Chapter 196
Viewers 30k

🌱Arc 5 -End  [ဖျော်ဖြေရေးနယ်ပယ်တွင် လယ်စိုက်ခြင်း ]


Ch 196

ဇာတ်သိမ်း (၂)



အတန်းဖော်က ပြောလိုက်သည်။

“ငါ့အထင်တော့ အဲဒါက ပြဿနာ မဟုတ်ပါဘူး နောက်ပိုင်းကျရင် ငါက ပရောဂျက်အကြီးကြီးတစ်ခုမှာ ပါရတော့မှာ… မင်းသာ ပါလာရင် မင်းကို ကူညီပြီး ထောက်ပံ့ရေးအဖွဲ့အစည်းတစ်ခုလုံးရဲ့ အစားအသောက်အတွက် ပြင်ဆင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်… ပြီးတော့ အနည်းဆုံးဂြိုဟ်တစ်ခုမှာ စိုက်ပျိုးရေး လုပ်နိုင်မှာလေ… မင်းသာ ဒေါင်လိုက်စိုက်ပျိုးရေးကိုသုံးရင် အဲဒီ စိုက်ပျိုးမြေ ဧရိယာကို အဆတစ်ရာထက်မနည်း ထပ်ချဲ့လို့ ရသေးတယ်… ငါ့အထင်တော့ မင်းအနေနဲ့ ဒီပရောဂျက်ကို ကိုင်တွယ်နိုင်မယ် ထင်တာပဲ… ကျန်တဲ့ အခြေအနေတွေအတွက်ကတော့ ထပ်ပြောနေစရာတောင် မလိုဘူး ဒီပရောဂျက်က I ဂြိုဟ်ရဲ့ စစ်တပ်နဲ့ ပူးပေါင်းပြီး လုပ်တာလို့ ပြောလိုက်ရင်တောင် မင်း သဘောပေါက်ပါတယ် ...”


သူက အချက်အလက်များ ထည့်ထားသည့် ကိရိယာတစ်ခုကို ထုတ်ကာ စွေ့ချီချောင်း၏ အရှေ့သို့ ပို့ပေးလိုက်သည်။ 


“ဒါက R&D အဖွဲ့ရဲ့ ဦးတည်ချက်ပဲ မင်းလည်း ဒီအကြောင်းကို အမြဲတမ်း စိတ်ဝင်စားနေခဲ့တာ မဟုတ်လား  ဒါက ပြောင်းလဲနိုင်စွမ်း မြင့်မားတဲ့ လက်နက်တွေရဲ့ အနာဂတ်ပဲ ...”


စွေ့ချီချောင်းက ထိုအချကါအလက်များကို ဖွင့်မကြည့်ဘဲ မနေနိုင်ပေ။ ထို့နောက်တွင်မူ အချိန်များစွာ ကြာမြင့်သည်အထိ စကားသံ ထွက်မလာနိုင်တော့ချေ။ 


အတန်းဖော်က ပြောလိုက်သည်။ 

“ငါ မင်းရဲ့ အစီအစဉ်တွေကို တွေ့ပြီးပြီ… အဲဒီပရိုဂရမ်တွေမှာ သရုပ်ဆောင်တယ်ဆိုတာ ဒီတိုင်း အပျော်တမ်း လုပ်နေတာပဲ မဟုတ်လား… မင်းက ဘာ သရုပ်ဆောင်သင်တန်းမှတောင် မတက်ခဲ့ဖူးဘူးလေ ဘယ်လိုလဲ ငါနဲ့ ပူးပေါင်းချင်ရဲ့လား ...”


တခဏမျှ ကြာပြီးနောက် စွေ့ချီချောင်းထံမှ စကားသံ ထွက်လာသည်။ 

“ကျေးဇူးပဲ ငါ့ကို စဉ်းစားဖို့ အချိန်နည်းနည်းလောက် ပေးပါဦး ...”


“သေချာတာပေါ့ စားရအောင် စားရအောင် ...”

အတန်းဖော်က အလေးအနက် ဖြစ်နေသည့် အမူအယာကို ချက်ချင်း ဖယ်ချလိုက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ 


သို့သော် ကျန်းထန်ဝေ့မှာမူ အစားစားချင်စိတ် မရှိတော့ပေ။ သူက စွေ့ချီချောင်း၏ စကားများကိုသာ အပြန်ပြန်အလှန်လှန် တွေးနေမိခဲ့ကာ ဝင်ပြောလိုသည့် စကားများစွာ ရှိနေသည့်တိုင် ထုတ်ပြော၍ မရသည့်အတွက် အောင့်အည်းသည်းခံနေရုံသာ ရှိတော့သည်။ 


စားသောက်ပြီးသည့်နောက် စွေ့ချီချောင်းက သူ့အတန်းဖော်ကို နှုတ်ဆက်ကာ ထိုလူ ဟိုတယ်မှ ပြန်ထွက်သွားသည်ကို ကြည့်နေလိုက်သည်။ 


“လမ်းလျှောက်ကြရအောင် ...”

သူက အလျင်စလို ပြန်မသွားလိုသည့်အတွက် ကျန်းထန်ဝေ့ကို ဤသို့ ပြောလိုက်သည်။ 


ဟိုတယ်တွင် ပြင်ပလှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ရန် ထွင်းဖောက်မြင်ရသည့် မှန်များဖြင့် ကာရံထားသော ဧရိယာတစ်ခု သီးသန့်ရှိနေသည့်အပြင် နှင်းနှင့် ရေခဲများကို နီးနီးကပ်ကပ် မြင်တွေ့နိုင်ရန်အတွက် လိုအပ်သည့် နှင်းကာအင်္ကျီများကိုလည်း ငှားရမ်းနိုင်ပေသည်။ သို့သော် ဟိုတယ် တည်ရှိရာ နေရာမှာ အနည်းငယ် အန္တရာယ်များသည်ဟု သတ်မှတ်၍ ရသည့်အတွက် လုပ်ဆောင်နိုင်သည့် လှုပ်ရှားမှု အရေအတွက်မှာမူ အကန့်အသတ် ရှိနေပေသည်။ 


အပြင်ဘက် ကော်ရစ်ဒါသို့ ရောက်သည်နှင့်တပြိုင်နက် ကျန်းထန်ဝေ့က ချက်ချင်း ထုတ်မေးလိုက်တော့သည်။ 


“အဲဒီလို ပရောဂျက်မျိုးကို သဘောတူလိုက်ရင် အဲဒီ့ဂြိုဟ်ကနေ အနည်းဆုံးတစ်နှစ်လောက်  ထွက်သွားခွင့် မရလောက်တော့ဘူးနော် ...”


စွေ့ချီချောင်းက အပြင်ဘက်ရှိ နှင်းများကို ငေးကြည့်နေရင်း ပြောလိုက်သည်။ 

“အင်း... အဲဒီ့ဂြိုဟ်က တော်တော်လေး တင်းကြပ်တယ်လို့ ပြောလို့ရတယ်… ခွင့်ယူဖို့အတွက် ကန့်သတ်ထားတာတွေလည်း အများကြီးပဲ… ပြီးတော့ ဝန်ထမ်းတွေကိုလည်း အကုန် စောင့်ကြည့်နေတာ… အဲဒီဂြိုဟ်မှာ လုပ်မယ့် ပရောဂျက်တွေက များသောအားဖြင့် တော်တော်လေး လုံခြုံရေး တင်းကြပ်တယ်ဆိုပေမယ့် ကိရိယာနဲ့ ဝန်ထမ်းတွေကတော့ ထိပ်သီးအဆင့်ပဲ ...”


ကျန်းထန်ဝေ့က သူ့ကို ခွေးပေါက်လေးကဲ့သို့မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ 


စွေ့ချီချောင်းက အနောက်သို့ ပြန်လှည့်လိုက်သည်နှင့်တပြိုင်နက် ထိုအကြည့်များကို သတိပြုမိသွားခဲ့သည်။ 

“ဘာပြောချင်တာ ရှိလို့လဲ ပြောလေ ...”


သူက ငါးစက္ကန့်ခန့် စောင့်ဆိုင်းလိုက်သော်ငြား ကျန်းထန်ဝေ့ထံမှ စကားသံ ထွက်မလာပေ။ ထို့ကြောင့် သူကပင် ဆက်မေးလိုက်တော့သည်။ 

“ငါ့ကို နားချချင်လို့လား ...”


ကျန်းထန်ဝေ့က ရက်ရက်စက်စက် ငြင်းဆန်လိုက်သည်။ 

“မဟုတ်ပါဘူး မင်းသာ တကယ် သွားချင်ရင် ရှောင်ရှောင်ပိုင်ကို ကျွန်တော် ဂရုစိုက်ထားပေးမယ်လို့ ပြောမလို့ ...”


စွေ့ချီချောင်း: “...”


ကျန်းထန်ဝေ့က မသိမသာ နီရဲနေသည့် မျက်ဝန်းများဖြင့် ကောင်းကင်ကို မော့ကြည့်ကာ တီးတိုးပြောလိုက်သည်။ 

“ဘာဖြစ်လို့လဲ ကျွန်တော်လည်း မင်းကို တခြားစစ်သားတွေရဲ့ ဇနီးတွေလိုပဲ စောင့်ပေးနိုင်ပါတယ်… မင်းရဲ့ အိပ်မက်နောက်ကို လိုက်ဖို့အတွက် ထောက်ပံ့ပေးမယ်လေ တစ်ယောက်ကို တစ်ယောက် အကူအညီ ပေးကြမယ်… ပြီးတော့ မင်းရဲ့ အိပ်မက်နောက်ကို မလိုက်ခင် အရင်ဆုံး ကျွန်တော့်အိပ်မက်ကို ဖြည့်ဆည်းပေး ...”


စွေ့ချီချောင်း: “...”


ကျန်းထန်ဝေ့က သူ့ကို ပွေ့ဖက်လိုသည့်ဟန်ဖြင့် ရှေ့သို့ တစ်လှမ်းတိုးလာခဲ့သည်။ 


စွေ့ချီချောင်းက သူ့ခေါင်းကို အသာတွန်းလိုက်၏။ 

“ပေါက်ကရတွေ ...”


ကျန်းထန်ဝေ့မှာလည်း အလွန်အမင်း မကျေမနပ် ဖြစ်နေရပေသည်။ သူ့ကို စိတ်သဘောထား ကျဉ်းမြောင်းသူဟု အထင်မခံလိုသည့်အတွက် သူခံစားနေရသည်များ၏ အချို့အဝက်ခန့်ကိုသာ မကျေမနပ် ဖွင့်ဟလာခြင်း ဖြစ်သည့်တိုင် ဤသည်မှာ သူ အမှန်တကယ် ခံစားနေရသည့် ခံစားချက်အားလုံးဟုတော့ မဆိုလိုပေ။ 


“ကောင်းပြီ အရင်ဆုံး ပြန်ကြရအောင် ဒါက ကမ်းလှမ်းတာလေးပဲ ရှိသေးတယ်လေ… ပြီးတော့ ငါ့လို ပြစ်မှုမှတ်တမ်း ရှိတဲ့သူကို မလိုချင်လောက်ပါဘူး… ငါ့ဘက်က ဆန္ဒရှိရင်တောင် သူတို့တွေက ငါ့ကို အလုပ်ခန့်ချင်ကြမှာ မဟုတ်ဘူး ...”

သူက ထိုသို့ပြောကာ ဟိုတယ်ထဲသို့ ပြန်ဝင်သွားလိုက်သည်။ 


လမ်းတစ်ဝက်သို့ ရောက်ကာမှ ကျန်းထန်ဝေ့ သူ့နောက်သို့ လိုက်မလာကြောင်း သိလိုက်ရသည့်အတွက် နားမလည်နိုင်ဟန်ဖြင့် ပြန်လှည့်ကြည့်လိုက်သည်။ 


ကျန်းထန်ဝေ့က ပြောလိုက်၏။

“မင်းမှာ ပြစ်မှုမှတ်တမ်း ရှိတယ်လား .. လက်နက်တွေ လုပ်ခဲ့လို့ ရှိတာလား ...”


သူ မြင်ခဲ့သည့် ဗီဒီယိုကို ပြန်စဉ်းစားကာ မေးလိုက်ခြင်း ဖြစ်သည်။ 


စွေ့ချီချောင်း၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားကာ အတင်းအကြပ် လုပ်ယူထားသည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာတော့သည်။ 

“သေချာပေါက်ကို မဟုတ်ဘူးပေါ့ အဲဒီ့အချိန်တုန်းက ငါက တော်တော်လေး အရည်အချင်း ရှိခဲ့တာလေ… ပြစ်မှုကျူးလွန်တုန်းက ကျောင်းသားဘဝပဲ ရှိသေးတယ် ...”


ကျန်းထန်ဝေ့က အံ့ဩတကြီး ရေရွတ်လိုက်သည်။ 

“ဘာလို့လဲ ဘယ်တုန်းကလဲ ဘာလုပ်ခဲ့တာလဲ တကယ်ကြီး အဖမ်းခံခဲ့ရတာပေါ့ ...”


ဒါက တကယ်ကို ထင်မထားမိစရာကြီးပဲ ...


သို့သော် အကြိမ်အနည်းငယ်ခန့် စဉ်းစားပြီးသည့်နောက် စွေ့ချီချောင်းက ၎င်းမှာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိလာတော့သည်။ စွေ့ချီချောင်းသည်လည်း ဘဝသက်တမ်းတစ်လျှောက် ပြီးပြည့်စုံစွာဖြင့် ကြီးပြင်းလာရန် မဖြစ်နိုင်ပေ။ 


ထိုကိစ္စက သူ၏ အာရုံအလုံးစုံကို ဆွဲခေါ်သွားသည့်အတွက် အပေါက်ဝသို့ ရောက်သည်အထိ တတွတ်တွတ် မေးမြန်းနေတော့သည်။ ထို့နောက် ရုတ်တရက် စိတ်အေးသွားဟန်ဖြင့် ပြောလိုက်ပြန်၏။ 

“တကယ် တကယ်တမ်းတော့ မင်းကို လက်လွှတ်လိုက်ရဖို့ တွန့်ဆုတ်နေမိတုန်းပဲ ဒါပေမယ့် မင်းရဲ့ ရွေးချယ်မှုကို လေးစားပေးမှာပါ… ဒါက မင်း လုပ်ချင်တဲ့ဟာ ဆိုရင်ပေါ့ ...”


စွေ့ချီချောင်းက သူ့ကို တခဏမျှ စိုက်ကြည့်ကာ ရင်ခွင်ထဲ ဆွဲဖက်လိုက်တော့သည်။ 


“မစ္စတာစွေ့နဲ့ ရှောင်ကျန်း ...”

လင်းလင်း၏ အသံကို ရုတ်တရက် ကြားလိုက်ကြရသည်။ 


ဖာ့ခ် ...

ကျန်းထန်ဝေ့က တိတ်တခိုး ကျိန်ဆဲလိုက်ကာ လက်ကို လွှတ်၍ သူမကို မည်းမှောင်နေသည့် မျက်နှာဖြင့် စိုက်ကြည့်လိုက်သည်။ 


လင်းလင်းကလည်း သူတို့ကို မှုန်မှိုင်းနေသည့် မျက်နှာဖြင့် ကြည့်နေခဲ့သည်။ 

“မနေ့က ရှင်တို့ကို အဆောက်အဦးရဲ့ သိုလှောင်ရေးဌာန ပျက်နေတယ်လို့ ပြောခဲ့မိတယ် ထင်တာပဲ… အဲဒါကြောင့် ရှင်တို့ရဲ့ ပစ္စည်းတွေအားလုံး ဧည့်ခန်းထဲမှာ ရောက်နေပြီ… ကျွန်မလည်း ပစ္စည်းလာယူတာလေ ရှင်တို့ပစ္စည်းတွေလည်း ရောက်နေပြီဆိုတော့ အပေါ်မတက်ခင် တစ်ခါတည်း ဝင်ယူသွားလိုက်ကြပါဦူ ...”


ကျန်းထန်ဝေ့: “...”’


စွေ့ချီချောင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ 

“ကောင်းပါပြီ ကျေးဇူးတင်ပါတယ် ...”


ထို့နောက် သူက ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။ 


ကျန်းထန်ဝေ့မှာ ထိုနေရာတွင်ပင် ဆက်ပြီး ရပ်မိနေဆဲပင်။ သူ့တစ်ကိုယ်လုံးလည်း ချမ်းစိမ့်စိမ့် ဖြစ်လာတော့၏။ များသောအားဖြင့် ပစ္စည်းမှာယူရာ၌ အိမ်တိုင်ရာရောက် လိုက်ပို့သည့် ဝန်ဆောင်မှုမျိုး တစ်ပါတည်း ပါရှိကြပြီး ဖြစ်ပေသည်။ ထို့အပြင် ထိုပစ္စည်းများမှာ လက်ဆောင်လည်း မဟုတ်ရာ ၎င်းတို့ကို ခန်းမထဲ၌ ပုံထားသည်ဟု သိလိုက်ရသည့်အခါ...


သူက လင်းလင်းကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည့်အခါ တစ်ဖက်သူ၏ မျက်ဝန်းထဲ၌ နားလည်ရခက်သည့် အရိပ်အယောင်တို့ကို တွေ့လိုက်ရတော့သည်။ 


လင်းလင်း: ငါလူးမ....မင်းမေ... ပြောတော့ကျ လိင်စိတ်ချို့ယွင်းမှုကို ကုသဖို့ ခွင့်လိုချင်လို့ပါဆို... ယောကျ်ားတွေကတော့ တကယ်ကို ဆန်ကုန်မြေလေးကောင်တွေပဲ ...


......


ကျန်းထန်ဝေ့ ခန်းမထဲသို့ ဝင်သွားလိုက်သည့်အခါ စွေ့ချီချောင်းက သူ ဝယ်ထားသည့် ပစ္စည်းများကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။ 


သူ ရောက်လာသည်ကို သတိပြုမိလိုက်သည်နှင့်တစ်ပြိုင်နက် စွေ့ချီချောင်းက သူ့ကို တဖြည်းဖြည်း မော့ကြည့်လာ၏။ 


ကျန်းထန်ဝေ့:  “...”


ကျန်းထန်ဝေ့:  “အိုး ... မင်းရဲ့ ဆေးစစ်ချက်ကို အစောပိုင်းကတည်းက တွေ့ထားတာလေ အဲဒါကြောင့် ဖြစ်လာနိုင်ချေ ရှိတာတွေ အားလုံးအတွက် ပြင်ဆင်ထားချင်လို့ ...”


ယခုမူ ပြောစရာစကား ကင်းမဲ့ရမည့်လူမှာ စွေ့ချီချောင်း၏အလှည့် ဖြစ်သွားတော့သည်။ မှာယူထားသည့် ပစ္စည်းအပုံလိုက်ကြီးကို ကိုင်ထားရင်း သူက ကူကယ်ရာမဲ့စွာဖြင့် အကြာကြီး ပြုံးနေမိခဲ့၏။ 


ကျန်းထန်ဝေ့က အလွန် သနားစဖွယ်ကောင်းလေဟန်မျိုး ဟန်ဆောင်လိုက်ပြန်သည်။ 

“ဒီည မင်းရဲ့ အခန်းထဲမှာ အိပ်လို့ ရမလား ကြမ်းပေါ်ပဲ အိပ်ရမယ်ဆိုလည်း ရပါတယ် ဘာပဲဖြစ်ဖြစ် အကျင့်ဖြစ်နေပြီပဲဟာကို ...”


စွေ့ချီချောင်းက ထိုကိစ္စနှင့် စပ်လျဉ်း၍ ကြိမ်ဖန်များစွာ တစ်ကိုယ်တည်း စဉ်းစားခဲ့ဖူးပေသည်။ နောက်ဆုံးတွင်တော့ သူက စိတ်တည်ငြိမ်အောင်ထားကာ ရှောင်ပိုင်နှင့် သူကိုယ်တိုင်ကို အခွင့်အရေးပေးရန် ဆုံးဖြတ်လိုက်တော့သည်။


သူ့မိဘများနှင့် ယခင်က မွေးခဲ့ဖူးသော ကြောင်အိုကြီး မရှိတော့သည့်အချိန်မှစ၍ မည်သူ၊ မည်သည့်တိရိစ္ဆာန်ကိုမှ သူ့ဘဝထဲသို့ ဝင်ခွင့်မပြုခဲ့တော့ချေ။ ကြောင်တစ်ကောင် အနေဖြင့် ဖြစ်စေ လူတစ်ယောက် အနေဖြင့် ဖြစ်စေ ရှောင်ပိုင်က ငယ်ရွယ်ကာ ကရော်ကမည်နိုင်လှသည့်တိုင် စွေ့ချီချောင်း၏ အကာအရံများကို လျော့ချရန်လည်း တတ်စွမ်းခဲ့သည်။ 


ထို့အပြင် ထိုကြောင်ပေါက်လေးက အလွန်လည်း အလုပ်ကြိုးစားလှရာ ...


“ထားလိုက်တော့ ဝယ်ပြီးပြီ ဆိုမှတော့ အလဟဿ ဖြုန်းတီးမပစ်နဲ့တော့လေ… ပြီးတော့ ဆေးစစ်ချက်ထဲမှာ ငါ့ကို လိင်ကိစ္စ လုပ်လို့ရတယ်လို့ ပြောထားသားပဲ ...”

သူက ပြောလိုက်သည်။ 


အလွန်လေးနက်လှသည့် လေသံကြောင့် ကျန်းထန်ဝေ့မှာ ချက်ခြင်း မတုံ့ပြန်နိုင်တော့ချေ။ 


အချိန်အနည်းငယ် ကြာကာမှ အသံများ တုန်ရီစွာဖြင့် မေးလိုက်သည်။ 

“စ ... စနေတာတော့ မဟုတ်ပါဘူးနော် ...”


စွေ့ချီချောင်းက အနားနားသို့ တိုးလာကာ တီးတိုး ပြောလိုက်သည်။ 

“တောင်းပန်ပါတယ် မင်းအပေါ် အရမ်းတင်းကြပ်မိသွားခဲ့တယ်... အိပ်ယာပေါ်မှာတော့ စိတ်ကို ထိန်းချုပ်မထားလောက်ဘူးမလား ...”


ထို့နောက် ဆယ်စက္ကန့်ခန့်အကြာတွင်မူ ကျန်းထန်ဝေ့က သူ့ကိုယ်သူ ရူးသွားတော့လေမလားဟုပင် ခံစားမိလာတော့၏။ 


....


စွေ့ချီချောင်းက သာမွေးကော်ဇော်ရှည်ပေါ်တွင် လှဲလျောင်းနေကာ သူ့ဗိုက်ပေါ်တွင် ရှောင်ရှောင်ပိုင်က ကွေးထိုင်ရင်း နေပူစာလှုံနေ၏။ 


ကျန်းထန်ဝေ့ကအနားသို့ ရောက်လာကာ သူ့ဗိုက်ပေါ် ခေါင်းတင်၍ ရှောင်ရှောင်ပိုင်ကို အဝေးသို့ မောင်းထုတ်လိုက်တော့သည်။ 


စွေ့ချီချောင်းက သူ့ခေါင်းကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။ 

“မင်း သတင်းထဲ ပါလာတယ် ...”


ကျန်းထန်ဝေ့က တမဟုတ်ချင်း ကျေနပ်ပီတိ ဖြစ်သွား၏။ 

“တကယ်လား ...”


“တိတိကျကျ ပြောရရင် သတင်းထဲမှာ ငါနဲ့အတူ ပါလာတာ ...”


ကျန်းထန်ဝေ့က ချက်ခြင်း ပြောလိုက်သည်။  

“ဒီသတင်းထောက်တွေက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတာပဲ ဟားဟားဟား… ကျွန်တော်တို့ အတူတူ ရှိကာစပဲ ရှိသေးတယ် တိတ်တိတ်လေး ဓာတ်ပုံခိုးရိုက်ခံလိုက်ရပြီ…"


တကယ်တော့ ကောင်းကင်ဘုံက ကိုယ့်အားကိုယ်ကိုးတဲ့လူတွေကိုပဲ ကူညီတာ အားစိုက်ထုတ်မှုတွေက အလကား ဖြစ်မသွားဘူးပဲ… ငါနဲ့ စွေ့ချီချောင်း အသီးအရွက် ကိုင်ထားတဲ့ ပုံတွေ ချစ်ကြည်နူး အကြည်ဆိုက်နေတဲ့ ပုံတွေကို ဝဘ်ဆိုဒ်တွေမှာ တိတ်တိတ်လေး ပို့ထားရတာ အလကား  မဖြစ်သွားဘူး… တကယ် လုံးဝကို ဆေးမမီတော့ဘူး… ငါတို့ရဲ့ ဆက်ဆံရေးအကြောင်းကို ဖွင့်ချဖို့ မစောင့်နိုင်တော့ဘူးလို့ ဒီ အားထုတ်မှု မရှိ၊ အာရုံခံစားမှု မရှိတဲ့ သတင်းထောက်တွေ ငါတို့အကြောင်း ဖွင့်ချလာမှာကို စောင့်နေရတာ ဘယ်လောက်တောင် ကြာနေပြီလဲရော သိကြရဲ့လား ...


“ မင်းကတော့လေ ...”


ကျန်းထန်ဝေ့က ထိုစကားကို မကြားချင်ယောင်ဆောင်ထားလိုက်၏။ 

“ကြည့်ရအောင် သတင်းက ဘာတွေ ရေးထားလဲလို့ ...”


သူက စွေ့ချီချောင်း၏ လက်ထဲမှ စက်ကိုယူကာ သတင်းခေါင်းစီးကို ကြည့်လိုက်သည်။ 

{ လဝက်ခန့် ပျောက်နေခဲ့တဲ့ စွေ့ချီချောင်းဟာ တကယ်တမ်းတော့ သူ့ဝန်ထမ်းနဲ့အတူ အပင်အသစ်တွေ စိုက်ပျိုးနိုင်ဖို့ အလုပ်လုပ်နေတာလို့ ခန့်မှန်းရပါတယ် ရလဒ်တွေကတော့ အတော်လေး ဝမ်းသာစရာကောင်းမယ့် ပုံပဲ သူက ဝန်ထမ်းကိုတောင် ဖက်ထားတာ ဆိုတော့လေ }


ကျန်းထန်ဝေ့: “...”


သူက ပစ္စည်းများကို မြေပေါ်သို့ ပစ်ပေါက်ချလိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။ 


ဆိုးလိုက်တဲ့ သတင်း တကယ်ဆို ခေါင်းစဉ်က “ကျေနပ်လောက်စရာ ရလဒ် _ စွေ့ချီချောင်းက သူ့ရဲ့ သုတေသန လက်တွဲဖော်ကို အရမ်းကို ပြင်းပြင်းပြပြ ပွေ့ဖက်ထားတယ်” ဆိုတာမျိုး ဖြစ်ရမှာ မဟုတ်ဘူးလား ...


စွေ့ချီချောင်းက သူ့ကို စနောက်လိုနေသည့်ဟန်ပင်။ 

“ဒီဝဘ်ဆိုဒ်တွေကို ပုံပို့ခဲ့တဲ့လူက မင်းသာဆိုရင်တော့ အရမ်းကို သနားဖို့ ကောင်းသွားပြီနော် ...”


ကျန်းထန်ဝေ့: “...”


သူက ကော်ဇောပေါ်သို့ ပြန်လှဲချကာ သွေးတစ်လုတ်ခန့် အန်လိုစိတ်များ ဖြစ်ပေါ်လာပြီး ပြောလိုက်သည်။ 

“နှုတ်ထွက်ပြီ… အနုပညာလောကထဲမှာ အလုပ်လုပ်ရတာ ဘာမှ မကောင်းဘူး… ဘယ်သူမှ အလုပ်ကို အားတက်သရော မလုပ်ကြဘူး… အဲဒီအစား ဟိုပရောဂျက်ထဲမှာ ပါလိုက်တာကမှ အနာဂတ် ပိုကောင်းလိမ့်မယ် ...”


“ငါ မသွားဘူး ...”

စွေ့ချီချောင်းက ခပ်တိုးတိုး ပြောလိုက်သည်။ 


ကျန်းထန်ဝေ့၏ အသံတို့ တုန်ရီလာပြန်ကာ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ 

“ကျွန်တော် ကျွန်တော့်ကြောင့်လား ..."


“ဘာလို့ မင်းကြောင့် ဖြစ်ရမှာလဲ ..."


ကျန်းထန်ဝေ့: “ဟင်...”


စွေ့ချီချောင်းက ပြောလိုက်သည်။ 

“နောက်နေတာပါ… ဟိုးအစောပိုင်းကတည်းက အဲဒီကမ်းလှမ်းချက်ကို လက်မခံဖို့ စဉ်းစားထားပြီးသား… သူ ငါ့ကို အချက်အလက်တွေ ပြကတည်းက သူ့ပရောဂျက်က ဟိုဂြိုဟ်မှာ အခြေစိုက်တဲ့ဟာ မဟုတ်မှန်း သိလိုက်ရတယ်လေ… ငါသာ အဲဒီ့အထဲ ဝင်ပါလိုက်ရင် ကိစ္စတွေအားလုံး ရှုပ်ထွေးသွားလိမ့်မယ်… ကြည့်ရတာ ငါ့ကို ဒီပရောဂျက်ထဲ ပါလာအောင် သွေးဆောင်ချင်နေတဲ့ပုံပဲ တကယ်သာ I ဂြိုဟ်မှာ အခြေစိုက်တဲ့ ပရောဂျက်ဆို ငါ့ကို ဖိတ်ဖို့ ဒီလောက် ငွေပမာဏအများကြီးနဲ့ ကမ်းလှမ်းနေစရာတောင် မလိုဘူး ...”


ပြီးတော့ သူ ထွက်သွားရမလား မသွားရဘူးလား မသေချာသေးရင် ဘာလို့ ကျန်းထန်ဝေ့ကို ကြိုးစားခွင့် ပေးခဲ့မှာလဲ… သူ လုပ်ချင်တဲ့အရာကို ဟိုးအရင်ကတည်းက သိနေပြီးသား ဖြစ်နေလို့သာပေါ့ ...


ကျန်းထန်ဝေ့မှာ ရုတ်ချည်းဆိုသလို ဝမ်းသာမှုနှင့် ဒေါသစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။ 

“မင်းကြောင့် တစ်ချိန်လုံး ပူပန်နေခဲ့ရတာ အနာဂတ်မှာ တစ်ယောက်တည်း အိပ်ရတော့မှာ ခေါင်းအုံးတွေလည်း မျက်ရည်တွေနဲ့ စိုရွှဲနေတော့မှာလို့တောင် ထင်နေခဲ့တာ ...”


စွေ့ချီချောင်းက ပြန်ဖြေလိုက်သည်။ 

“အဓိကက ဘာလို့လဲဆို ဒီရက်ပိုင်းမှာ မင်းကို ပြောပြဖို့ အဆင်မပြေခဲ့လို့လေ… ငါ့အတန်းဖော် လုပ်နေတာတွေရဲ့ အကြောင်းကို သိချင်လို့ နည်းပြကိုလည်း သီးသန့် ဆက်သွယ်နေခဲ့သေးတယ် ...”


သူက ကျန်းထန်ဝေ့အား အီးမေးလ်ကို ထုတ်ပြလိုက်သည်။ အကြောင်းအရာကို အတည်ပြုပြီး ဖြစ်သည့်အပြင် အချိန်ကာလအားဖြင့် ၎င်းမှာ ယမန်နေ့ညက ပို့ထားသည့် အီးမေးလ်ဖြစ်ပေသည်။ 


စွေ့ချီချောင်းက ငါ့ကို ဒီနေ့မှ ထုတ်ပြောလာတာ မထူးဆန်းတော့ပါဘူး ...


“ကောင်းပြီ ဒါဆို နောက် ဘာဆက်လုပ်မှာလဲ တစ်ခြားပရောဂျက်တွေကို မစဉ်းစားတော့ဘူး မဟုတ်လား ဒါမှမဟုတ် စိုက်ပျိုးရေးပဲ လုပ်မလား  ...”

ကျန်းထန်ဝေ့က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ 


စွေ့ချီချောင်းက အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ရာသီဥတုမှာ ကြည်လင်သာယာနေပေသည်။ 

“ငါ့မှာ နားရက် လဝက်လောက် ရှိပါသေးတယ်… အားလပ်ချိန်ကို အလကား မဖြစ်သွားအောင် နည်းနည်းပါးပါး စူးစမ်းလေ့လာတာလေးတွေ လုပ်လိုက်ဦးမယ် ...”


ကျန်းထန်ဝေ့က ချက်ချင်း ထရပ်ကာ ပြောလိုက်သည်။ 

“ကောင်းပြီ ဒါဆို အခုပဲ အထုပ် သွားပြင်လိုက်တော့မယ် ...”


“နေဦး ...”


“ငါပြောတာက နော်သန်ဘာလန် နဲ့  CU ကို လျှောက်ပတ်ကြည့်လိုက်တာက ပိုကောင်းသလားလို့… ဒီလိုဆို အဲဒီက စိုက်ပျိုးရေး ရလဒ်တွေကို စစ်ဆေးရင်း ခရီးလည်း ထွက်နိုင်တယ်လေ ဒါက ပိုမကောင်းဘူးလား ...”


ကျန်းထန်ဝေ့:  “...”


စွေ့ချီချောင်းက သူ့လက်ကို ဆွဲကာ မတ်တပ်ထရပ်ပြီး ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလိုက်သည်။ 


“ရှောင်ပိုင် သွားကြရအောင်…"



🌲🌲🌲


[ Arc 5 - ဖျော်ဖြေရေးနယ်ပယ်တွင် လယ်စိုက်ခြင်း ] ပြီးသွားခဲ့ပါပြီရှင်၊ အခုဆိုရင် Main Story လေးကတော့ ပြီးသွားခဲ့ပြီဆိုပေမယ့် Extra လေးတွေ နောက်မှာ ကျန်နေပါသေးတယ်ရှင် 💙