Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း
Chapter 60 (3 of Spades – ငွေကြေးအကျပ်အတည်း ၂၀၊ တစ်ပတ်ရိုက်ခြင်း)
နောက်အစီအစဉ်ကို သဘောတူပြီးနောက် ရှောက်လုံက ပစ္စည်းတွေသယ်ဖို့ အောက်ထပ်က လူတချို့ကို ခေါ်သွားသည်။ မိန်းကလေးများသည် အချက်အလက်စုဆောင်းရာတွင် ယဲ့ချီကို ကူညီခဲ့သည်။ သူတို့ အတူတူ အလုပ်လုပ်ပြီး ထရပ်ကားထဲကပစ္စည်းများကို တတိယထပ် အခန်းတစ်ခုဆီ အမြန်ရွှေ့လိုက်သည်။
တွင်းထွက်ရေဘူး 20 ကျော်၊ နို့ 12 ဘူး၊ ချောကလက် 8 ဘူး၊ ခေါက်ဆွဲခြောက် 18 ဘူး၊ သစ်သီးခြောက်မျိုးစုံ၊ သရေစာမုန့်အိတ်ပေါင်းများစွာနှင့် အသုံးများသောဆေးဝါးများကို ဘူးနှစ်ဘူးဖြစ် ခွဲထုတ်ခဲ့သည်။
ယာယီအိမ်ထိန်း ယဲ့ချီက အော်လိုက်သည်။
"ဒီပစ္စည်းတွေနဲ့ စူပါမားကတ်တောင် ဖွင့်လို့ရတယ်"
အားလုံးက ပစ္စည်းများခွဲထုတ်ရင်း အလုပ်ရှုပ်နေကြသည်။ အားလုံး မောပန်းနွမ်းနယ်နေသည့် ညနေခင်းမှာ ရှောက်လုံက သူတို့ကို ညစာအတူတကွပြင်ဆင်ဖို့ လူစုခဲ့သည်။
စည်းမျဉ်းအရ သူတို့စားချင်သမျှကို ယူပြီး စာရင်းသွင်းဖို့ ယဲ့ချီကို ရှာရမည်။ ၎င်းသည် လက်ကျန်စာရင်း၏ အရေအတွက်များကို သိရှိရန် ကူညီပေးလိမ့်မည်။
မုတ်ဆိတ်မွေးနဲ့ဦးလေးသည် ရောက်လာပြီး ပြောလိုက်သည်။
"ရှောင်ယဲ့၊ ငါ့ကို အသားနှစ်ဘူးပေးနိုင်မလား… ငါက အသားစားရတာကြိုက်ပေမဲ့ ပိုက်ဆံချွေတာဖို့ မဝယ်ရဲခဲ့ဘူး"
ယဲ့ချီက ခေါင်းငြိမ့်လိုက်သည်။
"ရတာပေါ့… စာရင်းသွင်းလိုက်ရုံပါပဲ… ကျွန်တော်တို့တွေ အရမ်းမဖြုန်းတီးသင့်ဘဲ ကျွန်တော်တို့ဝယ်ထားတာကို စားသင့်တယ်"
သူ့ဘေးနားရှိ မိန်းကလေးက စိတ်လှုပ်ရှားနေသည်။
"ငါက စည်သွတ်အသီးတွေ ရနိုင်မလား… အသီးမစားရတာ အတော်ကြာနေပြီ…"
တစ်စုံတစ်ယောက်ရောက်လာပြီး ပြောသည်။
"ရှောင်ယဲ့၊ ငါ့ကို ကိုကာကိုလာတစ်ဘူးပေးပါ၊ ဟီးဟီး"
ယဲ့ချီသည် gyroscope ကဲ့သို့ မရပ်မနား လှည့်ပတ်နေသည်။ သူသည် လူတိုင်းအတွက် အစားအစာရှာဖွေရန်၊ အစားအသောက်ဝေငှရန်၊ ပစ္စည်းများစာရင်းသွင်းရန်၊ အစားအသောက်ပြင်ဆင်ပြီး သက်ကြီးရွယ်အိုများအား စေတနာ့ဝန်ထမ်းလုပ်ဆောင်ပေးသည့်အတိုင်း စိတ်အားထက်သန်သူဖြစ်သည်။
ရှောက်လုံက မြင်ကွင်းကို ကြည့်ပြီး ရယ်လိုက်သည်။
"ရှောင်ယဲ့က တကယ်ဉာဏ်ကောင်းတယ်"
ရှောက်ချင်းကော်သည် အလုပ်များနေသော ယဲ့ချီကို ကြည့်ရင်း မျက်စိကျဉ်းသွားသည်။
"ဗဟိုချုပ်ကိုင်ထားတဲ့ ဖြန့်ဖြူးမှုတစ်ခုရှိပြီး ကျန်တဲ့ပစ္စည်းတွေကို အောင်မြင်စွာ ရောင်းချနိုင်ရင် ငါတို့ငွေအများကြီးရနိုင်တယ်… ငါတို့ ဘယ်ဈေးနဲ့ရောင်းကြမလဲ… စျေးကွက်ပေါက်စျေးက ခုနစ်ရက်မြောက်နေ့မှာ 128 ဆ မြင့်မားနိုင်တယ်"
"…" ဒီလူက ငွေရှာဖို့ အမြဲတွေးနေခဲ့သည်။ ရှောက်လုံက သူ့ကို ပြောလိုက်သည်။ "128 ဆက များလွန်းတယ်… ဈေးက အရမ်းကြီးနေရင် ဒေသခံတွေ မတတ်နိုင်ဘူး… သုံးဆဆိုရင်ကော ဘယ်လိုလဲ"
ပစ္စည်းများကို လျှို့ဝှက်ခန်းများထဲမှ မယူနိုင်သော်လည်း ငွေယူနိုင်သည်။ ထို့ကြောင့် ဤပစ္စည်းများကို ငွေသားအဖြစ်သို့ ပြောင်းလဲခြင်းက အကောင်းဆုံးဖြစ်သည်။ ငွေကြေးအကျပ်အတည်းကာလ အနည်းငယ်ကြာပြီးနောက် စိန်ခေါ်သူများတွင် ငွေအနည်းငယ်သာ ရှိနိုင်သော်လည်း ဒေသခံပြည်သူများမှာ စုဆောင်းငွေတချို့ ရှိနေဆဲဖြစ်သည်။ သို့သော် လူများသည် လုယက်ခံရခြင်းမှ ကင်းဝေးစေရန်အတွက် ခေါင်းငုံ့ထားကာ သေချာသည့်အစီအစဥ်ကို ချမှတ်ရန်လိုအပ်ပါသည်။
လေးရက်မြောက်နေ့က အလွန်အေးချမ်းပါသည်။
မှောင်လာသည်နှင့်အမျှ ရှောက်လုံသည် သူဌေးကျန်းကိုတွေ့ရန် ပထမထပ်သို့သွားခဲ့သည်။
"သူဌေး၊ ငါတို့ ရှန်းရွှိန်တည်းခိုခန်းကို ပြန်ဖို့ဆုံးဖြတ်လိုက်ပြီ… မင်း ငါတို့ အခန်းခကို ဘယ်မှာထားခဲ့တာလဲ"
သူဌေးက ဗိုက်ဆာပြီး ခုခံနိုင်စွမ်းကို ကြာရှည်စွာ ဆုံးရှုံးခဲ့ရသည်။ သူက စိတ်ပျက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "မြေအောက်ခန်းထဲက သေတ္တာထဲမှာ ဝှက်ထားတယ်… မြေအောက်ခန်းရဲ့သော့က ငါ့မှာရှိတယ်" သူက ရှောက်လုံကို မော့ကြည့်လိုက်သည်။ "မင်းတို့ပိုက်ဆံရရင် ငါ့ကိုလွတ်ပေးလို့ရမလား"
"လောလောဆယ်တော့ မရဘူး"
ဒီသူဌေးမှာ ကြံရာပါများရှိနေမလား… ဖြစ်စဉ်ကို အားလုံး ရှင်းလင်းလို့မပြီးမချင်း သူ့ကို မလွတ်ပေးနိုင်ဘူး…
ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် တယ်လီပို့ကတ်ကို အသုံးပြုပြီး ရှန်းရွှိန်တည်းခိုခန်းသို့ ပြန်သွားကြသည်။ ဗလာကျင်းပြီး မြေအောက်ခန်းထဲမှာ ဝှက်ထားသေယ အလောင်းက ပုပ်စပြုလာသည်။ တံခါးဖွင့်လိုက်တာနဲ့ အနံ့ပြင်းပြင်း ထွက်လာသည်။
ယွီဟန်ကျန်းသည် သူ၏ပါးစပ်နှင့်နှာခေါင်းတို့ကို အနက်ရောင်အဝတ်စဖြင့် ဖုံးအုပ်ပြီး ဓာတ်မီးဖြင့် မြေအောက်ခန်းကို အမြန်ရှာဖွေခဲ့သည်။ သူသည် အနက်ရောင်သေတ္တာတစ်လုံးကို တွေ့ရှိပြီး လုံခြုံဘေးကင်းရန် သူ့နားရွက်ကိုကပ်ပြီး ညင်သာစွာခေါက်လိုက်သည်။ ၎င်းတွင် မည်သည့်ယန္တရားမျှမရှိဟု အတည်ပြုပြီးနောက် ရှောက်လုံထံပေးခဲ့သည်။
ရှောက်လုံသည် သူဌေးရှေ့တွင် သေတ္တာကိုထားကာ ပြုံးပြလိုက်သည်။
"မင်း ပိုက်ဆံရှာဖို့ နေရာဖွင့်ထားပေမဲ့ ငါတို့နိုင်ငံခြားသားတွေကို အနိုင်ကျင့်မနေသင့်ဘူး… မင်းလက်ခံထားတဲ့ ငါတို့အခန်းခတွေကို နှစ်ဆယူမယ်… မင်းမှာထင်မြင်ချက်ရှိလား"
သူဌေးက စိတ်အားထက်သန်စွာ ခေါင်းငြိမ့်သည်။
"ထင်မြင်ချက်မရှိဘူး... အားလုံးကို ငါပေးလိုက်မယ်"
ရှောက်လုံကို သူတကယ်ကြောက်ခဲ့သည်။ ဒီလူ၏နူးညံ့သောအပြုံးနှင့် ချိုသာသောစကားများကို မကြည့်ပါနှင့်။ တစ်ယောက်ယောက်က သူ့ကို အနိုင်ကျင့်ဖို့ ကြိုးစားရင် တစ်ဖက်လူကို သတ်ပြီး သူသေချာပေါက် ပြုံးနေလိမ့်မည်။ သူဌေးကို ရှောက်လုံကို တောင်းစားသောပုံစံနဲ့ ကြည့်လိုက်သည်။
"ငါ့ကို စားစရာတစ်ခုခု ပေးနိုင်မလား၊ ငါမသေချင်ဘူး"
ရှောက်လုံက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"စိတ်မပူပါနဲ့ တစ်ရက်ဘာမှမစားရလို့ သေမှာမဟုတ်ဘူး"
သူဌေး: "…" သူ့ရင်ထဲစိတ်ပျက်သွားသည်။
ရှောက်လုံက ပိုက်ဆံရေတွက်ရန် သေတ္တာကိုဖွင့်ကာ အပေါ်ထပ်ရှိ အားလုံးကို ရွှေဒင်္ဂါးများ ပေးလိုက်သည်။
"ဒါက မင်းတို့အခန်းခပဲ"
လူတိုင်း တုန်လှုပ်သွားကြသည်။
"ငါတို့ရဲ့တည်းခိုခန်းခကို ပြန်ရတာလား"
"အိုး ဘုရားရေ၊ ပိုက်ဆံတွေ အများကြီးပဲ… ဒါအမှန်ပဲလား"
"ဒီအစ်ကိုက အရမ်းတော်တာပဲ၊ ပိုက်ဆံပြန်ရနိုင်တယ်…"
ရှောက်လုံက ရယ်လိုက်သည်။
"သူဌေးက ငါတို့ကို လုယက်ပြီး သတ်ဖို့ အရင်တည်းခိုခန်းဖွင့်ခဲ့တာ… ငါတို့က ရှန်းရွှိန်တည်းခိုခန်းကို ပြန်သွားပြီး သူ့မီးခံသေတ္တာကိုယူတာက။ကျိုးကြောင်းဆီလျော်တယ် မဟုတ်ဘူးလား"
အားလုံးက သူတို့၏လက်ခြေများ မြှောက်လုမတတ် သဘောတူကြသည်။
တည်းခိုခကို ပြန်ရပြီးနောက် အားလုံးက ရှောက်လုံ၏ စကားကို ပိုနားထောင်လာကြသည်။ အမျိုးသမီး အများအပြားက ရှောက်လုံကို ဝတ်ပြုကိုးကွယ်လျက် ကြည့်နေကြပြီး လူအနည်းငယ်က သူ့ထံသို့ လာကာ အသံတိုးတိုးဖြင့် မေးသည်။
"အစ်ကို၊ ခင်ဗျားအဖွဲ့က လူလိုသေးလား… ခင်ဗျားသာ ကျွန်တော့်ကို ခေါ်သွားရင် နာခံပါ့မယ်လို့ ကတိပေးတယ်…"
ယွီဟန်ကျန်းက စိတ်မသက်မသာနဲ့ မျက်မှောင်ကြုတ်ကာ နှောင့်ယှက်လိုက်သည်။
"မှောင်နေပြီ… အားလုံးက တတိယထပ်အခန်းမှာ အိပ်ကြတာပေါ့၊ ငါတို့က အောက်ထပ်ကို ဆင်းပြီး စောင့်လိုက်မယ်"
သူစကားပြောနေစဉ် ရှောက်လုံကိုကြည့်နေသည်။ ကျန်စိန်ခေါ်သူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။
အောက်ထပ်တွင် လူနှစ်ယောက်က ဗန်ကားထဲမှာ ဆက်အိပ်နေသည်။
တိတ်ဆိတ်သွားသောအခါ ယွီဟန်ကျန်းသည် ရုတ်တရက် သူ့နားများ ပိုမိုသန့်ရှင်းလာတယ်လို့ ခံစားလိုက်ရသည်။
သူက ရှောက်လုံကို ဘေးတိုက်ကြည့်ပြီး တိုးတိုးပြောလိုက်သည်။
"ဒီလူတွေက လျှို့ဝှက်ဆန်းကြယ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ မဟုတ်ပေမဲ့ ဖြစ်စဉ်ကို ရှင်းဖို့ လူတွေအများကြီးကို ခေါ်ဆောင်သွားရင် အန္တရာယ်ရှိနေသေးတယ်… အရေးကြီးတဲ့အခိုက်အတန့်မှာ သူတို့ ပြဿနာလုပ်ရင် အဲဒါက ကိုယ်တို့အပေါ် သက်ရောက်မှုရှိနိုင်တယ်"
ရှောက်လုံ: "အဖွဲ့ခေါင်းဆောက်ယွီ စိတ်ချပါ၊ ကျွန်တော့်မှာ ပိုလုံခြုံတဲ့ အစီအစဉ်တစ်ခုရှိတယ်"
သူ့မျက်နှာတွင် ပေါ့ပါးသော အပြုံးတစ်ခု ရှိနေသဖြင့် ယွီဟန်ကျန်းက မနေနိုင်ဘဲ မေးလိုက်သည်။
"ဘာအစီအစဉ်လဲ"
"အဖွဲ့ခေါင်းဆောင်ယွီ၊ 2 of Spades အတွက် ဆုကတ်ကို မှတ်မိသေးလား"
ယွီဟန်ကျန်းက ရုတ်တရက် သဘောပေါက်သွားသည်။
"ဇွန်ဘီဗိုင်းရပ်စ်လား… မနက်ဖြန်ညမှာ မင်းက ဒါကို အကျဉ်းသားတွေအပေါ် အသုံးပြုချင်တာလား"
"ဒီကတ်ကမ္ဘာက ကတ်တွေကို အရမ်းလိုက်လျောညီထွေဖြစ်အောင် အသုံးပြုလို့ရတယ်… 2 of Diamonds ကရရှိတဲ့ နန်းတော်ကိုးခုက ကျွန်တော့်လို တိုက်ခိုက်နိုင်စွမ်းအားနည်းသူတွေကို 2 of Spades ကို ရှင်းလင်းဖို့ ကူညီပေးခဲ့တယ်"
ရှောက်လုံသည် သူ့ကတ်ထုပ်မှ A အဆင့် ကတ်နှစ်ကတ်ကို ထုတ်ယူလိုက်သည်။
"ဇွန်ဘီဗိုင်းရပ်စ်က အကျဉ်းသားတွေရဲ့ လုပ်ဆောင်ချက်တွေကို အရမ်းနှေးကွေးစေနိုင်တယ်… အထူးကာကွယ်ဆေးကို ကြိုထိုးထားရင် ဗိုင်းရပ်စ်ကြောင့် ကျွန်တော်တို့ထိခိုက်မှာ မဟုတ်ဘူး"
ယွီဟန်ကျန်း: "…"
ပရော်ဖက်ဆာရှောက် အရမ်းဉာဏ်ကောင်းတာပဲ…
3 of Spades မှ လူတစ်စုကို ဆန့်ကျင်ရန် 2 of Spades ဆုကတ်ကို အသုံးပြုရမည်ဟု သူမစဉ်းစားခဲ့မိဘူး။
ယွီဟန်ကျန်း၏ ကနဦးစိတ်ကူးမှာ ခေါင်မိုးပေါ်တွင် စနိုက်ပါရိုင်ဖယ်ကို တပ်ဆင်ပြီး အကျဉ်းသားများကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ရန်ဖြစ်သည်။ သူ့မှာ ကျည်ဆံအရေအတွက် ကန့်သတ်ချက် 10 တောင့်သာ ရှိသည်။ အကျဉ်းသားတွေများလွန်းရင် မပြီးနိုင်ဘူး။
တစ်ဖက်တွင် ရှောက်လုံ၏နည်းလမ်းက ကောင်းသည်။ အကျဉ်းသားများကို ဇွန်ဘီဗိုင်းရပ်စ်ပိုးဖြင့် စုပေါင်းကူးစက်ပြီး သူတို့၏လုပ်ဆောင်မှုများ နှေးကွေးသွားမည်ဖြစ်သည်။ သူတို့သည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် အကျဉ်းသားများကိုသတ်ရန် ထောင်ချောက်များနှင့် ကိရိယာများကို အသုံးပြုကာ ဗိုင်းရပ်စ်သည် အပြစ်မဲ့သူများကို မထိခိုက်စေကြောင်း သေချာစေမည်ဖြစ်သည်။ ၎င်းက ကမ္ဘာနှစ်ခုလုံးတွင် အကောင်းဆုံးဖြစ်ခဲ့သည်။
***
3 of Spades လျှို့ဝှက်ခန်း၊ ငါးရက်မြောက်နေ့။
စျေးနှုန်းများ 32 ဆအထိမြင့်တက်ခဲ့ပြီး စူပါမားကတ်များတွင် ပစ္စည်းများကုန်သွားခဲ့သည်။ လုပ်ငန်းတွေ၊ စက်ရုံတွေနဲ့ ယူနစ်တွေအားလုံး လုံးဝပိတ်သွားပြီ။ မြို့တွင်းထွက်ရထား လက်မှတ်များ ရောင်းကုန်သွားပြီ။ လက်မှတ်မဝယ်နိုင်သော စစ်သွေးကြွများသည် ရထားလမ်းကို မြို့ A မှ ထွက်ခွာခွင့်မပြုဘဲ ရထားလမ်းကို ဖျက်ဆီးခဲ့သည်။ ယာဉ်မောင်းများစုပေါင်းဆန္ဒပြမှုကြောင့် ဘတ်စ်ကားများနှင့် ကားများကို ရပ်တန့်ခဲ့သည်။
တစ်မြို့လုံး တုန်လှုပ်ခြောက်ခြားသွားရသည်။
အကျဉ်းထောင်ဘက်တွင် အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ လူသွားလူလာများသော လမ်းကို မီးရှို့ လုယက်ကြပြီး လမ်းနှစ်ဖက်ခြမ်းရှိ စတိုးဆိုင်များ အားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ လမ်းပေါ်မှာ သက်ကြီးရွယ်အိုစုံတွဲတစ်တွဲက သားနဲ့ချွေးမကို စားစရာပေးဖို့ အပြင်ထွက်လာပြီး အရိုက်ခံရကာ… သက်ကြီးရွယ်အိုနှစ်ယောက်ကို တကယ်သတ်ခဲ့သည်။
အကျဉ်းသားများသည် ရဲများထံမှ ခိုးယူလာသော ဓားရှည်များနှင့် သေနတ်မျိုးစုံကဲ့သို့သော လက်နက်များ ကိုင်ဆောင်ထားသည်။ လူတွေ အော်ဟစ် ငိုယိုပြီး တွန်းလှန်နိုင်ခဲ့ကြသည်။ ၎င်းက ကမ္ဘာပေါ်ရှိ ငရဲလိုပါပဲ။
ယွီဟန်ကျန်းသည် ဤမြင်ကွင်းကိုမြင်ပြီး ဤတိရစ္ဆာန်အုပ်စုကိုသတ်ရန် ချက်ချင်းတန်းစီပြီး ပစ်သတ်ချင်သည်။
မြို့သည် လုံးဝ မလုံခြုံတော့ဘဲ ဆောက်လုပ်ရေးဆိုက်သည် သူတို့၏ နောက်ဆုံးနေရာဖြစ်သည်။
ယွီဟန်ကျန်း တစ်ယောက်တည်း တစ်မြို့လုံးကို မကယ်တင်နိုင်ခဲ့ပါ။ ရှောက်လုံ၏ စိုးရိမ်ပူပန်သော မက်ဆေ့ခ်ျကို လက်ခံရရှိပြီး ပြင်ဆင်ရန် ဆောက်လုပ်ရေးဆိုက်သို့ ချက်ချင်းပြန်သွားခဲ့သည်။
ညနေ 4 နာရီလောက်မှာ စိန်ခေါ်သူ နှစ်ယောက်က တံခါးဝကို ရောက်လာသည်။
သူတို့သည် ဒုတိယနေ့တွင် သူတို့၏ ပစ္စည်းများ ခိုးယူခံခဲ့ရသော စုံတွဲဖြစ်သည်။ သူတို့သည် ရှန်းရွှိန်တည်းခိုခန်းမှ ထွက်လာပြီး နှစ်ရက်ကြာ တောင့်ခံထားရန် သူတို့၏ ကျောပိုးအိတ်ထဲတွင် နို့ဗူးအနည်းငယ်ကို မှီခိုနေရသည်။ သူတို့က ကြည့်မကောင်းခဲ့ဘူး။ နှုတ်ခမ်းကွဲပြီး ဖြူဖပ်ဖြူရော် လျှောက်သွားနေကြသည်။ တစ်ယောက်နဲ့တစ်ယောက် ရှေ့သွားဖို့ ကူညီဖေးမပေးရင်း ခြေထောက်တွေ လဲပြိုသွားသည်။ မိန်းကလေး၏ လက်မောင်းမှာ သွေးများ အဆက်မပြတ်ထွက်နေသောကြောင့် ဒဏ်ရာရသွားသည်ဟု ထင်ရသည်။
တတိယထပ်တွင် စောင့်ကြည့်ရေးတာဝန်ရှိ ဆံပင်ကောက်ကောက်အမျိုးသမီးက ယဲ့ချီထံ ချက်ချင်းသတင်းပို့ခဲ့သည်။
"ရှောင်ယဲ့၊ လူနှစ်ယောက်က အရှေ့မြောက်ဘက်ကနေ ဆောက်လုပ်ရေးဆိုက်ကို ဦးတည်လာနေတယ်… သူတို့နှစ်ယောက်က တည်းခိုခန်းက စုံတွဲတွေပဲ"
ဤအဝေးကြည့်မှန်ပြောင်းကတ်သည် သူမအား အလွန်အလှမ်းဝေးသောအကွာအဝေးကို စောင့်ကြည့်နိုင်စေပြီး ဖန်သားပြင်ပေါ်တွင်ပြသထားသည့်ပုံက အလွန်ရှင်းလင်းသည်။ သူမက ချဲ့၍လည်းကြည့်နိုင်သည်။
ယဲ့ချီသည် ရှောက်လုံကို သတင်းပို့ရန် သူ့ဖုန်းကို အသုံးပြုခဲ့သည်။
ယွီဟန်ကျန်းက ရှောက်လုံ၏မျက်နှာကို ကြည့်ပြီး အသံတိုးတိုးပြောလိုက်သည်။
"မင်း သူတို့ကို ကူညီချင်တာလား"
ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။
"ဒုတိယနေ့မှာ ပစ္စည်းတွေ ခိုးယူခံရတဲ့ စုံတွဲပဲ… ကျွန်တော်တို့မှာ ပစ္စည်းတွေ အများကြီးရှိလို့ နောက်ထပ်လူနှစ်ယောက်ပိုလာတာက ကိစ္စမရှိပါဘူး… ဒါပေမဲ့ သူတို့က အားလုံးရဲ့အစီအစဉ်တွေကို ထိခိုက်မှာတော့ ခွင့်မပြုနိုင်ဘူး… သူတို့နဲ့ စကားပြောပြီး သူတို့မှာ ကတ်တွေရှိလို့ ကူညီပေးဖို့ ဆန္ဒရှိမရှိဆိုတာ ကြည့်ရင်းနဲ့ စားစရာတွေ ပေးလိုက်မယ်"
ယွီဟန်ကျန်းက ပြတ်ပြတ်သားသား သူ့နောက်ကို လိုက်သွားသည်။
"ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်"
သူတို့က စုံတွဲကို တားလိုက်သည်။ တစ်ဖက်က သူတို့ကို ဓားပြတွေထင်ပြီး ထိတ်လန့်သွားသည်။
"ငါတို့မသတ်ပါနဲ့… ငါတို့မှာ အဖိုးတန်တာ ဘာမှမရှိပါဘူး…"
ရှောက်လုံက သူတို့ တုန်လှုပ်နေတာကို မြင်လိုပ်ရသည်။ သူတို့က တော်တော်များများ ကြုံတွေ့ခဲ့ရသည်။ သူ့ရင်ထဲမကြည့်ရက်နိုင်တော့ဘဲ နွေးထွေးသောစကားများကို ပြောလိုက်သည်။
"မကြောက်ပါနဲ့၊ ဒီဆောက်လုပ်ရေးဆိုက်မှာ စားစရာရှိတယ်… ဒါက စိန်ခေါ်သူတွေအတွက် ယာယီစခန်းတစ်ခုပါ… မင်းတို့ ငါတို့ရဲ့အမိန့်ကို နားထောင်ချင်တယ်ဆိုရင် အဖွဲ့အစည်းမှာ ပါဝင်ဖို့ ကြိုဆိုပါတယ်"
အဖွဲ့အစည်းလား။ နှစ်ယောက်စလုံး တအံ့တသြ ငေးကြည့်နေကြသည်။
သူတို့သည် သံသယတစ်ဝက်နှင့် ယုံကြည်တစ်ဝက်ဖြင့် ဆောက်လုပ်ရေးဆိုက်သို့ ရောက်လာကြသည်။ ယဲ့ချီက သူတို့စားဖို့ တွင်းထွက်ရေ၊ နို့၊ ပေါင်မုန့်၊ ချောကလက်နဲ့ အခြားအစားအစာတွေ ယူလာပေးသည်။ တည်းခိုခန်းမှာ အရင်က သူတို့ မြင်ဖူးသော အမျိုးသမီးများက ပြေးလာပြီး သူတို့ကို အအေးမိနေတာလားဟု မေးရင်း သွေးထွက်နေသော မိန်းကလေးကို နွေးထွေးအောင် ကူညီပေးခဲ့သည်။ သူတို့သည် သူမကို ရောင်ရမ်းမှု သက်သာစေပြီး အရောင်ကျဆေးနှင့် အဖျားပျောက်ဆေးများ ပေးခဲ့သည်။
နှစ်ရက်ကြာ ဗိုက်ဆာနေသော စုံတွဲဟာ လူအုပ်ရှေ့မှာ ငိုကြွေးခဲ့ကြသည်။
မိန်းကလေးသည် ဆာလောင်မှုကြောင့် ရူးသွပ်သွားပြီး မုန့်ကို ကိုက်ရင်း ငိုယိုကာ ပြောသည်။
"ကျွန်မတို့သေပြီ ထင်ခဲ့တာ… ကျေးဇူးတင်ပါတယ်… ကျေးဇူးတင်ပါတယ်… စိန်ခေါ်သူအဖွဲ့အစည်းရှိမယ်လို့ ကျွန်မ မထင်ထားဘူး… ဒါက အရမ်းကောင်းတာပဲ…"
ထိုလူသည် တွင်းထွက်ရေတစ်ပုလင်းကို သောက်ရင်း မျက်လုံးနီသွားသည်။
"ကျွန်တော်တို့ပူးပေါင်းမယ်… ကျွန်တော် ဘာမဆိုလုပ်ပြီး အမိန့်ကိုနာခံမယ်… ဒါပေမဲ့ ကျွန်တော့်ကောင်မလေးက ဓားနဲ့ထိုးခံရလို့ သူမကို မခေါ်သွားနိုင်ဘူး… သူမကို အရင်အနားယူခွင့်ပေးနိုင်မလား"
ရှောက်လုံ: "ပြဿနာမရှိပါဘူး… ရှောင်ကောင်း၊ သူမကို အပေါ်ထပ်ခေါ်သွားပြီး အိပ်ခိုင်းလိုက်ပါ"
သူ့ရည်းစားကို ခေါ်ဆောင်သွားပြီးနောက် အမျိုးသားက စိတ်သက်သာရာရသွားပြီး မေးလိုက်သည်။
"ခင်ဗျားတို့ရဲ့အစီအစဉ်က ဘာလဲ"
ရှောက်လုံက သူ့ကို ကတ်တစ်ကတ် ထုတ်ခိုင်းပြီး သူ၏အစွမ်းထက်ဆုံး ကတ်ကို ထုတ်ယူပြီး ပူးပေါင်းခဲ့သည်။ ၎င်းသည် 'ထီး' ဖြစ်ပြီး ဒုံးကျည်အားလုံးကို ပိတ်ဆို့ရန် 10 ကြိမ် ဖွင့်ကာ ချဲ့နိုင်သည်။ ၎င်းသည် ခံစစ်အမျိုးအစားကတ်တစ်ခုဖြစ်သည်။ ရှောက်လုံက စောင့်ကြည့်ရေးတွင် တာဝန်ယူထားသော အမျိုးသမီးတွေကို ကာကွယ်ဖို့ သူ့ကို တတိယထပ်မှာ နေခိုင်းခဲ့သည်။
မှောင်သွားတော့ အားလုံးစုပြီး ညစာစားကြသည်။
ပစ္စည်းများအားလုံး စုစည်းထားပြီး ညစာက သစ်သီးများ၊ အသားများ၊ အဆာပြေမုန့်များနှင့် အားလုံးပါဝင်သည်။
ရက်အနည်းငယ်ကြာအောင် ဗိုက်ဆာနေသော အမျိုးသားက ခေါင်းငုံပြီး ထမင်းစားကာ နောက်ဆုံးတော့ သူ့မျက်နှာက အရောင်ပြန်တက်လာသည်။
မှောင်စပြုလာသည်ကို မြင်လိုက်ရသဖြင့် ရှောက်လုံက လူတိုင်းကို စုစည်းလိုက်သည်။
"2 of Spades ကို လုံးဝရှင်းပြီး အထူးအာနိသင် ကာကွယ်ဆေးကို လက်ခံရရှိသူ အရေအတွက်ကို ရေတွက်ဖို့ လိုတယ်… ကျေးဇူးပြုပြီး လက်ကို မြှောက်ပါ"
ရှောက်ချင်းကော် အပါအဝင် လူအများအပြားက လက်မြှောက်ခဲ့ကြသည်။
ရှောက်လုံက အကြမ်းဖျင်း တွက်ခဲ့သည်။
"ကာကွယ်ဆေးအရေအတွက် လုံလောက်ပါတယ်"
ကျောင်းသားများကို စာသင်ကြားရန် စင်မြင့်တစ်ခု၌ ရပ်နေသကဲ့သို့ သူ့မျက်လုံးများက အခန်းအနှံ့ လှည့်ပတ်ကြည့်နေသည်။ သူက အေးအေးဆေးဆေး ပြောလိုက်သည်။
"ထောင်က လွတ်လာသူတွေ အများစုက အကျဉ်းသားတွေ ဖြစ်တယ်… သူတို့မှာ စာနာစိတ်မရှိတာကြောင့် မြို့ကိုလူတွေကို သတ်ပြီး မီးရှို့ကြလိမ့်မယ်… မကြာခင်မှာပဲ ဆောက်လုပ်ရေးဆိုက်ကို တိုက်ကြလိမ့်မယ်… သူတို့ကို ထိပ်တိုက်ရင်ဆိုင်လို့ မကောင်းဘူး… ငါတို့က ဉာဏ်သုံးရမယ်"
သူက ခေတ္တရပ်ကာ ပြောလိုက်သည်။
"သူတို့ ဆောက်လုပ်ရေးဆိုက်ထဲကို ဝင်ပြီးတာနဲ့ လူစုလူဝေးထဲမှာ ဇွန်ဘီဗိုင်းရပ်စ်ကို လွှတ်ပေးဖို့ ကြိုးစားလိုက်မယ်… 2 of Spades အခန်းကို မင်းတို့တွေ့ကြုံခံစားခဲ့ရပြီး ဒီဗိုင်းရပ်စ်က သူတို့ရဲ့ အရှိန်ကို အလွန်လျှော့ချပေးမှာကို သိထားကြပေမဲ့ အဲဒါက သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးမှာ"
မိန်းကလေးတစ်ယောက်သည် ဇွန်ဘီများနှင့် တွေ့ကြုံခဲ့ရသည့် ဆိုးရွားသော အတွေ့အကြုံကို သတိရပြီး ဖြူဖျော့သောမျက်နှာဖြင့် တုန်လှုပ်သွားခဲ့သည်။ "အဲဒါက... ငါတို့ ကူးစက်ရင် ဘယ်လိုလုပ်မလဲ" သူမသည် အထူးကာကွယ်ဆေးကတ်ကို မရရှိခဲ့ပါ။
ရှောက်လုံက သူမကို ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါတို့က အထူးကာကွယ်ဆေးထိုးပြီး ဗိုင်းရပ်စ်ကို အပြည့်အဝခုခံနိုင်မှာပါ"
လူငယ်တစ်ယောက်က သူ့ပေါင်ကို ပုတ်လိုက်သည်။
"ဒါက နည်းလမ်းကောင်းပဲ… ကာကွယ်ဆေးထိုးပြီး ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှာမဟုတ်ဘူး… ဒီလိုနည်းနဲ့ အကျဉ်းသားအုပ်စုက ကူးစက်ပြီး နှေးနှေးကွေးကွေး ဇွန်ဘီတွေ ဖြစ်လာမှာလား"
ကာကွယ်ဆေးကတ် မရရှိသေးသူများသည် အထူးအာနိသင် ကာကွယ်ဆေးကတ်၏ မှတ်စုများကို ကြည့်ပြီး ထိတ်လန့်သွားကြသည်။ ကာကွယ်ဆေးထိုးလိုက်ရင် ပြီးသွားပြီ။
သူတို့သည် နောက်ဆုံးတွင် သူတို့၏စိုးရိမ်မှုများကို လျှော့ချပြီး ရှောက်လုံ၏ အဆိုပြုချက်ကို သဘောတူခဲ့သည်။
ဤသည်မှာ လူအုပ်စုနှင့် တိုက်ရိုက် တိုက်ခိုက်ဖို့ ရှောင်ရှားရန် 'စမတ်ကျသော နည်းလမ်း' အမှန်ပင် ဖြစ်သည်။ ဒီမှာရှိသော လူတွေက တိုက်ခိုက်ဖို့ ကောင်းကောင်းမတတ်ကြဘူး။ ဇွန်ဘီဗိုင်းရပ်စ်သည် အကျဉ်းသားများကို နှေးကွေးစွာ လှုပ်ရှားနေသော အလောင်းများအဖြစ် ပြောင်းလဲပေးလိမ့်မည်။ 2 of Spades ကို ပြန်တွေးကြည့်တော့ လူတိုင်းက တိုက်ပွဲကို အနိုင်ရမယ်လို့ ယုံကြည်သည်။
ရှောက်လုံသည် လူတိုင်းအတွက် အထူးကာကွယ်ဆေးကို အတွဲလိုက်ထိုးရန် စီစဉ်ပေးပြီး ဆောက်လုပ်ရေးဆိုက်အပြင်ဘက်တွင် ထောင်ချောက်များကို စီစဉ်ပေးရန် လူများစွာကို တောင်းဆိုခဲ့သည်။
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် နေမင်းကြီးသည် မိုးကုပ်စက်ဝိုင်းအောက်တွင် ဖြည်းညှင်းစွာ ကျလာပြီး ညဘက်သို့ ရောက်လာသည်။
အရင်က မှောင်လာတော့ လူတိုင်းသည် ကြောက်လန့်ပြီး ပစ္စည်းတွေ အခိုးခံရမှာကို စိုးရိမ်ပြီး အခန်းတွေ ပြိုကျမှာကို စိုးရိမ်ကြသည်...
သို့သော် ယခုအချိန်တွင် သူတို့အားလုံး စည်းလုံးပြီး ကြောက်ရွံ့နေစရာ မလိုတော့ပေ။
#TK