Volume 11 : ဓာတုဗေဒဌာန
Chapter 228 (ဓာတုဓာတ်ပြုမှု ၀၃)
မကြာသေးမီ အငြိမ်းစားယူခါနီး အလုပ်သမားသုံးဦး နုတ်ထွက်ခဲ့သည့် လင်းမန့်လော် သုတေသနအဖွဲ့ထံ ပေးပို့ခဲ့သောစာက အမှန်ပင်ထူးဆန်းသည်။
ယေဘုယျအားဖြင့် ပြောရလျှင် လူငယ်များအနေဖြင့် သူတို့၏ အလုပ်အကိုင် လစာ လုံလောက်အောင် မကောင်းတာ သို့မဟုတ် သူတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် လိုက်လျောညီထွေမရှိပါက ရာထူးမှ နုတ်ထွက်ပြီး အခြား အလုပ်တစ်ခုရှာရန်မှာ သာမာန် ဖြစ်သည်။ သို့သော် အငြိမ်းစားယူရန် နီးကပ်လာကာ ဤကုမ္ပဏီတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော ဝန်ထမ်းဟောင်းများအတွက် နုတ်ထွက်ရန် တွက်ချေမကိုက်သည့်အပြင် ဤအသက်အရွယ်တွင် အခြားအလုပ်တစ်ခုရှာရန် အလွန်ခက်ခဲမည်ဖြစ်သည်။
ယွဲ့ရှင်းဝမ်က ချက်ချင်း စာရိုက်ပြီး မေးသည်။ "သူတို့ နုတ်ထွက်ရတဲ့ အကြောင်းအရင်းက ဘာလဲ။"
လင်းမန့်လော်သည် အချက်အလက်များကို အမြန်စုစည်းပြီး အကျဉ်းချုံးဖော်ပြခဲ့သည်။ "အသက် 50 အရွယ် ဖန်ရုန့်က သူ့သားနဲ့ချွေးမရဲ့ မွေးကင်းစ မြေးအမြွှာလေးတွေကို ပြုစုစောင့်ရှောက်ဖို့ နိုင်ငံခြားကို သွားတော့မယ်လို့ သူ့နှုတ်ထွက်စာမှာ ပြောခဲ့တယ်။ အသက် 52 နှစ်အရွယ် ရိကျန်ချန်းက သူ့သားသမီးတွေနဲ့ နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့နေထိုင်တော့မှာဖြစ်တာကြောင့် နှုတ်ထွက်ခဲ့တာ၊ အသက် 55 နှစ်အရွယ် ချိန်သယ်က သူ့ရဲ့ဇနီးသည်မှာ အယ်လ်ဇိုင်းမားရောဂါရှိတာကြောင့် ပြုစုစောင့်ရှောက်ဖို့ နှုတ်ထွက်ခဲ့တာ။"
အပေါ်ယံအားဖြင့် ဤနှုတ်ထွက်စာသုံးစောင်တွင် ဖော်ပြထားသော အကြောင်းပြချက်များက ကျိုးကြောင်းဆီလျော်မှုရှိသည်။ အထူးသဖြင့် နိုင်ငံရပ်ခြားသို့ သွားသော သက်ကြီးရွယ်အိုနှစ်ဦးအတွက် သူတို့၏ သားသမီးများသည် ဝင်ငွေမြင့်မားရမည် ဖြစ်သောကြောင့် သက်ကြီးရွယ်အိုများကို နိုင်ငံရပ်ခြားသို့ ခေါ်ဆောင်သွားပါက အိမ်တွင် အလုပ်လက်လွတ်ရခြင်းသည် ကြီးမားသော ဆုံးရှုံးမှုတစ်ခု မဟုတ်ပေ။ သူ့ဇနီးကို ပြုစုစောင့်ရှောက်ရမယ်လို့ပြောသော သက်ကြီးရွယ်အိုတစ်ယောက်အနေဖြင့် သူတို့စုံတွဲကြားက ဆက်ဆံရေးသည် အလွန်လေးနက်ပြီး သူ့လက်တွဲဖော်ကြောင့် အလုပ်လုပ်လို့မရတော့ပေ။
သို့သော် ယွဲ့ရှင်းဝမ်သည် ဒီကိစ္စများက ထိုမျှရိုးရှင်းမည်မဟုတ်ကြောင်း အမြဲခံစားခဲ့ရသည်။
သူ မသိစိတ်က ကျန်းဖျင်စစ်ကို လှည့်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် မေးသည်။ "မင်းဘယ်လိုထင်လဲ။"
ကျန်းဖျင်စစ်: "နိုင်ငံရပ်ခြားကို ထွက်သွားတဲ့ လူနှစ်ယောက်ကို ငါတို့စုံစမ်းစစ်ဆေးဖို့ နည်းလမ်းမရှိဘူး။ သူတို့ ရာထူးက နှုတ်ထွက်ပြီးတဲ့ နောက်ပိုင်းမှာ ဌာနမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ဆီကနေ ဆက်သွယ်လို့ မရဘူးဆိုရင်တောင် သူတို့က တစ်ခုခုဖြစ်နေခဲ့တာကို သံသယရှိမှာ မဟုတ်ဘူး။"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်၊ နိုင်ငံခြားသွားတာက အကြောင်းပြချက်ကောင်းတစ်ခုပဲ။ ဒီလူနှစ်ယောက်ရဲ့ အခြေအနေကို ပြန်သွားမေးကြည့်ရအောင်။ နောက်ပြီး ဇနီးသည်က နေမကောင်းဖြစ်လို့ သူမကို ဂရုစိုက်ဖို့ နှုတ်ထွက်ပြီး အိမ်ပြန်သွားတဲ့တစ်ယောက်ကိုလည်း စုံစမ်းဖို့ နည်းလမ်းရှာရမယ်။"
ထိုအခိုက်တွင် "ဒင်း" အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး suit ဝတ်ထားသော အမျိုးသားတစ်ဦးသည် ဓာတ်လှေကားမှ ထွက်လာပြီး ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့၏ခြေလှမ်းများ ချက်ချင်းရပ်သွားခဲ့သည်။ တစ်ဖက်လူက သူတို့ နှစ်ယောက်ကို မြင်တော့ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ ရှေ့ကို လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။ "မင်းတို့နှစ်ယောက် ဘာလို့ အပြင်ရောက်နေတာလဲ၊ ဘယ်သွားမလို့လဲ။"
ယွဲ့ရှင်းဝမ်: "သန့်စင်ခန်းကို သွားမလို့။"
ထိုအမျိုးသားက နားလည်မှုရှိစွာ ပြောလာသည်။ "အိုး၊ ဒါဆို မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ကြ။ ငါ မင်းတို့ကို ရှင်းပြစရာရှိတယ်။"
ထိုစကားကိုပြောပြီးနောက် သူသည် တစ်ဖက်သို့လှည့်၍ သူတို့နှစ်ဦးထွက်လာခဲ့သော ရုံးခန်းထဲသို့ ဝင်သွားကာ ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ကြည့်ပြီး 'အဖွဲ့ခေါင်းဆောင်ရှောင်းဝမ်ဟွေ့'ဟု နှုတ်ခမ်းလှုပ်ကာ ပြောလိုက်သည်။ အခုလေးတင် ကျန်းဖျင်စစ်သည် ရုံးခန်းထဲက တတိယစားပွဲခုံပေါ်ရှိ ပစ္စည်းများကို လှန်လှော်ကြည့်ခဲ့ရာ ဓာတုစက်ရုံများနှင့် ဆေးဝါးကုမ္ပဏီများအကြား ပရောဂျက်ချိတ်ဆက်ရန် တာဝန်ရှိသော 'ရှောင်းဝမ်ဟွေ့'၏ လက်မှတ်တချို့ပါရှိကြောင်း တွေ့ရှိရသည်။
ယွဲ့ရှင်းဝမ်က နူးညံ့စွာ ဆိုသည်။ "ဒါက တာဝန်ပေးတဲ့ NPC နဲ့တူတယ်။ ငါတို့ သူနဲ့ အရင်သွားတွေ့ကြမလား။"
ကျန်းဖျင်စစ်က သဘောတူကာ ပြန်ပြောသည်။ "အင်း၊ အနီးနားကို နည်းနည်းလောက် လှည့်ပတ်ကြည့်ဖို့ သန့်စင်ခန်းသွားချင်ယောင်ဆောင်ပြီး ငါတို့ပြန်သွားကြမယ်။"
နှစ်ယောက်သား စင်္ကြံအဆုံးရှိ သန့်စင်ခန်းထဲသို့ ရောက်သွားပြီးနောက် ရုံးခန်းသို့ ပြန်လှည့်လာသည်။ အဖွဲ့ခေါင်းဆောင်ရှောင်းသည် သူ့စားပွဲမှာ ထိုင်ကာ သူတို့ကို ဖိုင်တွဲတစ်ခုပေးပြီး မျက်လုံးများကိုမှေးထားသည်။ ဒါက Ruike Pharmaceutical နဲ့ ငါတို့ပူးပေါင်းဆောင်ရွက်မဲ့ ပရောဂျက်တွေအတွက် ထုတ်လုပ်ရေးအစီအစဉ်ပဲ။ မင်းတို့နှစ်ယောက် အချိန်ယူပြီး ဖတ်လို့ရတယ်၊ ပြဿနာမရှိရင် ခေါင်းဆောင်ကို လက်မှတ်ထိုးဖို့တင်ပြပြီး နောက်လမှာ အလုပ်စလုပ်မယ်။"
ကျန်းဖျင်စစ်သည် အစီအစဉ်ကိုယူကာ သေသေချာချာဖတ်ရန် ယွဲ့ရှင်းဝမ်နှင့်အတူ စားပွဲခုံတွင်ထိုင်လိုက်သည်။
Ruike Pharmaceutical သည် တရုတ်နိုင်ငံတွင် လူသိများသော ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်ပြီး အဓိကအားဖြင့် ကင်ဆာရောဂါတိုက်ဖျက်ရေးဆေးများကို တီထွင်ထုတ်လုပ်ခဲ့သည်။ ယခုတစ်ကြိမ်တွင် '4-(4-(Bis(2- chloroethyl)amino)phenyl)butanoic acid' ဟု အမည်ပေးထားသည့် ကင်ဆာဆေးသွင်းကုသရာတွင် အသုံးပြုသည့် cytotoxic(ဆဲလ်များအဆိပ်ဖြစ်စေခြင်း) ဆေးကို ထုတ်လုပ်ရန် ဓာတုစက်ရုံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ယွဲ့ရှင်းဝမ်သည် နာမည်ကိုဖတ်ရင်း ခေါင်းကိုက်သွားသည်။ ကျန်းဖျင်စစ်သည် သိပ္ပံကျောင်းသားဖြစ်လျှင်ပင် ဤရှုပ်ထွေးသော အော်ဂဲနစ်ဓာတုမော်လီကျူးပုံသေနည်းကို နားမလည်ပါ။ နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကျန်းဖျင်စစ်က ပြောလိုက်သည်။ "ဒါကို အရင်ချရေးထားရအောင်။ နောက်မှာ ရှင်းယန်နဲ့ စီနီယာအစ်ကိုလျှိုကျောက်ချင်းတို့ကို မေးမယ်။"
ယွဲ့ရှင်းဝမ်သည် ခေါင်းငြိမ့်ပြပြီး တစ်ယောက်ကို စာမျက်နှာတစ်ခုစီ မှတ်ထားမည်ဟု ဆိုလိုသည့်အနေဖြင့် အစီအစဉ်ကို ထောက်ပြသည်။
သူတို့နှစ်ဦးသည် အလွန်ကောင်းမွန်သောမှတ်ဉာဏ်များရှိပြီး အစီအစဉ်၏အဓိကအပိုင်းများကို လျင်မြန်စွာမှတ်မိကြသည်။ နာရီက ညနေ 5 နာရီကို ညွှန်ပြပြီး အဖွဲ့ခေါင်းဆောင်ရှောင်းက လက်ကောက်ဝတ်ကိုဆန့်တန်းပြီး အပြုံးဖြင့် ပြောလိုက်သည်။ "အလုပ်ဆင်းခါနီးနေပြီ။ သမီးလေးကို ကျောင်းကြိုဖို့ သွားရတော့မယ်။" အနည်းငယ်ဆူထွက်နေသော သူ့ဘီယာဗိုက်ကို ပွတ်သပ်ပြီး မတ်တတ်ရပ်ကာ ထွက်သွားသည်။
ယွဲ့ရှင်းဝမ်သည် သူထွက်သွားတာကိုစောင့်ပြီး သုတေသနအဖွဲ့ချတ်ချန်နယ်တွင် မေးလိုက်သည်။ "ဓာတုစက်ရုံမှာ ဝန်ထမ်းကန်တင်းဆိုင်ရှိလား။"
ဝန်ထမ်းများကို နေရာထိုင်ခင်း ပေးထားသောကြောင့် သီအိုရီအရ စားသောက်ခန်းကိုလည်း စီစဉ်ပေးသင့်သည်။ သူတို့သည် နေ့တိုင်း အော်ဒါမှာ၍မရပေ။
ကျန်းရှောင်နျန်က ပြန်ဖြေလာသည်။ "ဝန်ထမ်းကန်တင်းဆိုင်က အိပ်ဆောင်ရဲ့ ပထမထပ်မှာရှိတယ်။ စီနီယာအစ်ကိုရွှီနဲ့ ကျွန်တော်က အခုလေးတင် သွားကြည့်လိုက်တယ်။ ဒီညရဲ့ အစားအစာက ဝက်နံရိုးပြုတ်၊ ငါးပေါင်း၊ ခရမ်းချဉ်သီးနဲ့ တိုဟူးတို့အပြင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူကြော်လည်း ပါဝင်တယ်။ ကန်တင်းရဲ့ ဟင်းလျာတွေက နေ့တိုင်း အပြောင်းအလဲတွေရှိပြီး အလုပ်သမားတွေက စက်ရုံကထုတ်ပေးတဲ့ အစားအသောက်ကတ်တွေကို ပွတ်ဆွဲပြီး တိုက်ရိုက်စားနိုင်တယ်။"
ဟင်းအမည်များကို မြင်သောအခါ ခယ်ရှောင်ပင်း၏ မျက်လုံးများက ချက်ချင်း တောက်ပလာသည်။ "စာကြည့်တိုက်က အစားအစာထက် ပိုကောင်းမဲ့ပုံပဲ။" သူတို့သည် စာကြည့်တိုက်မှာ မုန်လာဥပြုတ်နှင့် ဟင်းသီးဟင်းရွက်ပြုတ်များကိုသာ စားကြရပြီး သူတို့၏အရသာခံနိုင်စွမ်းက ပျက်စီးတော့မည်။
ရှင်းယန်က သူ့ကိုကြည့်ပြီး တည်ငြိမ်စွာပြောသည်။ "ဓာတုစက်ရုံရဲ့ အစားအစာကို မင်းစားရဲတယ်ပေါ့၊ အဆိပ်သင့်မှာ မကြောက်ဘူးလား။"
ခယ်ရှောင်ပင်းက စိတ်ရှုပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။ "ဒီလောက်အထိတော့ မဆိုးနိုင်ဘူးမလား။ ဝန်ထမ်းကန်တင်းဆိုင်ကို အဆိပ်ခတ်လိုက်ရင် ဓာတုစက်ရုံရဲ့ ဝန်ထမ်းတွေအားလုံးကို ရှင်းပစ်သလိုမဖြစ်ဘူးလား။"
ရှင်းယန်: "စာကြည့်တိုက် ဓာတုစက်ရုံရဲ့ ဝန်ထမ်းတွေကို အဆိပ်သင့်စေပြီး ဇွန်ဘီတွေအဖြစ် ပြောင်းလဲခိုင်းပြီးတော့ လွတ်မြောက်ရေးပုံစံလုပ်ခိုင်းမလားဆိုတာ အာမခံချက်မရှိဘူး။"
ခယ်ရှောင်ပင်းသည် အံ့အားသင့်သွားကာ ခေါင်းငြိမ့်လိုက်သည်။ "ဒါက အဓိပ္ပာယ်ရှိတယ်၊ ဒါဆို အသင့်စားခေါက်ဆွဲခြောက်သွားဝယ်ရအောင်။"
ရှင်းယန်သည် ခေါင်းကို တစ်ဖက်သို့လှည့်ကာ အနည်းငယ် ချောင်းဟန့်ပြီး ရယ်ချင်စိတ်ကို ထိန်းချုပ်နေပုံရသည်။ ခယ်ရှောင်ပင်းသည် သူနောက်ပြောင်နေခြင်းကို သဘောပေါက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "မင်း အဓိပ္ပါယ်မရှိတာတွေပြောနေတာရပ်ပြီး အလေးအနက်ထားလို့မရဘူးလား "
ရှင်းယန်က ပခုံးတွန့်ပြသည်။ "ဒါက အဓိပ္ပါယ်မရှိတာမဟုတ်ဘူး၊ အခြေအနေကို စစ်ဆေးဖို့ ကန်တင်းကို အရင်သွားကြည့်ရအောင်။ အခြားဝန်ထမ်းတွေစားပြီး အဆိပ်မသင့်ရင် ငါတို့စားဖို့ နောက်မကျလောက်ပါဘူး။"
ညနေခြောက်နာရီတွင် ဝန်ထမ်းကန်တင်းကို ဖွင့်ခဲ့သည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ကန်တင်းသို့ ရောက်သောအခါ ခယ်ရှောင်ပင်းနှင့် ရှင်းယန်တို့သည် ပြတင်းပေါက်နားတွင် ထိုင်ခုံနေရာယူနေကြတာကို တွေ့လိုက်ရသည်။
"စားခြင်း" နှင့်ပတ်သက်လာလျှင် ခယ်ရှောင်ပင်းက အမြဲတမ်း အတက်ကြွဆုံးဖြစ်သည်။ ယွဲ့ရှင်းဝမ်သည် သူတို့ကို မျက်လုံးများဖြင့် နှုတ်ဆက်ပြီး ကျန်းဖျင်စစ်နှင့် တစ်ဖက်စားပွဲတွင် ထိုင်လိုက်သည်။
ခဏကြာတော့ မိန်းကလေး လေးယောက်ရောက်လာကာ ထမင်းစားဖို့ တန်းစီပြီး မဝေးလှသောနေရာမှာထိုင်ကြသည်။
လင်းမန့်လော်သည် စားပွဲအောက်မှာ လက်ချောင်းများကို ဝှက်ထားပြီး သုတေသနအဖွဲ့ချတ်ချန်နယ်တွင် အမြန်စာရိုက်ခဲ့သည်။ "ညစာစားချိန်ရောက်ရင် ဌာနဆိုင်ရာတော်တော်များများက ဝန်ထမ်းတွေက ကန်တင်းကိုလာလိမ့်မယ်။ သတင်းအချက်အလက်မေးဖို့ ငါတို့ ဒီအခွင့်အရေးကို ယူကြမလား။"
ယွဲ့ရှင်းဝမ်က ပြန်ပြောသည်။ "ဟုတ်တယ်၊ ဒါပေမဲ့ စကားပြောတာကို သတိထားပြီး သံသယမဝင်စေနဲ့။
လန်ယာရုန်: "စိတ်မပူပါနဲ့၊ စက်ရုံရဲ့ ဝန်ထမ်းဖွဲ့စည်းပုံကို ငါတို့သိထားပြီး ဝန်ထမ်းသုံးယောက်ရှိတဲ့ ဌာနတွေကို သော့ခတ်ထားတယ်။ ဝန်ထမ်းအားလုံးရဲ့ ဓာတ်ပုံနဲ့ အချက်အလက်တွေက ငါ့ကွန်ပျူတာထဲမှာ ရှိနေတယ်။ အဲဒါတွေကို ငါတို့ နောက်မှ စစ်ဆေးလို့ရတယ်။"
ချင်လုက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ "အားလုံးက ငါ့ကို သရုပ်ဆောင်လုပ်ဖို့ ပို့လိုက်တာ၊ ငါ့အတွက် စာကြောင်းတွေ ရေးထားရင် ကောင်းတာပေါ့။"
ယွဲ့ရှင်းဝမ်က ချီးကျူးခဲ့သည်။ "မင်းတို့က တော်တော်အစွမ်းထက်တာပဲ။"
မိန်းကလေး လေးဦးသည် စက်ရုံတစ်ခုလုံး၏ ဝန်ထမ်းများကို သေချာလေ့လာရန် ယနေ့မွန်းလွဲပိုင်းအချိန်ကို အသုံးပြုခဲ့သည်မှာ ထင်ရှားသည်။ ယွဲ့ရှင်းဝမ်သည် လူတိုင်း အလွန်ကြိုးစားလုပ်ဆောင်ကြတာကို မြင်တွေ့ရသည်မှာ အလွန်ပင် ကျေနပ်နေပါသည်။
ခဏအကြာတွင် လင်းမန့်လော်ဘေးရှိ ထမင်းစားပွဲ၌ အမျိုးသားအလုပ်သမားများစွာ ထိုင်လာကြသည်။ လင်းမန့်လော်သည် ချင်လုကို အချက်ပြပြီး သူမသည် ပန်းကန်ပြားတစ်ချက်ကိုယူကာ ထိုလူအနားတွင် ထိုင်ပြီး ပေါ့ပေါ့ပါးပါး မေးဟန်ဆောင်သည်။ "အစ်ကိုလျှို၊ ရှင့်ဌာနရဲ့ မစ္စတာဖန်က လွန်ခဲ့တဲ့ရက်အနည်းငယ်က နှုတ်ထွက်သွားပြီးလို့ ကျွန်မကြားတယ်။ သူက ဘာလို့အလွယ်တကူ နှုတ်ထွက်သွားရတာလဲ။"
"အစ်ကိုလျှို"ဟုခေါ်သော အမျိုးသားသည် အသက် 25 နှစ်ခန့်ရှိကာ အလွန်ကြင်နာတတ်ပုံရသည်။ သူက ခေါင်းကုတ်ပြီး အပြုံးဖြင့် ပြောလာသည်။ "မစ္စတာဖန်ရဲ့သားနဲ့ချွေးမက နိုင်ငံခြားမှာလေ။ သူတို့က အမြွှာလေးတွေမွေးတဲ့အတွက် ပြုစုဖို့ နိုင်ငံခြားကို သွားတာဖြစ်မယ်။ မစ္စတာဖန်က သူ့မြေးတွေကို စောင့်ရှောက်ဖို့ နှုတ်ထွက်သွားတာ။"
ချင်လုက ရုတ်တရက် သဘောပေါက်သွားသည်။ "ဟုတ်သားပဲနော်၊ ရှင် သူ့ကို ဆက်သွယ်လို့ရသေးလား။"
အစ်ကိုလျှိုက စိတ်ရှုပ်ထွေးစွာဖြင့် မေးသည်။ "မင်း သူ့ကို ဘာလို့ရှာနေတာလဲ။"
ချင်လုက အနည်းငယ်ရှက်သွားသည်။ "အရင်တုန်းက ကျွန်မ အပြင်ထွက်ပြီး စူပါမားကတ်မှာ ဈေးသွားဝယ်တာ၊ ကျွန်မဖုန်းထဲမှာ ပိုက်ဆံမရှိခဲ့ဘူး၊ ကျွန်မ သူနဲ့ဆုံပြီး သူ့ဆီကနေ ယွမ်ရာဂဏန်းချေးခဲ့ပေမဲ့ ပြန်မဆပ်ရသေးဘူး။ ဒီတစ်ပတ်လစာရရင် သူ့ကို ပြန်ပေးမယ်လို့ စိတ်ကူးထားတာ။"
အစ်ကိုလျှို: "အိုး၊ မင်း WeChat ကနေ သူ့ကို ပို့လို့ရတယ်လေ။"
ချင်လုက မျက်မှောင်ကြုတ်ပြီး ဝမ်းနည်းစွာ ဆိုသည်။ "အဲဒီတုန်းက ကျွန်မ အလျင်လိုနေလို့ WeChat မှာ သူ့ကို မထည့်ခဲ့မိဘူး။"
အစ်ကိုလျှိုသည် သူ့ဖုန်း၏လိပ်စာစာအုပ်ထဲက သူငယ်ချင်းတစ်ယောက်ကို ဆွဲထုတ်လိုက်ပြီး ပြောခဲ့သည်။ "လာလေ၊ မင်းငါ့ကိုပေါင်းထည့်လိုက်၊ ပြီးရင် သူ့ WeChat အကောင့်ကို မင်းဆီပို့ပေးမယ်။"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် သူငယ်ချင်းအဖြစ်ပေါင်းထည့်လိုက်သည်။
ချင်လုက ဆက်လက်၍မေးသည်။ "သူ နိုင်ငံခြားသွားပြီးနောက် ရှင့်ကို ဆက်သွယ်သေးလား။"
အစ်ကိုလျှို: "ဟင့်အင်း၊ သူက သူ့မြေးတွေကို ထိန်းနေရတာနဲ့အလုပ်ရှုပ်လို့ဖြစ်မယ်၊ သူထွက်သွားတဲ့နေ့မှာ သူက ငါတို့ကို နှုတ်ဆက်စာတစ်စောင်ပဲ ပို့ခဲ့တယ်။"
ခဏအကြာတွင် လျှိုကျောက်ချင်းနှင့် ကျိုဖုနိးတို့သည် မီးခိုးရောင် အလုပ်ရုံဝတ်စုံများ ဝတ်ဆင်ထားကာ ဘေးချင်းကပ်လျက် လျှောက်လာကြသည်။ ကျန်းရှောင်နျန်နှင့် ရွှီယိရှန်းတို့သည် ပေါ့ပေါ့ပါးပါး အိပ်နေအဝတ်အစားများ ဝတ်ဆင်ထားကြပြီး သူတို့လေးယောက်သည်လည်း ပန်းကန်ပြားများနှင့်အတူ အနီးတွင်ထိုင်ကြသည်။
ကန်တင်းရှိ စားပွဲများသည် လူနှစ်ယောက် သို့မဟုတ် လေးယောက်အတွက် ထိုင်ခုံများဖြစ်သောကြောင့် တစ်နေရာတည်းတွင် လူ 12 ယောက် တွဲထိုင်ပြီး စကားစမြည်ပြောရင် သံသယဖြစ်ဖွယ် ပေါ်ပေါက်လာသောကြောင့် နောက်ဆက်တွဲ အတန်းဖော်များသည် တမင်တကာ အဝေးတွင်ထိုင်နေကြသော်လည်း ဘယ်သူမှ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်ဆီကနေ ဆယ်မီတာထက်မပိုချေ။ သူတို့သည် ချင်လုနှင့် အလုပ်သမားများကြားက စကားပြောသံကို ကြားနေရသည်။
ချင်လုသည် ပင်ကိုယ်စရိုက်ကောင်းမွန်ပြီး ချိုသာသောစကားပြောဆိုမှုတွင် သူမသည် 'အစ်ကိုလျှို'အုပ်စုနှင့် အဆုံးမသတ်နိုင်အောင် စကားပြောဆိုခဲ့ကြပြီး သူမကို မစ္စတာဖန်အကြောင်း များစွာပြောခဲ့သည်။ "မစ္စတာဖန်က ပုံမှန်အားဖြင့် သူ့အကြည့်တွေက သူ့ခေါင်းထက်ပိုမြင့်နေပြီး သူ့သားက နိုင်ငံခြားမှာ နာမည်ကြီးကျောင်းတက်ပြီး တစ်နှစ်ကို သန်းပေါင်းများစွာ ဝင်ငွေရှာနိုင်ပြီး ရွှေရောင်ဆံပင်နဲ့ မျက်လုံးပြာ နိုင်ငံခြားက အလှလေးကို လက်ထပ်ပြီးတော့ လှပတဲ့မျိုးရိုးစပ်ကလေးကို မွေးဖွားခဲ့တယ်လို့ ငါတို့ကို အမြဲကြွားလေ့ရှိတယ်။ တကယ်တော့ ငါတို့အားလုံးက သူ့ကို စိတ်ညစ်နေကြပြီ…"
ယွဲ့ရှင်းဝမ်သည် ထိုနေရာက စကားဝိုင်းကို ဂရုတစိုက်နားထောင်ပြီး သုတေသနအဖွဲ့ချတ်ချန်နယ်တွင် မေးခဲ့သည်။ "ချင်လု၊ မင်းရဲ့သူငယ်ချင်းတောင်းဆိုချက်က ရသွားပြီလား။"
ချင်လု: "မရသေးဘူး၊ နိုင်ငံခြားနဲ့ ဒီမှာက အချိန်ကွာခြားမှုရှိတယ်။ အခုက မနက် 6 နာရီပဲရှိလောက်သေးတယ်။ စောင့်ကြည့်ရအောင်။ ဒါပေမဲ့ လျှိုချန်ရဲ့ WeChat ကို ကြည့်ပြီး မစ္စတာဖန်ရဲ့ Moments ကို နှိပ်ကြည့်လိုက်တာ သူ နိုင်ငံခြားသွားပြီးနောက် အားလုံးကို Block ထားတယ်။"
ချင်မြောင်က မျက်မှောင်ကြုတ်ပြီး စာရိုက်ခဲ့သည်။ "တစ်နည်းဆိုရရင် Moments ကို 'အားလုံးမမြင်နိုင်တဲ့အခြေအနေ'အဖြစ် သတ်မှတ်ထားတာလား။"
ချင်လုက ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။"
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည် —
တစ်ခုခုတော့မှားနေပြီ။
လျှိုချန်၏ဖော်ပြချက်ကို သုံးသပ်ကြည့်လျှင် မစ္စတာဖန်သည် 'ငါ့သားက နိုင်ငံခြားမှာ နာမည်ကြီးကျောင်းတက်ပြီး တစ်နှစ်ကို သန်းပေါင်းများစွာ ဝင်ငွေရှာနိုင်တယ်' ပြီးတော့ 'သူ့ချွေးမက အရမ်းလှပြီး သူ့မြေးက အရမ်းချစ်စရာကောင်းတယ်'လို့ မကြာခဏ ပြောလေ့ရှိသည်။ ဒီလိုကြွားဝါတတ်သော ပင်ကိုယ်စရိုက်ဖြင့် နိုင်ငံခြားကိုရောက်ပြီးနောက် အရင်ဆုံးဓာတ်ပုံရိုက်ပြီး 'X နိုင်ငံရဲ့ပတ်ဝန်းကျင်က အရမ်းကောင်းတယ်၊ ငါ့သားက ကိုယ်တိုင်ကိုယ်ကျ လေယာဉ်ကွင်းမှာ ငါ့ကိုလာကြိုတယ်'လို့ သူ့ Moments မှာတင်ပြီး ပျော်ရွှင်မှုဖြင့် ချီးကျူးသင့်သည်မဟုတ်ပါလား။
သူက နိုင်ငံခြားထွက်သွားတာနဲ့ အားလုံးကို ဘယ်လိုလုပ် block ထားရတာလဲ။"
လျှိုကျောက်ချင်းက ပြောခဲ့သည်။ "သူ့အကြည့်တွေက သူ့ခေါင်းထက်ပိုမြင့်တယ်။ သူ နိုင်ငံခြားကို ထွက်သွားပြီးနောက် တရုတ်ပြည်နဲ့ အဆက်အသွယ်တွေ ဖြတ်တောက်ပစ်လိုက်တယ်။ ဒါက အပေါ်ယံမှာ အဓိပ္ပါယ်ရှိပေမဲ့ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေကြည့်ရင်တော့ ယုတ္တိမရှိဘူး။ ကြွားဝါခြင်းက 'ငါကသာလွန်တယ်'ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှုရဖို့ အခြားသူမှာမရှိအရာတွေကို ကိုယ်ကကြွားဝါတာဖြစ်တယ်။ မစ္စတာဖန်က အများအားဖြင့် ကြွားဝါရတာကို နှစ်သက်တဲ့အတွက် နိုင်ငံခြားသွားပြီးနောက် သူ့ရဲ့အားထုတ်မှုကို အရှိန်မြင့်သင့်ပြီး သူ့ရဲ့ "လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ"ကို သူ့ဘဝက ပိုကောင်းလာတယ်လို့ခံစားရအောင် သာယာလှပတဲ့ ရှုခင်းတွေနဲ့ အရသာရှိတဲ့ နိုင်ငံခြားအစားအစာတွေအကြောင်း နေ့တိုင်း ပို့စ်တင်သင့်တယ်။"
ယွဲ့ရှင်းဝမ်က ခဏလောက် နှုတ်ဆိတ်နေပြီး ပြောလာသည်။ "မစ္စတာဖန်က နိုင်ငံခြားကိုမသွားဘဲ တစ်ခုခုဖြစ်သွားတာလို့ ငါ့မှာ ပင်ကိုယ်အသိစိတ်ရှိတယ်။"
ကျန်းဖျင်စစ်က ပြောလိုက်သည်။ "ဒီအချိန်အတွင်း ရာထူးက နှုတ်ထွက်ခဲ့တဲ့ သုံးဦးထဲမှာ နိုင်ငံခြားကို ထွက်သွားသူတစ်ဦးနဲ့ သူ့ဇနီးကို ပြုစုစောင့်ရှောက်ဖို့ ပြန်သွားသူတွေ ပါဝင်တယ်။ ရာထူးကနှုတ်ထွက်ပြီးနောက် အားလုံး ပျောက်သွားခြင်း ရှိ၊ မရှိကို အမြန်စစ်ဆေးရအောင်။"
#TK