Chapter 46
Viewers 19k

👻Chapter 46

 á€€á€źá€ąá€Źá€€á€şá€™á€€á€şá€–ွယ်ရဏ ကစားကွင်း (1)



လဝက်ခန့်ကြာပြီးနောက် အေပရွန်ဝတ်ပြီး အာလူးတုံးလေးများ လှီးနေသည့် ချူဟွိုက်၏ ခေါင်းထဲ နာကျင်မှုက ရုတ်တရက် ဝင်ရောက်လာသည်။


လျှပ်တစ်ပြက်ဆိုသလို ချူဟွိုက်က လက်ကို လှီးမိမလို ဖြစ်သွားသည်။


[မစ်ရှင် ကြေငြာချက်....]


[အမည် : ချူဟွိုက် (အဆင့်ကိုး)]


[ပါဝင်ဖူးသည့် အကြိမ်အရေအတွက် : ၂ကြိမ်]


[ဖြစ်ရပ်အမည် : ကြောက်မက်ဖွယ်ရာ ကစားကွင်း]


[မစ်ရှင် : သတ်မှတ်ပေးထားသော ကစားကွင်း၏ လုပ်ငန်းများကို အပြီးသတ်ပေးရန်]


[အပိုဆောင်း ပြောကြားချက်: စုံတွဲလုပ်ဆောင်ချက်ကိုလည်း ဖွင့်ပေးထားပါတယ်]


[အချိန် : သုံးရက်အတွင်း ည၈နာရီ]


ချူဟွိုက်က ပြီးသွားဟု ထင်လိုက်စဥ် နောက်ထပ်စာကြောင်း ပေါ်လာသည်။


[သဲလွန်စပြိုင်ပွဲ]


[ပြိုင်ပွဲအမည် : မင်းတစ်ယောက်တည်းသာ...]


[မစ်ရှင် : လူသားနဲ့ သရဲကြားမှာ စိတ်လှုပ်ရှားဖွယ် ချစ်ဇာတ်လမ်းမျိုး ရှိနေတာကို ဘယ်လိုထင်မိလဲ...]


[အကြောင်းအရာ : အမျိုးသားသရဲ ၁၂ယောက်နဲ့ အမျိုးသမီးသရဲ ၁၂ယောက် ရှိတယ်...သူတို့ကို လက်တွဲသွားအောင် လုပ်နိုင်တဲ့သူက သဲလွန်စကို ရမယ့်အပြင် ကစားကွင်းထဲက ၂၈၈rmb တန် ဇိမ်ခံပက်ကေ့ချ် တစ်ခုလည်း ရမှာနော်...ကစားကွင်းမှာ အတူတူ ကစားမယ့် ဧည့်သည်ကို ရွေးလို့ရပါတယ်...]


[အပိုထပ်ဆောင်း ပြောကြားချက် : သင်သာ ဧည့်သည်တစ်ယောက် ခေါ်လာမယ်ဆိုရင် စုံတွဲလုပ်ဆောင်ချက်က ပွင့်သွားမှာ ဖြစ်ပါတယ်]


[အချိန် : မနက်ဖြန် ည၈နာရီ]


ချူဟွိုက်က "စုံတွဲလုပ်ဆောင်ချက်" အကြောင်း သိချင်သေးသော်လည်း သဲလွန်စပေးလာသည့်အချိန် သူ၏ စိတ်ဝင်စားမှုက ထိုးကျသွားရသည်။


သူက စောင့်နေရင်း မျက်နှာက တဖြေးဖြေး မည်းမှောင်လာသည်။


'မင်း တစ်ယောက်တည်းသာ...' ဒါက လူသားနဲ့ သရဲကြားက အချစ်ကို ပြချင်တာ မဟုတ်ဘူးလား...။ သူက စိတ်မရှိသော်လည်း မေးရမည့် အရာတစ်ခု ရှိနေသည်။ သူနဲ့တွဲရမှာက အမျိုးသားသရဲလား အမျိုးသမီးသရဲလား.... 


သူ့ရဲ့ လိင်အစစ်တိုင်းဆို သရဲမတွေနဲ့ အီစီကလီ လုပ်လို့ရပေမယ့် အခုက မိန်းမအဝတ်အစားကြီး ဝတ်ထားရတာ ဆိုတော့ သူ့အချိန်ရဲ့ ၈၀ရာခိုင်နှုန်းလောက်ကို အမျိုးသားသရဲတွေဆီ ပေးရတော့မယ်လို့ ခန့်မှန်းမိတယ်...။ သူ့မှာ ကျင်းထျန်းယိ ရှိနေတာကို အခုတော့ အမျိုးသားသရဲတွေနဲ့ အီစီကလီ လုပ်ရတော့မယ်တဲ့...။ ဒါဘယ်လို ဟာသကြီးလဲ....။


သဲလွန်စပြိုင်ပွဲရဲ့ အကြောင်းရာအတိုင်းဆိုရင် အောင်အောင်မြင်မြင် လက်တွဲသွားနိုင်မယ့်သူက တစ်ယောက်မကဘူး...ဒါက နားလည်လွယ်ပါတယ်...တကယ်တမ်းမှာလည်း ဆွဲဆောင်မှုတွေက အများကြီး ရှိနေတာကိုး...


တစ်နည်းပြောမယ်ဆို သဲလွန်စပြိုင်ပွဲမှာ လူပိုများလေ ပိုကောင်းလေပဲ...


သူက အဲ့ဒီ ၂၈၈rmbတန် ပက်ကေ့ချ်ကြီးကိုလည်း မလုချင်ပါဘူး ...ဒါပေမယ့် အတူတူကစားဖို့ ဧည့်သည် ဖိတ်ရမှာက ဘယ်လိုသောက်ကျိုးနည်း ကိစ္စကြီးလဲ...


ပြီးတော့ သွေးနီစာတန်းရဲ့ အဓိပ္ပါယ်ကို ကြည့်ရင်းနဲ့ ကမ္ဘာကြီးက သူ့ရဲ့ "ဧည့်သည်" တွေကို ခေါ်စေချင်တဲ့ပုံပဲလို့ ခံစားမိတယ်...


သရဲနဲ့ ကစားရတာက ဘာပျော်စရာရှိလို့လဲ...


ချူဟွိုက်က လူပြည့်နေသော ညစာပြင်ထားသည့် စားပွဲဆီ လှည့်ကြည့်မိသည်။


လော့ဇီယန်က လက်တစ်ဖက်က တူကိုင်ထားရင်း နောက်ထပ် စားစရာများကို စောင့်ဆိုင်းနေစဥ် သွေးနီစာတန်းကြီးက ရုတ်တရက် ပေါ်လာ၍ ဝက်သားချက်ကို နှိုက်ထားသည့် သူ၏ ဆီရွှဲရွှဲ တူတစ်စုံက သူ့ဘောင်းဘီပေါ် လွှတ်ကျသွားလေသည်။


စွန်းကျားမူက ဆင်းမလာသေးပေ။


ကျိုးရှို့ဝမ်နှင့် တုန့်အန်ယာတို့ကလည်း စိတ်လွတ်သွားသလို ဖြစ်သွားကြသည်။


ချူဟွိုက်က စဥ်းစားခန်းဝင်နေသည်။ ကြည့်ရတာ သွေးနီစာတန်းကို လက်ခံရရှိတဲ့သူက လူနည်းစုလောက်ပဲ ဖြစ်မယ်...


ကျင်းထျန်းယိက သူ့ကို စိုက်ကြည့်လာပြီး အဓိပ္ပာယ်ပြည့်နေသည့် အရာတစ်ခု ပြောလာသည် " စုံတွဲလုပ်ဆောင်ချက်...."


ချူဟွိုက်က သီးသွားရသည် " ရှင်လည်း အဲ့ဒါ ရတယ်ပေါ့..."


ကျင်းထျန်းယိက ခေါင်းညိမ့်ပြသည်။


ကျန်သုံးယောက်ကလည်း အသိစိတ်ဝင်လာကြပြီး တစ်ပြိုင်နက်တည်း ပြောလာကြသည် "ငါတို့လည်း ရတယ်..."


လော့ဇီယန်က ကျင်းထျန်းယိနှင့် ချူဟွိုက်ကလည်း လက်ခံရရှိခဲ့သည် ဆို၍ လက်ခနဲ ဖြစ်သွားရသည်။ ငါတော့ ဒီတစ်ခါလည်း လှဲအိပ်နေရင်း ဖြတ်ကျော်သွားနိုင်တော့မှာပေါ့...။အခုတစ်ကြိမ်က အဆင့်ငါးအထက် ဖြစ်ရပ်လည်း မဟုတ်တော့ တခြားတိုက်ခန်းက လူတွေလည်း ကြားဝင်လာတော့မှာ မဟုတ်ဘူး....


ကျင်းထျန်းယိက ဟင်းပွဲများ ပြည့်နေသည့် စားပွဲဆီ အကြည့်ပို့လိုက်သည် " ကြော်နေတာ ရပ်လိုက်တော့...ပြီးသလောက်ရှိနေပြီ...စားကြရအောင်..."


လော့ဇီယန်က မစောင့်နိုင်တော့၍ ချက်ချင်း ပြန်ဖြေလာသည် " ဟုတ်တယ် ဟုတ်တယ်...ငါ အာလူး မစားချင်ဘူး...အစ်မ အန်ယာရောမို့လား...."


တုန့်အန်ယာက တစ်ခဏမျှ လန့်သွားရပြီး ကျိုးရှို့ဝမ်ကို မျက်စိမှိတ်ပြကာ အမြန်ဖြေလာသည် " ...ရှို့ဝမ်နဲ့ ငါလည်း အာလူး မစားချင်ဘူး..."


ကျင်းထျန်းယိ "...ကိုယ်လည်း အာလူး မစားချင်ဘူး..."


အာလူးလေး ကိုင်ထားသည့် ချူဟွိုက်က အာလူးထိပ်ဖူးလေးကို ပုတ်လိုက်ရင်း စိတ်မကောင်းဖြစ်နေသည့် အသံနှင့် ပြောလာသည် " သူတို့အားလုံးက မင်းကို မလိုချင်လို့ မင်းကို ငါ မလှီးရက်တော့ဘူး...အိုက်ယား ..."


သူက အာလူးကို ချထားလိုက်ရင်း လက်ဆေးရန် ပြင်လိုက်စဥ် ကျင်းထျန်းယိက အနောက်မှ ဖက်လာ၍ ချူဟွိုက်က ယခင်က အကြောင်း ခေါင်းထဲပေါ်လာရင်း တောင့်ခဲသွားရသည်။ 


ချူဟွိုက်က အနောက်လှည့်လိုက်ပြီး ရေစင်ကို လက်နှင့်ထောက်ကာ တောင်းဆိုလာသည် " လူတွေအများကြီး ကြည့်နေကြတာ...လွှတ်ပေးဦး..."


"ကိုယ်က မင်းရဲ့ အေပရွန်ကို ချွတ်ပေးနေတာပါ....ဘာတွေ စိတ်လှုပ်ရှားနေရတာလဲ..." ကျင်းထျန်းယိက မျက်ခုံးပင့်လိုက်ရင်း သူ့နှုတ်ခမ်းစွန်းလေးများက အနည်းငယ် ကော့တက်သွားသည်။


ကြိုးထုံးလေးကို ဘယ်အချိန် ဖြေလိုက်မိမှန်း မသိသော်လည်း ချူဟွိုက်၏ အေပရွန်ကို ဆတ်ခနဲယူပြီး ချွတ်ပေးလိုက်သည်။


သူမရှေ့က ပုံစံက အရမ်းရှက်စရာကောင်းနေ၍ တုန့်အန်ယာက ထိုမြင်ကွင်းကို ကြည့်ချင်စိတ် မရှိတော့ပေ။


ချူဟွိုက်က ကျင်းထျန်းယိကို တွန်းထုတ်လိုက်ပြီး စားပွဲဆီ သွားထိုင်လိုက်ကာ အကြောင်းအရာ ပြောင်းပြောလာသည်


 " ရှင်တို့ရော သဲလွန်စအတွက် ပြိုင်ကြမှာလား..."


"မပြိုင်ဘူး..."ကျိုးရှို့ဝမ်နှင့် တုန့်အန်ယာက တစ်ခုတည်း ပြန်ဖြေလာသည်။


ချူဟွိုက်က အချိန်ရှိတိုင်း သူတို့ကို သဲလွန်စပြိုင်ပွဲအကြောင်း ရှင်းပြတတ်၍ ရိုးရိုးရှင်းရှင်း ငြင်းလိုက်ခြင်း ဖြစ်သည်။


လော့ဇီယန်က အနည်းငယ် တွန့်ဆုတ်နေသည်။ ဒီ သဲလွန်စပြိုင်ပွဲက တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်...ကြောက်စရာကောင်းမယ့်ပုံလည်း မရှိသလို အပြစ်လည်း ပေးခံရမှာ မဟုတ်ဘူး...။ သူက ချူဟွိုက်ကို ရှက်ကိုးရှက်ကန်း မေးလာသည်


 " မင်းရော သွားမှာလား...."


တုန့်အန်ယာ " ကျွန်မက လက်ထပ်ပြီးသားသူ...ပြိုင်ပွဲက လက်ထပ်ထားတဲ့သူတွေအတွက် အနှောင်အယှက်ပေးတာနဲ့ ဆင်တယ်...ကျွန်မနှလုံးသားထဲမှာ ရှို့ဝမ်တစ်ယောက်တည်းပဲ ရှိတယ်...ဒါကြောင့် ကျွန်မ ပန်းကန်လုံးထဲ ထည့်စားမှာ မဟုတ်သလို အိုးအကြောင်းလည်း စဥ်းစားနေမှာ မဟုတ်ဘူး...ကျွန်မအတွေးတွေကိုလည်း ပြောင်းမှာ မဟုတ်သလို ရှက်တယ်လို့လည်း မခံစားမိဘူး..."


တစ်ခုခု ပြောရန်ပြင်နေသည့် ချူဟွိုက် "....." သူမက တည့်တိုးပြောချလိုက်တာပဲ...ငါ ဘာလုပ်ရတော့မလဲ...


ပန်းကန်လုံးထဲ ထည့်စားတယ်...အိုးအကြောင်းကို တွေးမိတယ်...တစ်ခုခု မတူတာ တွေ့တာနဲ့ ပြောင်းလဲသွားတဲ့အရာကို စဥ်းစားကြည့်တယ်...အရှက်မဲ့တယ်...မင်း သစ္စာရှိတာကို ပြလို့ရတယ်...ငါ့ကို ရေထဲ ဆွဲခေါ်မသွားနဲ့...


တုန့်အန်ယာက ချူဟွိုက် စိုက်ကြည့်နေမှန်း မြင်လိုက်၍ စကားပြောတုန့်သွားပြီး အနည်းငယ် တွေဝေသွားကာ ပုံမှန်အတိုင်း မေးလာသည် 


" ကျောင်းကျောင်း...မင်းလည်း မသွားဘူးမို့လား..."


ကျင်းထျန်းယိက လျှောက်လာပြီး တည်တည်ငြိမ်ငြိမ် ထိုင်ချလိုက်ရင်း မျက်လုံးနက်နက်နှင့် လှည့်ကြည့်လာသည်။


သူက ချူဟွိုက်သွားချင်နေမှန်း မြင်လိုက်၍ နူးညံ့ပြီး အဆီရွှဲသည့် ဝက်သားတစ်တုံး ကောက်ယူလိုက်ကာ မျက်နှာချင်းဆိုင်တည့်တည့်တွင် ထိုင်နေသည့် တုန့်အန်ယာကို ကြည့်လိုက်ရင်း ပြောလိုက်သည် 


" ငါက သွားမှာ..."


ချူဟွိုက်က ထိန်းထားသည့် စိတ်ကို လွှတ်ချလိုက်သည်။


တုန့်အန်ယာက ရေသီးသွားရင်း တမင်သက်သက် ချောင်းဆိုးလိုက်ပြီး ပြောလာသည် "...ကျွန်မ ခုနက ဘာမှမပြောခဲ့မိဘူးနော်...."


သူက ချူဟွိုက်ကို အဓိပ္ပါယ်ပါပါ မျက်လုံးမှိတ်ပြလိုက်သည် : မင်းယောက်ျားက သရဲမတွေနဲ့ အီစီကလီ လုပ်ချင်နေတာ...


ချူဟွိုက်က အချိန်မှန်စွာ မျက်နှာငယ်လေး လုပ်ပြလာသည်။


လော့ဇီယန်ကလည်း ကျင်းထျန်းယိကို မျက်လုံးမှိတ်ပြလိုက်သည် : ဘော့စ်...ဘော့စ် ဘာဖြစ်နေတာလဲ...


ကျင်းထျန်းယိက နားလည်သွား၍ ပေါ့ပေါ့ပါးပါး စကားဆိုလာသည် " မင်းမသွားဘူး ငါလည်း မသွားဘူးဆိုရင် သဲလွန်စက ဘယ်လိုဖြစ်သွားမလဲ..."


လော့ဇီယန်က ပါးစပ်ပိတ်လိုက်ပြီး အစားဘက်ကို အာရုံပို့လိုက်သည်။


ချူဟွိုက်က အချိန်ကျပြီထင်၍ အမြန်ဝင်ပြောလိုက်သည် " ဒါဆို ကျွန်မလည်း လိုက်ခဲ့မယ်...."


ချုကျောင်းနှင့် ကျင်းထျန်းယိတို့ ငြင်းခုန်နေကြသည်ကို ကြည့်နေရင်း တုန့်အန်ယာက ချူကျောင်း လိုက်သွားသည်က ပိုကောင်းမည်ဟု တွေးမိသည်။ အနည်းဆုံးတော့ ကျန်းမျိုးရိုးနဲ့ကောင်ကို ကံဆိုးသလို ခံစားသွားစေတာပေါ့....တကယ်တမ်း ချူကျောင်းကလည်း ထက်မြက်လွန်းတယ်လေ.... 


လော့ဇီယန်က တွန့်ဆုတ်တွန့်ဆုတ် ခေါင်းမော့ကြည့်လာရင်း ပြောလာသည် "....ကျွန်တော်လည်း သွားချင်တယ်...."


သူက ဘလိုင်းဒိတ်ကို သွားချင်မိသည်။ အိမ်ရောင်းသည့် ယွင်နျန်းဆိုသည့် သရဲမလေးက အရမ်းလှ၍ "မင်းတစ်ယောက်တည်းသာ..." ဆိုသည့် သဲလွန်စပြိုင်ပွဲကို စိတ်ဝင်စားမိသည်။ သူလည်း သရဲမချောချောလေး ခေါ်လာနိုင်ခဲ့လောက်တာပေါ့...အလုပ်မဖြစ်ရင်တောင် တစ်ညတာကုန်ဆုံးဖို့ လောက်တော့ အဆင်ပြေပါတယ်...


ကျွတ်ကျွတ်ကျွတ်....ပျိုနီပန်းလေးတွေက သေဆုံးသွားကြပြီးတော့ သရဲတွေကလည်း ရိုမန့်တစ်ဆန်နေကြတယ်...


ကျောင်းကျောင်းလောက် ကြည့်မကောင်းရင်နေပါစေ တစ်ဝက်လောက် ကြည့်ကောင်းနေရင်ကို အဆင်ပြေပါပြီ...


ညစာစားပြီးနောက် လော့ဇီယန်က စွန်းကျားမူကို တွန့်ဆုတ်တွန့်ဆုတ် မေးမိသော်လည်း ထိုလူက ဖြစ်ရပ်ထဲ မပါကြောင်း ပြောလာ၍ သူတို့တိုက်ခန်းတွင် စွန်းကျားမူတစ်ယောက်သာ မပါခြင်းဖြစ်သည်။


လော့ဇီယန်က အနည်းငယ် စိုးရိမ်မိသွားသည်။ ဒါဆို ဆိုလိုချင်တာက သူသာ မစ်ရှင်ပြီးလို့ အိမ်ပြန်လာရင် စွန်းကျားမူရဲ့ အပေါ်ထပ်မှာ နေရတော့မှာမျိုးလား....


လူပေါင်းများစွာက ထိုဖြစ်ရပ်ထဲ သွားကြမည် ဖြစ်ပြီး အသစ်လေးများဖြစ်သည့် တုန့်အန်ယာနှင့် ကျိုးရှို့ဝမ်တို့ကလည်းငြင်းဆန်သည့်ပုံစံ မရှိကြချေ။


တုန့်အန်ယာက တက်ကြွပြီး စိတ်မြန်လက်မြန်ရှိကာ မျက်လုံးဝိုင်းကြီးများနှင့် အသားအရေလှပြီး လူကောင်သေးသေးလေးနှင့် ဆွဲဆောင်မှုရှိသူ ဖြစ်၍ သူမသွင်ပြင်က ကြည့်ကောင်းလှသည်။ ကျိုးရှို့ဝမ်က သူ့နာမည်အတိုင်း အရပ်ရှည်ရှည်နှင့် သိပ်မပိန်သော်လည်း မျက်မှန်တပ်ထား၍ နူးညံ့သည့် သွင်ပြင်ရှိသည်။


ချူဟွိုက်က စားသောက်ပြီးနောက် အပေါ်ထပ်သို့ တက်သွားပြီး ရေချိုးနေရင်း အမျိုးသားအဝတ်အစားများ ပြောင်းဝတ်သင့်လား စဥ်းစားနေမိသည်။ ရိုးရိုးသားသားပြောရလျှင် ကုန်လွန်ခဲ့သည့် လဝက်အချိန်အတွင်း နာကျင်မှုက လုံးဝမရှိခဲ့သလို ဖြေးဖြေးချင်း ပျောက်ကွယ်သွားသည်။ 


သို့သော်လည်း သူက အရမ်း သေချာနေသည်တော့ မဟုတ်ပေ။ သူသာ အမျိုးသားအဝတ်အစားများ ပြောင်းဝတ်လိုက်ပါက ရှင်းပြရန်အတွက် အခက်တွေ့သွားနိုင်ပြီး ကျင်းထျန်းယိကလည်း သူ့ကို သဘောကျတော့မည် မဟုတ်၍ သူ့ခန္ဓာကိုယ်ထဲရှိ သရဲကြောင့် သူ့ခန္ဓာကိုယ် အားနည်းလာပြီး ကျင်းထျန်းယိအနားကိုလည်း ပြန်သွားနိုင်တော့မည် မဟုတ်ပေ။


နောက်ဆုံးတွင် သူက အမျိုးသမီး အဝတ်အစားသာ ဝတ်သွားရန် ဆုံးဖြတ်လိုက်သည်။


နောက်တစ်နေ့ မနက် ၇နာရီ ၅၀မိနစ် သဲလွန်စပြိုင်ပွဲ မစတင်မီ ၁၀မိနစ်အလိုတွင် လော့ဇီယန်က အခန်းကို တိတ်တိတ်လေး လော့ချထားပြီး လိုက်ကာချလိုက်ကာ ဝယ်ထားသည့် မှန်သေးသေးလေးကို ကောက်ကိုင်လိုက်ရင်း ဘောင်းဘီကို ချွတ်ချလိုက်သည်။


သူက အပ်နှင့် လက်ချောင်းကို သေးသေးလေး ထိုးဆွလိုက်ရာ သွေးစက်လေးတစ်ခု ပေါ်ထွက်လာသည်။


လော့ဇီယန်က သူ့ကိုယ်သူ ဝမ်းနည်းမိရင်း ရှက်ကိုးရှက်ကန်း လက်အုပ်ချီပြီး ရေရွတ်လာသည် "တကယ်ကို ငါ့ရဲ့ တခြားတစ်ခြမ်း ဖြစ်ပေးမယ့်သူကို ရှာတွေ့ချင်မိတယ်...ခွေးစာတွေကို ဆက်မစားချင်တော့ဘူး..."


ဘဝခြားတဲ့အချစ်ဆိုလည်း ဘဝခြားနေတဲ့ အချစ်ပဲပေါ့....ဘာပဲနေနေ သူတို့နှစ်ယောက်လုံးမှာ လက်နှစ်ဖက် ခြေနှစ်ဖက် ပါနေတာပဲလေ...မဟုတ်သေးဘူး...သူ့မှာ ခြေထောက်က သုံးဖက်ရှိတာ...


ရှစ်နာရီထိုးသည့်အချိန်တွင် ချူဟွိုက် ကျင်းထျန်းယိနှင့် လော့ဇီယန်တို့အားလုံး သွေးစက်အတည်ပြုချင်း လုပ်ငန်းကို အပြီးသတ်ပြီးဖြစ်၍ "မင်းတစ်ယောက်တည်းသာ..." ဆိုသည့် သဲလွန်စပြိုင်ပွဲသို့ ဝင်သွားကြသည်။


"ဂုဏ်သရေရှိလူကြီးမင်းများနှင့် မိန်းမပျိုအပေါင်းတို့ ခင်ဗျာ...အချိန်ကျလာပြီ ဖြစ်ပါကြောင်း..." ဆိုသည့် အသံက ချူဟွိုက်နားထဲ တိုးဝင်လာပြီးနောက် သူ့မျက်လုံးကို ဖွင့်လိုက်ချိန် ရိုက်ကွင်းနေရာကို ရောက်နေမှန်း သိလိုက်ရသည်။


“အာ...အာ...အာ့....အာ့..." လော့ဇီယန်က သူ့ရှေ့တွင် ထိုင်နေပြီး အသံအနိမ့်အမြင့် ရေရွတ်ကြည့်နေသည့် သရဲဒါရိုက်တာကို ကြည့်လိုက်မိသည်။


သရဲဒါရိုက်တာက သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်ပြီး မီးလောင်ရင်း သေသွားဟန်ရှိသည်။ သူ့တွင် ညာဘက် မျက်လုံးတစ်ခုတည်း ရှိပြီး ဘယ်ဘက်မျက်လုံးက ကြက်တောင်ပံအရောင်လို ရှိနေ၍ ကြည့်ရသည်က စိတ်မချမ်းသာစရာကောင်းလှသည်။ သူ့မျက်နှာ၏ ညာဘက်ခြမ်းတစ်ခုလုံးက သတ်သတ်မှတ်မှတ် မရှိတော့သည်ထိ မီးလောင်ထားပြီး သူ့ကိုယ်ပေါ်က အဝတ်ပြဲများမှလည်း အော်ဂလီဆန်စရာ အနံ့တို့ ထွက်နေသည်။


မှိန်တိမ်တိမ် မီးရောင်အောက်တွင် သူ့မျက်နှာက မည်းပြာပြီး မှိုင်းတိုင်းတိုင်း ဖြစ်နေကာ တစ်ခုတည်းကျန်နေသည့် မျက်လုံးတစ်ဖက်က လော့ဇီယန်ကို စိုက်ကြည့်နေသည်။


သူ့တွင် ဥဖြူဖြူတစ်ခုလို မျက်နှာပြင်တစ်ခုလုံး အဖြူရောင်သန်းနေသည့် မျက်လုံးတစ်ဖက် ရှိနေသည်။


ကျင်းထျန်းယိက ချူဟွိုက်ဘက် လျှောက်သွားလိုက်သည်။


သရဲဒါရိုက်တာက ပါးစပ်ဟလာသည်...


"အား...သူ ငါ့ကို စားချင်နေတယ်...အမေရေ..." လော့ဇီယန်က ချက်ချင်း ချူဟွိုက်နောက်ကို သွားပုန်းနေလိုက်သည်။


သရဲဒါရိုက်တာ "....သုဘရာဇာက ရောက်နေပြီ...မင်းတို့တွေ အလောင်းထားတဲ့ နေရာကို အရင်သွားပြီးမှ သီချင်းဗီဒီယို ရိုက်ဖို့ ဒီကိုပြန်လာခဲ့..."


သူ့တွင် အလုပ်လုပ်နိုင်သည့် မျက်လုံး မရှိသော်လည်း အမှောင်ထဲက သူတို့သုံးယောက်ရှိနေသည့် နေရာကို တိတိကျကျ သိနေသည်။ 


သူ့အသံက နွားအော်သည့် အသံနှင့်ဆင်ပြီး စကားပြောနေရင်း အဖျားဆွတ်သည့်အသံ ထွက်နေသည်။


အလောင်းထားတဲ့နေရာလား...။ ချူဟွိုက်၏ မျက်လုံးတို့ ပင့်တက်သွားသည်။ စိတ်ဝင်စားဖို့ကောင်းသားပဲ....


အမှောင်ထုထဲမှ ပိန်ပါးသည့် လက်တစ်စုံက ချူဟွိုက်နောင်တွင် ပုန်းနေသည့် လော့ဇီယန်၏ ပုခုံးပေါ် တင်လာသည်။


ကြက်ပေါက်စ လော့ဇီယန်၏ စူးစူးဝါးဝါး အော်သံကြီး ထွက်လာသည် " အား......"


ချူဟွိုက်က လော့ဇီယန်ကြောင့် လန့်သွားရင်း ဘေးရှိ မီးအိမ်တစ်ခု ကောက်ယူလိုက်ပြီး ပေါက်ချပစ်ရန် ရွယ်လိုက်စဥ် မီးရောင်က လက်ခနဲ ပေါ်လာ၍ လော့ဇီယန်နောက်တွင် ရပ်နေသည့်သူကို တွေ့လိုက်ရသည်။


သရဲက ဟယ်ရီပေါ်တာစတိုင် ဝတ်ရုံလိုမျိူး ခြုံထားပြီး သစ်ရွက်လို ချွန်နေသည့် ထိပ်လေးလည်း ပါသည်။ သူ့မျက်နှာကို ဝတ်ရုံအောက်တွင် ဖွက်ထား၍ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ ချူဟွိက်က ကြက်အရေခွံလိုမျိုး ရှုံ့တွနေသည့် အရေပြားကိုသာ မြင်ရသည်။


ချူဟွိုက်က အောက်ငုံ့ကြည့်လိုက်သော်လည်း သရဲခြေထောက်ကို မမြင်ရပေ။


သူ၏ပုံစံက "Spirited Away "ထဲမှ မျက်နှာမဲ့အမျိုးသားနှင့် တော်တော်လေးဆင်သည်။


"ကောင်လေးတွေ...ဘယ်သူ အရင်ဆုံးသွားမလဲ..." စုန်းမကြီးလို အဖွားကြီးတစ်ယောက်၏ အသံထွက်လာ၏။


ချူဟွိုက်က "ကောင်လေးတွေ..." ဟု ပြောလိုက်ခြင်းကို သတိထားမိသည်။ သူမက သူ့ရဲ့ လိင်အစစ်ကို သိနေတာလား....


သို့သော်လည်း ကျင်းထျန်းယိနှင့် လော့ဇီယန်တို့က သတိထားမိပုံမရချေ။


"ဟေ့...." လော့ဇီယန်က စိတ်အေးသွားသလို သက်ပြင်းချလိုက်ရင်း ပြောလာသည် 


" အဖွားက အလောင်းထိန်းသိမ်းတဲ့သူလား...ကျွန်တော်ဖြင့် သေလောက်အောင် ကြောက်သွားတာဗျ..."


ချူဟွိုက် " ကျွန်မ အရင်ဆုံးသွားမယ်..." သူက စမ်းကြည့်ရန် စိတ်အားထက်သန်နေသည်။


လော့ဇီယန်စိတ်ထဲ ပေါ့သွားသည်။ သူ အရင်ဆုံး မသွားချင်ပါဘူး... 


ကျင်းထျန်းယိက ဆိုလိုက်သည် " ကိုယ် မင်းကို စောင့်နေမယ်..."


ချူဟွိုက်က နာရေးကိစ္စလုပ်ပေးသည့်သူနောက် လိုက်ပြီး အခန်းထဲဝင်သွားလိုက်သည်။  


သရဲဒါရိုက်တာက တစ်ဖန် စကားဆိုလာသည် " မင်းတို့တွေ အရင်ဆုံး ဆိုဖာပေါ်မှာ နားနေလို့ရတယ်..."


ကျင်းထျန်းယိက သွေးပေပြီး ကြွက်ကိုက်ရာများ ပြည့်နေသော ဆိုဖာအစုတ်ကြီးကို ကြည့်လိုက်ရင်း ပြန်ဖြေလာသည် 


"တော်ပါပြီ..."


👻