Volume 11 : ဓာတုဗေဒဌာန
Chapter 225 (သွယ်ဝိုက်ဖွင့်ပြောခြင်း)
ကျန်းဖျင်စစ်၏ အလုပ်နှင့် အနားယူမှုသည် ပုံမှန်ဖြစ်သည်။ ကျောင်းမှာ သူက စောစောအိပ်ပြီး စောစောထလေ့ရှိသည်။ စာကြည့်တိုက်ကို ရောက်လာပြီးနောက် သူသည် ကောင်းမွန်သော နေထိုင်မှုအလေ့အထကို ဆောင်ရွက်ခဲ့သည်။ မနက် 7 နာရီမထိုးခင် သူက သေချာပေါက် ထပြီး မျက်နှာသစ်သည်။ ယွဲ့ရှင်းဝမ်လို မနက် 7 နာရီထိုးမှထရင် လူနှစ်ယောက်က ရေချိုးချိန်ကို လုယက်ရနိုင်သည်။
မမျှော်လင့်ဘဲ ယနေ့တွင် ယွဲ့ရှင်းဝမ်သည် စာကြည့်တိုက်မှ နှိုးစက်မမြည်ခင် နိုးလာပြီး ကုတင်ပေါ်မှာ ရုတ်တရက် ထထိုင်လိုက်သည်။
ကျန်းဖျင်စစ်သည် ရေချိုးခန်းထဲမှာ မျက်နှာကို ဆေးကြောလိုက်ပြီး ယွဲ့ရှင်းဝမ်၏ အိပ်ရာဘေးမှ ဖြတ်သွားရာ ယွဲ့ရှင်းဝမ်သည် ငတုံးတစ်ယောက်လို ကုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်သည်။ အနက်ရောင် ဆံပင်တွေ ရှုပ်ပွနေပြီး သူ့နောက်ကျောက ရုပ်တုလို တောင့်တင်းနေကာ သူ့မျက်နှာသည် မယုံနိုင်စရာတွေ ပြည့်နှက်နေပြီး မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားသည်။
ဤရုတ်တရက်ထလိုက်တာက ကျန်းဖျင်စစ်ကို ရပ်တန့်သွားစေပြီး ယွဲ့ရှင်းဝမ်ကို ပြန်ကြည့်ကာ သူက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ "ရှင်းဝမ်… မင်း ဘာလို့ ရုတ်တရက် ထထိုင်လိုက်တာလဲ။"
ပုံမှန်အားဖြင့် စာကြည့်တိုက်ရှိ နှိုးစက်သည် အစောကြီး မြည်လာပြီးနောက် ယွဲ့ရှင်းဝမ်သည် အိပ်ရာပေါ်မှ မထမီ မိနစ်အနည်းငယ်ကြာအောင် တုံ့ဆိုင်းစွာ ကုတင်ပေါ်တွင် လှည့်နေခဲ့သည်။ ဒီနေ့ အိပ်ရာထသောအနေအထားက ထူးထူးခြားခြား ထူးဆန်းနေသည်။ သူ၏မျက်လုံးအိမ်များသည် အာရုံစူးစိုက်မှု ပျက်ပြားသွားပုံရသည်ကို ကျန်းဖျင်စစ် မြင်လိုက်ရသဖြင့် သူသည် နတ်ဆိုးတစ်ကောင်ဝင်ပူးနေသလို သူ့ရှေ့က နံရံကို စိုက်ကြည့်နေသည်။
ကျန်းဖျင်စစ်က သဘောပေါက်ကာ ပြောလိုက်သည်။ "မင်း အိမ်မက်ဆိုးကနေ နိုးလာတာလား။"
သူ့နားထဲတွင် ရင်းနှီးသောအသံက ယွဲ့ရှင်းဝမ်ကို အသိစိတ်ပြန်ကပ်စေခဲ့သည်။ သူ ခေါင်းကို မော့ကာ ကျန်းဖျင်စစ်၏ စိုးရိမ်နေသောမျက်လုံးများကို ကြည့်ကာ အိပ်မက်ထဲက မြင်ကွင်းကို သတိရလိုက်သည်။ ယွဲ့ရှင်းဝမ်၏ မျက်နှာသည် ရုတ်တရက် နီရဲလာပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။ "အင်း… ငါ… အခုပဲ… အိမ်…အိမ်မက်ဆုံးမက်လို့… လန့်ပြီး နိုးလာတာ။"
ကျန်းဖျင်စစ် ငါ့ကို နမ်းလိုက်တာကို အိမ်မက်မက်တာ၊ အဲဒါက အိမ်မက်ဆိုးလား၊ အိမ်မက်ကောင်းလား။
ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်၏မျက်လုံးများကို လုံးဝမကြည့်ဝံ့ခဲ့ပေ။ ကျန်းဖျင်စစ်ကို သူ စော်ကားသလို ခံစားရသည်။ သူ့မှာ ဒီလိုအိပ်မက်မျိုး ဘယ်လိုလုပ်ရှိနိုင်ရတာလဲ။ ဖျင်စစ်သည် နှစ်ပေါင်းများစွာ သူ့အနားတွင် သူငယ်ချင်းအဖြစ် ရှိနေခဲ့ပြီး သူ့ကို ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့သည်။ သူတို့နှစ်ယောက်ဟာ အမြဲတမ်း သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြပေမဲ့ သူ့မှာ သူငယ်ချင်းဖြစ်သော ကျန်းဖျင်စစ်နဲ့ ပတ်သက်ပြီး မကောင်းသောအတွေးတွေ ရှိခဲ့နေသလား။
သူ့ရင်ထဲက ရူးသွပ်သော အတွေးတွေကြောင့်သာ မဟုတ်ရင် ကျန်းဖျင်စစ်က သူ့ကို နမ်းတာကို သူ ဘယ်လို အိပ်မက်မက်မှာလဲ။
မဟုတ်ဘူး။ ဒီတစ်ခေါက် သူနဲ့ ကျန်းဖျင်စစ်က အလွန်နီးကပ်လွန်းပြီး နှစ်ယောက်သား အကသင်တန်းမှာ အတူတူကပြခဲ့ကြပြီး ခါးကို ပွေ့ဖက်ရင်း လက်ချင်းချိတ်ထားခဲ့တာကြောင့် ဖြစ်ရမည်။ အိမ်မက်ကမ္ဘာထဲမှာ သူတို့ကို ရှေ့ဆက်တိုးသွားအောင်ပြုလုပ်ခဲ့သည့် တိုက်ဆိုင်မှုပဲဖြစ်ရမည်။
ယွဲ့ရှင်းဝမ်သည် အသက်ပြင်းပြင်းရှူပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ငါ မျက်နှာသွားသစ်လိုက်ဦးမယ်။"
ထို့နောက် ကျန်းဖျင်စစ်၏အကြည့်အောက်တွင် သူသည် ရေချိုးခန်းထဲသို့ အမြန်ပြေးသွားခဲ့သည်။ ကျန်းဖျင်စစ်သည် မနက်စောစောတွင် ရှင်းဝမ်၏ နားရွက်များ နီရဲနေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူ့ပါးပြင်များမှာလည်း နီမြန်းနေသည်...
ကျန်းဖျင်စစ်သည် ရှင်းဝမ်၏ နောက်ကျော ပျောက်ကွယ်သွားသည့် ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်— ဒါက ရိုးရှင်းတဲ့အိမ်မက်ဆိုးမဟုတ်မှာကို ငါစိုးရိမ်မိတယ်။
မဟုတ်ရင် ရေချိုးခန်းထဲမှာ ရေတွေ တဟုန်းဟုန်း မြည်နေတာ ဘာကြောင့်လဲ။ အိပ်မက်ဆိုး မက်ရင် ရေအေးချိုးဖို့လိုသလား။ သူတို့အားလုံးက ယောင်္ကျားလေးတွေဖြစ်ပြီး တချို့အရာတွေက ပြောနေဖို့မလိုပါဘူး။ မနက်စောစော ရေချိုးသောအခါ ဘယ်လိုအိပ်မက်မျိုးလဲဆိုတာ လူတိုင်းသိပါသည်။
အခုလေးတင် ရှင်းဝမ်၏ စိတ်လှုပ်ရှားပြီး နီမြန်းနေသော မျက်နှာကို တွေးတောရင်း ကျန်းဖျင်စစ်၏ နှုတ်ခမ်းများသည် မနေနိုင်စွာ အနည်းငယ်မြှောက်တက်သွားသည်။ သူက ရေချိုးခန်းတံခါးဆီသို့ လျှောက်သွားပြီး တံခါးခေါက်ကာ တိုးတိုးလေးပြောလိုက်သည်။ "မင်း အဆင်ပြေရဲ့လား။"
ရေချိုးခန်းထဲက အသံသည် တည်ငြိမ်အောင် ကြိုးစားနေပေမဲ့ အဆုံးသတ်လေသံက အနည်းငယ် တုန်တုန်ယင်ယင်ဖြစ်နေသည်။ "အင်း၊ ငါအဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့။ ငါချွေးတွေအရမ်းထွက်နေလို့ ရေချိုးလိုက်ဦးမယ်။ မင်း ကန်တင်းကို အရင်သွားလို့ရတယ်၊ ခဏနေ ငါလာခဲ့မယ်…"
ကျန်းဖျင်စစ်က ဆက်မေးသည်။ "မင်း တကယ်အဆင်ပြေရဲ့လား။ မင်းရဲ့မျက်နှာက သိပ်အဆင်ပြေပုံမပေါ်ဘူး။"
ယွဲ့ရှင်းဝမ်: "…"
အိပ်မက်ထဲက ဒွိဟဖြစ်စေသော လူပုဂ္ဂိုလ်သည် ရေချိုးခန်းတံခါးနားမှာ သူ့ကို ဂရုစိုက်နေသည်။ ထိုထူးဆန်းသော အရှက်တရားသည် ယွဲ့ရှင်းဝမ်၏ ချွေးပေါက်များ ကျဉ်းသွားသည်အထိ တင်းမာသွားပုံပေါ်သည်။ သူသည် ရေချိုးခန်းကြီးမှ ရေအေးကိုဖွင့်ကာ အသက်ပြင်းပြင်းရှူကာ ငြိမ်သက်ဟန်ဆောင်ကာ "အဆင်ပြေပါတယ်၊ ငါမင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။" သူဒီလိုက်ပြောသောအခါ အပြစ်ရှိသလိုခံစားရပြီး ယွဲ့ရှင်းဝမ်က သူ့ကိုယ်သူ ပါးရိုက်ချင်လာသည်။
ကျန်းဖျင်စစ်က တိုးတိုးလေးပြောလိုက်သည်။ "ကောင်းပြီ၊ ဒါဆို မင်းနဲ့အတူတူ မနက်စာစားဖို့စောင့်နေမယ်။"
ယွဲ့ရှင်းဝမ်သည် ပေါ့ပေါ့တန်တန် တုံ့ပြန်လိုက်ပြီး ရေအေးဖြင့် ရေချိုးပြီး ရေတဘက်ဖြင့် ခေါင်းမှ ခြေဖျားထိ သုတ်ကာ သူ၏ညဝတ်အင်္ကျီကို ပြောင်းပြီး ရေစိုစိုဖြင့် ထွက်လာခဲ့သည်။
ကျန်းဖျင်စစ်သည် ဆံပင်မှုတ်စက်ကိုယူ၍ သူ့အား ပေးလိုက်သည်။ ယွဲ့ရှင်းဝမ်သည် လက်လှမ်းကာ ယူလိုက်ပြီး ကုတင်အစွန်းတွင်ထိုင်ကာ သူ့ဆံပင်ကို လေမှုတ်နေသည်။ သူ့နားရွက်ထိပ်များသည် ရှက်နေသလို နီနေသေးသည်။ ကျန်းဖျင်စစ်သည် သူ့အား ဤကဲ့သို့ ကြည့်ပြီး သူ့ရင်ထဲပျော့ပျောင်းသွားသည်— တောက်ပသော အပြုံးနှင့် ပြုံးရယ်တတ်သော ယွဲ့ရှင်းဝမ်တွင် တစ်ခါတစ်ရံ စိတ်လှုပ်ရှားပြီး ရှက်တတ်သော အခိုက်အတန့်မျိုး ရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ကျန်းဖျင်စစ်က သူ့ကို နူးညံ့သောအကြည့်ဖြင့်ကြည့်ပြီး မေးလိုက်သည်။ "မင်း ဘာအိမ်မက်မက်တာလဲ။ ငါ့ကိုပြောပြလို့မရဘူးလား။"
ယွဲ့ရှင်းဝမ် လျှာကိုက်လုမတတ်ဖြစ်သွားသည်။
Fuck၊ သူငယ်ချင်းစည်းတွေကိုကျော်ပြီး ငါက မင်းနဲ့ ကြမ်းပြင်မှာ ပြင်းပြင်းထန်ထန်းနမ်းနေတာကို အိမ်မက်မက်ခဲ့တယ်ဆိုတာ ငါမင်းကို လုံးဝမပြောရဲဘူး။ ငါတကယ်ပြောလိုက်ရင် ကျန်းဖျင်စစ်ရဲ့မျက်နှာက အိုးအောက်ခြေလို မည်းမှောင်သွားပြီး သူနဲ့ သူငယ်ချင်းဆက်ဆံရေးကို လုံးဝဖြတ်တောက်ပစ်နိုင်တယ်။
ကျန်းဖျင်စစ်သည် အမှန်တကယ် စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းမှု ရှိသည်ကို ယွဲ့ရှင်းဝမ် သိသည်။ ကျန်းဖျင်စစ်သည် သူ့သူငယ်ချင်းလို့ မှတ်ယူထားသော လူတစ်ယောက်က သူ့အကြောင်း ထူးဆန်းသည့် ဆိုးရွားသောအတွေးတွေ အမှန်တကယ် ရှိနေကြောင်းကို သိသွားရင် ကျန်းဖျင်စစ် ဘယ်လိုထင်မလဲ။ ရွံရှာစရာလို့ ခံစားရမှာလား။
ယွဲ့ရှင်းဝမ်၏စိတ်ထဲတွင် ရှုပ်ထွေးနေပြီး ပြောရဲဖို့မဆိုထားနှင့် ပြောရမှာရှက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကျန်းဖျင်စစ်၏ အမြင်ကို အလွန်ဂရုစိုက်သောကြောင့်ဖြစ်သည်။ ကျန်းဖျင်စစ်က သူအဆုံးရှုံးမခံချင်ဆုံးသူဖြစ်ပြီး ဤခက်ခက်ခဲခဲရခဲ့သော ခင်မင်မှုကို တန်ဖိုးထားလေလေ မိုင်းတွင်းကို ကျော်ဖြတ်ရန် သတ္တိနည်းလေဖြစ်သည်။ တစ်ခုခုပြောလိုက်ရင် သူတို့နှစ်ယောက် သူငယ်ချင်းမဖြစ်နိုင်တော့မှာကို သူကြောက်သည်။
သူ့အိမ်မက်က ခဏတာ အာရုံပျံ့လွင့်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်မလား။
သူက single ဖြစ်တာကြာပြီး သူ့ညီအစ်ကိုကောင်းတစ်ယောက်နဲ့ပတ်သက်၍ ထူးဆန်းသောအတွေးတွေရှိနေခဲ့သည်။ ရက်အနည်းငယ်အတွင်း ငြိမ်သက်သွားပြီးနောက် သူပုံမှန်ပြန်ဖြစ်နိုင်သည်။ ယွဲ့ရှင်းဝမ်သည် သူ့ကိုယ်သူသိမ်းသွင်းရင်း အစကတည်းက သူ့အပေါ်တွင်ရှိနေသော ကျန်းဖျင်စစ်၏အကြည့်ကို လုံးဝမသိလိုက်ပေ။
ခဏကြာတော့ ယွဲ့ရှင်းဝမ်သည် အသိစိတ်ပြန်ဝင်လာပြီး သူ့နှာခေါင်းကို ထိလိုက်ကာ ချောင်းဟန့်ပြီး ပြောသည်။ "ငါတို့ကခုန်နေတဲ့အချိန် စင်မြင့်ကရုတ်တရက်ပြိုကျသွားတာကို ငါအိမ်မက်မက်ခဲ့တာ၊ ပြီးတော့ ငါ လန့်ပြီး ချက်ချင်း နိုးလာတယ်… ဘာမှမဟုတ်ပါဘူး၊ စိတ်မပူပါနဲ့။"
ကျန်းဖျင်စစ်သည် ရှင်းဝမ်၏သိသာထင်ရှားသော လိမ်ညာမှုကို မစုံစမ်းခဲ့ဘဲ ယွဲ့ရှင်းဝမ်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ "ရှင်းဝမ်၊ မင်းမှာ သိပ်မသေချာတဲ့ တချို့အရာတွေရှိပြီး စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ထားဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ငါမင်းကို အမြဲတမ်း အရှေ့မှာစောင့်နေပါ့မယ်။"
ယွဲ့ရှင်းဝမ်က ခဏတာ အံ့အားသင့်သွားသည်။ "မင်း… မင်းဘာပြောလိုက်တာလဲ။"
ကျန်းဖျင်စစ်၏အသံသည် တိုးလျပြီး သိမ်မွေ့သည်။ "မင်းရဲ့နှလုံးသားနောက်ကိုလိုက်ပါ၊ မင်း အဲဒီခြေလှမ်းကို လှမ်းဖို့ ဆန္ဒရှိနေသရွေ့ ကျန်တဲ့လမ်းတလျှောက်မှာ ငါမင်းကို အဖော်ပြုပေးပါ့မယ်။"
ယွဲ့ရှင်းဝမ်သည် ငယ်စဉ်ကလေးဘဝကတည်းက စာဖတ်စွမ်းရည်ပြည့်ဝသော ဝိဇ္ဇာဘာသာရပ် ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်သည်။ သို့သော်လည်း ကျန်းဖျင်စစ်ပြောသော စာကြောင်းနှစ်ကြောင်းကို သူ လုံးဝ နားမလည်နိုင်ခဲ့ဘူး။ ဖျင်စစ်သည် သူ့အား တစ်စုံတစ်ခုကို အရိပ်အမြွက်ပြနေပုံရတယ်လို့ သူ အမြဲခံစားရပြီး သူ၏ရုတ်တရက်ပေါ်လာသော ဆိုးရွားသည့်အတွေးများကိုပင် မြင်နိုင်သည်… 'သူနဲ့အတူအဖော်ပြုပေးမယ်။' ဖျင်စစ်ကလည်း သူနဲ့ပတ်သက်ပြီး ဒီလိုတွေးနေတာများလား။
ပြောရရင် သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သိလာတာ ခြောက်နှစ်ရှိပြီ။ မသိနားမလည်သော မြီးကောင်ပေါက်အရွယ်မှ တက္ကသိုလ်ကျောင်းသားအရွယ်အထိ သူတို့တွင် မမေ့နိုင်သောအမှတ်တရများစွာရှိကြပြီး တစ်ယောက်ခြေလှမ်းနောက်ကို တစ်ယောက်လိုက်လေ့ရှိကြသည်။ အထက်တန်းကျောင်းတက်တုန်းကတော့ အဆင့်စာရင်းမှာ တစ်ယောက်နဲ့တစ်ယောက် နာမည်ရှာရတာကို သဘောကျသည်။ တက္ကသိုလ်ရောက်တော့ သူတိူ့သည် လှုပ်ရှားမှုမျိုးစုံနဲ့ ကလပ်တွေမှာ ပါဝင်ခဲ့ပြီး အတူတူ လမ်းလျှောက်ခဲ့ကြသော လူနှစ်ယောက်လည်း ဖြစ်သည်...
ကျန်းဖျင်စစ်၏အသွင်အပြင်သည် သင်္ချာဌာန၏ ထိပ်တန်းဖြစ်သည်။ သူ့အဆင့်တွေက ထူးချွန်သလို သူ့မိသားစုအခြေအနေကလည်း ကောင်းပါသည်။ သူ့ကို သဘောကျသော သူ့ပရိသတ်တွေက ဟွာအန်းတက္ကသိုလ်ကျောင်းတစ်ပတ်ပြည့်နိုင်ပေမဲ့ လွန်ခဲ့သောသုံးနှစ်အတွင်း ကျန်းဖျင်စစ်၏ဘေးမှာ မိန်းကလေးတစ်ယောက်မှ မရှိခဲ့ဘူး။
သူသည် အချစ်ရေးကို ဂရုမစိုက်ဘဲ စာလေ့လာဖို့နဲ့ အလုပ်များနေလို့လား၊ ဒါမှမဟုတ် သူ့နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ရှိနေလို့လား။
ပထမနှစ်ဖလှယ်ခြင်းဆွေးနွေးပွဲတွင် ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်နှင့်သာ စကားပြောခဲ့ပြီး အဆက်အသွယ် အချက်အလက်များ ဖလှယ်ခဲ့သည်။ ယွဲ့ရှင်းဝမ်သည် ကျောင်းသားကောင်စီတွင် ပါဝင်လိုသောအခါ မူလက အသက်ဝင်ခြင်းကို မုန်းတီးသော ကျန်းဖျင်စစ်သည် အင်တာဗျူးသို့ အဖော်လိုက်ပေးခဲ့သည်။ နောက်ပိုင်းတွင် ယွဲ့ရှင်းဝမ်အနေဖြင့် သူပါဝင်သည့် မည်သည့်လှုပ်ရှားမှုကိုမဆို၊ သူပြောသမျှကို ကျန်းဖျင်စစ်သည် သူ့ကို အမြဲအဖော်ပြုလိုက်ပေးမည်ဖြစ်သည်။
နှစ်ယောက်သား အားလပ်ချိန်မှာ စာကြည့်တိုက်ကို အတူတူသွားရောက်လေ့လာပြီး ကစားကွင်းမှာ အတူတူ ပြေးကြသည်...
သင်္ချာဌာနမှ ထိပ်တန်းကျောင်းသားသည် စာလေ့လာရန် တရုတ်ဘာသာစကားဌာနမှ သူငယ်ချင်းတစ်ဦးကို ရှာဖွေခြင်းသည် ကျိုးကြောင်းဆီလျော်မှုရှိပါသလား။ ဘာတွေကို ဆွေးနွေးမှာလဲ။
လွန်ခဲ့သောနှစ်က ယွဲ့ရှင်းဝမ်သည် သူ၏အဖွဲ့ကို နိုင်ငံရေးသိပ္ပံနှင့်ဥပဒေ ပေကျင်းတက္ကသိုလ် စကားရည်လုပြိုင်ပွဲ၏ ဖိုင်နယ်အဆင့်တွင် ပါဝင်ရန် ဦးဆောင်ခဲ့သည်။ ကျန်းဖျင်စစ်သည် ထိုနေ့အတွက် လက်မှတ်ကြိုတင်မှာယူခဲ့ပြီး ပြိုင်ပွဲကို လူကိုယ်တိုင်သွားကြည့်ခဲ့သည်။ ယွဲ့ရှင်းဝမ်သည် ဆုရရှိသောအခါတွင် ပန်းများဝယ်ပြီး ချီးကျူးဂုဏ်ပြုရန် ထွက်လာခဲ့သည်။ သူငယ်ချင်းကောင်းတစ်ယောက်က ဒီလောက်အထိ လုပ်နိုင်ပါ့မလား။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှစ်တွင် ကျန်းဖျင်စစ်သည် ကျိုတိုတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်တော့မည်ဟု ကြားသိရပြီး ကျန်းဖျင်စစ်၏ဖခင်နှင့် ကျိုတိုတက္ကသိုလ်သင်္ချာဌာနမှ လက်ထောက်ပါမောက္ခသည် ညီအစ်ကိုကောင်းများဖြစ်ပြီး ကျန်းဖျင်စစ်က သေချာပေါက် ပို၍ဂရုစိုက်ခံရမည်ဟု ကျောင်းရှိလူများကနေ ကောလာဟလများ ထွက်ခဲ့ကြသည်။ ရလဒ်အနေနဲ့ သူသည် ဟွာအန်းတက္ကသိုလ်၏ ပထမနှစ်ဖလှယ်ခြင်းဆွေးနွေးပွဲတွင် ဖျင်စစ်နှင့် တွေ့ဆုံခဲ့သည်။
သုံးနှစ်တာလုံး ကျန်းဖျင်စစ်နှင့် အများဆုံးနေထိုင်ခဲ့သူမှာ ယွဲ့ရှင်းဝမ်ဖြစ်သည်။
ယွဲ့ရှင်းဝမ်သည် အများအားဖြင့် သတိလက်လွတ်ဖြစ်ပြီး ဤပြဿနာများကို ဂရုတစိုက် မစဉ်းစားတတ်ပါ။ အခုတော့ အတိတ်က ချိတ်ဆက်မှုများသည် ကျန်းဖျင်စစ်က သူ့ကို သဘောကျနေသော ဖြစ်နိုင်ခြေကို ညွှန်ပြနေပုံရသည်။
ယွဲ့ရှင်းဝမ်၏ အသက်ရှုသံသည် ရုတ်တရက် ဆို့နင့်သွားပြီး အတန်ကြာအောင် သူဘာပြောရမှန်းမသိ ဖြစ်နေသည်။
ဒါက သူ့အသိဉာဏ်ကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်လိုက်သည်။
သူသည် အမြဲတမ်း အဖြောင့်ယောင်္ကျားလေးဖြစ်သည်ဟု ခံစားခဲ့ရပြီး သူ့ကိုယ်သူ ကွေးနေမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ကျန်းဖျင်စစ်ကိုလည်း ကွေးနေမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။
သူ့ခေါင်းကရှုပ်ထွေးနေပြီး ယွဲ့ရှင်းဝမ်သည် သူ့နားထင်တွေကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်သည်။ "ငါ အခုမှနိုးလာလို့ ငါ့ဦးနှောက်က မတုံ့ပြန်နိုင်သေးတာဖြစ်မယ်။ ငါထင်တာမှားလောက်တယ် ဟုတ်တယ်မလား။ ငါမှားလောက်တယ်…"
ကျန်းဖျင်စစ်သည် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်၏။ အဲဒီတုန်းက ရှင်းဝမ်ကို သူသဘောကျနေကြောင်း သိလိုက်ရတော့ သူကိုယ်တိုင်လည်း တုန်လှုပ်ပြီး စိတ်ရှုပ်သွားခဲ့သည်။ နောက်ပိုင်းတွင် သူ၏စိတ်ကို ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် ဒီခံစားချက်ကို ကာကွယ်ရန် သူ၏ဆုံးဖြတ်ချက်ကို ခိုင်မာစေပြီး သူ၏ရည်းမှန်းချက်တွေကို ပြန်လည်ပြင်ဆင်ခဲ့ကာ ဟွာအန်းတက္ကသိုလ်၏ သင်္ချာဌာနကို ရောက်လာခဲ့ပြီး လိုက်ပိုးခြင်းခရီးရှည်ကြီးကို စတင်ခဲ့သည်။
ရေနွေးပူပူထဲ ဖားပြုတ်ခြင်းဖြင့် လူတွေကို လိုက်ပိုးသော သူ့နည်းလမ်းက လုံးဝမသိသာဘဲ ယွဲ့ရှင်းဝမ်ကလည်း လုံးဝသတိမထားမိဘူး။
သို့သော် ရှင်းဝမ်က အလွန်ခံစားတတ်သောလူပုဂ္ဂိုလ်ဖြစ်မှန်း သူသိပြီး တစ်နေ့မှာ ရှင်းဝမ်သည် သူ၏တည်ရှိမှုကို ကျင့်သားရလာပြီး သူ့ကို ဖြည်းဖြည်းချင်း စွဲဆောင်လို့ရလိမ့်မည်။ အကယ်၍ ရှင်းဝမ်က လိင်တူချစ်ခြင်းမေတ္တာကို တကယ်လက်မခံနိုင်တာ ဒါမှမဟုတ် ယောင်္ကျားတစ်ယေယက်၏ ချဉ်းကပ်မှုကို ရွံရှာသလိုပင် ခံစားရပါက ထိုအချိန်တွင် သူသည် တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာသွားမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ဘဝကို မနှောင့်ယှက်တော့ပေ။
ယခုဆိုလျှင် ရှင်းဝမ်သည် သူ့ခံစားချက်များကို သိသာစွာအာရုံခံမိပြီး တုန်လှုပ်သွားလေသည်။
ရှင်းဝမ်သည် အစပိုင်းတွင် သူခံစားဖူးသော ဆန့်ကျင်ဘက် စိတ်ခံစားချက်ကို ကြုံတွေ့နေရပြီး ကျန်းဖျင်စစ်က ညင်သာစွာ ကူညီရန် ဆုံးဖြတ်ခဲ့သည်။ "ရှင်းဝမ်၊ ငါက ယောင်္ကျားလေးတွေကို သဘောကျတာလို့ မင်းကိုပြောရင် ငါက စိတ်ဖောက်နေတယ်လို့ မင်းထင်မှာလား။"
ယွဲ့ရှင်းဝမ်: "..."
ဤသည်မှာ နေသာသောနေ့တွင် ထွက်ပေါ်လာသော မိုးကြိုးနှင့်တူသောကြောင့် ယွဲ့ရှင်းဝမ်၏စိတ်ကို ဗလာဖြစ်သွားစေသည်။
အချိန်အတော်ကြာပြီးနောက် သူရုတ်တရက် အာရုံပြန်ဝင်လာပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။ "မ…မထင်ပါဘူး၊ ငါက လိင်တူချင်းချစ်ကြိုက်တာကို မလိုမုန်းထားတာမျိုးမရှိပါဘူး၊ ဒါပေမဲ့ ငါမထင်ထားတာက မင်းက တကယ်တော့၊ တကယ်တော့…"
ကျန်းဖျင်စစ်၏အသံက နူးညံ့သိမ်မွေ့နေသည်။ "ငါက မွေးရာပါဂေးမဟုတ်ပါဘူး၊ ငါ သဘောကျတဲ့ တစ်စုံတစ်ယောက်က ယောင်္ကျားလေးဖြစ်နေတာပါ။ သူက မိန်းကလေးဖြစ်နေရင်လည်း ငါ သူ့ကိုပဲ သဘောကျမှာ။ အဲဒါက လိင်နဲ့မဆိုင်ဘူး၊ 'သူဖြစ်နေရမယ်'ဆိုတဲ့ခံစားချက်မျိုးကို မင်းနားလည်လား။"
ယွဲ့ရှင်းဝမ်: "..."
ဒါက ငါ့အကြောင်းပြောနေတာလား။ ဒါက သွယ်ဝိုက်ဖွင့်ပြောခြင်းလား။
တိတ်ဆိတ်သော အိပ်ဆောင်တွင် ပြင်းထန်သော နှလုံးခုန်သံတစ်ခုသာ ရှိတော့သည်။ ယွဲ့ရှင်းဝမ်၏ နားရွက်များသည် နီရဲနေပြီး ဤမေးခွန်းကို မည်သို့ဖြေရမည်ကို မသိတော့ပေ။ သူက လျင်မြန်စွာ မတ်တတ်ထရပ်လိုက်ပြီး ခပ်ပြတ်ပြတ်ပြောလိုက်သည်။ "သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ငါသေချာပေါက် မင်းကိုထောက်ခံပါတယ်၊ အဟန့်… ငါ့…ငါ့ဦးနှောက်က ဒီနေ့နည်းနည်းရှုပ်ထွေးနေလို့ လောလောဆယ်ဒီအကြောင်းမပြောရအောင်၊ အားလုံးနဲ့အရင်သွားတွေ့ကြရအောင်။"
ယွဲ့ရှင်းဝမ်က လှည့်ထွက်ပြီး အိပ်ဆောင်မှ ထွက်သွားကာ ကျန်းဖျင်စစ်သည် ခဏမျှ တိတ်ဆိတ်နေပြီးမှ ထကာ အနောက်သို့ လိုက်သွားခဲ့သည်။
"ငါသဘောကျတဲ့လူက မင်းပဲ"ဟု သူက တိုက်ရိုက်မပြောဘဲ လိမ္မာပါးနပ်သောအမူအရာဖြင့် အချင်းချင်းအတွက် နေရာတစ်ခုကို အလုံအလောက် ချန်ထားခဲ့ကာ ရှင်းဝမ်ကို သေချာစဉ်းစားရန်လည်း အချိန်အနည်းငယ်ပေးထားသည်။
ဖားကို ရေနွေးပူပူဖြင့် ပြုတ်ထားသည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး ယခုအခါ ကျက်လုနီးပါးဖြစ်သော်လည်း အလွန်အမင်းအားစိုက်ထုတ်၍ တိုက်ရိုက်ခြောက်ကပ်သွားအောင် ပြုတ်လို့မရပါ။
#TK