Chapter 160
Viewers 13k

🌱Arc 4 - [ကျင့်ကြံရေးလောကတွင် လယ်စိုက်ခြင်း ]


Ch 160

၂မိနစ်နဲ့ ၁၀စက္ကန့် (၃)



စွေ့ချီချောင်းမှာ အကျိုးကျေးဇူးများအကြောင်း ပြောနေစဥ်အလွန်ပင် စိတ်လှုပ်ရှားနေ၏။ စိုက်ပျိုးရေး အမှုဆောင်များက အမတအရှင် ပြောပုံအရဆိုလျှင် နှင်းကြောင့်ဖြစ်သည့် ရာသီဥတုကပ်ဆိုးကြီးက ပြဿနာများကို ဖြေရှင်းနိုင်သည်သာမက  သီးနှံနှင့် အခြားအရာများ အထွက်တိုးလာမည်ဟုပင် ဖြစ်နေသည်ဟု တွေးမိကြသည်။ 


ထို့နောက် စွေ့ချီချောင်းက အပင်စိုက်ရာတွင် သူတို့ ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ပြောပြလာသည်။ သို့သော် သူက အခြေခံစိုက်ပျိုးရေးနည်းစနစ်ကို စပြောရပေသည်။ 

"ငါပြောတာ နားမလည်ခင် မင်းတို့က အရင်ဆုံး သီးနှံတွေ စိုက်ကြည့်ဖို့ လိုလောက်မယ်... ငါ အချိန်တိုင်း ကူညီဖို့ နေပေးမယ်... ဒီကမ်းလှမ်းမှုက နောက်ပိုင်းအထိပဲ... နောက်ပိုင်းမှာ မင်းတို့က ဘာပြဿနာပဲ တွေ့တွေ့ ဒီအတိုင်း..."


သူက ခေတ္တမျှ တွေးတောကာ ဆိုလိုက်သည်။ 

"လောလောဆယ်တော့ မြို့တွေအကုန်လုံးမှာ ကျင့်ကြံသူတွေ စခန်းချနေကြတယ်... သူတို့ကို ငါ့ဆီ သတင်းပို့ပေးဖို့ မေးကြည့်လို့ရတယ်... နောက်ဆို ဘယ်တိုင်းပြည်ကမဆို ငါ့ကို ဆက်သွယ်နိုင်ဖို့ နည်းလမ်းတစ်ခုကို ထောက်ပေးမဲ့ စိတ်ဝိညာဉ် ပစ္စည်းတစ်ခု ထုတ်ပေးဖို့ ငါ့ဆရာကို မေးကြည့်လိုက်မယ်..."


၄င်းမှာ စိုက်ပျိုးရေးဆိုင်ရာ hotlineတစ်ခု ဖြစ်ပေလိမ့်မည်။ တစ်စုံတစ်ယောက်က မေးခွန်းတစ်ခုရှိလာပါက အမတအရှင်စွေ့ကို အလွယ်တကူ ဆက်သွယ်နိုင်မည် ဖြစ်သည်။ 


လူတိုင်းက စိတ်လှုပ်ရှားနေသည်။ သူတို့၏အနာဂတ်မှာ အဆုံးမရှိတောက်ပနေသည်ကို အတန်ကြာအောင်  ခံစားလိုက်ရသည်။ သူတို့က ၁မူလျှင် သီးနှံ ၁၈၀၀၀ထွက်နိုင်ပြီး သူတို့၏ စိုက်ပျိုးရေးသက်မွေးမှုမှာ ထိပ်ဆုံးသို့ရောက်နိုင်ပေသည်။


ထိုအချိန်တွင် ကျောရိုးကိုတည်ဆောက်ပြီးဖြစ်ကာ ဝါးလွှာလည်း ကာကွယ်ပြီးဖြစ်ပြီး အဆက်များကို အပင်မှရသော ကော်ဖြင့် ချိတ်ဆက်လိုက်သည်။ 


ဤနေရာတွင် အလုပ်လုပ်နိုင်သူများက အထူးရွေးချယ်ထားသည့် လက်မှုပညာသည်များဖြစ်သည်။ နှစ်မီတာကျော်မြင့်သော အမိုးအကာက အလွန်ပင် တည်ငြိမ်သည်။ အမိုးအကာအတွင်းသို့ ဝင်ပြီးနောက် စွေ့ချီချောင်းက ဆိုလိုက်သည်။ 

"မှန်လုံအိမ်ထဲက အပူချိန်ကို ထပ်ပြီး တိုးချင်ရင်... နောက်တစ်နည်းပြောရရင်တော့ ဒီက အပူချိန်ကို ပိုနွေးလာအောင် ချိန်ညှိချင်ရင် ဒီအမိုးအကာထဲမှာ နောက်ထပ် အမိုးအသေးလေးထပ်ထည့်တာ ဒါမှမဟုတ် ဝါးလွှာတစ်လွှာထပ်ထည့်တာ လုပ်လို့ရတယ်... အခြေအနေအတိအကျကတော့ အဲ့အချိန်ဖြစ်မဲ့ ရာသီဥတုနဲ့ စိုက်မဲ့ အသီးအနှံပေါ်မူတည်ပြီး ထပ်လေ့လာဖို့ လိုသေးတာပေါ့..."


"ကျွန်တော်တို့က အရှင်ပြောသမျှကို နားထောင်မှာပါ..."

မြို့အရှင်က လေးလေးစာစား ဆိုလိုက်သည်။ 

"အမတအရှင်စွေ့က ဒီကိုလာပြီး ကျွန်တော်တို့ကို သင်ပြနိုင်တာ ကျွန်တော်တို့ တကယ်ကိုပဲ ကံကောင်းတာပါ... ကျွန်တော်တို့ နောက်ကို ဖီးနစ်ဂျုံတွေ ထုတ်ပြီးရင် အမတအရှင် မြည်းစမ်းဖို့အတွက် တစ်ယောက်စာ ပို့လိုက်ပါမယ်..."


မြို့အရှင်မှာ အလွန်လည်း ဉာဏ်ကောင်း၏။ ထိုသို့ဆိုခြင်းအားဖြင့် အမတအရှင်များနှင့် သဘောတူညီမှုတစ်ခု ပြုလုပ်သည့်အခါ သူ့အတွက် အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။ ၄င်းက ဤနေရာတွင် စိုက်ပျိုးသော သီးနှံများက ဖီးနစ်နှင့် ဆက်စပ်သည်ကို အမတအရှင်များက သဘောတူသည်ဟု ဆိုလိုခြင်းပင်။ ထို့အပြင် သူက စွေ့ချီချောင်းကို ပို့လိုက်မည်ဟုပင် ကွေ့ဝိုက်ကာ ထပ်ပေါင်းဆိုလိုက်ပေသည်။ 


ထိုလယ်သမားများနှင့် မတူစွာ သူက အချို့သော အတွင်းသတင်းအချို့ကို သိထား၏။ ဤမှန်လုံအိမ်မှာ ဆေးဖက်ဝင်အပင်တိုက်နှင့် အခြားသောတိုက်များတစ်လျှောက် တိုးမြှင့်သွားမည်ဖြစ်သည်။ ပျော်ရွှင်မှုတစ်ထောင်မြို့တော်က ထုတ်လှုပ်မှု၏ ဗဟိုသာမကဘဲ ဤစွန့်ဦးတည်ထွင်မှုကို အစောဆုံး အကောင်အထည်ဖော်ရသည့် နေရာလည်းဖြစ်သည်။ 


သို့သော် သူတို့က သူတို့၏ အဖိုးတန် သီးနှံကို အမတအရှင်စွေ့ထံ ပို့လိုက်ပါက နောက်ပိုင်းတွင် ထိုအကြောင်းကို ကြွားဝါ ပြောဆိုနိုင်ပေသည်။ သူတို့ ရိတ်သိမ်းမှုအပေါ် အမတအရှင်စွေ့က ဘာပြောသည်က အရေးမပါချေ။ အရေးပါသည်က သူတို့က ၄င်းကိုပို့လိုက်ပြီး အမတအရှင်စွေ့က လက်ခံခြင်းပင်။ 


မြို့အရှင်က စိတ်ကူးမယဉ်ဘဲ မနေနိုင်ချေ။ 


စွေ့ချီချောင်းမှာ သူ့၏ အိတ်ဆောင်အရွယ် လှိုဏ်ဂူအတွင်း၌ ဂျုံအများအပြားရှိနေဆဲဖြစ်သော်လည်း အေးဆေးတည်ငြိမ်စွာပင် တုံ့ပြန်လိုက်ကာ မြို့အရှင်ကို သူ့၏ စိတ်ကူးက အမှန်တကယ်ဖြစ်လာမည်ဟူသည့် ထင်မြင်ချက်တစ်ခု ပေးလိုက်သည်။ 


နောက်ရက်များတွင် စွေ့ချီချောင်းက ပျော်ရွှင်မှုတစ်ထောင် မြို့တော်တွင် နေထိုင်ကာ သူ့၏ အိတ်ဆောင်အရွယ် လှိုဏ်ဂူအတွင်းနှင့် ပျော်ရွှင်မှုတစ်ထောင်မြို့တော်တို့အတွင်းရှိ လယ်ကွင်းများကို လှည့်ပတ်နေသည်။ 


တဖြည်းဖြည်းနှင့် လူတိုင်းက အမတအရှင်စွေ့မှာ လယ်စိုက်ခြင်းကို အလွန်စိတ်ဝင်စားသည်အား သိရှိလာသည်။ သူက သူတို့ မှန်လုံအိမ်နှင့် ပြဿနာတစ်ခုခု ရှိသည့်အချိန်တိုင်း ပေါ်သည်သာမက အခြားသီးနှံများတစ်ခုခု မှားယွင်းနေလျှင်လည်း ပေါ်လာပေသည်။ သူ့ထံသို့ သွားရောက်ပါက အားလုံးမေးသမျှ စိုက်ပျိုးရေး မေးခွန်းများအားလုံးကိုလည်း ဖြေပေးသည်။ 


၄င်းမှာ စိုက်ပျိုးရေး အမှုဆောင်များဖြစ်စေ သာမန် လယ်သမားများဖြစ်စေ အမတအရှင်စွေ့က အားလုံးကို တူညီသောအမူအရာဖြင့် အသေးစိတ် ပြန်ဖြေပေသည်။ ကြောက်ရွံ့နေကြသော လယ်သမားများသည်ပင် နောက်ပိုင်းတွင် ရဲတင်းလာကြသည်။ ဝက်များ ဖျားနေကြသည့် လယ်သမားများသည်ပင် စွေ့ချီချောင်းထံသွားကာ အကြံဉာဏ်တောင်းကြသည်။ သို့သော် ထိုလူက အမတအရှင်စွေ့နှင့် သူ့ဆရာ၏ အမူအရာတို့က အဘယ့်ကြောင့် အလွန်ထူးဆန်းနေသည်ကို မသိချေ။ 


စွေ့ချီချောင်းက လူတိုင်းကို စကားပြောရာ၌ သဘောထားအတူတူသာ ထား၏။ သို့သော် စိုက်ပျိုးရေး အမှုဆောင်များက ပို၍ ပါးနပ်ကြသည်။ သူတို့က "အရှင့်မှာ ထုတ်လုပ်ရေးကို တိုးလာစေတဲ့ စိုက်ပျိုးရေးနည်းလမ်းတွေ စိုက်ပျိုးရေးပစ္စည်းတွေများ ရှိသလား"ဟူသော မေးခွန်းများကို တိုက်ရိုက်မေးလာကြသည်။ 


ရှိတာပေါ့...

စွေ့ချီချောင်းက တိုင်းပြည်အမျိုးမျိုး၏ စိုက်ပျိုးရေး အဆင့်အကြောင်း သိရှိထားပြီး စိုက်ပျိုးရေးပစ္စည်းများမှ ရေရဟတ်များအထိ စိုက်ပျိုးရေးနယ်ပယ်တွင် ခြေလှမ်းအကြီးကြီး လှမ်းနိုင်ရန် တွန်းအားပေးလိုက်သည်။


အမတအရှင်များနှင့် ပတ်သတ်၍ သဘာဝမကျသော မျှော်လင့်ချက်များ ရှိနေရန် လယ်သမားအများအပြားကို ဦးဆောင်ခဲ့သည်မှာ စွေ့ချီချောင်း၏ အပြုအမူ ဖြစ်သည်။ 


တစ်ခါက စွေ့ချီချောင်းမှာ အိတ်ဆောင်အရွယ်လှိုဏ်ဂူထဲတွင် ရှိနေစဉ် လယ်သမားတစ်ယောက်က သူ့အား မေးခွန်းများမေးရန် ရောက်လာလေသည်။ သို့သော် သူက အမတထန်ဝေ့နှင့်သာ တွေးဆုံနိုင်ခဲ့၏။ အတန်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် သူက ပြေးသွားကာ အမတထန်ဝေ့၏ အကြိုက်ဆောင်လိုက်သည်။ ထို့နောက် သူက သူ့လယ်ကွင်းများထဲတွင် ဟင်းရွက်စား တီကောင်များ ရောက်လာပါက ဘာလုပ်သင့်သည်ကို မေးခဲ့သည်။ 


အမတထန်ဝေ့မှာ အမတအရှင်စွေ့၏ ဆရာဖြစ်သည်။ သူက ပုံမှန်အချိန်များတွင် စကားမပြောသော်လည်း အမတအရှင်စွေ့ထက်ပို၍ အစွမ်းထက်ရမည်ဟု လယ်သမားက ထင်လိုက်ပေသည်။ 


အမတထန်ဝေ့မှာ သူ့ခန္ဓာကိုယ်တွင် ချွေးစေးများ ထွက်လာလုနီးနီး ခံစားလိုက်ရသည်။ သူက စွေ့ချီချောင်း ယခင်က အင်းဆက်များမှ သီးနှံများကို မည်သို့ ကုသသည်ကို အသည်းအသန် ပြန်တွေးလိုက်သည်။ ကံကောင်းစွာဖြင့် သူက မည်သို့ ကုသရမည်အား ပြန်အမှတ်ရသွား၍ အရှက်မကွဲခဲ့ပေ။  


ရလဒ်အနေဖြင့် ပျော်ရွှင်မှုတစ်ထောင်မြို့ကို စောင့်ကြည့်နေကြသော အခြားကျင့်ကြံသူများသည်လည်း ထူးထူးခြားခြား လယ်သမားများ၏ မေးခွန်းထုတ်ခြင်း ခံရတော့သည်။ သူတို့က ဟင်းသီးဟင်းရွက်များကို မည်သို့ ကယ်တင်ရမည်နည်းဟူသော မေးခွန်းများကို ရိုးရှင်းစွာ အမေးခံလိုက်ရသည်။ 


ကျင့်ကြံသူများက ၄င်းကိစ္စနှင့် ပတ်သတ်၍ သူတို့မသိကြောင်းကို ရိုးရိုးသားသား ပြန်ပြောလိုက်သည်။ သို့သော် လူတိုင်းက အမတအရှင်များက မာနကြီးကာ သူတို့ကို အာရုံမစိုက်လိုဟူ၍သာ ထင်နေခဲ့ကြသည်။ 


တဖြည်းဖြည်းနှင့် ကမ္ဘာကြီးက ကျင့်ကြံသူများကို ပိုမိုနားလည်လာသည်။ မသေဆုံးခြင်းကို ရရှိရန် ကျင့်ကြံကြသော ကျင့်ကြံသူများက ကမ္ဘာကြီး၏ ပြဿနာများအားလုံးအတွက် အဖြေများကို သိနေကြပြီး စိုက်ပျိုးရေးတွင် မယုံနိုင်ဖွယ် ကျွမ်းကျင်ကြသည်။ 


နှစ်အနည်းငယ်ကြာပြီးနောက် တောင်ပေါ်သို့ တက်ကာ အမတဖြစ်ရန် ကျင့်ကြံကြသည့် သေမျိုးကလေးငယ်များက စိတ်ထဲတွင် တိတ်တဆိတ် အဆင့်သတ်မှတ်ထားကြသည်။ 

ကျင့်ကြံသူတွေ အားလုံးက မြေကြီးကို ဘယ်လိုမျိုး စိုက်ပျိုးရမလဲဆိုတာ မသိဘူး ဖြစ်နေတာပဲ... ဒါက မှားယွင်းတဲ့ ထင်မြင်ချက်တစ်ခုပဲ...


......


စွေ့ချီချောင်း ထိုနေ့က အသရေတင့်တ်ိုင်းပြည်၏ စိုက်ပျိုးရေး အမှုဆောင်များမှ ပို့လိုက်သော စိုက်ပျိုးရေး ပစ္စည်းများကို ကြည့်နေစဉ်  အမတထန်ဝေ့က သူ့အား "စွေ့ချီချောင်း"ဟု ခေါ်လာသည်ကို ကြားလိုက်ပေသည်။ 


"ဘာလို့လဲ..."

စွေ့ချီချောင်းက ဖြေလိုက်သည်။ 


"ဒီလာဦး... ဒီလာဦး..."

အမတ ထန်ဝေ့က အော်ဟစ်လိုက်သည်။ 


စွေ့ချီချောင်းက သူ့၏ တက်မကျင်ကို ချကာ ဖုန်မှုန့်များခါချရန် လက်ချင်းရိုက်လိုက်ပြီး အမတထန်ဝေ့ထံသို့ လျှောက်သွားလိုက်သည်။ 

"ငါ့ကို ဘာပြချင်လို့လဲ..."


တစ်စုံတစ်ဦးက အမတထန်ဝေ့ကို တစ်ခုခုပို့နေပုံရသည်ကို သူ တွေ့နေသည်မှာ ကြာပြီဖြစ်သည်။ အမတ ထန်ဝေ့က ၄င်းကိုယူပြီး အတန်ကြာအောင် ကစားပြီးသော်လည်း စွေ့ချီချောင်းက အမတထန်ဝေ့ကို ထိုအကြောင်းမမေးပေ။ 


"မင်းက ဘယ်လိုလုပ်ပြီး.... အဲ့ဒါကို မေ့သွားတာလဲ..."

အမတထန်ဝေ့က ဣန္ဒြေရရ ပြုံးပြီး ဝါးရိုးဆစ် အရှည်တစ်ခုကို ထုတ်ကာ အဖုံးကိုဖွင့်ပြီး ဆိုလိုက်သည်။ 

"အထဲကို ကြည့်လိုက်..."


စွေ့ချီချောင်းက များစွာမတွေးဘဲ ဝါးဆစ်ထဲသို့ ကြည့်လိုက်သည်။ ဝါးဆစ်မှာ အလွန်နက်ရာ သူ့ မျက်လုံးတစ်ဖက်ကိုမှိတ်ပြီး အထဲကို အခြားတစ်ဖက်ဖြင့် ကြည့်လိုက်သည်။ ၄င်းမှာ မူလက မှောင်နေသော်လည်း ရုတ်တရက် အနည်းငယ် လင်းလာလေသည်။ 


ရွှေရောင်... အနီရောင်... အပြာရောင်... 

လှပသော အရောင်များက အတူတကွ ရောယှက်ကာ စက်ဝိုင်းပုံစံပြောင်းနေပေသည်။ မကြာမီတွင် စက်ဝိုင်းက ပွင့်လာပြီး မြင့်မြတ်ကာ ကျက်သရေရှိသော ပုံရိပ်တစ်ခုကို ဖော်ပြနေသည်။ သွယ်လျသော လည်ပင်းတစ်ခု၊ ရှည်လျားသော အမွေးများနှင့် တောင်ပံများ ဖွင့်ကာ ထိုတိရိစ္ဆာန်က ကိုယ်နေဟန်ထားပြင်လိုက်သည်မှာ ၄င်းက ပျံသန်းလုမည်ကဲ့သို့ပင်။ ရောင်စုံအမွေးများက ရှုပ်ယှက်ခတ်နေပြီး ထိုတိရစ္ဆာန်ကို ပိုမိုတောက်ပအောင် ပြုလုပ်ပေးနေ၏။ 


အံ့ဩစရာအကောင်းဆုံးအရာမှာ ၄င်းက မူလတွင် ဝါးဆစ်လေးတစ်ခုသာဖြစ်သော်လည်း အတွင်းပိုင်းမှာ အပြင်ပိုင်းထက် ပိုကြီးနေပုံရသည်။ စွေ့ချီချောင်းက အလွန်ကြီးမားသည့် အရောင်စုံငှက်များကို ထိုဝါးဆစ်ထဲတွင် မြင်နိုင်၏။ 


စွေ့ချီချောင်းက မထိန်းနိုင်ဘဲ ထုတ်ပြောလိုက်သည်။ 

"အဲ့ဒါက ဖီးနစ်တွေလား..."


သူက ခေါင်းမော့ကာ သူ့မျက်လုံးကို ဝါးဆစ်ထံမှ ရွေ့လျားလိုက်ရာ တောက်ပမှုက ပျောက်ကွယ်သွားသည်။ 


"မဖြစ်နိုင်တာ..."

စွေ့ချီချောင်းက ခေတ္တတွေးတောကာ အမတထန်ဝေ့ကို ကြည့်လိုက်သည်။ 


အမတထန်ဝေ့က ဝင့်ကြွားစွာ ပြုံးလိုက်ကာ သူ့dataကို မပြုပြင်လိုက်ပေ။ 

"အဲ့ဒါက ဖီးနစ်ချန်ခဲ့တဲ့ အမွေးတစ်မွေးလေ... ယန်ချွန်းချိုးကို ငါ့အတွက် ရှာခိုင်းလိုက်ပြီးတော့ နေ့ရက်ရေတွက်ခြင်းမန္တန်နဲ့ အရိပ်လွှဲမန္တန်ကို ပေါင်းလိုက်တာ... အဲ့လိုဆိုရင် မင်းက ဖီးနစ်ရဲ့ ပုံရိပ်ယောင်ကို မြင်ရတယ်... မင်း ဖီးနစ်မြင်ချင်နေတာ မဟုတ်ဘူးလား... အခု မြင်ရပြီလေ..."


စွေ့ချီချောင်းက ခေတ္တမျှ ပြောစရာမဲ့နေကာ အမတထန်ဝေ့ကို တဖြည်းဖြည်း ပြုံးပြလိုက်သည်။ 

"မင်းက ငါတောင် မတောင်းဆိုရသေးဘူး အလုပ်ကြိုးစားလိုက်ပြီပေါ့..."


အမတထန်ဝေ့မှာ သူ့နောက်ကျောနှင့် လည်ပင်းက အနည်းငယ် ယားယံလာသည်ဟု ခံစားရသည်။ သူက ခပ်မိုက်မိုက် အရာတစ်ခုကို ပြောလိုသော်လည်း ဘာပြောရမည်ဟု တွေးနေသည်ကို မေ့သွားလေသည်။ သူက လက်ရှိအခြေအနေနှင့် မဆီလျော်သော စကားတစ်ခုကို ပြန်ပြောလိုက်သည်။

"မင်း ငါ့ကို အခု တောင်းဆိုလို့ ရပြီလေ..."


စွေ့ချီချောင်းက အမတထန်ဝေ့၏ မေးစေ့ကို ပွတ်သပ်ရန် သူ့လက်ကို အသုံးပြုပြီးနောက် စနောက်ပြီး ချီးကျူးလိုက်သည်။ 

"လိမ္မာလိုက်တဲ့ ကြောင်လေးပဲ..."


အမတထန်ဝေ့က အလွန်ပျော်ရွှင်သွားသည်ဟု ခံစားရပြီး ဝမ်းမြောက်ဂုဏ်ယူသည့် ခံစားချက်က သူ့ရင်ဘတ်ထဲတွင် ပြည့်နှက်နေလေသည်။ သို့သော် မကြာမီတွင် သူ့အား အနည်းငယ် စိတ်ရှုပ်စေသော ရှင်းမပြတတ်သည့် ဗလာကျင်းနေသော မကျေနပ်မှုတစ်ခုက သူ့ရင်ဘတ်ထဲတွင်ပေါက်ဖွားလာလေသည်။ 


......


LJJ:


[ဒီနေ့ ခေါင်းစဉ်ကတော့ တစ်ခုခုက မူမမှန်ဘူးလို့ ငါ့ကို ခံစားရအောင် လုပ်နေတယ်... ဒါပေမဲ့ ဒီအပိုင်းကို နှိပ်လိုက်ဖို့ ငါ့ကိုယ်ငါ ထိန်းချုပ်လိုက်ပြီ...]


[ငါ နည်းနည်း ကြောက်နေပြီ... အဲဒါက ဘာကို ဆိုလိုတာလဲ... ခေါင်းစဉ်က ပြောတာက ထန်နဲ့စွေ့ရဲ့ ဆက်ဆံရေးမှာ တိုးတက်မှု အကြီးကြီး ရှိလာမယ်ဆိုပဲ...]


[LJJက ဘာလို့ လူတိုင်းက သူတို့ကို ရောင်းဖို့ အသည်းအသန် တိုက်တွန်းနေတဲ့ ဟာကို မရောင်းသေးတာလဲ...  ထန်ဝေ့ရဲ့ နူးညံ့တဲ့အမွေးပွရုပ်လေးကို တောင်းဆိုပါတယ်...]


[...ဘာကြီးလဲ... ငါအခုပဲ အပိုင်းတစ်ပိုင်းကျော်လိုက်တာ... လူတိုင်းက ထန်ဝေ့အပေါ် ဘာလို့ အရမ်း ကြင်နာနေရတာလဲ... ပြီးတော့ ဘာလို့ လူတိုင်းက နူးညံ့တဲ့အမွေးပွရုပ်လေး ထန်ဝေ့ကို တောင်းဆိုနေကြတာလဲ...] 


[မင်း အတွေးလွန်နေပါပြီ... ငါက အရုပ်ကို အပ်စိုက်ဖို့အတွက် ဝယ်ချင်တာပါ...]


[ဝိုး... ငါလည်း ၂၀၀မီတာ ဖီးနစ်ကြီး မြင်ချင်တယ်လေ... အဲ့ဒါက မိုက်လောက်မှာ...]


[ဟားဟားဟား... သူက ဘာလို့ တောင်းဆိုရမှာလဲ... ငါ့ရဲ့စွေ့က တစ်ယောက်ယောက်ကို တောင်းဆိုမဲ့ လူစားမျိုး မဟုတ်ဘူး...]


[......အင်....]


[ငလူး... ဘာတွေ ဖြစ်နေတာလဲ... ဒါကဘာလဲ... စွေ့ချီချောင်း ဘာလို့ ခါးပတ်ပေါ်ကို လက်တင်နေတာလဲ...... ဘုရားရေ... ငါ့ဖန်သားပြင်လေး... ဘာလို့ ငါ့ဖန်သားပြင်လေးက ဝါးသွားတာလဲ... မဟုတ်ဘူး... အဲ့ဒါက ငါ့ကွန်ပျူတာက chipပြားလေးတွေ လောင်သွားလို့ပဲ ဖြစ်ရမယ်......]


[ချီးပဲ.... ငါ့ ကွန်ပျူတာက chip ပြားလေးလည်း လောင်သွားပြီ.....]


[ဟားဟားဟား... ကြည့်ရတာ လူတိုင်းရဲ့ ကွန်ပျူတာက chipပြားတွေ လောင်သွားတဲ့ပုံပဲ... လူတိုင်း ဒီနေ့ နည်းနည်း နားလိုက်တာ အကောင်းဆုံးပဲ...]


[မင်းတို့တွေက ဘာလို့ ကိုယ့်ဟာကို လိမ်ချင်နေကြတာလဲ...]


[....... ကယ်ကြပါဦး.... SOS.... ငါ အဲ့ဒါကို လက်မခံနိုင်ဘူး.... ခွေးမသား LJJ...... ခွေးချီးကောင် ထန်ဝေ့......]


[ချီးပဲ... ငါအစောပိုင်း အပိုင်းကို အမှီလိုက်ရုံပဲ ရှိသေးတယ်... အပိုင်း ၁က မှတ်ချက်တွေမှာ "နောက်ပိုင်း အပိုင်းတွေကို ကြည့်ရင် ဒီကြောင်ကို သတိရပါ"ဆိုတဲ့ စာကြောင်းမျိုးတွေ ပြောနေကြတာ အံ့ဩစရာ မရှိတော့ပါဘူး...]


......


[ခဏလေး... အဲ့ဒါက ပြီးသွားပြီလား... ငါ့ရဲ့ စွေ့က ရေချိုးဖို့ အိမ်ထဲဝင်သွားတာလား... ကြည့်ရတာ ငါတစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပုံပဲ...]


[အဲဒီ၂မိနစ်နဲ့ ၁၀စက္ကန့်မှာ ဘာတွေ ဖြစ်သွားတာလဲ...]


[ငလူး... ထန်ဝေ့ရဲ့ ပျော်ရွှင်ကြည်နူးတဲ့ အချိန်က ၂မိနစ်နဲ့ ၁၀စက္ကန့်ပဲ ကြာတာလား.... ဟားဟားဟားဟားဟားဟားဟားဟားဟား.........]


[မဟုတ်ဘူး..... သူက ဘယ်လိုလုပ်ပြီး ငါ့စွေ့ကို လုပ်ဖို့ အရည်အချင်း မှီမှာလဲ....]


[တော်တော် အရှိန်မြန်တဲ့ ကားပဲ.... ထန်ဝေ့က နှစ်ထောင်ချီအောင်ကို လူပျို ဖြစ်နေခဲ့တာလား...]


[........ ဘာတွေ ဖြစ်နေတာလဲ... ငါတော့ လမ်းပျောက်နေပြီ.... ငါရုတ်တရက် သူ့ကို ဆဲတောင် မဆဲနိုင်တော့ဘူး...]



🌳🌳🌳