Chapter 106
Viewers 23k

Chapter 106


ရှေ့တန်းကကျင့်ကြံသူတွေဟာ စတင်စိုးရိမ်ဖွယ်ရှိလာသည်။


"တောကောင်တွေက အရမ်းများတာပဲ ကာကွယ်ရေးအခင်းအကျင်းက တကယ်ရော တောင့်ခံထားနိုင်ပါ့မလား?" ရွှီဇီယန် စိုးရိမ်စွာ ကြည့်လိုက်သည်။


ကာကွယ်ရေးအခင်းအကျင်းကို တစ်မြို့လုံးအား ကာကွယ်ပေးနိုင်ဖို့ အသုံးပြုနိုင်ပေမယ့် ထိုအတွက် များပြားသည့် စိတ်ဝိညာဉ်ကျောက်တုံးပမာဏကို အသုံးပြုထားခြင်းဖြစ်သည်။ သူတို့တွေက အချိန်ခဏလောက်တော့ တောင့်ခံထားနိုင်ပေမယ့် အကယ်၍ တောကောင်တွေ၏တိုက်ခိုက်မှုသာ ပိုပြီးအရှိန်ပြင်းလာပါက ကာကွယ်ရေးအခင်းအကျင်းဟာ အန္တရာယ်ရှိလာနိုင်သည်။


အဆင့်နိမ့်ကျင့်ကြံသူတွေ၏အခြေအနေဟာ ကောင်းမွန်နေပေမယ့် မြှားပုံစံမျှော်စင်ပေါ်၌ ရပ်နေကြသည့် သူတွေကတော့ သက်သာမှုမရှိပေ။


ဝူတျီမြို့ကကျင့်ကြံသူတွေဟာ ရက်စက်ပြီး ကြီးမားသည့်စစ်ပွဲကြီးကို အမှတ်မထင်တွေ့ကြုံနေရသည်။ လက်ရှိမှာတော့ ကာကွယ်ရေးအခင်းအကျင်းက အကောင်းပတိအတိုင်းတည်ရှိနေပြီး တိုက်ခိုက်လာသည့် တောကောင်တွေကို အခင်းအကျင်းကတားဆီးထားတာကြောင့် ကျင့်ကြံသူတွေသာ ဒဏ်ရာမရတာကြောင့် အရာအားလုံးအဆင်ပြေနေဆဲဖြစ်သည်။ ဒါပေမယ့် အခင်းအကျင်းကျိုးပျက်သွားတာနဲ့ အဲ့ဒီအဆင့်နိမ့်ကျင့်ကြံသူတွေက ကြီးမားသည့်အကျိုးသက်ရောက်မှုကို ရရှိလိမ့်မည်ဖြစ်ပြီး တိုက်ပွဲကပိုဆိုးသွားလိမ့်မည်။


"အခြေခံကျင့်ကြံခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတွေ တိုက်ပွဲဝင်ရောက်နေပြီဖြစ်တာမို့ ချီစွမ်းအင်စုဆောင်းမှုအဆင့်ရောက်ရှိထားတဲ့ ဒုတိယအသုတ်ကလူတွေ နေရာယူမယ်" ကျန်ထျန်းရှင်က ရှင်းလင်းစွာ သတိပေးလိုက်သည်။


ကျန်ထျန်းရှင်၏အမိန့်ကိုရရှိတာနဲ့ သူ့အနောက်က သန်မာသည့်လူဟာ စည်ကြီးကိုစတင်တီးလိုက်သည်။


ရွှီဇီယန်ကတော့ စစ်ပွဲကိုသာ အာရုံစိုက်နေသည်။ သူကလက်သီးကို တင်းတင်းဆုပ်ထားပြီး သူ၏မျက်နှာဖြူရော်နေသည်။


သာမန်လူတစ်ယောက်အနေနဲ့ ‌ဒီပြင်းထန်တဲ့မြင်ကွင်းမျိုးကို သူတီဗီ၌သာမြင်ဖူးသည်။ သူဟာတကယ့်အစစ် ကျင့်ကြံခြင်းလောကထဲသို့ ဝိညာဉ်ကူးပြောင်းလာပြီးနောက် သူဟာတောကောင်တွေကို သတ်ရပြီး သွေးတွေကိုမြင်နေရကာ သူ၏လုံခြုံရေးနဲ့ ဇီရုန်အား လာခြိမ်းခြောက်သည့် ဘယ်သူ့ကိုမဆို သူသတ်ရမည်ဖြစ်ပြီး ကျင့်ကြံသူနှစ်ယောက်၏တိုက်ပွဲဟာ ဒီလိုမြင်းတွေနဲ့ပြေးလွှားနေပြီး ရက်စက်စွာသတ်ဖြတ်သည့် တောကောင်တွေ၏မြင်ကွင်းနဲ့တော့ နှိုင်းယှဉ်လို့မရပေ။


ကြွေကျနေသောကြယ်များကဲ့သို့ မရေမတွက်နိုင်သည့် အလင်းတန်းတွေဟာ တောကောင်တွေဆီသို့ ကျရောက်သွားပြီး ပေါက်ကွဲခြင်းနဲ့အတူ လတ်ဆတ်သည့်သွေးတွေဟာ ပြင်းထန်သည့်သွေးနံ့ကိုထွက်ပေါ်လာစေပြီး မြေပြင်ဟာထိုအရောင်ဖြင့် တန်ဆာဆင်သွားသည်။


ရွှီဇီယန် အနည်းငယ်ရွံရှာသလို ခံစားလာရပေမယ့် ဝမ်းနည်းစရာကောင်းသည့် အောက်ဘက်ကမြင်ကွင်းကို သူ့ကိုသူဖိအားပေးကာ ဆက်လက်ကြည့်နေသည်။ လက်ရှိမှာတော့ ကျင့်ကြံသူတွေက တောကောင်တွေကို သတ်ဖြတ်နေကြခြင်းဖြစ်သည်။ အကယ်၍ သူသာမရပ်တည်နိုင်ဘူးဆိုရင် သူသာထိုတိုက်ပွဲသို့ ရောက်ရှိသွားပါက သူကအခြားလူတစ်ယောက်အတွက် ဝန်ထုပ်ဝန်ပိုးသာဖြစ်နေလိမ့်မည်။


မူလဝတ္ထုထဲမှာက ပိုင်ဟွဟာ ဘယ်လိုဖြားယောင်းပြီး အရမ်းတော်သည့်လူတွေကို ဘယ်လိုသိမ်းပိုက်စိုးမိုးခဲ့တယ်ဆိုတာပဲ အဓိကဖော်ပြထားပြီး ဒီလိုရက်စက်သည့်စစ်ပွဲကို မပြောပြထားပေ။


သူ၏မူလခန္ဓာကိုယ်ကလည်း ဒီစစ်ပွဲရဲ့အတွေ့အကြုံမရှိထားတာကြောင့် ဒီလိုသွေးသံတရဲရဲမြင်ကွင်းက ရွှီဇီယန်ကို ထိတ်လန့်သွားစေသည်။


သူတင်းတင်းဆုက်ထားသည့် လက်ချောင်းတွေဟာ ဖြူရော်လာပြီး ရွှီဇီယန်၏မျက်နှာထက်က ဖြူရော်မှုဟာ လွင့်ပျယ်သွားပြီး ထူးဆန်းစွာနီမြန်းလာသည်။


သူ၏ခန္ဓာကိုယ်တုန်ရီနေတာကို သူရပ်တန့်ဖို့ ကြိုးစားလိုက်ပြီး သူ၏မျက်လုံးတွေက တောက်ပလာပြီး မသိလိုက်ပဲ သူ၏လျှာကိုထုတ်ကာ ခြောက်သွေ့နေသည့် သူ၏နှုတ်ခမ်းကိုသပ်လိုက်သည်…


ရုတ်တရက် သူ၏နဖူးကိုထောက်ကာ ရွှီဇီယန် ခါးသက်သက် ပြုံးလိုက်သည်။ ဒီလောကကြီးကြောင့် သူ များလည်းမများ၊ နည်းလည်းမနည်းကာ ပြောင်းလဲသွားတာဖြစ်လိမ့်မည်။ တစ်ချိန်တုန်းက သူဟာသာမန်စီးပွားရေးသမားသာ ဖြစ်ပြီး ဒီလိုပြင်းထန်သည့် စစ်ပွဲမြင်ကွင်းကို မြင်လိုက်ပြီးနောက် အနည်းငယ် စိတ်မသက်မသာဖြစ်သလို ခံစားလာရပြီး ဒီစစ်ပွဲထဲ၌ ပါဝင်ချင်စိတ်ပါ သူစတင်ဖြစ်ပေါ်လာသည်။


ဒီတော့…ယောင်္ကျားတွေအားလုံးက တကယ့်ကို ကြမ်းကြုတ်တဲ့ သတ္တဝါတွေလား? အဲ့ဒီသွေးသံတရဲရဲစစ်ပွဲက သူ့ကိုမကြောက်စေတော့ပဲ သူ့အားအလွန်ကို စိတ်လှုပ်ရှားလာစေသည်။


"ကိုကိုက‌ပျော်နေတာလား?" ရွှီဇီရုန် ရုတ်တရက် သူ့ကိုကို၏လက်ဖဝါးကို ယူလိုက်ပြီး နူးညံ့စွာမေးလိုက်သည်။ "ကျွန်တော့်ကိုကိုက အလွန်စိတ်လှုပ်ရှားနေတာဆိုတော့ ကိုကိုက သွေးတွေကိုသဘောကျလို့လား?"


ရွှီဇီယန်ရင်ထဲအေးစက်သွားပြီး ရွှီဇီရုန်အား သူစူးရှစွာကြည့်လိုက်ရင်း "အဓိပ္ပါယ်မရှိတာတွေမပြောနဲ့ ငါကဘာကြောင့်မို့ သွေး‌တွေကိုသ‌ဘောကျရမှာလဲ?"


"ကိုကိုက သွေးကိုသဘောမကျဘူးလား…အဲ့ဒီအရောင်က အရမ်းကိုလှတာကို…" ရွှီဇီရုန်က အနည်းငယ်စိတ်ပျက်သွားပြီး သူ၏အောက်နှုတ်ခမ်းကို အသာလေးကိုက်ကာ ရွှီဇီယန်၏လက်ဖဝါးကို သူ၏လက်တွေဖြင့်ဆုပ်ကိုင်ထားတာကြောင့် သူဆုပ်ကိုင်ထားတာ အတော်လေးတင်းကျပ်လာပြီး ရွှီဇီယန်အား အနည်းငယ် နာကျင်မှုမျိုးဖြစ်ပေါ်စေသည်။


ရွှီဇီယန်မျက်မှောင်ကြုတ်ကာ ဇီရုန်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ သူ၏အရင်ဘဝတုန်းက ရွှီဇီရုန်၏ကံကြမ္မာကို သူတွေးတောလိုက်ပြီးနောက် သူ၏ရင်ထဲရုတ်တရက် တင်းကျပ်သွားသည်။ သူ၏အရင်ဘဝတုန်းက ရွှီဇီရုန်ဟာ သွေးပင်လယ်နှလုံးကျင့်စဉ်ကို အောင်မြင်အောင်ကျင့်ကြံနိုင်ခဲ့တာက သူ၏လက်ရှိပုံစံနဲ့ တစ်ခုခုတော့ဆက်စပ်နေလိမ့်မည်။ တစ်နည်းဆိုရရင် ရွှီဇီရုန်က ထိုကျင့်စဉ်ကို ဆက်ပြီးမကျင့်ကြံရင်တောင် သူ၏သွေးဆာနေသည့်အကျင့်က ဖျောက်ဖျက်လို့မရပေ။


ရွှီဇီယန် သတ်ဖြတ်ခြင်းနဲ့ပတ်သက်ပြီး အတိုက်အခံမလုပ်ပေ။ ထို့အပြင် ကျင့်ကြံခြင်းနယ်မြေ၌ ရန်သူအပေါ်ကြင်နာတာက ကိုယ့်ကိုယ်ကိုရက်စက်တာနဲ့ အတူတူပင်ဖြစ်သည်။ ရိုးသားစွာပြောရရင် ဝတ္ထုထဲ၌ ပိုင်ဟွကို ဆန့်ကျင်ကြသည့်သူတွေရှိ‌ခဲ့ပေမယ့် အမျိုးမျိုးသော အကြောင်းပြချက်တွေအတွက် မသေခဲ့တာကြောင့် ထိုသူကိုရှင်းထုတ်ပစ်မှ သူလုံခြုံလိမ့်မည်ဆိုသည့် အတွေးမျိုးကို ရွှီဇီယန်တွေးခဲ့သည်…


ရွှီဇီယန်က ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် လူတိုင်းအပေါ်ကောင်းပေးနိုင်သည့် သူတော်ကောင်းမဟုတ်ဘူး။ အကယ်၍ တစ်ဖက်လူက သူ့အားဆန့်ကျင်တိုက်ခိုက်နိုင်သည့် လုံလောက်သော အထောက်အထားမျိုးရှိနေပါက ထိုလူအား သူသတ်ပစ်လိုက်ဖို့ ဝန်မလေးပါ။


ဒီမြင်ကွင်းက ရွှီဇီရုန်၏အကြောက်တရားကို နိုးကြွလာစေပြီး ရွှီဇီယန်က သူ၏လက်ကို လေးနက်စွာဆုပ်ကိုင်လိုက်ရင်း "ဇီရုန်က ဒီမြင်ကွင်းကို အရမ်းသဘောကျတာပဲလား?"


ရွှီဇီရုန်၏အမူအရာက တောင့်တင်းသွားပြီး သူကရုတ်တရက် ရယ်မောလိုက်ကာ နူးညံ့စွာပြောလိုက်သည်။

"အင်း ဘာလို့လဲဆိုတာတော့ ကျွန်တော်မသိပေမယ့် သွေးတွေကိုကျွန်တော်မြင်လိုက်တဲ့အချိန် ကျွန်တော်အရမ်းစိတ်လှုပ်ရှားလာသလို ခံစားရတယ် ဒီအကြောင်းအရာကြောင့် ကိုကိုကကျွန်တော့်ကိုမုန်းမှာလား?"


ရွှီဇီရုန်ပြောလို့ပြီးသွားသည့်နောက် သူ၏ခေါင်းကိုငုံ့ကာ သူ၏အသံကတဖြည်းဖြည်း ပိုပိုတိုးသွားသည်။ သူ၏မျက်နှာက တိကျပြတ်သားသည့် အမူအရာမျိုးရှိနေသည်။ သူ့ကိုကို,ကို သူသဘောကျသလို လိမ်မာသည့်ညီလေးအဖြစ်လည်း လိုလိုလားလားနေပေးချင်ပေမယ့် သူကနတ်ဘုရားမှမဟုတ်တာ သူတစ်သက်လုံး ဒီကိစ္စကြီးကို ဖုံးကွယ်ထားဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။


သူ့ကိုကိုကမတုံးမှန်း ရွှီဇီရုန် သေချာပေါက်သိသည်။ သူ့ကိုကို,ကို လွယ်ကူစွာ အရူးလုပ်လို့ရနေတာက သူ့ကိုကိုက သူ့ကိုအရမ်းယုံကြည်နေလို့ဖြစ်သည်။ ဒါပေမယ့် သူတစ်စတစ်စ ဖော်ထုတ်မိလာပါက အနှေးနဲ့အမြန်ဆိုသလို ယုံကြည်မှုဟာ ဘယ်လောက်ပဲခိုင်မာနေပါစေ ‌ပျက်ပြယ်သွားလိမ့်မည်။ အဲ့ဒီအချိန်ကျရင် သူတို့ကြားက သံယောဇဉ်ကလည်း မခိုင်မြဲလာတော့ပဲ သူ့ကိုကိုက သေချာပေါက် ထွက်သွားလိမ့်မည်။


သူ့ကိုကို,ကို သူလုံးဝအဆုံးရှုံးမခံနိုင်တာကြောင့် အမျိုးမျိုးသော အကြောင်းပြချက်တွေကို ထပ်ခါထပ်ခါအသုံးချပြီး သူ့ကိုကို,ကို စမ်းသပ်ကြည့်ရုံသာ သူတတ်နိုင်သည်။


ဒီအချိန်မှာဘာမျှော်လင့်ချက်မှမရှိဘဲ သူ့ကိုကိုက သူ၏သဘာဝအလျောက် သွေးဆာနေမှုကို နားလည်မပေးနိုင်ပါက သူလုပ်နိုင်သော တစ်ခုတည်းသောအရာက…


ရွှီဇီရုန်၏မျက်လုံး‌တွေ အနက်ရောင်တွေ ဖျော့တော့သွားပြီး သူ၏အင်္ကျီလက်အောက်က လက်ချောင်းတွေဟာ တောက်ပသည့်အနီရောင် လက်အိတ်ကိုဝတ်ဆင်ထားသလို နီရဲလာတော့သည်။


ကိုကို…ကျေးဇူးပြုပြီး…ကျွန်တော့်ကို စိတ်မပျက်လိုက်ပါနဲ့!


ရွှီဇီရုန်၏စကားကိုကြားပြီး ရွှီဇီယန် မျက်မှောင်ကြုတ်လိုက်ပေမယ့် သူမထိတ်လန့်သွားပေ။ ထို့အပြင်က ရွှီဇီရုန်၏တုံ့ပြန်မှုက မျှော်လင့်ထားသလို ဖြစ်နေပေမယ့် ဇီရုန်က ဒီကိစ္စကို ရိုးသားစွာပြောပြတယ်ဆိုတော့ သူ့ရဲ့အခြေအနေက ဆိုးဝါးတဲ့ဘက်ကို မရောက်ရှိသေးဘူးလို့ ဆိုလိုတာပဲမဟုတ်ဘူးလား…?


ဇီရုန်ကခေါင်းငုံ့သွားပြီး သူ၏အသံက တဖြည်းဖြည်းတိုးသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက စိတ်ပျက်သည့် အသက်ရှူသံတွေနဲ့ ပြည့်နက်နေတာကို မြင်လိုက်ရသည်။ ရွှီဇီယန်ရုတ်တရက် နူးညံ့သွားသလို ခံစားလိုက်ရသည်။ ရွှီဇီရုန်၏အမူအရာကို မြင်လိုက်ရပြီး အကယ်၍ သူအနည်းငယ်တော့ စိတ်ဆိုးပြလိုက်ရင် ဇီရုန်အသက်ရှင်ဖို့ သတ္တိရှိတော့မှာမဟုတ်ဘူး။


သူကဇီရုန်၏ပခုံးကို ကရုဏာသက်စွာ ပုတ်လိုက်ပြီး ရွှီဇီယန် သူ၏လက်မောင်းတွေကို ဆုပ်ကိုင်လိုက်ကာ

"အဓိပ္ပါယ်မရှိတာတွေမပြောစမ်းနဲ့ မင်းကငါ့ညီလေးလေ ငါကဘာလို့မင်းကိုမုန်းရမှာလဲ?"


"ဒါပေမယ့်…" ရွှီဇီရုန်ကမကြည့်ဘဲ ရွှီဇီယန်၏လက်မောင်းကြားထဲက သူ၏မျက်နှာကို နှစ်မြှုပ်ထားကာ သူကတီးတိုးပြောလေသည်။

"ဒါပေမယ့် ကျွန်တော်သွေးကို သဘောကျတယ်လို့ ပြောတာကို ကိုကိုကမုန်းပုံရတယ်"


ရွှီဇီယန်အကူအညီမဲ့စွာ ရယ်မောလိုက်ရင်း

"အဓိပ္ပါယ်မရှိတာတွေမပြောနဲ့ မင်းကသွေးကို သဘောမကျပါဘူး ယောင်္ကျားတွေအားလုံးက တိုက်ခိုက်ကို သဘောကျကြလို့ပါ ပြီးတော့ သွေးဆိုတာ တိုက်ခိုက်ရာကနေပေါ်ထွက်လာတယ် အကျိုးဆက်လေ မင်းမကြားဖူးဘူးလား? တချို့လူတွေက သွေးကိုမြင်ရင် မူးလဲကြပေမယ့် တချို့တွေက စိတ်လှုပ်ရှားကြတယ်လေ အဲ့ဒီလိုမေ့လဲသွားတယ်လူတွေကလည်း သူတို့ရဲ့ပင်ကိုဗီဇကကို ဒီလိုပုံစံဖြစ်တာကြောင့် သူတို့တွေသတ္တိမရှိဘူးလို့ ပြောလို့မရဘူးလေ ဟုတ်တယ်မလား? ဒီတော့ မင်းသွေးကိုမြင်လို့ စိတ်လှုပ်ရှားတာလည်း ဒီအတိုင်းအကျင့်တစ်ခုပါ"


"အိုး" ရွှီဇီရုန် ကျိုးနွံစွာ ခေါင်းညိတ်လိုက်ပေမယ့် သူမော့မကြည်သေးပေ။


ရွှီဇီရုန်၏နားလေးတွေက အနည်းငယ်နီရဲနေတာကို ရွှီဇီယန်သတိထားလိုက်မိပြီး အနည်းငယ်ရယ်ချင်စရာကောင်းနေသည်။ သူကအရွယ်ရောက်တယ်‌ဆိုပေမယ့် သူ့ရင်ထဲမှာတော့ သူ့ညီလေးက ကလေးလေးသာဖြစ်နေဆဲဖြစ်သည်! ဇီရုန်က သူ့ရင်ထဲမှာ ဘယ်လောက်ကြာအောင် ဒီအရာကိုဖုံးကွယ်ထားလည်းဆိုတာ ရွှီဇီယန်မတွေးတတ်ပေမယ့် ဒီအရာကိုပြောပြလိုက်ပြီဆိုတော့ သူပိုပြီးတော့ သက်သာရာရသွားလိမ့်မည်။


သူကရွှီဇီရုန်ကို ဆွဲမလိုက်ပြီး သူနဲ့မျက်နှာချင်းဆိုင်ခိုင်းလိုက်ရင်း "အနာဂတ်မှာ မင်းဘာတွေပဲတွေးတွေ မင်းငါ့ကိုပြောလို့ရတယ်နော် မင်းကိုယ်မင်းအရမ်းကြီး အတွေးလွန်စရာမလိုဘူး ဟုတ်ပြီလား?"


"အင်း" ရွှီဇီရုန်ကျိုးနွံစွာ သဘောတူလိုက်ပြီး သူ၏မျက်လုံးတွေထဲက အပျော်တွေကို ဖုံးကွယ်လို့တောင်မရဘူး။


ရွှီဇီယန်က သူ၏ပခုံးတွေကို ပုတ်လိုက်ပြီး နောက်တစ်ကြိမ် မြို့တံတိုင်းအောက်က စစ်မြေပြင်ကို အာရုံစိုက်လိုက်ရင်း ရွှီဇီရုန်က တည်ငြိမ်စွာ ဘေးနား၌ရပ်နေပြီး သူ၏နူးညံ့သည့်မျက်နှာက နီမြန်းနေတာကြောင့် ရဲရဲတောက်နေသည့်စစ်မြေပြင်၌ မပါဝင်ရသေးသည့် ငယ်ရွယ်သည့်ယောင်္ကျားတွေနဲ့မိန်းမတွေကို အာရုံစိုက်မိစေသွားသည်။ ရွှီဇီရုန်၏အကြောင်းကို ထိုလူတွေက အခြားလူတွေဆီ တိတ်တဆိတ်မေးမြန်းနေကြသည်။


သူဘယ်လောက်တောင် ပျော်ရွှင်နေရလဲဆိုတာ ရွှီဇီရုန်ဘယ်လိုမှကို ပုံမဖော်နိုင်ဘူး!


ရွှီဇီယန်၏တုံ့ပြန်မှုက သူမျှော်လင့်ထားတာထက်ကို ကျော်လွန်သွားသည်။ ရလဒ်ကမမျှော်လင့်ထားလောက်အောင် ရွှီဇီယန်က သူ့ကိုသည်းခံ‌ပေးခဲ့ပြီး သူ့ကိုကိုက သူ့ကိုအကြွင်းမဲ့ ကာကွယ်ပေးလိမ့်မယ်လို့ ရွှီဇီရုန်ဘယ်လိုမှ မမျှော်လင့်ထားခဲ့ဘူး။


ရွှီဇီယန်က သွေးဆာတဲ့လူနဲ့ တိုက်ခိုက်တာကိုသဘောကျတဲ့လူ၏ ကွာခြားချက်ရှိတယ်လို့ ပြောပြခဲ့တာကို ရွှီဇီရုန်ယုံကြည်ပေမယ့် ရွှီဇီယန်ကတမင်တကာ ဒီဖြစ်ရပ်နှစ်ခုကို ရည်ရွယ်ချက်ချက်ရှိရှိ ရောနှောလိုက်ခြင်းဖြစ်လိမ့်မည်။ တစ်နေ့နေ့မှာ ရွှီဇီရုန် ဆိုးဝါးသွားမည့်ကိစ္စအတွက် သူကအကြောင်းပြချက် တစ်ခုခုပေးဖို့ ရှာထားပုံပေါ်သည်…


ဒီလိုကျေနပ်စရာကောင်းသည့် အတွေ့အကြုံမျိုးကို သူအရင်တုန်းက မတွေ့ကြုံဖူးတာကြောင့် ရွှီဇီရုန်ရင်ထဲနွေးထွေးသလို ခံစားနေရသည်။


သူ့ကိုကိုအား သူတိတ်တဆိတ်ကြည့်လိုက်သည်။ သူ၏မျက်နှာထက်၌ ချိုလှသည့်အပြုံးမျိုးရှိနေ၏။ သူ့ဘဝမှာ သူ့ကိုဂရုစိုက်ပေးတဲ့သူ၊ သူ့ကိုချစ်ပေးတဲ့သူ၊ သူ့ကိုခြွင်းချက်မရှိ ကာကွယ်ပေးတဲ့သူ၊ သူ၏အမှားအားလုံးကို သည်းခံပေးတဲ့သူ၊ ဒီလိုအကိုမျိုးကို ရွှီဇီရုန်ဘယ်တော့မှလက်လွတ်မခံနိုင်ဘူး!


"ဒုတိယအသင်း သွားတော့!" ကျန်ထျန်းရှင်ဟာ စစ်မြေပြင်တစ်ခုလုံးကို အာရုံစူးစိုက်စွာ ကြည့်ရှုနေပြီး သူ၏ပုံစံကစိုးရိမ်နေကာ သူ၏မျက်ခုံးကြားက ပူပန်သည့်အရိပ်အယောင်တွေ ဖြစ်ပေါ်နေသည်။


စည်ကြီး၏အသံက ထပ်မံထွက်ပေါ်လာပြီး အခြေခံကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတွေက ကာကွယ်ရေးအခင်းအကျင်းထဲကနေထွက်ကာ တောကောင်တွေနဲ့တိုက်ခိုက်ကြတော့သည်။


အရှေ့တန်းက အမြောက်စာတောကောင်တွေက အားလုံးလုနီးပါးဖြစ်နေကြပြီး သူတို့အနောက်ကနေ ရှည်လျားသည့်တိုက်ခိုက်မှုတွေ ထုတ်လွှတ်ကြသည်။ သူတို့တွေက ကာကွယ်ရေးအခင်းအကျင်းကို စတင်တိုက်ခိုက်ကြပြီး အခင်းကျင်းကိုထောက်ပံ့ထားသည့် စိတ်ဝိညာဉ်ကျောက်တုံးတွေထက် တိုက်ခိုက်သည့်အရှိန်က ပိုမိုမြန်ဆန်လှသည်။


ကျန်ထျန်းရှင်အကူအညီမဲ့သလို ခံစားနေရသည်။ အရှေ့တံတိုင်းကိုကာကွယ်ဖို့ ကာကွယ်ရေးအခင်းအကျင်းကို အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့သာ ထောက်ပံ့နိုင်မှာဖြစ်ပေမယ့် ဝူတျီမြို့ကအဓိကကျပြီး သေးငယ်တဲ့မိသားစုလေးစုအတွက်ကတော့ မျိုးနွယ်စုထဲကို ကာကွယ်စောင့်ရှောက်နိုင်သည့် စိတ်ဝိညာဉ်ကျောက်တုံးတွေက အကန့်အသတ်ရှိပေသည်။


အခြေအနေက ဒီလိုသာဆက်ဖြစ်နေပါက သူတို့တွေ ညအထိတောင်မတောင့်ခံနိုင်တော့ပဲ ကာကွယ်ရေးအခင်းအကျင်းက အဲ့ဒီတောကောင်တွေကြောင့် ကျိုးပျက်သွားလိမ့်မည်။ အဲ့ဒီအချိန်ကျရင် အခြေအနေက ပိုပြီးတော့အပြတ်အသတ် ကွာခြားသွားလိမ့်မည်။


အခြေခံကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ရာလောက်ဟာ မြို့တံတိုင်းပေါ်ကခုန်ချကာ မြို့အောက်တောကောင်တွေနဲ့ တိုက်ခိုက်ကြတော့သည်။ ပထမအသုတ်၏ ချီစွမ်းအင်စုဆောင်းမှုအဆင့် ကျင့်ကြံသူတွေဟာ သူတို့၏စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခန်းလုနီးနီးဖြစ်လာတာကြောင့် သူတို့တွေက အနောက်သို့ပြန်ဆုတ်ကာ စုစည်းလိုက်ကြပြီး အခြားအသစ်တစ်ဖွဲ့က ကျင့်ကြံသူတွေကို သူတို့နေရာ၌ အစားထိုးကာ တံတိုင်းအရှေ့မှာ ဆက်လက်တိုက်ခိုင်းလိုက်သည်။ ထွက်ခွာလာသည့်ကျင့်ကြံသူတွေဟာ ချက်ချင်း တိတ်ဆိတ်သည့်ထောင့်တွေကိုရှာကာ စွမ်းအင်ကိုပြန်လည်စုစည်းနိုင်ဖို့ စတင်တရားထိုင်ကြသည်။ စိတ်ဝိညာဉ်ဆေးဝါးတွေကလည်း အကန့်အသတ်သာရှိပြီး စစ်မြေပြင်က အလွန်ပြင်းထန်သည့်အခြေအနေကို မရောက်လာခင် ဘယ်သူမှထိုဆေးဝါးကို မဖြုန်းတီးရဲပေ။


#TK