Chapter 128
Viewers 23k

Chapter 128


"Hiss!" ကြီးမားသောပင့်ကူကြီး၏အသံသည်ရှုပ်ထွေးနေသောအတွေးများမှရွှီဇီယန်ကိုနိုးထစေခဲ့သည်။ သူကပြန်လည်အာရုံစိုက်ပြီး ရွှေအမြု‌တအဆင့်ပင့်ကူကိုကြည့်ပြီး ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာကိုစဉ်းစားနေသည်။

သူကဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်သို့ရောက်ရှိသွားလျှင်ပင် သူနှင့်ဤပင့်ကူကြီးကြားကွဲပြားခြားနားမှုများရှိနေသေးသည်။ ဤပင့်ကူကိုသတ်ချင်လျှင် သူသေချာပေါက်လုပ်ရမည်။

ရွှီဇီယန်၏အမူအရာအနည်းငယ်ပြောင်းလဲသွားပြီး ရွှီဇီယန်တစ်ခုခုကိုဆုံးဖြတ်လိုက်သည်။ သူသည်သူ၏ချီပင်လယ်အား ထိန်းချုပ်မှုကိုဖြေလျှော့လိုက်ပြီး အစိမ်းရောင်မိုးကြိုးသွားနှင့်အတူရောယှက်နေသောခရမ်းရောင်မိုးကြိုးသွားနှင့် အခွင့်အလမ်းကိုဖမ်းဆုပ်လိုက်သည်။

ရွှီဇီယန်ရုတ်တရက်ခုန်လိုက်ပြီး ကုဗတုံးထဲကခုန်ထွက်လာသည်။ ပတ်ပတ်လည်ရှိသေးငယ်သောပင့်ကူများသည်သူ့ဆီသို့အပြေးအလွှားလာကြပြီး၊ ပင့်ကူကြီးသည်သူ၏ဦးခေါင်းကိုလှည့်ကာသူရှိရာသို့အမြန်ပြေးလာသည်။

ရွှီဇီယန် ကုဗတုံးထဲမှခုန်ထွက်လာပြီးနောက် လေးကြိုးကိုဆွဲကာမြှားကိုပစ်လိုက်သည့် ထိုလှုပ်ရှားမှုနှစ်ခုသာပြုလုပ်ခဲ့သည်။ ချီပင်လယ်အတွင်းရှိ မိုးကြိုးသွားနှစ်ခုအားနှိုးဆွလိုက်ပုံရပြီး၊ သူတို့သည်သူ၏ခန္ဓာကိုယ်တွင်းက ကျင်းလော့တစ်လျှောက်ပြင်းထန်စွာပြေးလွှားနေကြပြီး သူ၏လက်ဖဝါးအတွင်းကနေပေါ်ထွက်လာသည်။

ရွှီဇီယန်၏လက်၌ခရမ်းရောင်နှင့်အပြာရောင်အလင်းတို့ဖြင့်ပေါင်းစပ်ထားသော အနက်ရောင်မိုးကြိုးသွားမြှားတစ်စင်းရှိနေပြီး သူ့အနားရှိပင့်ကူငယ်များကပိုမိုနီးကပ်စွာမလာဝံ့တော့ချေ။

ရွှီဇီယန်၏မျက်နှာသည်တကယ့်ကိုနာကျင်နေသည့်အကြည့်ကိုပြသသည်။ သူဟာဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်သို့မကြာသေးမီကဝင်ရောက်ခဲ့စဉ်တွင် သူ၏ကျင်းလော့များကလည်းတိုက်ခိုက်နေကြသောစွမ်းအားနှစ်မျိုးကြောင့်လည်းခံစားခဲ့ရသည်။ သူတို့ကအချိန်မရွေးကွဲထွက်သွားတော့မလိုပင်။

သို့သော်ဤကဲ့သို့အလွန်အစွမ်းထက်၊ အလွန်ခေါင်းမာသောပင့်ကူကြီးနှင့်ရင်ဆိုင်ရသောအခါ ရွှီဇီယန်သည်သူ၏အစွမ်းအစဖြင့်သာတိုက်ထုတ်နိုင်လိမ့်မည်။ သူအနိုင်ရပြီးသည်နှင့် သူ၏အဖိုးတန်ရတနာများနှင့် တစ်ချိန်လုံးအသုံးမဝင်သော သူ၏စိတ်ဝိညာဉ်‌တောကောင်တို့ကိုယူဆောင်ပြီးထိုနေရာမှထွက်သွားနိုင်လိမ့်မည်။ (သိုးငယ်: = ။ =)

သူကျရှုံးပြီး … ၁၈ နှစ်အကြာမှာသူကလူကောင်းတစ်ယောက်ထပ်ဖြစ်လာလိမ့်မယ်!

ဟမ်!

မိုးကြိုးသွားနှစ်စင်း၏အငြိုးအတေးဖြင့်ဖွဲ့စည်းထားသော မိုးကြိုးသွားမြှားဆီကအသံထွက်‌ပေါ်လာပြီး ရွှီဇီယန်၏သာမန်မဟုတ်သည့်မြှားကို ပင့်ကူကြီးကသတိထားမိပုံရသည်။

ရွှီဇီယန်ရဲ့စိတ်ဝိညာဉ်စွမ်းအားတွေကို လောင်ကျွမ်းစေတဲ့ပင့်ကူသေးသေးလေးတွေဆီ၌သုံးစေချင်နေသည်။ သို့သော်ခရမ်းရောင်နှင့်အပြာရောင်နတ်တို့၏မိုးကြိုးသွားများဖြင့်ပြုလုပ်ထားသော မိုးကြိုးသွားမြှား‌ကြောင့်ထိုပင့်ကူငယ်များကလုံးဝမချဉ်းကပ်ဝံ့ပေ။

"မိုးကြိုးမြွေမြှားပေါက်ကွဲခြင်း!" ရွှီဇီယန်၏မျက်လုံးများနက်ရှိုင်းစွာကြည့်လိုက်ပြီး သူ၏လက်‌ချောင်းများကိုပြေလျော့လိုက်ရင်းဆူညံသောအသံနှင့်အတူ အနက်ရောင်ရှည်လျားသောမြှားတစ်စင်းကိုပစ်လိုက်သည်။ ပစ်လိုက်သည့်မိုးကြိုးမြှားသည် ပင့်ကူကြီးဆီသို့ဦးတည်လာသည်။

မြှားကိုပစ်လိုက်သည်နှင့် ရွှီဇီယန်အလွန်မောဟိုက်သွားပြီးချက်ချင်းလဲကျသွားသည်။ ယခုချက်ချင်းဆိုသလိုပင်မြှားသည် သူ၏ခန္ဓာကိုယ်ရှိစိတ်ဝိညာဉ်စွမ်းအင်အားလုံးကိုဖယ်ရှားပစ်လိုက်သည်။ မိုးကြိုးသွားစွမ်းအားနှစ်ခုဟာ သူ၏ကျင်းလော့များဆီတွင် ပြင်းထန်စွာတိုက်ခိုက်နေခဲ့တာက အလွန်ကိုနာကျင်စေခဲ့သည်။ သူသာဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်ကိုမရောက်ရှိထားပါက သူ၏ကျင်းလော့အားလုံးကျိုးပဲ့သွားလိမ့်မည်။

သူရှင်သန်နိုင်ခဲ့သော်လည်း အခြေအနေကောင်းတစ်ခုတော့မဟုတ်ပေ။ မိုးကြိုးသွားနှစ်ခု၏စွမ်းအားက သူကိုင်တွယ်နိုင်သည့်ကန့်သတ်ချက်ထက်ကျော်လွန်နေသည်။ လက်ရှိပစ်ချက်၌ ခရမ်းရောင်မိုးကြိုးသွား၏စွမ်းအားများစွာကိုဝါးမျိုးထားတယ်ဆိုပေမယ့် ကျန်ရှိနေသေးသည့်စွမ်းအင်များကို သူမဝါးမျိုနိုင်တော့ချေ။

အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေက ကျင့်ကြံသူကတော့ စွမ်းအားတွေကိုဖြည်းဖြည်းချင်းအသုံးပြုရမယ်လို့မှာကြားခဲ့သည်။ ၎င်းသည်အသက်အန္တရာယ်ရှိသောအခြေအနေမဟုတ်လျှင် ရွှီဇီယန်သည်ခရမ်းရောင်မိုးကြိုးသွားအား တိုက်ရိုက်မျိူချမည်မဟုတ်ပေ။

ဤအချိန်၌ ရွှီဇီယန်သည်အလွန်အကျွံစားခဲ့သောဗိုက်‌လေးနေသည့်လူတစ်ယောက်နှင့်တူသည်။ သူ၏ချီပင်လယ်အတွင်းရှိ အစိမ်းရောင်မိုးကြိုးသွားသည် ခရမ်းရောင်မိုးကြိုးသွား၏မူလစွမ်းအင်ပင်ဖြစ်သည်။ အခြားစိတ်ဝိညာဉ်စွမ်းအားများကဲ့သို့ ရွှီဇီယန်၏ခန္ဓာကိုယ်ထဲသို့ပြင်းပြင်းထန်ထန်ထိုးသွင်းခံခဲ့ရသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကျင်းလော့များသည်စိတ်ဝိညာဉ်စွမ်းအားအပြည့်‌နေပြီး ရွှီဇီယန်ကတော့မြေပြင်ပေါ်တွင်မလှုပ်ရှားနိုင်ပေ။ ကံကောင်းထောက်မစွာ ခရမ်းရောင်မိုးကြိုးသွား၏အကြမ်းတမ်းဆုံးအပိုင်းကို ယခုမြှားကစုပ်ယူလိုက်သည်။ ယခုသူမလှုပ်ရှားနိုင်သော်လည်း အစိမ်းရောင်စိတ်ဝိညာဉ်စွမ်းအားကို သူ့ခန္ဓာကိုယ်ထဲ၌ချုံ့ထားနိုင်သ၍ ပျက်စီးဆုံးရှုံးမှုမရှိရုံသာမကသူသည်ပို၍ပင်အဆင့်မြင့်လာအောင်ပြုလုပ်နိုင်သည်။

--- ကြိုတင်ခန့်မှန်းခြေအခြေအနေကတော့ သူဒီတိုက်ပွဲမှာရှင်သန်ရမည်။

ပင့်ကူကြီးသည်အနက်ရောင်နှင့်ခရမ်းရောင်မြှားများ ၎င်းဆီသို့ဦးတည်ပျံသန်းနေသည်ကိုမြင်သည်နှင့် ၎င်း၏ကျန်ရှိသောမျက်လုံးများသည်ရုတ်တရက်ကြောက်ရွံ့မှုကိုပြသနေသည်။

သို့သော်မြားတစ်ချောင်းတည်းဖြင့် ရွှီဇီယန်၏မြှားကို ဝူထျီမြို့၌ ရွှီဇီရုန်နဲ့ပူးပေါင်းဆောင်ရွက်သည့်ပုံစံအတိုင်း လှုပ်ရှားမှုကိုတစ်ခါတည်းရပ်တန့်ဖို့ရန်ခက်ခဲလိမ့်အည်။ ပစ်မှတ်ကိုထိမှန်ရန်လွှဲ‌ချော်မြှားဟာ မည်မျှပင်အစွမ်းထက်ပါစေအသုံးမဝင်ချေ။

ပင့်ကူကြီး၏ခြေရှစ်ချောင်းသည်မြှားကိုဘေးတိုက်မရှောင်ဘဲ လျင်မြန်စွာရွေ့လျားသွားသည်။ ရွှီဇီယန်ကတိုက်ပွဲ၌ရှုံးသွားပြီဆိုသည့်အကြည့်ဖြင့် ၎င်းကလောဘကြီးသည့်မျက်လုံးတွေဖြင့်ကြည့်နေသည်။ ဤအရသာရှိသောအစာသည်နောက်ဆုံးတွင်သူ၏လက်ထဲသို့ရောက်လာပြီဖြစ်သည်။

ရွှီဇီယန်၏နှုတ်ခမ်းကအနည်းငယ်ကော့တက်သွားသည်။ လေးသမားတစ်ဦးအနေနှင့်သူ၏ရန်သူသည် သူ၏မြှားကိုရှောင်တိမ်းလိမ့်မယ်လို့ သူဘာလို့မမျှော်လင့်ပဲရှိနေမှာလဲ?

ပင့်ကူကြီး‌ကိုဖြတ်သွားသည့် မိုးကြိုးမြှားမြွေပေါက်ကွဲခြင်းသည် မိုးကြိုးသွားမြှားနဲ့မိုးကြိုးမြွေပေါက်ကွဲခြင်းနှစ်မျိုးကိုပေါင်းစပ်ထားသည်နှင့်ညီမျှသည်။

ပေါက်ကွဲသံတစ်ခုနှင့်အတူ အနက်ရောင်မြှားတစ်စင်းပေါက်ကွဲသွားပြီး ခြေထောက်ကိုးချောင်းပါသည့်ကြီးမားတဲ့မိုးကြိုးစပါးကြီးမြွေ‌ကိုးကောင်ထွက်လာသည်။

ဧရာမပင့်ကူကြီးသည်ကြောက်လန့်၍ ပါးစပ်ကအသံအချို့ထွက်နေသည်။ ၎င်းသည်မိုးကြိုးစပါးကြီးမြွေကိုးကောင်၏တိုက်ခိုက်မှုမှ လွတ်မြောက်ရန်ကြိုးပမ်းခဲ့သည်။ ဒါပေမယ့် ရွှီဇီယန်၏အကောင်းဆုံးကြိုးစားလုပ်ဆောင်မှုက သူထွက်ပြေးဖို့ဘယ်လိုလုပ်အခွင့်အရေးမှာလဲ?

မိုးကြိုးစပါးကြီးမြွေကိုးကောင်က ပင့်ကူကြီးအား လှောင်အိမ်ထဲ၌ပိတ်မိနေသလို ထောင်ချောက်ဆင်လိုက်သည်။ ဤမိုးကြိုးစပါးကြီးမြွေများသည်ရစ်ပတ်ကာဖောက်ခွဲလိုက်သည်။ ဧရာမပင့်ကူကြီးသည်ရုတ်တရက်ပေါက်ကွဲသွားပြီး ၎င်း၏ခြေထောက်ပေါင်းများစွာကျိုးပဲ့ပျက်စီးသွားသည်။

မိုးကြိုးမြွေကိုးကောင်သည်ပေါက်ကွဲမှုကြောင့်စွမ်းအင်များစွာထုတ်လွှတ်ပြီးနောက် ၎င်းတို့သည်လူ၏လက်ချောင်း‌လောက်ထူထည်းသည့်မိုးကြိုးမြွေကိုးကောင်အဖြစ်ပြောင်းလဲသွားကြသည်။

ဧရာမပင့်ကူကြီးကပြိုလဲသွားပြီးမြေပေါ်လဲကျသွားကာ အစိမ်းရောင်သွေးတွေအများကြီးထွက်နေသည်။ ၎င်းမျက်လုံးတွေကန်းလာပြီး ၎င်းရဲ့အခွံထူထူကလည်းကွဲအက်ဒဏ်ရာတွေအများကြီးကိုပြသနေသည်။

ဒါတောင်မှဒီပင့်ကူကြီးမသေသေးချေ။ ၎င်းသည်စိတ်ထဲမှဒေါသကိုထုတ်လွှင့်နေသကဲ့သို့ စိတ်ဆင်းရဲစရာကောင်းအောင်ငြီးတွားနေဆဲဖြစ်သည်။

"မိုးကြိုးမြွေသတ်ဖြတ်ခြင်း!"

နောက်ဆုံးတွင် ရွှီဇီယန်သည်ခရမ်းရောင်မိုးကြိုးသွားပြောင်းလဲခြင်းကိုးခုဆီမှ သင်ယူခဲ့နောက်ဆုံးလှည့်ကွက်ပင်ဖြစ်သည်။

သေးငယ်သောမိုးကြိုးမြွေကိုးကောင်သည် ရုတ်တရက်တင်းကျပ်လာပြီး ၎င်းတို့သည်ပင့်ကူကြီးအားတစ်ကောင်ပြီးတစ်ကောင်လည်ပင်းညှစ်သတ်ပစ်ကြသည်။ ဧရာမပင့်ကူကြီးကထိတ်လန့်စွာအော်ဟစ်နေသော်လည်း မိုးကြိုးမြွေကိုးကောင်သည် ၎င်း၏ခန္ဓာကိုယ်ထဲသို့လျင်မြန်စွာဖြတ်တောက်သွားသောအချွန်ထက်သည့်ဓါးများနှင့်တူသည်။

နောက်ဆုံးမိုးကြိုးမြွေကိုးကောင်သည်သူတို့၏စွမ်းအင်များကုန်သွားပြီး ပျောက်ကွယ်သွားပြီးနောက်ပင့်ကူကြီးသည်မူလပုံစံကနေပျက်စီးသွားသည်။ အသားစတွေကမြေပြင်ပေါ်တွင်တစ်စစီကွဲကြေနေသည်။

"ဟူး … ဟူး …" ရွှီဇီယန်သက်ပြင်းချလိုက်သည်။

မိုးကြိုးမြွေသတ်ဖြတ်ခြင်းသည် မိုးကြိုးမြှားမြွေပေါက်ကွဲခြင်း၏နောက်ဆက်တွဲဖြစ်ပြီး ရွှီဇီယန်၏နောက်ဆုံးနည်းလမ်းလည်းဖြစ်သည်။

သူ့အားဒီလှည့်ကွက်ကိုသုံးရန် ဖိအားပေးနိုင်လောက်သည့် ရန်သူမျိုးအရင်ကတစ်ခါမျှမကြုံဖူးပေ။ ဤလှည့်ကွက်၏အကြီးမားဆုံးသောလက္ခဏာမှာရုတ်တရက်ဖြစ်ရပ်ပင်ဖြစ်သည်။ အစွမ်းထက်မိုးကြိုးမြှားမြွေပေါက်ကွဲခြင်းကို အခြားလူသတ်လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလို့ရမှန်းမည်သူမျှထင်မည်မဟုတ်ချေ။ ရန်သူသည်မိုးကြိုးမြှားမြွေပေါက်ကွဲခြင်းကိုပစ်လိုက်သောအခါခုခံတွန်းလှန်ပြီး‌နောက် စိတ်လျှော့လိုက်လျှင်မိုးကြိုးမြွေသတ်ဖြတ်ခြင်းကသူ့အားအံ့သြစရာကောင်းတစ်ခုဖြစ်စေမည်မှာသေချာသည်။

ဧရာမပင့်ကူကြီးတစ်ကောင်လုံးလုံးအသက်ဆုံးရှုံးသွားပြီးနောက် အခွင့်အလမ်းကိုစောင့်မျှော်နေသောပင့်ကူငယ်လေးများသည်တစ်ကောင်ပြီးတစ်ကောင်မြေပေါ်သို့လဲကျသွားသည်။ ဤပင့်ကူလေးများသည်ကြီးမားသောပင့်ကူကြီးအပေါ်လုံးလုံးမှီခိုနေပြီး ပင့်ကူကြီးသေဆုံးသည်နှင့်တစ်ပြိုင်နက်သူတို့လည်းသေလိမ့်မည်။

သိုးငယ်လေးက၎င်းရဲ့မျက်လုံးထဲမှာအံ့သြစရာကောင်းသည့်အကြည့်တွေပြသနေသည်။ ရွှီဇီယန်ဒီလောက်အစွမ်းထက်လိမ့်မယ်လို့ဘယ်တုန်းကမှမမျှော်လင့်ခဲ့သလို သူကရွှေအမြုတေအဆင့်ပင့်ကူကြီးတွေကိုတောင်သတ်ပစ်ခဲ့သည်။

အခြေခံကျင့်ကြံခြင်းနောက်ဆုံးအဆင့်(သူကဝိညာဉ်ကြောချဲ့ထွင်ခြင်းအလယ်အလတ်အဆင့်ကို ရောက်ရှိနေပါပြီ)နှင့်အတူ ရွှေအမြု‌အဆင့်တောကောင်ကိုသတ်နိုင်ခဲ့သဖြင့် ၎င်းသည်သူ၏သခင်၏စွမ်းအားကြောင့်အလွန်အံ့သြသွားခဲ့သည်။

ရွှီဇီယန်သည်ပင့်ကူကြီးတစ်ကောင်၏ပြေးလွှားမှုအောက်မှလွတ်မြောက်နိုင်လိမ့်မည်ဟု အစတုန်းကထင်ခဲ့သော်လည်း သူ၏သခင်အသစ်ကဤမျှအံ့သြစရာကောင်းလိမ့်မည်ဟုမမျှော်လင့်ခဲ့ဘူး။

အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်းသေချာပြီးနောက် ရွှီဇီယန်လည်းစိတ်ကိုဖြေလျော့လိုက်ကာမေ့လဲသွားတော့သည်။

အမှန်တော့သူမေ့လဲချင်နေတာကြာလှပြီ။ သူသည်ခရမ်း‌ရောင်မိုးကြိုးသွားကိုမျိုချလိုက်ပြီး ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်သို့ရောက်ပြီးနောက် နောက်ဆုံးပစ်ချက်ဖြစ်သည့် အကြမ်းတမ်းဆုံးခရမ်းမိုးကြိုးသွားဖြစ်ဖို့ သူ၏စိတ်ဝိညာဉ်စွမ်းအင်အားလုံးကိုအသုံးပြုခဲ့ရသည်ည်။ ထိုအခြေအနေကိုသူဆက်လက်တောင့်ခံထားနိုင်တာကပင် အံ့ဖွယ်ဖြစ်ရပ်ဖြစ်သည်။

သခင်အသစ်မေ့လဲသွားတာကိုတွေ့ပြီးတဲ့နောက် သိုးငယ်လေးကသူ့နားကိုချဉ်းကပ်လာသည်။

အိပ်ပျော်နေသောမျက်နှာကိုအချိန်အတော်ကြာငေးကြည့်ပြီးနောက် သိုးငယ်ကအသက်ရှူလိုက်ရင်း၊ ဤသူဟာ မကြာမီအချိန်အတွင်းသေရတော့မည့်ပုံမပေါ်ပေ။ ဒါဆိုရင်သူ့အနောက်ကိုဘာလို့မလိုက်ရမှာလဲ။

"hiss hiss …"

ရင်းနှီးကျွမ်းဝင်သောအသံတစ်သံထပ်မံထွက်ပေါ်လာပြီး "ka-cha" ၏ဆူညံသံသည်လည်းပြန်ပေါ်လာသည်။

သိုးငယ်လေးသည်အမှောင်ထဲတွင်မမြင်ရသော မုန်းတီးမှုများဖြင့်ပြသ‌နေသောသတ္တဝါဆီသို့ကြည့်လိုက်သည်။

"အစာ…" သိုးငယ်လေး၏အပေါ်၌ကြမ်းတမ်းသောအသံကြီးတစ်ခုရှိနေသည်။

သိုးငယ်လေးကသူ့ခေါင်းကိုမော့လိုက်ပြီး အပေါ်ဘက်မနီးမဝေးမှာအရင်ထက်ပိုကြီးတဲ့ပင့်ကူတစ်ကောင်ကလေထဲမှာဇောက်ထိုးဆွဲထားသည်။

ပင့်ကူသည်ခြေထောက်ခြောက်ချောင်းသာရှိသော်လည်း ဦးခေါင်းရှိသင့်သည့်နေရာတွင်သေးသွယ်သောအမျိုးသမီးခန္ဓာကိုယ်ရှိသည်။ ၎င်း၏ခန္ဓာကိုယ်သည်မပြည့်စုံသောကြောင့် ခန္ဓာကိုယ်အောက်ပိုင်းကိုပင့်ကူ၏ခန္ဓာကိုယ်၌ဝှက်ထားသည်။ နူးညံ့သိမ်မွေ့သောအမျိုးသမီး၏မျက်နှာ၌ ပါးစပ်သေးသေးလေးတစ်ခုရှိသော်လည်း နားရွက်သို့ရောက်ပြီးအစွယ်ကြီးနှစ်ချောင်းကိုထုတ်ပြသည်။

အမျိုးသမီးပင့်ကူသည်အော်မြည်သံကိုပြု၍ ၎င်း၏သေးငယ်သည့်ပါးစပ်၌အရည်အနည်းငယ်ပွင့်ထွက်လာသည်။ ထိုအရည်သည်မြေပြင်ပေါ်သို့စီးကျသွားပြီးမြေကြီးပေါ်တွင်ကျောက်တုံးများကို ချက်ချင်းပကတိမျက်စိဖြင့်မြင်နိုင်သောအမြန်နှုန်းဖြင့်ပျော်ဝင်သွားပြီး မြေကြီးပေါ်တွင်ကျန်ရစ်ခဲ့သည်။

"သွားစမ်း!" သိုးငယ်သည်ရုတ်တရက်သူ၏ပါးစပ်ကိုဖွင့်လိုက်ပြီး ၎င်း၏အတွေးများကိုရှင်းလင်းစွာထုတ်ဖော်ပြောဆိုလိုက်သည်။

အမျိုးသမီးပင့်ကူသည်အနည်းငယ်အလိုမရှိပုံရသည်။ သူမဆက်ပြီးအော်ဟစ်လိုက်ပြီး သိုးငယ်လေးတွေရဲ့ပတ်ပတ်လည်မှာပင့်ကူသေးသေးလေးတွေအများကြီးထွက်လာသည်။

"ဝေါ်!" သိုးငယ်လေး၏မျက်လုံးများအရောင်တောက်လာသည်။ ၎င်းသည်ပါးစပ်ကိုဖွင့်လိုက်သည်နှင့် ၎င်း၏ခန္ဓာကိုယ်သည်ပိုကြီးလာပြီး ရုတ်တရက်သိုးခန္ဓာကိုယ်နှင့်လူသားမျက်နှာရှိသော ကြီးမားသည့်တောကောင်အဖြစ်သို့ပြောင်းလဲသွားသည်။

၎င်းသည်အလွန်စုပ်ယူ၍ ပင့်ကူငယ်များစွာကိုဒီရေကဲ့သို့၎င်း၏ပါးစပ်ထဲသို့စုပ်ယူလိုက်သည်။ လေထဲတွင်တွဲလောင်းကျနေသောပင့်ကူအမျိုးသမီးသည် ထိုစုပ်ယူမှုကြောင့်တုန်ယင်လာခဲ့ပြီး ၎င်းသည်ရုတ်တရက်ထိတ်လန့်သွားကာကျောက်နံရံကိုကပ်သွားသည်။

သိုးငယ်လေးသည်တစ်ခါတည်း မရေမတွက်နိုင်သောသေးငယ်သည့်ပင့်ကူများကိုမျိုချလိုက်သည်။ ပါးစပ်ကိုပိတ်လိုက်ပြီး သူမဘယ်လိုအရသာရှိမလဲဆိုတာခန့်မှန်းမိသလိုပဲဝါးစားရင်းနဲ့ ပင့်ကူအမျိုးသမီးကိုကြည့်လိုက်သည်။

အမျိုးသမီးပင့်ကူသည်အလွန်ထိတ်လန့်သွားသည်။ သူမခင်ပွန်း၏အော်ဟစ်အကူအညီတောင်းသံကိုကြားသောကြောင့် သူမအမြန်ပြေးလာခြင်းဖြစ်သည်။ သူမအရင်တုန်းကတွေးခဲ့မိတာက သူမသာ အမတဝိညာဉ်အခြေတည်စအဆင့်သို့ရောက်ရှိသွားပြီးနောက် ဘယ်ရန်သူမျိုးမှ သူမကိုမခြိမ်းခြောက်နိုင်တော့ဘူးလို့ထင်ခဲ့မိသည်။ သူမဟာဒီလိုလူသတ်သမားကိုတွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ခဲ့ဖူးချေ။

တောကောင်များအတွက် သူတို့၏အသိဥာဏ်နိုးကြားလာပြီးနောက် သူတို့သည်သွေးသားများထံမှလုံလောက်သောအသိပညာများကိုရရှိလိမ့်မည်ဖြစ်သောကြောင့် ပင့်ကူအမျိုးသမီးဟာ ဤအစားကြူးသူက,မည်ဝါဖြစ်ကြောင်းကိုအလွယ်တကူသိရှိနိုင်သည်။

ဤအစားကြူးသူဟာ တောကောင်ကိုကြောက်နေသည့် ပင့်ကူအမျိုးသမီးနဲ့အဆင့်မတူချေ။ သူမကမည်မျှပင်တိုက်ချင်နေပါစေ၊ အစားကြူးသူ၏တုံ့ပြန်မှုကိုတော့ သူမသည်းမခံနိုင်ပေ။ ၎င်းဟာသူမ၏ခင်ပွန်းတစ်ဦးသာဖြစ်ပြီး သူမ၌ရွေးချယ်ရန်ခင်ပွန်းနှစ်ဆယ်မှသုံးဆယ်အထိရှိနေသေးသည်။

လိင်ဆက်ဆံပြီးတဲ့နောက် သူမဟာအဲဒီပင့်ကူကိုလည်းစားလေ့ရှိသည်။ ဒါကြောင့်သူမဟာယောကျာ်းတစ်ယောက်အတွက်နဲ့ အစားကြူးသူနဲ့မတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်သည် …

အမျိုးသမီးပင့်ကူသည်ဘောလုံးထဲသို့ကျုံ့သွားပြီး သူမကအစားကြူးသူကိုစိန်ခေါ်ရန်မရဲတော့‌ချေ။ တကယ်တော့သူမဘယ်တုန်းကမှမရောက်လာဘူးလို့သာမှတ်ယူချင်တော့သည်။ ဤမျှပြင်းထန်သောတောကောင်နှင့်ရင်ဆိုင်ရသောအခါ သူမဆက်လက်ရှင်သန်နိုင်မလားဆိုသည်ကိုကြည့်ရန် ၎င်း၏စိတ်အခြေအနေပေါ်တွင်သာမူတည်တော့သည်။

#TK