Chapter 13
Viewers 19k

👻Chapter 13: 

ဝိဥာဥ်လက်ထပ်ပွဲ(12)



ဤသည်က သူ့အိပ်မက် ဖြစ်သည်။


သူ့အိပ်မက်ထဲတွင် သူသာလျှင် အရှင်သခင်ဖြစ်သည်။


တစ်ဦးတည်းသော အရှင်သခင်။


ချူဟွိုက်အတွေးနှင့်အတူ မျက်လုံးဖွင့်လိုက်ချိန် ပြာတာတာဖြစ်နေရာမှ ကျင်းထျန်းယိက ပေါ်လာသည်ကို တွေ့လိုက်၍ အံ့သြသွားရသည်။ 


သူ့ခြေကျင်းဝတ်ပေါ်က ဖိအားကလည်း ပျောက်ကွယ်သွားလေသည်။ ကျင်းထျန်းယိက လက်ထဲတွင် တစ်မီတာမက ရှည်သည့် ဓါးရှည်ကြီးကို ကိုင်ထားရင်း ဓါးမှ သွေးတို့ အဆက်မပြတ် စီးကျနေသည်။


သူ့ခြေထောက်အနီးတွင် ချောင်ရုန်၏လျှာ ရှိနေသည်။


ကျင်းထျန်းယိက ချူဟွိုက်ကို ဖွဖွ ပြုံးပြလိုက်ရင်း ဓါးရှည်ကြီးကလည်း လေထုထဲ ပျောက်ကွယ်သွားသည်။


ဤနေရာက လူများ၏ စိတ်ခံစားချက်ကသာ အရာရာတိုင်းကို ဆုံးဖြတ်ပေးသည့် နေရာဖြစ်နေသည်။


ချူဟွိုက်၏ ခန္ဓာကိုယ်က အလွန်ညစ်ပတ်နေသော်လည်း ကျင်းထျန်းယိက သူ့ကို ချီထားပေးသည်။


"ရှင်က ဘာလို့ ဒီမှာ ရှိနေရတာလဲ" ချူဟွိုက်က မေးလိုက်သည်။


ဟုတ်ပြီ။ စောစောက သူက ဓါးရှည်တစ်ခုကို တွေးခဲ့တာမို့ ထားပါတော့။ ဘာဖြစ်လို့ ကျင်းထျန်းယိက ဒီနေရာမှာ ပေါ်လာတာလဲ။


“ဒီမေးခွန်းကို မေးရမှာက ကိုယ်ဖြစ်သင့်တာ"


"ကျွန်မကို မေးရမှာလား" ချူဟွိုက်က အံ့အားသင့်သွားရသည်။


ကျင်းထျန်းယိက သူ့နားသို့ ကပ်ပြောလာသည် "ဘာလို့လဲဆိုတော့ မင်းက အိပ်မက်ထဲမှာ ကိုယ့်အကြောင်း တွေးနေလို့လေ"


သူက အတော်လေး ထူးဆန်းပြီး ပဟေဠိဆန်သည့် လေသံနှင့် ခပ်ဖွဖွ ရယ်လိုက်သည်။


"ကြည့်လေ။ မင်း ကိုယ့်ကို အိပ်မက်မက်နေတာ"


ချူဟွိုက်:"...."


သူ တကယ်ကြီး ကျင်းထျန်းယိအကြောင်း တွေးခဲ့တာလား။


ဘယ်အချိန်ကစပြီး ကျင်းထျန်းယိက သူ့အတွက် အရေးပါသွားရတာလဲ။ သူက ဘာလို့ ဒီအကြောင်းကို မသိရတာလဲ။


အပြင်လူက သူကိုယ်တိုင်ထက်ပိုပြီး ရှင်းရှင်းလင်းလင်း သိနေတာက ဖြစ်နိုင်လို့လား။


ချူဟွိုက်က သံသယဝင်လာသည်။


"ဆောရီးပါ။ ရှင့်အဝတ်တွေ စွန်းသွားရပြီ" သူက ဆိုလိုက်သည်။


ကျင်းထျန်းယိက မနေနိုင်ပဲ ပြုံးမိသွားပြီး သူ့စိတ်ကလည်း အနည်းငယ် လှုပ်ရှားသွားလေသည်။ ချူဟွိုက်၏ အဝတ်အစားများက ချက်ချင်းပင် ဆွဲဆောင်မှုရှိသည့် ကျောပြောင် အဖြူရောင်ဂါဝန်အဖြူလေးအဖြစ် ပြောင်းသွားလေသည်။


ချူဟွိုက်:"......."


ကျင်းထျန်းယိ၏ လက်ချောင်းများက ထိုလှပသော လိပ်ပြာရိုးလေးကို ပွတ်သတ်နေသည်။


ချူဟွိုက်:"....."ဘာလို့ ကျင်းထျန်းယိက ငါ့ကျောကို ထိနေတယ်လို့ တွေးနေမိတာလဲ။ ဒါ တကယ်ပဲ ပုံမှန် ဟုတ်လို့လား။


"ကစားနေတာ ရပ်လိုက်ပါတော့။ ကျွန်မတို့ အမြန်ပြန်ရမယ်လေ။ ကျင်းထျန်းယိနဲ့ အခြားသူတွေက ကျွန်မကို စောင့်နေကြတာ။ ဘိုင့်ဘိုင်။ စောစောက ကျွန်မကို ကယ်ခဲ့တဲ့အတွက်လည်း ကျေးဇူးပါ"


စကားဆုံးသည်နှင့် ချူဟွိုက်က မျက်လုံးပြန်ပိတ်ထားလိုက်သည်။ 


👻


သူက မျက်လုံးပြန်ပြီး ဖွင့်လိုက်ရာ ကျင်းထျန်းယိ၏ ပြုံးယောင်သန်းနေသော အကြည့်များနှင့် ဆုံမိသွားသည်။


"ဆောရီးပါ။ ကျွန်မ အိပ်ပျော်သွားတယ်" ချူဟွိုက်က ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။


သူက တစ်ခုခုကို နားလည်သွားချိန် ချူဟွိုက်က ကျင်းထျန်းယိ၏ လက်ကို ကိုင်ပြီး သူ့နာရီကို တစ်ချက်ကြည့်လိုက်သည်။ ညသန်းခေါင်ရောက်ရန် ငါးမိနစ်လိုသေးသည်ပင်။ သူက ချောင်ရုန်၏ အခေါင်းထဲ တစ်နာရီခန့် နေခဲ့သည်ဟု ထင်ခဲ့သော်လည်း လက်တွေ့ဘဝတွင် ငါးမိနစ်သာ ကြာသွားခြင်းဖြစ်သည်။ 


“အား...." ရုတ်တရက် လော့ဇီယန်၏ နာနာကျင်ကျင် အော်သံကြီးက အမှောင်ထုထဲမှ ထွက်လာသည်။


ချူဟွိုက်က လန့်သွားရကာ ချက်ချင်းပင် အမှောင်ထဲ သူ့ကို ရှာလိုက်ပြီး ကျင်းထျန်းယိ၏ မျက်နှာလည်း မည်းမှောင်သွားလေသည်။


သူတို့နှင့် သိပ်မဝေးသည့် တစ်နေရာတွင် လော့ဇီယန်နှင့် လီပင်းတို့က ထိုးကြိတ်နေကြသည်။


အကြောင်းတစ်ချို့ကြောင့် လီပင်းက အရပ်ပုနေေသာ်လည်းအသာစီးရနေသည်။ သူက လော့ဇီယန်ပေါ် ထိုင်ချရင်း အပေါ်စီးမှ ခွထိုးနေသည်။ တစ်ဖက်တွင်လည်း လော့ဇီယန်က သူ့ခေါင်းကို ကာထားပြီး ကိုယ်ကို ကျုံ့ထားရသည်။ သူက အခြေအနေမကောင်းမှန်း သိသာလှသည်။ 


ကျင်းထျန်းယိက သူ့ဘေးက ခုံတစ်ခု ကောက်ယူလိုက်ပြီး လီပင်း၏ ခေါင်းနောက်ပိုင်းကို ရိုက်ချလိုက်သည်။ သူ၏ လှုပ်ရှားမှုက ပြင်းထန်ပြီး ချက်ကောင်းကို ထိမိလေသည်။


လီပင်း၏ အမြင်အာရုံက ဝေဝါးလာပြီး မြေကြီးပေါ် ပြိုလဲသွားသည်။


ချူဟွိုက်က အရင်ဆုံး လီပင်းကို တရွတ်တိုက် ဆွဲထုတ်လိုက်ပြီး လော့ဇီယန်ကို ထူပေးလိုက်ချိန် သူ့ခေါင်းက သွေးထွက်နေမှန်း တွေ့လိုက်ရသည်။


“သူက ရှင့်ကို ရန်လုပ်လာတာလား" ချူဟွိုက်၏ မျက်လုံးများက အေးစက်သွားရသည်။


ဤခန့်မှန်းချက်က ဖြစ်နိုင်လေသည်။


လော့ဇီယန်က သူ့ခေါင်းက ရှင်းရှင်းလင်းလင်း မရှိပဲ သူ့ခန္ဓာကိုယ်ကလည်း အားနည်းလာသည်ဟု ခံစားရသည်။


" ငါ အဆင်ပြေပါတယ်"


ကျင်းထျန်းယိ၏ မျက်လုံးထဲ နောင်တရိပ်တို့ သန်းနေသည်။


ဥာဏ်မရှိသော သူများက လက်ထဲ ပိုက်ထားသည့်ပစ္စည်းကြောင့် ဒုက္ခရောက်ရလိမ့်မည်။ လော့ဇီယန်က ထိုလူစားမျိုးနှင့် မကွာလှ။ ဤသို့ဖြစ်သွားရသည်က စောစောက သူ ပေါ့ဆပြီး အတွက်အချက် မှားသွား၍ ဖြစ်သည်။ 


“အစ်ကိုကျင်း...ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့။ ဒါက အစ်ကိုကျင်းရဲ့ အမှား မဟုတ်ပါဘူး။ ရန်သူကို လျှော့တွက်မိတဲ့ ကျွန်တော့် အမှားပါ။ ကျွန်တော်က အရမ်း တုံးလွန်းတော့ အရင်ကတည်းက အစ်ကိုကျင်းကပဲ အမြဲတမ်း ကယ်ပေးနေရတယ်..."


ချူဟွိုက်က သူ့ကို ထိုင်နိုင်ရန် ကူပေးလိုက်သည်။


 " လျော့ပြောပါ...အားချန်ထားလိုက်ပါဦး"


လော့ဇီယန်က သောကအပြည့်နှင့် ခေါင်းယမ်းပြလာသော်လည်း သူ့မျက်လုံးထဲ ခိုင်မာသည့် ရပ်တည်ချက်တို့ ရှိနေသည် 


" ကျွန်တော့ရဲ့ လက်ရှိအခြေအနေက မတည်ငြိမ်တော့ဘူး။ ဒါကြောင့် ကျွန်တော့်ကို ချန်သာချန်ထားခဲ့ကြပါ။ ပြီးတော့လည်း အစ်ကိုကျင်းတို့ နှစ်ယောက်ကိုလည်း ဆွဲမချချင်ဘူး"  


သူက ဥာဏ်လုံးဝ မကောင်းမှန်း သူ့ကိုယ်သူ သိသည်။ ချူကျောင်းနှင့် ကျင်းထျန်းယိက သူ့ကို အကြိမ်ပေါင်းမနည်း ကယ်နေရပြီး သူတို့ကိုလည်း သူနှင့်အတူ ဆွဲမချချင်ပေ။


ချူဟွိုက်က သတိလစ်မတတ် ဖြစ်သွားကာ စိတ်ရှုပ်ထွေးလာရသည်။


လော့ဇီယန်၏ အသံက သူ၏ နောက်ဆုံးစကားကို ပြောနေသည်နှင့် တူသည် " ကျောင်းကျောင်း...မင်းနဲ့ ဘော့စ်တို့ နှစ်ရာပေါင်းများစွာ အတူတူရှိပြီးတော့ သားလေး မွေးပါစေလို့ ဆုတောင်းပေးပါတယ်..."


ချူဟွိုက်:"....."


လော့ဇီယန်က ချက်ချင်း သူ့ကိုယ်သူ ရိုက်ချလိုက်သည် "မဟုတ်သေးဘူး...။ သား မမွေးနဲ့ဦး။ မဟုတ်ရင် မိဘမရှိပဲ မွေးလာရလိမ့်မယ်"


“ဒီမိုက်မဲလှတဲ့ ငါ့ပါးစပ်ကတော့"


ချူဟွိုက်:"....." သူက သူ့ကိုယ်သူ့ ထပ်ရိုက်တော့မည့် လော့ဇီယန်လက်ကို အမြန် ဆွဲထားရသည်။


ကျင်းထျန်းယိက ကြေကွဲခြင်းခန်းမမှ ပိတ်စဖြူနှစ်ခု ဆွဲယူလာပြီး ထိုစကားကို ကြားသောအခါ ရယ်မိသွားရသည်။


"စိတ်သာချ။ မင်း နည်းနည်းလောက် ကြာကြာလေး တောင့်ခံနိုင်သေးတယ်ဆိုရင် ငါတို့ အိမ်ပြန်လို့ ရတယ်"


 á€€á€ťá€„်းထဝန်းယိက လော့ဇီယန်ဆီ လျှောက်လာပြီး သူ့ခေါင်းကို ပိတ်စဖြူနှင့် ရိုးရိုးရှင်းရှင်း ပတ်တီးစီးပေးလာသည်။


“အိမ်ပြန်ရမှာလား" လော့ဇီယန်၏ မျက်လုံးတို့ မြောက်တက်သွားရသည်။


ပရလောက စည်းမျဥ်းအရ သူတို့က မစ်ရှင်ကို ပြီးမြောက်သွားသည်နှင့် ထွက်သွား၍ ရသည်ပင်။ သူတို့၏ ထိခိုက်ဒဏ်ရာများကလည်း ချက်ချင်းပင် ကုသပြီးသားဖြစ်သွားလိမ့်မည်။


ချူဟွိုက်က လီပင်းဆီ လျှောက်သွားလိုက်ပြီး အမြင်မကြည်ဟန် ကန်ထည့်လိုက်ပြီး သူ့လက်ထဲက အဝတ်စကို ဆတ်ခနဲ ယူလိုက်သည်။ အဝတ်စက လီပင်း၏ သွေးတို့ စွန်းထင်းနေသည်။ 


နာရီလက်တံများက တစ်ထပ်တည်းကျသွားချိန် လော့ဇီယန်က ရုတ်တရက် ကျယ်ကျယ်လောင်လောင် အော်လိုက်သည် "သရဲတွေ...."


ချူဟွိုက်က ချက်ချင်း ခေါင်းမော့ကြည့်လိုက်ရာ နေ့အချိန်က ဧည့်သည်များက သူတို့၏ ပုံစံအမှန်ကို ပြလာမှန်း တွေ့လိုက်ရသည်။


သူတို့အားလုံးက ....သရဲများ ဖြစ်နေကြသည်။


တစ်ခဏတွင်း သူတို့က ကြေကွဲခန်းမကို ယပ်တောင်ပုံစံမျိုး ဝန်းရံထားပြီး ဖြစ်နေသည်။ သူတို့တွင် အသက်မဲ့နေသော မျက်လုံးများရှိပြီး လက်များကလည်း လက်ခုပ်တီးနေဟန် ဆုပ်ကိုင်ထားကြသော်လည်း သူတို့ကို ရန်မူလိုသည့် အရိပ်ရောင်ဖြင့် မရှိချေ။


ချူဟွိုက်နှင့် အနီးဆုံးက သရဲက ငတ်ပြတ်နေသော သရဲဖြစ်သည်။ ယင်းက ပိန်လှီနေပြီး အနာဂတ်တွင် စားသောက်ပွဲကြီးတစ်ခုကို စောင့်မျှော်နေဟန် လောဘရိပ်သန်းနေသော မျက်လုံးများရှိသည်။


ရေသရဲများ...တွဲလောင်းကျနေသော သရဲများ...ကလေးသရဲများ...ချူဟွိုက်က တစ်ယောက်ပြီးတစ်ယောက် ဝေ့ဝဲကြည့်လိုက်ရင်း သူ၏ အသက်ရှူသံက မူမမှန်တော့ချေ။


သူက ဤအချက်ကို ခန့်မှန်းခဲ့သင့်သည်။


ဝိဥာဥ်လက်ထပ်ပွဲမှာ ဘယ်လိုလုပ်ပြီး လူသားဧည့်သည်တွေ ရှိနိုင်မှာလဲ။


နေရာတစ်ခုအရောက်တွင် ချူဟွိုက်၏ အကြည့်များက ချက်ချင်း ရပ်တန့်သွားရသည်။ ချောင်သခင်မကြီး အဖေယင်းနှင့် အမေယင်းတို့ကလည်း ထိုနေရာတွင် ရပ်နေကြသည်။


ချောင်သခင်မကြီး၏ အရိုးများက အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့နေပြီး အရေပြားသာ ရှိလေသည်။ သူမ၏ ခန္ဓာကိုယ်က သူမအစာအိမ်ပေါ် လှဲနေသကဲ့သို့ ပျော့ပျောင်းနေပြီး သပ်သပ်ရပ်ရပ်ရှိသည့် သူမ၏ မျက်နှာအစိတ်အပိုင်းများကလည်း ယခုတွင် အက်ကွဲကြောင်းများနှင့် ပုံပျက်နေသည်။ အဖေယင်းနှင့် အမေယင်းတို့ကမူ သူတို့၏ မျက်နှာများက ခရမ်းပုပ်ရောင် သန်းနေပြီး မျက်လုံးက ပြူးထွက်နေကာ ပါးစပ် ဟလျက်သားဖြစ်နေ၍ တံတွေးတို့ တစက်စက် ကျနေသည်။ 


သူတို့လည်း သရဲအဖြစ် ပြောင်းသွားကြပြီ ဖြစ်သည်။


ချူဟွိုက်က အံ့သြသွားရသည်။


ချောင်သခင်မကြီး အဖေယင်းနှင့် အမေယင်းတို့က သေဖို့တာဝန်ရှိနေသည်က မဆန်းတော့ပေ။ ထို့ပြင် ဤလူများ၏ သေဆုံးမှုက သူတို့မစ်ရှင်အပေါ် လုံးဝ သက်ရောက်မှုမရှိ၍ ဖြစ်သည်။ ဤလူသုံးယောက်က ဝိဥာဥ်လက်ထပ်ပွဲကို ကြည့်ရန် လာကြသူများ ဖြစ်သည်။ 


ထို့ကြောင့် ဝိဥာဥ်လက်ထပ်ပွဲနေ့တွင် သူတို့လို ပါဝင်သူများကလွဲ၍ အသက်ရှိသော လူသားများ မရှိချေ။


“ဘော့စ်...အခု ဘာလုပ်ကြမလဲ" လော့ဇီယန်က ကျင်းထျန်းယိ၏ အင်္ကျီစကို တုန်တုန်ယင်ယင် ဆုပ်ကိုင်လာသည်။


"ချောင်ရုန်နဲ့ ယင်းရှောင်ဖုန်းတို့ လက်ထပ်သွားရင် ဘယ်လိုဖြစ်လာမလဲ။ တကယ်တမ်းမှာ ယင်းရှောင်ဖုန်းက သူ့ကို လက်မထပ်ချင်သလို ချောင်ရုန်ကြောင့် အသတ်ခံခဲ့ရတာလေ။ မာကျစ်ချိန်အတွက်ကလည်း သူချစ်ရတဲ့ အမျိုးသမီးသာ တခြားသူကို လက်ထပ်သွားရင်...."


လော့ဇီယန်၏ ချက်ချင်း သတိအနေအထား ဖြစ်သွားပြီး " သူ့ရဲ့ မကျေနပ်ချက်ကြောင့် ကျွန်တော်တို့ကိုတော့ သတ်မလာလောက်ဘူး မဟုတ်လား"


"ဘဲလို အော်မနေနဲ့" 


ကျင်းထျန်းယိက စကားရပ်သွားရင်း " နောက်ဆုံးတော့လည်း မင်းမှာ ဦးနှောက်ရှိသေးတာပဲ။ မင်း ကြောက်နေရင် အိပ်သာနေလိုက်"


လော့ဇီယန်:"......"


ဧည့်သည်များက ချက်ချင်းပင် တံခါးဝသို့ အကြည့်ရောက်သွားကြသည်။


ဝေါယာဥ်တစ်ခုက တံခါးဝတွင် ပေါ်လာပြီး အမှောင်ထုထဲ အနီရောင် အလင်းတန်းတို့ ထုတ်လွှင့်နေသည်။ ဝေါယာဥ်ကို


သရဲရှစ်ယောက်က သယ်လာပြီး သူတို့က ပျော်ရွှင်နေပုံရကာ အနီရောင်ဝတ်စုံများလည်း ဝတ်ထားကြသည်။


ဧည့်သည်များက လက်ခုပ်တီးလာကြ၍ လော့ဇီယန်လည်း လိုက်ပြီး တီးလိုက်ရသည်။


“ကျောင်းကျောင်း" ကျင်းထျန်းယိက အပြုံးလေးနှင့် ရောက်လာပြီး " ကိုယ်မင်းကိုလည်း ဝေါယာဥ်ဆီ သယ်သွားပြီးတော့ လက်ထပ်မယ်...ဟုတ်ပြီလား"


ချူဟွိုက်"....." တော်တော်ကို ဒီလူက ဘယ်လို အသက်ရှင်အောင် လုပ်ရမလဲ ဆိုတာကိုလည်း သိနေတာပဲ။


ပရလောကက သူတို့ကို လှည့်စားခဲ့လေသည်။


သို့သော်ငြား ထိုသို့ပြောရသည်က မမှန်လောက်ပေ။ အမှန်တွင်ဖြင့် သူတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များထံမှ အလှည့်စားခံခဲ့ရခြင်းဖြစ်သည်။ မစ်ရှင်က 'သုံးရက်နေပြီးနောက် ချောင်အိမ်တော်တွင် ကျင်းပမည့် ဝိဥာဥ်လက်ထပ်ပွဲတွင် ပါဝင်ရန် ' ဖြစ်သည်။ ထို့ကြောင့် သေချာပေါက် သူတို့က ဝိဥာဥ်လက်ထပ်ပွဲ၏ ဇာတ်ကောင်များက ချောင်ရုန်နှင့် ယင်းရှောင်ဖုန်းတို့ ဖြစ်သည်ဟု ယုံနေကြသော်လည်း လက်ထပ်ပွဲကို တက်ပြီးမှ သူတို့အဖွဲ့ အထုတ်ခံရတော့မည်မှန်း သေချာသွားရသည်။


လော့ဇီယန်ပြောသည့်အရာက မှန်လေသည်။ ယင်းရှောင်ဖုန်းက ချောင်ရုန့်ကို မည်သို့များ လက်ထပ်ရန် ဆန္ဒရှိမည်နည်း။ ယင်းရှောင်ဖုန်းကို အလွန်ချစ်မြတ်နိုးသည့် မာကျစ်ချိန်ကရော မည်သို့များ အလွယ်တကူ အရှုံးပေးသွားနိုင်မည်နည်း။


ထိုစုံတွဲက အသက်ရှင်စဥ်ကလည်း ပြင်းပြင်းထန်ထန် ခံစားခဲ့ရ၍ သေသွားသည့်အချိန်တွင် ခွဲထားရန်က ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။ သူတို့အသက်ရှင်နေစဥ်အတွင်း သူတို့ကို ခွဲခဲ့သည့်သူကို ဘာမှမလုပ်နိုင်ခဲ့သော်လည်း ယခု သူတို့က သေသွားပြီဖြစ်၍....


နောက်ဆုံးသော နာကျည်းချက်က အလွန် ပြင်းထန်၍ မည်သူမှ တောင့်ခံနိုင်မည် မဟုတ်ပေ။


ချူဟွိုက်က ချောင်ရုန်နှင့် ယင်းရှောင်ဖုန်းတို့သာ လက်ထပ်သွားရလျှင် ပရလောက က မာကျစ်ချိန်နှင့် ယင်းရှောင်ဖုန်းတို့၏ အဝတ်စသုံးခွင့်ကို သေချာပေါက် ဖယ်ရှားလိမ့်မည်ဟု ခန့်မှန်းမိသည်။ ထိုသို့ဖြစ်သွားလျှင် ထိုနှစ်ယောက်က သူတို့ကို ပြင်းပြင်းထန်ထန် သတ်လာလိမ့်မည်။


ချူဟွိုက်က အတွေးတို့နစ်နေချိန် ကျင်းထျန်းယိက ယင်းရှောင်ဖုန်း၏ သတို့သမီးဝတ်စုံကို သူ့ကိုယ်ပေါ်သို့ ကျွမ်းကျွမ်းကျင်ကျင် ဝတ်ပေးထားပြီး ဖြစ်နေသည်။


လော့ဇီယန်က မေးရိုးအောက်ပြုတ်ကျသွားရသည်။ [အံ့သြသွားလို့ လန့်သွားလို့ ဖြစ်သွားတဲ့ မျက်နှာပုံစံမျိုးပါ]


"ကျောင်းကျောင်း" ကျင်းထျန်းယိက သက်ပြင်းချလိုက်ပြီး ဝတ်စုံ၏ ကြယ်သီးကို ညင်ညင်သာသာ သပ်ပေးလာသည်။ 


"မင်းက အရမ်း ပိန်လွန်းလို့ ကိုယ့်ရင်တွေတောင် နာကျင်လာပြီ"


ယင်းရှောင်ဖုန်း၏ သတို့သမီးဝတ်စုံက ချုဟွိုက်နှင့် ကောင်းကောင်း မတော်ပဲ အင်္ကျီလက်က အရမ်းတိုနေ၍ အင်္ကျီက ပုခုံးနှင့် ကျပ်နေသည်။ တချို့နေရာ များကလည်း အလွတ်ကြီး ကျန်နေသည်။ 


“ကျွန်မက အရမ်းပိန်လွန်းတာ မဟုတ်ပါဘူး" ချူဟွိုက်က ရှက်ဝဲဝဲပြုံးလိုက်ရင်း " ကျွန်မက ရင်ဘတ်မရှိလို့ပါ"


ကျင်းထျန်းယိ၏ လက်များ ရပ်တန့်သွားရသည် "....."


လော့ဇီယန်က ဖြတ်ပြောချင်စိတ် ရှိနေသေးသည် " မင်းဘေးမှာ အစ်ကိုကျင်းရှိနေတာ ဆိုတော့ သိပ်မကြာခင်ဖြစ်ဖြစ် နောက်ပိုင်းမှာ ဖြစ်ဖြစ် မင်းမှာ ရင်ဘတ်ရှိလာမှာပါ"


ချူဟွိုက်က သူ့ကို မပြုံးချင်ပြုံးချင် ပြုံးပြလိုက်ရသည်။


"စကားဘယ်လို ပြောရမလဲ မသိရင် ပါးစပ်သာ ပိတ်ထားစမ်းပါ" ကျင်းထျန်းယိက သူ့ကို ခပ်ပြင်းပြင်း စိုက်ကြည့်လာသည်။ 


လော့ဇီယန်က တစ်စက္ကန့်တွင်း သူ့ခြေဖဝါးတို့ အေးစိမ့်လာသလို ခံစားလိုက်ရသည်။


သို့သော်လည်း တစ်ခဏကြာတွင် သူက ထိန်းမထားနိုင်ပဲ ဆက်ပြောလာသည် " ကျောင်းကျောင်း။ ငါ ထင်တာတော့ ဒီသတို့သမီးဝတ်စုံက တကယ် ရုပ်ဆိုးတယ်။ Victoria Secret ဝတ်စုံတွေကသာ မင်းနဲ့ ကောင်းကောင်း လိုက်ဖက်မှာ"


ချူဟွိုက်က သူနှင့် စကားပြောမနေတော့ချေ။


"တကယ်တော့ အစ်ကိုလော့လည်း ကျွန်မနဲ့ လက်ထပ်လို့ရပါတယ်"


သူက ကျင်းထျန်းယိဘက်ကို ဖြူဖြူစင်စင် မျက်လုံးလေးများနှင့် လှည့်ကြည့်လာသည်။ သူ့စကားက တွန့်တွန့်ဆုတ်ဆုတ် ဖြစ်နေသော်လည်း ယင်းက အမှန်တရားပင်။


ချူဟွိုက် ပြောသည်က မှန်သည်။ သတို့သမီးက တစ်ယောက်တည်းသာ ရှိပြီး သတို့သားက သုံးယောက် ကျန်နေသေးသည်။ မြေကြီးပေါ်က တစ်ပိုင်းသေပြီး တစ်ပိုင်းရှင်နေသည့် လီပင်းကပင် သူ့ကို လက်ထပ်၍ ရလေသည်။


ကျင်းထျန်းယိက လော့ဇီယန်ကို ပြုံးပြလိုက်သည်။


လော့ဇီယန်က ဤအပြုံးကြောင့် ထိတ်လန့်သွားရသည်။


"မရဘူး။ မရဘူး။ မရဘူး။ ငါက တစ်ချက်မှတောင် မလှုပ်နိုင်တော့လို့" 


ဘော့စ်အပြုံးကြီးက ကျောချမ်းစရာကြီး။


ထို့နောက် သူက သေချင်ယောင်ဆောင်နေလိုက်ရန် ဆွေးနွေးလိုက်သည်။


ချူဟွိုက်က ပထမဆုံး အသက်ရှင်နိုင်မည့် နည်းလမ်းကို သတိထားမိသွားချိန် သူ့စိတ်ထဲ လက်မခံချင်ပေ။


သို့သော်လည်း အဆုံးတွင် သူက မျက်နှာပူစွာနှင့် လက်ခံလိုက်ရသည်။ အခုတောင် အမျိုးသမီး အဝတ်အစား ဝတ်ထားရတာပဲလေ။ အမျိုးသမီးရဲ့ သန့်စင်မှုဆိုတာတွေကို ဘာလို့ ဂရုစိုက်နေရဦးမှာလဲ။ ဂိမ်းကစားတဲ့အခါ ငြင်းလိုက်တာနဲ့ လက်ခံလိုက်တာမှာ ဘယ်ဟာက ပိုအကျိုးရှိလဲ။ 


ထို့ပြင် သူက ကျင်းထျန်းယိ၏ နှလုံးသားကို အနိုင်ရရန် လိုအပ်ပြီး ဤဂေါ်ဖီထုပ်ကို အဆုံးထိ ဖြေးဖြေးချင်း ဝါးစားရမည်ပင်။ [တရုတ်လူမျိုးတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ လက်ထပ်လိုက်ရင် လူတွေ ပြောကြတာက "ဒီမိသားစုရဲ့ ဂေါ်ဖီထုပ်(အမျိုးသမီး)ကို အဲ့ဒီဝက် (အမျိုးသား)က စားပြီးသွားပြီ"တဲ့ ။ ဒါကြောင့် ဒီနေရာမှာ ချူဟွိုက်က ကျင်းထျန်းယိဆိုတဲ့ ဂေါ်ဖီထုပ်ကို ဖြေးဖြေးချင်း စားနေတယ်လို့ ပြောတာထင်တယ် ဟားဟား] 


ဒါဆို ကျင်းထျန်းယိကို သူ့ကို ကြွေတာ မဟုတ်တဲ့ ကြွေတာမျိုး ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ သူက သင်ယူရန် လမ်းအရှည်ကြီး လိုသေးသည်ဟု ခံစားရသည်။


ထို့ကြောင့် သင်က ထိုပညာကို သင့်လျော်သည့် အချိန်တွင် အသုံးချလိုက်သည့်အချိန် ခံစားချက်များ ပေါက်ဖွားလာမည် ဖြစ်သည်။


ကျင်းထျန်းယိက သူ့ကို သင်ခန်းစာတစ်ခု ပြောပြရန် သူ့မျက်နှာကို ညှစ်လာသည်ထိ ချူဟွိုက်က စိတ်လွတ်ပြီး အတွေးနယ်ချဲ့နေဆဲ ဖြစ်သည်။


👻