Chapter 237 [End Of Story] Extra 2 - အတူတူ အိုမင်းသွားကြမယ်
Viewers 32k


END OF STORY

🦊Chapter 237 [End Of Story]


Extra 2 - အတူတူ အိုမင်းသွားကြမယ်။




၉။ အိမ်ပြန်ခြင်း။




သတင်းစာရှင်းလင်းပွဲပြီးသည့်အခါ စူးရွှမ့်ယန်သည် ရွှယ်လင်၏တိုက်ခန်းအတွက် ပေးရန်ကျန်နေသော အခန်းငှားခများကို ရှင်းပေးလိုက်၏။ နှစ်ဦးသား ထုပ်ပိုးသိမ်းဆည်းကြကာ စူးမိသားစုအိမ်တော်သို့ ပြောင်းရွှေ့ကြသည်။




စူးမိသားစုအိမ်တော်မှာ နေရာကျယ်ကျယ်မယူထားပေ။ ရိုးရှင်းသော အိမ်သုံးလုံးတွဲ ဗီလာဖြစ်သည့်တိုင် ဘေးတွင်နေရာလွတ်အများအပြားကျန်ရှိနေသေးသည်။ တောင်ကုန်းအတန်းလေးများကို စူးမိသားစုမှပိုင်ဆိုင်ပြီး လမ်းမကြီးနှင့်ဝေးနေ၏။ အိမ်တော်သို့ရောက်ရန် သူတို့အနေဖြင့် ယာဥ်ကိုမှီခိုအားထားရပေမည်။




ဗီလာထဲတွင် လူအများအပြားမနေပေ စူးလျို့နျန်နှင့်စူးရွှမ်းချင်တို့ ညီအစ်ကိုနှစ်ယောက်အပြင် အိမ်တော်ထိန်းအဘိုးအိုတစ်ယောက်သာနေကြသည်။ အိမ်သန့်ရှင်းရေးနှင့် အခြားအလုပ်များကို စက်ရုပ်များကလုပ်ပေးပြီး သူတို့၏သခင်များအရှေ့တွင် ပေါ်မလာတတ်ချေ။




သူတို့ရောက်လာချိန်တွင် စူးလျို့နျန်ကအပြင်တွင်ရပ်စောင့်နေပြီး ကားထဲမှသူတို့ပစ္စည်းများကို သယ်ထုတ်ပေးလာ၏။




ဤသည်မှာ ရုပ်ရှင်ဧကရာဇ်ဆုကို နှစ်ယောက်အတူယူကြပြီး နောက်ပိုင်းနှင့် ရွှယ်လင်ပြန်မှတ်မိပြီးနောက် စူးလျို့နျန်ကို ပထမဆုံးအကြိမ်တွေ့ဆုံရခြင်းဖြစ်သည်။




သူသည် သာမန်အိမ်နေရင်ဝတ်စုံကိုသာ ဝတ်ထားပြီး ကြီးမားလွန်းသောကုတ်အရှည်ကြီးကိုခြုံထားသေး၏။ ထိုသူသည် တောက်ပစွာပြုံးလိုက်ပြီး ရွှယ်လင်ကိုလက်ပြလာလေသည်။




 "ဟယ်လို..ယောင်းမလေး..."




ရွှယ်လင် သူ့အား မျက်လုံးလှိမ့်ပြလိုက်ကာ အဆိုပါခေါ်ဝေါ်မှုကို ငြင်းဆိုလိုက်သည်။




စူးရွှမ့်ယန်က ပစ္စည်းများသယ်ကာ ရွှယ်လင်၏အနောက်မှလိုက်လာပြီး ညီငယ်လေးခေါင်းကို ခပ်ဖွဖွရိုက်လိုက်၏။ 




"လျှောက်ခေါ်မနေနဲ့...နာမည်ပဲခေါ်..."




စူးလျို့နျန် သူတို့အဆင်ပြေလျှင်ပြီးသည့်သဘောဖြင့် ပုခုံးတွန့်ပြလိုက်သည်~။




အိမ်ဟောင်း၏ဒုတိယအထပ်၌ စူးလျို့နျန်နှင့်စူးရွှမ့်ယန်တို့နေကြသည်။ စူးရွှမ့်ယန်က သုံးထပ်မြောက်ရှိ တစ်ယောက်တည်းအခန်းတွင် နေခဲ့ပြီး အရာအားလုံးကို မှတ်မိသွားသည့်အခါ အထပ်တစ်ထပ်လုံးကို ပြုပြင်ယူခဲ့သည်။ ယခုမူ တတိယထပ်သည် အခန်းနှစ်ခန်းနှင့်ဖြစ်လာပြီး အထပ်၏ကျန်သည့်နေရာများကိုလည်း ပြန်လည်ပြုပြင်ထားသည်။




ရွှယ်လင် သူ၏အဝတ်အစားအိတ်ကို ဘေးဖယ်ထားလိုက်ပြီး အိပ်ယာပေါ်ခုန်တက်သွားလေသည်။ စူးရွှမ့်ယန်းကို ဆောင့်ကြောင့်ထိုင်ကြည့်ပြီး လက်ညှိုးလေးကွေးကာဆို၏။




 "ဒီကိုလာ..မင်းငါ့အတွက်ယူထားပေးတဲ့ တောင်တန်းနဲ့မြစ်ပြင်တွေကို လာပြစမ်းပါဦး..."




စူးရွှမ့်ယန်က သူ့ခေါင်းလေးကို ကယ်ရာမဲ့စွာပွတ်သပ်လိုက်၏။ "ကိုယ့်ကိုမစွယ်နဲ့..ကိုယ်တို့အောက်ဆင်းပြီး ညစာစားရဦးမယ်..."




ရွှယ်လင်: "....." သူက မြူစွယ်ပြတာအပြစ်လား? သူကအိပ်ရာပေါ် လာထိုင်စေချင်ရုံပဲလေ! ဘယ်လိုလုပ် သူ့ကိုမြူစွယ်တာဖြစ်သွားတာလဲ?။




🦊




၁၀။ ဟန်းနီးမွန်းထွက်ခြင်း။




"အစ်ကိုကြီး..အစ်ကိုကြီးနဲ့ရွှယ်ရွှယ်တို့ ဘယ်နေရာကို ဟန်းနီးမွန်းထွက်ကြမှာလဲ..."




 ညစာစားပြီးနောက်တွင် စူးလျို့နျန်က သစ်သီးပန်းကန်နှင့် မီးဖိုချောင်အတွင်းမှထွက်လာပြီး သတင်းထိုင်ကြည့်နေသော စူးရွှမ်းချင်အတွက် စတော်ဘယ်ရီသီးပေးလိုက်ရင်း စူးရွှမ့်ယန်ကိုမေးလာ၏။




ရွှယ်လင်သည်လည်း အဆိုပါခေါင်းစဥ်ကိုစိတ်ဝင်စားနေသည်။ သူထွက်ကစားချင်နေသော်လည်း စူးရွှမ့်ယန်က ပိုကောင်းသည့်အကြံရှိသည်ဟုပြောလာ၍ စူးရွှမ့်ယန်ကိုသာစီစဥ်ခိုင်းထားလိုက်သည်။




"မင်းတို့မသိတဲ့နေရာ..." စူးရွှမ့်ယန်ကား ခပ်အေးအေးသာပြောလာသည်။




စူးလျို့နျန်မှာဆက်မပြောနိုင်တော့ဘဲ ခဏမျှအေးခဲသွားလေသည်။ အစက ရွှယ်လင်ထံသို့ သစ်သီးပန်းကန်ကမ်းပေးရန် စီစဥ်နေသော်လည်း စူးရွှမ်းချင်ဘက်ကိုသာ စတော်ဘယ်ရီသီး ထိုးထည့်ပေးလိုက်၏။ 




"ဟမ့်! ကျွန်တော်နဲ့အစ်ကိုတို့က ဟန်းနီးမွန်းမသွားနိုင်လို့ အနိုင်ကျင့်နေတာမလား! ကျွန်တော်တို့လည်း ထွက်ပျော်လို့ရတယ်! ကျွန်တော်တို့မနက်ဖြန်သွားကြမှာ! ပြီးတော့ တစ်ကမ္ဘာလုံးကိုပတ်ပစ်လိုက်မယ်!"




စူးရွှမ်းချင်မှာ စတော်ဘယ်ရီသီးကို လိုအပ်သည်ထက် ပိုယူလိုက်ရသည်ထင်၏။ ၎င်းတို့ကိုချထားလိုက်ပြီး စူးလျို့နျန်လက်ထဲမှပန်းကန်ကိုပါ စားပွဲပေါ်ချလိုက်သည်။ "ငါတို့သွားကြမယ်...အလုပ်တွေကို ငါတို့အစ်ကိုကြီးဆီမှာပုံထားခဲ့လိုက်မယ်..."




"သူကျတော့ အဲဒီခရီးရှည်ကြီးကိုထွက်သွားပြီးတော့..?" စူးလျို့နျန်က အလိုအလျောက်ပင် စူးရွှမ်းချင်ရင်ခွင်ထဲသို့ ဝင်တိုးလိုက်၏။ စူးရွှမ်းချင်က စတော်ဘယ်ရီသီးများကို သူ့နှုတ်ခမ်းတွင်တင်ပေးလိုက်ကာ သူသည်ကား ၎င်းတို့ကိုမြိန်ရေယှက်ရေ စားနေလိုက်သည်။ ရွှယ်လင်က မကြည့်နိုင်တော့သလို ခေါင်းလှည့်သွား၏။ သူတို့လည်း လူမြင်ကွင်းမှာရိုနိုင်တာပဲ? လူတိုင်းလုပ်လို့ရတယ်!။




"ငါတို့တကယ်ပဲ ဘယ်ကိုသွားကြမှာလဲ..." ရွှယ်လင် မေးကြည့်လိုက်သည်။




စာရွက်အပုံများကိုစီစဥ်နေသော စူးရွှမ့်ယန်လက်များက ရပ်သွားခဲ့သည်။ သူသည် ရွှယ်လင်ကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ကာ ခပ်တိုးတိုးပြောပြလိုက်၏။




 "မနက်ဖြန်ပြောပြမယ်...မင်းသဘောကျတဲ့ နေရာမှန်သမျှသွားကြမယ်..."




ရွှယ်လင်မှာကား အူကြောင်ကြောင်ဖြစ်နေဆဲ။




အိမ်တော်ထိန်းကြီးမှာ ဆိုဖာ၏ ထောင့်နှစ်ဖက်တွင်ကပ်နေကြသည့် လူလေးယောက်ကိုကြည့်ပြီး သူ့နေရာသူပြန်သွားကာ တိတ်တဆိတ်ကျေနပ်နေလေ၏။




အကြီးဆုံးသခင်လေးက အခြားသူများ တစ်နေကုန်ချစ်ကြည်နူးနေသည်ကို မမြင်သလိုနေရခြင်းမရှိတော့၍ တော်ပါသေး၏။




🦊




၁၁။ ရွေးချယ်မှု။




"ABO...စိတ်ကူးယဥ်ကမ္ဘာနဲ့လမ်းညွှန်ချက်...လူငယ်...သားရဲလူသား..." ရွှယ်လင်က ရွေးချယ်စရာများကို အသံတိတ်ကြည့်နေကာ စူးရွှမ့်ယန်းကို မေးလာချေသည်။ 




"ဒါကမင်းပြောတဲ့ရွေးစရာဆိုတာလား.."




ဆယ်မျက်နှာကမ္ဘာကြောင့် စူးရွှမ့်ယန်၏ နှင်ထုတ်ခြင်းကိုခံလိုက်ရသော စနစ်မှာ တာဝန်များကိုပြီးမြောက်သွားခဲ့လေပြီ၊ ၎င်း၏လက်ရှိအလုပ်မှာ အနှီစုံတွဲကို သီးခြားကမ္ဘာများကို ကူးလူးရာတွင်ကူညီပေးရန်ပင်။




 "ဒီကမ္ဘာတွေမှာဝင်လို့မရတာ တစ်ခုပဲရှိတယ်..Host ရဲ့ဟန်းနီးမွန်းပြီးတည်းက သင့်တော်မယ့်ကမ္ဘာတွေကို ရွေးထားပေးတယ်- Host တို့နှစ်ယောက် သွားလို့အကောင်းဆုံးပဲ..."




စူးရွှမ့်ယန်က ရွှယ်လင်ကို အနောက်မှသိုင်းဖက်ထားရင်း ပုခုံးပေါ်သို့မေးတင်ကာ သူတို့ပါးအချင်းချင်းပွတ်သပ်လိုက်၏။ 




"မင်းရွေးလိုက်လေ...ကြိုက်တာရွေးလိုက်....အခြားကမ္ဘာတွေကို အမြန်နှုန်းနဲ့သွားတာက မူလကမ္ဘာနဲ့ဆယ်နွယ်မှုရှိတယ်..မင်းသဘောကျရင် အကုန်လုံးသွားလို့ရတယ်..ဒါပေမဲ့ အဲဒီနည်းလမ်းက ပိုအချိန်ယူရနိုင်တယ်..."




ရွှယ်လင်က ခေါင်းလှည့်ပြီး ထိုသူမျက်နှာကိုဖျစ်ညှစ်ပေးလိုက်သည်။ "အများကြီးသွားပြီးဘာလုပ်မှာလဲ...မင်းသေသွားပြီးရင်လည်း ဖြည်းဖြည်းချင်း ဆက်သွားလို့ရသေးတာကို.."




စူးရွှမ့်ယန်: "....." သူအသက်ရှူကျပ်အောင် တမင်လုပ်လိုက်တာမလား? မဟုတ်လို့ကတော့ ဘာလို့သူ့ကိုသေတဲ့အဆင့်အထိ ဆဲနေမှာလဲ?။




ရွှယ်လင် နှာမှုတ်လိုက်သည်။ စနစ်က တော်လာအောင်ကြိုးစားနေ၍ ထိုသို့သော အမှိုက်ဆန်သည့်ကမ္ဘာမျိုးကို တမင်ရွေးလိုက်ခြင်းပင်။ ၎င်းကစူးရွှမ့်ယန်းနှင့်မဆိုင်၍ ထိုကိစ္စကို သည်အတိုင်းသာ ထားလိုက်တော့သည်။ သူသည် ခဏမျှစဥ်းစားကြည့်နေပြီးမှ ပြောလိုက်လေ၏။




 "ဟန်းနီးမွန်းဆိုမှတော့...တို့တွေအေးချမ်းပြီး မပူမပင်ရတဲ့ခေတ်ကို ရွေးသင့်တယ်~ အရင်ဆုံး ရှေးခေတ်ကိုသွားကြတာပေါ့~"




စနစ်၏ဗဟိုချက်က တည်နေရာမှတ်ပေးနေသည်။




ဆယ်မျက်နှာကမ္ဘာတွင် နေရသည့်အချိန်အတွင်း ၎င်းက ကိစ္စရပ်တစ်ခုလုံးကို လုပ်ပေးခဲ့ရပြီး ယခုမူ ရွှယ်လင်နှင့်အတူရှိနေချိန်တွင် တစ်နေကုန်ကြည်နူးနေသည်ကို ကြည့်လိုက်ရလေရာ မျက်စိကန်းသွားလေပြီ။ ပင်ပန်းဖွယ်ရာပင်! စနစ်လေးအနေဖြင့် ဘာလုပ်သင့်ပါသနည်း။




🦊




၁၂။ ကမ္ဘာအသစ်သို့




ရွှယ်လင်မှာ ဝိညာဥ်ကူးပြောင်းခံလိုက်ရ၍ ခန္ဓာကိုယ်ချင်းလဲသည့် အတွေ့အကြုံကို သတိလက်လွတ်ဖြင့် နောက်တစ်ကြိမ်ကြုံရပြန်ပြီး မသိစိတ်အရ အဝတ်အစားများကိုငုံ့ကြည့်မိလိုက်လေသည်။




"???" စကတ်ကြီး?




ရွှယ်လင်မှာ အမြန်ပင် ဘေးပတ်လည်ကိုစူးစမ်းလိုက်သည် စူးရွှမ့်ယန်ကအနားတွင်မရှိတော့ချေ ဤကမ္ဘာကိုကူးပြောင်းလိုက်ပြီးတည်းက လူကွဲသွားလေပြီ။




"စနစ်ရေ! ဘာတွေဖြစ်နေတာလဲ!"




"စိတ်အေးအေးထားပါ..Host ရဲ့..မင်းကမိန်းမအဝတ်အစားကြီးဝတ်ထားပေမဲ့ အရေးမကြီးပါဘူး!"




 စနစ်ကား တိတ်တိတ်လေးပေါ်လာသည်။ ၎င်း၏ Host အသံက ရွှယ်လင်၏အသံအတိုင်း တသွေမတိမ်းဖြစ်နေသေးသောကြောင့် အမြန်ပင် စိတ်ချရအောင်နှစ်သိမ့်ပေးလိုက်၏။ 




"မင်းရဲ့ လိင်ကမပြောင်းသေးပါဘူးဟ...စိတ်လျှော့စမ်းပါ.."




ရွှယ်လင်ခမျာ ဘာပြောရမှန်းမသိတော့။ "ဒါဆိုဒါက ဘာကြီးလဲ...ငါကမိန်းမလိုဝတ်ရတာကိုစွဲလန်းနေတာလား..."




"ခပ်ဆင်ဆင်ပဲ..." 




စနစ်က အလျင်မလိုဘဲပြောလိုက်၏။




 "မှန်တစ်ချပ်ရှာပြီး ကြည့်လိုက်..မင်းအပြည့်အစုံမဝတ်ထားရသေးဘူး...မူလကိုယ်က cosplay လုပ်ရတာကိုကြိုက်ပြီး ယောက်ျားမိန်းမ မရွေးဘဲဝတ်တယ်..ဒါပေမဲ့ မိန်းကလေးအဝတ်အစားလေးတွေကို ပိုသဘောကျတော့...ပုံမှန်ဆိုရင် အဲဒီလိုဝတ်ပြီးရှော့ပင်းထွက်နေကျ...အိမ်မှာဆိုရင်အဝတ်အစားတွေအများကြီးပဲ...မင်းသွားကြည့်လိုက်...ယောက်ျားအဝတ်တွေလည်းရှိတယ်..."




ရွှယ်လင်က ၎င်းအဝတ်အစားများကို သွားရှာတော့မည့်အချိန် အိမ်ရှေ့တံခါးမှ တံခါးခေါက်သံကြားရသည်။ တဖက်လူက တံခါးခေါက်ရာတွင် ပိုအလျင်လိုလာပုံရပြီး ရွှယ်လင်မှာ အဝတ်လဲရမလား၊ တံခါးပင်သွားဖွင့်ရမလား မသိတော့သည့်အချိန် တဖက်လူကတံခါးကိုတိုက်ရိုက်ဖွင့်ကာ ဝင်လာလေ၏။




ဝင်လာသူကား စူးရွှမ့်ယန်ပင်။




မူလခန္ဓာကိုယ်များမဟုတ်သည့်တိုင် ၎င်းတို့အချင်းချင်းမှတ်မိနိုင်ပါသေးသည်။ နှစ်ယောက်လုံးက ဆရာသခင်နှင့် ၎င်း၏ဝိညာဥ်ပစ္စည်းသဘောတရားအရ မှတ်မိပြီးသိရှိနိုင်ကြသည် ၎င်းတို့၏ကြားမှ ဆက်သွယ်မှုသည်လည်း ပိုနက်ရှိုင်းလာခဲ့၏။




သူဤကမ္ဘာသို့ရောက်လာချိန်တွင် စူးရွှမ့်ယန်က ရွှယ်လင်၏အိမ်အဝင်ဝတွင်ပင် မတ်တပ်ရပ်နေခဲ့သည်။ ရွှယ်လင်က အထဲမှနေကာ တံခါးပိတ်ထားမှန်းသိသောကြောင့် တံခါးခေါက်ကြည့်သော်လည်း ဘယ်သူမှဖြေမလာပေ။ သူအချိန်အတန်ကြာအောင်တွေဝေနေပြီးနောက် အိတ်ကပ်ထဲမှသော့နှင့် တံခါးကိုတွန်းဖွင့်လိုက်သည်။




ထိုအခိုက်အတန့်တွင် သူအရှက်သည်းနေပုံက အနည်းငယ်ပြင်းထန်နေခဲ့၏။




ရွှယ်လင်က အင်္ကျီချွတ်ရန်ပြင်နေပြီး အစက အဝတ်လဲရန် အလောတကြီးဖြစ်နေသေးသော်လည်း စူးရွှမ့်ယန်ကို မြင်လိုက်ရသည့်အခါ ချွတ်နေသည်ကိုရပ်လိုက်ပြီး စနစ်အနောက်မှ ခေါင်းလေးပြူကာ အနှီသူကိုအော်ဟစ်၍ ထွက်သွားခိုင်းနေလေသည်။




 "စနစ်ရေ...ဘာသောက်ရေးမပါတာတွေဖြစ်နေတာလဲဟ!"




စနစ်သည်လည်း စူးရွှမ်းယန်ကို မြင်တွေ့နေရသည်။ ၎င်းကမျက်လုံးလှိမ့်ကာ သူတို့နှစ်ယောက်ကို ဇာတ်ကြောင်းနှင့်ပတ်သက်ပြီးရှင်းပြလာ၏။ 




"မင်းတို့နှစ်ယောက် ဟန်းနီမွန်းထွက်လာကြတာဆိုတော့ ငါမင်းတို့နှစ်ယောက်အတွက် ဒီကမ္ဘာကိုရွေးပေးထားတာ...လက်ရှိမှာတော့ မင်းတို့နှစ်ယောက်ကလက်ထပ်ထားတယ်...ဒါပေမဲ့ Host မိန်းကလေးလိုဝတ်ထားတော့ အများစုက လင်မယားတွေလို့ပဲမြင်ကြလိမ့်မယ်..မင်းတို့ကမနေ့ကလေးတင် လက်ထပ်မှတ်ပုံတင်ထားကြတယ်..နှစ်ယောက်လုံးကချမ်းသာတဲ့ တတိယမျိုးဆက်တွေဆိုတော့ စီးပွားရေးရော အိမ်တွင်းရေးမှာပါ စိုးရိမ်စရာမရှိဘူး..စားသောက်အသက်ရှင်ပြီး သေမှာကိုထိုင်စောင့်နေရုံပဲ..Host ရဲ့အဓိကအလုပ်က cosplay..ပြီးတော့ အခြားအလုပ်တွေလည်းရှိသေးတယ်...သီချင်းတွေလည်းဆိုတယ်...အွန်လိုင်းမှာလည်းဈေးရောင်းတယ်...သခင်လေးစူးက စတော့ရှယ်ယာတွေအတွက် စိတ်ပူစရာမလိုဘူး...ကုမ္ပဏီရှိတယ်..ဒါပေမဲ့ အများကြီးမစီစဥ်ရဘူး..."




စနစ်က ခေါင်းကိုခါယမ်းကာ ညည်းတွားလေသည်။ "ငါမင်းတို့ဟန်းနီးမွန်းအတွက် အတော်လေးကြိုးစားပမ်းစားနဲ့ ဒီလိုဇာတ်လမ်းမျိုးရှာပေးထားရတာနော်..."




ရွှယ်လင်ထံတွင် သံသယအနည်းငယ်မျှရှိနေသည်။ "မင်းကအရမ်းတော်တယ်ပေါ့? ဒီလောကကြီးထဲမှာ ဒီလိုပျော်စရာလေးမှမရှိရင် ဘာအဓိပ္ပာယ်ရှိတော့မလဲ..."




စနစ်က စိတ်ပါလက်ပါပြုံးပြီးဆက်ပြောလာ၏။ 




"Host က ငါ့ကိုတကယ်နားလည်တာပဲ..နှစ်နှစ်ကြာပြီးရင် ဒီကမ္ဘာကပျက်တော့မှာ ~ Host က ကမ္ဘာမပျက်ခင် အေးအေးဆေးဆေးအတွေ့အကြုံလေးတွေ ယူသွားရမယ်...ပြီးရင် ကမ္ဘာပျက်နေတုန်းလည်း ခြိမ်းခြောက်မှုတွေနဲ့အန္တရာယ်တွေလည်း ကြုံသွားရဦးမှာ...ပျော်စရာကြီးပဲမလား?"




ရွှယ်လင်: "....." 




"ဒီလိုစနစ်မျိုးက..." စူးရွှမ့်ယန်က တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်သည်။ 




"ကိုယ်အဲဒါကြီးကို ဆယ်မျက်နှာကမ္ဘာဆီ ပြန်ပို့လိုက်လည်း ငြင်းစရာမရှိဘူးမလား..."




ရွှယ်လင်: "မရှိဘူး..."




စနစ်: "....." ဝါး...မှားမှန်းသိပါပြီ! အရှင်သခင်နှစ်ယောက်ရယ်..ခွင့်လွှတ်ပေးပါ...ဆယ်မျက်နှာကမ္ဘာက နှာဘူးအကြီးအစားကြီး!!! ပြန်မပို့ပါနဲ့!!။




🦊




၁၃။ ကမ္ဘာသစ် (၂)




ကမ္ဘာအသစ်သို့ရောက်လာလျှင် ဘဝအသစ်ကိုတွေ့ကြုံခံစားရန် အခွင့်အရေးပင်။ ရွှယ်လင်သည်ကား မှန်ထဲမှ မိန်းကလေးကိုကြည့်ရန် တွန့်ဆုတ်နေခဲ့၏။




သူ၏မျက်လုံးများကြောင့် မျက်နှာ၏ဆွဲဆောင်နိုင်မှုအဆင့်က မြင့်မားလွန်းနေသည်။ ခပ်ဝဲဝဲစကပ်တိုလေးဝတ်ထားပြီး ဂျက်ကပ်ကို ဇစ်တဝက်အထိ ဆွဲကာဝတ်ထားသည်။ လှပသောညှပ်ရိုးကိုလှစ်ပြထားပြီး ငွေရောင်ဆွဲကြိုးလေးက ညှပ်ရိုးတလျှောက်ကျနေ၏။ ၎င်းတွင် လက်ထပ်လက်စွပ်လည်းပါနေပြီး အကြောင်းအရင်းအချို့ကြောင့် လက်စွပ်နှစ်ကွင်းက ညှပ်ရိုးပေါ်တွင်ကပ်နေသယောင်ပင်၊ ထိုပုံစံကြောင့် အနည်းငယ်မျှဆွဲဆောင်မှုရှိနေသလိုခံစားရသည်။ ရှည်လျားပြီး ကောက်ကွေးနေသောဆံနွယ်ရှည်များက ခါးအထိကျနေကာ အနည်းငယ်ပွယောင်းနေလေသည်။ မိတ်ကပ်မပါဘဲနှင့်ပင် ကြည့်ကောင်းမှုကအဆုံးမရှိ၊ သည့်အပြင် သူလမ်းပေါ်ထွက်လိုက်သည်နှင့် လူအုပ်ကြီးကသူ့ပုံစံကြောင့် ဖမ်းစားခံလိုက်ရမည်ဖြစ်ပြီး သူသည်ကား ပွေ့ဖက်နမ်းရှုံ့ချင်စရာ ညီမလေးပုံစံမျိုးပင်။




ခန္ဓာကိုယ်သည်ကား ယောက်ျားလေးလား၊ မိန်းကလေးလား မကွဲပြားနိုင်ပေ။ နဖူးပြင်က ယောက်ျားလေးတစ်ယောက်ကဲ့သို့သော ခံစားချက်မျိုးပေးကာ ယောက်ျားးတစ်ယောက်၏ အဝတ်အစားများဝတ်လိုက်ပါက အင်မတန်လှပသော ယောက်ျားလေးတစ်ယောက် ဖြစ်သွားမည်သာ၊ သို့သော်လည်း အမျိုးသမီးအဝတ်အစားများ ဝတ်လိုက်ပါက လိုက်ဖက်ညီမှုမရှိနိုင်တော့။ အိပ်ရာမှ ဒူးစွပ်သားရေဖိနပ်ရှည်ကမူ လက်ရှိအဝတ်အစားနှင့်လိုက်ဖက်ညီပါ၏။




စနစ်က ဘေးမှနေပြီးသူ့အား အားပေးလာရှာသည်။ "Host..အမြန်ဖိနပ်ဝတ်လိုက်တော့~ ဒီနေ့ မင်းရဲ့ပရိသတ်တွေကို cosplay လုပ်ပြမယ်လို့ ကတိပေးထားတာနော်...အခုလိုမျိုး တဝက်တပျက်မလုပ်ထားနဲ့လေ..ပြီးတော့ မစ္စတာစူးနဲ့ အိမ်အသစ်သွားကြည့်ဖို့ မေ့နေတာလား..."




ရွှယ်လင်က စနစ်ကိုငေးကြည့်နေလိုက်သည်။ "အခုအခြေအနေအထိဖြစ်အောင် ဘယ်သူဖန်တီးတာလဲ..."




စနစ်ကား ဇက်လေးပုဝင်သွားပြီး ထပ်မပြောရဲတော့ပေ။




သူအဝတ်လဲချင်နေမှန်းသိ၍ စူးရွှမ့်ယန်ကအပြင်ထွက်ပေးသွားသည်။ ခဏမျှစောင့်နေပြီးသည့်နောက် ပြန်ဝင်လာပြီး ရွှယ်လင်က အဝတ်အစားမလဲရသေးသည်ကို သိလိုက်ရ၏။ သူအံ့ဩသွားသောကြောင့် မေးလိုက်မိပေသည်။ "မလဲတော့ဘူးလား..."




ရွှယ်လင်မှာ ကသိကအောက်ဖြစ်စွာဖြင့် ခေါင်းကိုအုပ်ကိုင်ထားရင်း ပြောလိုက်သည်။ "ကောင်းပြီ! ငါမလဲတော့ဘူး! ငါမလုပ်နိုင်တဲ့စတိုင်ဆိုတာမရှိဘူး! ဒါက crossdressing လေးပဲမလား? ဝတ်မယ်ကွာ!"




နောက်ဆုံးတွင် စူးရွှမ့်ယန်က သူဝတ်ထားသည့်အဝတ်အစားကို သတိထားမိသွားသည်။ ခပ်သုတ်သုတ်လုပ်ပြီး အပြင်ထွက်လာချိန်က သူ၏ခေါင်းထဲ၌ နောင်နှစ်နှစ်အကြာတွင်ဖြစ်မည့် ကမ္ဘာပျက်ကိန်းကို တားရန်အတွေးများဖြင့်ပြည့်နေခဲ့လေ၏။ ယခုမူ ရွှယ်လင်ဝတ်ထားသည်က အတော်လေးဆွဲဆောင်မှုရှိနေသည်ကိုတွေ့လိုက်ရသည်။




ရွှယ်လင်က အနှီသူ၏မျက်လုံးများမှာ သူ့ကိုယ်ပေါ်တွင် ရောက်နေသည်ကိုသတိထားမိပြီး နှာမှုတ်လိုက်သည်။ "ဘယ်တွေကိုကြည့်နေတာလဲ...အရင်တုန်းက ရင်ဘတ်ပြားတဲ့လူကိုမမြင်ဖူးဘူးလား..."




စူးရွှမ့်ယန်က ရယ်နေသည်ကိုထိန်းလိုက်ပြီး သူပြောလာသည့်စကားကို စိတ်မဆိုးပါချေ။




ရွှယ်လင်က သူ့အပေါ်အာရုံစိုက်နေသည်ကိုပျင်းလာသည်။ မူလကိုယ်၏မှတ်ဉာဏ်များကိုကြည့်လိုက်ပြီး ယနေ့အစီအစဥ်များကိုစစ်ဆေးကာ အိပ်ရာဘေးမှဖိနပ်ကို ဝတ်လိုက်သည်။




ဒူးအထိရှည်သော သားရေဖိနပ်တစ်စုံ။ အတန်သင့်ရှည်လျားပြီး အလုံအလောက်နွေး၍ ရွှယ်လင်အတွက် ခြေအိတ်ထပ်ဝတ်စရာမလိုပေ။ မှန်အရှေ့တွင်ရပ်ပြီး သူ့ကိုယ်သူကြည့်လိုက်သည်။




.....ဘယ်လိုပြောရမလဲ? ညို့ယူဖမ်းစားနိုင်လောက်တဲ့ အနေအထားမျိုးလား?။




ယောက်ျားလေးတစ်ယောက်၏ ခြေထောက်များက မိန်းကလေးများ၏ခြေတံရှည်ထက် ပိုကြည့်ကောင်းနေတတ်သည်။ မူလကိုယ်ပိုင်ရှင်သည်လည်း ၎င်းတို့အနက်မှ တစ်ယောက်ဖြစ်ခဲ့ဖူး၏ သူ့ထံတွင်ခြေတံရှည်များရှိပြီး ခါးသိမ်စကတ်တိုကို ဝတ်ဆင်ထားခဲ့သည်။ ခြေတံကဖြူသွယ်ရှည်လျားကာ အနက်ရောင်လည်ရှည်ဖိနပ်နှင့် ကွက်တိကျနေ၏။




စူးရွှမ့်ယန်က တံခါးပိတ်ပြီး သော့ခတ်လိုက်သည်။




အစကတော့ ရွှယ်လင်သည်အနှီ အလှကုန်ဟုခေါ်သည့် ပစ္စည်းများကိုလေ့လာရန် စီစဥ်ထားခဲ့သည်။ ဆူလွန်းလှသည့်အသံကြောင့် ခေါင်းလှည့်မေးလိုက်၏။ "ဘာတွေလုပ်နေတာလဲ..."




"ချွတ်မရရင် ကိုယ်ကူညီပေးမယ်လေ..." စူးရွှမ့်ယန်းက တွေးလိုက်ပြီး အံကြိတ်ပြောလာ၏။ "ဒီနေ့လမ်းပေါ်မှာ မင်းဓာတ်ပုံရိုက်လို့မရတော့ဘူးနဲ့တူတယ်..."




ထိုနေ့ညတွင် အမည်ကျော်ကြားသော cosplayer တစ်ယောက် ပရိသတ်များ၏မြင်ကွင်းရှေ့မှ တစ်ရက်ခန့်ပျောက်သွားခဲ့သည်။ မြောက်များစွာသောလူများက ၎င်းတို့၏ကွန်ပျူတာရှေ့တွင် ငုတ်တုပ်လေးထိုင်ရင်း ဓာတ်ပုံအလာကို စောင့်မျှော်နေခဲ့ကြပြီး ဓာတ်ပုံထွက်လာသည့်အခါတွင်လည်း ၎င်း၏မျက်နှာကိုသာ တွေ့ရတော့သည်။ သူက လူတိုင်းအားတောင်းပန်သည့်အကြောင်းရေးသားခဲ့ပြီး အိမ်မှငတုံးတစ်ကောင်ကြောင့် သူ၏အခြားကိုယ်အစိတ်အပိုင်းများကို အချိန်တစ်ခုအထိဓာတ်ပုံမရိုက်လိုက်နိုင်ကြောင်းရှင်းပြထားလေသည်။




Weibo မှပရိသတ်များ: 




[....နေ့တပိုင်းလောက်စောင့်လိုက်ရတာ ခွေးစာစားဖို့တဲ့လား?] 




[တာ့တာပဲ! နင်ငါတို့ကိုဒီလိုလုပ်ရက်ရလား? ငါတို့နတ်ဘုရားမလေးကို လွှတ်ပေးလို့မရဘူးလား!] 




[နတ်ဘုရားပြောချင်တာကို ငါတစ်ယောက်တည်းပဲသိတယ်] 




[ကားစမောင်းတော့မှာ! နတ်ဘုရားက မပြင်ဆင်ရသေးခင် ကားမောင်းသွားတာ]




🦊




၁၄။ ကမ္ဘာပျက်ကပ်




ဤကမ္ဘာမှာ ကပ်ဘေးများဝိုင်းရံနေပြီ။ ဇာတ်လိုက်၏အတွေ့အကြုံများက ကပ်ဘေးနှင့်ဆက်နွှယ်နေ၏။ စူးရွှမ့်ယန်းက သူ၏လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး ကပ်ဘေး၏အကြောင်းအရင်းကိုအတည်ပြုခဲ့ကာ ဖြစ်စဥ်ကို ထဲထဲဝင်ဝင်လေ့လာ၍ တစ်နှစ်အကြာတွင်ဖြစ်လာမည့် ဇွန်းဘီးဗိုင်းရပ်စ်အတွက် ရင်းနှီးမြှုပ်နှံခဲ့သည်။




သူသည် ပြဿနာကို အောင်မြင်စွာဖြေရှင်းလိုက်နိုင်ပြီး ဇွန်းဘီးပျက်ကပ်စတင်ချိန်တွင် ကံကောင်းနိုင်ခဲ့သည်။




စနစ်: "အို့မိုင်ဂေါ့ဒ်...မင်းအရမ်းစိတ်နှစ်ထားစရာမလိုပါဘူး..မင်းတို့ကောင်တွေက ဇာတ်ကြောင်းတစ်ခုလုံးကို ပြောင်းပစ်လိုက်တာပဲ!"




"အကောင်းဆုံးနည်းလမ်းက ဇာတ်လိုက်ရဲ့ကံကြမ္မာကို အစတည်းက လမ်းကြောင်းပြောင်းလိုက်ဖို့ပဲမလား...ဒါကြောင့် ဇာတ်လိုက်မပေါ်လာဘဲ ကမ္ဘာရဲ့လမ်းကြောင်းလည်းပြောင်းလဲသွားတာလေ...မှန်လား..."




စနစ်: "...မဟုတ်ဘူး..မင်းမှန်တယ်.."




ရွှယ်လင်ထက် စူးရွှမ့်ယန်က ပိုရူးသေးသည်...ဇာတ်ကြောင်းကို ခပ်မြန်မြန်ပြောင်းပစ်လိုက်သည်လေ။




🦊




၁၅။ ဇာတ်သိမ်း




ဟန်းနီးမွန်းခရီးစဥ်ပြီးဆုံးသွားသည့်အခါ နှစ်ယောက်သည် မူလကမ္ဘာသို့ပြန်လာခဲ့ကြ၏။ တစ်လသာအချိန်ကုန်သွားခဲ့သည့်တိုင် ဘဝတစ်လျှောက်လုံးကို ထိုကမ္ဘာမှာပင်ကုန်ဆုံးခဲ့ကြခြင်းဖြစ််သည်။




ရွှယ်လင်ကအကြောဆန့်ကာ စူးရွှမ့်ယန်၏ ပေါင်ပေါ်တွင်အိပ်နေရင်း ပြောလိုက်သည်။ 




"ငါတွေးကြည့်သေးတယ်..အနာဂတ်မှာမပျင်းရအောင်...ငါဆက်ပြီးသရုပ်ဆောင်မယ်...ငါတို့အတူအသက်ကြီးသွားကြပြီး အတူသေဆုံးကြမယ်..."




စူးရွှမ့်ယန်က သူ့ခေါင်းကိုထိကိုင်လာသည်။ သူသည်ကား ရယ်မောကာ သဘောတူလာပါ၏။




 "ဒါပေါ့...ကိုယ်တို့အတူအိုမင်းသွားကြမယ်..."




THE END 🦊




TRANSLATED BY  - IQ TEAM 




Thanks 🥰