Chapter 13
Viewers 5k

Volume 1 : ဆေးပညာဌာန


Chapter 13 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၀၈)


“ပြစ်မှုဆိုင်ရာ စိတ်ပညာ”တွင် မကြာခဏဖော်ပြလေ့ရှိသော ကပ်လျက်တည်ရှိခြင်းနိယာမသည် ပြစ်မှုများကျူးလွန်သည့် လူသတ်သမား၏ အယူအဆဖြစ်သည်။ လူတွေက မရင်းနှီးသည့် ပတ်ဝန်းကျင်မှာ ကြောက်ရွံ့ပြီး အမှားတွေကို အလွယ်တကူ လုပ်မိမှာ ကြောက်ကြပေမဲ့ သူတို့ရင်းနှီးသည့် ပတ်ဝန်းကျင်နဲ့ လူများဆိုလျှင် ပို၍ယုံကြည်မှုရှိကြသည်။


ထို့ကြောင့် လူသတ်မှုဖြစ်စဉ်တွင် လူသတ်မှုကျူးလွန်သူသည် သူ့အနီးနားရှိလူများနှင့် နီးစပ်သူများကို ဦးစွာရွေးချယ်လေ့ရှိသည်။ လူတစ်ယောက် သို့မဟုတ် နှစ်ယောက်ကို သတ်ပြီးနောက် လူသတ်သမားသည် တစ်စုံတစ်ဦးကို အောင်အောင်မြင်မြင် သတ်ပစ်နိုင်သည့် ခံစားချက်ကို ခံစားရမည်ဖြစ်ပြီး၊ သူ၏သတ္တိက တဖြည်းဖြည်း တိုးလာကာ မှုခင်းနယ်ပယ်လည်း တိုးလာမည်ဖြစ်သည်။ 


ဤသည်မှာ ယွဲ့ရှင်းဝမ်က လူသတ်၏တည်နေရာကို ဆုံးဖြတ်ရန် အခြေခံဖြစ်သည်။


သူသည် လူနာဆောင်အတွင်းရှိ လူနာဆောင်များအားလုံးကို စာရွက်တစ်ရွက်ပေါ်တွင် ဆွဲလိုက်သောကြောင့် ကျောင်းသားများက သူ၏စိတ်ကူးများကို အလိုလိုနားလည်နိုင်မည်ဖြစ်သည်။



-------ဆရာဝန်ရုံးခန်း---------


05/04/03——口口——48/49/50


08/07/06——口口——45/46/47


11/10/09——口口——42/43/44


14/13/12——口口——39/40/41


17/16/15——口口——36/37/38


20/19/18——口口——33/34/35


23/22/21——口口——30/31/32


26/25/24——口口——27/28/29


VIP လူနာဆောင်——口口——VIP လူနာဆောင်


-------- သူနာပြုဌာန --------


ကန့်လန့်ဖြတ်မျဉ်းက စင်္ကြံကိုကိုယ်စားပြုပြီး အလယ်လေးထောင့်တုံးက အသုံးပြုလို့မရပေ။ 


ကုတင်နံပါတ် 3 မှ စတင်ပြီး အပေါ်ညာဘက်ထောင့်မှ ကုတင်နံပါတ် 50 တွင် အဆုံးသတ်သည်။


ယွဲ့ရှင်းဝမ်က မြေပုံကို ညွှန်ပြပြီး အတန်းဖော်များအား ရှင်းပြသည်။

"နှလုံးသွေးကြောဆိုင်ရာလူနာဆောင် တစ်ခုလုံးက ‘回’ပုံသဏ္ဌာန် စင်္ကြံရှိတယ်… ဘယ်ဘက်အောက်ထောင့်နဲ့ ညာဘက်အောက်ထောင့်မှာ VIP လူနာဆောင်တွေရှိပြီး စင်္ကြံရဲ့တစ်ဖက်တစ်ချက်စီမှာ လူနာဆောင် 8 ခုနဲ့ ကုတင်နံပါတ် 24 ခုရှိတယ်… ဘယ်ဘက်မှာ ကုတင်နံပါတ် 3/4/5 က ထိပ်ဆုံးဖြစ်ပြီး ကုတင်နံပါတ် 24/25/26 က အောက်ဆုံးဖြစ်တယ်… ညာဘက်မှာ အောက်က ကုတင်နံပါတ် 27/28/29 ကစတာဖြစ်ပြီး အပေါ်ထောင့် ကုတင်နံပါတ် 48/49/50 မှာ ဆုံးတယ်…"


အတန်းထဲမှာ မှတ်စုတွေကူးယူသလိုမျိုး သူဆွဲထားသည့် လူနာဆောင်မြေပုံကို လူတိုင်းတွေ့သောအခါ စာရွက်အလွတ်တစ်ရွက်ကို အလျင်အမြန်ယူပြီး ကူးယူကြကာ သက်ဆိုင်ရာ ကုတင်နံပါတ်နဲ့ သေဆုံးသူ၏ တည်နေရာကို အမှတ်အသားပြုကြသည်။


ယွဲ့ရှင်းဝမ်လည်း သေဆုံးသူ 5 ယောက်၏ နေရာကို ခရေပွင့်သင်္ကေတများဖြင့် အမှတ်အသားပြုထားသည်။

"မနက် 1 နာရီမှာ သေဆုံးသွားတဲ့ လူနာနှစ်ယောက်ဖြစ်တဲ့ ကုတင်နံပါတ် 15 နဲ့ 24 က စင်္ကြံနဲ့ နီးတယ်… ဆိုလိုတာကတော့ ညသန်းခေါင်ယံမှာ လူသတ်သမားက တံခါးကို ညင်သာစွာ တွန်းပြီး ခြေလှမ်းနှစ်လှမ်းလောက်နဲ့ လူနာရဲ့ဆေးပြွန်ထဲကို vasoconstricting ဆေး ဒါမှမဟုတ် အဆိပ်တွေကို ချက်ချင်းထည့်နိုင်တာကြောင့် ပြစ်မှုကျူးလွန်ဖို့ အရမ်းအဆင်ပြေတယ်…"


လျှိုကျောက်ချင်းက နောက်ဆုံးနားလည်သဘောပေါက်သွားသည်။

"လူသတ်သမားက ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်တဲ့အခါ သူနဲ့နီးစပ်သူတစ်ဦးကို ရွေးချယ်မှာဖြစ်တယ်… လူတစ်ယောက်ယောက်ကို သတ်ပြီးနောက် အခြားလူနာတွေ ဒါမှမဟုတ် ဆရာဝန်တွေနဲ့ သူနာပြုတွေ ဖမ်းမိခြင်းမခံရအောင် တတ်နိုင်သမျှ အမြန်ဆုံးပြန်လာနိုင်တာပေါ့… သေဆုံးသူနှစ်ယောက်နဲ့ အနီးစပ်ဆုံး လူနာဆောင်နှစ်ခုက ကုတင်နံပါတ် 18/19/20 နဲ့ ကုတင်နံပါတ် 21/22/23 တွေလား"


ခယ်ရှောင်ပင်းက မျက်မှန်ကို ပင့်တင်ကာ အနီးကပ်ကြည့်ပြီးနောက် သူရုတ်တရက် သဘောပေါက်သွားသည်။

"ကုတင်နံပါတ် 15 မှာ သေဆုံးသွားတဲ့သူက တံခါးရဲ့ ဘယ်ဘက်ခြမ်းမှာရှိနေပြီး ကုတင်နံပါတ် 24 မှာ သေဆုံးသွားတဲ့သူက တံခါးရဲ့ ညာဘက်ခြမ်းမှာရှိနေတယ်… ပြစ်မှုကျူးလွန်ဖို့ အသွားအပြန်အချိန်က 10 မိနစ်တောင် မရှိဘူးလို့ ထင်ရတာကြောင့် သူတို့နှစ်ယောက်ရဲ့ သေဆုံးချိန်က 10 မိနစ်ပဲကွာတယ်လို့ ရှင်းပြလို့ရတယ်မလား… သူတို့က နီးနီးလေးမို့ လူသတ်သမားက လူသတ်မှုကျူးလွန်ဖို့ အဆင်ပြေတယ်မလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ကာ ပြောသည်။

"မှန်တယ်… ညဘက် လူနာဆောင်ထဲမှာ တာဝန်ကျ ဆရာဝန်နဲ့ သူနာပြုတွေ ရှိတယ်… လူနာက ပြဿနာတတ်ရင် သူနာပြုဌာနထဲက သူနာပြုတွေက သတိပေးချက် ဖွင့်လိမ့်မယ်… လူသတ်သမားက လူနာကို အန္တရာယ်ရှိတဲ့ ဆေးတွေနဲ့ အမြန်ထိုးသွင်းပြီး 10 မိနစ်အတွင်း လူနာဆောင်ထဲကို ပြန်သွားရမယ်… မဟုတ်ရင် သူနာ‌ပြုတွေက သတိပေးချက်ဖွင့်လိုက်ရင် ဆရာဝန်တွေက လူနာကို ကယ်ဆယ်ဖို့ အခင်းဖြစ်ပွားရာနေရာကို အပြေးအလွှားလာမှာဖြစ်ပြီး စင်္ကြံမှာ လူသတ်သမားနဲ့ အလွယ်တကူ တွေ့နိုင်ခြေရှိတယ်…"


လူသတ်သမားသည် အနီးနားတွင် ရှိနေသောကြောင့် လူသတ်ရန် အပြင်ထွက်ပြီးနောက် လူနာဆောင်ထဲသို့ ပြန်ခိုးဝင်ရန် အချိန်တိုတောင်းမည်ဖြစ်သည်။ သေဆုံးသူများသည် သူတို့၏ဘယ်ညာတံခါးများနှင့် အလွန်နီးကပ်နေသည်။ လူသတ်သမားသည် သူတို့ကို သတ်ပြီးနောက် ဆရာဝန်များနဲ့ သူနာပြုများ၏ ကယ်ဆယ်ရေးအခြေအနေကို အချိန်မရွေး စောင့်ကြည့်နိုင်သည်။


ယွဲ့ရှင်းဝမ်က ဆက်လက်၍ ခွဲခြမ်းစိတ်ဖြာသည်။

"ဒီလူနှစ်ယောက်ကို သတ်ပြီးနောက်မှာ လူသတ်သမားက ပိုပြီးရဲရင့်လာတယ်… နှစ်နာရီကြာတော့ မနက် 3:30 မှာ ထပ်ပြီး ပြစ်မှုကျူးလွန်တဲ့အခါ အဝေးကပစ်မှတ်ကို ရွေးလိုက်တယ်… ကုတင်နံပါတ် 5 နဲ့ 50 က ဆရာဝန်ရဲ့တာဝန်ခန်းနဲ့ အတော်လေးနီးပြီး အဲဒီကသန့်စင်ခန်းထဲကို ဝင်သွားတာဖြစ်မယ်… သူက သန့်စင်ခန်းထဲဝင်ချင်ယောင်ဆောင်ပြီး ကုတင်နံပါတ် 5 ကိုအရင်သတ်ပြီးတော့ ကုတင်နံပါတ် 50 ကိုသတ်ပြီးမှ သူ့လူနာဆောင်က်ု အမြန်သွားပြန်သွားလို့ရတယ်…"


"မနက် 5 နာရီမှာ တတိယ‌အကြိမ်မြောက် ပြစ်မှုကျူးလွန်တဲ့အခါ အဝေးဆုံးပစ်မှတ်ကို ရွေးချယ်ပြီး သူနာပြုဌာနအရှေ့ကနေ လှည့်ပတ်လျှောက်သွားပြီး ဘယ်ဘက်စင်္ကြံကနေ ညာဘက်အောက်ထောင့်က လူနာဆောင်ရှိ ကုတင်နံပါတ် 33 ကို သတ်ပစ်ခဲ့တယ်…"


ယွဲ့ရှင်းဝမ်က လူသတ်သမား၏ ရွေ့လျားမှုလမ်းကြောင်းကို အပြည့်အစုံရေးဆွဲထားတာကို မြင်လိုက်ရသောအခါ အတန်းဖော်များက လက်မထောင်ခဲ့ကြသည်။

"ရှင်းဝမ်ကောက်ချက်ချတာက ငါ့အတွက်တော့ အရမ်းယုတ္တိရှိတယ်"


"လူသတ်သမားက ပြစ်မှုကို အချိန်ကာလသုံးပိုင်းခွဲထားပြီး ဒီတော့ လူသတ်သမားက အနီးစပ်ဆုံးသူကို အရင်ရှာပြီး နောက်ဆုံးမှ အဝေးကသူကို သတ်ပစ်လိမ့်မယ်လို့ ငါလည်းတွေးမိတယ်…"


လူသတ်သမားသည် မနေ့ညက သူတို့လူနာဆောင်ထဲ ဝင်လာပြီး သူတို့အနားရှိ ကုတင်က လူနာကို တိတ်တဆိတ် သတ်လိုက်တာလို့ တွေးလိုက်တော့ အားလုံး၏နောက်ကျောများက တုန်တုန်ယင်ယင်နဲ့ ကြက်သီးမွေးညင်းထလာကြသည်။


လျှိုရှောင်းရှောင်းက တုန်ယင်ကာ အံကြိတ်ပြီး မေးသည်။

"ရှင်းဝမ်… သံသယရှိသူတွေက ဒီလူနာတွေထဲက ဖြစ်တယ်ဆိုတာ သေချာလား… ဆရာဝန်နဲ့ သူနာပြုတွေ ပြစ်မှုကျူးလွန်တာကော မဖြစ်နိုင်ဘူးလား"


ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။

"ဟုတ်တာပေါ့… ကပ်လျက်တည်ရှိခြင်းနိယာမကတော့ ဆရာဝန်တွေနဲ့ သူနာပြုတွေနဲ့ မသက်ဆိုင်ဘူး… ဒီကိစ္စမှာ လူသတ်သမားက ဆေးဘက်ဆိုင်ရာဝန်ထမ်းဖြစ်ခဲ့ရင် လူနာတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေ တွေ့ရင်တောင် သူတို့ဆန္ဒအတိုင်း ဝင်ထွက်သွားလာနိုင်ပြီး ဘယ်သူမှ သံသယရှိမှာ မဟုတ်ဘူး… ‘အနီးကို အရင်သတ်ပြီးမှ အဝေးကိုသတ်မယ်’ဆိုတဲ့ စည်းမျဥ်းကို လိုက်နာဖို့ မလိုဘူး… ဆေးဝန်ထမ်းတွေက မတော်တဆ ပြစ်မှုတွေ ကျူးလွန်နိုင်သလို၊ ဒီလိုဆိုရင် ငါတို့ခွဲခြမ်းစိတ်ဖြာမှုရဲ့ အချိန်နဲ့ လမ်းကြောင်းက အဓိပ္ပါယ်မရှိတော့ဘူး…"


သူသည် လူနာဆောင်ရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ အချက်အလက်များကို ဖွင့်ကာ မနေ့ညက တာဝန်ကျစာရင်းကို အာရုံစိုက်ခဲ့သည်။

"ဒါက မနေ့ညက တာဝန်ကျတဲ့ ဆရာဝန်နဲ့ သူနာပြုတွေရဲ့ စာရင်းပဲ… သူတို့အပေါ် မင်းတို့ရဲ့ အထင်အမြင်တွေကို အရင်ပြန်စဉ်းစားပြီး သူတို့မှာ သံသယတွေ ရှိ၊မရှိ ကြည့်ရအောင်… အတန်းဖော်လျှိုရှောင်းရှောင်း ဖော်ပြခဲ့တဲ့ ပြစ်မှုကျူးလွန်နိုင်တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ဖြစ်နိုင်ခြေကို အလျင်စလို ငြင်းဆန်လို့မရဘူး…"


ယွဲ့ရှင်းဝမ်သည် လူတိုင်းကို သဲလွန်စရှာနိုင်စေရန် ဆရာဝန်များနှင့် သူနာပြုများ၏ အချက်အလက်များကို ဖြန့်ဝေခဲ့သည်။


လျှိုရှောင်းရှောင်းက အချက်အလက်ကိုယူပြီး ဖတ်ကာ ပြောသည်။

"ဒါက ကျွန်မတို့ လူနာဆောင်က သူနာပြုအစ်မဖြစ်ပြီးတော့ နူးညံ့သိမ်မွေ့တဲ့ စရိုက်ရှိတယ်… သူမက နောက်တစ်ပတ်မှာ လက်ထပ်တော့မှာကြောင့် သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဖိတ်စာတွေ ပို့နေပြီလို့ မနေ့က တစ်ယောက်ယောက်နဲ့ စကားပြောနေတာ ကြားလိုက်တယ်… သူမရဲ့ပျော်ရွှင်စရာပွဲက နီးလာပြီဆိုတော့ သူမက လူ 5 ယောက်ကို ဆက်တိုက်သတ်ခဲ့တဲ့ လူသတ်သမားတော့ မဟုတ်နိုင်ဘူးမလား"


လျှိုရှောင်းရှောင်းနဲ့ လူနာဆောင်တစ်ခုတည်းနေသည့် ချွီဝေးဝေးက ထပ်ပေါင်းပြောသည်။

"လည်ပင်းမှာ စိန်လည်ဆွဲ ဝတ်ထားတဲ့ ဒီသူနာပြုကို ကျွန်မသိတယ်… အဲဒါကို သူမရဲ့သတို့သားက ပေးတာလို့ ပြောတယ်… သူတို့နှစ်ယောက်စလုံးက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိသင့်ပြီး ဒီလိုမိန်းကလေးမျိုးက တစ်ယောက်ယောက်ကို သတ်ပစ်ဖို့ ရည်ရွယ်ချက်မရှိသင့်ဘူး…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ကာ အခြားလူများကိုကြည့်ပြီး မေးသည်။

"အခြားသူနာပြုတွေရော ဘယ်လိုလဲ"


ကျုံ့ယွီဟန်က မျက်မှောင်ကြုတ်ကာ ပြောသည်။

"ဒါက ငါတို့လူနာဆောင်ရဲ့ တာဝန်ခံ သူနာပြုဖြစ်ပြီးတော့ ဘွဲ့ရတာ သိပ်မကြာသေးတဲ့ မိန်းမငယ်လေးပဲ… သူမက အသက် 20 ဝန်းကျင်ရှိပြီးတော့ ရှက်တတ်တဲ့ အကျင့်စရိုက်ရှိတယ်… မနေ့က သူမကို ငါမေးကြည့်တော့ သူမကရှက်ပြီး မျက်နှာနီနေတယ်… သူမက လူသတ်သမားနဲ့တော့ မတူဘူးမလား"


ခယ်ရှောင်ပင်း၏အမူအရာက လေးနက်သွားပြီး ပြောသည်။

"တတိယမြောက်သူနာပြုက ငါတို့လူနာဆောင်ရဲ့ တာဝန်ခံ သူနာပြုပဲ… သူမယောင်္ကျားနဲ့ စကားများ ရန်ဖြစ်ခဲ့တယ်… မနေ့က တစ်ယောက်ယောက်နဲ့ သူမစကားစမြည်ပြောသံကြားတော့ စိတ်တွေဆိုးနေမှန်း သိသာတယ်… ငါ သူမကို မေးခွန်းမေးတော့ သူမက ငါ့ကို ဆူဆဲတော့မလို့… သူမက မီးဖွားပြီးတာနဲ့ အလုပ်ကို အချိန်တိုအတွင်း ပြန်လာပုံရပြီး စိတ်ခံစားချက်တွေ အတော်လေး ရှုပ်ထွေးနေပုံရတယ်… ဒါပေမဲ့ သူမရဲ့ဒေါသကိုဖွင့်ထုတ်ဖို့ လူနာတွေကို သတ်တာတော့ မဖြစ်နိုင်ဘူးမလား"


လျှိုကျောက်ချင်းက ပြောလာသည်။

"သူမက သူမယောင်္ကျားနဲ့ ရန်ဖြစ်ခဲ့တာ… တကယ်လို့ သူမက ဒေါသကိုဖွင့်ထုတ်ပြီး လူတွေကို သတ်ချင်တယ်ဆိုရင် သူမယောင်္ကျားကို အရင်သတ်လိမ့်မယ်…"


လူတိုင်း: "…"


စီနီယာအစ်ကိုပြောသည်မှာ ကျိုးကြောင်းဆီလျော်သည်။ ယောင်္ကျားဖြစ်သူက သူမအား ဒေါသထွက်စေခဲ့သည့်အတွက် ဆေးရုံသို့ပြန်သွားပြီး လူနာများကို သတ်ပစ်ရန် အကြောင်းအရင်းမရှိပေ။


ယွဲ့ရှင်းဝမ်သည် ထိုသူနာပြုကို ပြစ်မှုကျူးလွန်သူဖြစ်ကြောင်း သံသယမရှိပေ။ သူနာပြုသုံးဦးမှာ ပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်မရှိပေ။ ထို့အပြင် သူနာပြုများသည် ဆေးပြောင်းပြီးနောက် သူနာပြုဌာနဘေးရှိ ဆေးဘက်ဆိုင်ရာအမှိုက်ပုံးထဲသို့ စွန့်ပစ်လေ့ရှိကြပြီး အမှိုက်ကို နေ့တိုင်း ပစ်တာကြောင့် အထောက်အထားများ ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်စရာမလိုပေ။ သို့သော် သူနှင့် လျှိုကျောက်ချင်းတို့သည် အမှိုက်ပုံးအတွင်းမှ သဲလွန်စမတွေ့ခဲ့ကြပေ။


တစ်ယောက်ပြီးတစ်ယောက် ခွဲခြမ်းစိတ်ဖြာပြီး ဖယ်ထုတ်ရသည့် အကြောင်းရင်းက ကျောင်းသားတွေကို သူ၏ကောက်ချက်ချက်မှုအား အသိအမှတ်ပြုဖို့ပဲ ဖြစ်သည်။ ဒီလိုမှမဟုတ်လျှင် နောက်ဆုံးအဖြေမှားသွားပါက ကျောင်းသားများသည် သူမှန်ကန်စွာ ခွဲခြမ်းမစိတ်ဖြာသည့်အတွက် သူ့ကို အပြစ်တင်ကြမှာဖြစ်သည်။


ယွဲ့ရှင်းဝမ်က လျှိုကျောက်ချင်းကို ကြည့်ပြီး ပြောသည်။

"စီနီယာအစ်ကို… တာဝန်ကျ ဆရာဝန်သုံးယောက်ထဲမှာ သံသယရှိသူ တစ်ယောက်ယောက်ရှိတယ်လို့ ထင်မိလား"


လျှိုကျောက်ချင်းက တာဝန်ကျသူစာရင်းတွင် ပါရှိသည့် အမည်များကို ငုံ့ကြည့်ကာ သူတို့၏ အချက်အလက်များကို ကွန်ပျူတာမှ ဖွင့်ကြည့်ပြီး ပြောသည်။

"Attending ဆရာဝန် ရှောင်းဝမ်က လိမ္မာပါးနပ်ပြီး အရည်အချင်းရှိပြီးတော့ နှလုံးသွေးကြောဆိုင်ရာအထူးကု Ph.D ဘွဲ့ကိုရခဲ့တယ်… သူက ငယ်ငယ်ရွယ်ရွယ်နဲ့ attending ဆရာဝန်အဖြစ် ရာထူးတိုးခံရတယ်… သူက ဆယ်နှစ်ကျော်လောက် စာလေ့လာခြင်း၊ စာတမ်းရေးခြင်း၊ လေ့ကျင့်ရေး‌တွေနဲ့ပဲ အချိန်ကုန်ခဲ့ပြီးတော့ attending ဆရာဝန် ဖြစ်လာဖို့ကလည်း မလွယ်ကူဘူး… သူက လူနာဆောင်မှာ တစ်ယောက်ယောက်ကို သတ်ဖို့အထိတော့ မရူးသေးဘူးမလား… မဟုတ်ရင်တော့ သူက စိတ်ရောဂါသည်ပဲ…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"အင်း… ပေါင်းသင်းဆက်ဆံရေးမှာ အကျင့်စရိုက်မကောင်းတာ ဒါမှမဟုတ် စိတ်ရောဂါရှိတဲ့သူပဲ ဒီလိုမျိုး လုပ်နိုင်တယ်…"


လျှိုကျောက်ချင်းက သူ့မေးစေ့ကို ထိပြီး တာဝန်ကျဆရာဝန်နှစ်ယောက် ဆက်လက် ခွဲခြမ်းစိတ်ဖြာကာ ပြောသည်။

"‌ဆရာဝန်မာပင်းက အသက် 30 အရွယ်၊ resident ဆရာဝန်ဖြစ်ပြီး သူ့ကိုယ်ရေးအကျဉ်းမှာ သူက အခြားဆေးရုံကနေ ပြောင်းရွှေ့ပြီး ဒီမှာ အလုပ်လုပ်တာ တစ်နှစ်ပဲရှိသေးတယ်လို့ ဖော်ပြထားတယ်… အလုပ်သင်ဆရာဝန်နာမည်က စွန်းလျန်ဖြစ်ပြီး အသက် 25 နှစ်အရွယ်၊ မကြာသေးမီကမှ ဘွဲ့လွန်ကျောင်းကနေ ဘွဲ့ရထားတာ… သူတို့ထဲက ဘယ်သူ့မှာ လူသတ်ဖို့ ရည်ရွယ်ချက်ရှိနိုင်လဲ"


ယွဲ့ရှင်းဝမ်က ခဏလောက်တွေးပြီး နောက်ဆုံးမှာ ကောက်ချက်ချခဲ့သည်။

"သူနာပြုသုံးယောက်ကို ဖယ်ထုတ်လို့ရတယ်… မနေ့ညက လူနာဆောင်မှာ ‌တာဝန်ကျတဲ့ ဆရာဝန်သုံးယောက်ကိုတော့ ဆိုင်းငံ့ထားမယ်… ကျွန်တော် အခုလေးတင် ခွဲခြမ်းစိတ်ဖြာထားတာက လမ်းကြောင်းပေါ် အခြေခံပြီး လူနာဆောင်ထဲက လူနာနှစ်ယောက်က သံသယဖြစ်စရာအကောင်းဆုံးသူတွေပဲ…"


တစ်‌စုံတစ်ယောက်ကို သတ်ဖို့ဆိုတာ ရည်ရွယ်ချက် အမြဲရှိရမည်။ စိတ်ဆိုးနေတာကြောင့် လူတစ်ယောက်ကို ဒီအတိုင်း သတ်ပစ်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် မနေ့ညက လူသတ်သမားသည် ကောင်းစွာပြင်ဆင်ထား၏။ ဒါဟာ စိတ်အားထက်သန်သည့် ပြစ်မှုမဟုတ်ပေမဲ့ ကာလရှည်ကြာ ကြံစည်ထားသော လူသတ်မှုတစ်ခုဆိုတာ ထင်ရှားပါသည်။ လူသတ်သမားသည် နှလုံးသွေးကြောဆိုင်ရာ အထူးကုဆရာဝန်များ၏ သက်ဆိုင်ရာအယူအဆအသိပညာကိုလည်း သိသည်။


ယွဲ့ရှင်းဝမ်က လူနာဆောင်နှစ်ခုမှ လူနာအချက်အလက်များကို ယူပြီး ကျောင်းသားများထံ ပေးခဲ့သည်။

"သံသယရှိသူ 6 ယောက်ကို ကြည့်ရအောင်… ကုတင်နံပါတ် 18 ရဲ့ အဘွားအိုက ခွဲစိတ်မှုခံယူထားတာကြောင့် လောလောဆယ်မှာ အောက်ဆီဂျင်မျက်နှာဖုံး ဝတ်ထားရတယ်… မေ့မြောနေပြီး သူမဘာသာလှုပ်ရှားရခက်တယ်… သူမကို ပထမဆုံး ဖယ်ထုတ်လိုက်ရအောင်…"


ကျုံ့ယွီဟန်က ‌ထပ်ပေါင်းပြောသည်။

"ကုတင်နံပါတ် 22 နဲ့ 23 မှာရှိတဲ့ အဘိုးအိုနှစ်ယောက်က ငါတို့ဘေးခန်းမှာ နေကြတာ… သူတို့နှစ်ယောက်လုံးက အသက် 70 ကျော်နေပြီ… တစ်ယောက်က အလှဆင်ကုမ္ပဏီတစ်ခုက ဘိလပ်မြေလုပ်သားဖြစ်ပြီး နောက်တစ်ယောက်က လက်သမားပါ… သူတို့နှစ်ယောက်က အချင်းချင်းသိကြပြီး တစ်ယောက်နဲ့တစ်ယောက် အဘိုးကြီးကျန်း၊ အဘိုးကြီးလီဆိုပြီး ခေါ်ကြတယ်… သူတို့က အမြဲတမ်း စင်္ကြံမှာ သူတို့မြေးတွေရဲ့ စာမေးပွဲရလဒ်တွေကို ပြောလေ့ရှိတယ်… သူတို့ပုံစံက ရိုးသားပြီး သစ္စာရှိတာကြောင့် ဆေးပညာဗဟုသုတတော့ မရှိလောက်ဘူးမလား… သူတို့က သိပ်ပြီးသံသယဖြစ်စရာကောင်းတယ်လို့တော့ မထင်ဘူး…"


လူ 6 ယောက်ကနေ 3 ယောက်ကို ဖယ်ထုတ်ပြီး သံသယရှိသူလူဦးရေက ကျဉ်းသွားပြန်သည်။


ယွဲ့ရှင်းဝမ်က ကျန်လူ 3 ယောက်၏ အချက်အလက်ကို ပြောပြခဲ့သည်။

"ကုတင်နံပါတ် 19 က ဆေးပညာဌာနရဲ့ အငြိမ်းစာပါမောက္ခဖြစ်ပြီး ကုတင်နံပါတ် 20 က ဆေးရုံမှာ ဆေးနှင့်သက်ဆိုင်တဲ့ အလုပ်တွေ လုပ်ဖူးတယ်… ကုတင်နံပါတ် 21 က ဆေးဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် အလုပ်လုပ်တယ်… သူတို့ 3 ယောက်စလုံးက ဆေးပညာဗဟုသုတရှိကြတယ်… နှလုံးသွေးကြောကျဉ်းရောဂါသည်တွေ ရုတ်တရက် သေဆုံးအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာ သိထားနိုင်တယ်… အသက် 50 နဲ့ 60 ကြားမှာ အခြေအနေက မပြင်းထန်ဘူး… သူတို့အားလုံးက ပြစ်မှုကျူးလွန်နိုင်တဲ့ အခြေအနေမှာရှိတယ်…"


လူသတ်သမား၏ နှလုံးရောဂါသည်များကို အလွန်မုန်းတီးရသည့်အကြောင်းရင်းက ဘာလဲဆိုတာ ယွဲ့ရှင်းဝမ် နားမလည်နိုင်ခဲ့ပေ။


ထိုအချိန်တွင် လူနာဆောင်တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်သည်။


အားလုံးက တညီတညွတ်တည်း ခေါင်းလှည့်လိုက်ကြပြီး ကုတ်အင်္ကျီအဖြူကို ဝတ်ထားသည့် ဆရာဝန်ရှောင်းဝမ်က မျက်နှာသေဖြင့် လမ်းလျှောက်လာတာကို မြင်လိုက်ရသည်။ လူနာဆောင်ထဲမှာ လူနာတွေ အများကြီးစုနေတာကိုမြင်တော့ အမြင်မကြည်စွာ မျက်ခုံးကိုပင့်ပြီး အေးစက်စက် မေးလိုက်သည်။

"မင်းတို့ ဘာလုပ်နေတာလဲ" 


ကျောင်းသားများက ပါးစပ်မှထုတ်ပြောလုနီးပါး ဖြစ်သွားသည်: ငါတို့ အတန်းအစည်းအဝေးတက်နေတာ…


ဆရာဝန်၏အေးစက်စက်အကြည့်ကို တွေ့သောအခါ လူတိုင်းက ခေါင်းငုံ့လိုက်ကြသည်။ ခယ်ရှောင်ပင်းက အရှိန်ပြင်းပြင်းနဲ့ လက်ပ်တော့ထဲက အချက်အလက်များကို ပိတ်လိုက်ပြီး ကွန်ပျူတာနဲ့ပါလာသော ရုပ်ရှင်တစ်ကားကို ဖွင့်ကာ ပြုံးပြသည်။

"ဒေါက်တာ… အားလုံးက ပျင်းနေတော့လေ ကျွန်တော်တို့က အတူတူ ဇာတ်ကားကြည့်နေကြတာ…"

တိုက်ဆိုင်စွာ သူဖွင့်လိုက်သော ရုပ်ရှင်မှာ Horror ရုပ်ရှင် ‘The Grudge’ဖြစ်ပြီး အမျိုးသမီးတစ္ဆေတစ်ကောင်က မြေပြင်မှာ တွားသွားလာနေခဲ့သည်။


ဆရာဝန်ရှောင်း၏ မျက်နှာက ပို၍ပင် ရုပ်ဆိုးလာသည်။

"နှလုံးရောဂါသည်တွေက horror ရုပ်ရှင်ကြည့်ဖို့ အတူတူနေရလား… မင်းတို့တွေ အသက်မရှင်ချင်တော့ဘူးလား"


လူတိုင်း: "…"


‌ဆရာဝန်ရှောင်းက လေသံမာမာဖြင့် ပြောသည်။

"မင်းတို့တွေ မပြန်သေးဘူးလား"


ဆရာဝန်၏အေးစက်စက်အကြည့်ကြောင့် ကျောင်းသားများသည် ရုတ်တရက် လူစုခွဲကာ သူတို့၏လူနာဆောင်သို့ အမြန်ပြန်ပြေးသွားကြသည်။


ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့ ကုတင်ပေါ်မှာ အမြန်ထိုင်လိုက်သည်။ ‌ဆရာဝန်ရှောင်းက ရောက်လာပြီး နားကြပ်ကို ကောက်ကိုင်ကာ လူနှစ်ယောက်၏ နှလုံးခုန်နှုန်းကို ဂရုတစိုက် နားထောင်ပြီး ပေါ့ပေါ့ပါးပါးပြောသည်။

"မင်းတို့နှစ်ယောက်ရဲ့ နှလုံး CR ရောဂါရှာဖွေရေး ရလဒ်တွေ ထွက်လာပြီ…"


လျှိုကျောက်ချင်းက အလျင်အမြန် မေးသည်။

"ဒေါက်တာရှောင်း အဲဒါက မစိုးရိမ်ရဘူးမလား"


ဆရာဝန်ရှောင်းက သူ့ကိုကြည့်ကာ ပြန်ဖြေသည်။

"လျှိုကျောက်ချင်း၊ မင်းရဲ့နှလုံးသွေးလွှတ်ကြောရဲ့ ဘယ်ဘက်အရှေ့ကအုပ်စုမှာ 80% stenosis ရှိနေတယ်…"


ထို့နောက် သူက နောက်ထပ် X-ray ပုံတစ်ပုံကိုယူပြီး ယွဲ့ရှင်းဝမ်အား ပေးကာ ပြောသည်။

"မင်းရဲ့ဘယ်ဘက်သွေးလွှတ်ကြောတစ်ဝိုက်မှာ 80% stenosis ရှိတယ်… နှစ်ယောက်စလုံးက တော်တော်ပြင်းထန်လို့ ခွဲစိတ်ဖို့အဆင့်ကို ရောက်သွားပြီ… ကံကောင်းထောက်မစွာ မင်းတို့က ငယ်သေးတယ်… အခြားရောဂါနောက်ခံတွေလည်း မရှိဘူး… ကြားဖြတ်ခွဲစိတ်မှုလုပ်ရင် အလားအလာက မဆိုးဘူး…"


ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှုတ်မှ လွတ်ခနဲထွက်သွားသည်။

"ခွဲစိတ်ရမယ်…"


‌ဆရာဝန်ရှောင်းက ပြောသည်။

"ဒါက ခွဲစိတ်ဖို့အတွက် အသိပေးထားတဲ့ သဘောတူညီချက်ဖောင်ပါ… အဲဒါကို အရင်ဆုံးဖတ်ပြီး မိသားစုဝင်တွေကို နောက်ရက်မှာ လက်မှတ်ထိုးခိုင်းလို့ရတယ်…"


ယွဲ့ရှင်းဝမ်သည် သဘောတူညီချက်ဖောင်ကိုယူပြီး အထက်တွင်ဖော်ပြထားသော “အန္တရာယ်ရှိသောအခြေအနေများ” နှင့် “ခွဲစိတ်ပြီးနောက်ဖြစ်နိုင်သောနောက်ဆက်တွဲပြဿနာများ” အများအပြားကို ‌ကြည့်ရှုခဲ့သည်။


‌ဆရာဝန်ရှောင်းက တုံ့ပြန်သည်။

"80% stenosis က သွေးကြောတွေပိတ်ဆို့ခြင်းကို အလွယ်တကူ ဖြစ်စေနိုင်တယ်… တတ်နိုင်သမျှ အမြန်ဆုံး ခွဲစိတ်တာက အကောင်းဆုံးပဲ…"


ဆရာဝန်ထွက်သွားပြီးနောက် ယွဲ့ရှင်းဝမ်သည် မထိန်းနိုင်ဘဲ သူနားထင်ကိုပွတ်ကာ ပြောသည်။

"ခွဲစိတ်ခန်းကိုတော့ ကျွန်တော်တို့ကို တကယ်ပို့မှာမဟုတ်ဘူးမလား… ဒီသင်တန်းက အတွေ့အကြုံတွေ အရမ်းများလွန်းတယ်…"


များသောအားဖြင့် သူဖျားတာ ရှားပါသည်။ ဒီတစ်ခေါက်တွင် သူသည် နှလုံရောဂါရနေပြီး ဆေးရုံတတ်ထားရသည်။ ဤသင်တန်းတွင် သူတို့သည် ကွင်းဆက်လူသတ်သမားနဲ့ ကြုံ‌နေရပြီး ညဘက်တွင် တိုက်ပွဲလည်းရှိသေးသည်။ အကယ်၍ သူသာ ခွဲစိတ်ခန်းကို အပို့ခံရလျှင် သူဘဝနိဂုံးချုပ်သွားမည် မဟုတ်ပါလား။


လျှိုကျောက်ချင်းက သဘောတူညီချက်ဖောင်ကို တည်ငြိမ်စွာ အိပ်ရာဘေးရှိစားပွဲပေါ်တွင် တင်လိုက်ပြီး ပြောသည်။

"ငါတို့က ဒီမှာ 5 ရက်ပဲ အသက်ရှင်ရမှာဖြစ်ပြီး ခွဲစိတ်မှုမလုပ်ခင် ငါတို့တွေ ဒီကနေ ထွက်သွားရမယ်… ငါတို့မိသားစုဝင်တွေက မြို့ထဲမှာမရှိတာကြောင့် သဘောတူညီချက်ဖောင်မှာ လက်မှတ်မထိုးနိုင်ဘူးလို့ ဆင်ခြေပေးလိုက်ရင် ရက်အနည်းငယ်လောက်တော့ နောက်ဆုတ်လို့ရနိုင်တယ်… ဘာပဲဖြစ်ဖြစ် ငါတော့ ခွဲစိတ်ခန်းကို လုံးဝမသွားနိုင်ဘူး…"


ယွဲ့ရှင်းဝမ်က ချက်ချင်း သဘောတူသည်။

"ကျွန်တော်လည်း ခွဲစိတ်မှုမလုပ်ချင်ဘူး… ခွဲစိတ်ခန်းထဲဝင်ရင် အသက်ပြန်ရှင်နိုင်မလားဆိုတာ ဘယ်သူသိမှာလဲ… ခွဲစိတ်မှုအတွင်း မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်က မတရားသဖြင့်သေသွားလိမ့်မယ်…"


လျှိုကျောက်ချင်းသည် နှလုံး CR X-ray ပုံရိပ်ကို ကောက်ကိုင်ပြီး အလင်းရောင်ထဲတွင် stenosis နေရာကို အသေအချာကြည့်ကာ ပြောသည်။

"အိုင်းယား… ငါတို့နှလုံးရောဂါက ငါထင်ထားတာထက်တောင် ပို‌ပြင်းထန်နေတယ်… 80% stenosis က အဆင့် 4 stenosis အထိ ဖြစ်နေပြီ… ဘာပဲဖြစ်ဖြစ် ညပိုင်းစာမေးပွဲက မနေ့ညက ပြီးသွားပြီမလား… ဒီညတော့ မလာလောက်တော့ဘူးမလား… ငါတို့တွေ ဒီလိုမျိုးထပ်လုပ်ရရင် ငါတို့နှလုံးတွေက ခံနိုင်ပါ့မလား"


ယွဲ့ရှင်းဝမ်သည် ထိုစကားကိုကြားသောအခါ သူ့နောက်ကျောက အနည်းငယ် တောင့်ခဲသွားသည်။ ဒီစီနီယာအစ်ကိုမှာ ကျီးကန်းပါးစပ်ရှိမည်ဟု သူအမြဲလိုလိုခံစားရသည်။


ဆရာဝန်ရှောင်းက လူနာဆောင်တစ်ခုလုံးတွင် လှည့်ပတ်ကြည့်ရှုမှုများကို စတင်ကတည်းက ကျောင်းသားများသည် ဆေးရုံကုတင်ပေါ်တွင် နာခံစွာ လဲလျောင်းနေခဲ့ရသည်။ လူတိုင်း၏ အခြေအနေက အတူတူပဲဖြစ်သည်။ “ခွဲစိတ်ခန်း”စကားလုံးကို ကြားသောအခါ သူတို့အားလုံးသည် ခွဲစိတ်ခန်းထဲ အပို့ခံရမည်ကို စိုးရိမ်သောကြောင့် အားလုံးက ထိတ်လန့်သွားကြသည်။


ကောင်းကင်က ထပ်မံမှောင်လာပြီး အပြင်ဘက်မှာ အလင်းရောင် မရှိတော့ပေ။


နာရီသည် 12 နာရီသို့ တဖြည်းဖြည်း နီးကပ်လာကာ ယွဲ့ရှင်းဝမ်သည် စောင်အောက်တွင် စိတ်လှုပ်ရှားစွာ သူ့လက်သီးများကို ဆုပ်ထားသည်။ 


ဒီညတော့ ညပိုင်းစာမေးပွဲ မရှိသင့်ဘူးမလား။ စာကြည့်တိုက်က ကျောင်းသားတွေကို အလွန်ခက်ခဲအောင် မလုပ်သင့်ဘူးမလား။ ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲတွင် တိတ်တဆိတ် ဆုတောင်းနေပေမဲ့ ရလဒ်အနေဖြင့် သူထိုသို့ပြောပြီးနောက် ‘ding’ ဟူသောအသံတစ်ခု ထွက်ပေါ်လာပြီး ရင်းနှီးသော အေးစက်စက် စက်အသံတစ်ခုက သူ့နားထဲမှာ ထွက်ပေါ်လာသည်——


[ည 12 နာရီ]


[ဒုတိယညပိုင်းစာမေးပွဲစတင်ပါပြီ]


[အချိန်ရေတွက်ပါပြီ 3…2…1…]


ယွဲ့ရှင်းဝမ်၏အမူအရာက ဆိုးရွားသွားသည်။

"ထပ်လာပြန်ပြီ"


လျှိုကျောက်ချင်းက ချက်ချင်း ဆဲဆိုသည်။

"Shit… ဒီစာကြည့်တိုက်က လုံးဝကိုလူမဆန်တာပဲ"


အပြင်ဘက်တွင် ထူးဆန်းသော ခြေသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသဖြင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်နေကြပြီး တံခါးမှ အမြန် ပြေးထွက်လာကြသည်။


ယွဲ့ရှင်းဝမ်၏သတိပေးချက်မရှိဘဲ ယခုတစ်ကြိမ်တွင် ချွီဝေးဝေးက စင်္ကြံမှ အော်လိုက်သည်။

"5G အချက်ပြတာဝါတိုင်… အချက်ပြတာဝါတိုင်ကို ဘယ်ဘက်အပေါ်ထောင့်မှာ ထားလိုက်ပြီ… အားလုံး ညာဘက်အောက်ထောင့်ကို ပြေးကြ"


ကျုံ့ယွီဟန်က ပြောသည်။

"Fuck… လျှပ်စစ်မီး ဖြတ်ပြန်ပြီ… လျှပ်စစ်ပတ်လည်ပြင်ဖို့ ငါ့ကို ကာထားပေးကြ"


ကျောင်းသားများသည် အတွေ့အကြုံကိုအခြေခံ၍ တိုက်ပွဲကနေ လွတ်မြောက်သွားမည်လား။


#TK