Chapter 16
Viewers 33k

🌍Chapter 16




"မင်းပထမဆုံးပြောလိုက်တဲ့စကားက သမီးလည်းခိုး၀င်သူမဟုတ်ပါဘူး တဲ့၊ မင်းပြောလိုက်တဲ့ပုံစံကိုက မင်းရှေ့ကသူတွေကို ခိုး၀င်သူမဟုတ်ဘူးလို့ 

သေချာသိနေတဲ့ပုံစံပေါက်နေတာ"


ကလေးမလေးကငိုသာငိုနေသည်။ သူမကခေါင်းကိုသာတွင်တွင်ခါ၍ငြင်းနေဆဲပင်။


ထန်မော့ဆက်ပြောလိုက်သည်


"လောလောဆယ်အခြေအနေအရ ငါကိုယ်တိုင်လည်းခိုး၀င်သူဖြစ်နိုင်တယ်၊ သူရော သူရော ဒီမှာရှိတဲ့သူဘယ်သူမဆိုဖြစ်နိုင်တယ်။"


သူက လီပင်းနှင့် လော့ဖုန်းချန်းကိုလက်ညှိုးထိုး၍ဆိုလိုက်သည်။


သူကခေါင်းမော့လိုက်ကာ ဆက်၍ပြောလိုက်ပြန်သည်။


"ဒီလူတွေထဲက ဘယ်သူက ခိုး၀င်သူဖြစ်နိုင်လဲဆိုတာ ဘယ်သူမှမ​သေချာဘူး။ ဒါပေမယ့်မင်းပထမဆုံးပြောလိုက်တဲ့စကားကိုက မင်းရှေ့ကပြောခဲ့တဲ့ စားဖိုမှူးက ခိုး၀င်သူမဟုတ်ဘူးလို့ သေချာနေတဲ့ပုံစံမျိုးလေ။ သူက ကျိန်းသေပေါက်ခိုး၀င်သူမဟုတ်ဘူးဆိုတာ မင်းသေချာပေါက်သိနေတာကိုး၊ ဘာလို့ဆို ခိုး၀င်သူက မင်းကိုယ်တိုင်ပဲလေ..."


က​လေးမ​​လေးက တုန်ယင်လျက် မျက်ရည်များကို လက်ခုံဖြင့်ပွတ်သုတ်နေခဲ့သည်။ သို့သော် ဘယ်သူမှရှေ့ထွက်ပြီး သူမကိုမနှစ်သိမ့်ပေးဝံ့ကြပေ။


ထိုကျောင်းသူလေးမှာ မည်မျှပင် အားနည်းသဖွယ်ပြုမူနေစေဦး သူမသည်လူသတ်သမားပင်မဟုတ်ပါလား။


လီပင်းက ခေါင်းကိုငြိမ့်လျက်


"ဟုတ်တယ် ဟုတ်တယ်။ ငါလည်းအစောနားကတည်းက သူပြောနေတာတွေတစ်ခုခုထူးဆန်းနေပါတယ် ထင်နေတာ။ သုံးရက်အတွင်းဖြစ်ခဲ့သမျှတွေကိုလည်း ဒီထဲကလူတွေအကုန်လုံးထက်ကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေတာလေ။ အချိန်အတိအကျတောင် ထည့်ပြောနိုင်သေးတယ်။ ငါတို့ကိုကောင်းကောင်းကြီးအရူးလုပ်ဖို့ မင်းသေချာကိုပြင်ဆင်ခဲ့တာပဲ"


သိသာသောအချက်ကို လီပင်းကထောက်ပြလိုက်သည်နှင့် အားလုံးလည်း ရုတ်တရက်သဘောပေါက်ကုန်ကြသည်။


"ခုမှသတိထားမိတယ် မင်းကကျိန်းသေပေါက် ခိုး၀င်သူပဲ။ ဘုရားရေ ငါကြက်သီးတောင်ထတယ်"


"သမီး..သမီး..မလုပ်ခဲ့.."


က​လေးမ​လေးက ငြင်းနေဆဲပင်။ အတော်ကြာသည်အထိ ငိုယိုပြီး တတွတ်တွတ်ပြောနေပြီးသည့်နောက်တွင်တော့ ဘယ်သူမှသူမကိုမယုံကြည်နိုင်တော့ဘူးဆိုတာ သဘောပေါက်သွားပုံဖြင့် ဘာမှမပြောတော့ပဲ 

ငိုသာငိုနေတော့သည်။


စာဖိုမှူးကသက်ပြင်းလေးပင်စွာချနေပြီး ထန်မော့ကမူ ၄င်းတို့လျစ်လျူရှုလျက်ပင် 


"လူကြိးမင်းလော့ကရော ဒီလိုကောက်ချက်ချတာ

မှန်တယ်လို့ထင်လား"


လော့ဖုန်းချန်းကမူ တချိန်လုံးဘာမှ၀င်မပြောပဲ ဘေးတွင်ရပ်နေခဲ့ခြင်းပင်။ ယခုတွင် ထန်မော့က ဘောလုံးကိုသူ့ဘက်ပုတ်လိုက်ချေပြီ။


"ဘယ်သူကခိုး၀င်သူလဲဆိုတာ အခုချိန်အထိခန့်မှန်းဖို့လိုနေတုန်းလား။ တခြားသိသာတဲ့အချက်တွေကို

ဘေးဖယ်လိုက်ထားလိုက်ဦး သူပြောခဲ့တဲ့စကားနဲ့တင် သေချာနေပြီ၊ ဒါပေမယ့် ငါသိချင်မိတာက။

မင်းဘယ်သူ့ကိုများသတ်ခဲ့တာလဲဆိုတာပဲ။"


လူခြောက်ယောက်၏အကြည့်တို့က ကလေးမလေးထံရွေ့လာခဲ့သည်။


ကလေးမလေး၏မျက်နှာတွင် မျက်ရည်များပေပွနေသော်လည်းလူတစ်အုပ်၏ အကြောက်တရားကိုမပယ်ဖျောက်နိုင်ပေ။


မှောင်မဲနေသော လှိုဏ်ဂူကြီး၏ထောင့်တွင် ပွေးကြီးကလေတချွန်ချွန်ဖြင့် တကုတ်ကုတ်တူးနေဆဲ။

၄င်းကသွေးတစက်စက်ကျနေသော အသားစတစ်စကို ဘယ်ကမှန်းမသိရုတ်တရက်ဆွဲထုတ်လိုက်ကာ တမြုံ့မြုံ့ဝါးလျက် လူခုနှစ်ယောက်အား လှည့်ကြည့်လိုက်သည်။


က​လေးမ​လေးကမူ ခေါင်းကိုတွင်တွင်ခါလျက်

ငိုနေဆဲပင်။ သူမကလင်းရှောင်အား အကူအညီတောင်းလိုဟန်ဖြင့်ပင် ကြည့်လိုက်သေးသည်။ 

တက္ကသိုလ်ကျောင်းသူမှာ မကူညီနိုင်တော့သလို ကြည့်လည်း မကြည့်ရက်သဖြင့် တဖက်သို့သာမျက်နှာလွှဲလိုက်တော့သည်။


တော်တော်လေးကြာပြီးသည်တွင်မှ ပြောလာသည်။


"ငါ့ကို ခိုး၀င်သူလို့စွပ်စွဲကြတယ်ပေါ့။ ဟုတ်တယ် ငါသူ့ကိုသတ်ခဲ့တယ်။ ဒါပေမယ့် ငါကလူသတ်သမား မဟုတ်ဘူး"


ကျောင်းသူလေးက ခေါင်းကိုငုံ့လျက်ဆိုလာသည်။ 

သို့သော် သနားစရာကျောင်းသူလေးက ငိုနေသည်ဟု မည်သူမျှမထင်ကြတော့။ သူမ၏အသံက ရေခဲလိုအေးစက်နေခဲ့သည်။ 


ထို့နောက် သူမကရုတ်တရက်ခေါင်းကိုမော့လိုက်ကာ


"လူသတ်တာလို့ ဘာလို့ခေါ်လို့ရမှာလဲ ဟမ်။ သူ့အသက်ကိုငါပေးထားတာ သူကအစကတည်းကမရှိသင့်တာ သေသွားသင့်တာ"


သူမ၏စူးရှ​သောအသံက လှိုဏ်ဂူကြီးထဲတွင်ပဲ့တင်ထပ်သွားခဲ့သည်။


ထိုအချိန်တွင် လူတိုင်းက ကိုယ်စီတွေးမိသွားကြသည်။ က​လေးမ​လေးမှာ ပိန်ပါးကာငယ်ရွယ်သည့် ၁၅နှစ်အရွယ်ကျောင်းသူလေးတစ်ဦးသာဖြစ်သည်။

သူမကအလွန်ပိန်ပါး၍သေးငယ်သဖြင့် အန္တရာယ်ပေးနိုင်မည့်ပုံမျိုးပင်မပေါက်။

အပျိုဖြစ်မည့် အရွယ်အစသာရှိသေးသည်။


ထန်မော့မျက်မှောင်ကျုံ့လိုက်မိသည်။ အဖြေကသူထင်ထားတာနဲ့တခြားစီပင်။ သို့သော် လော့ဖုန်းချန်းက သူ့ထက်လျင်စွာပင်


"မင်းမိဘတွေကိုမသတ်ခဲ့ဘူးပေါ့"


ကလေးမလေးက ကူကယ်ရာမဲ့သောအမူအယာဖြင့်ပင်


"ငါ့ရဲ့မိဘတွေကိုဘာလို့သတ်ရမှာလဲ။ သူတို့ကငါ့အပေါ်ဒီလောက်ကောင်းတာကို။ ငါက မွေးမလာသင့်တဲ့ မျိုးမစစ်ကောင်ကိုပဲသတ်ခဲ့တာ"


အဖြေကရှင်းသွားချေပြီ။ ဘာမှနားမလည်လိုက်သော ခပ်တုံးတုံးစာဖိုးမှူးသည်ပင် အလျင်အမြန်သဘောပေါက်သွားခဲ့သည်။


ကလေးမလေးကအလွန်အေးစက်စွာပြောလိုက်သည်။


"ရှင်တို့ကတော့ကျွန်မကိုလိမ်တယ်လို့ပြောတယ်။

ဒါပေမယ့် ကျွန်မမလိမ်ခဲ့ဘူး။ ဘာတစ်ခုမှကိုလည်း လုပ်ကြံပြီးမပြောခဲ့ဘူး။ လွန်ခဲ့တဲ့သုံးလကတည်းက ငါဒီလိုဘ၀ကြီးမှာနေနေရတာ ငါကတုံးအလို့ ၀ူဟန်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီအလည်သွားမိတယ်။

ပြီးတော့ ဗိုက်ကြီးလာတယ်။ သူကလည်းငါ့ကိုမလိုချင်တော့ ငါ့မှာအိမ်ကိုပြန်ရုံအပြင်မရှိဘူးလေ။ 

အချိန်တွေကြာသွားပြီးတော့ က​လေးကဖျက်ချမရ​တော့ဘူးလို့ဆရာ၀န်ကပြောတယ်၊ ခုနှစ်လတောင်ကျော်သွားပြီးမှ ဖျက်ချလို့မရတော့ဘူးတဲ့၊ 


မဟုတ်ရင် ငါနောက်တစ်ခါကလေးမမွေးနိုင်တော့တာမျိုးဖြစ်ပြီး ငါ့အတွက်လည်းအန္တရာယ်ရှိတယ်တဲ့လေ။ ငါဒီကလေးကိုလုံး၀မလိုချင်ခဲ့ဘူး။ ဒါပေမယ့် ငါ့အမေကငါနောက်မှနောင်တရမှာစိုးသလို ငါကလည်းငါ့ကိုယ်ငါတစ်ခုခုအန္တရာယ်ဖြစ်မှာ ကြောက်လို့ဘာမှမလုပ်ရဲခဲ့ဘူး။ သူတို့ကတော့မွေးပြီးရင်ကလေးကိုတာ၀န်ယူမယ်တဲ့။ ငါကမွေးပေးရုံပဲတဲ့"


က​လေးမ​လေးက မျက်ရည်များပေပွနေသော မျက်နှာဖြင့် လူတိုင်းကိုမော့ကြည့်လိုက်သည်။


"ကျွန်မကရှင်တို့လို ထက်ထက်မြက်မြက်လည်းမဟုတ်ပါဘူး။ အသုံးလည်းမကျပါဘူး။ ကျွန်မသာမာန်ဘ၀လေးနဲ့ပဲ အေးအေးချမ်းချမ်းနေချင်တာပါ။ အဲဒီသုံးရက်အတွင်းမှာ ဆေးရုံတက်ပြီး အဲဒီမျိုးမစစ်လေးကိုမွေးခဲ့ရတယ်။"


ထန်မော့၏ခေါင်းထဲတွင် အလင်းတစ်ချက်လက်သွားခဲ့သည်။


တကယ်တော့ ကလေးမလေး၏ပြောစကားထဲတွင် သိသာသောအချက်နှစ်ချက်ရှိနေခဲ့ပြီးသားပင်။


သူမ၏အမေကအနက်ရောင်မျှော်စင်ကိစ္စများကို

ဂရုမစိုက်ပဲ အလုပ်ကိုလည်းမသွားပဲ သူမကိုသာအိမ်စာကူလုပ်ပေးခဲ့သည်။ အကယ်၍သူမ၏အမေကသာ အနက်ရောင်မျှော်စင်ကိစ္စများကို အမှန်တကယ်ဂရုမစိုက်ပဲ သူမကိုသာအိမ်စာကူလုပ်ပေးသည်ဆိုပါက သူမ၏သမီးအား 'မကြောက်နဲ့'ဟူသော စကားကိုအဘယ်ကြောင့်ပြောရန်လိုမည်နည်း။ အနက်ရောင်မျှော်စင်ကိစ္စရပ်များကလည်း ထွေထွေထူးထူးဘာမှအပြောင်းအလဲမရှိသေးသလို 

ဘယ်သူမှလည်းထိုမျှစိုးရိမ်မနေပေ။


ထန်မော့ပထမဆုံးတွေးမိသည်က ကလေးမလေးကလိမ်ပြောသည်ဟု။ သို့သော်ကြည့်ရသည်မှာ

'မကြောက်နဲ့'ဆိုသည်က ကလေးမွေးသည်နှင့် 

ပတ်သက်၍နှစ်သိမ့်ပေးခြင်းပင်ဖြစ်လိမ့်မည်။


'ဘာတွေပဲဖြစ်လာဖြစ်လာမစိုးရိမ်ပါနဲ့၊ သမီးအဆင်ပြေရင် အမေလည်းအဆင်ပြေတယ်' ဤစကားမှာ အမေတစ်ယောက်အနေနှင့် မိမိ၏က​လေးကို ဘာတွေပဲဖြစ်လာဖြစ်လာအကောင်းဆုံး ကာကွယ်ပေးသွားမည်ဟု နှစ်သိမ့်ပေးသောစကားပင် မဟုတ်ပါလား။


ကလေးမလေး၏မျက်နှာမှာ အလွန်အေးစက်နေသော်လည်း ၀မ်းနည်းမှုနှင့်နောင်တတချို့လည်း ရောစွက်နေခဲ့သည်။


"သူကအဲဒီညတုန်းက အရမ်းငိုနေတာ၊ ကျွန်မမှာတော့အိပ်မပျော်နိုင်တဲ့ရောဂါရပြီး ဘယ်လိုမှမထိန်းနိုင်ခဲ့ဘူး။ အဲဒီတော့သူ့ကိုသတ်လိုက်တယ်။

သူ့မျက်နှာကိုခေါင်းအုံးနဲ့ဖိထားပြီးတော့ သူတဖြည်းဖြည်းငိုသံတိတ်သွားအောင်လေ။ ဒါကိုသတ်တယ်လို့ခေါ်လား သူကိုကျွန်မမွေးထားတာ။ သူ့အသက်ကိုကျွန်မပေးထားတာ သူ့အသက်ကိုကျွန်မပြန်နှုတ်ခွင့်မရှိဘူးလား သူကအစကတည်းကရှိကိုမရှိသင့်တာ"


လင်းရှောင် မနေနိုင်တော့ပေ။


"နင်သူကိုဘ၀တစ်ခုပေးခဲ့တယ်ဆိုတာလည်း ကလေးအဖေနဲ့ နင့်ရဲ့မတော်တဆအမှားပဲလေ၊ ကလေးမှာဘာအပြစ်ရှိလို့လဲ။ သူလည်းလူပဲ အသက်ရှင်ဖို့ထိုက်တန်တယ် နင်ကသူ့ကိုသတ်ခဲ့တာကသတ်ခဲ့တာပဲ"


"သူက ငါ့ဘ၀ကိုဖျက်ဆီးမှာငါ၁၅နှစ်ပဲရှိသေးတယ်"


ကလေးမလေး၏မျက်လုံးများမှာ နီရဲလျက်အော်ဟစ်လိုက်သည်။


ထန်မော့ကအသာအယာပင် ၀င်ပြောလိုက်သည်။


"သူကတော့ခုမှ လူ့ဘ၀ကိုရောက်ခါစလေးလေ" 


က​လေးမ​လေးမှာ တိတ်ကျသွားလျက် ခေါင်းတဖြည်းဖြည်းငုံ့သွားခဲ့သည်။


အမှန်တရားက ထန်မော့ထင်ထားတာနဲ့

ကွဲပြားနေခဲ့သည်။ သူထင်ခဲ့တာက က​လေးမ​လေးက သူ့မိဘတွေကို မတော်တဆသတ်မိခဲ့တာဟုပင်။


သူမ၏အတော်ငယ်သေးသောအသက်အရွယ်ကြောင့် သူမ၏လုပ်ရပ်ကမည်မျှရက်စက်လဲဆိုတာနားလည်ပုံမပေါ်။


ကျောင်းသူငယ်လေးမှာမိမိတို့အား တချိန်လုံးလိမ်ညာနေခဲ့ ခြင်းပင်။ သူကတစ်စုံတစ်ဦးကိုရည်ရွယ်ချက်ရှိရှိ သတ်ခဲ့ပြီး၄င်းမှာလည်းသူမ၏သွေးသား ကလေးငယ် ဖြစ်နေသည်။ 


သူမကထိုကလေးကိုသေစေချင်လို့ကို သတ်ခဲ့တာဖြစ်ကာ သူမလုပ်ရပ်ပေါ်သွားတာတောင် သူမကိုယ်သူမမှားတယ်လို့၀န်မခံပေ။


စားဖိုမှူးကစိတ်လှုပ်ရှားစွာသူ၏လက်နှစ်ဖက်ကို ပွတ်သတ်လိုက်ပြီး ပြောလိုက်သည်။


"ဒါဆိုငါတို့ခိုး၀င်သူကိုတွေ့ပြီပေါ့၊ သူ့ကိုပွေးကြီးလက်ထဲထည့်လိုက်ရုံပဲလေ။ ပွေးကြီးစားချင်နေတာသူ့ကိုပဲ၊ ငါတို့မှ မဟုတ်တာ"


သူ၏စကားများမှာအနည်းငယ်ရက်စက်တာကြောင့်

လီပင်းကမနေနိုင်ပဲမျက်မှောင်ကျုံ့မိသွားရသည်။


"ဟုတ်တော့လည်းဟုတ်ပါတယ်။ သူကိုယ်တိုင်လည်းခိုး၀င်သူဆိုတာ ၀န်ခံပြီးနေပြီပဲ"


ထန်မော့ကမေးလိုက်သည်။


"မင်းရဲ့စွမ်းရည်ကဘာလဲ"


ခိုး၀င်သူများတွင်လည်းတရား၀င်ကစားသမားများကဲ့သို့ စွမ်းရည်ရှိသည်ဟုပွေးကြီးပြောခဲ့သည်။

မတိုင်ခင်က ဖန်းယု၀မ်မှာပွေးကြီးထံမှအစားခံရလုနီးပါး ဖြစ်သွားသည့်တိုင် သူမ၏စွမ်းရည်ကိုအသုံးမပြုခဲ့ပေ။ ထန်မော့ကတွေးတောလိုက်ပြီး


"ဓာတ်မီးလိုဟာမျိုးလား"


လော့ဖုန်းချန်းကလည်း သူနဲ့အတွေးအတူတူပင်။


"ငါ့အထင်လည်းဓာတ်မီးနဲ့ဆိုင်တာတစ်ခုခုပဲ ဖြစ်မယ်"


"ငါ့စွမ်းရည်ကိုသိချင်တာလား" 


ကလေးမလေးကသူ၏မျက်နှာမှ မျက်ရည်များကိုပွတ်သုတ်လိုက်သည်။ သူမ၏လက်သည်းများမှာလက်ဖဝါးထဲသို့ဖောက်၀င်လုမတက် လက်သီးကိုတင်းတင်းဆုပ်ကာ


"ဟုတ်တယ်!ငါကခိုး၀င်သူပဲ၊ နင်တို့ငါ့ကိုပွေးကြီးဆီအပ်တော့မှာမလား။ ငါ့အမေလည်းသေပြီ၊ ငါ့အဖေလည်းသေပြီ၊ အခုငါလည်းသေရတော့မယ်ဆိုမှတော့

နင်တို့တွေလည်းမရှင်စေရဘူး"


မျက်တောင်တစ်ခတ်အတွင်းတွင် ကြီးမားသောမီးခြစ်ဆံကြီးတစ်ခုက သူမ၏လက်ထဲတွင် ပေါ်လာခဲ့သည်။


ကျောင်းသူလေးမှာကလေးမွေးထားတာ မကြာသေးတာကြောင့်လားမပြောတတ် စွမ်းရည်ကြောင့် သူမ၏ခန္ဓာကိုယ်မှာပိုပြီးဖွံ့ဖြိုးလာသင့်သည့်တိုင် 

မီးခြစ်ဆံကသာသူမကိုယ်တစ်၀က်လောက် ကြီးမားနေသည်။ ကျောင်းသူလေးသည် မီးကြီးဆံကြီးအား 

အားကုန်မြှောက်လျက် လူအုပ်ထံပြေး၀င်လာခဲ့သည်။ သူမ၏ပထမဆုံးပစ်မှတ်မှာ သူမအား ပွေးကြီးထံအပ်မည့်အကြောင်း ပြောနေခဲ့သော စားဖိုမှူးပင် ဖြစ်ချေသည်။


"နင့်ကိုသတ်မယ်။ ငါသေရရင်တောင် နင်လည်းမရှင်ရဘူး"


လူအုပ်မှာ ထိုမီးခြစ်ဆံကြီး၏အစွမ်းအစကိုမြင်ဖူး ထားပြီးဖြစ်သည်မို့ က​လေးမ​လေးက လေထုထဲမှ မီးခြစ်ဆံကို ဆွဲထုတ်လိုက်သည်နှင့် ကြောက်လန့်သွားကြသည်။ ထန်မော့ကိုယ်တိုင်တောင် အံ့အားသင့်စွာခဏမျှ ကြောင်နေခဲ့သည်။ 


ထိုမီးခြစ်ဆံမှာ မျက်နှာပြောင်လေး၏ မီးခြစ်ဆံနှင့် တပုံစံထဲပင်။ မျက်နှာပြောင်လေး၏မီးခြစ်ဆံသာမှန်ပါက ပွေးကြီးတောင်ခြေနှစ်လှမ်းခန့်ဆုတ်ရသော 

ထိုမီးခြစ်ဆံ၏အစွမ်းကို မည်သူမျှခံနိုင်မည်မဟုတ်။


စားဖိုမှူးမှာမူအချိန်အကြာကြီး မေ့မျောနေခဲ့သဖြင့် မီးခြစ်ဆံကြီး၏အစွမ်းကိုမသိလိုက်ပေ။ သူက သူ့ထံမီးခြစ်ဆံကြီးမြှောက်ပြီးပြေးလာသော က​လေးမ​လေးကို မြင်လျှင် ထိုမီးခြစ်ဆံလောက်က သူ့ကိုထိခိုက်အောင်မလုပ်နိုင်လောက်ဘူးဟု ယုံကြည်နေခဲ့သည်။ 


သူကကလေးမလေး၏၀မ်းဗိုက်ကို လက်သီးဖြင့် ထိုးရန်ပြင်လိုက်ချိန်တွင် သူ့၏လက်က ကျောင်းသူလေး၏အ၀တ်စကိုပင်မထိနိုင်ခင် မီးခြစ်ဆံကြီးက 

သူ၏ခေါင်းကိုပြင်းစွာရိုက်မိသွားခဲ့သည်။


ခွပ်


သူ၏ခေါင်းမှာဟက်တက်ကွဲလျက် သွေးများတမဟုတ်ချင်းပန်းထွက်လာခဲ့၏။


သို့သော်စားဖိုမှူးမှာချက်ချင်းတော့သေမသွားခဲ့ဘဲ အလွန်နာကျင်စွာညီးညူပြီးလဲကျသွားခဲ့သည်။

ကျောင်းသူလေးက မြေပြင်ပေါ်မှာစားဖိုမှူးအားကြည့်ကာ သူ့အားအဆုံးသတ်ရန် မီးခြစ်ဆံအားနောက်တစ်ကြိမ် မြှောက်လိုက်သည် သို့သော်..။ အနက်ရောင်အရိပ်တစ်ခုကလျှပ်စီးကဲ့သို့ လျှင်မြန်သောအရှိန်ဖြင့် သူမထံမှ မီးခြစ်ဆံကြီးအား လုယူသွားခဲ့သည်။


ပွေးကြီး၏ချွန်ထက်သောလက်သည်းတို့က မီးခြစ်ဆံကြီးအားဆုပ်ကိုင်လျက် သူ၏လေသံမှာစိတ်လှုပ်ရှားမှုတို့ကိုမဖုံးကွယ်နိုင်ပေ။


"မျက်နှာပြောင်လေးရဲ့မီးခြစ်ဆံလား အခုလေးတင်အရသာရှိတဲ့ကြက်ဆင်ကိုစားပြီးတာ အနက်ရောင်မျှော်စင် မင်းငါ့အပေါ်ဘာလို့ဒီလောက်ထိ 

ကောင်းရတာလဲကွာ မီးခြစ်ဆံနောက်တစ်ချောင်းတောင် ထပ်ပေး."


ခရက်...


သူ၏စကားပင်မဆုံးသေး သူစိတ်လှုပ်ရှားစွာဆုပ်ကိုင်ထားသော မီးခြစ်ဆံက အပိုင်းပိုင်းကျိုးလျက် မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။

ပွေးကြီးမှာဆွံ့အနေပြီး မြေပြင်ပေါ်မှ မီးခြစ်ဆံအကျိုးများကို ကြည့်နေခဲ့သည်။ မသိလျှင် ၂၀၀၀ခုနှစ်အစောပိုင်းမှ နိုင်ငံခြားကာတွန်းတစ်ခုကို purseခလုတ်နှိပ်ထားသလိုပင်။


"မဟုတ်ဘူး။ မျက်နှာပြောင်လေးရဲ့မီးခြစ်ဆံက ဒီလောက်အလွယ်တကူမကျိုးနိုင်ဘူး ဒါအတုကြီးပဲ

ငါ့ကိုလိမ်တယ်..."


ပွေးကြီး၏သွေးဆာနေသောမျက်လုံးနီနီတို့က ကျောင်းသူကလေးမလေးအားကြည့်လိုက်သည်။

ကျောင်းသူလေးမှာ အလွန်ဖြူဖျော့သွားပြီး နောက်သို့နှစ်လှမ်းခန့်ဆုတ်လိုက်မိသည်။


သို့သော်ပွေးကြီးသည်အလွန်စူးရှစွာအော်လိုက်ပြီး အလင်းကဲ့သို့်အလျင်ဖြင့် ကျောင်းသူလေး၏ခေါင်းကို ရိုက်ခွဲပစ်လိုက်ရာ ကလေးမလေး၏ဦးခေါင်းခွံမှာ တမဟုတ်ချင်း ကွဲကြေသွားကား သွေးနှင့်ဦးနှောက်ဖတ်များ လွင့်စင်ကျလာခဲ့သည်။


ထို့နောက်ပွေးကြီးက သူမ၏လက်များမှ ဆောင့်ဆွဲကာ သူ၏မျက်မှာကိုစတင်ကိုက်ဆွဲလိုက်သည်နှင့် မျက်နှာမှသွေးသံတရွှဲရွှဲ အသားဖတ်များကွာကျလာလေသည်။


"အား"


တက္ကသိုလ်ကျောင်းသူလင်းရှောင်မှာ ထိုမြင်ကွင်းကြောင့် အကြောက်လွန်ပြီးလဲကျသွားခဲ့၏။


မနီးမ၀ေးမှသွေးအိုင်ထဲတွင်လည်း စားဖိုမှူးမှမလှုပ်မယှက်လဲကျနေခဲ့သည်။


လီ၀မ်နှင့်လီပင်းမှာလည်းဆက်မကြည့်နိုင်သည်မို့ 

နောက်သို့ကပြာကယာလှည့်လိုက်ကြတော့သည်။


ထန်မော့သည်လည်း စက္ကန့်အနည်းငယ်ထက်တော့ပိုမကြည့်နိုင်တော့ပဲ သူလည်းကျောခိုင်းလိုက်ရသည်။

လော့ဖုန်းချန်းကမူ ကျောင်းသူကလေးမလေးအား စားသောက်နေသည့်ပွေးကြီးအား မျက်တောင်မခတ်ပဲ မလှုပ်မယှက်ကြည့်နေခဲ့သည်။ သူ၏မျက်မှောင်ကျုံ့လျက် တစ်ခုခုကိုစဉ်းစားနေပုံပင်။


ညှီစို့စို့သွေးညှီနံ့က လှိုဏ်ဂူတစ်ခုလုံးပျံ့နှံလျက်။

တကျွတ်ကျွတ်ဝါးသံနှင့် မြိုချသံများတိတ်ဆိတ်သွားသောအခါ ထန်မော့ကပြန်လှည့်၍ကြည့်လိုက်သည်။ အလွန်ကြီးမားသောသွေးအိုင်ကြီးထဲတွင် အသားစများကပ်နေသော အရိုးဖြူဖြူတို့ကနစ်မြုပ်လျက်။ ကလေးမလေး၏နံရိုးအချို့ကိုမူ ပွေးကြီးကချိုးယူပြီး သွားကြားထိုးလိုက်သည်။ ၄င်း၏သွားကြားထဲမှ ညှီစို့စို့အသားဖတ်တစ်ခုအားဆွဲထုတ်လိုက်ချိန်တွင် လင်းရှောင်၊လီ၀မ်နှင့်လီပင်းတို့မှာ မခံစားနိုင်တော့ပဲ ထောင့်သို့ပြေးကာ ထိုးအန်ကြတော့သည်။


ထန်မော့သည်လည်းလှိုက်တက်လာသော အန်ချင်စိတ်ကို ထိန်းချုပ်လျက် သွေးအိုင်ထဲတွင်လဲနေသော စားဖိုမှူးထဲလျှောက်သွားပြီးစစ်ဆေးကြည့်လိုက်သည်။ အတော်ကြာတိတ်ဆိတ်နေပြီးမှသူပြောလိုက်သည်။


"သေပြီ"


လူသုံးယောက်၏အမူအယာမှာပြောင်းလဲသွားကြသည်။


စာဖိုးမှူးမှာကလေးမလေးလက်ချက်ကြောင့် အသက်ထွက်သွားမည်ဟုမထင်ထားပေ။


ပွေးကြီးကမူအခုထိမကျေနပ်သေးပုံဖြင့်


"အတုဆိုတဲ့အတိုင်းပဲ အရည်အသွေးတစက်မှမရှိဘူး၊ တကယ့်မျက်နှာပြောင်လေးရဲ့မီးခြစ်ဆံသာဆို 

ပထမတစ်ချက်ကတည်းက အဲကောင်အသက်ပျောက်နေလောက်ပြီ။ ဒီငလိမ်မက တကယ့်မီးခြစ်ဆံရဲ့၂၀%လောက်ပဲ ပုံတူကူးနိုင်တာလေ၊ 

ဒါပေမယ့်သူ့စွမ်းရည်ကဆိုးတော့မဆိုးပါဘူး။

၂၄နာရီအတွင်းမြငိမြင်သမျှဘယ်ဟာကိုမဆို

ပုံတူကူးလို့ရပြီးဒီစွမ်းရည်ကိုတစ်နေ့မှာနှစ်ကြိမ်လောက်သုံးလို့ရတယ်၊ ဒါပေမယ့်သူ့စွမ်းရည်အဆင့်ကအရမ်းစုတ်နေမယ်လို့ ဘယ်သူထင်ထားမှာလဲ

မျက်နှာပြောင်လေးရဲ့ မီးခြစ်ဆံကိုသူပုံတူမကူးနိုင်ဘူး"


ထန်မော့ကမေးလိုက်သည်။


"ခင်ဗျားကသူ့စွမ်းရည်ကိုသိတယ်ပေါ့"


ပွေးကြီးကရှင်းပြလာသည်။


"ငါ့သူ့ကိုစားလိုက်တော့ အနက်ရောင်မျှော်စင်က 

သူ့စွမ်းရည်အကြောင်းပြောပြတယ်လေ။ ဒီအသုံးမကျတဲ့ခိုး၀င်သူကွာ။ သူသာတကယ်မျက်နှာပြောင်လေးရဲ့ မီးခြစ်ဆံကိုပုံတူကူးနိုင်ရင် ငါသူ့ကိုမစားပဲထားမလို့ပဲ၊ အဲဒီအစားမီးခြစ်ဆံတစ်နေ့တစ်ချောင်းစီပုံတူ ကူးခိုင်းမှာ"


လော့ဖုန်းချန်းကနားလည်သွားပုံဖြင့်


"မထူးဆန်းတော့ပါဘူး။ ဒီကိုရောက်ရောက်လာချင်းသူ့လက် ထဲမှာဓာတ်မီးကိုင်ထားတာကလည်း ဒီမှာအရမ်းမှောင်နေတော့ ၂၄နာရီးအတွင်းမြင်ဖူးထားတဲ့ ဓာတ်မီးကို ပုံတူကူးလိုက်တာဖြစ်မယ်"


ထန်မော့လည်းခေါင်းငြိမ့်လိုက်သည်။


ထန်မော့အစကတည်းက ထိုကလေးမလေးကိုမင်္သကာဖြစ်သည်။ သူတို့တွေနေ့အချိန့်ကြီးမှာ မျှော်စင်ဂိမ်းထဲဆွဲသွားခံလိုက်ကြရတာဖြစ်သည်။


ဘယ်သူက နေ့အချိန်ကြီးလက်ထဲမှာ ဓာတ်မီးကိုင်ပြီး ဂိမ်းထဲ၀င်လာနိုင်မှာလဲ...


ပြီးတော့ ပြုတ်ကျလာသည့်တလျှောက်လုံး ထန်မော့ကိုယ်တိုင်တောင် အလွန်မူး​ဝေနေခဲ့တာဖြစ်သည်။ 


ထိုက​လေးမ​လေးက တလျှောက်လုံး ဓာတ်မီးကိုမလွတ်တမ်းဆုပ်ထားနိုင်ခဲ့တယ်ပေါ့...


အဓိပ္ပာယ်မရှိတာ...


"တင်းတောင်~~ဒုတိယမြောက်အရံမစ်ရှင်ခွဲလေး

'သောက်ကျိုးနဲခိုး၀င်သူကိုရှာစမ်း' အောင်မြင်စွာ ပြီးမြောက်သွားပါပြီ"


ထန်မော့ကထိုကြေညာနေသောကလေးအသံမှာ အလွန်ကျေနပ်နေသည်ဟုခံစားလိုက်ရသည်။


ဘာလို့လဲ ခိုး၀င်သူသေသွားလို့လား


ထန်မော့ကို ဂိမ်းကိုနိုင်သွားလို့မပျော်ပေ။ သူကမြေပြင်ပေါ်မှာသွေးကွက်ကြီး နှစ်ကွက်ကိုတည်ငြိမ်စွာကြည့်လိုက်သည်။ သွေးအိုင်ထဲမှာစားဖိုးမှူးမှာတောင့်တင်း၍နေချေပြီ။ က​လေးမ​လေးမှာမူ အရိုးတချို့သာကျန်ပြီး နံရိုးများကိုမူ ပွေးကြီးကသွားကြားထိုးနေခဲ့သည်။


လီ၀မ်နှင့်လင်းရှောင်ကမူအခုထိကိုအန်နေကြဆဲ။


ထန်မော့ကပွေးကြီးအားမော့ကြည့်လိုက်ကာ။


"ခင်ဗျားကမီးခြစ်ဆံအကြောင်းကိုဒီလောက်တောင် ပြောလှတာ၊ အဲဒါကအဲလောက်တောင်စွမ်းတယ်ပေါ့"


ပွေးကြီးကသွေးစများကပ်နေသော သွားများကိုဖြဲလျက်ပြုံးပြလိုက်ကာ


"အဲဒါကသံမဏိလိုမာတယ်လေ၊ ပိုအရေးကြီးတာက အရသာအရှိဆုံးကြက်ကင်ကိုကင်လို့ရတယ်.. အင်း.."


ကြက်ဆင်တစ်ကောင်လုံးနှင့်ခိုး၀င်သူတစ်ယောက်ကို စားပြီးသည့်နောက် ပွေးကြီးမှာသဘာ၀ကျစွာအလွန်စိတ်ကြည်နေပုံပင်၊


"ဟုတ်သားပဲ။ ငါမင်းရဲ့မီးခြစ်ဆံနဲ့ကြက်ဆင်ကင်လိုက်ရလို့ စိတ်မကောင်းပါဘူး၊ ငါမင်းကိုကြက်ဆင်ဥတစ်ဥပြန်ပေးမယ်"


ပွေးကြီးကမြေပြင်ကိုစ၍တူးလိုက်ပြီး နှစ်တွင်းသုံးတွင်းခန့်တူးပြီးသည်တွင် မရေတွက်နိုင်သော 

ဥဖြူဖြူများပေါ်လာခဲ့သည်။


"မင်းတို့ကောင်တွေကကြက်ဆင်တော့ မစားနိုင်ပေမယ့် ကြက်ဆင်ဥကတော့အရသာရှိပါတယ်၊ ငါကသိပ်တော့မရက်ရောဘူး.. ဒါပေမယ့် "


ပွေးကြီးကထောင်ပေါင်းများစွာသော ဥများထဲမှ 

သာမာန်အဖြစ်ဆုံးဥဖြူဖြူတစ်လုံးကိုထန်မော့အား ကမ်းပေးလိုက်သည်။


"ရော့..ဒီဥကိုစားလိုက် တစ်လုံးပဲပေးလို့ကပ်စီးနဲတယ် မထင်နဲ့၊ မြေအောက်နိုင်ငံမှာ ဒီဦးပွေးကြီးက သဘောအကောင်းဆုံးနဲ့ချစ်စရာအကောင်းဆုံးပဲ 

သိထား"


ထန်မော့."..."


"တင်းတောင်~~မစ်ရှင်ပြီးမြောက်မှုဆု : ကြက်ဆင်ဥကြီး ကို လက်ခံရရှိလိုက်ပါပြီ"


ထန်မော့ကဥကိုလက်ခံလိုက်ပြီးနောက် ပွေးကြီး၏အမွှေးများမှာပို၍တောက်ပြောင်လာပြီး အကောင်လည်းပိုကြီးသွားသည်ကို သတိထားလိုက်မိသည်။ ခိုး၀င်သူတစ်ယောက်ကိုစားရတာ ဒီလောက်အကျိုးရှိတယ်ပေါ့


ထိုစဥ် ပွေးကြီး၏ခေါင်းနားတွင် ထူးဆန်း​သောအနက်ရောင်မြူထုငယ်က ၀န်းရံနေသလိုမြင်လိုက်ရသော်လည်း ၄င်းမှာချက်ချင်းပျောက်ကွယ်သွားခဲ့သည်။


သူအမြင်မှားတာလား...


လီ၀မ်ကမူအရဲစွန့်လျက်


"ငါတို့ကမင်းဖို့ကြက်ဆင်မကင်ပေးခဲ့ပေမယ့် ခိုး၀င်သူကိုတော့ကူရှာပေးခဲ့တယ်လေ၊ ငါတို့အတွက်ရောဆုလေးဘာလေးမရှိဘူးလား"


ပွေးကြီးကအလွန်ကလိမ်ကကျစ်အပြုံးကြီးကပြုံးလျက် လီ၀မ်အားလှည့်ကြည့်လိုက်သည်။


"ရှိတာပေါ့ ပေးရမှာပေါ့"


ထို့နောက် ပွေးကြီး၏၄င်း၏ခန္ဓာကိုယ်ကိုတွန့်လိမ်လျက် ဖင်ကိုမိုးပေါ်ထောင်လိုက်ပြီး အလွန်ကျယ်လောင်စွာ အီးပေါက်လိုက်လေသည်။


"ဆုက ငါ့အီးနံ့ပဲ ရှူကြ"


လူအုပ်"..."


မဆီမဆိုင်အီးနံ့ရှူလိုက်ရသောထန်မော့"..."


🪩