Chapter 4
Viewers 11k


👻Chapter 4:

 á€á€­á€Ľá€Źá€Ľá€şá€œá€€á€şá€‘ပ်ပွဲ (3)



ချူဟွိုက်က တွေးတွေးဆဆ ပြောလာသည်


 " ဒီကိစ္စမှာ ချောင်ရုန်က ဒီအတိုင်း သေသွားတာကြောင့် နာကျည်းချက်တော့ ရှိမှာမဟုတ်ဘူး။ ဒါကြောင့် အမျိုးသားသရဲက ချောင်ရုန်မဖြစ်နိုင်ဘူး" 


“ဒါဆို သူက ဘာလို့ ချောင်သခင်မကြီးကို အနှောင့်အယှက် ပေးနေရတာလဲ။ ချောင်သခင်မကြီးက သူ့ကို သတ်ခဲ့လို့လား" 


“ချောင်ရုန်တော့ တကယ် မဟုတ်ဘူး" ကျင်းထျန်းယိက ဆိုလာသည်။


"ငါအခုလေးတင် ချောင်ရုန်ရဲ့ ရုပ်ကို မေးခဲ့တာ။ ချောင်ရုန်ရဲ့ မျက်နှာမှာ မှဲ့အကြီးကြီးရှိတယ်ဆိုတော့ စောစောက ဝမ်ရွှယ် ပြောပြတဲ့ပုံစံနဲ့ မကိုက်ညီဘူး။ သူမက အဲ့လောက် သိသာနေတဲ့ ရုပ်သွင်ကို မေ့နေမှာတော့ မဟုတ်ဘူးလေ"


“ဒါနဲ့ ချောင်သခင်မကြီးက လွန်ခဲ့တဲ့ နှစ်ရက်က တာအိုဘုန်းတော်ကြီးတစ်ဖွဲ့ အိမ်တော်ထဲ ဝင်လာတာကို တွေ့ခဲ့တယ်တဲ့" ကျင်းထျန်းယိက တစ်ခုခုကို ညွှန်ပြချင်ဟန်ရှိသည်။


လော့ဇီယန်က အံ့အားသင့်သွားသလို လေးစားသွားရသည် " ဘော့စ်။ ဒီလောက်အချိန်လေးအတွင်း ဘယ်လိုလုပ် အများကြီး စုံစမ်းနိုင်ခဲ့တာလဲ"


ကျင်းထျန်းယိက ပြုံးလိုက်သည် " အရင်ဆုံး ငါ ငွေထည်တွေ သွားခိုးပြီးတော့ သတင်းနည်းနည်းပါးပါးရအောင် သုံးခဲ့တာ"


ချူဟွိုက်:"....." သေချာပေါက်ပင် ပရလောကထဲ၌ ဟိုစပ်စပ်သည်စပ်စပ်နိုင်သည့်သူက နတ်ဘုရားဖြစ်လေသည်။


လူတိုင်းက တစ်ခုခု ဖြစ်လာမှာ ကြောက်နေကြသော်လည်း ကံကောင်းစွာဖြင့် တစ်နေ့လုံး ဘာမှ ဖြစ်မလာခဲ့ချေ။


လော့ဇီယန်၏ ရှင်းပြချက်အရ ဖြစ်ရပ်ထဲရှိ အန္တရာယ်က အချိန်ကုန်ခါနီးမှ တိုးလာတတ်သည်ဖြစ်ပြီး ပထမရက်က တော်တော်လေး ဘေးကင်းလေသည်။


အမှောင်ယံညတွင် ချူဟွိုက်က ဂွမ်းကပ်စောင်ယူပြီး အမျိုးသားများနေသည့် ဧည့်သည်ခန်းသို့ သွားလိုက်သည်။ တံခါးဖွင့်လိုက်ချိန် သူက မေ့လဲမတတ်ဖြစ်သွားရသည်။


သူက အမျိုးသမီးနှစ်ယောက်နှင့် တစ်ခန်းထဲ နေရသော်လည်း ထိုနှစ်ယောက်လုံးက အခန်းထဲ ပြန်မလာသေးသည့် အကြောင်းရင်းက သူတို့က ဤအခန်းထဲ အကုန်ရောက်နေကြ၍ ဖြစ်သည်။


အဲ့လိုဆိုပေမယ့် သူက ဘာလို့ အခုမှ ရုတ်တရက်ကြီး ပိုရှက်သလို ခံစားလာရတာလဲ။


စုံတွဲက တစ်ယောက်နှင့်တစ်ယောက် မှီထားရင်း အမျိုးသားက သူ့ကောင်မလေးကို နှစ်သိမ့်ပေးနေသည်ပုံပင်။ ကျောက်ရှင်းကဖြင့် တံခါးကို ဒေါသတကြီး ထုရိုက်နေသည်။


သူမက စောင်ကိုင်ထားသည့် ချူကျောင်းကို တွေ့သွားသောအခါ အေးစက်စက် နှာမှုတ်ကာတွေးလိုက်သည်


 " ဟွန်း"ချူကျောင်းက သူ့အစီအစဥ်ကို ငါမသိဘူးလို့များ ထင်နေတာလား။ အသစ်တစ်ယောက်က တွေ့တာ တစ်ရက်တောင် မရှိသေးတဲ့ ယောကျ်ားလေးရဲ့ အိပ်ရာပေါ် တွယ်တက်ဖို့ စီစဥ်နေတယ်ပေါ့။


ကျင်းထျန်းယိက အိပ်ရာပေါ် တင်ပျဥ်ခွေထိုင်နေရင်း သူ့မျက်နှာက တည်တည်ငြိမ်ငြိမ်ပင်။


ချူဟွိုက်က အနားကပ်သွားလိုက်ရင်း ကုတင်စွန်းတွင် ဝင်ထိုင်လိုက်သည် "ဘာစာအုပ် ဖတ်နေတာလဲ" 


“သမ္မာကျမ်းစာအုပ်" ကျင်းထျန်းယိက စာအုပ်ကို ဘေးချလိုက်ရင်း ချူဟွိုက်ကိုင်ထားသည့် စောင်ကို မြင်သောအခါ နက်နက်ရှိုင်းရှိုင်း ပြုံးလိုက်သည်။


“မင်း...." သူက ချူဟွိုက်လက်ထဲက စောင်ကို ညွှန်ပြလာသည်။


ချူဟွိုက်၏ မျက်နှာက နီရဲသွားကာ သူ့အသံလေးက ခြင်အော်သံလောက် ထွက်လာသည် 


" ကျွန်မ တစ်ယောက်တည်း ဖြစ်နေတာ။ နည်းနည်း ကြောက်နေလို့။ တကယ်တော့ စောစောတုန်းက ကျွန်မတို့အခန်းမှာ သူတို့မရှိကြဘူးလေ"


ကျင်းထျန်းယိက သူ့ကို အိပ်စေရန် အိပ်ရာပေါ်မှ ဆင်းဟန်ပြုသည်။ ချူဟွိုက်က မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းခါပြလာသည် " အမ်...အထင်မလွဲပါနဲ့။ ကျွန်မက အစ်မရှင်းလိုပဲ ကြမ်းပြင်မှာ အိပ်မှာပါ။ ဒီကို လာတာက ရှင်နဲ့ စကားပြောချင်လို့"


လော့ဇီယန်က သူတို့ကို တိတ်တဆိတ် အကဲခတ်နေသည်။


ကျင်းထျန်းယိက ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ 


“ဒီလိုမလုပ်ဘူးဆိုရင် မင်းက မိန်းကလေး။ ငါက ယောက်ျားရင့်မာကြီးလေ။ ဒါကြောင့် ကိစ္စမရှိပါဘူး"


သူက သပ်သပ်ရပ်ရပ် ပြင်လိုက်ရင်း ရှင်းပြလာသည်။ သူက ကုတင်ပေါ်က ဆင်းဟန်ပြင်လိုက်စဥ် ချူဟွိုက်က သူ့ကို အိပ်ရာပေါ် တွန်းချလိုက်သည်။ 


ကျင်းထျန်းယိမှာ လန့်သွားရသည်။


ချူဟွိုက်က သူ့ကို ချက်ချင်း လွှတ်ပေးလာပြီး သူ့စကပ်အဖြူစကို ချေမွနေရင်း ခေါင်းငုံ့ပြီး နှုတ်ခမ်းကိုက်နေသည်။


အချိန်အတန်ကြာမှ သူက ဆုံးဖြတ်လိုက်ပြီး မျက်လုံးကြည်ကြည်လေးများနှင့် ခေါင်းမော့လာသည် 


" ရှင်....ရှင် စိတ်မဆိုးရင်...ကျွန်...ကျွန်မနဲ့...အတူတူ အိပ်ပေးလို့ရမလား"


လော့ဇီယန်က ပါးစပ်ထဲမှ ရေအားလုံးကို အိပ်ရာပေါ် ထွေးထုတ်မိသွားသည်။


ချူဟွိုက်က တုန်လှုပ်နေပြီး ရှက်သွေးဖြာနေသော မျက်နှာလေးနှင့် ထပ်ပြောလာသည် " အိပ်ရာတစ်ခုတည်းမှာ အတူတူ..."


ကျင်းထျန်းယိက သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်သည်။


ချူဟွိုက်က ကျင်းထျန်းယိဘက်က တုန့်ပြန်မှုကို မရသေး၍ သူ့မျက်လုံးများက ချက်ချင်း နီရဲလာသည်


 " အထင်မလွဲလိုက်ပါနဲ့။ ကျွန်မက အဲ့လိုမိန်းမမျိုး မဟုတ်ပါဘူး"


“ကျွန်မ ကြမ်းပြင်ပေါ်မှာပဲ အိပ်တော့မယ်" ချူဟွိုက်က တစ်ဖက်လူထံမှ အငြင်းခံရသလိုမျိုး ဖြစ်သွား၍ အနည်းငယ် ရှက်ရွံ့သွားသည်။


ကျင်းထျန်းယိက ရုတ်တရက် အိပ်ရာပေါ်က ဆင်းလိုက်သည်။ ချူဟွိုက်က သူ့အစီအစဥ် ကျရှုံးပြီဟု တွေးလိုက်သည်။ ထို့ပြင် ကျင်းထျန်းယိက သူ့ကို အိပ်ယာပေါ် တစ်ယောက်တည်း အိပ်စေချင်နေသည်။ ထို့ကြောင့် သူ့မျက်နှာထက် နာကျင်မှုအရိပ်အရောင် သန်းသွားသည်။


ကျောက်ရှင်းက တိတ်တိတ်လေး ပျော်သွားရသည်။


ဤကိစ္စကို လက်မလွှတ်ချင်သေး၍ ချူဟွိုက်က ကျင်းထျန်းယိ၏ ဘောင်းဘီစကို ဆွဲယူလိုက်ရင်း သူ့နားနေပေးရန် နူးနူးညံ့ညံ့လေသံလေးနှင့် တိုက်တွန်းနေသည်။ သူ၏ မျက်နှာသည်လည်း ပုစွန်ထုပ်လေးလို နီရဲနေပြီ ဖြစ်သည်

 " ကျွန်မ...ကျွန်မ ရှင့်ကို ဖက်ထားချင်ရုံပါ။ ရှင်နဲ့အတူ...ရှိနေတဲ့အချိန်....လုံခြုံသွားသလို ခံစားရတယ်"


“ကျွန်မ...ကျွန်မက အရင်ကလည်း ယောကျ်ားတစ်ယောက်နဲ့ နီးနီးကပ်ကပ် မနေဖူးပါဘူး" သူက စကားများများ ဆိုလေလေ အသံက ပိုပိုပြီး တိုးဝင်လာရသည်။ နောက်ထပ် သူက အရမ်း ရှက်နေပြီဖြစ်သည်။


အခြားတစ်ဖက်က လော့ဇီယန်က နောက်ထပ် ရေတစ်ငုံ ထပ်ပြီး ထွေးထုတ်မိသွားသည်။


သူ၏ ခန္ဓာကိုယ်က အပူလှိုင်းတို့ တက်လာပြီး ရေမသောက်နိုင်အောင် ဖြစ်နေ၍ ဆေးလိပ်သောက်ရန် တိတ်လေး ထွက်သွားလိုက်သည်။


အချိန်တစ်ခုစာထိ နေပြီးနောက် လော့ဇီယန်က ကိစ္စရှင်းရန် သန့်စင်ခန်းသို့ သွားလိုက်မိသည်က သရဲရှိရာ ပြေးသွားခြင်းလည်း ဖြစ်နိုင်သည်။ 


“မင်း အထင်လွဲနေပြီ" ကျင်းထျန်းယိက လက်ထဲက စာအုပ်ကို ချူဟွိုက်ဆီ ကမ်းပေးလိုက်ရင်း သူ့စောင်ကို ယူလိုက်သည်။


သူက ပြုံးလိုက်သောအခါ သူ့မျက်လုံးထက် မပြတ်မသားအဓိပ္ပါယ်တစ်ခု ရှိနေသည် " ဒီနေရာမှာ လူတွေများတယ်။ မင်းရဲ့ ဧည့်သည်ခန်းမှာ တစ်ယောက်မှ မရှိဘူးဆိုတော့ အဲ့ဒီကို သွားပြီး အိပ်ကြတာပေါ့"


ချူဟွိုက်:"...."


“ကောင်းပါပြီ" သူက ရှက်သွေးဖြာသွားရသည်။


ကျင်းထျန်းယိက ချူဟွိုက်၏ စောင်ကို ယူလိုက်ပြီး ချူဟွိုက်ကို စာအုပ်တစ်အုပ်တည်းသာ ကိုင်ခိုင်းထားသည်။ သူက ကြမ်းပြင်ပေါ် နားနေသည့် ကျောက်ရှင်းနား ဖြတ်သွားချိန် ချူဟွိုက်က သူမကို မျက်ခုံးပင့်ပြလိုက်သည်။ ကျောက်ရှင်းက အံတင်းတင်းကြိတ်ထားရင်း ထိုကြာပန်းဖြူမကို အော်ငိုသွားစေချင်မိသည်။


ချူဟွိုက်က ကျင်းထျန်းယိနှင့် အခန်းထဲတွင် နှစ်ယောက်တည်း ရှိနေရမည်ကိုလည်း စိုးရိမ်နေသေးသည်။ သူသာ လူ့အရေခြုံထားတဲ့ သားရဲကြီး ဖြစ်နေရင်ရော။ ဒါဆို သူဘာလုပ်ရမလဲ။ ကျင်းထျန်းယိက သူ့ထံ ဘာလှုပ်ရှားမှုမှ ပြုမလာပဲ ချူဟွိုက်က သူ့စကပ်ကို မပြီး ခြေထောက်များကို ဖော်ထားလိုက်ချိန် သူလုပ်လိုက်သည့်အရာက နေရာပြောင်းလိုက်ပြီး သမ္မာကျမ်းစာအုပ်ကိုသာ ဆက်ဖတ်နေခြင်းဖြစ်သည်။ သူက တစ်ဖက်လူ ချမ်းနေမည်စိုး၍ ချူဟွိုက်ကို စောင်နှစ်ထည်ပင် ခြုံပေးလိုက်သေးသည်။


ကောင်းပြီလေ။သူ၏ နူးနူးညံ့ညံ့ လှုပ်ဆောင်မှုကို ကြည့်ရင်း ချူဟွိုက်က အမေးအမြန်းထူလိုက်သည်။ 


“ထျန်းယိ။ အရင်တုန်းက ရှင် ဘာလုပ်ခဲ့တာလဲ" သူက ခေါင်းစဥ်တစ်ခု တွေးမိသည်နှင့် ကျင်းထျန်းယိနှင့် စကားဝိုင်းစတော့သည်။


ကျင်းထျန်းယိက မျက်လုံးပင့်ပြလာသည် " အရမ်း သိချင်နေတာလား"


ချူဟွိုက်က ရှက်သွားသည့် ပုံစံနှင့် ခေါင်းညိမ့်ပြလိုက်သည် " ရှင့်အကြောင်း ပိုသိချင်လို့"


“သဲလွန်စပေးမယ်။ မင်း မှန်းကြည့်မလား" ကျင်းထျန်းယိက စာအုပ်ကို ဘေးချလိုက်သည်။


မီးရောင်မှိန်မှိန်အောက်တွင် သူ၏ မျက်နှာက အရမ်း ချောမောခန့်ညားနေသည်။ ချူဟွိုက်က သိချင်လွန်း၍ ခေါင်းညိမ့်ပြမိသည်။


“ကုသပြီး ထောက်ပံ့ပေးရတဲ့အရာတစ်ခုခုပဲ"


“ဆရာဝန်လား"


" မဟုတ်ဘူး။ အဲ့ဒါရဲ့ အထက်မှာ ရှိတာ။ 'ဆိတ်'တွေ 'သိုး'တွေလည်း ပါတယ်"


“ဆိတ်ကုဆရာဝန်လား" ချူဟွိုက်က သူ့ခန့်မှန်းချက်က ပြင်းသွား၍ တောင့်ခနဲဖြစ်သွားရသည်။


ကျင်းထျန်းယိက ခေါင်းခါပြသည်။


" ဘုန်းတော်ကြီး" သူက ပြုံးလိုက်ပြီး ဆန်းကြယ်ပုစ္ဆာကို ဖြေရှင်းလာသည်။ 


ချူဟွိုက်:"...." သူ၏ စိတ်အစုံက (World of Warcraft)ထဲက မှော်တုတ်ကိုင်ပြီး မှော်စွမ်းအင်အကြောင်း နားလည်သည့် ဘုန်းတော်ကြီးပုံရိပ်များနှင့် ပြည့်သွားလေသည်။


[World of Warcraftက အွန်လိုင်းဂိမ်းတစ်ခုပါ]


“အမှန်ပဲ"


“ကျွန်မက ကုသပေးတာနဲ့ ထောက်ပံ့အားပေးတယ်ဆိုတာ နားလည်ပေမယ့် ဆိတ်တွေ သိုးတွေက ဘယ်ကပါလာရတာလဲ" ဤအဖြေက ချူဟွိုက်တွေးထားသည်နှင့် လွဲနေ၍ စိတ်အလိုမကျဖြစ်သွားရသည်။


ကျင်းထျန်းယိက သမ္မာကျမ်းစာအုပ်ကို ကျွမ်းကျွမ်းကျင်ကျင် ဖွင့်လိုက်ရင်း စာအုပ်ထဲက တစ်နေရာကို ညွှန်ပြလာသည်။ "ကြည့်လေ။ ဘုန်းတော်ကြီးရဲ့ မူလအဓိပ္ပါယ်က သိုးထိန်းတဲ့။ ဒါကြောင့် ငါ မင်းကို မလိမ်ခဲ့ဘူးလေ" 


ချူဟွိုက်:"....."


“ဒါဖြင့် ရှင်က...ဘုရားသခင်လား"


ကျင်းထျန်းယိက ပြန်ဖြေမလာပဲ ပြုံးပြလာသည်။


"ရှင်က ခရစ်တော်ကို ယုံကြည်လား"


"ငါက အဲ့ဒါမျိုးတွေ မယုံကြည်ပါဘူး။ ဒါပေမယ့် ငါက ဘာသာရေးကောလိပ်ကနေ ဘွဲ့ရခဲ့တာ" 


ချူဟွိုက်:"....."


“ကျောင်းကျောင်း။ ဝိဥာဥ်တွေဆိုတာ ဘုရားသခင်နဲ့ အနီးဆုံးမှာ တည်ရှိကြတယ်" သူက အဓိပ္ပာယ်ပါပါ ပြောလာသည်။


“ဘာကြီး..." ချူဟွိုက်က ရှင်းရှင်းလင်းလင်း မကြားလိုက်ရချေ။


“အိပ်တော့" ကျင်းထျန်းယိက မီးပိတ်လိုက်ပြီး ချူဟွိုက်၏ ခါးကို ပွေ့ဖက်လာသည်။ ချူဟွိုက်က မေ့လဲသွားမတတ် ဖြစ်သွားရကာ သူ့ခန္ဓာကိုယ်ကလည်း ချက်ချင်း တောင့်သွားလေသည်။


စကားပြောကြည့်မှ ကျင်းထျန်းယိက ပုံမှန်စိတ်ဆန္ဒရှိသည့် အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက် ဖြစ်နေသည်။ ထို့ပြင် သူက ကျင်းထျန်းယိထံမှ အားကိုးရှာနေသည့် အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။ 


ထပ်ပြီး ဤအမျိုးသမီးက ရုပ်ရည် အရမ်းလှ၍ လူတိုင်းကို  မာသွားစေနိုင်သည် ဆိုသည့် ဘွဲ့ကိုပါ ရထားသူဖြစ်သည်။


အပြန်အလှန် စိတ်ဝင်စားသည့် စည်းမျဥ်းအတိုင်း ဆိုပါက အကာအကွယ်မပါပဲ လိင်ဆက်ဆံရန် ကျင်းထျန်းယိကို ပြောမိရင်တောင် သူ့အတွက် သိပ်ပြီး လွန်သွားမည်မဟုတ်ချေ။


အနည်းဆုံး သူက အလကားလုပ်ပေးသည့် ပြည့်တန်ဆာတစ်ယောက် မဟုတ်။


မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ သောက်ကျိုးနဲ။ သူက ယောကျ်ားလေးလေ။


သူသာ အမျိုးသမီးတစ်ယောက် ဖြစ်နေလျှင် ကျင်းထျန်းယိဆီမှ ပြောင်နေအောင် အစားခံရပြီးနေလိမ့်မည်။ ဤလူက ရုပ်ရည်ကြည့်ကောင်း၍ ချူဟွိုက်က ဤနည်းလမ်းကို သုံးပြီး သူ့နား ကြာကြာနေအောင် လုပ်ရမလား မသိပေမယ့် သူ ဘယ်တော့မှ ခံစားရမည်မဟုတ်မှန်း သိနေသည်။ ကျင်းထျန်းယိသာ အမှန်ကို သိသွားလျှင် သူလုပ်ထားသည့် ကိစ္စအားလုံး အလဟဿဖြစ်သွားနိုင်၍ ထိုအချိန်ရောက်လျှင် သူက လှဲချပြီး မျက်နှာသာပေးရန်အတွက် အော်ငိုမိရုံသာ တတ်နိုင်ပေမည်။


ကျင်းထျန်းယိက သူတွေးနေသည့်အရာကို သိနေဟန်ဖြင့် နှစ်ကြိမ်ခန့် ရယ်မောလိုက်ပြီး စောင်ခြုံပေးရုံမှအပ ဘာမှလုပ်မလာချေ။


"အိပ်တော့"


ချူဟွိုက်က သူ့ကိုယ်ထဲရှိ ယင်စွမ်းအင်က တဖြေးဖြေး ချုပ်ထိန်းနိုင်လာ၍ စိတ်အေးသွားရသည်။ သူက တုန့်ဆိုင်းနေပြီးမှ ရှက်မနေပဲ ရှိသမျှ အားကုန်ထုတ်ပြီး ကျင်းထျန်းယိ၏ နွေးထွေးသော ရင်ခွင်ထဲ တိုးဝင်လိုက်သည်။


ကျင်းထျန်းယိက တုန့်ခနဲဖြစ်သွားရာမှ တိတ်တဆိတ် ရယ်မောလာသည်။


ညလယ်ခေါင်တွင် ချူဟွိုက်က ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူ၏ နေ့စဥ်လုပ်ရမည့် အစီအစဥ်ကို အမှတ်ရသွား၍ သူက တိတ်တိတ်လေး ထလိုက်ပြီး ဘေးကို စမ်းကြည့်လိုက်ရာ လွတ်နေမှန်း သိသွားရသည်။ ကျင်းထျန်းယိက သွားတာ ကြာပြီဖြစ်သည်။


သူ ဘယ်ကို သွားတာလဲ။ 


ချူဟွိုက်က အဖြေရှာမရဖြစ်သွားသော်လည်း သူ့အစီအစဥ်အတိုင်း ကြေကွဲခြင်းခန်းမဆီ သွားလိုက်သည်။


ပတ်ပတ်လည်က မှောင်မည်းနေပြီး ခန်းမတွင် ချိတ်ဆွဲထားသည့် အဝတ်ဖြူများက ခပ်လှမ်းလှမ်းကြည့်လျှင် ခြေထောက်မပါသည့် အဖြူရောင်သရဲမနှင့် တူနေသည်။ 


ချူဟွိုက်က ယင်းရှောင်ဖုန်းအလောင်း ထည့်ထားသည့် အခေါင်းနား တိုးသွားချိန် ရုတ်တရက် အသံသဲ့သဲ့ ကြားလိုက်ရသည်။


ထိုအသံက....အခေါင်းဖုံးပေါ် ခေါက်နေသည့် အသံမျိုးဖြစ်၍ အမှောင်ထဲတွင် ကြောက်လန့်သွားစေသည်။


သူ့မြင်ကွင်းထဲ မသဲမကွဲ အရိပ်တစ်ခုက ရုတ်တရက် ပေါ်လာသည်။


ချူဟွိုက်၏ မျက်လုံးများ တင်းကျပ်သွားရသည်။


အရိပ်မည်းကြီးက အခေါင်းရှေ့တည့်တည့် ရပ်လာပြီး သူ့မျက်နှာကို ကွဲကွဲပြားပြား မမြင်ရသော်လည်း ကြောင်မျက်လုံးကဲ့သို့ ရှည်လျားကျဥ်းမြောင်းသည့် မျက်ဆံများရှိသည့် မျက်လုံးတစ်စုံက ချူဟွိုက်ကို စိုက်ကြည့်နေသည်။ 


သူက သရဲနဲ့ တည့်တည့်တိုးတာလား။


ချူဟွိုက်က ထိတ်ခနဲဖြစ်သွားပြီး ထွက်ပြေးရန် ပြင်လိုက်စဥ် အရိပ်မည်းကြီးက ရုတ်တရက် အနားရောက်လာပြီး သူ့ခါးကို ဖက်ပြီး အနောက်ကနေ သူ့ပါးစပ်ကို ပိတ်လာသည်။


ချူဟွိုက်က ပြင်းပြင်းထန်ထန် ရုန်းထွက်လိုက်သည်။


"ကိုယ်ပါ။ မကြောက်ပါနဲ့" ခေါင်းအထက်မှ ကျင်းထျန်းယိ၏ နူးနူးညံ့ညံ့အသံလေး ထွက်လာသည်။


ချူဟွိုက်က အသက်ရှူထုတ်လိုက်ရင်း ကြွက်သားများကို ဖြေလျော့လိုက်သည်။ ကျင်းထျန်းယိက သူ့ကို လွှတ်ပေးလိုက်ပြီး သူအခုလေးတင် ရှိသည့်နေရာသို့ ပြန်လျှောက်သွားလိုက်ကာ လက်ထဲတွင် ကိရိယာတန်ဆာပလာများ ကိုင်ထားရင်း လှည့်ပတ်စစ်ဆေးကြည့်နေသည်။ 


“အစ်ကိုကျင်း....ဘာတွေ လုပ်နေတာလဲ" ချူဟွိုက်က ကျင်းထျန်းယိဆီ လျှောက်သွားလိုက်ပြီး သူ့ဘေးနား ဒူးထောက်ထိုင်လိုက်ကာ တိုးတိုးမေးလိုက်သည်။


“မင်းလုပ်ဖို့ စီစဥ်ထားတဲ့အရာကို လုပ်နေတာလေ"


 á€žá€°á€€ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ရင်း လက်များကလည်း လှုပ်ရှားနေကာ သူ့မျက်နှာပုံစံက အာရုံစိုက်ထားသည့်ပုံပေါ်သည်။ရိုးရိုးသားသား ပြောရလျှင် ချူဟွိုက်က အခြားသူတွေ့သွားမည် စိုးသော်လည်း အခေါင်းကို ဖွင့်ချင်မိသည်။ 


“ရှေးတုန်းက အခေါင်းတွေက အခုခေတ်က အခေါင်းတွေနဲ့ မတူဘူး။ သစ်သားဖုံးက သံချောင်းနဲ့ ချိတ်ထားလို့ အားသုံးလိုက်ရုံနဲ့ ဖွင့်လိုက်လို့ရတယ်" ကျင်းထျန်းယိက ပြောလာသည်။ 


သူက နောက်ဆုံးသံချောင်းကို အလွယ်တကူ ဖြုတ်လိုက်ရင်း ချူဟွိုက်ဆီ လှည့်ကြည့်လာသည် " အခေါင်းဖုံးကို မဖို့က အရမ်းလွယ်နေတယ်လို့ တွေးနေလား။ ကိုယ်က ဒီမှာ နှစ်နာရီလောက် လုပ်နေတာလေ" 


ချူဟွိုက်က တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်သည် " ...."


"ကျွန်မကို ဘာလို့ မနိုးလိုက်တာလဲ" သူက မေးလိုက်သည်။


"မင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာတွေ့လို့ မခေါ်ချင်တော့တာ"


"မင်းကြောက်နေရင် ကိုယ့်နောက်မှာ ရပ်နေလိုက်" 


“ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ။ ရန်မူချင်တာ မဟုတ်ပါဘူး" သူက အခေါင်းကို ပြောလိုက်သည်။


စကားဆုံးသွားသည်နှင့် ကျင်းထျန်းယိက အခေါင်းဖုံးစွန်းကို ကိုင်လိုက်ပြီး ခပ်ပြင်းပြင်း တွန်းလိုက်သည်။ အလောင်း၏ မနှစ်မြို့ဖွယ်အနံ့က လှိုက်တက်လာပြီး အဝတ်မပါသည့် ယင်းရှောင်ဖုန်းက သူတို့နှစ်ယောက်ရှေ့ ပေါ်လာသည်။


အလောင်းက ဖြူဖျော့နေပြီး လူရုပ်မပေါက်တော့ပေ။


"သူမက..." ချူဟွိုက်က ကိုးရိုးကိုးယားဖြစ်သွား၍ စကားဆိုရန် ပြင်လိုက်သည်နှင့် ကျင်းထျန်းယိက သူ့မျက်လုံးကို လာပိတ်သည်။


“မကြည့်နဲ့။ လမ်းမှားရောက်သွားလိမ့်မယ်" ကျင်းထျန်းယိက နူးနူးညံ့ညံ့ ပြောလာသည်။


ချူဟွိုက်:"......." ကြည့်ရတာ သူက အခု မိန်းမဖြစ်နေတဲ့ အတွက်ကြောင့်ထင်တယ်။


ချူဟွိုက်က မရုန်းတော့ပဲ နာနာခံခံနှင့် ရလဒ်ကို စောင့်နေလိုက်သည်။


တစ်ခဏအကြာ ကျင်းထျန်းယိက လက်ဖယ်သွားချိန် အခေါင်းဖုံးကိုလည်း တင်းတင်းပိတ်ထားပြီး ကျင်းထျန်းယိက သံချောင်းများကို တစ်ခုပြီးတစ်ခု ပြန်ဆက်နေသည်။


" အခေါင်းရွှေ့ခံထားရမှန်း ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး မို့လား" ချူဟွိုက်က မေးခွန်းထုတ်လာသည်။


ကျင်းထျန်းယိက ခေါင်းခါပြလာသည် " အဲဒါကိုတော့ စိုးရိမ်ဖို့ မလိုပါဘူး။ ဖြစ်ရပ်ကို ရှာဖွေနေစဥ်အတွင်းမှာ ပါဝင်တဲ့သူတွေလုပ်တဲ့ လုပ်ဆောင်ချက်တိုင်းက မသိကျိုးကျွံပြုခံရမှာ။ ငါတို့ ဖြစ်ရပ်ရဲ့ အဓိက ဇာတ်ကြောင်းက 'သုံးရက်အတွင်း လက်ထပ်ခြင်း' လေ။ နောက်ပိုင်းဘာပဲဖြစ်ဖြစ် 'ဝိဥာဥ်လက်ထပ်ပွဲ'ရဲ့ ဇာတ်ကြောင်းအပေါ် သက်ရောက်မှုမရှိဘူး။ ပြီးရင် ပရလောကက ဖယ်ရှားလိမ့်မယ်"


ဧည့်သည်ခန်းသို့ ပြန်ရောက်ချိန် ကျင်းထျန်းယိက ချူဟွိုက်ကို သူ့ခန့်မှန်းချက်ကို ပြောလာသည် " ယင်းရှောင်ဖုန်းက အသတ်ခံရတာ။ သူမကို တစ်ယောက်ယောက်က နှာခေါင်းတွေ ပါးစပ်တွေ အုပ်ပြီး သေတဲ့အထိ လည်ပင်းညှစ်ခဲ့တာပဲ။ ပြီးတော့ သူမကို ကြာကန်ထဲ ပစ်ခဲ့ကြတာ"  


“ရေနစ်တယ် ဆိုရင် သူမက အကူအညီရဖို့ ရုန်းကန်ရင်းနဲ့ သူ့ပါးစပ်ရယ် နှာခေါင်းနဲ့ အသက်ရှူကြောင်းတွေမှာ အက်ကွဲရာရှိလိမ့်မယ်။ ဒါပေမယ့် ကိုယ် စစ်ဆေးကြည့်ပြီးပြီ။ အဲ့ဒီလို လက္ခဏာမျိုး မတွေ့ရဘူး" ကျင်းထျန်းယိက ရှင်းပြလာသည်။


“သူမက ဘာလို့ အဝတ်မပါရတာလဲ" ချူဟွိုက်က မေးလိုက်သည်။


“ဒါ သံသယရှိစရာပဲ" ကျင်းထျန်းယိက နက်နက်နဲနဲ တွေးနေသည် " ယင်းရှောင်ဖုန်းရဲ့အဝတ် ဒါမှမဟုတ် မင်္ဂလာဝတ်စုံက ပျောက်နေတယ်" 


“အခုတော့ ဒီအကြောင်း မစဥ်းစားနဲ့တော့။ အရင်ဆုံး နားလိုက်ဦး။ အာရုံမတက်ခင် နာရီနည်းနည်းကျန်သေးတယ်"


သို့သော်လည်း ကျင်းထျန်းယိက တစ်ဖက်လူကို ပွေ့ဖက်ပြီး အိပ်ရန် လှဲချလိုက်စဥ် ရုတ်တရက် အမျိုးသမီးတစ်ယောက်၏ စူးစူးဝါးဝါးအော်သံ ထွက်လာလေသည်။


👻