Chapter 189
Viewers 29k

🌱Arc 5 - [ဖျော်ဖြေရေးနယ်ပယ်တွင် လယ်စိုက်ခြင်း ]


Ch 189

သံသယဖြစ်ဖွယ် ကြော်ငြာ (၂)



ပရိသတ်များက ဇာတ်ကွက်တစ်ခုချင်းစီကို စိစစ်ကာ မည်သည့် နိုင်ငံက စွေ့ချီချောင်းကို ဧကရာဇ်ဖြစ်ခွင့် ပေးလိမ့်မည်လဲဟု ဝေဖန်ပိုင်းခြားခဲ့ကြသည်။ ထို နိုင်ငံအားလုံးမှာ စိတ်ကူးယဉ် ဖန်တီးထားသည့် နိုင်ငံများ ဖြစ်ကြသော်လည်း အပြင်တွင် အစစ်အမှန် တည်ရှိနေသည့် နိုင်ငံများကို မှီငြမ်းကာ ဖန်တီးထားခြင်း ဖြစ်သည့်အတွက် ပရိသတ်များက ဝေဖန်ပိုင်းခြားရသည့် အလုပ်အပေါ် များစွာ ပျော်မွေ့နေကြတော့သည်။ 


တစ်ယောက်က မကျေမနပ် ပြောလိုက်သည်။ 

“ဒီအစီအစဉ်က တကယ်ကို ကောင်းပါတယ် တစ်ခုပဲ .. စွေ့ချီချောင်းက အခုအချိန်အထိ သူ့မိသားစုကို စိုက်ပျိုးရေး လုပ်ရမယ်လို့ ဖိအားမပေးသေးဘူးနော် ...”


အခြားသူများကလည်း ဆက်ပြောလိုက်သည်။ 


“ယုတ္တိမရှိလိုက်တာ .. သူတို့က အဲဒီအပိုင်းကို တမင် ဖြတ်ပစ်တာ နေမှာပေါ့ မဟုတ်ရင် ဒီဇာတ်လမ်းနဲ့ သူ့ရဲ့ တခြားအစီအစဉ်တွေ ကြားထဲမှာ ဘယ်လိုလုပ်ပြီး ခြားနားချက် ရှိတော့မှာလဲ ...”


“အဲဒီ့ ကျွမ်းကျင်သူအုပ်စုကို လျစ်လျူရှုထားလိုက်စမ်းပါ မှတ်ချက်တွေကို ကြည့်ချင်လို့ ဖွင့်ကြည့်လိုက်တာကိုလေ အဲဒီ့နေရာတစ်ခုလုံး ဘာတွေနဲ့ ပြည့်နေလဲ သိလား စွေ့ချီချောင်းက သူ့အမေကို 'ကျွန်တော့်အထင်' လို့ ပြောလိုက်တာနဲ့ မှတ်ချက်တွေ အကုန်လုံးက 'လယ်စိုက်ချင်တယ်' ဆိုတာတွေပဲ တွေ့ရတော့တယ် ...”


“ဟားဟားဟား မှတ်ချက်နေရာမှာ အဲဒီသရုပ်ဆောင်ရဲ့ နာမည်ကြီး စကားကို မရေးဖို့ဆိုတာ ပရိသတ်တွေအတွက် လုံးဝကို မဖြစ်နိုင်တဲ့ အလုပ်ပဲလေ… တကယ်တမ်းပြောရရင် စွေ့ချီချောင်းရဲ့ အစီအစဉ်နှစ်ခုကို ကြည့်ပြီးနောက်ပိုင်း အစီအစဉ်ထဲက သူ့ပန်းအိုးကို မြင်တာနဲ့ကို ငါ့စိတ်ထဲမှာ မရိုးမရွ ဖြစ်လာပြီး စိုက်ပျိုးရေး လုပ်ချင်လာသလိုပဲ… ပြောကြည့် မင်းတို့တွေရော ဒီ စိုက်ပျိုးရေးပြက်လုံးအခန်း ပြီးသွားတဲ့အခါ ခရက်ဒစ် ပေးရတာတွေ ရှိလာနိုင်တယ်လို့ ထင်ကြလား ...”


“အမ် ... စွေ့ချီချောင်းက စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ခံစားနေရတဲ့ နိုင်ငံတစ်ခုကို ရောက်သွားတာမျိုး ဖြစ်နိုင်လောက်လား… ဒီလိုနည်းနဲ့ ဧကရာဇ် ဖြစ်သွားတာမျိုးလေ… သူ့မှာ တော်ဝင်မိသားစုက ဆွေမျိုးလည်း မရှိ၊ ဧကရာဇ်စနစ်ကို မကျင့်သုံးတဲ့ နိုင်ငံတွေကိုလည်း စုစည်းသိမ်းပိုက်ပစ်ဖို့ မဖြစ်နိုင်ဘူးလေ… တော်တော်လေးကို အခြေအနေဆိုးနေတဲ့ နိုင်ငံတစ်နိုင်ငံက သူ့ကို ဖိတ်ကြားတာကပဲ ဖြစ်နိုင်ချေ ရှိသလိုပဲ ....”


“ငါကတော့ အဲဒီ့လို မထင်ဘူး အင်အားကြီးနိုင်ငံက ပိုပြီး ဆွဲဆောင်မှု ရှိသလိုပဲ လက်ထပ်ပြီးတော့လည်း ထီးနန်းဆက်ခံလို့ ရတာပဲလေ ...”


အစီအစဉ်တစ်ခုက နာမည်ကျော်ကြား လူကြိုက်များလာမှသာ ထိုအစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးချက်များ အများအပြား ထွက်ရှိလာမည်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ထိုသို့ အလေးအနက် ဆွေးနွေးမှုအားလုံး၏ အကျိုးအမြတ်ကို ရရှိသူမှာမူ LJJ သာ ဖြစ်ပေသည်။ 


LJJ က ထိုအခြေအနေနကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်ဆက်တွဲ ဇာတ်လမ်းအတွက် season အသစ်တစ်ခု ထပ်ထုတ်ပေးရန် စီစဉ်လိုက်သည်။ သို့သော် ထိုသို့ စီစဉ်ပေးသည့်တိုင် လူထု၏ စောဒကတက်မှုကို ခံနေရဆဲပင်။ 


“ဒီလောက် နာမည်ကြီးတဲ့ အစီအစဉ်ကိုတောင် season 2 တစ်ခုတည်းပဲ ထပ်ထုတ်ပေးတယ်ပေါ့ ...”


LJJ ၏ အမှုဆောင်အရာရှိများက ဤသို့ တွေးလိုက်ကြသည်။ 

ငါတို့ဘက်ကရော season တွေ အများကြီး မထုတ်ချင်ဘူးလို့ ထင်နေလား ထုတ်ချင်တယ်ကွ… စွေ့ချီချောင်းက ဟိုးအရင်ကတည်းက ကန့်သတ်ချက်တွေ ထားထားလို့သာပေါ့… သူ့ ကန့်သတ်ချက်ကို ရောက်တာနဲ့ တပြိုင်နက် လုံးဝကို သရုပ်ဆောင် ဆက်မလုပ်တော့ဘူးတဲ့လေ .. အခု ကြည့်နေရတဲ့ အစီအစဉ်ကိုသာ သေချာလေး တန်ဖိုးထားပြီး ကြည့်ကြစမ်းပါ ...


ဇာတ်ကွက်အားလုံးကို ပြသပြီးစီးသွားသည့်အခါ ကျေးလက်ရိုးရာဂီတ အဆိုတော်၏ ပရိသတ်များသည်လည်း “အနုပညာရှင်ကို ချီးကျူးတဲ့နေရာမှာ ဘယ်သူက ဟန်အပါဆုံးလဲ ဘယ်သူတွေက လက်ဆောင်ပို့ပေးတာ အများဆုံးလဲ ချီးကျူးစာတမ်း ရေးတဲ့နေရာမှာ ဘယ်သူက အရှည်ဆုံးလဲ ဘယ်သူက အနုပညာရှင်ကို အများဆုံး သဘောကျပေးပြီး ဘယ်သူက ကြေငြာတွေ အများဆုံး ရခဲ့တာလဲ” အစရှိသည့် ပရိသတ်များအကြား ယှဉ်ပြိုင်မှုများတွင် ပါဝင်ဆင်နွှဲလာတော့သည်။ လူ့အဖွဲ့အစည်းက ကြိမ်ဖန်များစွာ တိုးတက်ပြောင်းလဲနေခဲ့ပြီး ဖြစ်သည့်တိုင် အချို့သော ပရိသတ်များမှာ မည်သည့်အနုပညာရှင်က အကောင်းဆုံးလဲဟူသည့် ယှဉ်ပြိုင်ပြိုင်ဆိုင်မှုများကို နှစ်သက်သဘောကျနေကြဆဲ ဖြစ်ပေသည်။ 


သို့သော် ထိုကဲ့သို့သော အကြိတ်အနယ် စကားနိုင်လုမှုများမှာ စွေ့ချီချောင်း၏ ပရိသတ်များနှင့် လားလားမျှပင် မသက်ဆိုင်ကြချေ။ သူတို့က ဘေးဘက်တွင် ထိုင်နေကာ စကားနိုင်လုမှုများကိုပါ ဝမ်းသာအားရ ကြည့်ရှုနေခဲ့ကြသည်။ 


“ရှေ့ဆုံးတန်းမှာ ခရမ်းချဉ်၊ အာလူး၊ ကန်စွန်းဥ၊ ပဲတောင့်ရှည်၊ ငရုတ်သီးစိမ်းအပြင် တရုတ်ဂေါ်ဖီထုပ်တွေပါ ရတယ်နော် ...”


စွေ့ချီချောင်း၏ ကြော်ငြာရရှိမှုစံနှုန်းမှာ အခြားသူများနှင့် လုံးဝကွဲပြားနေကြောင်းကို အားလုံး သိရှိထားပြီး ဖြစ်သည်။ သူက စိုက်ပျိုးရေးထွက်ကုန်များ၏ ရောင်းချနှုန်းကိုသာ အဓိကထားကြော်ငြာခြင်း ဖြစ်သည့်အတွက် မည်မျှပင် နာမည်ကျော်ကြားလာပါစေ သူ့တွင် အခြားအနုပညာရှင်များနှင့် အနှိုင်းယှဉ်ခံရစရာ အကြောင်း မရှိပေ။ ထို့အပြင် သူ၏ ရုပ်ရည်မှာ အလွန် အေးစက်ကာ ခက်ထန်သည်ဟု ဆိုရနိုင်သည့်တိုင် ကုမ္ပဏီ တစ်ခုတည်းမှ လုပ်ဖော်ကိုင်ဖက်များက သူ့ကို မမုန်းနိုင်ကြချေ။ 


သူ့ပရိသတ်များသည်လည်း အခြားသော ပရိသတ်အုပ်စုများနှင့် ယှဉ်ပြိုင်နေရန် မလိုအပ်ကြချေ။ သူတို့က စွေ့ချီချောင်းအတွက် စိုက်ပျိုးရေး မျှော်စင်များ ထောက်ပံ့ပေးကာ သူတို့အတွက် အသီးအနှံ စိုက်ပျိုးပေးရန် အိုင်ဒေါဖြစ်သူကို အကွက်ချ ကြံစည်ခဲ့ကြသည်။ 


ထို့ကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်၌ စွေ့ချီချောင်းနှင့် သူ့ပရိသတ်များက fan war ထဲ၌ ပါဝင်ပေါ်ပေါက်လာကြလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားခဲ့ကြချေ။ 


အဓိကအကြောင်းအရင်းမှာ ကြယ်စင်စုအနှံ့ နာမည်ကြီးနေသည့် လက်ဝတ်ရတနာ အမှတ်တံဆိပ် တစ်ခုက စီးရီးအသစ်တစ်ခု ဖြန့်ချီရန် စီစဉ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက ထိုစီးရီးအသစ်ကို ကြော်ငြာပေးရန် မည်သူ့ကို ရွေးချယ်လိမ့်မည် ဖြစ်ကြောင်းနှင့် မည်သည့်အနုပညာရှင်က “အသက်ဓာတ်” ဟု အမည်ပေးထားသည့် ထိုစီးရီးနှင့် ကိုက်ညီကြောင်း ကိုယ်စီ မှန်းဆလိုက်ကြတော့သည်။ သတင်းထုတ်ပြန်ပြီး များမကြာမီမှာပင် သတင်းထောက်တစ်ဦးက ထိုတံဆိပ်၏ ထုတ်လုပ်ရေး ဧရိယာအတွင်းသို့ ဝင်ထွက်သွားလာနေသော စွေ့ချီချောင်း၏ဓာတ်ပုံကို ထုတ်ပြလာခဲ့သည်။ 


ထိုဓာတ်ပုံတစ်ခုတည်း သပ်သပ်သာဆိုလျှင် မည်သည့်အဓိပ္ပါယ်မှ သက်ရောက်ခြင်း မရှိပေ။ သို့သော် ထိုဓာတ်ပုံထဲ၌ စွေ့ချီချောင်းက ဖြန့်ချီခြင်းပင် မပြုရသေးသည့် ထိုစီးရီးထဲမှ ရင်ထိုးကို တပ်ဆင်ထားသည့်အပြင် သူနှင့်အတူ အမြဲ လိုက်ပါလာတတ်သည့် ဝန်ထမ်းကလည်း ဆင်တူရင်ထိုးကို ဝတ်ဆင်ထားရာ ၎င်းမှာ ငြင်းဆန်ရန် မဖြစ်နိုင်လောက်သည့် သက်သေအထောက်အထားဟုပင် သတ်မှတ်၍ ရနိုင်ပေတော့သည်။ 


ဒီတံဆိပ်ရဲ့ ဆက်ဆံပုံကလေ ..... သူတို့ရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်အသစ်ကို ဆက်ဆံတဲ့ ပုံစံနဲ့ တူမနေဘူးလား ...


ထိုသို့ဖြင့် စွေ့ချီချောင်း၏ ပရိသတ်များသာမက ဖြတ်သွားဖြတ်လာများကပါ ထင်မြင်ချက်များကို ကိုယ်စီ ထုတ်ပြောကာ ငြင်းခုန်မှုကို အစပျိုးလာကြတော့သည်။ 


“အမေရေ .. ရလဒ်ကို ခန့်မှန်းနိုင်တဲ့သူ မရှိကြတော့ဘူးလား ... အဲဒါက စွေ့ချီချောင်းတဲ့ ...”


“သူက အခုတလော တော်တော်လေး နာမည်ကြီးနေတယ် ပြီးတော့ သူ့ရဲ့ ဇာတ်လမ်းတွဲအသစ်ကိုလည်း ရုပ်သံလွှင့်နေတာ ဆိုပေမယ့် ဒါကြီးက တော်တော်လေးကို မဆီလျော်သလိုပဲနော် သူ့သွေးကြောရဲ့ 'အသက်ဓာတ်' က အဆင့်မြင့် လက်ဝတ်ရတနာနဲ့စာရင် မုယောစပါး ငါးမျိုးနဲ့မှ ပိုပြီး နီးစပ်နေသလိုပဲ .. ဒီ အသစ်ထုတ်တဲ့ စီးရီးက Krigya  သတ္ထုနဲ့ Due ကျောက်မျက်ကို သုံးထားတာလေ အဲဒါဆိုတော့ ဒါကို ကြော်ငြာမယ့် သရုပ်ဆောင်ရဲ့ စိတ်နေစိတ်ထားက လုံးဝကို တုနှိုင်းမဲ့စရာ ဖြစ်နေသင့်တာလေ ...”


“ငါကတော့ အဆင်ပြေတယ် ထင်တာပဲ စွေ့ချီချောင်းက ဧကရာဇ်သွေးကို ဆက်ခံထားတဲ့သူဆိုတော့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားတာလေ… သူ့ရဲ့ စိုက်ပျိုးရေး လုပ်ရတာကို နှစ်သက်တဲ့ စိတ်ကိုပဲ ကြည့်မနေနဲ့ သူက 'အသက်ဓာတ်' ဆိုတဲ့ theme နဲ့ တကယ်ကို ကွက်တိကျနေတာ ...”


“အစပိုင်းတုန်းကဆို ငါလေ LJJ က သူတို့ကို လာကမ်းလှမ်းတဲ့ အဆင့်မြင့်ဘရန်းတွေကို ငြင်းလိမ့်မယ်ပဲ ထင်နေခဲ့တာ ...”


“ဒါက သူ့စိတ်နေစိတ်ထားနဲ့ ပတ်သက်တဲ့ မေးခွန်းမှ မဟုတ်တာ… အဓိက ပြဿနာက ဘာလဲဆိုရင် သူ့နာမည်သတင်းက စိုက်ပျိုးရေးထုတ်ကုန်တွေ ဓာတုဓာတ်မြေဩဇာတွေနဲ့ တအားကို ဆက်နွယ်နေလို့လေ… ပြီးတော့ သူ့နာမည်က  စစ်ရေးအစီအစဉ်တွေနဲ့လည်း ဆက်နွယ်ပတ်သက်နေသေးတဲ့ဟာ ဘရန်းဘက်က ကြည့်ရင်လည်း သူက သင့်လျော်ပါတယ်လို့ သေချာနိုင်ပါ့မလား ...”


“ကြည့်ရတာ အဲဒီ့လူတွေဆီမှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေ ပျောက်ဆုံးကုန်ကြပြီ ထင်တယ် မဟုတ်ရင် သူတို့ထုတ်ကုန်ကို ကြော်ငြာဖို့ စွေ့ချီချောင်းကို ဘာလို့ ရွေးကြမှာလဲ ..."


“ဒီကျွမ်းကျင်သူကတော့ လုံးဝကို အယုံသွင်း မခံရပါဘူးနော် သူတို့ဘက်က အတည်တောင် မပြုရသေးဘဲနဲ့ကို ဘာလို့ အဲဒီဘရန်းက လူတွေ စိတ်လွတ်ကုန်ပြီလို့ ပြောနေကြတာ ဘာသဘောမှန်းကို နားမလည်နိုင်တော့ဘူး  .. မင်းတို့တွေက ဘာလို့ ဇွတ်အတင်းတွေ ပြောနေကြတာလဲ ဘော့စ်စွေ့က ဇာတ်လမ်းတွဲထဲမှာ ထီးနန်းဆက်ခံတဲ့အခါ သုံးဖို့အတွက် သရဖူကို အော်ဒါလာမှာတာလားမှ မသိတာ အဲဒီ့လို လာမှာရင်းနဲ့ ဒီ လက်ဝတ်ရတနာတွေ အစုံလိုက် လက်ဆောင် အပေးခံလိုက်ရတာ နေမှာပေါ့ ...”


“ကြော်ငြာအကြောင်းလေးပဲ ပြန်သွားပေးလို့ ရမလားဟင် အဲဒီ့ ကျောက်မျက်ရတနာတွေကို ကြော်ငြာပေးဖို့အတွက် တစ်နေကုန်တစ်နေခမ်း အလုပ်များနေရမယ့်အစား စွေ့ချီချောင်းကိုလေ ငါ့အတွက် မြေတစ်ကွက်လောက် စိုက်ပျိုးရေး လုပ်ပေးတာမျိုးကိုမှ ဖြစ်စေချင်သေးတယ် ပြီးတော့ စိုက်ပျိုးရေးအစီအစဉ်နဲ့ စစ်ရေးအစီအစဉ်တွေထဲမှာလည်း နည်းနည်းပါးပါး ပါဝင်စေချင်သေးတယ် ...”


မျှမျှတတ ပြောရပါလျှင် စွေ့ချီချောင်း၏ ရုပ်ရည်သွင်ပြင် တစ်ခုတည်းကိုကြည့်မည်ဆိုလျှင်ပင် သူ့ကို တော်ဝင်ဆန်သည့် စိတ်နေစိတ်ထား ပိုင်ရှင်ဟု၍ သတ်မှတ်နိုင်ပေသည်။ သူ့ပရိသတ် မဟုတ်သူများသာမက  anti-fan များသည်ပင်လျှင် ဤကဲ့သို့ ပြောပေလိမ့်မည်။ 


“သူ ပေါက်တူးကိုင်ထားတဲ့ အချိန်ဆိုလေ အဲဒီပေါက်တူးကို ထွန်သွားတွေနဲ့ စီခြယ်ထားတယ်လို့တောင် ထင်ရတယ် ...”


သူ၏ ရသစုံအစီအစဉ်များကြောင့် စွေ့ချီချောင်း၏ စိုက်ပျိုးရေးလုပ်နေသည့် ပုံရိပ်မှာ အများပြည်သူ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း နေရာယူထားနှင့်ပြီး ဖြစ်ပေသည်။ သူ တည်ဆောက်ထားသည့် ထိုပုံရိပ်မှာ သူ၏ အေးစက်ကာ တော်ဝင်ဆန်သည့် ရင်သပ်ရှုမောဖွယ် ရုပ်ရည်သွင်ပြင်နှင့် များစွာဆန့်ကျင်နေခဲ့သည်။ 


အဲဒီလို ပုံရိပ်မျိုးက တကယ်ကြီး ဒီဘရန်းရဲ့ လက်ဝတ်ရတနာစီးရီးနဲ့ သင့်တော်ပါ့မလား ....


လူထု၏ စိတ်ထဲတွင် အတွေးကိုယ်စီ ထွက်ပေါ်လာကာ ထိုအတွေးများကို ထုတ်ဖော်ပြောလာသူများလည်း အလွန် များပြားလှသည်။ အချို့က ဘရန်း၏ ရွေးချယ်မှုကို သဘောမတူနိုင်ကြပေ။ အချို့ကမူ “အသက်ဓာတ်” ဟူသည့် concept မှာ အတည်တကျ ကန့်သတ်ထားသည့်  concept မျိုး မဟုတ်ဘဲ ၎င်းမှာ အရည်တစ်မျိုးမျိုးကို ရည်ညွှန်းခြင်း ဖြစ်ပေလိမ့်မည်ဟု ယူဆခဲ့ကြသည်။ 


ထိုစဉ် ကျန်းထန်ဝေ့က စခရင်ကို ကိုင်ထားလျက် မျက်ရည်များ ရစ်သိုင်းကာ အနိုင်ကျင့်ခံရလေဟန်ဖြင့် ရေရွတ်လိုက်သည်။ 

“ဘာလို့လဲ ကျွန်တော်တို့တွေက မော်ဒယ်တစ်ခုတည်းကို ဝတ်ထားကြတာလေ… ဘာလို့ ဒီလို ဝတ်ထားတာတောင်မှ အမည်မသိ ဝန်ထမ်းလေးပဲ ဖြစ်နေရသေးတာလဲ ...”


လွန်လွန်းတယ်... အရမ်း ... အရမ်းကို လွန်လွန်းတယ် အဲဒီနေ့တုန်းက သူတို့ကို တိတ်တိတ်လေး ဓာတ်ပုံခိုးရိုက်နေတဲ့ သတင်းထောက် ရှိမှန်းသိလို့ကို သူနဲ့ စွေ့ချီချောင်းက ရင်ထိုးဆင်တူ ဝတ်ထားမှန်းသိသာအောင် ရှုထောင့်ကိုတောင် သေချာလေး ချိန်ပေးခဲ့တဲ့ဟာကို ...


လက်ဝတ်ရတနာကို ရွေးချယ်စဉ်က သူသည် စွေ့ချီချောင်းနှင့် ဆင်တူဒီဇိုင်းကို တမင်တကာ ရွေးချယ်ခဲ့ကာ ဝယ်သူစိတ်ကြိုက် ဖန်တီးပေးသော လက်ထပ်လက်စွပ်အတွက် ဈေးနှုန်းကိုပင် မေးမြန်းခဲ့သေးသည်။ ထို့နောက်တွင်မူ ဈေးနှုန်းများကို သိလိုက်ရသည့်အခါ ထိုပမာဏမှာ လတ်တလောတွင် သူ မတတ်နိုင်လောက်သည့် အနေအထားတွင် ရှိနေသည့်အတွက် ချက်ခြင်း တုန်ရီသွားရတော့သည်။ 


ကျန်းထန်ဝေ့က နာရီဝက်ခန့် မရပ်မနား ငြီးငြူနေကာ စွေ့ချီချောင်းကမူ ဇာတ်ညွှန်းဖတ်လျက် သူ့ကို တစ်ချိန်လုံး လျစ်လျူရှုထားခဲ့သည်။ ထို့နောက်တွင်မှ တစ်ခွန်းချင်း ပြောလိုက်၏။ 


“တိတ်တိတ်နေ ...”


ကျန်းထန်ဝေ့ :  “အထင်လွဲခံရတဲ့သူက မင်းမှ မဟုတ်တာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ် ခံစားရမှာလဲ ...”


စွေ့ချီချောင်း :  “အထင်လွဲတယ် ဟုတ်လား ...”


ကျန်းထန်ဝေ့က သူ့မေးခွန်း၏ အဓိပ္ပါယ်ကို နားလည်သည့်ဟန်ဖြင့် ချက်ချင်း စားပွဲပေါ်သို့တက်ကာ ပြောလိုက်သည်။ 


“ဘာလဲ ကျွန်တော်တို့တွေက အထင်မလွဲရသေးဘူးလား… သာမန်သူငယ်ချင်းဆက်ဆံရေးထက် အများကြီး အဆင့်တွေ ကျော်ပြီးတာကိုတောင်လေ… အဲဒီနေ့တုန်းက အကြာကြီးမှကို အကြာကြီး နမ်းခဲ့ကြတာနော် ...”


စွေ့ချီချောင်း : “...”


ကျန်းထန်ဝေ့က ထိုနေ့က ဖြစ်ပျက်ခဲ့သည်များအကြောင်း ဆက်မပြောနိုင်သည့်အပေါ် အလွန်စိတ်ပျက်နေမိခဲ့သည်။ 


ထိုသို့ ထုတ်ပြောပြီးနောက် သူ့ခြေထောက်ကို စိုက်ကြည့်နေသည့် အကြည့်များအား သတိပြုမိသည့်အတွက် ကျန်းထန်ဝေ့က ချက်ချင်း အောက်သို့ဆင်းကာ စားပွဲကို ပြောင်စင်နေအောင် သုတ်ပေးရင်း အော်ပြောလိုက်တော့သည်။ 

“ကျွန်တော်လည်း လူပြိန်းကြိုက် သတင်းတွေထဲမှာ ပါချင်တယ်လို့ ..."


စွေ့ချီချောင်းမှာ သူ၏ ငြီးတွားသံများကို လွန်စွာစိတ်အနှောင့်အယှက် ဖြစ်နေသည့်ဟန်ပင်။ သူက ဖတ်နေသည့် ဇာတ်ညွှန်းစာရွက်ကို ချက်ချင်းပိတ်ချကာ မေးလိုက်သည်။ 


“ဒါဆို မင်းမှာ တစ်ခုခု ချို့ယွင်းနေလို့နေမှာပေါ့… ဥပမာပြောရရင် မင်းက ပွစိပွစိ ပြောနေရတာကို သဘောကျတတ်တဲ့ ပုံစံမျိုး ဖြစ်နေလို့ နေမှာပေါ့… အဲဒါကြောင့် ငါနဲ့ အတူတူ ဘေးချင်းကပ်လျက် လျှောက်သွားတာတောင် စုံတွဲvibeမျိုး ရမနေတာလေ ...”


ကျန်းထန်ဝေ့ : “...”


အရမ်းကို ရက်စက်တာပဲ ...


စွေ့ချီချောင်း၏ စကားများက သူ့နှလုံးသားကို ထက်ရှသည့် သံချွန်များသဖွယ် တရစပ် ထိုးနှက် ဝင်ရောက်လာသည့်အတွက် သွေးများပင် အန်ထုတ်မိတော့မည်ဟုပင် ခံစားမိလာတော့သည်။ 


ကျန်းထန်ဝေ့မှာ စကားပင် ဆက်မပြောရဲတော့ပေ။ သူက စွေ့ချီချောင်းနှင့် သူ့အကြားရှိ "ဒွိဟဖြစ်ဖွယ် လေထုအခြေအနေ” ကို တိုးမြှင့်နိုင်မည့် နည်းလမ်းများကို စဉ်းစားကာ အများ၏ လှောင်ပြောင်ခြင်းကို မခံရရန်အတွက် စွေ့ချီချောင်း၏ ပုံစံကို အတုခိုးကာ အနည်းငယ် အေးစက်စွာ နေထိုင်ရန်ပင် ကြိုးစားလိုက်တော့သည်။ 


နောက်တစ်နေ့တွင် အေးစက်စက် ကျန်းထန်ဝေ့နှင့် စွေ့ချီချောင်းတို့က ရိုက်ကူးရေး ပြုလုပ်ရာ နေရာ၌ သတင်းထောက်များနှင့် တည့်တည့်တိုးသွားတော့သည်။ 


သတင်းထောက်များက စွေ့ချီချောင်းအား ထို ကျောက်မျက်ရတနာစီးရီးကို ကြော်ငြာမည့် ကိစ္စမှာ အမှန်ဟုတ်မဟုတ် မေးမြန်းလိုက်ကြသည်။ သူတို့က တစ်ဖက်ကုမ္ပဏီကို မေးမြန်းခဲ့ပြီး ဖြစ်သည့်တိုင် အဖြေကို သဲသဲကွဲကွဲ မသိခဲ့ကြပေ။ 


ဒီလိုဆိုတော့ စွေ့ချီချောင်းဘက်ကရော ဘယ်လို ပြောလာလောက်လဲ ...သူက တကယ်ကြီးကို ကျောက်မျက်ရတနာ ကုမ္ပဏီဘက်ကနေ ကြော်ငြာ ရထားတာလား ဒါဆို ဘယ်အချိန်မှ လူသိရှင်ကြား ချပြမှာလဲ အွန်လိုင်းပေါ်က ဆွေးနွေးပွဲတွေကိုရော တွေ့ပြီးပြီလား အဲဒါတွေနဲ့ ပတ်သက်ပြီးရော ဘယ်လိုထင်လဲ ...


မေးခွန်းများ အစီလိုက်အတန်းလိုက် အမေးခံလိုက်ရသည့်တိုင် စွေ့ချီချောင်းကမူ ခပ်တိုတိုသာ ပြန်ဖြေခဲ့လိုက်သည်။ 


“ဘာကြော်ငြာမှ လက်ခံထားတာ မရှိပါဘူး… အွန်လိုင်းပေါ်က ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ကတော့ အဲဒါတွေကို လိုက်ဖတ်ကြည့်မထားတဲ့အတွက် ဘာအမြင်မှ မရှိပါဘူး ...”


သူက ထိုအကြောင်းနှင့် စပ်လျဉ်း၍ ယမန်နေ့က အတင်းအဖျင်းသတင်းများ ဖတ်နေသည့် ကျန်းထန်ဝေ့ထံမှသာ ကြားထားခဲ့ရခြင်း ဖြစ်သည်။


ထို့နောက်တွင်မူ လင်းလင်းက သူမ ယခင်က အဆင့်မြင့် ထုတ်ကုန်ကြော်ငြာများစွာကို ပစ်မှတ်ထားခဲ့ဖူးသည့်တိုင် ပထမဆုံး season ၏ သုံးပိုင်းမြောက် ထုတ်လွှင့်ချိန်မှ စတင်ကာ ထိုအကြံကို လက်လျှော့ခဲ့ရကြောင်း မကျေမနပ် ထုတ်ပြောလာတော့သည်။ 


ဒါပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင်လေ ... သရဖူထုတ်ဖို့ စဉ်းစားနေတဲ့ ကျောက်မျက်ရတနာတံဆိပ်တွေ အတွက်ဆို စွေ့ချီချောင်းကမှ အသင့်လျော်ဆုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မဟုတ်လား ...


များမကြာမီ သတင်းဌာနမှ နောက်ထပ် သတင်းအသစ်တစ်ပုဒ်ကို ထပ်မံ တင်ဆက်လာခဲ့သည်။ 


ကျန်းထန်ဝေ့က ထိုသတင်းကို မြင်တွေ့လိုက်ရကာ သတင်းထဲတွင် ဤကဲ့သို့ ဖော်ပြထားခဲ့သည်။ 


{ စွေ့ချီချောင်းက ကြော်ငြာကိစ္စကို ငြင်းဆန်သွားခဲ့ပါတယ်… ဒါပေမယ့် သူက ဘာလို့ အဲဒီ့ကုမ္ပဏီကို သွားပြီးတော့ သူတို့စီက လက်ဝတ်ရတနာတွေကို လက်ခံခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြသွားခြင်းတော့ မရှိပါဘူး… သူက တစ်ခွန်းပဲ ပြန်ဖြေပြီး ကျန်မေးခွန်းတွေ အားလုံးကို နှုတ်ဆိတ်နေခဲ့တာပဲ ဖြစ်ပါတယ်… ဒါပေမယ့် စွေ့ချီချောင်းရဲ့ ဘေးနားက ဝန်ထမ်းကတော့ အင်တာဗျူးနေစဉ် ကာလတစ်လျှောက်လုံး တော်တော်လေးကို ဟန်ပျက်ပြီး စိတ်အခြေအနေ ဆိုးရွားနေတဲ့ပုံ ပေါ်ပါတယ်… သူ့ရဲ့ အမူအရာကြောင့်နဲ့ လူထုအကြား သဘောထား ကွဲပြားမှုတွေကြောင့် ကုမ္ပဏီဘက်က ဒီရက်ပိုင်းမှာမှ အစီအစဉ် ပြောင်းလဲပြီး စွေ့ချီချောင်းနဲ့ ပူးပေါင်းမယ့် အကြံကို ဖျက်သိမ်းလိုက်တာလား ဆိုပြီးတော့လည်း ခန့်မှန်းမိပါတယ် ... }


ကျန်းထန်ဝေ့ :  “...”


ဖာ့ခ်... မင်းတို့တွေအားလုံးကို “ဖာ့ခ်ယူ” ပဲ ...



🌲🌲🌲