🧝Chapter 87
သို့ပေမဲ့ မင်ချွင်း၏ အမြင်အရ မြောင်ယွမ်၏ မိုက်မဲသော ညီမ မြောင်သွမ့်အာက သူ့ကို နောက်တစ်ကြိမ် ထပ်ပြီး ထိခိုက်နစ်နာစေသည်ဟုပဲ ထင်မြင်မှာပင်။
ဤတစ်ကြိမ်တွင် ဒုက္ခတကယ်ရောက်ခြင်းဖြစ်သည်။အမေက သူ့ကို အခေါက်တိုင်းမှာ သူများကိုအော်ငေါက်ပြီးရိုက်နှက်တတ်သော မုဆိုးဖိုတစ်ယောက်ထံပေးခဲ့သည်။သူ့ကိုယ်သူ စည်းကမ်းတင်းကြပ်ပြီး သူတစ်ပါးကို ဂရုစိုက်တတ်သူဟု ကြွေးကြော်တတ်သော်လည်း အသက်မွေးဝမ်းကြောင်းပြုရာတွင် ချေးသယ်သည့်အလုပ်ပဲ လုပ်နိုင်သည်။
မင်ချွင်း သိသွားသောအခါတွင် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ချင်သည်။ သူ့အမြင်အရ ပြင်ပရေးရာမှာ မစွမ်းဆောင်နိုင်ဘဲ အိမ်မှာသာ ခွန်အားကို အသုံးချတတ်သည့်ယောကျာ်းက သူရဲဘောကြောင်ပြီး အသုံးမဝင်ဆုံးသူဖြစ်၏။ထိုသူက အလုပ်ရုံဖွင့်မည့် သူ့အစီအစဉ်ကို ပိတ်ဆို့ရဲ့သည့်သတ္တိ အမှန်တကယ်ရှိနေသည်။
လော့ဇီကျွင်းက ကောက်ကျစ်စဉ်းလဲသူပင်ဖြစ်ရာ သူ၏ ဟင်းချက်နည်းကို လေ့လာပြီးနောက် အခြေအနေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မကူညီသည့်အပြင် ဖင်ကိုဖုတ်ဖတ်ခါကာ ပိုက်ဆံယူ၍ ထွက်ပြေးသွားခဲ့သည်။
အရမ်းကောင်းတယ်၊ ဒီလူတွေနဲ့ သူ့ရဲ့ငတုံးအမေ သွားပြီးသေလို့ရတယ်...
မင်ချွင်းသည် အခြေအနေတွေက ဤအဆင့်ထိ ရောက်သွားမှတော့ လူဆိုးပဲဆက်လုပ်နေသည်က အဆင်ပြေမည်ဟု ခံစားရသည်။
သူအရင်က ပျင်းနေရုံဖြစ်ခဲ့ပေမဲ့ ယခု ပြေးခိုင်းသည့်အခါ သူ မဝံ့မရဲ ဖြစ်နေခဲ့ပြီ။
သို့ပေမဲ့ ထို့မတိုင်ခင် မြောင်သွမ့်အာ၊ သူမကို သူကောင်းမွန်သည့်ဘဝမျိုး ပိုင်ဆိုင်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။
"လူကြီးမင်းမြောင်တို့ မိသားစုရဲ့ သမီး မြောင်သွမ့်အာက ယောက်ျားတွေ အကျင့်ပျက်တာကို မြင်ဖူးတယ်တဲ့"
"အမ်... တကယ်ရောဟုတ်လား... မိန်းကလေးတစ်ယောက်ရဲ့ မိသားစုထဲမှာ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"သူက အမှောင်ထဲမှာ ပုန်းပြီး ချောင်းကြည့်ရတာ ကြိုက်တယ်လို့ တစ်ယောက်ယောက်ကပြောတယ်...ချွင်းကောအာအကြောင်း သူချည်းဖော်ခဲ့တာလေ... ဒါကို မကြိုက်ရင် သူ ဘယ်လိုလုပ် သိနိုင်မှာလဲ...အလုပ်ရုံမှာလုပ်တဲ့လူတိုင်း ဒါကိုသိကြတယ်"
"အာ...ဒါက ဘယ်လိုဖြစ်တာလဲ... အရမ်း အထိန်းအကွပ်မဲ့သောင်းကျန်းလွန်းတယ်..."
အမျိုးသမီးက တခြားဘာမှ မပြောနိုင်ဘဲ တံတွေးပဲထွေးလိုက်နိုင်သည်။
"ဟေ့ ဒါကို မကြားခင်က ဒီလိုရုပ်ချောတဲ့ကောင်မလေးက ကွယ်ရာမှာဒီလိုမျိုးမှန်းမသိခဲ့ဘူး... အကျင့်စရိုက်ကို မျက်နှာကြည့်ပြီး အကဲဖြတ်လို့မရဘူးပဲ...ဒီမိန်းကလေး လက်ထပ်ဖို့အကြောင်းတောင်စဥ်းစားနိုင်မယ်လို့ငါမထင်ဘူး...ဘယ်သူများ ဒီလိုမျိုး သူများကို တစ်ချိန်လုံး စိုက်ကြည့်ချင်နေချင်မှာလဲ...သူက သူများရဲ့ လျှို့ဝှက်ရေးရာကို ဂရုစိုက်တဲ့ ချွေးမတစ်ယောက်ပဲ"
ဤစကားက မြောင်မိသားစုဆီ ပြန့်သွားပြီးနောက် မြောင်ကျွယ် အလွန်ဒေါသထွက်သွားခဲ့သည်။ သူက သစ်သားချောင်းကို ကိုင်ပြီး မြောင်သွမ့်အာကို ပြင်းပြင်းထန်ထန် ရိုက်လေသည်။၎င်းနောက် လူကို ထင်းတဲထဲမှာ သော့ခတ်ထားပြီး အပြင်ပေးမထွက်ပေ။
"ဒါ မင်း သွန်သင်ထားခဲ့တဲ့ သမီးပဲ...ဒုတိယချွေးမ...သူ ငါ့မျက်နှာကို ဘယ်လိုဓားနဲ့ထိုးလဲ သေချာနားထောင်!...ငါတို့မိသားစုက အရှက်ကွဲလို့မဝသေးဘူးလို့ ထင်နေတာလား... ကိုယ်လုပ်တော်ဟုတ်လား... အခုအချိန်မှာ ကိုယ်လုပ်တော်တောင် မဖြစ်နိုင်မှာကို ငါကြောက်တယ်...သူ့ကမရိုးဖြောင့်တဲ့ကလေးမှန်းငါမြင်တယ်...သူ့ကိုအလွယ်တကူလွှတ်မပေးလိုက်နဲ့"
လင်းရွှယ်လည်း နေ့စဥ်ရက်ဆက်ငိုမေရပြီး တချိန်တည်းမှာလည်းမကျေမနပ်ဖြစ်မိသည်။မိန်းကလေးရှု နေ့တိုင်း ရထားလုံးနဲ့ လာခေါ်တုန်းကကျ လောင်ရယ်က သူမကို မတားခဲ့ဘူး... တစ်ခါတလေ သူတို့ဒီနေ့ အပြင်သွားပြီလားလို့တောင် လူတွေကို မေးသေးတယ်...
သူတို့လို သည်ကနေ့ ဆုံးမဩဝါဒပေးမှုကို နားထောင်ရန် ဧည့်ခန်းကို အခေါ်ခံရသည့် မြောင်ယွမ်က မမျှော်လင့်ဘဲ စိတ်ပျက်လက်ပျက်ဆိုလာသည်။
"လောင်ရယ် ရွာကလူတွေ ဒီကိစ္စကို နှစ်အနည်းငယ်ကြာသည့်တိုင် မေ့သွားအောင် မစွမ်းဆောင်နိုင်တော့မှာကို ကြောက်မိပါတယ်...သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး အိမ်ကနေအဝေးပို့လိုက်တာ ပိုကောင်းပါတယ်"
မြောင်ကျွယ်က စိတ်ဓာတ်ပြောင်းလဲသွားသည့် သူ့မြေးဖြစ်သူကို ကြည့်ပြီးမေးလိုက်၏။
" မင်း ဘာလုပ်ပေးနိုင်မလဲ"
"အရင်က ပုဂ္ဂလိက ကျောင်းဆရာဆီ စာရေးခဲ့တယ်...နောက်ဆုံးတော့ သူက ပုဂ္ဂလိကကျောင်းအပြင်မှာ သီးသန့်သင်ပေးဖို့ သဘောတူထားတယ်..ဒါပေမဲ့လောင်ရယ် သူ့မိန်းမက ချူချာနေတော့ သူ့ကိုအလုပ်အကျွေးပြုမဲ့သူ ဘယ်သူမှ မရှိမှာကို စိုးရိမ်နေပုံရတယ်...ကူညီနိုင်ရင်....."
မြောင်ယွမ်၏စကားမဆုံးခင်မှာ
လင်းရွှယ်၏ အမူအရာက ပြောင်းသွားသည်။
"ဆရာဟုတ်လား...ယွမ်ဇီ မင်း မင်း ဘာတွေပြောနေတာလဲ...အဲဒါ မြို့က လူကြီးမင်းလင်းလေ... သူက အသက်ခြောက်ဆယ်ကျော်နေပြီ မဟုတ်လား... ဒါက မင်းညီမလေ...ဒါတွေအကုန်လုံးက သူ မင်းအတွက် လုပ်ခဲ့တာလေ"
မြောင်ယွမ်က သူ့အောက်နှုတ်ခမ်းကို တွန့်ပြီး ပြုံးပြသည်။
"ကျွန်တော့်အတွက်ပေါ့...ဒါဆို ဘာလို့ကျွန်တော်က သူ့ကြောင့်ထိခိုက်ခဲ့ရတာလဲ...သူပြန်ပေးဆပ်သင့်တာမှားလို့လား...ပြီးတော့ ခင်ပွန်းအိမ်ကိုသွားရင် မိသားစုရဲ့ဂုဏ်သတင်းက တချို့တလေ အမြဲပြန်ရတယ်...ဒါကြောင့် နောင်ကျ သူ(မ)မှာ စည်းမျဥ်းစည်းကမ်းမရှိဘူးလို့ ဘယ်သူမှ ပြောကြမှာမဟုတ်ဘူး"
အကြာကြီး နှုတ်ဆိတ်နေသည့် အဒေါ်ယင်က အမြန်သဘောတူလိုက်သည်။
"ဟုတ်တယ်...ငါတို့ကျင်းအာလည်း ဒီကောလဟာလအကြောင့် အများကြီးဒုက္ခရောက်နေတယ်... မကြာခင် အပြင်ထွက်ရမယ့်အချိန်ရောက်ပြီ...အခု သူ့ခင်ပွန်းရဲ့ မိသားစုက အောင်သွယ်တော်တစ်ယောက်ပို့ပြီးမေးလာတယ်... ဟေ့ ရှက်စရာကောင်းလိုက်တာ...ညီအစ်မနှစ်ယောက်က မရင်းနှီးဘူးလို့ပဲ ငါပြောနိုင်တယ်...လောင်ရယ် ယွမ်ဇီရဲ့ အကြံပြုချက်က တကယ်ကောင်းပြီး ပါးနပ်တယ်... ဒီလိုမှမဟုတ်ရင် နောင်မှာ ရွာစုရုံးပွဲတွေမှာ လူတွေက ကျွန်မတို့အိမ်ကို ဘယ်လိုမြင်ကြမလဲ"
၎င်းကိုကြားသောအခါ မြောင်ကျွယ်၏မျက်လုံးတွေ ဖျက်ခနဲလက်သွားသည်။
"နင်တို့ နင်တို့တွေ..."
လင်းရွှယ် အနည်းငယ် စိုးရိမ်လာသည်။
သူမက သူမသမီးကို ကိုယ်လုပ်တော်ဖြစ်လာမှာကို စိတ်မရှိဘူးဆိုရင်တောင်မှ သူမသမီးက ကိုယ်လုပ်တော်အဖြစ် ကောင်းကောင်းနေထိုင်နိုင်မှလေ... ဒါပေမယ့် လူကြီးမင်းလင်းရဲ့ မိသားစုနောက်ခံက ဘယ်လိုလဲ... သူက မြို့တွင်းက ပုဂ္ဂလိကကျောင်းမှာ စာသင်နေတဲ့ ဆင်းရဲသားစာပေပညာရှင်တစ်ယောက်တင်လေ... အဲဒီလို အခြေအနေမျိုးနဲ့ သူ့ထက်အများကြီးပိုငယ်တဲ့သူကိူ ကိုယ်လုပ်တော်လုပ်ဖို့တောင်းဆိုရဲတယ်ပေါ့... ငါ့သမီးသာ အဲဒီကိုသွားရရင်၊ မုဆိုးမဖြစ်ဖို့ပြောမနေနဲ့၊ သူများအတွက် နွားတစ်ကောင်၊ မြင်းတစ်ကောင်လို ရုန်းပေးပြီး အိုကြီးအိုမကြီးကို အလုပ်အကျွေးပြုရမှာ...
"လောင်ရယ် သွမ့်အာ... ဒီတစ်ခါ သူ(မ)က တကယ်တိုက်ဆိုင်သွားတာ...ချွင်းကောအာက ပိုမှားနေမှန်း သိသာတယ်... သွမ့်အာက အရမ်းကြောက်သွားရုံတင်... သူက အရမ်းလည်း ဖြူစင်တာ... လူကြီးမင်းလင်းကို လက်ထပ်ရရင် သူ့ဘဝ-"
မြောင်ကျွယ်က အေးစက်စွာဝင်ဖြတ်ပြောသည်။
"သူက ဖြူစင်တယ်ပေါ့...သူက ဖြူစင်ရင် ကောင်မလေးတစ်ယောက်ထဲ အလုပ်ရုံထဲကို ဘယ်လိုလုပ်ပြေးဝင်နိုင်မှာလဲ...ငါ ဒီကိစ္စကို သေသေချာချာ စဉ်းစားရမှာ...ဒါပေမဲ့ ဒုတိယချွေးမ နင်လည်းစဥ်းစားရမယ်... ပိုတောင်ဖြူစင်တာက သူက ငါတို့မိသားစုရဲ့ဂုဏ်သိက္ခာကို မြောင်းထဲဆွဲချလိုက်တာပဲ"
လင်းရွှယ်၏မျက်နှာက ဖြူဖျော့လာပြီး သူမ၏နှလုံးခုန်နှုန်းတွေနှေးကျသွားသည်။
လောင်ရယ်က သည်လိုပြောနိုင်သည့်အတွက် သည်ကိစ္စက လွတ်မသွားမှာကြောက်မိသည်။
***
နောက်ဆုံးပိတ် ရိတ်သိမ်းပြီးနောက်၊ ရန်သာ့လန် ဒီဇင်ဘာလအစောပိုင်းတွင် ဆုမြို့ မှပြန်လာခဲ့သည်။ ဤအချိန်၌ ရန်သာ့လန် ဆိုင်နှင့် လူအင်အားကို အခြေခံအားဖြင့် တည်ငြိမ်စေခဲ့ပြီးပြီဖြစ်ကာ နောက်နှစ်တွင် ကိစ္စကြီးကြီးမားမားမရှိပါက ထိုနေရာတွင် အကြာကြီးနေရန် မလိုအပ်ပေ။
သူပြန်ရလာသည့် ငွေတေးနှစ်ရာကျော်ပါလာခဲ့သည်။အရင်တစ်ခေါက်နှင့် ယခင်စုဆောင်းငွေ ၃၀၀ ကျော် အပါအဝင်၊ အိမ်တွင် စုစုပေါင်းငွေက ခြောက်ရာမှ ခုနစ်ရာအတွင်းရှိသည်။ သူတို့နှစ်ဦးသည် မြေဝယ်ရန် ငွေတစ်ဝက်ကို ယူခဲ့ကာ ကျန်သည်ကို အိမ်ခြံမြေအတွက် စုဆောင်းထားသည်ဟု ယူဆနိုင်သည်။ ကျန်ငွေများကို နောက်နှစ်တွင် အခြားမြေအောက်ခန်းနှင့် အိမ်တန်းရှည်များ ဆောက်လုပ်ရန် စီစဉ်ပြီးနောက် ပိုသည်များကို သိမ်းဆည်းမည်ဖြစ်သည်။
ထို့ကြောင့် ဒီဇင်ဘာမှာ နှင်းတွေကျနေတုန်း လီမင်တို့တတွေကို ခေါ်ပြီး ပျော်ပျော်ပါးပါး ထမင်းပူပူနွေးနွေးစားခဲ့ကြသည်။
လူများက စားစရာကိုကျေနပ်အားရကြသည်။
ဆောက်ရမည့် အိမ်များ အကုန်အဆင်သင့်ဖြစ်နေပြီးနောက် တရုတ်နှစ်သစ်ကူးချိန်နီးနေပြီဖြစ်၏။
ထိုအချိန်တွင် ရှုဟွမ်းက ဇနီးဖြစ်သူနှင့် ညီငယ်ကို နှစ်သစ်ကူးအတွက် အိမ်ပြန်ရန် လာကြိုသည်။ မထွက်ခွာမီတွင် သူသည် ကျေးဇူးတင်ကြောင်းဖော်ပြရန် မြောင်ဟယ်တို့၏အိမ်သို့ ရောက်ရှိလာခဲ့ပြီး သူတို့ သူ့ကို လေးနက်စွာ အပြင်ကို လိုက်ပို့လိုက်သည်။ရေမှော်၊ ကမာ နှင့် ပင်လယ်ခရုကဲ့သို့သော အဆင့်မြင့် ပင်လယ်စာသေတ္တာများစွာ သူနှင့်အတူ ပါလေသည်။ နှစ်သစ်အတွက်ကွက်တိဖြစ်၏။
မြောင်ဟယ်က သူ့အဆင်ပြေသည်ထင်ပြီး ယဥ်ကျေးမနေဘဲ လက်ခံလိုက်သည်။သို့ပေမဲ့ ရှုဟွမ်းက ရှက်ကိုးရှက်ကန်းနှင့်လှည့်လာပြီး ပြောသည်ကို သူကြားလိုက်ရ၏။
"ရန်ရှုန်း...ငါတို့နှစ်ယောက်တည်းစကားပြောလို့ရမလား"
ရန်သာ့လန်က ခဏကြောင်သွားပြီးနေနာက် ခေါင်းညိတ်လိုက်သည်။
ရာသီဥတုကအေးနေချိန်မှာ အိမ်ပြင်ထွက်ပြီးစကားပြောရန် အရွယ်ရောက်ပြီးသားလူကြီးနှစ်ယောက် ပြေးသွားသည်ကို တွေ့လိုက်ရသည်။ သိပ်မကြာခင်မှာပဲ ရန်သာ့လန်က ဘာမှ မပြောဘဲ ပြန်လာခဲ့ပြီး မီးဖိုချောင်ကို သွားကာ အထည်အိတ်သေးသေးလေးကို ထုတ်လိုက်သည်။မြောင်ဟယ်က သူ့ခေါင်းပေါ်မှာ မေးခွန်းအမှတ်အသားတအပြည့်နှင့် ကြည့်လိုက်၏။
ရန်သာ့လန်က ဧည့်သည်ကိုလိုက်ပို့ပြီး အိမ်ထဲဝင်လာသည်အထိစောင့်ပြီးမှ မြောင်ဟယ်ကမေးလိုက်သည်။
"ဘာဖြစ်တာလဲ…"
ရန်သာ့လန်က တကယ်ဘာမှ မပြောချင် ဖြစ်နေသည်။ယခု ကိုယ်ဝန်ရရန် အကူအညီတောင်းသည့် နောက်ထပ်ဖူးရန်တစ်ယောက်လည်း ရှိနေသေးသည်...
နောက်ဆုံး၌ သခင်မချိုးလျန်က မန်ထိုနှင့်ဝေါ်ထို၏တစ်လပြည့်ပွဲမှာ သူချန်းရုံကိုပေးခဲ့သည့်တန့်ရှန်းအကြောင်းကြားပြီး လာပြီး သီးသန့်တောင်းခြင်းပင်။ဤဆွေးနွေးမှုအပြီးတွင် သခင်မချိူးလျန်က အမှန်တကယ် ကိုယ်ဝန်ရှိနေသည်။ ထို့ကြောင့် လျန်ဖူးရန်နှင့်လည်း ရင်းနှီးသော ရှန်းကျန့်က အခွင့်ကောင်းယူကာ ရှုဟွမ်းကိုအတောင်းခိုင်းလိုက်သည်။
"ဘာတွေပြောကြတာလဲ"
"အလုပ်ကိစ္စပါ"
မြောင်ဟယ် အနည်းငယ်မပျော်မရွှင်ဖြစ်သွားသည်၏
"မပြောချင်ဘူးလား"
ရန်သာ့လန် ရွေးချယ်စရာမရှိတော့ပဲ လူကို ဖမ်း၍ အရင်နမ်းလိုက်ပြီးမှ ပွေ့ဖက်ကာ နားရွက်ထဲကို တီးတိုးပြောလိုက်သည်။၎င်းကိုကြားပြီးနောက် မြောင်ဟယ်က အမှန်တကယ်တခစ်ခစ်ရယ်လိုက်သည်။
"ဒါက ကောင်းပေမဲ့ ခင်ဗျားရဲ့ပုံရိပ်နဲ့ တကယ်မလိုက်ဖက်ဘူး သာ့လန်"
ရန်သာ့လန် ရယ်ရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
သို့ပေမဲ့ အရေးမကြီးပါချေ၊ ပြုံးပြီး နမ်းလိုက်ရုံပါပင်။ များလေလေ ပိုကောင်းလေလေ။
***
မကြာခင် တရုတ်နှစ်သစ်ကူးလည်း
ရောက်လာတော့မည်။ယနေ့မှာ မြောင်ဟယ်က ပျော်ပျော်ကြီး ကြေညာလိုက်သည်။
"နှစ်သစ်အတွက် ဈေးဝယ်ထွက်ရအောင် မြို့ထဲသွားရအောင်"
အရင်တစ်ခေါက် တရုတ်နှစ်သစ်ကူးတုန်းက မြောင်ဟယ် ကိုယ်ဝန်ရှိနေသဖြင့် ရန်သာ့လန်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့သည်။ယခု ကလေးနှစ်ယောက်က လုံလုံလောက်လောက် ကြီးနေပြီဖြစ်ကာ ခြေတစ်လှမ်း နှစ်လှမ်းလောက် လျှောက်နိုင်ပြီဖြစ်သဖြင့် ပွဲကြည့်ရန်ခေါ် သွားသည်က ကောင်း၏။ ထုံးစံအတိုင်း ရန်သာ့လန်က ခေါင်းညိတ်ပြပြီး ပိုက်ဆံယူလာရုံသာတတ်န်ုင်ခဲ့သည်။
တစ်နေ့မှာ မိသားစုတစ်စုလုံး မြည်းလှည်းကို မောင်းပြီး ကျန်းတုန်လမ်းပေါ်က နှစ်သစ်ကူးဈေးကို ဦးတည်သွားကြသည်။
တကယ်တမ်းတွင် အစားအသောက်နှင့်ပတ်သက်လျှင်ဝယ်စရာတွေ အများကြီး မရှိပါချေ။ယခုအချိန်မှာ ကြက်များကို အိမ်တွင် မွေးမြူကြပြီး ပန်းဝတ်ရည်ကိုလည်း အိမ်တွင် ထုတ်လုပ်သည်၊ အိမ်တွင် သစ်သီးယိုတွေလည်း ရရှိနိုင်ပြီး ဆီကိုပင် ပိုမိုမွှေးစေရန်အတွက် မြေပဲဆီ စက်ရုံမှ တိုက်ရိုက်တင်သွင်းသည်။တစ်ခုတည်းသော လိုအပ်နေသည့်ပစ္စည်းမှာ ငါးနှင့် ဝက်များဖြစ်သည်။ သို့ပေမဲ့ ယနေ့တော့ ကလေးတွေကို စိတ်လှုပ်ရှားစရာကြည့်ရန် အပြင်ခေါ်လာသဖြင့် သည်ငါးတွေဝယ်ရန်စီစဉ်ထားပေ။
ထို့ကြောင့် မိသားစုတစ်စုလုံးက အထည်ဆိုင်တွေ၊ ဖိနပ်နှင့် ဦးထုပ်ဆိုင်တွေ၊ ကိရိယာဆိုင်တွေ၊ စသည်တွေကို လည်ပတ်ခဲ့ကြပြီး ဈေးကြီးသည့် ဗျောက်ကြိုးအချို့ကိုလည်း ဝယ်ခဲ့ကြသည်။
ကလေးများက ၎င်းတို့ရှေ့က စိုစိုတောက်တောက် အနီရောင်ကို ကြည့်မဝနိုင်သည့်အတိုင်း စိုက်ကြည့်နေကြသည်။
သစ်သီးတုတ်ထိုးသကြားလုံးများရောင်းသည့် အမျိုးသားတစ်ဦးကို သူတွေ့သည့်အခါ မန်ထိုနှင့်ဝေါ်ထိုက နိုးလာသလိုမျိုး အော်မြည်ကာ လက်ချောင်းလေးများဖြင့် လက်ညိုးထိုးပြကြသည်။
ရန်သာ့လန် ၎င်းကို မြို့ကဝယ်လာချိန်က ဝေါ်ထိုလျှက်လိုက်ပြီးနောက် ဤအနှစ်သက်ဆူံးအစားအစာက သူတို့၏မှတ်ဉာဏ်ထဲတွင် စွဲစွဲမြဲမြဲ သတိရနေသည်။
ထို့နောက်မှာတော့ လက်နှစ်ဖက်လုံး မလုံလောက်တော့သည့်အတွက် လက်တစ်ဖက်မှာ ကလေးတွေကိုချီပြီး တခြားတစ်ဖက်က သကြားလုံးတွေ ကိုင်ခဲ့သည်။မန်ထိုနှင့်ဝေါ်ထိုက ပါးစပ်ကို လက်ဖြင့် မသုတ်ဘဲ သကြားလုံးအပြည့်နှင့် သူ့ပါးကို နမ်းလိုက်သည်။စေးကပ်ကပ် မိသားစုက ဘေးက ပြတင်းစက္ကူဆိုင်ကို သွားကြပြန်သည်။
မြောင်ဟယ်က ရန်သာ့လန်ကို အထဲဆွဲသွင်းလိုက်သည်အထိ ရန်သာ့လန်က၎င်းကို သတိမထားမိသေးပါချေ။မြောင်ဟယ်က ပြုံးပြုံးရွှင်ရွှင်နှင့် စာရွက်အနီအလွတ်တစ်ရွက်ကို ဝယ်ပြီးစကားဆိုလိုက်မှသာ သတိထားမိသည်။
"ဒီနှစ် နှစ်ကြောင်းစပ်ကဗျာတွေ ဝယ်စရာ မလိုဘူး...ခင်ဗျားရေးလို့ရတယ်..."
စုတ်တံနှင့် မင်တွေက စာရင်းလုပ်ရန်လိုအပ်သဖြင့် အိမ်မှာအသင့်ရှိသည်။
ရန်သာ့လန်က ခေတ္တတန့်သွားပြီးနောက်တွင် အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။
"...အဲဒါက မလှဘူး"
"ကျွန်တော့်မိသားစုက ရေးထားလို့ မလှဘူးဆိုတာမရှိဘူး... မန်ထိုနဲ့ဝေါ်ထို ကြီးလာရင် သူတို့စာရေးရမဲ့ အလှည့်ပဲ... ငယ်ငယ်ကဆို အဘိုးနှစ်သစ်ကူးပွဲကျင်းပဖို့ နှစ်သစ်ကူးနှစ်ကြောင်းစပ်ကဗျာတွေရေးတာ အမြဲကြည့်နေခဲ့တာ..."
မြောင်ဟယ်က အတိတ်လွမ်းဆွတ်သော လေသံဖြင့် ပြောလိုက်ပြီး မျက်လုံးလေးများကွေးညွတ်သွားသည်။
"နောက်နှစ်အတွက် ကိုယ့်ရဲ့မျှော်လင့်ချက်တွေ၊ဖြစ်ချင်တာတွေကို တစ်ခုပြီးတစ်ခု ချရေးပြီး အိမ်အစောင့်အကြပ်ရအောင် တံခါးမှာ ကပ်ထားသလိုမျိုးပဲ...ကလေးတွေမှာ နွေဦးပွဲတော် နှစ်ကြောင်းရေးကဗျာတွေကို နှစ်စဉ်နှစ်တိုင်း မိသားစုအတွက် ရေးပေးတတ်တဲ့ ဖခင်တစ်ယောက်ရှိမယ်ဆိုရင် အရမ်းကောင်းတယ်"
ရန်သာ့လန်၏လည်ချောင်း လှုပ်ခတ်သွားပြီး ဆိုလေသည်။
"ကောင်းပြီ"
"ခင်ဗျား ဖိအားတွေများနေရင်လည်း ဒါဇင်နဲ့ချီဝယ်လိုက်ရအောင်...မကြောက်ပါနဲ့"
"...ကောင်းပြီ မင်းပြောသမျှပဲ "
ကျေနပ်အောင်စျေးဝယ်ထွက်ပြီးနေုက် မိသားစုတစ်စုလုံး အိတ်ကြီးကြီးငယ်ငယ်တွေနှင့် မြို့စွန်ကိုဦးတည်သွားကြသည်။ ရွေ့လျားနေ မြည်းလှည်းကို စောင့်ကြပ်ပေးကြသည်။
အကြောင်းမှာ ထိုနေရာသည် အတော်လေးဝေးသောကြောင့်၊ အသက်ဝင်တက်ကြွမှုနည်းသော ရပ်ကွက်များစွာကို ဖြတ်သန်းရမည်ဖြစ်သည်။ ထောင့်တစ်ခုကိုချိုးပြီးနောက် မြောင်ဟယ် နှင့် ရန်သာ့လန်တို့ လမ်းသေးသေးလေး၏ အလယ်တွင် အိမ်တံခါးကို မျက်နှာမူ၍ရပ်ထားသည့် ဝေါယာဥ်အသေးလေးကို တွေ့လိုက်ရသည်။
ဝေါယာဥ်အတွင်းမှ ကြေကွဲစွာအော်ဟစ်သံ ထွက်ပေါ်လာသည်။
"မယူချင်ဘူး မယူချင်ဘူး...အဲဒီအဘိုးကြီးကို လက်မထပ်ချင်ဘူး...သွားခွင့်ပြုပါ ငါ့ကိုလွှတ်ပေးပါ...ဘာလို့ ငါက အနစ်နာခံရမှာလဲ...အဲဒီအဘိုးကြီး အခေါင်းထဲကို ခြေတစ်ဖက်နင်းတော့မယ်...ဘာလို့ ကိုယ်လုပ်တော် လိုချင်ရတာလဲ "
အသံကကြမ်းတမ်းလွန်း၍ မြောင်ဟယ်
ခြေတစ်လှမ်းဆုတ်လိုက်မိသည်။တစ်စုံတစ်ယောက်၏ ချီထားခြင်းကို ခံနေရသည့် မန်ထို နှင့် ဝေါ်ထို တို့၏ မျက်လုံးဝိုင်းဝိုင်းများသည် ယခုအခိုက်အတန့်တွင် ရှုပ်ထွေးမှုများနှင့် ကြောက်ရွံ့မှုတို့ကို ပြသနေပြီး ၎င်းတို့၏ ခန္ဓာကိုယ်ငယ်လေးများက သူတို့ကို ချီထားသော ဖခင်ဆီသို့ အလိုလို ယိမ်းသွားကြသည်။
သို့သော် အပြင်ဘက်မှ ဝေါယာဥ်ကိုထမ်းသောယောကျာ်းက ဤတုံ့ပြန်မှုနှင့် ရင်းနှီးနေပုံရပြီး ကူညီနားချပေးခဲ့သည်။
"ကောင်မလေး မရဘူး...နင့်မိသားစုက နင့်ကို အခြေချဖို့ ကူညီပေးခဲ့တယ်...ငါ့ကို အော်နေလဲ အသုံးမဝင်ဘူး...အဖြစ်မှန်တွေကို တတ်နိုင်သမျှ အမြန်ဆုံး လက်ခံဖို့ ငါ အကြံပေးတယ်...နင် အခုကနေစပြီး နင့်ခင်ပွန်းရဲ့ မိသားစုမှာ သာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ... ပြဿနာမရှာနဲ့နော်...လူတိုင်းကအရှက်မရှိကြဘူး... အဲဒီအချိန်မှာ ဒုက္ခရောက်မဲ့သူက နင်ပဲ..."
"မရဘူး––––...မလိုချင်ဘူးး...မြောင်ယွမ်ဘယ်မှာလဲ...မြောင်ယွမ်ကိုထွက်လာခိုင်းလိုက်...သူ့ အကြံအစည်ပဲ ဖြစ်ရမယ်...သူက အဲဒီလို အသုံးမကျတဲ့ အရှုံးသမားပဲ...ငါ့ကို ဘယ်လိုများကိုယ်လုပ်တော်အနေနဲ့ရောင်းရဲတာလဲ...ဘာလို့များ စာသင်နေသေးလဲ...သူ့ကိုထွက်လာခိုင်းလိုက်"
သဘာဝအတိုင်း လမ်းသွားလမ်းလာတွေက တစ်ယောက်ပြီးတစ်ယောက် တိုးတိုးပြောကြသည်။
ဝေါယာဥ်နှင့် မျက်နှာချင်းဆိုင် တံခါးက ပွင့်သွား၏။
တင်းမာသည့်အမူအရာနှင့် အဘွားကြီးတစ်ယောက် ထွက်လာပြီး တံခါးဖွင့်လိုက်သည်နှင့် သူ့ကို ကြိမ်းမောင်းသည်။
"ဒီမှာဘာလုပ်နေတာလဲ...ဘာလို့သူ့ကိုမြန်မြန်ခေါ်မလာတာလဲ...တကယ့်ကို စည်းမရှိကမ်းမရှိသောင်းကျန်းတဲ့ကလေးပဲ...ငယ်ငယ်ကတည်းကကောင်းကောင်းမပျိုးထောင်ခံရတာဖြစ်မှာစိုးတယ်...ဒါကြောင့် ငါတို့မိသားစုကိုတောင်းပန်ပြီး သူ့ကို ခေါ်သွားခိုင်းတာလေ... ညစ်ပတ်တဲ့ စကားလုံးတွေကို ကြည့်လိုက်စမ်း...ပြန်လာရင် တကယ် ရှင်းဖို့ လိုတာပဲ... နင်တို့ အမြန် အထဲသယ်သွားကြ"
ဝေါယာဥ်ထမ်းသည့်ယောကျာ်းတွေကတုံ့ပြန်လိုက်၏။ဝေါယာဥ်ပေါ်မှ "မလုပ်နဲ့" ဟူသော အော်သံက ပို၍ပင် စိတ်လှုပ်ရှားစရာကောင်းလာသည်။
ဝေါယာဥ်ကို သယ်ဆောင်သွားပြီးနောက်၊ အမည်တပ်ခံရပြီး ကြိမ်းမောင်းခံခဲ့ရသော မြောင်ယွမ်က ဝေါယာဥ်၏နောက်တွင် တိတ်တဆိတ် ကပ်နေသည်ကို တွေ့ရှိခဲ့သည်။
သူက ရှေ့ကို လှမ်းသွားကာ အဘွားကြီးဆီ ရိုသေစွာ ဦးညွှတ်ပြီးဆိုလေသည်။
"နောင်ကျရင် သူ့ကိုကောင်းကောင်းသွန်သင်ပေးပါဦး"
အဘွားကြီးက မောက်မောက်မာမာနှင့်နှုတ်ခမ်းမဲ့လိုက်သည်။
"မင်း ဘာမှ ပြောစရာ မလိုဘူး...အဲ့ဒါ ငါတို့မိသားစုရဲ့ကိစ္စပဲ"
ထို့နောက် ဘန်းခနဲ တံခါးကိုပိတ်လိုက်သောကြောင့် မြောင်ယွမ် နောက်မှပြောရန် စီစဉ်ထားသော စကားလုံးအချို့ကို ရုတ်ချည်းပြန်ရိုက်သွင်းလိုက်သည်။သူစကားမဆုံးခင် မြောင်ယွမ်မှာရွေးချယ်စရာမရှိဘဲ သူ့ခေါင်းကိုလှည့်လိုက်ပြိး တခြားလူတွေ စောင့်ကြည့်နေသည့် ဤနေရာကနေ အမြန်ဆုံး ထွက်သွားချင်ခဲ့သည်။
ခေါင်းကို လှည့်လိုက်ရာတွင် မနီးမဝေးက မြောင်ဟယ်တို့မိသားစုနှင့် ချက်ချင်းအကြည့်ချင်းဆုံးသွားသည်။
ထိုလူ၏မျက်နှာပေါ်တွင် ရှိနေဆဲဖြစ်သော အပြုံးသည် ချက်ချင်း အေးခဲသွားလေ၏။
ယခင်က သူစွန့်ပစ်ထားခဲ့သော ကောလေးက ယခုအခါ ဝတ်ကောင်းစားလှနှင့် သူ့ရှေ့တွင် ရပ်နေခဲ့သည်။
သူ့ဘေးနားမှာ ခင်ပွန်းသည်၊ သူ့ရင်ခွင်ထဲမှာ ကလေးများ၊သူ့လက်ထဲမှာ နှစ်သစ်ကူး ပစ္စည်းတွေ ပြည့်နေပြီး တကယ်ကို ပျော်ရွှင်စရာကောင်းသော မိသားစုလေးလိုပါပင်။
သို့ပေမဲ့ သူ၏နာမည်ဂုဏ်သတင်း၊ အိမ်ထောင်ရေးနှင့် ကြွယ်ဝမှုတို့ကမူ ဘာတစ်ခုမှ မရှိနေပေ၊ ထို့အပြင် အခုနက ရုပ်ဆိုးသောမြင်ကွင်းကိုပင် အမြင်ခံလိုက်ရသေးသည် ...
သို့ပေမဲ့ နောင်တအတွက် ဆေးမရှိပါချေ။
အရာရာတိုင်းက သူ့ရွေးချယ်မှုဖြစ်ပြီး၊သူထိုက်တန်သည်ဟု သူထင်သည့် ရွေးချယ်မှုပါပင်။
...ဘာလို့ဒီလိုဖြစ်လာခဲ့တာလဲ
တစ်ယောက်နှင့်တစ်ယောက် စကားမပြောဘဲ ကြည့်နေကြသည်။ ဒီဇင်ဘာ၏ အေးစက်သောလေက မြောင်ယွမ်ကို တုန်သွားစေခဲ့သည်။
သိက္ခာ၏နောက်ဆုံးခြေရာလက်ကျန်လေးကို စွန့်လွှတ်ပြီးနောက်၊ ထိုလူသည် တစ်စုံတစ်ခုဆီမှ ထွက်ပြေးသွားသကဲ့သို့ ရှက်ရွံ့စွာ လှည့်ထွက်သွားခဲ့သည်။
တစ်ခုသာ၊လေအေးတစ်သုတ်က မြောင်ဟယ်ကို ရိုက်ခတ်သွားသလို အေးစိမ့်သွားခဲ့၏။
မြောင်ဟယ်လည်ပင်းကို ကျုံ့ထားသည်ကိုမြင်ပြီး ရန်သာ့လန်က "အေးနေလား"ဟုလာမေးသည်။
မြောင်ဟယ်က ခေါင်းခါပြီး မျက်လုံးလေးကွေးကာ "ရပါတယ်"ဟု ဆိုလိုက်သည်။
လေထန်နေရုံသာဖြစ်၏။
ဤမြင်ကွင်းကို တစ်ယောက်ယောက်က ပြန်လာစောင့်ကြည့်နေသလိုပင်။