Chapter 44
Viewers 19k

👻Chapter 44

- အဖိခံလိုက်ရခြင်း...



သွေးနီလရောင် မြို့တော်၏ ဖြစ်ရပ်က ညအချိန် ဖြစ်နေ၍ ချူဟွိုက်က တစ်ညလုံး မအိပ်ရသေးသဖြင့် တောင့်မခံနိုင်တော့ချေ။ သူက ရေချိုးလိုက်ပြီး အိပ်ရာစောစောဝင်လိုက်သည်။


သူက ကျင်းထျန်းယိ ပြန်အလာကို စောင့်မနေတော့ပဲ အိပ်ရာပေါ် တက်သွားလိုက်သည်။


ယခုအချိန်တွင် သူ့ခန္ဓာကိုယ်က ပြောင်းလဲသွားပြီဖြစ်သည်။ နာကျင်မှုက ပျောက်ဆုံးသွားပြီး အန်ချင်သည့်စိတ်က အစားဝင်လာသည်။ ကျင်းထျန်းယိဘေးတွင် နေလျှင်လည်း ထိုသို့အန်ချင်နေသည့်စိတ်က ပျောက်မသွားချေ။


ချူဟွိုက်က ဤပြောင်းလဲမှုက ယာယီလား အမြဲတမ်း ဖြစ်နေမည်လား သေချာမသိသော်လည်း အနည်းဆုံး နာကျင်လွန်း၍ ညလယ်ကြီး လန့်နိုးလာပြီး မနက်လင်းသည်ထိ အိပ်ပျော်ရန် ကြိုးစားနေရတော့မည် မဟုတ်ပေ။


သူ နေ၍မကောင်းသည့်အချိန် အန်လိုက်သည်နှင့် တဒင်္ဂစာ ကျော်လွှားသွားလိမ့်မည်။


ကျင်းထျန်းယိက တော်တော်လေး နောက်ကျနေသည်ထိ ပြန်မသွားသေးပဲ ချူဟွိုက် ရေချိုးပြီးသည်နှင့် သူ့ဆီအလာကို စောင့်နေလိုက်သည်။


သို့သော်လည်း စာအုပ်တစ်အုပ်လုံး ဖတ်ပြီးသည်ထိ ချူဟွိုက်က ပေါ်မလာသေးပေ။


ကျင်းထျန်းယိက လက်ထဲက စာအုပ်ထူကြီးကို ချထားလိုက်ပြီး ကုလားထိုင်ကို တစ်ဖက်လှည့်လိုက်ရင်း တံခါးဘက်ကို ကြည့်နေလိုက်သည်။ သူက တံခါး အမြဲတမ်း ဖွင့်ထား၍ ဝရံတာက မှောင်ရိပ်သန်းနေပြီ ဖြစ်သည်။


တိုက်ခန်းက ၁၁နာရီ မိနစ်၃၀တွင် အမြဲလိုလို မီးပိတ်တတ်ပြီး ချူဟွိုက်ကလည်း တက်မလာသေးချေ။


ထိုအခိုက် ချူဟွိုက် ပြောခဲ့သည့်စကားလုံးများက ကျင်းထျန်းယိ၏ ခေါင်းထဲ ပြန်ပေါ်လာ၍ သူ့မျက်နှာက လက်ခနဲဖြစ်သွားသည်။


ကျင်းထျန်းယိက တစ်ချက်ရယ်လိုက်ရင်း ခြေချိတ်ထိုင်နေရာမှ ရှေ့သို့ ခြေလှမ်းလိုက်ပြီး အောက်ထပ်ကို ဆင်းလိုက်သည်။


ကျိုးရှို့ဝမ်နှင့် တုန့်အန်ယာတို့ ရောက်လာသည့်အတွက်ကြောင့် ချူဟွိုက်က ဒုတိယထပ်တွင် နေရန်ဖြစ်သွားလေသည်။


ချူဟွိုက်က တံခါးခေါက်သံ ကြားလိုက်ရ၍ ဒေါသတကြီး မျက်လုံးပွတ်လိုက်ရင်း တံခါးဖွင့်ရန် ခြေတရွတ်ဆွဲ လျှောက်သွားလိုက်သည်။


သူက ညအိပ်ဝတ်စုံလေး ဝတ်ထား၍ ပိန်ပိန်ပါးပါး ပုံစံလေး ဖြစ်နေသည်။


"လာပြီ..." 


တံခါးဖွင့်ပေးပြီးသည်နှင့် အိပ်ရာပေါ် ပစ်လှဲလိုက်သည်။


ကျင်းထျန်းယိက တံခါးပိတ်ပြီး လှည့်ကြည့်လာသည်


 " မင်း မျက်လုံးပိတ်ထားတာတောင်မှ ကိုယ်မှန်း ဘယ်လိုသိလဲ ...."


“ရှင်တစ်ယောက်တည်းမှာပဲ ခွေးနံ့ရတာ..." ချူဟွိုက်က မျက်နှာကို စောင်အောက်ပို့လိုက်ရင်း နှာသံလေးနှင့် ပြောလိုက်သည်။


ကျင်းထျန်းယိ "...."


"သူ့ကို ပို့ပေးခဲ့တာလား..." ချူဟွိုက်က အသိစိတ်တစ်ဝက်နှင့် မေးလာသည်။


"အင်း...." ကျင်းထျန်းယိက မီးမဖွင့်ပဲ ချူဟွိုက်နားကပ်လာပြီး စကားဆိုလာသည် 


" သူက ငယ်သေးတဲ့အတွက် တစ်ယောက်တည်း ကမ္ဘာအစစ်ကို ပြန်သွားရင် မလုံခြုံလောက်ဘူး...ဒါကြောင့် သူ့ကို အရင်ဆုံး တိုက်ခန်းကို ပို့ပြီးမှ တာဝန်ရှိသူက သူ့ကို ကမ္ဘာအစစ်ကို ပြန်ပို့ပေးခဲ့တာ..."


“သူ့အဖေနဲ့ အမေကရော...."


"သူတို့က တစ်နှစ်မှ ကလေးရှာတာကို မရပ်ခဲ့ကြဘူး...ပြီးတော့ သူတို့အိမ်ကလည်း မပြောင်းဘူးလေ...သူ့အမေက ဥာဏ်ကောင်းတဲ့ အန်အန်လေးက ပြမ်လာရှာတဲ့အချိန် သူ့အမေနဲ့အဖေ မရှိပဲဖြစ်နေမှာစိုးလို့ အိမ်မပြောင်းပဲ သူပြန်လာဖို့ စောင့်နေခဲ့ကြတာလို့ ပြောတယ်..."


“အဲ့ဒါ ကောင်းတယ်..." ချူဟွိုက်၏ နှုတ်ခမ်းစွန်းလေးများ အလိုလို ကော့တက်သွားပြီး သူ့စိတ်ထဲ ထိုဇာတ်လမ်းလေးကို ပုံဖော်ကြည့်မိသည်။


သူလည်း ယခင်က ထိုအိပ်မက်မျိုး မက်ခဲ့ဖူးသည်။ အိပ်မက်ထဲတွင် သူက စိတ်ကျန်းမာရေးဆေးရုံမှ ခိုးထွက်ပြီး သူ့မိဘများ၏ အိမ်အသစ်ကို ရှာပြီးသည်နှင့် တံခါးခေါက်ပြီး သူ့မိဘများကို ဖက်၍ငိုနေခဲ့သည်။


ထို့နောက် သူက အသာရယ်မိသည်။


သူ အသိပြန်ဝင်လာသည့်အချိန် ကျင်းထျန်းယိက သူ့ကို အိပ်ရာပေါ် ဖိထားပြီး အပေါ်စီးမှ ကြည့်နေလေသည်။


ကျင်းထျန်းယိက ချူဟွိုက်မျက်နှာကို ပွတ်သတ်လိုက်၏။


ချူဟွိုက်က လက်တစ်ကမ်းအကွာရှိ မျက်နှာချောချောကို ကြည့်နေရင်း သုံးစက္ကန့်မျှ ကြောင်အနေရာမှ လန့်နိုးသွားသည်။


ဖာ့ခ်...


သူက ကျင်းထျန်းယိကို တွန်းထုတ်ပစ်ချင်သော်လည်း လှုပ်လို့မရဖြစ်နေ၏။ ရုန်းနေ၍လည်း အားကုန်သွားမည်သာ ဖြစ်ပြီး သူနှင့် ကျင်းထျန်းယိက တင်းတင်းကျပ်ကျပ် ပူးကပ်နေသည်။ 


ချူဟွိုက်က မလှုပ်ရဲချေ။


ကျင်းထျန်းယိ၏ မျက်လုံးများက နက်မှောင်နေသည်။


ချူဟွိုက်က စိတ်တိုလာရသည် " ...သောက်ကျိုးနည်း ငါ့ကို လွှတ်စမ်း..."


ကျင်းထျန်းယိက မျက်ခုံးပင့်သွားပြီး စောစောက ချူဟွိုက် ပြောခဲ့သည့် စကားကို အမှတ်ရလာသည်။


ချူဟွိုက်က နေရခက်သလို အကြည့်လွှဲလိုက်ရင်း ပြောလာသည် " ....လူအိုကြီး..."


ကျင်းထျန်းယိ၏ မျက်နှာအမူအရာက အေးခဲသွားပြီး နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်။


သူက ချူဟွိုက်၏ မျက်နှာဘက်ဆီ ခေါင်းလှည့်လိုက်ရင်း အကြည့်ချင်းဆုံအောင် လုပ်လိုက်သည်။


ချူဟွိုက်က ကျင်းထျန်းယိ မျက်လုံးထဲမှ မီးတောက်အချို့ကို တွေ့လိုက်ရ၍ လန့်သွားရ၏။


ကျင်းထျန်းယိက ဘာလို့ အရူးလို လုပ်နေရတာလဲ...။ ကာမအားတိုးဆေးတွေများ စားထားတာလား....


"အိုတယ်...."


ချူဟွိုက်က ငြိမ်ငြိမ်လေး နေလိုက်သည်။ သူသာ ပြင်းပြင်းထန်ထန် ခုခံမိလျှင် အနိုင်ရဖို့ ခက်သွားမည်ဖြစ်၍ ငြင်းဆန်ချင်သော်လည်း ကြိုဆိုဟန်ဆောင်နေလိုက်သည်။


ကျင်းထျန်းယိက အန္တရာယ်များသည့် အကြည့်ကြီးနှင့် ပြုံးပြလာသည် " ဘယ်သူ့ကို အိုတယ်လို့ ပြောနေတာလဲ...ဘာကို အိုတာလဲ..."


ချူဟွိုက် ဘယ်လောက်ထိ ဟန်ဆောင်နေနိုင်မလဲ သူသိချင်မိသည်။


သူ့အောက်က ချူဟွိုက်က ရုတ်တရက် ရှက်သွေးဖြာသွားပြီး မျက်လွှာချလာသည် " လောင်ကုန်းအိုကြီး..."


သူ့အသံက ပျော့ပျောင်းလွန်း၍ ကြားရသူတိုင်း စီးမျောသွားရသည်။


ကျင်းထျန်းယိက တောင့်ခဲသွားသည်။


ချူဟွိုက်က သူ့ကို လောင်ကုန်းလို့....ခေါ်လိုက်တာလား...


ချူဟွိုက်က နာနာခံခံပုံစံလေး သရုပ်ဆောင်နေရင်း သူ့၏ ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးက တသိမ့်သိမ့် တုန်ယင်လာသည် " ကျွန်မ...ကျွန်မ အဆင်သင့်မဖြစ်သေးဘူး...ကျွန်မ ကြောက်တယ်...အချိန်နည်းနည်းလောက် ထပ်ပေးလို့မရဘူးလား..."


သူ၏ မျက်လုံးကြည်ကြည်လေးများက ထပ်ကာထပ်ကာ ပြောပြနေသလိုမျိုး အားနည်းသည့်အကြည့်တို့ ပြည့်နှက်နေသည်။ လက်တွေ့ပြရမှာလား....တော်တော် စိတ်စောနေတယ်ပေါ့လေ...


ကျင်းထျန်းယိက သူထင်ထားသလို ဖယ်မသွားခဲ့ပေ။


ချူဟွိုက်က မျက်လုံးပင့်မိသွားသည်။ ဒီလို တောင်းဆိုလာရင် ဘယ်သူကမှ ငြင်းဆန်နိုင်မှာမဟုတ်ဘူး...


သေချာပေါက် ကျင်းထျန်းယိဆိုသည့်သူက "လူ" ဆိုသည့် ခေါင်းစဥ်အောက်တွင် ရှိမနေချေ။


ကျင်းထျန်းယိက ချူဟွိုက်၏ ကလိမ်ကကျစ်ပုံစံနှင့် အနိုင်လိုချင်နေသည့် မျက်လုံးထဲသို့ စိုက်ကြည့်လိုက်ရင်း ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။


ချူဟွိုက်၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို အေးခဲသွားပြီး သူ့တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားသည်။


ကျင်းထျန်းယိက ဘာဆက်လုပ်ရမလဲ မသိ၍ ဖွဖွလေး နမ်းရှိုက်နေပြီး သူ့မျက်နှာထက် ဝေ့ဝဲကြည့်လာသည်။


ချူဟွိုက်က အရမ်း ရှက်သွားပြီး စိတ်တထင့်ထင့်ဖြစ်နေသည်။ 


သူက အနမ်းခံလိုက်ရ၍ အနည်းငယ် စိတ်လွတ်သွားသလို ခံစားရသည်။ နမ်းနေစဥ်အတွင်း ကျင်းထျန်းယိက လက်တစ်ဖက်အားနေ၍ သူ့ရှုပ်အင်္ကျီကြယ်သီးကို ဖြေးဖြေးချင်း ဖြုတ်လာသည်။


ချူဟွိုက်မျက်နှာနှင့် အလွန်နီးကပ်နေ၍ တစ်ဖက်လူ၏ နာဖူးပြင်ထက်ရှိ ချွေးစတို့ကို မြင်နေရပြီး စိတ်လွတ်နေဟန် မျက်လုံးအကြည့်များနှင့် ရှက်ရိပ်သန်းနေသော မျက်နှာလေးက စွဲမက်ဖွယ်ကောင်းနေသည်။


ကျင်းထျန်းယိ၏ လှုပ်ရှားမှုကို မြင်လိုက်ချိန် ချူဟွိုက်က အန္တရာယ်ကို အာရုံခံမိပြီး ချက်ချင်း လန့်နိုးလာကာ သူ့ကိုယ်သူ ရိုက်ချပစ်ချင်သည်။  


ထိုစိတ်ကြောင့် သူက ရုတ်တရက် အိပ်ယာခင်းကို ဆွဲယူလိုက်ရင်း မျက်နှာအစိတ်အပိုင်းတို့ကလည်း တင်းမာနေပြီး နှုတ်ခမ်းကိုက်၍ နာကျင်မှုကို တင်းခံနေရသည်။


ကျင်းထျန်းယိ၏ မျက်နှာအမူအရာက ပြောင်းလဲသွားရင်း ချက်ချင်း ထရပ်လာသည် " ဘာဖြစ်လို့လဲ...မင်း နာလို့လား..."


သူက ချူဟွိုက်ကို ပွေ့ဖက်လာသည်။ ချူဟွိုက် နေမကောင်းတာကို ဘယ်လိုလုပ်ပြီး မေ့သွားရတာပါလိမ့်....


သူက စစချင်းတွင် ဆက်သွားရန် ရည်ရွယ်မထားပဲ ခြောက်လန်ချင်ရုံလောက်သာ ရှိခဲ့သော်လည်း အနည်းငယ် လွန်သွားသည့်ပုံပင်။


"ရှင့်ကို စိတ်ပျက်မိတယ်..." ချူဟွိုက်က ဆိုလိုက်သည်။


ခြေထောက်ကို မြေကြီးပေါ် ချလိုက်ရင်း ချူဟွိုက်က သက်ပြင်းချမိသည်။ သူက ဤဆက်ဆံရေးကို မမှီခိုချင်သော်လည်း အခြားနည်းလမ်းမရှိသလို သူ့ကိုယ်သူ မရပ်တည်နိုင်သေး၍သာ သည်းခံနေရသည်။


ကျင်းထျန်းယိက ချူဟွိုက်မျက်လုံးထဲရှိ ရှက်ရိပ်များကို တွေ့လိုက်၍ သူအရူးလုပ်ခံရမှန်း သိလိုက်ကာ ဒေါသထွက်သလို ရယ်မောလိုက်ပြီး ချူဟွိုက်ကိုပါအတူဆွဲဖက်၍ ကုတင်ပေါ် ပစ်လှဲလိုက်သည်။


သောက်ကျိုးနည်း...မသွားသေးဘူးလား...။ ချူဟွိုက်က ထရပ်ရန် ပြင်လိုက်စဥ် သူ့၏ ခြေကျင်းဝတ်ကို ကျင်းထျန်းယိ၏ လက်ဖဝါးကြီးက ဆွဲယူလာသည်။

…

–အောက်ထပ်တွင်....


“အိပ်တော့..." ကျိုးရှို့ဝမ်က ကုလားထိုင်ခြေထောက်ကို ခါယမ်းလိုက်ရင်း ဒေါသထွက်သလို ပြုံးလိုက်မိသည်။


တုန့်အန်ယာက ခုံတစ်ခုကို ကုတင်ပေါ်တင်ပြီး ခုံပေါ်တက် မတ်ရပ်ရပ်ကာ ခေါင်မိုးကို နားနှင့်ကပ်ထားရင်း အပေါ်ထပ်က လှုပ်ရှားမှုများကို နားထောင်နေသည်။


"မလှုပ်နဲ့လေ..." တုန့်အန်ယာက သူ့ဘက်ကို လှည့်လာပြီး စိုက်ကြည့်လာသည်။


"မင်း ဒီလိုမျိုး လုပ်နေရင်..." ကျိုးရှို့ဝမ်က စကားရပ်သွားရင်း " တန်ဖိုးမရှိသလို ဖြစ်သွားလိမ့်မယ်..."


"ကျွန်မက ဘာလို့ တန်ဖိုးမရှိရမှာလဲ..."တုန့်အန်ယာက ဒေါသထွက်လာရသည်။


"ကျောင်းကျောင်း ကိုယ်ဝန်ရှိနေတယ်လို့ ကျွန်မ ခံစားရတယ်...သူတို့က ငယ်သေးလို့ သိပ်မသိကြဘူး... ကျွန်မတို့ အာရုံစိုက်ပေးသင့်တာပေါ့..." 


“ရှင်အိပ်ချင် သွားအိပ်...ကျွန်မကို လာမနှောင့်ယှက်နဲ့...မနက်ဖြန်ကျရင် သူတို့ကို သွားပြောရဦးမယ်..."တုန့်အန်ယာက စကားဆုံးသည်နှင့် ထောင့်နားကို ဆက်နားထောင်နေလိုက်သည်။


ကျိုးရှို့ဝမ်က လက်လျှော့လိုက်ပြီး ကုတင်ဘေးက စာအုပ်တစ်အုပ်ကို ယူဖတ်နေလိုက်သည်။ 


မည်သို့ဖြစ်ဖြစ် အပေါ်ထပ်က လှုပ်ရှားမှု များနေပြီး သူကလည်း အအိပ်ဆတ်သည့်သူ ဖြစ်၍ အိပ်ပျော်နိုင်မည်လည်း မဟုတ်ပေ။ 


တုန့်အန်ယာက အချိန်တစ်ခုထိ နားထောင်နေရင်းမှ ရုတ်တရက် ခြေဆောင့်လာပြီး ခုံကို ရိုက်လာသည်။  ကျိုးရှို့ဝမ်က လန့်သွားပြီး သူမ ပြုတ်ကျသွားမည်စိုး၍ ခုံကို အမြန် ထောင်ပေးလိုက်ရသည်။


တုန့်အန်ယာက ခွေးခြေခုံလေးမှ ဆင်းလိုက်ပြီး ဖိနပ်စီးကာ စကားတစ်ခွန်းမဆိုပဲ ထွက်သွားသည်။ 


"နောက်ကျနေမှ ဘယ်ကိ


ုသွားမလို့လဲ..." ကျိုးရှို့ဝမ်က သူမကို ဆွဲထားလိုက်ရသည်။


" မနက်ဖြန်ထိ ကျွန်မ မစောင့်နိုင်တော့ဘူး...ကျွန်မ ဒီနေ့ကို ချက်ချင်း သွားပြောတော့မယ်...ကျောင်းကျောင်း ငိုနေတာကို ကြားလိုက်တယ်...အဲ့ဒီကျင်းဆိုတဲ့သူက ကျင်းမျိုးမစစ်ပဲ...ကျွန်မ ပြောခဲ့ပါတယ်...တစ်ခုခုတော့ မှားနေတယ်ဆိုတာ..."


ကျိုးရှို့ဝမ် "...မိန်းမရေ...မင်း ပါ့ကျုံးဝမ်ရဲ့ စာတွေဖတ်ပြီး ဦးနှောက်ဆေးခံလိုက်ရတာလား..."


တုန့်အန်ယာက ခါးထောက်ပြီး လက်တစ်ဖက်နှင့် သူ့နှာခေါင်းဆီ ညွှန်ပြလာပြီး ပြောလာသည် " ရှင်က ကျိုးမျိုးရိုးနဲ့လူရော ဟုတ်ရဲ့လား...ကျောင်းကျောင်းက 'ကျွန်မ မလုပ်ချင်ပါဘူး' ပုံမှန်လေး ပြောပါ့မလား..."


ကျိုးရှို့ဝမ်က အေးခဲသွားပြီး ရှက်ဝဲဝဲ မျက်နှာနှင့် ပြောလာသည် "...မိန်းမရေ...ငါတို့ကျတော့ရော...မင်းလည်း အဲ့လို အော်ခဲ့တာပဲ..."


တုန့်အန်ယာက ရှက်စိတ်ဝင်လာပြီး ကျိုးရှို့ဝမ်၏ ဖိနပ်ကို ကောက်ကိုင်ပြီး သူ့ဆီ ပစ်ပေါက်လိုက်ကာ ဒေါသတကြီး အပေါ်ထပ်သို့ တက်သွားသည်။ 


ကျိုးရှို့ဝမ်က ဖိနပ်ကို ဖမ်းယူလိုက်ရင်း မျက်လုံးမှိတ်ပြလိုက်သည်။


တုန့်အန်ယာက လည်ချောင်းရှင်းလိုက်ရင်း တံခါးကို ခပ်ပြင်းပြင်း ထုလိုက်သည်။ ချူဟွိုက်က သူ့ခြေထောက်ကို ကျင်းထျန်းယိက ဆွဲထား၍ လှုပ်မရဖြစ်ပြီး ငိုနေခဲ့သည်။


အပြင်ကလူက သရဲဖြစ်နေရင်တောင်မှ သူက ခခယယကျေးဇူးတင်ပေးလိုက်ဦးမယ်... 


ကျင်းထျန်းယိက ပျော်ပျော်ရွှင်ရွှင်နှင့် တံခါးဖွင့်ရန် သွားလိုက်သည်။ တံခါးဖွင့်လိုက်သည့်အချိန် တုန့်အန်ယာက တုန်တုန်ယင်ယင် ခြေထောက်နှင့် သူမဆီ လျှောက်လာသည့် ချူဟွိုက်ကို မြင်မိသွားသည်။


ချူဟွိုက် : ငါ့ခြေထောက်တွေ ထုံနေပြီ...


တုန့်အန်ယာ : ကျောင်းကျောင်းက လမ်းမလျှောက်နိုင်လောက်တဲ့ထိ ဖာ့ခ်ခံထားရတာလား...


တုန့်အန်ယာက ဖရိုဖရဲပုံစံနှင့် သူမကို ပြုံးပြလာသော ချူကျောင်းကို ကြည့်ရင်း ရှပ်အင်္ကျီအဖြူကို အေးအေးဆေးဆေး ကြယ်သီးတပ်နေသော ကျင်းထျန်းယိကို တစ်လှည့်ကြည့်ကာ ဒေါသထွက်လာရသည်။


ချူဟွိုက် " ကျေးဇူးပါ...မမအန်ယာ..."


တုန့်အန်ယာ : သူမက ငါ့ကို ကျေးဇူးတင်နေတာပဲ...ငါထင်တဲ့အတိုင်း ဖြစ်ရမယ်...


ကျင်းထျန်းယိက သူနမ်းထား၍ ပြောင်လက်နေသော ချူဟွိုက်နှုတ်ခမ်းကို ကြည့်နေရင်း ရုတ်တရက် ထိတွေ့ချင်လာ၍ လက်လှမ်းလိုက်မိသည်။


စူးရှသည့် မျက်လုံး မြန်ဆန်သည့် လက်များနှင့် တုန့်အန်ယာက ချူဟွိုက်ကို ဆွဲယူပြီး သူမနောက်ပို့လိုက်ကာ ချူဟွိုက်ရှေ့ မားမားမတ်မတ် ရပ်တည်လာသည်။


"သူ့ကို လွှတ်လိုက်..." ကျင်းထျန်းယိက မျက်မှောင်ကြုပ်သွားပြီး ချူဟွိုက်နှင့် တုန့်အန်ယာတို့ လက်ချင်းတွဲထားကြသည်ကို ကြည့်နေရင်း မျက်နှာကြီး မည်းမှောင်လာသည်။


ချူဟွိုက်က သူ့အပြုအမူက မိန်းကလေးတစ်ယောက်၏ တို့ဖူးကို စားနေခြင်းနှင့်တူသည်ဟု အလိုလို တွေးမိသွားသည်။


"မမအန်ယာ...ကျွန်မကို လွှတ်ပေးပါ..."


ကျင်းထျန်းယိက သူ့အောက်ပိုင်းကိုသာ အတွေးရောက်နေသည့် ပိုင်ဆိုင်လိုစိတ်ပြင်းသည့်သူ ဖြစ်သည်။ ထိုသို့ဟုတ်မနေပါက ချူဟွိုက်ကလည်း ဤသို့ ဖြစ်နေသည့် ပုံစံကို ကြောက်နေမည် မဟုတ်ပေ။


"လာခဲ့...မင်း ဒီည အစ်မနဲ့ တူတူလာအိပ်..." တုန့်အန်ယာက ကျင်းထျန်းယိကို မကြောက်သလို ကြည့်လိုက်ရင်း ချူဟွိုက်ကို ဓါတ်လှေကားဆီ ဆွဲခေါ်သွားသည်။


ချူဟွိုက်၏ မျက်လုံးများက အမြန် အာရုံစိုက်လိုက်ရသည်။ သူ ဘယ်လိုလုပ်ပြီး တုန့်အန်ယာနဲ့ အတူတူအိပ်လို့ရမှာလဲ...


သူက အမြန်ရှောင်လိုက်ပြီး ပြောလာသည် " အာ...မလိုပါဘူး..."


" ကျောင်းကျောင်း... မင်း သူ့ကို ကြောက်နေစရာမလိုဘူး..." တုန့်အန်ယာက ကျင်းထျန်းယိကို ခပ်ပြင်းပြင်း ကြည့်လိုက်သည်။


"ဘယ်သူလဲ" ချူဟွိုက်က နားမလည်ဟန် မေးလာသည် " ကျွန်မက ဘယ်သူ့ကို ကြောက်ရမှာလဲ..."


တုန့်အန်ယာ " ဖုံးကွယ်မနေနဲ့တော့...အစ်မ သိတယ်..."


"ဘာကို ဖုံးကွယ်တာလဲ..."


တုန့်အန်ယာ " မင်းမပြောရဲရင်လည်း ကိစ္စမရှိဘူး..."


တုန့်အန်ယာက စိတ်အေးလက်အေးပုံစံနှင့် ကျင်းထျန်းယိကို အေးစက်စက် ကြည့်လိုက်ရင်း ပြောလိုက်သည် " ရှင် နည်းနည်းလောက် ကျိုးကြောင်းလေး စဥ်းစားပေးလို့မရဘူးလား..."


ကျင်းထျန်းယိ " ?..." 


တုန့်အန်ယာက အားနည်းလွန်း၍ သံကို မုန်းတီးလာရသည် " ရှင်က အဖေ ဖြစ်တော့မှာရှင့်..."


ချူဟွိုက် "???"


"ငါက အဖေဖြစ်တော့မှာ ဟုတ်လား..." ကျင်းထျန်းယိက ချူဟွိုက်ကို စောင်းငဲ့ကြည့်လိုက်ရင်း လှောင်ရယ်လိုက်သည် " ဒီဘဝမှာတော့ အဲ့ဒီကိစ္စက ရှိလာမှာ မဟုတ်ဘူး..."


ချူဟွိုက်က အခြေအနေကို နားမလည်နိုင်သော်လည်း တုန့်အန်ယာ၏ မျက်နှာထားတင်းတင်းကို တွေ့လိုက်၍ ကျင်းထျန်းယိကို ကြည့်လာသည် " ရှင့်မှာ တကယ် တခြားမိန်းမရှိနေရင် ကျွန်မတို့ လမ်းခွဲလို့ရတယ်...ဘာပဲဖြစ်ဖြစ် ကိစ္စသိပ်မရှိဘူး...ကျွန်မတို့ သူမကို နှောင့်နှေးစေလို့ မဖြစ်ဘူးလေ..."  


သူက တည်တည်ငြိမ်ငြိမ် ပြောနေ၍ တုန့်အန်ယာက ပိုပြီး ကူကယ်ရာမဲ့သလို ခံစားရသည်။


ကျင်းထျန်းယိက ချူဟွိုက်၏ လမ်းခွဲစကားကြောင့် အနည်းငယ် စိတ်ညစ်မိသွားသည်။ သူက တုန့်အန်ယာကို ကြည့်လာသည် " ရှင်းရှင်းပြော...ဘယ်သူက ကိုယ်ဝန်ရှိနေတာလဲ..."


တုန့်အန်ယာ၏ ပေါက်ကွဲနေသော စိတ်က သူ၏ ပုံမှန်လို အမူအရာကြောင့် ချက်ချင်း အုံကြွလာရင်း တုန်တုန်ယင်ယင် ပြောလာသည် " ကျောင်းကျောင်းက ရှင့်ကလေးကို လွယ်ထားရတာ...ဒ


ါ ဘဝရှစ်ခုစာအထိ ကံဆိုးမိုးမှောင်ကျတော့တာပဲ..."


“ဘယ်သူ..." ချူဟွိုက်က သူ့နားပင် တစ်ခုခု ဖြစ်နေသလို တွေးမိသည်။


ကျင်းထျန်းယိက လှောင်ရယ်လိုက်ပြီး ပြောလာသည် " သူသာ ကိုယ်ဝန်ဆောင်နိုင်ရင် ဝက်တွေကတောင် သစ်ပင်တက်နိုင်တော့မှာပေါ့..."  


ချူဟွိုက် "...." ရှင်ပြောတာက မှန်နေပေမယ့်လည်း ဥပမာပေးတာကြီးက ဆူငေါက်နေတာနဲ့ တူတယ်...


တုန့်အန်ယာက ပေါက်ကွဲလာသည် " ရှင်ဘာပြောလိုက်တာလဲ...ရှင်တို့က အတူတူနေကြတဲ့အတွက် ကိုယ်ဝန်ရှိတာ ဖြစ်နိုင်တာပဲလေ... သူမက ရှင့်နောက်ကို အကျိုးမလိုပဲ လိုက်ပေးနေတာ...ဘာလို့ သူမကို ဒီလို ဆက်ဆံရတာလဲ..."


"သောက်ကောင်...ကွန်ဒုံးဘယ်လိုဝတ်ရမလဲ မသိဘူးလား...ကိုယ့်ကိုယ်ကိုယ် ခံစားလို့ကောင်းအောင်ပဲ ဂရုစိုက်နေတာပေါ့လေ..."


"သူမက နေမကောင်းဖြစ်ပြီး အန်ချင်နေတာ...သူမကို နည်းနည်းလေးလောက် ဂရုစိုက်တယ်ဆိုရင် ဒီလို ဖြစ်မှာမဟုတ်ဘူး...ရှို့ဝမ်နဲ့ ကျွန်မတို့နှစ်ယောက်လုံး ဒီရောက်ကတည်းက သိထားပြီးပြီ... ရှင်ကတော့...ငါးဆားနူးအရှင်ကောင်ပဲ...ရှင့်ဟာကို ဖြတ်ထုတ်ပြီး ခွေးကျွေးပစ်ဖို့ပဲ ကောင်းတယ်..."


ကျင်းထျန်းယိ၏ မျက်နှာက မည်းမှောင်လာပြီး နာဖူးထက်က သွေးကြောများပင် ထောင်ထွက်လာသည်။


ချူဟွိုက်က သူ့နာဖူးပေါ်ရှိ 'ငါးဆားနူးအရှင်ကောင်' ဆိုသည့် စာတန်းကြီးကို ကြည့်လိုက်ရင်း ဗိုက်နှိပ်ပြီး ရယ်မိသည်။ အခု အဖြစ်အပျက်ကို နားလည်သွားပြီဖြစ်သည်။


"မမအန်ယာ...ကျွန်မ ကိုယ်ဝန်ရှိတာ မဖြစ်နိုင်ပါဘူး..." ချူဟွိုက်က ဆိုလိုက်သည်။


"ဘာလို့လဲ..." တုန့်အန်ယာက မျက်မှောင်ကြုပ်လိုက်ရင်း မေးလာသည် " တားဆေးတွေက စိတ်မချရဘူး...အရမ်း သေချာမနေနဲ့ဦး...အစ်မမှာ ကိုယ်ဝန်စစ်တံရှိတယ်...မင်းအတွက် ယူလာပေးမယ်..."


သူမက လှည့်ထွက်ရန် ပြင်လိုက်စဥ် ချူဟွိုက်က အမြန်ဆွဲတားလိုက်ရသည်။


ချူဟွိုက်က အရိုင်းစိတ်ဝင်နေသော ကျင်းထျန်းယိဘက်ကို လှည့်ကြည့်လာပြီး ပြောလာသည် " ကျွန်မ တကယ် သေချာပါတယ်...ဘာလို့ဆိုတော့...ကျွန်မတို့ sexမလုပ်ရသေးလို့ပါ..."


သူက ထိုစကားပြောလိုက်စဥ် အလွန်ရှက်သွားရသော်လည်း ရှင်းမပြပဲနေလိုက်ပါက အဆုံးမရှိဖြစ်သွားလိမ့်မည်။


" အစ်မ မြင်လိုက်ပါသေး..."


တုန့်အန်ယာ၏ မျက်နှာက ခရမ်းပုပ်ရောင်သန်းလာသည်။


" ပျို့အန်ချင်သလို ဖြစ်တာက ကျွန်မခန္ဓာကိုယ်ကြောင့်ပါ..."


"ကျွန်မတို့က ဒီအတိုင်း ဖက်ရုံ အိပ်ရုံလောက်ပါပဲ..."


တုန့်အန်ယာ၏ မျက်လုံးက သံသယတို့ ပြည့်လာသည် " ဘာလို့ သူ့အတွက် ဖုံးပေးနေသေးတာလဲ...မင်း အော်လိုက်တာ အကျယ်ကြီး... အောက်ထပ်ကနေ ကြားလိုက်ရတယ်..."


လေပြင်းတစ်ချက် အတိုက်ခံလိုက်ရသည့် ချူဟွိုက် "???"


ကျင်းထျန်းယိက သူ့ကို ဖက်လာပြီး ပြောလာသည် " ပထမဆုံးအကြိမ်ဆိုတော့ ကိစ္စကြီးသွားတတ်တာ သဘာဝပါပဲ..."


သူက တုန့်အန်ယာကို အပြုံးတစ်ဝက်နှင့် ကြည့်လိုက်သည်။ သူ့အပြုံးက ' မင်း ငါ့ရဲ့ အချိန်ကောင်းလေးကို ဖျက်ဆီးမိပြီ' ဆိုသည့် အဓိပ္ပါယ်ပင်...