Chapter 116
မီးခိုးရောင် ပြာလဲ့လဲ့သန်းနေသည့် ကျားသစ်ပုံစံ တောကောင်ဟာ ခုန်ထွက်လာသည်။ ရွှီဇီယန်၏မိုးကြိုးသွားမြှားဟာ အလွန်သိသာလှသည်။ ထိုတောကောင်၏ဘေးနားက တစ်ကောင်ကို သူသေအောင်ပစ်လိုက်သည့်အချိန်၌ ထိုတောကောင်ဟာ ချက်ချင်း သူ၏စိတ်ဝင်စားမှုကို နိုးကြွသွားစေသည်။ ထိုတောကောင်ဟာ ရွှီဇီယန် တစ်ယောက်ချင်း တိုက်ခိုက်ချင်သည့်ပုံစံဖြင့် မာန်ဖီလိုက်သည်။
ရွှီဇီယန်၏မျက်ခုံးတွေပင့်တက်သွားပြီး သူ၏လက်ချောင်းတွေကိုလှုပ်ရှားလိုက်ရင်း မြှားသုံးချောင်းဟာ ကျားသစ်ပုံစံ တောကောင်ဆီသို့ ပျံထွက်သွားသည်။
ချီစွမ်းအင်စုဆောင်းမှု အစောပိုင်းအဆင့် တောကောင်ဟာ အထင်သေးသည့်အကြည့်ဖြင့် ဘေးဘက်သို့ လွယ်ကူစွာခုန်လိုက်ပြီး မြှားသုံးချောင်းကို ရှောင်လိုက်သည်။ ရုတ်တရက် တစ်ဟုန်ထိုးပြေးလိုက်လာတာကြောင့် သူတို့နှစ်ယောက်ကြားမှာ မီတာ၁၀၀လောက်သာ ကွာဝေးတော့သည်။
ဒီလောက်အကွာအဝေးလောက်ကတော့ တောကောင်တွေအတွက် ဖြတ်သန်းဖို့ မျက်တောင်တစ်ခတ်လောက်သာကြာသည်။ ဒါပေမယ့် ပြာလဲ့လဲ့သန်းနေသည့်ကျားသစ်ဟာ ထပ်ပြီးမပြေးလာခင် သိပ်သည်းကျစ်လျစ်သည့် နွယ်ပင်ဟာ မြေပြင်ပေါ်ကနေပေါ်ထွက်လာပြီး ထိုတောကောင်အားအဝေးသို့ ရိုက်လွှင့်ပစ်လေသည်…
ရွှီဇီယန်၏နှုတ်ခမ်းမဲ့သွားသည်။ ဒီတောကောင်က အရမ်းတုံးပါလား? ဒါကစစ်ပွဲကိုရောက်နေတာ! လေးသမားတစ်ယောက်အနေနဲ့ ဖြစ်နိုင်သမျှ များများသတ်နိုင်ဖို့ ရည်ရွယ်ထားသည်။ မင်းနဲ့တစ်ယောက်ချင်းတိုက်ခိုက်ဖို့ ဘယ်သူကများ အချိန်ရှိနေလို့လဲ?
ပြီးတော့ ငါ့မှာငါ့ညီလေးရှိတယ် မင်းမှာရောဘာရှိလို့လဲ? မင်းငါ့ကိုအနိုင်တိုက်ချင်ရင် ငါ့ညီလေးကို အရင်ဆုံးနိုင်အောင်တိုက်လိုက်ဦး!
ရွှီဇီယန်က ရွှီဇီရုန်၏နောက်ကျောကို အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး တွေးလိုက်သည် — မင်းကငါဘာတွေးနေလဲဆိုတာ တိတိကျကျ သဘောပေါက်နားလည်တာကြောင့် မင်းကတကယ့်ကို ငါချစ်ရတဲ့ညီလေးပီသလှသည်။
ရွှီဇီယန် သူ့အားကြည့်နေတာကို မြင်လိုက်သည့်အခါ ရွှီဇီရုန်က နွေးထွေးစွာပြုံးပြလိုက်သည်။ ဒီမနက်က ဘာဖြစ်ခဲ့လဲဆိုတာကို ရွှီဇီယန် ရုတ်တရက် သတိရလိုက်ပြီးနောက် သူ၏ခေါင်းကို ချက်ချင်းတစ်ဖက်သို့လှည့်ကာ သူ၏ဒေါသတွေကို တောကောင်တွေထံ ဖွင့်ချလေတော့သည်။
ပြာလဲ့လဲ့ကျားသစ်ဟာ အပြင်းအထန်ကြီး ဒဏ်ရာရသွားတာမဟုတ်ပေမယ့် ရွှီဇီရုန်၏တိုက်ခိုက်မှုက ပုန်းလျှိုးကွယ်လျှိုးအန္တရာယ်ပြုတာကြောင့် ထိုတောကောင်ကို ကျန်မိသားစုက ချီစွမ်းအင်စုဆောင်းမှု အလယ်အလတ်အဆင့် ကျင့်ကြံသူဆီသို့ ဆွဲခေါ်သွားသည်။ ထိုကျင့်ကြံသူဟာ အခုလေးတင်မှ မြေခွေးတောကောင်ကို သတ်ပစ်တာဖြစ်ပြီး နောက်ထပ်ပစ်မှတ်တစ်ခုကို ရှာဖွေနေသည်။ ထို့နောက် ရွှီဇီရုန်က ပြာလဲ့လဲ့ကျားသစ်ကို သူ့အရှေ့ကိုပို့ပေးလိုက်ပြီး သူကဝမ်းမြောက်စွာဖြင့် ထိုတောကောင်အား ယူလိုက်သည်။
ရွှီဇီယန်က ထောင့်နား၌ပုန်းကာ မြှားတွေကိုပစ်လွှတ်နေပြီး သူ့ကိုလာတိုက်ခိုက်ဖို့ ကြိုးစားကြသည့် တောကောင်တွေအားလုံးဟာလည်း ရွှီဇီရုန်၏သွေးနွယ်ပင်တွေဖြင့် အဝေးသို့ရိုက်ထုတ်ခံရသည်။ တစ်ချို့တောကောင်တွေကတော့ ကျန်မိသားစု၏ကျင့်ကြံသူတွေဆီသို့ ဆွဲခေါ်ခံသွားရပြီး တစ်ချို့တွေကတော့ သူတို့တွေ၏တောကောင်အဖွဲ့ဆီသို့သာ ထွက်ပြေးသွားကြသည်။ ခဏလေးအတွင်း သွေးနွယ်ပင်တွေ၏စောင့်ကြပ်မှုကြောင့် ဘယ်တောကောင်မှ ရွှီဇီယန်အနားသို့ မကပ်ရဲကြတော့ပေ။
အခြေအနေပိုပြီးတော့ကောင်းမွန်လာသည်။ အခြားသောမိသားစုနှစ်စုက အကူအညီပေးမည့် ကျင့်ကြံသူတွေကလည်း စစ်ပွဲ၌လာရောက်ပါဝင်လာကြသည်။ ရွှီဇီယန်၏အချိန်ကိုက် ရှင်းပြချက်ကြောင့် ပူမိသားစုကသစ္စာဖောက်မှန်း အားလုံးဟာ သိသွားကြတော့သည်။ ကြည့်ရသလောက်ကတော့ အဲ့ဒီတောကောင်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် သစ္စာဖောက်တွေက ပိုပြီးတော့ရွံစရာကောင်းသည်!
ပူမိသားစု၏သစ္စာဖောက် ကျင့်ကြံသူတွေဟာ နေရာမျိုးစုံကနေ နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ခံရတော့သည်။ မိသားစုတိုင်းကကျင့်ကြံသူတွေဟာ သူတို့တွေကို မန္တန်မျိုးစုံဖြင့် တိုက်ခိုက်ကြသည်။
တောကောင်တွေကလည်း ပူမိသားစုကို အနည်းအကျဉ်းတော့ ကူညီပေးပေမယ့် သူတို့တွေကိုဦးဆောင်သည့် နတ်ဆိုးကျင့်ကြံသူတွေဟာ ကျန်ထျန်းရှင်၏လက်ထဲ၌ သေဆုံးသွားတော့သည်။ ဒါကြောင့် အဲ့ဒီတောကောင်တွေဟာ ဒီအချိန်၌ ဆက်လက်ပြီးမပူးပေါင်းနိုင်တော့တာကြောင့် သူတို့တွေက အချင်းချင်းတိုက်ခိုက်ကြရင်း ပရမ်းပတာဖြစ်လာပြီး သူတို့တွေကို ဦးဆောင်မည့် နတ်ဆိုးကျင့်ကြံသူတွေကလည်း မရှိတော့တာကြောင့် တစ်ချို့သောသတ္တိနည်းသည့် တောကောင်တွေဟာ အခွင့်အရေးယူကာ ထွက်ပြေးကြတော့သည်။
"ဝေါ်!" မြို့ဂိတ်အပြင်ဘက်က ထျယ်ရှီး၏နက်ရှိုင်းစွာ အော်ဟစ်သံကြောင့် ကျောက်ရုပ်ဖြစ်သွားကြသည်။ ကျန်ထျန်းရှင်၏မျက်နှာအမူအရာဟာ မဲနက်သွားတော့သည်။ မြို့ဂိတ်ကို ထျယ်ရှီး၏တိုက်ခိုက်မှုက သူ့အားစွဲမှတ်နေစေသည်။ ဒီအချိန်၌ မြောက်ဘက်ဂိတ်၏အခင်းအကျင်းကလည်း ကျိုးပျက်နေပြီးဖြစ်သည်။ အကယ်၍ ထျယ်ရှီးအား မြို့တံတိုင်းကို တိုက်ခိုက်ရန် သူခွင့်ပြုလိုက်ပါက တစ်စစီဖြစ်သွားလိမ့်မည်။
မြို့တံတိုင်းပျက်စီးသွားမှာအတွက် ကျန်ထျန်းရှင်စိတ်မပူပေမယ့် အကယ်၍ ထိုအရာကသာပျက်စီးသွားပါ တောကောင်ရေတစ်သောင်းလောက်ဟာ အစုလိုက်အပြုံလိုက်ဝင်လာလိမ့်မည်။ လူသားကျင့်ကြံသူတွေက အရေအတွက် အကန့်အသတ်နဲ့ရှိတာကြောင့် သူတို့တွေကို တားဆီးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။
များပြားသည့်တောကောင်တွေ မြို့ထဲသို့ဝင်လာသည့်နဲ့ သာမန်ဒေသခံတွေ အသတ်ခံရမည်မှာ သံသယဝင်စရာပင်မရှိပေ။ ကျင့်ကြံသူတွေအတွက် အဆင့်နိမ့်တောကောင်တွေကို သတ်ပစ်ဖို့ လွယ်ကူပေမယ့် သာမန်ဒေသခံအတွက်တော့ သူတို့တွေက အင်အားကြီးသည့်ရန်သူတွေဖြစ်လိမ့်မည်။
"မြို့တံတိုင်းကိုကာကွယ်ကြ!" ကျန်ထျန်းရှင်အော်လိုက်ပြီး သူ့အရှေ့က စွမ်းအားကြီးသည့်ရန်သူကို ဦးတည်ရှင်းပစ်လိုက်ကာ သူ၏စိတ်ဝိညာဉ်စွမ်းအင်တွေကို ပျက်စီးနေသည့်အခင်းအကျင်းထဲသို့ သွင်းပေးလေသည်။
မြို့ဂိတ်၏ဟာကွက်ကြောင့် အခင်းအကျင်းက ကြီးမားစွာထိခိုက်ခဲ့ပေမယ့် အခင်းအကျင်းက မြို့တံတိုင်းပေါ်၌ ရှိနေဆဲဖြစ်တာကြောင့် အကယ်၍ တစ်စုံတစ်ယောက်သာ ကျွမ်းကျင်စွာဖြင့် စိတ်ဝိညာဉ်စွမ်းအင်တွေ ထိုအထဲသို့သွင်းပေးလိုက်ပါက ထိုအခင်းအကျင်းက တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်။
ကျန်မိသားစုကကျင့်ကြံသူတွေဟာ ထျယ်ရှီးဘယ်လောက် အင်အားကြီးတယ်ဆိုတာ တွေ့ကြုံဖူးတာကြောင့် ခေါင်းဆောင်ဘာကိုဆိုလိုလဲဆိုတာ သူတို့တွေသဘောပေါက်သည်။ သူတို့တွေရန်သူအားလုံးကိုရှင်းပစ်လိုက်ကြပြီး တံတိုင်းကိုသူတို့လက်တွေဖြင့်ဖိထားကာ စိတ်ဝိညာဉ်စွမ်းအင်တွေကို သွင်းပေးနေသည်။ အခြားသောမိသားစုနှစ်စုက လူတွေကလည်း လာရောက်ကူညီပေးကြပြီး — ကျန်ခေါင်းဆောင်က ဘာလို့ဒီလောက်ထိ တုံ့ပြန်နေတာလည်းဆိုတာ သူတို့တွေနားမလည်ပေမယ့် ကျန်မိသားစုတွေအနောက်က ရန်သူတွေကို သူတို့တွေတိုက်ခိုက်နေကြသည်။
ဒီအချိန်မှာ ရွှီဇီယန်ဟာ ဘာမှမကူညီနိုင်ပဲ မြို့ထဲသို့ဝင်ရောက်လာသည့် တောကောင်တွေကို သူကြိုးစားပြီးသတ်ဖြတ်ရုံသာ သတ်နိုင်သည်။
ကံအားလျော်စွာ ပူခေါင်းဆောင်ဟာ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပူးပေါင်းတာကို သူ၏အကြီးအကဲနှစ်ယောက်က အပြင်းအထန်ဆန့်ကျင်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။ မြောက်ဘက်ဂိတ်က ကာကွယ်ရေးလိုင်းဟာ စွန့်စားနေရပြီဖြစ်ပေမယ့် တောကောင်တွေအား သူမလွတ်မြောက်စေချင်ဘူး
"ကြီးမားတဲ့အခင်းအကျင်းကိုစတင်တော့" ပူမိသားစု၌ အကောင်းဆုံး အခင်းအကျင်းတွေရှိထားသည်။ ဒီအချိန် ဒီလိုအခြေအနေမျိုး၌ ပူခေါင်းဆောင်ဟာ သူ၏နောက်ဆုံးနည်းလမ်းကို စတင်လိုက်တော့သည်။
အစိမ်းရောင်ဝတ်စုံတွေနဲ့ ကျင့်ကြံသူအများစုဟာ သူတို့တွေ၏လျှာတွေကိုကိုက်ဖြတ်ကာ သွေးတွေထွက်လာပြီး စစ်မြေပြင်ဖြင့်ဖုံးလွှမ်းနေသည့် မြောက်ဘက်ဂိတ်ဟာ စတင်ပြီး တောက်ပသည့်အဝါရောင်အလင်းတန်း ပေါ်ထွက်လာသည်။
"သစ္စာဖောက်ကောင်! သစ္စာဖောက်!" ထိုအရာကိုမြင်တော့ ပူမိသားစုက အကြီးအကဲဟာ အလွန်ဒေါသထွက်ပြီး သွေးတွေအန်ထွက်လုမတတ်ဖြစ်သွားရသည်။
ပူခေါင်းဆောင်ကလည်း ပြင်းထန်စွာ ကြိမ်းမောင်းလေသည်။
"မင်းတို့တွေက အသက်ကြီးနေတဲ့အရူးသာသာပဲ! အကယ်၍ ငါသာဖိအားပေးမခံရရင် ဒီလိုအခင်းအကျင်းကို ငါဘယ်လိုလုပ်အသုံးပြုမှာလဲ?"
ရွှီဇီယန်ဟာ အကြီးအကဲ၏အကြည့်အတိုင်း လိုက်ကြည့်ရင်း ပူခေါင်းဆောင်ဟာသွေးတွေနဲ့ စွန်းထင်းနေပြီး တစ်ချိန်တုန်းက ကြော့ရှင်းပြီးသိမ်မွေ့နူးညံ့သည့်မျက်နှာဟာ ငရဲထဲကထွက်လာသည့် နတ်ဆိုးကဲ့သို့ လိမ်ပိန်နေပြီး အကျည်းတန်လှသည်။
"သစ္စာဖောက်ကောင်! သစ္စာဖောက်ကောင်!" အကြီးအကဲဟာ မျက်ရည်တွေဖြင့် ဆဲဆိုနေပြီး ကြီးမားသည့်အခင်းအကျင်း၏အနားကနေ အော်ပြောလေသည် "အဲ့ဒီအခင်းအကျင်းထဲကနေ အမြန်ထွက်လာစမ်း!"
စစ်ပွဲကလည်း အလွန်ပြင်းထန်စွာဖြစ်ပွားနေတာကြောင့် ပူခေါင်းဆောင်နဲ့အကြီးအကဲတွေကြား အချင်းများမှုကို ဘာမှမကြားရပေ။ ဒါပေမယ့် ရွှီဇီရုန်က စစ်ပွဲကိုသာ အာရုံစိုက်ထားတာကြောင့် တွန့်ဆုတ်ခြင်းမရှိပဲ သူ့ကိုကို၏ခါးကိုဖက်ကာ လျင်မြန်စွာ အနောက်သို့ဆုတ်လိုက်သည်။ ရွှီဇီယန် တုံ့ပြန်မှုတောင် လုပ်ဖို့အချိန်မရလိုက်ပဲ နောက်ဘက်သို့ မီတာ၂၀၀၀လောက် သူအဆွဲခံသွားရသည်။
ပူခေါင်းဆောင်က အခင်းအကျင်းကို ပိုမိုကျယ်ပြန့်အောင် အသက်သွင်းလိုက်သည်။ ကံကောင်းစွာ ရွှီဇီရုန်၏တုံ့ပြန်မှုက လျင်မြန်သွားသည်။ သူတို့တွေ အခင်းအကျင်း၏အကွာအဝေးကနေ ဆုတ်လိုက်ပြီးနောက် ထိုအရာက အသက်သွင်းသွားပြီဖြစ်သည်။
အဖြူရောင်မြူတွေထွက်ပေါ်လာပြီး စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ စစ်မြေပြင်က တိုက်ခိုက်မှုတွေကလည်း အဖြူရောင်မြူတွေ၏ဝါးမျိုခြင်းကိုခံလိုက်ရပြီး သေလောက်အောင် တိတ်တဆိတ်နေတော့သည်။ သူနဲ့ခြေလှမ်းအနည်းငယ်သာ ကွာဝေးသည့် အဖြူရောင်မြူတွေကို ရွှီဇီယန်စိုက်ကြည့်လိုက်ရင်း ကြောက်စိတ်တွေဝင်လာတော့သည်။
အဲ့ဒီအခင်းအကျင်းက ဘယ်လိုသက်ရောက်မှုမျိုးပေးလည်းဆိုတာ သူမသိပေမယ့် သူ၏အသိစိတ်ကတော့ ထိုအရာက အလွန်ကြောက်စရာကောင်းသည့် သက်ရောက်မှုမျိုးရှိတယ်လို့ သူ့ကိုသတိပေးနေသည်။
အခုလေးတင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည့်မြင်ကွင်းဟာ ရုတ်တရက်ကြီး တိတ်ဆိတ်သွားပြီး ကံကောင်းစွာ အခင်းအကျင်းထဲသို့ မဝင်သွားသည့် ကျင့်ကြံသူတွေကလည်း တိတ်ဆိတ်သွားကြသည်။
"အဲ့ဒါကိုချိုးဖျက်ဖို့နည်းလမ်းမရှိဘူးလား?" ရွှီဇီရုန်၏နောက်ကျောကို ရွှီဇီယန်ကြည့်ကာ မေးလိုက်သည်။
ရွှီဇီရုန်မျက်မှောင်ကြုတ်ကာ သူ၏ခေါင်းကို အသာအယာခါလိုက်ရင်း "အဲ့ဒါအလွန်ရှေးကျတဲ့အခင်းအကျင်းဆိုရင် ကျွန်တော်မချိုးဖျက်နိုင်ခင် အထဲကလူတွေသေလိမ့်မယ်"
ရွှီဇီယန်ခဏလောက် တိတ်ဆိတ်နေပြီး "ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမှာပေါ့ ငါတို့လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ရမယ်"
ရွှီဇီရုန်ခေါင်းညိတ်လိုက်ပြီး အခင်းအကျင်းအစွန်းနားတစ်လျှောက်ကိုလိုက်ကြည့်ပြီး ချိုးဖျက်ကိုကြိုးစားလေသည်။
ဘုန်း!
ကျယ်လောင်သည့်အသံနဲ့အတူ ရွှီဇီယန် သူ၏လက်ကိုမြှောက်လိုက်ပြီး မြို့ဂိတ်၏အပြင်ဘက်၌ များပြားသည့်တောကောင်တွေက သူတို့ကိုစောင့်ကြိုနေတယ်ဆိုတာ သူပြန်လည်တွေးမိလိုက်သည်။ ကံကောင်းစွာ ပူမိသားစု၏အခင်းအကျင်း ပိတ်ထားသည့်နေရာက ကျင့်ကြံသူတွေအကူအညီလာပေးမှာကို ပိတ်ထားတာလည်းဖြစ်သလို မြောက်ဘက်ဂိတ်ကိုလည်း ပိတ်ထားသည်။ အကယ်၍ အဲ့ဒီတောကောင်တွေသာ မြို့ထဲကိုဝင်ရောက်ချင်ပါက သူတို့တွေအရင်ဆုံး ဒီအခင်းအကျင်းထဲသို့ ဝင်ရလိမ့်မည်။ တောကောင်တွေ ဉာဏ်မကောင်းပေမယ့် သူတို့တွေမှာ အလိုအလျောက်တုံ့ပြန်နိုင်သည့် ပင်ကိုအသိစိတ်တွေတော့ရှိကြသည်။ သူတို့တွေတစ်ချက်ကြည့်တာနဲ့ အန္တရာယ်ကြီးသည့်အခင်းအကျင်းဆိုတာ သိနိုင်တာကြောင့် ဘယ်တောကောင်မှ ဝင်လာရဲမည်မဟုတ်ပေ။
လူသားနဲ့တောကောင်တွေဟာ ထူးဆန်းသောအရာ၌ ထိတ်တိုက်ရင်ဆိုင်နေရသည်။ ထျယ်ရှီးနဲ့ ပူမိသားစုဟာ ပူးပေါင်းခဲ့ပေမယ့် ပူမိသားစု၌ ဒီလိုရှေးကျသည့်အခင်းအကျင်းရှိနေမှန်း သူတို့တွေမသိခဲ့ပေ။
ဘုန်း!
တောက်ပနေသည့်ရွှေရောင်တွေဟာ အဖြူရောင်မြူတွေ၏အလယ်တည့်တည့်၌ ပေါ်ထွက်လာပြီး လေထုထဲကနေ စစ်မြေပြင်ဆီသို့ ကြီးမားသည့်အကျပ်အတည်းကျရောက်လာသည်။
"အဆင့်မြင့်တောကောင်တွေ!" တစ်ချို့သောဒဏ်ရာရနေသည့် ကျင့်ကြံသူတွေက သူတို့တွေ၏တိုက်ခိုက်စွမ်းရည်တွေ ဆုံးရှုံးသွားပြီဖြစ်တာကြောင့် ထိတ်လန့်စွာအော်ဟစ်လိုက်သည်။
"မဟုတ်ဘူး သူတို့တွေက အဆင့်မြင့်ကျင့်ကြံသူတွေ!" အခြားသောဒဏ်ရာအနည်းငယ်သာ ရရှိထားသည့်သူတွေနဲ့ ဒဏ်ရာမရရှိထားသည့်သူတွေက ပိုပြီးတော့အာရုံခံစားသိမြင်နိုင်တာကြောင့် လူသားအငွေ့အသက်ကိုရရှိလိုက်မှန်း လျင်မြန်စွာသတိထားမိလိုက်သည်။
"စစ်ကူပဲ! အဲ့ဒါစစ်ကူမယ့်အဖွဲ့ဖြစ်လိမ့်မယ်!" အဆင့်မြင့်တောကောင်တွေအား ကြောက်ရွံ့နေကြသော ကျင့်ကြံသူတွေဟာ စိတ်လှုပ်ရှားစွာအော်ဟစ်ကြသည်။
ဒါပေမယ့် ရွှီဇီယန်ကတော့ လွယ်ကူတယ်လို့ မခံစားရပေ။ ကျန်ထျန်းရှင်၏တွက်ချက်ပုံအရ အမြန်ဆုံးစစ်ကူဟာ သုံးရက်လောက်နေမှ ရောက်ရှိလာလိမ့်မည်ဖြစ်သည်။ ပြီးတော့ အခုမှဒုတိယရက်ပဲရှိသေးတာကြောင့် သူတို့တွေရောက်လာကာ အရမ်းကြီးမစောလွန်းဘူးလား?
ဘမ်း ဘမ်း ဘမ်း!
ဘယ်သူလဲဆိုတာ ရွှီဇီယန် ခန့်မှန်းလို့မရသေးခင် ကြီးမားသည့်မီးလုံးတွေဟာ အဖြူရောင်မြူထဲသို့ ပြုတ်ကျသွားသည်။ မီးလုံးတွေအဆက်မပြတ် ပြုတ်ကျလာတာကြောင့် အဖြူရောင်မြူ၏အလွှာတွေဟာ ချက်ချင်းလောင်ကျွမ်းသွားသည်။ အဖြူရောင်မြူတွေဟာ တဖြည်းဖြည်းဖျော့လာပြီး အတွင်းထဲကပုံရိပ်တွေကို ဝိုးတိုးဝါးတားမြင်လာရသည်။
ရွှီဇီယန် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ အဲ့ဒါကအရမ်းကောင်းမွန်ပြီးပြင်းထန်လှသည်။ ဘယ်လိုရှေးကျတဲ့အခင်းအကျင်းမျိုးလဲ? လူမဆန်တဲ့လုပ်ရပ်တွေအားလုံးကို ဖြေရှင်းရမည်! ဒီလိုပြင်းထန်လှသည့်အခင်းအကျင်းကို ထိန်းချုပ်ဖို့ တစ်စုံတစ်ယောက်တော့ ရှိရမည်ဖြစ်ပြီး အကယ်၍ ထိုအရာကို ထိန်းချုပ်ထားသည့်သူဟာ စွမ်းရည်နိမ့်နေရင် သူ့ကိုယ်သူသတ်မိသလိုဖြစ်သွားလိမ့်မည်။
"ဝေါ်!" ကျယ်လောင်သည့်ဟိန်းသံနဲ့အတူ မြို့ဂိတ်၏အရှေ့မှာ စုရုံးနေကြသည့် အဆင့်နိမ့်တောကောင်တွေဟာ ရုတ်တရက် ကြောက်လန့်စွာအော်ဟစ်ကြပြီး လျင်မြန်စွာထွက်ပြေးသွားတော့သည်။
ကြီးမားသည့်ကျားသစ်နက်ဟာ လေပေါ်ကနေအောက်သို့ ကြော့မော့စွာလျှောက်လှမ်းရင်း ဆင်းလာသည်…
ရိုင်းစိုင်းလိုက်တာ!
ရွှီဇီယန်ရင်ထဲ၌ ဆဲဆိုနေပြီး အဲ့ဒီကျားသစ်က အောက်ကိုဒီအတိုင်း ဆင်းလာလည်းရပေမယ့် သူ၏ပုံစံကိုပြသချင်လို့ တစ်လှမ်းချင်းလျှောက်နေတာဖြစ်လိမ့်မည်!
"ဝေါ်!" ကျားသစ်ဟာ ရွှီဇီယန် ဘာတွေးနေလဲ သတိထားမိပုံပေါ်သည်။ ကျားသစ်ဟာအထင်သေးဟန်နှာရှုံ့လိုက်ပြီး ရွှီဇီယန်ရှိရာဖက်သို့ မာန်ဖီလိုက်သည်။
"ကောင်းပြီ ကောင်းပြီ ငါမင်းကိုမြင်ပါပြီ" ရွှီဇီယန်အကူအညီမဲ့စွာ ဝှေ့ယမ်းလိုက်ပြီး ကျားသစ်နက်ကို ပြုံးပြလိုက်သည်။
ဘမ်း ဘမ်း ဘမ်း!
ကျင့်ကြံသူတွေ၏အပေါ်ဘက်မှာတော့ အခင်းအကျင်းကို တိုက်ခိုက်မှုဟာ အဆက်မပြတ်ဖြစ်ပွားနေပြီး အခင်းအကျင်းထဲကနေ အဖြူရောင်မြူတွေဟာ မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ကွယ်ပျောက်လာတော့သည်။ နှစ်မိနစ်အတွင်း မြို့ကိုကာကွယ်နေသည့် ကျင့်ကြံသူသုံးပုံနှစ်ပုံဟာ အခင်းအကျင်းထဲသို့ ကျရောက်သွားပြီး အားလုံးဟာဒဏ်ရာရကုန်ကြသည်။ သူတို့တွေက ထိုအရာကို ခပ်ကြာကြာ မကိုင်တွယ်နိုင်တော့ပေ။
ပူမိသားစုကအကြီးအကဲနှစ်ယောက်ဟာ ဒီအခင်းအကျင်းနဲ့ပတ်သက်ပြီး နားလည်တာကြောင့် သူတို့ဘေးနားက အသက်ရှင်ကျန်နေသေးသည့် လူတွေကို ခက်ခက်ခဲခဲကူညီကြသည်။
အနီးနားကကျင့်ကြံသူတွေကလည်း တက်ကြွလာပြီး အခင်းအကျင်းကို အသည်းအသန်တိုက်ခိုက်ကြတော့သည်။
အဖြူရောင်မြူတွေပျောက်ကွယ်သွားတာက ကြီးမားသည့်အထောက်အကူတွေရှိနေမှန်း အကြီးအကဲနှစ်ယောက်သိတာကြောင့် သူတို့တွေကချက်ချင်း တိုက်ခိုက်ရန်အတွက် ပိုပြီးတော့ရဲရင့်လာကြသည်။ တစ်ဖက်မှာတော့ ပူမိသားစုကကျင့်ကြံသူတွေဟာ ထိတ်လန့်နေကြပြီး အထူးသဖြင့် ပူခေါင်းဆောင်ဟာ ဒီလိုအချိန်မျိုး၌ ဘယ်လိုအဆင့်မြင့်သည့်ကျင့်ကြံသူတွေ ရောက်လာလည်းဆိုတာ မတွေးတတ်တော့ပေ။
ဘုန်း!
ယခုဆိုရင် အခင်းအကျင်းကို ပြင်းထန်စွာရိုက်ခတ်လာသည့် မီးလုံးတွေက နှစ်ဆ၊သုံးဆလောက်ကြီးမားလာပြီး ထိုအရာဟာ လူယုတ်မာအားဒုက္ခပေးရန် နောက်ဆုံးသောလက်နက်ဖြစ်လာသည်။
#TK