Chapter 151
"ဘယ်လိုလဲ? ခင်ဗျားက ယွမ်မိသားစုက အရူးလား? ခင်ဗျားရဲ့လူတွေ အကုန်လုံး ထွက်ပြေးသွားပြီ။ ခင်ဗျားခန္ဓာကိုယ် ပျက်စီးယိုယွင်းတာကနေ ကာကွယ်ဖို့အတွက် ကျုပ်တို့ရဲ့ ရွှေအမြုတေကျင့်ကြံသူတွေကို ရင်ဆိုင်ရာမှာ စိတ်ဝိညာဉ်စွမ်းအားကို အလွန်အကျွံ အသုံးပြုလို့မရဘူး။ ခင်ဗျားဘာလုပ်မလဲ?" ရွှီဇီယန်သည် ဒီနေ့၏ရလဒ်က သူ့မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်သွားတာကြောင့် အလွန်ရွှင်မြူးသွားသည်။
သူ့အဖေ၏ စာကြည့်ခန်းထဲကနေ ရန်သူတိုက်ခိုက်တယ်ဆိုသည့် စကားကို သူကြားလိုက်တဲ့အခါ ပြင်းထန်သော တိုက်ပွဲဖြစ်မယ်လို့ သူထင်ခဲ့ပေမယ့် ယွမ်မိသားစုရဲ့ ကျင့်ကြံသူ ထက်ဝက်နီးပါးကို ရွှီမိသားစုရဲ့ ကြီးမားသောအခင်းအကျင်းနဲ့ ဖြေရှင်းနိုင်မယ်လို့ သူမထင်ထားခဲ့ဘူး။ နောက်ပိုင်း၌ ယွမ်မိသားစု၏ဘိုးဘေးသည် သူ့ဘဝဆုံးခန်းတိုင်သွားပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည့်အတွက် သူလည်းအံ့အားသင့်ခဲ့ရပြီး ထိုသူကအလောင်းကို မပုပ်မသိုးစေရန် မျိုးဆက်များ၏သွေးများကို စုပ်ယူခဲ့သည်။
စိတ်ဝိညာဉ်စွမ်းအားမရှိသော အမှိုက်တစ်စမျှသာဖြစ်သည်။ သူသည် တိုက်ပွဲတွင် နောက်တစ်ကြိမ် ထပ်မပေါ်လာတော့သည်မှာ အံ့သြစရာမဟုတ်ပေ။ သူသည် သူ၏သားစဉ်မြေးဆက်များရဲ့ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို စုပ်ယူမထားပါက တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။
ရွှီဇီယန်သည် တိုက်ပွဲကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်သည့်အတွက် အလွန်ပျော်ရွှင်နေပါသည်။ မည်သို့ပင်ဆိုစေကာမူ တတ်နိုင်သမျှ လူအနည်းငယ်သာ သေဆုံးစေခြင်းက ပိုကောင်းပါသည်။
ယွမ်မိသားစု၏ဘိုးဘေးက ရွှီဇီယန်ကို စိုက်ကြည့်နေသည်။ ဒီကလေးက သူ့အကြံအစည်အားလုံးကို ထိခိုက်စေခဲ့တာ။ သူ့အသားကိုစားပြီး သူ့သွေးကို တကယ်သောက်ချင်သည်။
ယွမ်ဖုန်းသည် ဘိုးဘေးထံမှ အမှန်တကယ်လွတ်မြောက်နိုင်သည်ကို သိရှိပြီးနောက် အလင်းလိုအရှိန်ဖြင့် ထွက်ပြေးသွားခဲ့သည်။ တစ်ချိန်က ဘိုးဘေး၏စကားကို နာခံခဲ့သော်လည်း သားဖြစ်သူကို ကယ်တင်ချင်ခဲ့လိုသာဖြစ်သည်။
ယခုအခါတွင် အဖိုးအိုသည် မိသားစုတစ်ခုလုံး၏ အသက်ကို စွန့်စား၍ သူ့အသက်ကိုကယ်တင်လိုကြောင်း အတည်ပြုလုနီးပါးဖြစ်နေပြီဖြစ်သည်။ အဘိုးအိုက သူ့အသက်ကို ချမ်းသာပေးမယ်လို့ မထင်ထားတာကြောင့် ထွက်ပြေးချင်ခဲ့သည်။ အားလုံးကို ခြုံငုံကြည့်လျှင် သူသည် ဤလူများကြားတွင် အမြင့်ဆုံးအဆင့် ကျင့်ကြံမှုရှိသည်။ ဘိုးဘေးသည် အရေးကြီးသောအခိုက်အတန့်တွင် သူ၏ကျင့်ကြံခြင်းကို မစုပ်ယူပါဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ။
ယွမ်မိသားစုတစ်ခုလုံးသည် ရွှီဇီယန်၏ကိုယ်ပိုင်စွမ်းအားဖြင့် ရှုံးနိမ့်လုနီးပါးဖြစ်ခဲ့သည်။ အကြီးမားဆုံး တိုက်ခိုက်မှုမှာ ဘိုးဘေးဖြစ်သော်လည်း ရွှီဇီယန်၏အသိပညာကြောင့်သာ မဟုတ်ပါက၊ ယွမ်မိသားစု၏ တန်ဖိုးကြီးသောအသက်တစ်ချောင်းကို ထိန်းသိမ်းရန် ဆိုးရွားသောနည်းလမ်းတစ်ခုရှိနေကြောင်း အခြားသူများ ဘယ်လိုလုပ်သိနိုင်မှာလဲ။
ရွှီမိသားစုမှလူများသည် ရွှီဇီယန်ကို ရုတ်တရက် ကွဲပြားစွာမြင်လိုက်ကြသည်။ သူတို့သည် ရွှီဇီယန်ကို သူတို့၏အနာဂတ်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်သော်လည်း ယခုအခါတွင် သူတို့သည် နောက်ဆုံးတွင် ယုံကြည်လက်ခံသွားခဲ့ပြီဖြစ်သည်။
မိသားစုတစ်ခုလုံးကို ကယ်တင်နိုင်သည့် ခေါင်းဆောင်တစ်ယောက်ဟာ သူတို့ရဲ့ဂုဏ်ကျက်သရေကို ဦးဆောင်နိုင်ရမည်။
မိသားစု၏ သာယာဝပြောမှုသည် အရင်းအမြစ်များ၊ ပိုင်ဆိုင်မှုများ ပိုများလာပြီး မိသားစု အားကောင်းလာသောအခါတွင် စိတ်ဝိညာဉ်စွမ်းအားများ ပိုမိုရရှိသော အရပ်သို့ ရွှေ့ပြောင်းသွားနိုင်သည်။
ကျင့်ကြံသူတိုင်းသည် အရင်းအမြစ်များ ပိုမိုရရှိရန် မျှော်လင့်ကြပြီး ဒီနေ့တိုက်ပွဲတွင် ရွှီဇီယန်၏စွမ်းဆောင်မှုသည် ရွှီမိသားစုတစ်ခုလုံးကိုကျေနပ်စေခဲ့သည်။
သူ့ရဲ့အသိပညာ ဒါမှမဟုတ် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားပဲဖြစ်ဖြစ်၊ လူတိုင်းက သူ့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြပြီး သူတို့ရဲ့မျက်လုံးတွေက လေးစားသည့်အလင်းရောင်နဲ့ လင်းလက်နေပါသည်။
–အိုး? ခဏလေးနေပါဦး… အရမ်းလှတဲ့အဲ့ဒီကလေးက သခင်လေးရဲ့ညီလေးမလား? သူကဘာလို့ အရမ်းစိတ်ဆိုးနေရတာလဲ? ငါတို့ရဲ့ စံပြပုဂ္ဂိုလ်ကို ဘာလို့ကွယ်ထားတာလဲ?
ရွှီမိသားစုမှ တပည့်ငယ်များစွာသည် ရွှီဇီရုန်ကို မကျေနပ်ကြောင်း ပြသနေကြသည်။ ဒီလူက သူတို့ရဲ့အမြင်အာရုံကို တမင်ပိတ်ဆို့ထားတာ ဘာကိုဆိုလိုတာလဲ။ သူက ရွှီသခင်လေးအသစ်ကို ပိုင်ဆိုင်ချင်နေတာလား။
(သူတို့သာ အမှန်တရားကို သိခဲ့ကြရင်…)
ရွှီညီအကိုများကဲ့သို့ တူညီသော တပည့်တစ်စုသည် စကားမပြောဘဲ ခေါင်းငုံ့လိုက်ကြသည်။ ဒီကလေးက သူတို့သခင်လေးကို အရမ်းပိုင်ဆိုင်လိုက်စိတ်ကြီးတယ်ဆိုတာ သူတို့အားလုံးသိပြီးသားဖြစ်ပေမယ့် နှစ်တွေကြာလာတဲ့အခါမှ ပိုဆိုးလာမယ်လို့ မထင်ထားခဲ့ကြဘူး။
"တော်တယ်!" ရွှီရှောင်သည် ရွှီဇီယန်ကို ချီးကျူးရန် တွန့်ဆုတ်မနေပေ။ အရည်အချင်းပြည့်မီသော ခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိ၏တပည့်များအား မှန်ကန်သောနည်းလမ်းဖြင့် အမြဲတမ်းအပြစ်ပေးခြင်း သို့မဟုတ် ဆုချခြင်းများရှိပြီး သူ၏သားသည်လည်း ခြွင်းချက်မရှိပါ။
ရွှီဇီယန်၏ပါးစပ်တန်းသွားပြီး ဘိုးဘေးကိုကြည့်နေတာတော့ မရပ်ပေ။
ဒီအရူးက မကြာခင် သေတော့မှာပဲ (ဒါမှမဟုတ် သူသေနေပြီ) သူကနည်းနည်းတော့ ခုခံနိုင်သေးသည်။ သူ၏ရွှေအမြုတေသည် သူ့ခန္ဓာကိုယ်အတွင်း၌ ရှိနေသောကြောင့် ရွှေအမြုတေကိုသာ ဖောက်ခွဲရန် သတ္တိရှိခဲ့လျှင် ရွှီမိသားစုမှ လူဘယ်လောက်ပဲ ရှင်သန်နိုင်မည်ကို ရွှီဇီယန်မသိနိုင်ပေ။
"အဖေ… သူအမြုတေ ဖောက်ခွဲမှာကို သတိထားပါ" ရွှီဇီယန်သည် သူ့အဖေကို တိတ်တဆိတ် အချက်ပြလိုက်သည်။
ရွှီရှောင်၏အမူအရာမှာ မည်သို့မှပြောင်းလဲမသွားဘဲ ဒီအဖြစ်အပျက်မကြာခင်ရောက်လာမည်ဟု သူမျှော်လင့်ထားပုံရသည်။
"ဟာဟား၊ အရမ်းကောင်းတယ်၊ မင်းရဲ့ရွှီမိသားစုက ဒီတစ်ကြိမ်မှာတော့ ဆက်ခံသူကောင်းကောင်းတစ်ယောက်ရှိတာပဲ" ယွမ်မော့၏ တောင့်တင်းနေသော မျက်နှာသည် ရုတ်တရက် ပြုံးသွားသည်။
ရွှီဇီယန်၏ သတိရှိမှုအဆင့်သည် ချက်ချင်းဆိုသလို အမြင့်ဆုံးသို့ မြင့်တက်လာပြီး ဒီဘိုးဘေးက လှည့်ကွက်များ ထပ်မံကစားမည်ကို စိုးရိမ်သောကြောင့် သူ့လက်ချောင်းများကြားတွင် လျှပ်စီးလက်လာသည်။
မထင်မှတ်ပဲ အဖိုးအိုက ရွှီဇီယန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ရွှီဇီယန်ကို အချိန်အကြာကြီး ကြည့်နေပြီးနောက် သူ့မျက်လုံးတွေက ရုတ်တရက် မည်းမှောင်သွားပြီး သူ့အလောင်းက ကောင်းကင်ကနေ ပြုတ်ကျသွားသည်။
"ဟင်? သူ အခု သေသွားပြီလား?" ရွှီဇီယန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူလိမ်ကြီး မသေခင် နည်းနည်းတော့ ရုန်းကန်သွားလိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် သူမြန်မြန်သေသွားသည်။
"မလှုပ်နဲ့၊ အားလုံးပဲ" ရွှီဇီယန်က အော်ဟစ်လိုက်ပြီး အလောင်းအနီးရှိ ကျင့်ကြံသူများအားလုံး နောက်သို့ဆုတ်သွားကြသည်။
မျိုးဆက်များကို ပြုပြင်သန့်စင်ပြီး မှီခိုအားထားနေရသော ဤကဲ့သို့သော နတ်ဆိုးကြီးအား လူသားဟု မခေါ်ဆိုနိုင်တော့ပေ။ မသေခင် ထောင်ချောက်တွေ ထားခဲ့သလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။
ဒါကို ရွှီရှောင်မြင်လိုက်တာနဲ့ သူက ကြီးမားသောအခင်းအကျင်းကို ပြန်ဖွင့်လိုက်ပေမယ့် ဒီတစ်ကြိမ်မှာတော့ ယွမ်မော့ရဲ့ခန္ဓာကိုယ်တစ်ဝိုက်မှာ အခင်းအကျင်းနယ်ပယ်ကို ကျဉ်းမြောင်းသွားခဲ့သည်။ ဤနည်းအားဖြင့် ကြီးမားသော အခင်းအကျင်းနဲ့ ဖိနှိပ်ထားတာကြောင့် ယွမ်မိုသည် သေချင်ယောင်ဆောင်ရန် နည်းလမ်းမရှိပေ သို့မဟုတ် သူတကယ်ပင် သေသွားပြီးဖြစ်သည်။
"ဇီရုန်" ရွှီဇီယန် ခေါ်လိုက်သည်။
ရွှီဇီရုန်သည် သူ့ကိုကို တွေးနေသည့်အရာကို ချက်ခြင်းသိပြီး သူ၏အရင်သွေးနွယ်ပင်များထက် များစွာပိုထူထပ်သော သွေးနွယ်ပင်ကို ချက်ချင်းထုတ်လွှတ်လိုက်ပြီး ထိုနွယ်ပင်ပေါ်တွင် လက်ဝါးအရွယ် အမြစ်တွေရှိနေသည်။
ရွှီဇီရုန်၏ ထိန်းချုပ်မှုအောက်တွင် သွေးနွယ်ပင်သည် လျင်မြန်စွာ ထွက်ကျလာပြီး ယွမ်မော့၏ ခန္ဓာကိုယ်အား ဆာလောင်နေသော ကျားကဲ့သို့ ပိုးအိမ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ သွေးနွယ်ပင်များ ဆက်လက်လူးလွန့်သွားသောအခါ၊ ပိုးအိမ်ကြီးသည် သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်နဲ့ လျော့ပါးသွားလေသည်။ ခဏအကြာတွင် သွေးနွယ်ပင်ထွက်လာပြီးနောက် လက်ဖဝါးအရွယ်အမြစ်တွေသည် သွေးများဖြင့် ဖုံးလွှမ်းသွားပြီး ယွမ်မော့၏ခန္ဓာကိုယ်သည် မံမီအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ထောင်ချောက်တကယ် မရှိဘူးလား?" ရွှီဇီယန်က ရွှေအမြုတေ ကျင့်ကြံသူသည် ဤမျှလွယ်ကူစွာ သေဆုံးသွားနိုင်သည်ကို အနည်းငယ် မယုံနိုင်သေးပေ။
သူ၏ရုပ်ခန္ဓာသည် စောစောကတည်းကသေဆုံးသွားသော်လည်း၊ သူသည် နောက်ထပ်ရက်အနည်းငယ်ကြာအောင် သူ့ကိုယ်သူ ထောက်ပံ့ပေးရန် စိတ်ဝိညာဉ်စွမ်းအားကို အားကိုးနေဆဲဖြစ်သည်။ သူ့ဘဝကို လွယ်လွယ်နဲ့ စွန့်လွှတ်ဖို့ အကြောင်းပြချက်မရှိဘူး မဟုတ်လား။
ဒီလူလိမ်အိုကြီးဟာ သူ့ကိုယ်သူ ရှင်သန်ဖို့အတွက် သူ့မိသားစုကို စတေးဖို့ အဆင်သင့်ဖြစ်နေပြီမို့ လွယ်လွယ်နဲ့ သေရလိမ့်မယ်ဆိုတာ သူမယုံဘူး။
"ငါကြည့်လိုက်မယ်" ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရွှီဇီယန်သည် သူကိုယ်တိုင် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ ယွမ်မော့သေဆုံးခြင်းသည် လွယ်ကူရိုးရှင်းလွန်းသည်ဟု သူခံစားခဲ့ရပြီး ရွှေအမြုတေကျင့်ကြံသူအဖြစ် သူ၏လက္ခဏာနှင့် မကိုက်ညီပေ။
"ကိုကို… ကျွန်တော်လည်း လိုက်ခဲ့မယ်" ရွှီဇီယန်က သူ့ကိုကို၏လက်ကို ဆုပ်ကိုင်လိုက်ရင်း စိတ်ပိုင်းဖြတ်ကာ ပြောလိုက်သည်။
ရွှီဇီယန်က သူ့ကိုကြည့်ကာ ခေါင်းညိတ်သည်။ ရွှီဇီရုန်သည် ထပ်တူထပ်မျှ အံ့အားသင့်သွားကာ ထူးထူးဆန်းဆန်း တစ်ခုခုကို တွေ့နိုင်သည်။
နှစ်ယောက်သား ယွမ်မော့၏အလောင်းကို သတိထားပြီး ချဉ်းကပ်ကာ အဲ့ဒါက အလောင်းအဖြစ်သို့ ပြောင်းလဲသွားပြီးဖြစ်သည်။
ရွှယ်ထွမ်နဲ့ ဖန်မောင်တို့သည် သခင်အနောက်သို့ လိုက်သွားကြပြီး ဖန်မောင်သည် ယခုတစ်ကြိမ်တွင် မုန်လာဥဝါးမနေဘဲ မရွှင်ပျသောလက္ခဏာမျိုး ပြသနေသည်။
"Meh"(ထူးထူးဆန်းဆန်း အနံ့မရဘူးလား?) ရွှယ်ထွမ်က လေကို နှစ်ခါလောက် ရှူရှိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"Puff Puff"(အဲ့ဒါက…တကယ်ရှိပုံရတယ်) ဖန်မောင်က လျစ်လျူရှုတဲ့ပုံစံပြမနေဘဲ နည်းနည်းလေးနက်တဲ့ပုံပေါက်နေသည်။
သားရဲနှစ်ကောင်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ယွမ်မော့၏ခန္ဓာကိုယ်ကိုကြည့်သောအခါတွင် သူတို့၏အမူအရာသည် ပို၍လေးနက်လာသည်။
"Meh!" ရွှယ်ထွမ်က အော်ဟစ်ပြီး ရွှီဇီယန်၏အာရုံကို အောင်မြင်စွာ ဆွဲဆောင်ခဲ့သည်။ ထို့နောက် သူတို့တွေ ယွမ်မော့၏ ခန္ဓာကိုယ်ဆီသို့ မသွားမီ ရွှယ်ထွမ်က ဖန်မောင်နဲ့အတူ ပြေးသွားသည်။
ရွှီဇီယန်သည် ရွှယ်ထွမ်နဲ့ ဖန်မောင်က သူတို့ကို ရပ်တန့်စေလိုသည်ဟု ယောင်ဝါးဝါးခံစားမိသဖြင့် မသိစိတ်မှ နှေးကွေးသွားသည်။
ရွှီဇီရုန်သည် နူးညံ့ပြီးချစ်စရာကောင်းသော အိမ်မွေးတိရစ္ဆာန်နှစ်ကောင်သည် အထူးသဖြင့် ရွှယ်ထွမ်က အလောင်းကို ဂရုတစိုက် အနံ့ခံလိုက်သောအခါတွင် အေးစက်စွာ ကြည့်နေခဲ့သည်။
"ဘာဖြစ်တာလဲ?" ရွှီဇီရုန် နူးညံ့စွာမေးလိုက်သည်။
ရွှီဇီယန်က သူ့လက်ကို ငြိမ်သက်စွာ ဝှေ့ယမ်းလိုက်သည်။ ဖန်မောင်နဲ့ ရွှယ်ထွမ်သည် မရိုးရှင်းကြောင်း သူတို့သိသည်။ ဒီအလောင်းမှာ တစ်ခုခုမှားနေပြီဆိုတာ သူတို့သိပြီး အနံ့ခံတာနဲ့ မြင်အောင်ကြည့်ဖို့ ပြုလုပ်ခြင်းဖြစ်သည်။ သို့သော် သူတို့သည် ဘယ်သူမှ ထိတ်လန့်မသွားစေချင်တာကြောင့် သတိရှိရှိ ပြောဆိုဆက်ဆံနေခြင်းဖြစ်သည်။
"Meh!"(အဲ့ဒါက နတ်ဆိုးမျိုးနွယ်ရဲ့အနံ့ပဲ) ရွှယ်ထွမ်က ခဏတာ ရှူရှိုက်ပြီး ရွံရှာသည့် အရိပ်အယောင်နဲ့ မျက်မှောင်ကြုတ်လိုက်သည်။
ဖန်မောင်က ယွမ်မော့၏မံမီကို လက်သည်းများဖြင့် ကုတ်လိုက်ရာ မံမီသည်ကွဲအက်သွားပြီး မကြာမီတွင် ပြာပုံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ရွှီဇီရုန်၏သွေးနွယ်ပင်သည် အစွမ်းထက်လွန်းတာကြောင့် ယွမ်မော့၏ ချန်ခွင်အိတ်ကို ပျက်ဆီးသွားစေတာလား ဒါမှမဟုတ် သူနှင့်အတူ တစ်ပြားတစ်ချပ်မှ မယူခဲ့တာလားဆိုတာ မသေချာပေ။ အတိုချုပ်ပြောရလျှင် ယွမ်မော့၏ ခန္ဓာကိုယ်ပျက်စီးသွားပြီးနောက် မီးခိုးရောင်ပုတီးလုံးတစ်လုံးမှလွဲ၍ ကျန်ဘာမှမကျန်တော့ပေ။
"Puff Puff!" (ဒီပစ္စည်းကို မစားချင်ဘူးလား?) ဖန်မောင်က မီးခိုးရောင်ပုတီးစေ့ကို ထိပြီး မေးလိုက်သည်။
"Meh! (သခင်ကိုပဲ ပေးလိုက်၊ ဒါက ငါ့အတွက် အသုံးမဝင်ဘူး၊ ဒါပေမယ့် သခင်အတွက်တော့ ကောင်းတဲ့အရာပဲ) ရွှယ်ထွမ်က ရက်ရောစွာ ပြောလာသည်။
ဖန်မောင်သည် ရုတ်တရက် မထီမဲ့မြင်ပြုကာ "Puff!" (ကောင်းပြီ…မင်းကမင်းမကြိုက်တဲ့အရာကိုမှ မင်းသခင်ကို ပေးတာပေါ့ ဟုတ်လား? အရှက်မရှိလိုက်တာ။)
ရွှယ်ထွမ်က ခေါင်းကိုမော့လိုက်ပြီး သူ၏နှာခေါင်းပေါက်နွေမှ အပူလုံးတွေထွက်လာကာ "Meh!"(အနည်းဆုံးတော့ ငါကငါ့သခင်ကို တစ်ခုခုပေးချင်စိတ်ရှိပါသေးတယ်၊ မင်းရဲ့သခင်ကို မင်းကဘာများပေးဖူးလို့လဲ?
ရွှီဇီရုန်က ဘာမှမပေးဖူးသော ဖန်မောင်: "…"
ရွှယ်ထွမ်က ပုတီးစေ့ကို အကြိမ်အနည်းငယ် နင်းလိုက်ပြီး "မြင်လား? အဲ့ဒါကြောင့် မင်းမွေးလာပြီးရင် မင်းပဲအရင်ဆုံး ချိပ်ပိတ်ခံရတာ"
ဖန်မောင်က သူ၏ခေါင်းကို မပျော်မရွှင်လှည့်သွားပြီး ရွှယ်ထွမ်ကို မကြည့်ရဲတော့ပေ။
ရွှယ်ထွမ်သည် မျက်လုံးများကို ကူကယ်ရာမဲ့စွာ လှည့်လိုက်ပြီး "ငါတို့နှစ်ယောက်က လွန်ခဲ့တဲ့အနှစ်တစ်ထောင်က အဲ့ဒီဖီးနစ်တံတောင်နဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေသေးပေမယ့် အခုငါတို့တွေက မဟာမိတ်တွေဖြစ်နေကြပြီလေ။ မင်းရဲ့သခင်ကိုကြည့်လိုက်၊ သူက ငါ့ရဲ့သခင်နဲ့ တိုက်ခိုက်ချင်ပါ့မလား?"
ဖန်မောင်က စကားမပြောပေ။ ရွှီဇီရုန်က သူ့အစ်ကိုနဲ့ဆိုရင် အရမ်းပျော်နေတာကို မြင်လိုက်ရတော့ သူတို့တွေရန်ဖြစ်အောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။
ရွှယ်ထွမ်သည် သူ၏ခွာများကို ရွှေ့လိုက်ပြီး "ကြည့်လိုက်၊ ငါတို့က မဟာမိတ်တွေဖြစ်တယ်ဆိုတာ မင်းလည်းသိပါတယ်။ အခုဆိုရင် ရွှမ်းယွိနယ်မြေမှာ နတ်ဆိုးမျိုးနွယ်ရဲ့ အရိပ်အယောင်တွေ ရှိလာနေပြီ။ အဲ့ဒါက အနည်းဆုံး နဂါးသား၃ကောင် မွေးဖွားလာပြီဆိုတဲ့အဓိပ္ပါယ်ပဲ။ အနာဂါတ်မှာ တိုက်ပွဲကြီးတစ်ခုဖြစ်လာတဲ့အခါ မင်းအရင်ဆုံး ချိပ်ပိတ်မခံချင်ဘူးထင်တယ် ဟုတ်တယ်မလား? ဒီနှစ်တွေတစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင်နေလာပြီးမှ မင်းရဲ့သင်ခန်းစာကို ဘယ်လိုလုပ်မသင်ယူရသေးတာလဲ?"
ဖန်မောင်က ဒေါသတကြီးဖြင့် မြေပြင်ကို ကုတ်ခြစ်ကာ "အင်းပါ…အင်းပါ… မင်းဘာလိုချင်တာလဲ? ငါ့ကိုပြော… လွန်ခဲ့တဲ့ ၃၆၅၂နှစ်တုန်းပ ငါ့ရဲ့၅၀ရာခိုင်နှုန်း ချက်ပြုတ်ထားတဲ့ ဖီးနစ်တောင်ပံကို မင်းလုယူသွားတယ်ဆိုတဲ့အချက်ကို ငါခွင့်လွတ်ပေးမယ်! ဟုတ်ပြီလား?"
ရွှယ်ထွမ်သည် ဒူးထောက်ချင်လုနီးပါးဖြစ်သွားသည်။ ဒီဖန်မောင်က တကယ့်ကို ညီအစ်ကိုကောင်းတစ်ယောက်ပါ။ အရမ်းတွက်ချက်လွန်းတာတစ်ခုပဲ။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေကို သူကောင်းကောင်း မှတ်မိနေသေးတာကြောင့် ပြောစရာစကားတောင် ပျောက်သွားသည်…
"Meh, meh!" (အင်းပါ၊ ငါအများကြီးမပြောတော့ဘူး၊ ဘာပဲဖြစ်ဖြစ် မင်းငါ့ဆီကနေ ပိုလေ့လာရလိမ့်မယ်။ အစပိုင်းမှာ သခင်းကို အများကြီးအကူအညီမပေးနိုင်ပေမယ့် လိုအပ်တဲ့အခါ လှည့်ကွက်တွေကို သုံးနိုင်တယ်။ ကဲပါ နောက်ဆုံးအချိန်ကလိုပါပဲ။ အမတစိတ်ဝိညာဉ်အခြေတည်စအဆင့်ကို ငါစားခဲ့တယ်၊ အဲ့ဒါက ငါဗိုက်ဆာနေလို့ပါ၊ ငါ့သခင်ကို ကူညီပေးတာက ပိုပြီးအကျိုးသက်ရောင်မှုရှိစေတယ်။ အဲ့ဒါကငါနဲ့ ဘာမှမဆိုင်ဘူး╮(╯-╰)╭) ရွှယ်ထွမ်က ဖန်မောင်ကို သူ့ရဲ့အတွေ့အကြုံတွေကို ပြောပြနေပြီး၊ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အတွေ့အကြုံတွေကို အများအားဖြင့် ဘယ်သူ့ကိုမှ ပြောပြလေ့မရှိပေ။
"သူတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ?" ရွှီဇီယန်သည် အလောင်း၏ဘေးနားရှိ တစ်စုံတစ်ခုလဲလှယ်နေသလိုမျိုး ရွှယ်ထွမ်နှင့် ဖန်မောင်တို့ကိုကြည့်ပြီး ရေရွတ်လိုက်သည်။
"ငါမသိတော့ဘူး" ဖန်မောင်သည် ရယ်စရာကောင်းသောအခိုက်အတန့်တွင် အမြဲပေါ်လာသောကြောင့် ရွှီဇီယန်သည် ဖန်မောင်အတွက် အမြဲကြိုတင်ပြင်ဆင်ထားရသည်။ ဖန်မောင်က သူ့ထက်အများကြီး ပိုသန်မာတယ်ဆိုတာ သိသာထင်ရှားပြီး ထိန်းချုပ်ရတာကို နှစ်သက်သူတစ်ယောက်အနေနဲ့ ဒါကသူ့ကို စိတ်မသက်မသာဖြစ်စေသည်။ ထို့ကြောင့် ဖန်မောင်နှင့်ဆက်ဆံရာတွင် ယုံကြည်ခြင်းထက် သူသည် ခုခံကာကွယ်မှုပိုရှိသောကြောင့်ဖြစ်သည်။
ရွှီဇီယန် မျက်မှောင်ကြုတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ ရွှီမိသားစုမှ ကျင့်ကြံသူများသည် ဒီစိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်နှစ်ကောင်၏ ထူးဆန်းသောအပြုအမူကို စတင်ဆွေးနွေးနေကြသည်။ နောက်ဆုံးမှာတော့ စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဟာ စူးစမ်းလေ့လာတယ်ဆိုတာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပေမယ့် ရွှီဇီယန် မလိုက်သွားတာကတော့ နည်းနည်းတော့ ပုံမှန်မဟုတ်ပေ။
"Meh!" ရွှယ်ထွမ်နှင့် ဖန်မောင်တို့ စကားပြောပြီးသွားကာ ရွှီဇီယန်ကို နှစ်ကြိမ်အော်လိုက်သည်။
ရွှီဇီယန် မျက်ခုံးပင့်ကာ လျှောက်သွားလိုက်သည်။
"ကိုကို" ရွှီဇီရုန်သည် သူ့ကိုကို၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ရှေ့တွင် ရပ်လိုက်ကာ "ကျွန်တော် သွားလိုက်မယ်"
"အဆင်ပြေပါတယ်!" ရွှီဇီယန်ပြုံးကာ ဇီရုန်ရဲ့ဆံပင်တွေကို ပွတ်သပ်လိုက်ရင်း "မင်းကို အမြဲတမ်း အန္တရာယ်ရှိတဲ့ အခြေအနေထဲ ငါမလွတ်နိုင်ဘူး၊ ငါကမင်းအစ်ကိုလေ!"
ရွှီဇီရုန် ပြောစရာစကား ပျောက်သွားပြီး သူသည် ရွှီဇီယန် အနောက်ကိုလိုက်ကာ ကြီးမားသောအခင်းအကျင်းထဲသို့ အတူဝင်သွားကြသည်။ ရွှီရှောင်၏ထိန်းချုပ်မှုအောင်တွင် အခင်းအကျင်းနယ်ပယ်ကို အနိမ့်ဆုံးသို့လျော့ခဲ့ပြီး ယွမ်မော့၏မံမီအလောင်းကို အခြောက်လှန်းသည့်ပုံစံဖြင့်သာ ဖုံးအုပ်ထားသည်။ သို့ရာတွင် အခင်းအကျင်း၏ ကာကွယ်ရေးအဆင့်သည် အမြင့်ဆုံးအထိ တိုးလာခဲ့ပြီး ယွမ်မော့သည် ရွှေအမြုတေကို ဖောက်ခွဲရန် ဆုံးဖြတ်ခဲ့ရင်တောင် သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံရေးသမားများကို ထိခိုက်မည်မဟုတ်ပေ။
ရွှီဇီရုန်သည် စစ်မြေထဲသို့ဝင်သွားသောအခါတွင် သူ့ရင်ဘတ်၌ အနီရောင်အလင်းတန်းတစ်ခု မှိတ်တုတ်မှိတ်တုတ် လင်းနေသော်လည်း အလင်းရောင်မှာ ထင်ရှားခြင်းမရှိပေ။ လူအများစု၏အကြည့်များသည် အလောင်းကောင်၏အမှုန့်ကိုသာ အာရုံစူးစိုက်နေကြသည်။
"ကိုကို သတိထား" ရွှီဇီရုန်သည် ရွှီဇီယန်ရှေ့သို့သွားရန် နည်းလမ်းမရှိတာကြောင့် သူ့ကိုကို,ကို သတိထားရန်သာ သတိပေးနိုင်ခဲ့သည်။ ဖန်မောင်နဲ့ ရွှယ်ထွမ်တို့နှင့် ပတ်သက်၍ သူတို့သည် သူတို့ညီအကိုနှစ်ယောက်နဲ့အတူ နေချင်သည့်စိတ်ကို အမြဲသံသယရှိခဲ့သည်။ လက်ရှိအမြင်အရတော့ သူတို့ဟာ ဘာမှအန္တရာယ်မပြုခဲ့ပေမယ့် ရွှီဇီရုန်ဟာ အနာဂတ်မှာ ကြီးမားသည့်ဒုက္ခကို ရင်ဆိုင်ရနိုင်တယ်ဆိုသည့် ခံစားချက်မျိုးရှိနေသည်...
"ဟေး!" ရွှယ်ထွမ်သည် ခြောက်သွေ့သောအလောင်းထဲမှ မီးခိုးရောင်ပုတီးစေ့ကို ဆွဲထုတ်ကာ ရွှီဇီယန်အား ရတနာတစ်ခုလို မြင်ခွင့်ပေးလိုက်သည်။
"ငါ့အတွက်လား?" ရွှီဇီယန်သည် ရွှယ်ထွမ်ကို ကြည့်လိုက်သည်။
"Meh!" ရွှယ်ထွမ်က ခေါင်းညိတ်လိုက်သည်။
ရွှီဇီယန်သည် ခဏလောက် စူးစမ်းလိုက်ပေမယ့် ပုတီးစေ့ဆီကနေ ဘာမှမတွေ့တာကြောင့် လက်ကို ဆန့်ထုတ်လိုက်သည်——
ပေါက်ကွဲသံနှင့်အတူ ရွှီဇီယန်သည် ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။ ကြီးမားသောအရာတစ်ခုသည် မီးခိုးရောင်ပုတီးစေ့မှ အပြေးအလွှားထွက်လာကာ သူ၏မျက်ခုံးဆီသို့ အပြေးအလွှားသွားကာ သူ၏အာရုံဖြန့်ကျက်ခြင်းအစွမ်းဆီဝင်သွားခဲ့သည်။
"ကိုကို!" ရွှီဇီယန်သည် သူ၏ကိုကို ပုတီးစေ့ကိုထိလိုက်သောအခါ မူးလဲသွားသည်ကိုတွေ့လိုက်ရတာကြောင့် တုန်လှုပ်သွားသည်။
"မင်းဘာလုပ်လိုက်တာလဲ?!" သူသည် အံကြိတ်ကာ ရွှယ်ထွမ်ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲက အမုန်းတရားတွေကို ဓားသွားအဖြစ် ပြောင်းလဲနိုင်ရင် ရွှယ်ထွမ်သည် ဓားနဲ့ထိုးသတ်ခံရလိမ့်မည်။
"ဟေး!" ရွှယ်ထွမ်၏မျက်လုံးများ အံ့သြစွာ ပြူးကျယ်သွားသည်။ သူ့ကိုယ်သူ တွေးနေသည်က "ဘာကကောင်းတာလဲ၊ ဆိုးတာလဲဆိုတာ မင်းတကယ်မသိဘူးပဲ"
"မင်း သူ့ကို ဘာလုပ်လိုက်တာလဲ!" ရွှီဇီရုန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ကိုကို,ကို စစ်ဆေးလိုက်ပေမယ့် အဆင်မပြေမှု လုံးဝမခံစားရဘူး။ သူ့ကိုကို နိုးမလာတာတစ်ခုပင်။
"Meh!" ရွှယ်ထွမ်သည် ရွှီဇီရုန်၏လူသတ်မည့်အကြည့်ကြောင့် ဝမ်းနည်းသွားပြီး ဖန်မောင်သာ ရွှီဇီရုန်၏စိတ်ထဲသို့ သွားမပြောပြပါက သူ့သခင်ရဲ့ညီဖြစ်သူက ဆူညံပွက်လောရိုက်တာ ခံရလိမ့်မည်။
"ဟန့်" ရွှီဇီရုန်က ပြင်းပြင်းထန်ထန် သရော်လိုက်ပြီး ရွှီဇီရုန်သည် သတိလစ်နေသော အစ်ကိုဖြစ်သူကို ပွေ့ကာ အပြစ်ကင်းစင်သည့် ပုံစံနဲ့ရွှယ်ထွမ်နှင့် မုန်လာဥနီကို ငြိမ်သက်စွာ ဝါးနေသော ဖန်မောင်တို့ကို ချန်ထားခဲ့သည်။
"မင်းအစ်ကို ဘယ်လိုနေသေးလဲ?" ရွှီဇီယန် သတိမေ့လဲသွားတာကြောင့် ရွှီရှောင်မနေနိုင်ပဲ လိုက်သွားခဲ့ပေမယ့် ရွှီဇီရုန်ထက် ခြေတစ်လှမ်း နောက်ကျသွားသည်။
"ကိုကို အဆင်ပြေပါတယ်။ အဖေ စိတ်မပူပါနဲ့" အတွင်းစိတ်ထဲက မကျေနပ်မှုကို ဖိနှိပ်ရန် ရွှီဇီရုန်သည် အဖေဟူသောစကားကို ခက်ခက်ခဲခဲပြောလိုက်သည်။
ရွှီရှောင်က မျက်မှောင်ကြုတ်ကာ "သူတကယ်ရော အဆင်ပြေရဲ့လား?"
"ဟုတ်ကဲ့" ရွှီဇီရုန် ခေါင်းညိတ်လိုက်သည်။ သူ၏အမည်ခံဖခင်အပေါ် ဘာခံစားချက်မှ မရှိဘူး။ သူ့ကိုကိုရဲ့ခံစားချက်တွေကို ဂရုစိုက်လို့သာ ရွှီရှောင်ကို စကားအနည်းငယ် ပြောနေခြင်းဖြစ်သည်။
"ဒါဆို မင်းလည်း သွားနားတော့လေ" ဒါကိုမြင်တော့ ရွှီရှောင်ကလည်း စကားသိပ်မပြောတော့ပေ။ သူသည် အစပိုင်းတုန်းက ဒီသားနှင့်အတော်လေး ဝေးကွာခဲ့တာကြောင့် ချစ်ခင်မှု သိပ်မခံစားရပေ။ ယခုတွင်မူ သူသည် ရွှီဇီယန်၏လက်နက်ဖြစ်လာမည်ဖြစ်ပြီး၊ ဒီလက်နက်ကို ရွှီဇီယန်၏လက်ထောက်အဖြစ်အသုံးပြုမည်ဆိုပါက၊ သူတကယ်သတိထားရမည်၊ သို့မဟုတ်ပါက နောက်ဆုံးတွင် သူ့ကိုယ်သူနာကျင်သွားစေလိမ့်မည်။
ရွှီရှောင်က ရွှီဇီရုန် အလျင်စလို ထွက်သွားတာကို ကြည့်လိုက်ပြီး မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်းသွားသည်။ ရွှီဇီယန်နှင့် ကောင်းမွန်စွာ ဆွေးနွေးရန် အချိန်လိုအပ်သည်ဟု သူထင်သည်။ သူ့ရဲ့မူလစိတ်ဝိညာဉ်အရင်းအမြစ်တွေနဲ့ ဘယ်လိုလုပ် ကောင်းမွန်စွာ ကျင့်ကြံနိုင်ခဲ့တာလဲ? ဇီယန်ကို သူ့ရဲ့လက်နက်ကြောင့် မထိခိုက်စေဖို့ သတိပေးရန် လိုအပ်သည်။
"ဟုတ်ပြီ၊ ဒီနေရာကို ရှင်းလိုက်ကြ၊ ဒီညမှာ အခြေခံကျင့်ကြံခြင်းအဆင့်ထက်မြင့်တဲ့ ကျင့်ကြံသူတွေအားလုံး တစ်ညလုံး ကင်းလှည့်မယ်။ ရွှီအိမ်တော်တစ်ခုလုံးကို သေချာရှာကြ၊ ယွမ်မိသားစုရဲ့ခြေရာတွေအားလုံးကို ငါရှင်းပစ်စေချင်တယ်။" ရွှီရှောင် အမိန့်ပေးပြီးနောက် ရွှီမိသားစု၏ ကျင့်ကြံသူများသည် စတင်လှုပ်ရှားကြသည်။
အခြေခံကျင့်ကြံခြင်း ကျင့်ကြံသူတွေက အုပ်စုလိုက် ကင်းလှည့်ကြပြီး အဆင့်နိမ့်ကျင့်ကြံသူတွေက ကုသရန်အတွက် ဒဏ်ရာရသူများကို ရှာဖွေကြသည်။
ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့သည် ဒီနေ့တွင် ရွှီ၏အိမ်သို့ ရောက်ရှိလာတာဖြစ်ပြီး ဒီနေရာနဲ့လုံးဝမရင်းနှီးပေ။ ရွှီအိမ်ကကျင့်ကြံသူတွေအားလုံးက သူတို့ကို စူးစူးစိုက်စိုက်ကြည့်နေကြပြီး ဘယ်ကလာမှန်း မသိကြဘူး။
သူတို့အရှေ့မှာ ရုတ်တရက်ပေါ်လာသည့် သခင်လေးရွှီဇီယန်နဲ့ ရွှီဇီရုန်တို့ အကြောင်းကို စဉ်းစားလိုက်ပြီးနောက် ရွှီညီအကိုတွေရဲ့ မိတ်ဆွေဖြစ်မယ်လို့ တွေးလိုက်ကြသည်။
ကျန်ရင်းသည် အလုပ်များနေသော ကျင့်ကြံသူများကို ကြည့်ပြီး ဖန့်ထျန်းရွေ့ကို ခါးသက်သက်ပြုံးပြလိုက်သည်။ အခုလေးတင် ရွှီဇီရုန်က မေ့လဲသွားသည့် သူ့အစ်ကိုကိုပြုစုနေချိန်မှာတော့ သူတို့နှစ်ယောက်ကို မေ့သွားခဲ့သည်။ ကံကောင်းထောက်မစွာ သူ့သခင်ရဲ့မိသားစုက ယုံကြည်စိတ်ချရပြီး ရွှီရှောင်သည် လျစ်လျူရှုခံထားရသည့် သူတို့နှစ်ဦးကို ချက်ချင်းမြင်လိုက်ကာ အစေခံတစ်ဦးကိုရှာပြီး သူတို့အတွက်နေရာထိုင်ခင်း စီစဉ်ပေးခဲ့သည်။
ကျန်ရင်းသည် နာကြည်းသောအကြည့်ဖြင့် လျှို့ရှန်အဆောင်သို့ ခေါ်သွားသည့် အစေခံအနောက်သို့ လိုက်သွားသည်။ ရွှီဇီရုန်၏ ကြင်နာမှုမရှိသော အပြုအမူကြောင့် ကျန်ရင်းသည် စိတ်ထဲ၌ ကျိန်ဆဲလေ့ရှိသည်။ ဒီလိုသခင်နဲ့နေရတာက တကယ့်ကိုဆိုးဝါးလွန်းသည်။ ဒီလိုလူမျိုးဆီ ဘာကြောင့်များ သူ့ကိုယ်သူရောင်းလိုက်မိပါလိမ့်…
အစေခံကို ထွက်သွားခိုင်းလိုက်ပြီးနောက် အချိန်အတော်ကြာ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ဖို့ ဖိအားပေးခံထားရတာကြောင့် ကျန်ရင်းသည် ဖန့်ထျန်းရွေ့အခန်းသို့ တိတ်တဆိတ် လာခဲ့သည်။ အဲဒီနေ့ဟာ တကယ့်ကို အဖိုးတန်သည့် အခွင့်အရေးဖြစ်တာကြောင့် သူ့ကိုယ်သူ ဆုချရမည်!
ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့သည် သူတို့တွေးထားသည့်အတိုင်း စတင်လုပ်ဆောင်နေကြပြီး ရွှီဇီရုန်ကတော့ သူ့ကိုကို,ကို စိုးရိမ်တကြီး ကြည့်နေသည်။
ရံဖန်ရံခါ ရွှီဇီယန်၏မျက်နှာသည် နာကျင်သည့်အမူအရာများပြသနေပြီး ရွှီဇီရုန်ကလည်း အကြိမ်တိုင်း ရွှယ်ထွမ်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လာသည်။
"Meh!" ရွှယ်ထွမ်သည် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ ဒီအရာက စားရတာ နည်းနည်းနာကျင်ပေမယ့် ရွှီဇီယန်အတွက် တကယ်ကောင်းပါသည်။ ကျေးဇူးမတင်ရင်တောင် ဘာလို့ငါ့ကို လာစိုက်ကြည့်နေရတာလဲ! ဒီလောကမှာ တရားမျှမှုရော ရှိသေးလား?
ဖန်မောင်သည် စားပွဲပေါ်တွင် အေးအေးဆေးဆေး လှဲလျောင်းပြီး မုန်လာဥနီကို စားနေသည်။ ထိုအချိန်၌ ရွှီဇီရုန်သည် မပေါက်ကွဲသေးသော မီးတောင်နှင့်တူနေပြီး အခြားဘာကိုမျှ မတွေးတောနိုင်ပေ။
သူသည်ခေါင်းကို ဖြည်းညှင်းစွာလှည့်ကာ ရွှယ်ထွမ်ကို ငုံ့ကြည့်ပြီးနောက် သူ့အကြည့်တွေက ပြတ်သားထင်ရှားနေသည်။
ဒီဖန်မောင်သည် စားသောက်ဖို့အကြောင်းကိုသာ သိပြီး ဘာမှစိုးရိမ်ပုံမပေါ်ပေ။ ယွမ်မိသားစု၏ဘိုးဘေးသည် ကောင်းကောင်းမွန်မွန် ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့သော်လည်း၊ သူသည် ရွှေအမြုတေကျင့်ကြံသူအဖြစ် ရှိနေဆဲဖြစ်သည်။ သူ၏စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားရဲ့ ပြင်းထန်မှုသည် ရွှီဇီယန်ထက်ပိုမိုပြင်းထန်သည်။
တကယ်တော့ ရွှီဇီယန်၌ ခရမ်းရောင်မိုးကြိုးသွားသာ မရှိခဲ့ရင် အဲ့ဒီရွှေအမြုတေကျင့်ကြံသူကြောင့် သူသေလမ်းလျှောက်သွားရပြီးဖြစ်သည်။ သို့သော် ခရမ်းရောင်မိုးကြိုးသွား၏ အကူအညီဖြင့် ရွှေအမြုတေကျင့်ကြံသူ၏ စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားက သူ့အတွက် အရသာရှိနေသည်။
ဖန်မောင်သည် ငြိမ်သက်စွာ ဆက်လက်ဝါးနေပြီး ရွှယ်ထွမ်၏ ခါးသီးနေသောမျက်နှာကို အခါအားလျော်စွာ ကြည့်နေလေသည်။ ဒီလိုကြည့်လိုက်တိုင်း မုန်လာဥနီက တကယ်အရသာရှိပါသည်...
ဟေး! ငါ့ရဲ့ဖီးနစ်တောင်ပံကို မင်းကများ လုယူသွားရဲတယ်လား! ဒီနာကြည်းမှုတွေကို ဘယ်တော့မှ ဖယ်ရှားပေးမှာမဟုတ်ဘူး! ရုတ်တရက်ကြီး ခွင့်လွှတ်ပေးနိုင်မယ်လို့ မင်းထင်နေတာလား? ကလဲ့စားချေခြင်းမရှိဘဲ ကိုယ့်ကိုယ်ကို ဘယ်လိုဖြေသာမှာလဲ?
ဖန်မောင် တွေးပြီး ပျော်ရွှင်နေသည်။
ရွှယ်ထွမ်: "Gag"
ရွှီဇီယန်သည် မီးခိုးရောင်ပုတီးစေ့ကို ထိလိုက်သောအခါ အင်အားကြီးသော စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအား တိုက်ခိုက်ခြင်းခံခဲ့ရသည်။
ထိုစိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားသည် ထက်လွန်းသော ဧရာမဓါးနှင့်တူပြီး သူ၏စိတ်အာရုံဖြန့်ကျက်ခြင်းပင်လယ်ထဲသို့ တည့်တည့်တိုးဝင်ကာ စိတ်အာရုံဖြန့်ကျက်ခြင်းပင်လယ်၌ အဆက်မပြတ် လှုပ်ရှားရှာဖွေလျက်ရှိပြီး သူ၏စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို ရှာဖွေကာမျိုချပြီး သူခန္ဓာကိုယ်ကို ထိန်းချုပ်ရန်ဖြစ်သည်။
#TK