ဝောာ်၌ ငါးဆားနယ်တစ်ကောင်ကဲ့သို့ နေခဲ့ရသော နေ့ရက်များကို တမ်းတနေမိသည်။ 


ထိုအချိန်မှာပင် သူ့မျက်ဝန်းထောင့်မှတစ်ဆင့် သူ့ထံလမ်းလျှောက်လာသည့် လူအချို့ကို တွေ့လိုက်ရသည်။ 


သူ မော့မကြည့်ရသေးမီ မိန်းမစိုးကျိုးက ရပ်လိုက်ပြီးနောက် ခါးအနည်းငယ် ညွှတ်လိုက်သည်။

“ဒီအစေခံက သခင်လေးရွယ်ကို နှုတ်ခွန်းဆက်သပါတယ်…” 


သခင်လေးရွယ်က ထူးဆန်းသော အသံနေအသံထားဖြင့် ဆို၏။

“မိန်းမစိုးကျိုး … ဘယ်သွားမလို့လဲ … ”


မိန်းမစိုး ကျိုးက ပြန်မဖြေဘဲ လက်ကိုသာ ခါယမ်းလိုက်သည်။

“ဒီနေ့ နေအရမ်းပူတာကြောင့် အပြင်မှာ အကြာကြီးနေတာက သခင်လေးရဲ့ အသားအရည်အတွက် မသင့်လျော်ပါဘူး … ခြံဝန်းထဲကို မြန်မြန်ပြန်ပြီး အနားယူသင့်ပါတယ် ...”


ထိုသို့ ပြောလိုက်သည့်နောက် သခင်လေးရွယ်က ထပ်မမေးနိုင်တော့ပေ။ သူက ဆိုလာ၏။

“ရွယ်ကွေ့က မိန်းမစိုးကျိုးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် … ”


ရွယ်ကွေ့လား … 


ဝမ်ချီ တောင့်တင်းသွားသည်။ 


ဒီလူ့ အသံနေအသံထားနဲ့ ကိုယ်ဟန်ကို ရင်းနှီးနေတာ မထူးဆန်းတော့ဘူး … သူက ရွယ်ကွေ့ကိုး … နားနေဆောင်မှာတွေ့ခဲ့တဲ့ သေသွားတဲ့ ရွယ်ရှန်းရဲ့မောင်မဟုတ်လား … 


ရွယ်ရှန်းအကြောင်း တွေးသည်နှင့် ဝမ်ချီက မခံချင်မှုများ၊ မလိုလားမှုများဖြင့် ပြည့်နှက်နေသော မိန်းကလေး၏ မျက်လုံးများကို အမှတ်ရလိုက်မိသည်။ 


ရွယ်ရှန်းက အိမ်ရှေ့စံကို လုပ်ကြံခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝမ်ချီသိသော်ငြား သူနှင့်အတူ ထွက်ခွာသွားပြီးမှ သေဆုံးခြင်းဖြစ်ရာ လူအမြောက်အများက သူ့အပေါ် အပြစ်တင်နေလောက်၏။ 


ထိုသို့တွေးလိုက်မိသည့်နောက် ဝမ်ချီက ခေါင်းကို ပို၍ပင်ငုံ့လိုက်သည်။ သူက အဝတ်ထဲတွင် ခေါင်းကို ဖွက်ထားချင်မိ၏။ 


သို့သော် ကောင်းကင်ဘုံက သူ၏ ဆုတောင်းကို လျစ်လျူရှုခဲ့သည်။ ရွယ်ကွေ့က မိန်းမစိုးကျိုး အနောက်ဘက်ရှိ လူကို တွေ့လိုက်ရ၏။ သူက မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း သိလိုသဖြင့် လာရောက်ခဲ့ခြင်းဖြစ်ရာ ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။


ရွယ်ကွေ့က ဖြတ်သွားရင်း တစ်ချက်ကြည့်လိုက်သည်။ 


နောက်တစ်စက္ကန့်၌ပင် သူ၏ တည်ငြိမ်သော အမူအရာက မဲ့ရွဲ့သွား၏။ 


“မင်းပဲ … ”

ရွယ်ကွေ့က တစ်ချက်ကြည့်ရုံဖြင့် ဝမ်ချီအား မှတ်မိသွားသည်။ မိတ်ကပ်ပါးပါး လိမ်းခြယ်ထားသည့် လှပသော မျက်နှာထက်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး  သူက ဝမ်ချီကို လက်ညှိုးထိုးလိုက်သည်။

“တကယ့်ကို မင်းဖြစ်နေတာပဲ … ”


ဝမ်ချီက မပုန်းနိုင်ကြောင်း သိလိုက်ရသဖြင့် ရွယ်ကွေ့အား မော့ကြည့်လိုက်သည်။


ယနေ့တွင် ထိုသူက အနီတောက်တောက်နှင့် ခရမ်းရောင်အား ဝတ်ဆင်ထားသည်။ ရွယ်ကွေ့၏ အလွန့်အလွန် ဖမ်းစားနိုင်သည့် မျက်နှာနှင့် ပေါင်းစပ်လိုက်ချိန်တွင် လူများအား အရောင်အသွေးစုံသည်ဟု ခံစားရစေသည်သာမက ဆွဲဆောင်မှုရှိသည်ဟူ၍လည်း ခံစားရအောင် ပြုလုပ်နေ၏။ 


ဝမ်ချီက အမျိုးသားများစွာ တွေ့ဖူးသော်ငြား ဤမျှလှပသော အမျိုးသားကိုမူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ 


လှပေမယ့် မပြည့်စုံဘူး … 


အမျိုးသား၏ မျက်နှာက ခက်ထန်နေပြီး ရက်စက်သော မျက်ဝန်းများက ဝမ်ချီအား အစိမ်းလိုက်စားချင်သည့်နှယ် ကြည့်နေသည်။ 


ဝမ်ချီက အပေါ်ယံတွင် တည်ငြိမ်သယောင် ထင်ရသော်ငြား မိန်းမစိုးကျိုးအနောက်သို့ မသိမသာ ဝင်လိုက်လေသည်။ 


မိန်းမစိုးကျိုးက ဝမ်ချီ၏ လှုပ်ရှားမှုကို သတိပြုမိသွားကာ လက်ကို ဝှေ့ယမ်းရင်း ဝမ်ချီ့အရှေ့၌ ရပ်လိုက်သည်။ သူက ခပ်ကျယ်ကျယ်ပြောလိုက်၏။

“ဘာများဖြစ်လို့လဲ… သခင်လေးရွယ် … ”


ရွယ်ကွေ့က မိန်းမစိုးကျိုး၏ ဝမ်ချီအား ကာကွယ်လိုဟန် အမူအရာကို သတိပြုမိသွားသည်။ သူ့မျက်နှာက ရေများစီးကျလာတော့မည့်နှယ် မှောင်မဲသွား၏။ 


သူက မုန်းတီးသည့် အမူအရာကို ချက်ချင်း ပြန်ရုတ်သိမ်းကာ အံကြိတ်လျက်ဆို၏။

“မရှိပါဘူး ...”


မိန်းမစိုးကျိုးက ပြောလိုက်သည်။

“သခင်လေးရွယ် … ဂရုစိုက်သွားပါ ...”


ရွယ်ကွေ့က နားလည်ရခက်သော အမူအရာဖြင့် ဝမ်ချီအား ခပ်စူးစူး စိုက်ကြည့်ရင်း လှည့်ထွက်သွား၏။ သူ့အား ခစားသည့် အပျိုတော်နှစ်ဦးက မိန်းမစိုးကို အရိုအသေပေးပြီးနောက် သူ့နောက်သို့ မြန်မြန်ဆန်ဆန် လိုက်ပါသွားလေသည်။ 


ဝမ်ချီက ရွယ်ကွေ့ထွက်ခွာသွားသည်ကို ကြည့်ရင်း စိတ်နှလုံးကို ဒုံးဒုံးချနိုင်သွားသည်။ 


အနည်းငယ် လမ်းလျှောက်ပြီးသည့်နောက် သူတို့အုပ်စုက အိမ်ရှေ့စံ၏ စာကြည့်ခန်းသို့ ရောက်လာကြ၏။ 


ဝမ်ချီက ခေါင်းငုံ့ကာ မိန်းမစိုးကျိုးအနောက်မှ ရုပ်သေးတစ်ခုနှယ် လိုက်ပါလာသည်။ 


စာကြည့်ခန်းအတွင်းသို့ ရောက်ချိန်၌ အိမ်ရှေ့စံနှင့် မိန်းမစိုး ကျိုး သာမက အခြားအရာရှိ သုံးဦးလည်း ရှိနေကြောင်း ဝမ်ချီ တွေ့လိုက်ရ၏။ သူတို့က စားပွဲရှေ့တွင် ရပ်ကာ အိမ်ရှေ့စံအား တစ်စုံတစ်ရာ တင်ပြနေကြပုံရသည်။ 


ဝတ္ထုထဲရှိ အကြီးဆုံးဗီလိန်ဖြစ်သော ရှစ်ယဲ့၊ အိမ်ရှေ့စံက ပုံမှန်အတိုင်းပင် မေးထောက်လျက် မျက်လုံးများကို မှိတ်ရင်း ဘီးတပ်ကုလားထိုင်ပေါ်၌ သက်သောင့်သက်သာ ရှိနေ၏။ သူက အရာရှိများ တင်ပြနေသည်ကို နားထောင်နေသည်လော၊ သို့မဟုတ် အိပ်ပျော်နေသည်လော မည်သူမှ မသိနိုင်ချေ။ 


အရာရှိများက တုန်တုန်ယင်ယင်ဖြင့် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ 


သို့သော် မည်သူကမှ တစ်ခွန်းမှ မမေးရဲကြချေ။ သူတို့သာ ဂရုတစိုက်မလုပ်ပါက မင်းသားက သူတို့အား ရှင်းပစ်မည်ဖြစ်ကြောင်း သေချာသိကြ၏။ 


ဝမ်ချီ၏ ရောက်ရှိလာမှုက အေးစက်စက်လေထုကို ဖြိုခွဲရာကျခဲ့သည်။ အရာရှိသုံးဦးက တင်ပြနေသည်ကို ရပ်ကာ ဝမ်ချီအား တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လိုက်ကြ၏။ 


ဝမ်ချီက ရုတ်တရက် ပရိတ်သတ်၏ အာရုံစိုက်ရာ ဖြစ်သွားသဖြင့် စိတ်ညစ်သွားသည်။ သူက မိန်းမစိုးကျိုးကို အကူအညီတောင်းဟန်ဖြင့် ကြည့်လိုက်၏။ 


သူ့အား ကာကွယ်ပေးခဲ့သော မိန်းမစိုးကျိုးက ယခုအခါ သစ်သားလူတစ်ဦးကဲ့သို့ ဖြစ်သွားကာ လက်နှစ်ဖက်ကို ဝတ်ရုံအတွင်း ထည့်လျက် နှာခေါင်းနှင့်ပါးစပ်ကိုသာ ဂရုတစိုက် ငုံ့ကြည်နေတော့၏။ 

(T/N - မျက်လွှာချပြီး လက်နှစ်ဖက်ယှက်ထားတာကို ပြောတာပါ) 


ဝမ်ချီ ရှစ်ယဲ့ကို ထပ်ကြည့်လိုက်သည်။ 


သို့သော် ရှစ်ယဲ့က သူရောက်လာသည်ကိုပင် မသိသကဲ့သို့ မျက်လုံးဖွင့်ကြည့်မလာခဲ့ပေ။


ဝမ်ချီက ဖိအားကြီးကြီးမားမားကို ခံစားလိုက်ရပြီး ချွေးစေးများပင် ထွက်လာ၏။ သူ ခဏစဉ်းစားပြီးနောက် သူထိုင်လေ့ရှိသည့် ညောင်စောင်းထံ သွားလိုက်သည်။ ထို့နောက် အရာရှိသုံးဦး၏ မယုံနိုင်သော အကြည့်အောက်၌ပင် ညောင်စောင်းပေါ် ထိုင်ချလိုက်လေသည်။ 


ထိုအရာရှိများက အိမ်ရှေ့စံနှင့် အတူရှိလာသည်မှာ သုံးနှစ်တိုင်ခဲ့လေပြီ။ သုံးနှစ်ဟူသော ကာလက ကြာမြင့်သည်ဟု မပြောနိုင်သော်ငြား သူတို့အားလုံး အိမ်ရှေ့စံ၏ စိတ်အခြေအနေကို ပုံဖော်နိုင်ကြ၏။ ကောလဟာလများကဲ့သို့ပင် အိမ်ရှေ့စံတွင် ထူးဆန်းသော စိတ်အခြေအနေ ရှိပြီး လူ့အသက်ကို ကောက်ရိုးမျှင်တစ်စနှယ် သဘောထားတတ်လေသည်။ 


သို့သော် မင်းသား၏နောက်လိုက်များသာ အိမ်ရှေ့စံ၏ သူ ပိုင်ဆိုင်သော ပစ္စည်းများနှင့် သူ၏ ပိုင်နက်အပေါ် ထားရှိသော အကျင့်စရိုက်ကို သိရှိကြသည်။ 


အကယ်၍ တစ်စုံတစ်ဦးက သူ၏ ပိုင်နက်အတွင်း ဝင်ရောက်ကာ သူ့ပစ္စည်းများကို ထိပါက ထိုသူကိုယ်တိုင်ပင် မသိလိုက်ဘဲ သေဆုံးသွားမည်သာ။ 


သို့သော် ယခုအခါ လူငယ်တစ်ဦးက အိမ်ရှေ့စံ၏ မျက်စိအောက်၌ပင် စာကြည့်ခန်းအတွင်း ဝင်လာခဲ့သည်။ အရေးအကြီးဆုံးကိစ္စမှာ အိမ်ရှေ့စံက ၎င်းကို ပုံမှန်ကိစ္စတစ်ခုကဲ့သို့ မျက်လုံးပင်ဖွင့်မကြည့်ခဲ့ပေ။


အိမ်ရှေ့စံက တစ်ခွန်းမှ မဆိုသေးသော်ငြား အရာရှိများ၏ ဝတ်ရုံကျောဘက်များတွင် ချွေးများ ရွှဲနစ်နေပြီဖြစ်သည်။ 


သူတို့က အမြင်မှားသည်ဟု ခံစားလိုက်ရသည်။ 


ဒါကြီးက အိမ်ရှေ့စံရဲ့ ပုံစံဟုတ်မနေဘူးလေ ...


ပြီးတော့ ဒီလူငယ်လေးက ဘယ်သူတုန်း …


ဝမ်ချီက ထိုင်ပြီးသည့်နောက်၌ပင် အရာရှိများ၏ အကြည့်များက မကြာခဏ သူ့အပေါ် ကျရောက်နေကြောင်း သတိပြုမိလိုက်သည်။ အိမ်ရှေ့စံက မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး မိန်းမစိုးကျိုးကမူ ပါးလွှာသော လေထုအတွင်း ပျော်ဝင်သွားတော့မတတ် ငြိမ်သက်နေ၏။ သူက မျက်နှာပြောင်တိုက်၍သာ ပြောရတော့သည်။

“အမတ်ကြီးတို့ … ပြောစရာရှိတာ ဆက်ပြောပါ … ကျွန်တော့်ကို မရှိသလိုပဲ သဘောထားနော် ...”


အရာရှိများ : “…”


သူတို့ ကိုယ်ပေါ်ရှိ ချွေးများက ပို၍ပင် ရွှဲနစ်လာလေသည်။ 


သူတို့ပြောနေသည့် အကြောင်းအရာများက အလွန်အရေးကြီးပြီး အိမ်ရှေ့စံအား အမှုထမ်းရသည့် ဒုတိယအဆင့် မိန်းမစိုးနှင့် အပျိုတော်တို့ပင် နားထောင်ခွင့်မရှိချေ။  


ဘယ်လိုလုပ်ပြီး ဒီလူငယ်လေးက သူ့ကို မရှိသလို သဘောထားဖို့ ပြောနေတာလဲ … 


ထိုသို့တွေးမိသည့်နောက် အရာရှိအချို့က စိတ်ပျက်သွားကာ အချို့ကမူ အိမ်ရှေ့စံ၏ အတွေးကို သိလိုကြသည်။


ခဏတွေးပြီးနောက် အနည်းငယ် ရဲရင့်သော အရာရှိက ရှစ်ယဲ့ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်၏။

“အရှင့်သား … ဒီအမှုထမ်းက ……”


သူ့စကားမဆုံးမီ ရှစ်ယဲ့က ကြားဖြတ်ပြောလိုက်၏။

“သူပြောသလိုသာ လုပ်စမ်းပါ ...”


အရာရှိများ၏ စကားသံအား ဖြတ်တောက်ခံလိုက်ရ၏။ 


သူတို့က တစ်ဦးနှင့်တစ်ဦး အတန်ကြာ စိုက်ကြည့်လိုက်မိကြသည်။ ထို့နောက် ပြောလက်စ စကားကို ဆက်လိုက်၏။ 


ဝမ်ချီ ဂရုတစိုက် နားထောင်ပြီးသည့်နောက် အဆိုပါ အရာရှိများက ရှစ်ကျင်းအကြောင်း ပြောနေကြခြင်း ဖြစ်သည်ကို သူနားလည်သွားသည်။ ရှစ်ကျင်းနှင့် ရင်းနှီးသည့် တရားရေးဝန်ကြီးနှင့် အရာရှိရုံးအချို့ ပူးပေါင်းကာ ကျင်းကျိုး၌ ကျိုင်းကောင်များ ပေါ်ပေါက်လာသော သဘာဝကပ်ဘေးထံမှ အမြတ်ထုတ်ရန် ကြံစည်နေကြခြင်းပင်။ 


ထိုကိစ္စနှင့် စပ်လျဉ်း၍ အရာရှိများက အမြင်အမျိုးမျိုး ကွဲပြားနေကြသည်။ 


အချို့က ထိုကိစ္စကို မင်းကြီးထံ တိုက်ရိုက် လျှောက်တင်စေပြီး အရှင်မင်းမြတ်အား ဆုံးဖြတ်စေချင်သည်။ အချို့ကမူ တွင်းထဲတွင် ခွေနေသည့်မြွေအား သွေးဆောင်ရန် အကြံပြုကြ၏။ ကျန်တစ်ဦးကမူ လျှို့ဝှက်ကြံစည်၍ စတုတ္ထမင်းသား၏ နောက်လိုက်များကို ရှင်းပစ်ရန် အကြံပြုလေသည်။ 


အဆုံးသတ်တွင် သူတို့သုံးဦးလုံးက ကျိုင်းကောင်များ၏ အန္တရာယ်ကို ဆွေးနွေးကြခြင်းမရှိဘဲ စတုတ္ထမင်းသားနှင့် အခြားမင်းသားများ အကြောင်းကိုသာ ပြောဆိုနေခဲ့ကြ၏။ 


ဝမ်ချီက “ကျိုင်းကောင် ကပ်ဘေး” ဟူသည့် စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ 


ဝတ္ထုဇာတ်ကြောင်းအရ အဓိကဇာတ်လိုက်မှာ ကျိုင်းကောင်ကပ်ဘေးတွင် ကြီးကြီးမားမား ပါဝင်ခဲ့ကာ မင်းကြီး၏ နှစ်သက်ခြင်းကို ဖြည်းဖြည်းချင်း ပြန်လည်ရရှိခဲ့သည်။ 


ဝမ်လျန်နှင့် သူ့စနစ်၏ အကူအညီကိုလည်း ထည့်သွင်းမပြောဆို၍ မရချေ။ 


ကျင်းကျိုးရှိ ကျိုင်းကောင်ကပ်ဘေးက ရှစ်ကျင်းနှင့် ဝမ်လျန်အတွက် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဝမ်ချီ အမြဲတွေးမိခဲ့၏။ သူက အိမ်ရှေ့စံသည်လည်း ထိုကိစ္စကို စိုးရိမ်နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။ 


အိုး … မဟုတ်သေးဘူး … အရာရှိတွေ စိုးရိမ်နေတာက တခြားကိစ္စပါ … အိမ်ရှေ့စံနဲ့ သူ့နောက်လိုက်တွေက ငါနဲ့ ဘာမှမဆိုင်ပဲ … 


အရာရှိများက အကြိတ်အနယ် ငြင်းခုန်နေကြသည်။ သူတို့၏ မျက်နှာများပင် နီရဲလာသော်ငြား ဖြေရှင်းချက် ထွက်မလာခဲ့ချေ။ 


လေထုက တဖြည်းဖြည်း လေးလံလာသည်နှင့်အမျှ အိမ်ရှေ့စံက မျက်လုံးဖွင့်လိုက်ပြီး ကြက်တစ်ကောင်သဖွယ် တိတ်ဆိတ်နေသည့် ဝမ်ချီအား ကြည့်လိုက်၏။ 


သူက ပြောသည်။

“မင်းပြောကြည့် …”


“…”

ဝမ်ချီက အရာရှိများ၏ အကြည့်ကို ခံစားမိလိုက်ပြီး ရှက်သွားသည်။

“အရှင့်သား … ကျွန်တော်မျိုးက ကဗျာစာပေတွေကိုပဲ လေ့လာဖူးတာပါ … တိုင်းပြည်အရေးမှာ ပါဝင်ရလောက်တဲ့အထိ အရည်အချင်း မရှိပါဘူး ...”


“ကောင်းပြီလေ … ဒီလိုဆို ...”

ရှစ်ယဲ့က မေးထောက်ရင်း ခေါင်းကို စောင်းကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“သူတို့ သုံးယောက်မှာ ဘယ်သူ့စကားကို မင်းထောက်ခံပေးချင်လဲ … ”


ဝမ်ချီ: “…”


ချီးပဲ … ဒီခွေးမင်းသားကတော့ … ငါ့ကို မပါပါအောင် ဆွဲသွင်းနေတာပဲ …


“ကျွန်တော် အခုလေးတင်ပဲ အရာရှိတို့ ပြောတဲ့ ဖြေရှင်းနည်းတွေကို သေသေချာချာ နားထောင်လိုက်ရပါတယ် ... အားလုံးကလည်း အလွန်ပဲ တော်ကြပါတယ် ...”

ဝမ်ချီက သမာသမတ်ကျသော အဖြေဖြစ်ရန် ဂရုတစိုက် ရွေးပြောလိုက်သည်။ 


“အိုး … ”

ရှစ်ယဲ့ ခပ်ဖွဖွ ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးက သူ့မျက်ဝန်းများထဲသို့ ရောက်မသွားခဲ့ပေ။

“ဒါဖြင့် ဒီကိစ္စကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ မင်းထင်လဲ … ”


အရာရှိများက ဝမ်ချီအား ကြည့်လာကြ၏။ 


ဝမ်ချီက ထိုလူများ၏ အကြည့်ကြောင့် ထိပ်ပြောင်လာတော့မလို ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲတွင် ခါးသက်သက် ခံစားလိုက်ရ၏။

“အခုပဲ အရာရှိမင်းတို့က ဖြေရှင်းနည်း အများကြီး တင်ပြသွားတာ ကျွန်တော် ကြားခဲ့ရပါတယ် … အတင့်ရဲစွာနဲ့ မေးခွင့်ပြုပါ … အရာရှိမင်းတို့ ကျိုင်းကောင်ကပ်ဘေးကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ စဉ်းစားပြီးပြီလား မသိဘူး …”


အရာရှိက အထူးအဆန်း မေးခွန်းကဲ့သို့ ပြန်ဖြေ၏။ “ကျိုင်းကောင်ကပ်ဘေးက စတုတ္ထမင်းသား ဖြေရှင်းရမယ့် အရေးပဲလေ … ငါတို့က ဘာလို့ ဖြေရှင်းဖို့ နည်းလမ်းရှာရမှာလဲ …”


ဝမ်ချီက ပြောသည်။

“တကယ်လို့ စတုတ္ထမင်းသား ဖြေရှင်းရမယ့် ကျိုင်းကောင်ကပ်ဘေးကို အရှင့်သားသာ ဖြေရှင်းနိုင်ခဲ့ရင် မင်းကြီးက အရှင့်သားကို အထင်ကြီးမသွားနိုင်ဘူးလား … ဒီလိုဆို တခြားပြဿနာတွေကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားပြီလေ … ”


အရာရှိများ  “…”


ပြဿနာမှာ သူတို့၌ ကျိုင်းကောင်ကပ်ဘေးကို ဖြေရှင်းရန် နည်းလမ်းမရှိခြင်း ဖြစ်တော့သည်။



💮💮💮