Chapter 81
Viewers 23k

Chapter 81


ရွှီဇီယန် ဝေ့ချင်နဲ့လဲ့ဟူအား စိုက်ကြည့်လိုက်သည့်အချိန်၌ သူတို့တွေ၏တိုက်ခိုက်ချင်သည့် ရည်ရွယ်ချက်ကို ချက်ချင်းချုပ်တည်းလိုက်တော့သည်။


သူတို့တွေအခြားအချိန်မှာပဲ တိုက်ခိုက်ရင် အဲ့ဒါကအဆင်ပြေတယ်!


သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်သဘောပေါက်စွာ အကြည့်တွေပြောင်းလဲသွားသည်။ ထို့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ မောက်မာပြီးခက်ထန်သည့် အမူအရာဖြင့် ရွှီဇီယန်အနောက်ကနေ လိုက်ပါလာတော့သည်။


"ချီလျန်ရှစ်ရှုန်း, ချီလျန်ရှစ်ရှုန်းရဲ့ အကျိုးအမြတ်ရော ဒီတစ်ကြိမ်ဘယ်လိုရှိလဲ?" အဝေးကနေ ရွှီဇီယန် ချီလျန်ဟုန်ယွင်အား နှုတ်ဆက်လိုက်သည်။


ချီလျန်ဟုန်ယွင်ကပြုံးကာ "အားလုံးအဆင်ပြေပါတယ်"


ရွှီဇီယန်ကဆက်ပြီး မမေးလိုက်တော့ပါ။ အစတုန်းကတော့ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် မင်္ဂလာပါဆိုပြီး နှုတ်ဆက်ကြသည်။ အကယ်၍ ထိုသူကစကားသိပ်မပြောချင်ဘူး ဆိုမှတော့ သူကလည်း အနှောင့်အယှက်ပေးမနေတော့ဘူး။


ရွှီဇီရုန်၏ပခုံးပေါ်က ယုန်လေးကတော့ မုန်လာဥကိုသာ တစ်ဂျွတ်ဂျွတ်ဝါးနေပြီး ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လုံးဝစိတ်မဝင်စားပေ။


ဘယ်သူမှမသိတာက ထောင့်နားကနေ အဖြူရောင်ဝတ်စုံနဲ့ယောင်္ကျားလေးဟာ ဝေ့ချင်ကို အထိတ်တလန့်ဖြင့် ကြည့်နေသည်။ သူကနဂါးပုံသဏ္ဍာန်ကျောက်စိမ်းပြားကို ဆုပ်ကိုင်ထားသည်…


အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲသို့ လှည့်လည်သွားလာရာတွင် ဂိုဏ်းတိုင်းလိုလိုဟာ သူတို့ကိုယ်ပိုင် အကျိုးအမြတ်တွေ ရရှိလာကြသည်။ ဦးဆောင်သည့် ရှစ်ရှုန်း၊ရှစ်ကျဲတွေဟာ တပည့်တွေ ဘာအကျိုးအမြတ်ရခဲ့လဲဆိုတာ သူတို့တွေ၏မျက်နှာအမူအရာကို ကြည့်ရုံနဲ့သိရှိနိုင်သည်။ တခါတရံ တပည့်တစ်ယောက် စိတ်ပျက်နေသည့် အမူအရာဖြစ်နေသည့်အခါ အခြားလူတွေက သိသွားတယ်ဆိုတာ အလွန်ရှားပါသည်…


ရှစ်ရှုန်း,ရှစ်ကျဲတွေဟာ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲကနေ ထွက်လာကြပြီးနောက် အချင်းချင်းစကားပြောနေကြပြီး နှုတ်ဆက်စကားပြောလိုက်ကြသည်။ ထျန်းယွီဂိုဏ်းမှာ လူတစ်ယောက်ပိုနေတယ်ဆိုတာကို ဘယ်သူကမှမသိသွားပါ။


ကျင့်ကြံသူချီရွှမ်က သူ့တပည့်တွေအားလုံး အဆင်ပြေတာမြင်လိုက်ရတော့ သူကပြုံးပြလိုက်သည်။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေက အရမ်းကြီးအန္တရာယ်မများပေမယ့် တစ်ယောက်ယောက်သာ မိစ္ဆာကျင့်ကြံသူနဲ့ ကံမကောင်းစွာအမှတ်မထင်တွေ့ဆုံပြီး ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူမှမသိနိုင်ကြဘူး။


လူတိုင်းရရှိသော အမွေအနှစ်တွေဟာ လျှို့ဝှက်ချက်ဘောင်အတွင်း၌သာ ရှိကြပေမယ့် ရွှီဇီရုန်၏ပခုံးပေါ်က အပန်းရောင်ယုန်လေးကတော့ လူတိုင်းအာရုံစိုက်စရာဖြစ်လာတော့သည်။


ယုန်လေးနူးညံ့ပြီးချစ်စရာကောင်းပေမယ့် ဆယ်ကျော်သက်လေးကတော့ အေးစက်နေပြီ…ထိုယုန်လေးက မုန်လာဥကို တစ်ဂျွတ်ဂျွတ်ဝါးနေသည်။ ရှစ်ရှုန်း,ရှစ်ကျဲတွေအများစုက ဒီလိုချစ်စရာကောင်းတဲ့ မြင်ကွင်းမျိုးကို တွေ့လိုက်ရပေမယ့်…


ရွှီဇီရုန်ကြည့်သည့်အကြည့်တွေက အသက်၁၂အရွယ်နဲ့ မကိုက်ညီနေပေ။ အဲ့ဒီရှစ်ရှုန်း,ရှစ်ကျဲတွေအားလုံးဟာ သက်ပြင်းချလိုက်ကြသည်—ဒီလိုချစ်စရာကောင်းတဲ့ကလေးက ဘယ်လိုလို့များ ချစ်စရာမကောင်းတဲ့ စရိုက်မျိုးဖြစ်နေရတာလဲ?


"အဲ့ဒါက…" ကျင့်ကြံသူချီရွှမ်က ယုန်ကိုမြင်လိုက်တာကြောင့် အတော်လေးအံ့ဩသွားသည်။ ဒီနယ်မြေထဲကနေ စိတ်ဝိညာဉ်တောကောင်တွေ ထွက်ပေါ်လာတယ်ဆိုပေမယ့် အဲ့ဒီနေရာမှာ အများကြီးမရှိပေ။ ဒါပေမယ့် သူတို့ယူဆောင်လာကြသည့် စိတ်ဝိညာဉ်တောကောင်အများစုဟာ စွမ်းအားကြီး အကောင်ကြီးမားသည့် စိတ်ဝိညာဉ်တောကောင်တွေသာ ဖြစ်ကြသည်။ ရွှီဇီရုန်၏ပခုံးပေါ်က ချစ်စရာကောင်းတဲ့အကောင်မျိုးကို သူဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။


ဒီယုန်ကလည်းအတော်လေး အန္တရာယ်ကင်းပုံပေါ်တာကြောင့် ဒီတောကောင်အတွက်နဲ့ ချီရွှမ်လည်း အတွေးများမနေတော့ပေ။ သို့ပေမယ့် ကျင့်ကြံခြင်းလောက၌ မရေမတွက်နိုင်သည့် တောကောင်တွေရှိကြသည်။ အမျိုးမျိုးသောတောကောင်တွေက မိတ်လိုက်ဖော်တွေရှာကြပြီး သူတို့တွေ၏သားစဉ်မြေးဆက်တွေက အသစ်အသစ်သော အတွေးအခေါ်တွေကို ရရှိလာကြသည်။


ဦးချိုတွေနဲ့ယုန်လေးက အလွန်ထူးဆန်းပေမယ့် ချီရွှမ် ဒီထက်ထူးဆန်းတဲ့ အကောင်တွေကို မြင်ဖူးပြီးသားဖြစ်သည်။ ဒီတောကောင်က ဘာအန္တရာယ်မှ ရှိပုံမပေါ်တာကြောင့် သူကလည်းသိပ်ဂရုစိုက်မနေတော့ပေ။


သူကတိတ်တဆိတ်ပြုံးလိုက်သည်။ သို့ပေမယ့် ကလေးကလည်းကလေးပါပဲ။ သူကအခြေခံကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိထားပြီးတာတောင် သူကစိတ်ဝိညာဉ်တောကောင်ကို ရွေးချယ်ရာမှာ အပန်းရောင်နဲ့ ချစ်စရာကောင်းသည့် တိရိစ္ဆာန်ကို ရွေးလာသည်။ ဒါပေမယ့် ကျင့်ကြံသူချီရွှမ်ကလည်း သူ့ကိုအပြစ်ရှာဖို့ ရည်ရွယ်ချက်မရှိပါဘူး။ သူကရွှီဇီရုန်ရဲ့ဆရာသခင်မှမဟုတ်တာ ဒါကြောင့် ဒီပြဿနာကို လော့ယွင်လက်ထဲသို့သာ အပ်လိုက်တော့သည်။ 


လက်လွတ်စပယ်ဖြင့် ဒီယုန်၏တည်ရှိမှုကို သူလျစ်လျူရှုလိုက်တော့သည်။ ချီရွှမ်ဟာ သူ၏ယွင်ကျိုးကို ထုတ်လိုက်ပြီး အားလုံးကိုတက်ခိုင်းလိုက်သည်။


သူတို့ပြန်လာသည့်အခါမှတော့ အတော်လေးမြန်ဆန်လှသည်။ ပြန်ရောက်ဖို့ ခရီးတစ်လျှောက်လုံး ၅ရက်သာကြာသွားသည်။


 လမ်းတစ်လျှောက်မှာ လူတိုင်းဟာ သူတို့တွေ တွေ့ကြုံခဲ့ရတာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေကြပေမယ့် သူတို့တွေ၏အမွေအနှစ်အကြောင်းကိုတော့ ဘယ်တော့မှထုတ်မပြောကြပေ။


လဲ့ဟူနဲ့ဝေ့ချင်ကလည်း တစ်ယောက်နဲ့တစ်ယောက် သတ်ချင်နေကြသည့်ပုံစံဖြစ်နေတာက ရွှီဇီယန်ကို အတော်လေးခေါင်းကိုက်စေသည်။ သူဘယ်လိုမှကို နားမလည်နိုင်တော့ဘူး။ တစ်ယောက်ကလည်း အလယ်ပိုင်းလွင်ပြင်ဒေသ၏အမွေဆက်ခံသူဖြစ်ပြီး အခြားတစ်ယောက်ကလည်း အနောက်ဘက်နယ်မြေ၏စစ်သည်တော်အဖြစ် လေ့ကျင့်ထားသူဖြစ်သည်။ နောက်ခံအနေအထား အလွန်ကွဲပြားနေတဲ့ ဒီနှစ်ယောက်က တွေ့လိုက်တိုင်း ဘာလို့များ ကလေးတွေလိုပြုမူနေရတာလဲ?


သူတို့တွေ လျှိုကွမ်းဂိုဏ်းကို ပြန်ရောက်သည့်အခါ ဒီအချိန် တံခါးပိတ်ကျင့်ကြံရမယ်ဆိုတာ ရွှီဇီယန်နဲ့ရွှီဇီရုန် နှစ်ယောက်စလုံး သဘောပေါက်သည်။


ဒီတစ်ခေါက်တံခါးပိတ်ကျင့်ကြံတာက အရင်တုန်းကပုံစံနဲ့မတူညီပဲ သူတို့တွေက နောက်၅နှစ်အကြာမှ နိုးထလာမှာဖြစ်သည်။ အဲ့ဒါကမှ တံခါးပိတ်ကျင့်ကြံခြင်း အမှန်ဖြစ်သည်။ သူတို့တွေက အနည်းဆုံး တစ်နှစ်ခွဲလောက် ပြုလုပ်ရမှာဖြစ်ပြီး မဟုတ်ရင် တံခါးပိတ်ကျင့်ကြံခြင်းလို့ မခေါ်ဆိုတော့ပေ။


အရင်ဘဝတုန်းက ရွှီဇီယန် ဒီလိုနည်းလမ်းမျိုးနဲ့ မလေ့ကျင့်ခဲ့ဖူးဘူး။ ဒီလိုပုံစံမျိုးနဲ့ ကျင့်ကြံရတာက အရမ်းကိုပျင်းစရာကောင်းလွန်းသည်။ အဲ့ဒါကသူ့ရဲ့အစာအိမ်နဲ့အူတွေကိုလည်း စမ်းသပ်ရာရောက်သည်။ ဒါပေမယ့် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲကို လှည့်လည်သွားလာပြီးနောက် ဒီတံခါးပိတ်ကျင့်ကြံခြင်းကို လိုအပ်တယ်ဆိုတာ သူသေချာသိသည်။


ဒီအချိန်အတွင်း သူပစ္စည်းတွေကို စုဆောင်းရမည်။ ရွှီဇီရုန်အား ရွှေရောင်ရုပ်သေးရုပ်၏ထိန်းချုပ်မှုကို သူ့အားသင်ခိုင်းဖို့ ကိစ္စကို ခဏလောက်ဘေးထားလိုက်ပြီး အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားကို စုပ်ယူရာတွင် ပြဿနာအကြီးကြီးရှိနေတာကို သူသိရှိသွားသည်။


အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားကို ပန်းချီကားချပ်ပေါ်မှာ ဖော်ပြထားသည့် နည်းလမ်းအတိုင်း ရိုးရိုးရှင်းရှင်းနဲ့ ဝါးမျိုနိုင်လိမ့်မယ်လို့ သူလည်းမတွေးထားပေ။ အဲ့လိုမျိုးသာလုပ်လိုက်ပါက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြာအဖြစ်သို့ပြောင်းသွားလိမ့်မည်။


အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားကို ဝါးမျိုးမည့်နည်းလမ်းအား သင်ယူဖို့အချက်ကို သူခဏလောက်ဘေးဖယ်ထားလိုက်ပြီး ခရမ်းရောင်မိုးကြိုးသွား၏ပြောင်းလဲမှုကိုးခုကို သူကျင့်ကြံရာတွင် အချိန်အတော်ကြာ သောင်တင်နေသည်။ မိုးကြိုးသွားလူသားပုံစံအောင် လေ့ကျင့်ဖို့ တစ်နှစ်လောက်အချိန်ယူရလိမ့်မည်။ လျှိုကွမ်းဂိုဏ်းကို သူဝင်ရောက်လာပြီးနောက် သူကျင့်ကြံဖို့ အချိန်ဘယ်လောက်မှ မရှိတော့ဘူးဆိုတာ သဘောပေါက်သွားသည်။


သူအများကြီးသင်ယူခဲ့ပေမယ့် ထိုအရာတွေကို သူ၏တိုက်ခိုက်စွမ်းအားအဖြစ် မပြောင်းလဲနိုင်ပါက ထိုအရာအားလုံးဟာ ဘာမှအသုံးကျမည်မဟုတ်ပေ။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေအတွင်း ထူးဆန်းတဲ့စွန့်စားမှုတွေကနေ သင်ယူခဲ့ပြီးနောက် ရွှီဇီယန် သူ၏နှေးကွေးနေမှုကို အပြစ်တင်လေသည်။


ဝတ္ထုထဲကအကြောင်းအရာတွေဟာ အစတောင်မပြုရသေးပေမယ့် သူ၏သက်ရောက်မှုအောက်မှာ ဒီလောကကြီးဟာ တစ်ချို့သောပြောင်းလဲမှုဖြစ်ပေါ်နေပြီဖြစ်ပြီး မူလဇာတ်ကြောင်းအတိုင်း သွားလိမ့်မယ်လို့ ဘယ်သူမှအာမ,မခံနိုင်ဘူး။


သူ၏စွမ်းအားဟာ မူလရွှီဇီယန်ထက် ပိုသန်မာလာတယ်ဆိုပေမယ့် လင်ရှောင်ထျန်နဲ့ အမှတ်မထင်တွေ့ဆုံပြီးနောက် သူ၏စွမ်းအားဟာ သူ၏မူလကိုယ်ထက် အနည်းငယ်မြင့်ရုံသာရှိသေးပြီး အခြားသောစွမ်းရည်ရှိသူတွေနဲ့ ယှဉ်လို့မရသေးဘူးဆိုတာ သူသဘောပေါက်သွားသည်။

 

ဆွဲဆောင်မှုရှိသည့် အဓိကဇာတ်လိုက် ပိုင်ဟွကိုလည်း သူလျော့မတွက်ရဲပေ။ သူ့ကိုတတိယGongအဖြစ် ဆုံးရှုံးလိုက်ရင်တောင် စတုတ္ထGong,ပဉ္စမGongတွေကို မရှာဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး…


အဲ့ဒီအချိန်ကျရင် သူအရမ်းနှေးကွေးလို့ စွမ်းအားလုံလောက်စွာမရှိပါက ဇီရုန်ကိုလက်လွတ်လိုက်ရပြီး သူရှုံးနိမ့်သွားလိမ့်မည်…


သူ့ရဲ့ကိုယ်ပိုင်ဘဝအတွက် သူ့ရဲ့ညီလေးအတွက် သူပိုပြီးစွမ်အားကြီးလာအောင် သူ့ကိုယ်သူဖိအားပေးရမည်။


ဒီစွန့်စားမှုကနေ သူ၏အဓိကအားနည်းချက်တွေကို သူရှာတွေ့သွားခဲ့သည်။ သူ၏မှတ်ဉာဏ်တွေကြောင့် ဒီကျင့်ကြံခြင်းလောက၏ အချက်အလက်တွေအများစုကို ရင်းနှီးနေပေမယ့် ဒီအချက်အလက်တွေအားလုံးကို သူကျင့်သုံးနိုင်တယ်လို့တော့ မဆိုလိုပေ။ မြေကြီးအောက်မှာ မြှုပ်နှံထားသည့် အုပ်ဂူတွေလိုပဲ နူးညံ့တဲ့ရေညှိတွေ၏တည်ရှိမှုကို သူမသိခဲ့သလို အဖြစ်မှန်တွေနဲ့လည်း သူမချိတ်ဆက်နိုင်ခဲ့ဘူး။


ကျင့်ကြံခြင်းနဲ့သူ၏မှတ်ဉာဏ်တွေကို ပေါင်းစပ်နိုင်ဖို့ ပန်းတိုင်နှစ်ခုဟာ ရွှီဇီယန်တံခါးပိတ်ကျင့်ကြံရန် ဖြစ်လာတော့သည်။


ရွှီဇီယန်နဲ့နှိုင်းယှဉ်ရင် ရွှီဇီရုန်၏ကျင့်ကြံခြင်း ရည်မှန်းချက် ပို၍ရှင်းလင်းသည်။ ဘာကြောင့်လဲဆိုတော့ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲမှာ လင်ရှောင်ထျန်နဲ့ ပိုင်ဟွ၏ပုံစံက သူ့ကိုအလွန်ဒေါသထွက်စေလို့ဖြစ်သည်။ 


အရင်ဘဝတုန်းက သူ၏ဝိညာဉ်ဟာ နှိပ်စက်ညှင်းပန်းခံခဲ့ရပြီး အသတ်ခံလိုက်ရသည်။ သူ့ရင်ထဲမှာ ထွင်းထုထားသည့် ဒီအမုန်းတရားကို သူဘယ်တော့မှ မေ့သွားမှာမဟုတ်ဘူး။


သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ကြံတာက ရွှီဇီရုန်ကို အလွန်သွေးဆာစေသည်။ သူ့ဘေးနားမှာ ရွှီဇီယန်အမြဲရှိနေတာကြောင့် သူဟာကံကောင်းပြီး သူ၏လူသတ်ချင်သည့်စိတ်ကို ထိန်းချုပ်နေနိုင်ခြင်းဖြစ်သည်။ မဟုတ်ရင် လင်ရှောင်ထျန်ကို မြင်မြင်ချင်း သူသတ်မိလိမ့်မည်။


ဒါပေမယ့် သူ့ကိုကိုရဲ့ထင်မြင်ချက်ကို သူပိုပြီးတော့ဂရုစိုက်သည်။ သူကဒီအမုန်းတရားနဲ့ ရှင်သန်ရင်း အခြားသော အခွင့်အရေးတစ်ခုကို ထပ်စောင့်ကာ 'လိမ်မာတဲ့ကလေး'ဆိုသည့် သူ၏ပုံစံကိုလည်း ထိန်းသိမ်းထားရမည်။


လင်ရှောင်ထျန်ဖြစ်ဖြစ် မော့ကျီးယွမ်ဖြစ်ဖြစ် နောက်ကွယ်ကနေ ထိန်းချုပ်ထားသည့် ပိုင်ဟွကိုလည်း သူလုံးဝအလွတ်ပေးမည်မဟုတ်ပါ။ ဒါပေမယ့် ပိုင်ဟွကအခုဘယ်ရောက်နေလဲ သူမသိဘူး။ မော့ကျီးယွမ်ကတော့ သူ၏မော့ယွိလုံအိမ်တော်မှာပဲ ပုန်းနေပြီး သူကလင်ရှောင်ထျန်ကို တွေ့ပြီးပြီဆိုပေမယ့် ထျန်းယွီဂိုဏ်း၏တပည့်ဖြစ်တယ်ဆိုတာက ဘာမှမလုပ်ခင် သူ၏အပြုအမူတွေကို နှစ်ခါလောက်စဉ်းစားရအောင် ဖြစ်စေသည်။


ကံကောင်းစွာ ရွှီဇီရုန်ကအလွန်စိတ်ရှည်တတ်ပြီး သူ၏အရင်ဘဝတုန်းက အတွေ့အကြုံတွေအရ ထိုလူကိုသူပြန်တွေ့ရမယ်ဆိုတာ ယုံကြည်မှုရှိသည်။


အဲ့ဒီအချိန်ကျရင် အကြောင်းအရာတစ်ခုကို ထပ်ပြီးစတင်တာပေါ့…ရွှီဇီရုန်၏မျက်နှာဟာ နတ်ဆိုးအပြုံးမျိုးပြုံးလိုက်သည်။ သူ၏ချိုမြိန်လှသည့်အချိန်၌ လက်စားချေမှုကို သူပြန်လည်ရယူရမည်။


ဒါပေမယ့် ဒီအရာတွေအားလုံးက အခြားသောလူတစ်ယောက်ကို သတ်နိုင်သည့် သူ၏စွမ်းရည်အပေါ်မူတည်သည်။ အခြားလူတွေအကြောင်းကိုတော့ သူမသိပေမယ့် လင်ရှောင်ထျန်ကိုမြင်လိုက်ပြီးနောက် သူ၏သွေးပင်လယ်နှလုံးကျင့်စဉ်ကို ပိုင်ဆိုင်ထားပြီး အဆင့်မြင့်လေ့ကျင့်ရေးက သူ့ကိုကူညီပေးနိုင်တာကြောင့် လင်ရှောင်ထျန်လို ရှားပါးသည့်စိတ်ဝိညာဉ်သွေးကြောရှိတဲ့လူကိုတောင် တိုက်ခိုက်နိုင်တယ်ဆိုတာ သူသေချာသွားသည်။ ဒါပေမယ့် ဒီဘဝမှာသူ့ကိုကိုက သူ့အနားမှာတစ်ချိန်လုံးရှိနေတာကြောင့် အရင်တုန်းကလို မရပ်မနားလူတွေကို သတ်လို့မရတော့ဘူး။ သူပိုပြီးတော့ဂရုစိုက်ရလိမ့်မည်။ မဟုတ်ရင် သူအသတ်ခံသွားရနိုင်သည်။


အရင်ဘဝတုန်းက သူအများကြီးခံစားခဲ့ရတာကြောင့် ရွှီဇီရုန် သူ့ကိုယ်သူနှိပ်စက်ညှင်းပန်းသည့် တူညီတဲ့လမ်းမျိုးကို ထပ်ပြီးမရွေးချယ်ချင်တော့ပါ။ အနာဂတ်အတွက် သူတံခါးပိတ်ကျင့်ကြံရတော့မှာမို့ သူ့ကိုကိုနဲ့အချိန်အကြာကြီး မတွေ့ရပဲ သူရှင်သန်ရတော့မည်။


သူကထိုအရာကို သူ့ကိုကိုနဲ့အတူ တစ်ချိန်တည်းမှာ သူတို့၏ကိုယ်ပိုင်အခန်းတွေ၌ ကျင့်ကြံရမှာဆိုသည့်အသိက ရွှီဇီရုန်အား အနည်းငယ်နှစ်သိမ့်မှုရစေသည်။


လော့တကျောင်ကတော့ သူတို့တွေတံခါးပိတ်ကျင့်ကြံမှာနဲ့ ပတ်သက်ပြီး ဘာငြင်းပယ်ခြင်းမှ မရှိပေ။


ရွှီဇီယန် သူပဲအမြင်မှားတာလား ဆိုတာကတော့ မသေချာပေမယ့် လော့တကျောင်ဟာ ရွှီဇီရုန်အပေါ် ပိုပြီးအေးစက်လာတယ်လို့ သူမြင်နေရသည်။


အရင်တုန်းကဆိုရင် လော့တကျောင်ဟာ ရွှီဇီရုန်နဲ့ စကားများလေ့ရှိပေမယ့် ဒီလိုမြင်ကွင်းမျိုးဟာ ထပ်ပြီးဖြစ်မလာတော့ပေ။ သူတို့တွေ၏ ဆရာ-တပည့်ဆက်ဆံရေးဟာ ပိုပြီးသင့်မြတ်သွားတယ်လို့ ထင်ရပေမယ့် တစုံတခုတော့ ရှိနေလိမ့်မယ်လို့ ရွှီဇီယန်တွေးနေမိသည်။


ရွှီဇီယန်ကလည်း အဲ့ဒါကိုလုံးဝ သတိမထားမိတော့ပါ။ ရှိကောင်းရှိနိုင်ပေမယ့် ထိုကိစ္စကို သူဂရုမစိုက်တော့ဘူး။


ဒီလောကကြီးမှာ သူ့စိတ်ကိုလွှမ်းမိုးနိုင်တာ ရွှီဇီယန်တစ်ယောက်တည်းသာရှိသည်။ လော့တကျောင်က သူ့ကိုအဆိုးကြီး မဆက်ဆံပေမယ့် ရွှီဇီရုန်အတွက်ကတော့ ထိုသူက 'အဆင်ပြေတဲ့လူ'အဖြစ်သာ ခွဲခြားသတ်မှတ်ထားသည်။


ဘာမျှော်လင့်ချက်မှမရှိရင် ဘာစိတ်ပျက်မှုမှလည်း ရှိမှာမဟုတ်ဘူး။ အဲ့ဒါကြောင့်လော့တကျောင်၏ပါးနပ်စွာ ပြောင်းလဲသွားသည့် သဘောထားကို ရွှီဇီယန်ထက်ပိုပြီး ရွှီဇီရုန်ပိုသဘောပေါက်သည်။


#TK