Chapter 57
Viewers 5k

Volume 4 : ဗိသုကာဌာန


Chapter 57 (မြို့ပြိုကျခြင်း ၀၁)


အဖွဲ့ဖွဲ့စည်းပြီးနောက် ယွဲ့ရှင်းဝမ်သည် စနေ၊ တနင်္ဂနွေအားလပ်ရက်တွင် အဆောင်များပြောင်းရန် လူတိုင်းကို စီစဉ်ပေးခဲ့သည်။


ချင်မြောင်နှင့် ချင်လုတို့က အတူတူနေကြပြီး လင်းမန့်လော်က အကြံပြုလာသည်။

"နိုင်ငံခြားဘာသာစကားတက္ကသိုလ်က ငါ့အခန်းဖော်က ပြောင်းသွားပြီ… ငါတစ်ယောက်တည်း လေးယောက်ခန်းမှာ နေနေတာ… နင်တို့ ငါနဲ့အတူ လာနေကြပါလား? အားလုံးအတူတူနေကြတော့ သွားရလာရ အဆင်ပြေတာပေါ့…"


ချင်မြောင်: "ကောင်းပြီ… ကျွန်မတို့ ဒီနေ့ နေ့လယ်မှာ အဆောင်ပြောင်းဖို့ လုပ်ထုံးလုပ်နည်းတွေ လုပ်လိုက်မယ်…"


ကျိုဖုန်းက ပိုပြီးစိတ်သက်သာရာရသွားပြီး ပြုံးလိုက်သည်။

"မန့်လော်က အဖွဲ့ထဲမှာ တစ်ယောက်တည်းသော မိန်းကလေးဖြစ်မှာကို စိုးရိမ်နေခဲ့ပေမယ့် အခုတော့ သူမမှာ အဖော်တွေရှိသွားပြီဆိုတော့ အဆင်ပြေသွားပြီ…" သူက ခဏရပ်ကာ ဆက်ပြောလာသည်။

"ချင်မြောင်နဲ့ ချင်လုက တစ်ရုပ်တည်းဆိုတော့ ဘယ်သူက အစ်မလဲ၊ ဘယ်သူက ညီမလဲဆိုတာ ငါမပြောနိုင်ဘူး… နောင်ကျရင် နာမည်မှားခေါ်မိရင် ရှက်စရာကြီးဖြစ်နေမှာမလား?"


ချင်လု: "ကျွန်မတို့ အနုတ် 5 ထပ်က ဈေးဝယ်စင်တာမှာ အဝတ်အစားတွေ သွားဝယ်လိုက်မယ်… နောင်ကျရင် ကျွန်မအစ်မက အနက်ရောင်အပေါ်ထပ်ဝတ်ပြီး ကျွန်မက အဖြူရောင်အပေါ်ထပ်ကို ဝတ်မယ်… ဒါဆို လူတိုင်းက မှားတော့မှာ မဟုတ်ဘူး…"


ချင်မြောင်: "ဝတ်စုံတူတဲ့ အတန်းရှိလာရင် ချင်လုက သူမရဲ့ခေါင်းပေါ်မှာ အနီရောင်ကလစ်ကို ပန်ထားလိမ့်မယ်…"


ဒါက ခွဲခြားရန် အမှန်တကယ် လွယ်ကူပြီး လူမှားခြင်းကို ရှောင်ရှားနိုင်သည်။


ကျန်ရှောင်နျန်က သုတေသနအဖွဲ့ chat channel မှာ စာရိုက်လိုက်သည်။

"ကျွန်တော်လည်း အခန်းဖော်တွေနဲ့ ကောင်းကောင်းမသိဘူး… ကျွန်တော် စီနီယာတို့ဆီ အိပ်ဆောင်ပြောင်းလို့ရမလား?"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် နှစ်ယောက်ခန်းမှာ နေထိုင်ကြပြီး နောက်ထပ်လူတစ်ယောက်ကို ထပ်ထည့်လို့မရတော့ပေ။ လျှိုကျောက်ချင်းတို့၏ အိပ်ဆောင်ကလည်း လူ 4 ယောက်နဲ့ ပြည့်နေသည်။ ဒါကိုစဉ်းစားရင်း ခယ်ရှောင်ပင်းက စာရိုက်ကာ မေးလိုက်သည်။

"ရှင်းယန်၊ မင်းရဲ့အိပ်ဆောင်မှာ နေရာအလွတ်ရှိလား?"


ရှင်းယန်: "အင်း…"


ခယ်ရှောင်ပင်း: "ဒါဆို ဂျူနီယာညီလေးကို မင်းအိပ်ဆောင်ဆီ နေရာရွှေ့ခိုင်းလိုက်ပါလား?"


ရှင်းယန်: "မင်း ဒီကို ရွှေ့လာပြီး ကျန်းရှောင်နျန်ကို အခြားသုံးယောက်နဲ့အတူ နေခိုင်းလိုက်…"


ဤစာကြောင်းနှစ်ကြောင်းက သုတေသနအဖွဲ့ chat channel ထဲမှာ တစ်ပြိုင်နက်တည်း ပေါ်လာခဲ့ပြီး လေထုက ခဏတာ အဆင်မပြေဖြစ်သွားခဲ့သည်။ ကျန်းရှောင်နျန်က စီနီယာအစ်ကိုရှင်းယန်သည် သူ့ကို သိပ်သဘောမကျဘူးလို့ ခံစားမိပြီး စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားသလို အခြားသူများကလည်း မဆင်မခြင် မပြောရဲကြပေ။


ရှင်းယန်နှင့် ပေါင်းသင်းရန် ခက်ခဲကြောင်း ယွဲ့ရှင်းဝမ် သိသည်။ သူသည် အထက်တန်းကျောင်းတွင် ကျောင်းတွင်းအကြမ်းဖက်မှုဖြင့် လှုံ့ဆော်ခံခဲ့ရပြီး သူစိမ်းများနှင့် မရင်းနှီးလိုခြင်းလည်း ဖြစ်နိုင်သည်။ သူနှင့် ခယ်ရှောင်ပင်းတို့က အထက်တန်းကျောင်းမှာ အတန်းဖော်များဖြစ်ခဲ့သောကြောင့် အဆောင်ပြောင်းရန် ဤအစီအစဉ်ကို အဆိုပြုခြင်းက ကျိုးကြောင်းဆီလျော်ပါသည်။


ထို့ကြောင့် အဖွဲ့ခေါင်းဆောင်ဖြစ်သော ယွဲ့ရှင်းဝမ်က ပြေလည်အောင် ဖြေရှင်းခဲ့ရသည်။

"ဒီတော့ ရှင်းယန်နဲ့ ခယ်ရှောင်ပင်းတို့က အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးတာဆိုတော့ ရှောင်ခယ်၊ မင်းက ရှင်းယန်နဲ့ အတူနေလိုက်… ကျန်းရှောင်နျန်က စီနီယာအစ်ကိုကျို၊ စီနီယာလျှိုနဲ့ စီနီယာအစ်ကိုရွှီတို့ရဲ့ F-930 အခန်းကို ရွှေ့ပြီး အတူတူနေလိုက်… ဘယ်လိုသဘောရလဲ?"


ကျန်းရှောင်နျန်က လျင်မြန်စွာ ပြောလာသည်။

"ကောင်းပြီ!"


ခယ်ရှောင်ပင်း: "ကောင်းပြီ၊ ဒါဆို ငါ ရှင်းယန်နဲ့ နေလိုက်မယ်…"


ယွဲ့ရှင်းဝမ်က အကြောင်းကြားခဲ့သည်။

"ရှောင်နျန်က ကျွန်တော်တို့အဖွဲ့မှာ အငယ်ဆုံးဂျူနီယာလေးဆိုတော့ ဒီစီနီယာအစ်ကိုသုံးယောက်က အနာဂတ်မှာ သူ့ကို ဂရုစိုက်ပေးပါဦး…" 


လျှိုကျောက်ချင်းက ရယ်လေသည်။

"ကိစ္စမရှိပါဘူး… ရှောင်နျန်က မတိုက်မိအောင် လသာဆောင်က မှန်ကို ငါမျက်စိဒေါက်ထောက်ကြည့်ထားမယ်…"


ကျန်းရှောင်နျန်က မျက်ရည်မကျဘဲ ငိုချင်လာသည်။

"… ကျွန်တော် အဲဒီလောက်မကြမ်းပါဘူး…"


ရွှီယိရှန်းက ပြုံးကာ ပြောသည်။

"ငါတို့ရဲ့ ဂျူနီယာညီလေးကို အိပ်ဆောင် F930 ကနေ ကြိုဆိုပါတယ်… ဒီစီနီယာအစ်ကိုသုံးယောက်က မင်းကို အရမ်းချစ်မှာပါ…"


ကျန်းရှောင်နျန်က ထိတ်လန့်သွားသည်။

"ဒါက ဘာလို့ နည်းနည်း ကြောက်စရာကောင်းနေတာလဲ?"


ကျိုဖုန်း: "သူတို့ နောက်နေတာပါ… ငါတို့သုံးယောက်က ကလေးကို အနိုင်မကျင့်ပါဘူး…"


ကလေးတဲ့လား? စတုတ္ထနှစ် ကျောင်းသားနှစ်ယောက်နှင့် ဘွဲ့လွန်ကျောင်းသားတစ်ယောက်ကြားတွင် သူ့လို ပထမနှစ်လူသစ်လေးက စီနီယာအစ်ကိုသုံးယောက်ရှေ့တွင် ကလေးတစ်ယောက်လို ဖြစ်နေသောကြောင့် သူစနောက်ခံရမှာက ကျိန်းသေပေါက်မလွဲပေ။ 


အဲဒါနဲ့ အဆောင်ကိစ္စက ပြေလည်သွားသည်။ ကျန်းရှောင်နျန်က စီနီယာအစ်ကိုသုံးယောက်၏ အိပ်ဆောင်သို့ တုန်တုန်ယင်ယင်ဖြင့် ပြောင်းရွှေ့သွားပြီး ခယ်ရှောင်ပင်းက ရှင်းယန်ရှိသော ဧရိယာ E က အိပ်ဆောင်သို့ ပြောင်းရွှေ့သွားခဲ့သည်။ ရှင်းယန်၏မျက်နှာက ဖြူဖျော့နေပြီး သူ့မျက်လုံးများက နက်မှောင်ပြီး အေးစက်နေသည်။ တစ်ချိန်က သူသည် အတန်းဖော်တစ်ဦး၏ ဦးခေါင်းကို 7 ချက်ချုပ်ရသည့်အထိ ရိုက်ခွဲခဲ့သည့်အကြောင်းကို ခယ်ရှောင်ပင်း သတိရသွားပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။


ရှင်းယန်က ဘေးဘက်သို့ ရွှေ့လိုက်ပြီး ခရီးဆောင်အိတ်ကို ချောချောမွေ့မွေ့မကာ အခန်းထဲသို့ထည့်ရန် ကူညီပေးလိုက်သည်။

"ဘယ်ဘက်ကုတင်က ငါ့ဟာ၊ မင်းက အခြားတစ်ဖက်မှာ အိပ်လိုက်…"


ခယ်ရှောင်ပင်းက ထိုနေရာတွင် မှင်တက်သွားပြီး သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။

"ဘာ… ဘာလို့ နှစ်ယောက်ခန်း ဖြစ်နေရတာလဲ?"


ရှင်းယန်က ပေါ့ပါးစွာပြောသည်။

"ငါ လေးယောက်ခန်း မကြိုက်ဘူး…"


ခယ်ရှောင်ပင်းက သူဘာကိုဆိုလိုသလဲဆိုတာ အမြန်နားလည်လိုက်သည်။ 


အထက်တန်းကျောင်းမှာ သူသည် လေးယောက်ခန်းအိပ်ဆောင်တွင် နေထိုင်ခဲ့ရပြီး သူ၏အေးစက်သော ပင်ကိုယ်စရိုက်နှင့် သူ၏အရပ်အမောင်းကြောင့် သူ၏အခန်းဖော်သုံးယောက်က သူ့ကို ဖယ်ကြဉ်ထားခဲ့ပြီး ထောင့်မှာ ပိတ်ဆို့ကာ သူ့ဆီကနေ မုန့်ဖိုးတွေလုယက်ရတာ အမြဲသဘောကျကြသည်။ 


အထက်တန်း ဒုတိယနှစ် နောက်ဆုံးစာမေးပွဲ မပြီးခင် သူတို့သုံးယောက်ကို အိမ်သာထဲမှာ တားလိုက်ပြီး သုံးယောက် တစ်ယောက်ချကာ သူတို့ထဲက တစ်ယောက်မှာ ရှေ့သွားများ ကျွတ်သွားပြီး၊ တစ်ယောက်မှာ မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားကာ ကျန်တစ်ယောက်မှာလည်း ခေါင်းအက်သွားပြီး ချုပ်ရန် ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရကြောင်း သိရသည်။


ထိုအချိန်မှစ၍ မည်သူမျှ သူ့ကို နောက်တစ်ကြိမ် မချဉ်းကပ်ဝံ့တော့ဘဲ ထိုလူများက သူ့ကို မြင်သောအခါ တစ္ဆေမြင်သလို ပုန်းရှောင်ကြတော့သည်။


ဒီအဖြစ်အပျက်က ကျောင်းမှာ အလွန်နာမည်ကြီးသွားပြီး ရှင်းယန်က ကျောင်းမှ ထုတ်ပယ်လုနီးပါးဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာ သူသည် သူတို့သုံးယောက်က သူ့အား နှစ်နှစ်လုံးလုံး သူ့ဆီကနေ မုန့်ဖိုးတွေ လုယက်ပြီး ကျောင်းတွင်းအကြမ်းဖက်ခဲ့တယ်ဆိုသော အထောက်အထားအားလုံးကို လိမ္မာပါးနပ်စွာ ချန်ထားခဲ့လေသည်။ နောက်ဆုံးတွင် နှစ်ဖက်မိဘများက ကြေအေးသွားခဲ့သည်။ ရှင်းယန်သည် ကျောင်းဝင်းတွင် မနေတော့ဘဲ ကျောင်းတက်ကျောင်းဆင်းသာ လုပ်ခဲ့စည်။ သူ၏ပင်ကိုယ်စရိုက်က ပို၍ပို၍ထူးခြားလာသော်လည်း သူ၏အဆင့်များက ခုန်တက်သွားပြီး အတန်းထဲတွင် ထိပ်တန်းဖြစ်လာခဲ့သည်။


ခယ်ရှောင်ပင်းသည် ရှင်းယန်ကို အနည်းငယ်ကြောက်၏။ ရှင်းယန်မှာ မှောင်မိုက်သောပင်ကိုယ်စရိုက်ရှိကြောင်း သူအမြဲခံစားရပြီး သူ့သွေးထဲတွင် ကြမ်းတမ်းသောအကြောင်းရင်း တစ်ခုရှိနေပုံရသည်။ သူကိုသာ တိရစ္ဆာန်အဖြစ် ဖော်ပြရရင်… ရှင်းယန်က အေးစက်ပြီး အဆိပ်ပြင်းသော မြွေတစ်ကောင်လို ဖြစ်နိုင်သည်။


သို့သော် သူ့ကို စိတ်အနှောင့်အယှက်မပေးသ၍ သူက သူတစ်ပါးကို တိုက်ခိုက်ရန် အစပြုမှာမဟုတ်ပေ။


ခယ်ရှောင်ပင်းက ရှင်းယန်ကို ရှက်ပြုံးလေး ပြုံးပြလိုက်သည်။

"ငါက အိပ်နေရင်း ဟောက်လည်းမဟောက်ဘူး၊ စကားလည်းမပြောဘူး… မင်းစိတ်ချလို့ရတယ်… ငါ ကျောင်းတုန်းက နောက်ကျမှ အိပ်ရတာကို ကြိုက်ပေမယ့် အခုတော့ လျှပ်စစ်မီးနဲ့ အင်တာနက်ကို စာကြည့်တိုက်က သတ်မှတ်ချိန် ဖြတ်တောက်တာဆိုတော့ ဒီရက်တွေမှာ ငါအတော်လေး ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ဖြစ်သွားပြီ…"


"ဒါက ကောင်းတယ်…" ရှင်းယန်က ပေါ့ပါးစွာ ဆိုသည်။


အားလုံးက အဆောင်တွေပြောင်းပြီး နောက်ဆုံးမှာတော့ အဖွဲ့ က ငြိမ်သွားသည်။


စနေ၊တနင်္ဂနွေ နှစ်ရက်တာအတွက် အများသူငါစိတ်ကြိုက်သင်တန်းများတွင် စာရင်းသွင်းလို့ရတာကြောင့် လူတိုင်းက အနားယူရန်နှင့် အချင်းချင်းသိရှိရန် ဤအချိန်ကို အခွင့်ကောင်းယူနိုင်သည်။


လင်းမန့်လော်၊ ချင်မြောင်နှင့် ချင်လုတို့သည် မကြာမီ သူငယ်ချင်များဖြစ်သွားကြပြီး သူတို့သုံးယောက်အတူတူ ဈေးဝယ်ထွက်ကြသည်။


ကျန့်ရှောင်နျန်သည် စီနီယာအစ်ကိုသုံးယောက်က အလွန်ကောင်းပြီး သူ့ကို အနိုင်ကျင့်ခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်။ ဇီဝသိပ္ပံဌာနမှ စီနီယာအစ်ကိုရွှီက အိပ်ရတာကို နှစ်သက်ပြီး သူနိုးလာတိုင်း သူ့ဆံပင်တွေက ခွေးရုပ်လေးလို ရှုပ်ပွနေသည်။ ခွဲစိတ်ကုသမှုဌာနမှ စီနီယာအစ်ကိုလျှိုကျောက်ချင်းသည် လသာဆောင်တွင် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ လုပ်ရတာကို နှစ်သက်သည်။ သူ၏ခန္ဓာကိုယ်က ကြည့်ကောင်းပြီး ဗိုက်ကြွက်သား ရှစ်ခုတောင်ရှိသည်။ ကျိုဖုန်းက ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါးပါးဖြင့် သူ၏ဂျူနီယာညီလေးကို ဂရုစိုက်သည်။ ကျန်းရှောင်နျန်သည် ပတ်ဝန်းကျင်အသစ်နှင့် လျင်မြန်စွာ လိုက်လျောညီထွေဖြစ်ခဲ့သည်။


ရှင်းယန်က စကားသိပ်ပြောသူ မဟုတ်သည့်အတွက် ခယ်ရှောင်ပင်းက သူ့လက်ပ်တော့ဖြင့် လေ့လာခြင်းကိုသာ နှစ်မြှုပ်ထားသည်။ အိပ်ဆောင်မှာ အခြားမည်သူမျှမရှိသကဲ့သို့ တိတ်ဆိတ်နေပြီး နှစ်ယောက်သား ကောင်းစွာ ပေါင်းသင်းနေထိုင်ပါသည်။


လိုက်ဖက်အညီဆုံးကတော့ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့၏ အိပ်ဆောင်ဖြစ်သည်။ ယွဲ့ရှင်းဝမ်က စကားအများကြီးပြောပြီး ကျန်းဖျင်စစ်က စိတ်ရှည်ရှည်နဲ့ တုံ့ပြန်သည်။ သူတို့နှစ်ဦးသည် အဆုံးမရှိသောပြောစရာအကြောင်းအရာများ ရှိနေပုံရသည်။ စနေနေ့ နေ့လယ်ပိုင်းတွင် ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို စူပါမားကတ်သို့ ခေါ်သွားကာ အသီးတချို့ဝယ်ပြီး ယွဲ့ရှင်းဝမ်အတွက် အာလူးကြော်တစ်ဗူးဝယ်ကာ သူ့အတွက် လဝက်စားရန် လုံလောက်ပါသည်။


ယွဲ့ရှင်းဝမ်က အာလူးကြော်ကို ကိုင်ပြီး ပျော်ရွှင်စွာ အိပ်ဆောင်သို့ ပြန်လာခဲ့သည်။


နှစ်ရက်တာ အနားယူခြင်းက လူတိုင်းကို စိတ်ချမ်းသားစေပါသည်။ တနင်္ဂနွေနေ့ည 8 နာရီတွင် အထပ်များအားလုံးသည် နောက်အပတ်အတွက် သင်တန်းအချိန်ဇယားကို တစ်ပြိုင်နက်တည်း ထုတ်ပြန်ခဲ့သည်။


ယွဲ့ရှင်းဝမ်သည် အချိန်ဇယားကို နှိပ်လိုက်ရာ ပထမထပ်ရှိ ဆေးပညာဌာနနှင့် ဒုတိယထပ်ရှိ သင်္ချာဌာနတို့၏ ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းများ အားလုံးပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။ ‘နှလုံးသွေးကြောဆိုင်ရာလူနာဆောင်’နှင့် ‘သေခြင်းကုဒ်’တို့သည် အချိန်ဇယားမှ ပျောက်ကွယ်သွားခဲ့ပြီး မသင်မနေရသင်တန်းအသစ်များဖြင့် အစားထိုးခဲ့သည်။ 


ဖိုရမ်ရှိ ကျောင်းသားအများအပြားက ယွဲ့ရှင်းဝမ်အား ကျေးဇူးတင်ကြောင်း စာများချန်ထားခဲ့သည်။

"ကံကောင်းစွာပဲ နည်းဗျူဟာပို့ပေးခဲ့တဲ့ စီနီယာကြောင့် ကျွန်တော်တို့ သောကြာနေ့မှာ ‘သေခြင်းကုဒ်’အတန်းကို အောင်သွားခဲ့တယ်… မဟုတ်ရင် နောက်တစ်ပတ်မှာ အတန်းတွေပြောင်းသွားရင် ပိုခက်သွားနိုင်တယ်!"


"ငါ သင်္ချာဌာနကို ချောချောမောမော အောင်သွားပြီ… အတွေ့အကြုံတွေကို မျှဝေပေးတဲ့ @ကျန်းဖျင်စစ် ၊ @ယွဲ့ရှင်းဝမ် တို့ကို ကျေးဇူးအများကြီးတင်ပါတယ်!"


စာကြည့်တိုက်က အဖွဲ့အများစုသည် သင်္ချာဌာနကို အောင်မြင်သွားခဲ့ပြီး နောက်တစ်ပတ်တွင် ဗိသုကာဌာနသို့ ရောက်ရှိလာမည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် ကျိုတိုတက္ကသိုလ်မှ ယွိမင်ယွီ တင်ထားသော ‘ဗိသုကာဌာန၊ မြို့ပြိုကျခြင်း၏ နည်းဗျူဟာ’ပို့စ်ကို ဖွင့်ကြည့်ခဲ့သည်။


ပို့စ်၏ ပထမအပိုင်း စီနီယာအစ်ကိုယွိက သတိပေးထားသည်။

"ငါတို့အဖွဲ့က ဒီသင်တန်းကိုတက်တုန်းက လူ 4 ယောက်ပဲရှိပါတယ်… အဓိကအချက်ကတော့ ပထဝီဝင်ဌာနရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုက အဆင့် 3 ဖြစ်ပြီး 12 ကြိမ်အထိ သုံးနိုင်ပါတယ်… ငါတို့အဖွဲ့က အဖွဲ့ A ဖြစ်တာကြောင့် လှုပ်ရှားမှုနှုန်းမြန်ပြီး စွမ်းရည်တွေရဲ့ သတ်မှတ်ချိန်ကို လျှော့ချပေးပါတယ်… ကျောက်ထုလွှာလှုပ်ရှားမှုက အဆင့် 3 ထက် နည်းပြီး အဖွဲ့ A မဟုတ်ဘုးဆိုရင် ဒီနည်းဗျူဟာကို မတုပပါနဲ့…"


ဤနည်းဗျူဟာအတွက် လိုအပ်ချက်များမှာ အတော်လေးမြင့်မားပါသည်။ ပထမဆုံးအနေနဲ့ ချင်လုသည် ပထဝီဝင်ဌာနရှိ ‘ကျောက်ထုလွှာလှုပ်ရှားမှု အဆင့် 3’၏ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ပေ။ ချင်လု၏ လက်ရှိကျောက်ထုလွှာလှုပ်ရှားမှုက အဆင့် 2 ဖြစ်သည်။ ထို့အပြင် သူတို့၏သုတေသနအဖွဲ့သည် လှုပ်ရှားမှုအမြန်နှုန်းနှင့် သတ်မှတ်ချိန်လျှော့ချခြင်း မပါသော အဖွဲ့ C ဖြစ်သည်။ စီနီယာအစ်ကိုယွိ၏ နည်းဗျူဟာက သူတို့၏အဖွဲ့အတွက် အသုံးမဝင်ပေ။


ယွဲ့ရှင်းဝမ်က ပို့စ်ကိုပိတ်ပြီး 3 ထပ်ရှိ ဗိသုကာဌာန၏ အချိန်ဇယားကို အနီးကပ်ကြည့်လိုက်သည်——


လာမည့်အပတ်တွင် ဗိသုကာဌာန၏ အချိန်ဇယားတွင် မသင်မနေရသင်တန်း သုံးခုပေါ်လာသည်။


တနင်္လာနေ့၊ ဗုဒ္ဓဟူးနှင့်သောကြာနေ့ မနက် ၈း၀၀ နာရီတွင် မသင်မနေရသင်တန်းမှာ credit 2 မှတ်ဖြင့် ‘မြို့ပြိုကျခြင်း’ရှိသည်။ 


အင်္ဂါနေ့နှင့် ကြာသပတေးနေ့ မနက် 8:00 တွင် မသင်မနေရသင်တန်းမှာ credit 3 မှတ်ဖြင့် ‘အဆုံးမရှိလှေကားများ’ရှိသည်။


တနင်္လာနေ့မှသောကြာနေ့အထိ နေ့တိုင်း နေ့လယ် 2:00 တွင် credit 4 မှတ်ဖြင့် ‘ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ’ရှိသည်။


အခြားနေ့လယ် 10:00-12:00 နှင့် နေ့လယ် 2:00-4:00 တို့တွင် စိတ်ကြိုက်သင်တန်းများရှိသည်။


ယွဲ့ရှင်းဝမ်သည် တက်ဘလက်ကွန်ပြူတာကိုင်ကာ ကျန်းဖျင်စစ်၏အိပ်ရာဘေးတွင် ထိုင်လိုက်ပြီး သူနဲ့ ဆွေးနွေးလေသည်။

"ဗိသုကာဌာနရဲ့ အတန်းအချိန်ဇယားကလည်း ပြောင်းသွားပြီ…သင်တန်းသုံးခုနဲ့ စုစုပေါင်း credit မှတ်ကတော့ သင်္ချာဌာနကလို 9 မှတ်ပဲ…"


ကျန်းဖျင်စစ်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

"‘မြို့ပြိုကျခြင်း’သင်တန်းပဲ မပြောင်းတာ… ကျန်နှစ်ခုက သင်တန်းအသစ်တွေလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"အင်း… ‘မြို့ပြိုကျခြင်း’မှာ credit 2 မှတ်ပဲရှိတယ်… ဒါကြောင့် အရမ်းမခက်ခဲနိုင်ဘူး… စီနီယာအစ်ကိုကျိုနဲ့ အခြားသူတွေက နေရာရွှေ့ပြောင်းမယ့် စွမ်းရည်တွေမရှိတာကြောင့် မအောင်ခဲ့တာ… ‘အဆုံးမရှိလှေကားများ’က ဆောက်လုပ်ရေးဝင်္ကပါတစ်ခုလို ဖြစ်နေမလား? ‘ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ’က ပဟေဠိဖြေရှင်းရမယ့် အတန်းတစ်ခုဖြစ်နိုင်ပြီး ငါတို့ကို ဆောက်လုပ်ရေးဆိုက်တစ်ခုဆီ ပို့ပေးနိုင်လောက်တယ်…"


ကျန်းဖျင်စစ်က အချိန်ဇယားကို ကြည့်ပြီး ပြောလာသည်။

"သင်တန်း 3 ခုက credit 2, 3, 4 တွေပဲ… credit မှတ်တွေကို ကြည့်လိုက်ရင်တော့ သိပ်မခက်ခဲနိုင်ဘူး… 3 ထပ်ကို အမြန်ရှင်းပြီး 4 ထပ်ကို သွားကြမလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငုံ့ကာ ခဏလောက်စဉ်းစားပြီးနောက် Chat Channel တွင် စာပို့လိုက်သည်။

"ဗိသုကာဌာနမှာ မသင်မနေရသင်တန်းသုံးခုရှိပြီး အချိန်ဇယားထဲက မသင်မနေရသင်တန်းတွေကို တတ်နိုင်သမျှ မြန်မြန်ပြီးအောင် လုပ်ရအောင်… ‘မြို့ပြိုကျခြင်း’က တနင်္လာနေ့ မနက် 8 နာရီ၊ ‘ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ’က နေ့လယ် 2 နာရီ၊ ‘အဆုံးမရှိလှေကားများ’က အင်္ဂါနေ့ မနက် 8 နာရီ… ငါတို့ ကောင်းကောင်းလုပ်ရင် ဗိသုကာဌာနကို နှစ်ရက်အတွင်း အောင်သွားနိုင်တယ်… နောက်နေ့ ဗုဒ္ဓဟူးနေ့မှာ ငါတို့ နောက်ထပ်ဌာတစ်ခုကို သွားကြမယ်… မင်းတို့ရော ဘယ်လိုထင်လဲ?"


စနေ၊ တနင်္ဂနွေ နှစ်ရက်တွင် အနားယူထားတာကြောင့် နောက်အပတ်တွင် ယွဲ့ရှင်းဝမ်သည် သင်တန်းကို အမြန်တက်ပြီး စီစဉ်ထားသည်။


ကျိုဖုန်းက လျင်မြန်စွာ ပြန်ဖြေသည်။

"ငါတော့ ပြဿနာမရှိဘူး…"


ချင်မြောင်: "အဖွဲ့ခေါင်းဆောင်က ညွှန်ကြားပေးလိုက်…"


သုတေသနအဖွဲ့ chat channel ထဲရှိ လူတိုင်းက ‘သဘောတူတယ်’ဆိုသော စကားလုံးများကို တန်းစီပို့လာကြသည်။


ယွဲ့ရှင်းဝမ်: "ဒါဆို ဆုံးဖြတ်လိုက်ပြီ… မနက်ဖြန် မနက် 7 နာရီခွဲမှာ ကန်တင်း နံပါတ် 1 မှာ တွေ့မယ်… မနက်စာစားပြီးရင် 7 နာရီ 45 မှာ 3 ထပ်မြောက်က ဗိသုကာဌာနမှာ စုဝေးပြီး သင်တန်းတွေရွေးမယ်… မတော်တဆမှုမဖြစ်စေဖို့ သင်တန်းရွေးချယ်ဖို့အတွက် 15 မိနစ်ကြိုတင်တွေ့မယ်…"


နောက်နေ့မနက်မှာတော့ လူတိုင်းက ကန်တင်းအဝင်ဝမှာ အချိန်မီစုဝေးနေကြသည်။ ကျန်းဖျင်စစ်၏လက်ထဲတွင် အဖွဲ့ရန်ပုံငွေများ ရှိနေပြီး မနက်စာ 11 နပ်အတွက် သယ်ယူပို့ဆောင်ရေးစက်ဆီသို့သွားကာ ပေးချေခဲ့သည်။ ယွဲ့ရှင်းဝမ်က နေရာကောင်းကောင်းယူရန် အဖွဲ့ကို ဦးဆောင်ခဲ့ပြီး ကျန်းဖျင်စစ်နှင့် လျှိုကျောက်ချင်းတို့က မနက်စာဘူးများကို စားပွဲဆီသို့ သယ်လာကြသည်။ အားလုံးက မနက်စာကို အမြန်စားပြီး 3 ထပ်မြောက် ဗိသုကာဌာနကို သွားခဲ့ကြသည်။


ပြီးခဲ့သည့်အပတ်က ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့၏ အကူအညီဖြင့် စာကြည့်တိုက်ရှိ ကျောင်းသားအများစုမှာ သင်္ချာဌာနကို အောင်မြင်ခဲ့ကြသည်။ ဒီနေ့ ဗိသုကာဌာန၏ သင်တန်းရွေးချယ်ခြင်းခန်းမမှာ လူတွေနဲ့ စည်ကားနေ၏။ ယွဲ့ရှင်းဝမ်က လူတိုင်းကို တက်ဘလက်ကွန်ပြူတာသို့ ခေါ်သွားပြီး သင်တန်းရွေးချယ်ခြင်းကို နှိပ်သည်။


[မသင်မနေရသင်တန်း: မြို့ပြိုကျခြင်း]


[Credit: 2 မှတ်]


[စာမေးပွဲစည်းကမ်းများ: သင်တန်းကို သုတေသနအဖွဲ့အတွက် ကန့်သတ်ထားပြီး သုတေသနအဖွဲ့ပုံစံဖြင့် စာရင်းသွင်းရပါမည်။]


[သင်တန်းဖော်ပြချက်: Jerry-built အဆောက်အဦးစီမံကိန်း၏ အကျိုးသက်ရောက်မှုကြောင့် တစ်မြို့လုံးရှိ အဆောက်အဦးအုတ်မြစ်တွင် ဆိုးရွားသောပြဿနာများရှိနေသည်။ မိလ္လာစနစ်က လုံးဝပျက်သွားပြီး သုံးမိနစ်အတွင်း မြို့ပြိုကျတော့မည်။ မြို့ပြိုကျပြီးတာနဲ့ ပြိုကျသော အဆောက်အဦးများကြောင့် မြို့တွင်းနေထိုင်သူတွေက လုံးဝမြှုပ်နှံခံရမည်။]

[TK: Jerry-built ဆိုတာက ဈေးပေါပေါနဲ့ ကြီးကြီးမားမားတည်ဆောက်ခြင်း သို့မဟုတ် ပေါ့ပေါ့ဆဆနဲ့ အလျင်အမြန်တည်ဆောက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။]


[စာမေးပွဲလိုအပ်ချက်များ: ပြိုကျနေသောမြို့မှ တစ်နာရီအတွင်း လွတ်မြောက်ရန်]


[မှတ်ချက်: အကြံပြုထားသော သုတေသနအဖွဲ့မှာ အဖွဲ့ A( တစ်ဖွဲ့လုံး၏အရှိန်ကို တိုးလာစေသည်) သို့မဟုတ် သုတေသနအဖွဲ့တွင် နေရာရွှေ့ပြောင်းခြင်းဆိုင်ရာ စွမ်းရည်များရှိရမည်။]


[သင်တန်းရွေးချယ်မှုကို အတည်ပြုပါ: Yes/No]


ယွဲ့ရှင်းဝမ်က ‘Yes’ ကို နှိပ်လိုက်သည်။


ထို့နောက် စခရင်တွင် ချက်ချင်း အချက်ပြတစ်ခုပေါ်လာသည်။

"C-183 သုတေသနအဖွဲ့က အောင်မြင်စွာ စာရင်းသွင်းပြီးပါပြီ… သင်ရဲ့သုတေသနအဖွဲ့က အဆင့် 3 သုတေသနအဖွဲ့ဖြစ်ကြောင်း တွေ့ရှိရပါတယ်… ဒီသင်တန်းမှာ [သုတေသနအဖွဲ့အတွက် ကန့်သတ်ထားသည်] နှင့် [credit မျှဝေခြင်း] လုပ်ဆောင်ချက်ကို သင်အသုံးပြုနိုင်ပါတယ်… သုတေသနအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို သင်ဖွင့်ချင်ပါသလား?"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ပြန်ကြည့်လိုက်သည်။

"ဆိုလိုတာက ဒီသင်တန်းအတွက် ငါတို့တွေ credit မျှဝေခြင်းကို အသုံးပြုနိုင်ပြီး လူတစ်ဝက်ကျော်သာ စာမေးပွဲအောင်သ၍ ကျန်တဲ့ကျောင်းသားတွေက အလိုအလျောက် စာမေးပွဲအောင်မှာမလား?"


ယခင်က သုတေသနအဖွဲ့ကို အဆင့်မြင့်တင်သောအခါ ယွဲ့ရှင်းဝမ်သည် လုပ်ဆောင်ချက်အသစ်များကို အထူးလေ့လာခဲ့သည်။


[X အဖွဲ့ဝင်]ကို လက်ရှိတွင် မရရှိနိုင်သေးပေ။ [credit မျှဝေခြင်း]ကို [သုတေသနအဖွဲ့အတွက် ကန့်သတ်ထားသည်]၏ သင်တန်းများတွင် အသုံးပြုနိုင်ပါသည်။ အဆင့် 3 သုတေသနအဖွဲ့အတွက် ကျောင်းသား 7 ယောက်နဲ့ အထက်သာ စာမေးပွဲဖြေဆိုရန် လိုအပ်သည်။ 


ကျန်းဖျင်စစ်: "ဒီသင်တန်းက အမြန်နှုန်းကို စမ်းသပ်တာဖြစ်ပြီး လူနည်းနည်းနဲ့ဆိုရင် ထိန်းချုပ်ရတာ ပိုလွယ်တယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။

"ဖျင်စစ်က လှုပ်ရှားမှုကို ထိန်းချုပ်ဖို့အတွက် coordinate system ကို အသုံးပြုလို့ရပေမယ့် လူများလွန်းရင် သူထိန်းချုပ်ရ ခက်ခဲလိမ့်မယ်… လူနည်းလေ ငါတို့အမြန်သွားနိုင်လေပဲ… [credit မျှဝေခြင်း]လုပ်ဆောင်ချက်ကို ငါဖွင့်ချင်တာကြောင့် ဒီသင်တန်းမှာ စာမေးပွဲဖြေဆိုဖို့ ကျောင်းသား 7 ဦးပဲ စေလွတ်မယ်…"


ယွဲ့ရှင်းဝမ်: "ချင်လုနဲ့ ဖျင်စစ်တို့က အဖွဲ့လိုက်နေရာရွှေ့ပြောင်းခြင်းစွမ်းရည်တွေ ရှိတာကြောင့် သူတို့သွားရမယ်… ငါက အဖွဲ့ခေါင်းဆောင်အနေနဲ့ သွားရမှာဖြစ်ပြီး လူ 4 ယောက် ကျန်သေးတယ်…"

သူက အခန်းတစ်ခုလုံးကို တစ်ချက်ကြည့်လိုက်ပြီး

"ကျန်းရှောင်နျန်၊ ဗိသုကာဌာနမှာတော့ မင်းမပါချင်ဘူးလို့ ပြောလို့မရဘူးမလား?"


ကျန်းရှောင်နျန်က ချက်ချင်း ခေါင်းငြိမ့်သည်။

"အင်း… ကျွန်တော်ပါမယ်!"


ယွဲ့ရှင်းဝမ်၏အကြည့်က ဆံပင်ကောက်ကောက်နဲ့ ရွှီယိရှန်းဆီ ရောက်လာသည်။

"စီနီယာအစ်ကိုရွှီလည်း ပါဝင်သင့်တယ်… စီနီယာရဲ့ mitosis က နေရာရွှေ့ပြောင်းခြင်းအဖြစ် သုံးလို့ရတယ်…"


ရွှီယိရှန်းက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောသည်။

"ကိစ္စမရှိပါဘူး…"


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းကို ကြည့်ကာ

"ရှောင်ထူကို ထောက်လှမ်းခိုင်းပြီး လမ်းကြောင်းရှာခိုင်းမယ်…"


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ…"


တစ်နေရာသာ ကျန်တော့တာကြောင့် ချင်မြောင်က အစပြု၍ ပြောလာသည်။

"ငါမသွားဘူး… ဒီသင်တန်းမှာ ငါ့ရဲ့စွမ်းရည်တွေက အသုံးမဝင်ဘူး…"


ကျိုဖုန်းနှင့် လင်းမန့်လော်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လင်းမန့်လော်က ပြောခဲ့သည်။

"ငါ ဒီသင်တန်းကို အရင်က ကျိုဖုန်းနဲ့အတူ တက်ခဲ့ပြီးပြီ… ငါတို့ရဲ့စွမ်းရည်တွေက အများကြီး အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ ခံစားရတယ်…"


ကျိုဖုန်းက ထောက်ခံသည်။

"အင်း… ငါတို့ ဒီနေရာကို မယူတော့ဘူး…"


ရှင်းယန်က ပေါ့ပါးစွာ ဆိုလေသည်။

"ငါ့ရဲ့အရက်မီးခွက်နဲ့ အက်စစ်က အထောက်အကူမဖြစ်ဘူး…"


လျှိုကျောက်ချင်းက သူ့လက်ကို မြှောက်ကာ သူ့ကိုယ်သူ အကြံပြုသည်။

"ဒါဆို ငါသွားမယ်… တစ်ယောက်ယောက် ဒဏ်ရာရရင် ငါမင်းတို့ကို အချိန်မရွေး ကုသပေးနိုင်ပြီး အထောက်အကူဖြစ်စေတယ်…"


လူ 7 ယောက်စာရင်းကို အတည်ပြုခဲ့သည်။ ယွဲ့ရှင်းဝမ်က တက်ဘလက်ကွန်ပျူတာပေါ်ရှိ [credit မျှဝေခြင်း] လုပ်ဆောင်ချက်ကို နှိပ်လိုက်သည်နှင့် သုတေသနအဖွဲ့မှ အဖွဲ့ဝင် 11 ဦး၏ နာမည်များက စခရင်ပေါ်တွင် ပေါ်လာပြီး ယွဲ့ရှင်းဝမ်က ၎င်းတို့ထဲမှ 7 ဦးကို အမြန်ရွေးချယ်ခဲ့သည်။


ရွေးချယ်ခံရသူ 7 ဦး၏ နားထဲတွင် အချက်ပြသံတစ်ခု မြည်လာသည်။

"စာမေးပွဲက မနက် 8 နာရီမှာ စတင်တော့မှာမို့ ပြင်ဆင်ထားကြပါ…"


ကျန်လေးယောက်အတွက် အချက်ပြတစ်ခု ပေါ်လာသည်။

"သင်ရဲ့ C-183 သုတေသနအဖွဲ့က ဗိသုကာဌာနရဲ့ ‘မြိုပြိုကျခြင်း’သင်တန်းကို စတင်တော့မှာဖြစ်လို့ သင်ရဲ့အဖွဲ့ဝင်တွေက စာမေးပွဲခန်းထဲကို ဝင်တော့မှာဖြစ်ပါတယ်… ကျေးဇူးပြုပြီး အနားယူမယ့်နေရာမှာ စောင့်ဆိုင်းပေးပါ… အဖွဲ့ဝင်ရဲ့ ရလဒ်တွေကို သင်နဲ့ တိုက်ရိုက်မျှဝေပေးမှာပါ…"


သူတို့၏အဖွဲ့ဝင်တွေ စာမေးပွဲအောင်ရင် သူတို့လည်း စာမေးပွဲအောင်လိမ့်မည်။ သူတို့၏အဖွဲ့ဝင်တွေ စာမေးပွဲကျရင် သူတို့လည်း ကျလိမ့်မည်။


ကျိုဖုန်းနှင့် လင်းမန့်လော်တို့သည် ယခင်က ဗိသုကာဌာန၏ သင်တန်းကို ကျရှုံးခဲ့ပြီးဖြစ်တာကြောင့် ယခုတစ်ကြိမ် ထပ်မံမအောင်မြင်ပါက သူတို့သည် တိုက်ရိုက်ရှင်းပစ်ခံရလိမ့်မည်။ ဒီလိုအခြေအနေမျိုးမှာတောင် သူတို့က စာမေးပွဲမဖြေကြပေ။ ပထမအချက်က အသင်းဖွဲ့စည်းပုံအတွက်ဖြစ်ပြီး၊ ဒုတိယအချက်က ကျိုဖုန်းနှင့် လင်းမန့်လော်တို့သည် ယွဲ့ရှင်းဝမ်ကို အလွန်ယုံကြည်ကြပြီး သူတို့၏ကံကြမ္မာကို ယွဲ့ရှင်းဝမ်၏လက်များထဲသို့ ထည့်ပေးခြင်းနဲ့ ညီမျှသည်။


ရွှီယိရှန်းက သူတို့နှစ်ယောက်ကို ပြန်ကြည့်ကာ မေးလိုက်သည်။

"မင်းတို့နှစ်ယောက်က တကယ်မသွားဘူးလား?"


ကျိုဖုန်း: ငါတို့နှစ်ယောက်က သိပ်အများကြီး ကူညီနိုင်မှာမဟုတ်ဘူး… ပြီးတော့ အဲဒါက ဖျင်စစ်ရဲ့ coordinate တွက်ချက်မှုမှာတောင် ဝန်ထုပ်ဝန်ပိုးဖြစ်စေလိမ့်မယ်… ဒါကြောင့် အရှုပ်အယှက်တွေကို ထည့်စရာမလိုတော့ပါဘူး…"


လင်းမန့်လော်က ခေါင်းငြိမ့်သည်။

"ဟုတ်တယ်… ငါတို့ ရှင်းဝမ်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်တယ်…"


ယွဲ့ရှင်းဝမ်က အလွန်လေးနက်သော အမူအရာဖြင့် အရှေ့သို့ လှမ်းလာခဲ့သည်။

"ကျွန်တော်တို့ရဲ့ သတင်းကောင်းကို စောင့်နေပါ…"


သူ့ကို ယုံကြည့်တဲ့ အဖွဲ့ဝင်တွေအတွက် စိတ်မပျက်စေရဘူး… သုတေသနအဖွဲ့ရဲ့ ပထမဆုံးအဖွဲ့လိုက်လုပ်ဆောင်ချက်မှာ ရလဒ်ကောင်းတွေရရှိအောင် သူအတတ်နိုင်ဆုံး ကြိုးစားသွားမယ်!


#TK