အပိုင်း၂၅၁
Viewers 70k

🍵Chapter 251




ဝမ်ရူ​ကွေ့မှာ အားလပ်ရက်များများ မရသဖြင့် ​နောက်တစ်ရက်မှာပင် သု​တေသနစခန်းသို့ ပြန်လာခဲ့ရသည်။ 


ထုံရွှယ်လူ အလုပ်သို့ ​ရောက်လာပြီး မကြာခင် စုယွဲ့ရှန်း ​တစ်​ယောက် စား​သောက်ဆိုင်သို့ ​ရောက်ချလာခဲ့သည်။


"ရဲ​ဘော်ထုံ... ကျွန်​တော့်ဆီမှာ မသင့်​တော်တဲ့ ​တောင်းဆိုချက်တစ်ခု ရှိ​နေလို့ပါ"


စုယွဲ့ရှန်းက ပထမဆုံးအ​နေဖြင့် ရှက်ရွံ့မှုကို ​ဖော်ပြလာသည်။


ထုံရွှယ်လူ : "ရဲ​ဘော်စု ​ပြောသာ​ပြောပါ"


ယန်ရုံအန်း ဆွဲချခံလိုက်ရပြီးကတည်းက သူမနှင့် စုမိသားစုက တစ်ခဏ​လောက် အဆက်အဆံ မရှိခဲ့ဘဲ စုယွဲ့ရှန်းကလည်း ကုရိလန်၏ ကိစ္စများ​ကြောင့် ​ပြေးလွှား​နေရဟန်တူသည်။ 


ထိုအမြင်မှ ကြည့်လျှင် ထိုသူက အမှန်ပင် အချစ်ကြီးသူ ဖြစ်​ပေ၏။


စုယွဲ့ရှန်း: "​ရှောင်ကျိုးရဲ့ အ​မေက ဒီနှစ်ရက်ထဲ အပြစ်​ခံယူဖို့ ကွမ်းတုံအ​ရှေ့ပိုင်းကို အပို့ခံရ​တော့မှာ... သူ ထွက်မသွားခင် မင်းကို ​တွေ့ချင်​တယ်လို့ ​ပြော​နေတယ်"


ကုရိလန်က ကွမ်းတုံအ​ရှေ့ပိုင်းကို တကယ် အပို့ခံရ​တော့မယ်​ပေါ့... သူ့ရဲ့​နေ့ရက်​တွေ​တော့ ခက်ခဲ​နေ​တော့မှာပဲ...


ထုံရွှယ်လူ ​ခေါင်းငြိမ့်ပြလိုက်သည်။ "ရပါတယ်... ဘယ်အချိန်​လောက်လဲ"


စုယွဲ့ရှန်းက သူမ မြန်မြန် သ​ဘောတူလာမည်ဟု ထင်မှတ်မထားခဲ့သဖြင့် ​ကျေးဇူးတင်ဟန်ဖြင့် ​ပြောလာသည်။


 "​ကျေးဇူးပါ... အရင်တစ်​ခေါက်က ရိလန်​ပြောခဲ့တဲ့စကား​​တွေအတွက်လည်း ​တောင်းပန်ပါတယ်"


​ပြော​နေရင်းဖြင့် သူက ထုံရွှယ်လူကို အ​​လေးအနက် ဦးညွှတ်လိုက်သည်။ 


ထုံရွှယ်လူက သူမ၏ ကိုယ်ကို ​ရှောင်လိုက်သည်။ 


"ရဲ​ဘော်ကုက​တော့ ရှင်ံနဲ့ တွေ့ဆုံခဲ့ရတာက သူ့ဘဝမှာ အကြီးမားဆုံး ​ကောင်းချီးပဲ​ဖြစ်မှာ"


စုယွဲ့ရှန်း၏ မျက်လုံးများထက် ကူကယ်ရာမဲ့အပြုံးတစ်ခု ထွက်​​ပေါ်လာသည်။


ထိုအဖြစ်အပျက် ပြီး​နောက် သူ့နှလုံးသားထဲတွင် မ​ကျေမနပ် ဖြစ်မှုများ လွန်ဆွဲ​နေခဲ့ပြီး သူမကို ကွာရှင်းရန်ပင် တစ်ကြိမ်မျှ ​တွေးခဲ့ဖူးသည်။ 


သို့​သော်လည်း သူတို့၏ စုမိသားစု အဖြစ်အပျက်အ​ကြောင်း စဥ်းစားမိသည့်အခါ ထိုအချိန်ကလည်း သူတို့ကျတ်တီး​မြေ​နေရာသို့ အပို့ခံလိုက်ရပြီး မည်သည့်အခါမှ ပြန်လာ​နိုင်​တော့မည်မဟုတ်ဟု လူတိုင်းက ​တွေးခဲ့ကြသည်။


သို့​သော်ငြား ကုမိသားစုကမူ ထွက်မသွားခဲ့​ပေ။ ကုရိလန်၏ အဆင့်အတန်းအရ သူမကွာရှင်းခဲ့လျှင်ပင် များစွာ​သော ​ယောကျ်ားများက သူမကို လက်ထပ်ရန် ဆန္ဒရှိ​နေကြသော်ငြား သူမကမူ သူ့ကို ​စောင့်​နေရန်သာ ​ရွေးချယ်​နေဆဲ​ပေ။


သူမနှင့် ကုမိသားစုက ​နောက်ပိုင်းတွင် တုံးအ​သောအရာများ လုပ်​ဆောင်ခဲ့​သော်လည်း ​ကျေးဇူးတရားများက ကြီးစိုး​နေ၍ သူမကို မစွန့်ပစ်နိုင်​​ပေ။ ၎င်းက သူမကို သတ်ပစ်ရာကျ​ပေလိမ့်မည်။ 


တစ်ဖက်တွင်လည်း ​ရှောင်ကျိုးအတွက် ဖြစ်သည်။


ကုရိလန်၏ ကိစ္စဖြစ်ခဲ့သည့်အချိန်ကတည်းက က​လေးက ညသန်း​ခေါင် ငိုရင်းနိုးလာတတ်ပြီး က​လေး၏ အပြုံးကို မ​တွေ့ရသည်မှာလည်း အ​တော်ကြာ​နေခဲ့​လေပြီ။


ထုံရွှယ်လူမှာ ယခင်ကတည်းက စုယွဲ့ရှန်းနှင့် ကုရိလန်တို့၏ ခံစားချက်များအ​ကြောင်း များများစားစား မ​ပြောခဲ့ရာ ယခုတွင်လည်း ​ပြောမည် မဟုတ်​ပေ။ 


ခံစားချက်များက ​လူအများ ​ရေ​သောက်ကြသကဲ့သို့ပင်။ အ​ပူ အ​အေးမှန်သမျှကို သိနိုင်​ပေသည်။


စား​သောက်ဆိုင်ဝန်ထမ်းများနှင့် စကား​ပြောပြီး​နောက် ထုံရွှယ်လူနှင့် စုယွဲ့ရှန်းတို့ ဘတ်စ်ကား စီးကာ ပြည့်သူ့လုံခြုံ​ရေး ဝန်ကြီးဌာန၏ နိုင်ငံ​ရေးဗျူရိုထံ ​ရောက်ရှိလာခဲ့သည်။ 


ကုရိလန်မှာ တစ်ချိန်လုံး ဤ​နေရာမှာသာ ထိန်းချုပ်ခံထားရသည်။


စုယွဲ့ရှန်းက ​စီစဥ်​​ဆောင်ရွက်မှုကို လုပ်​ဆောင်ရာ၌ ကူညီ​ပေးမည့် လူများ ရှိ​နေပုံပင်။ သူတို့၏ အ​​ထောက်အထားကို အတည်ပြုပြီးသွားသည်နှင့် ဧည့်ခန်းထဲသို့ ခပ်မြန်မြန် ​ခေါ်​ဆောင်သွားခံရသည်။


ဆယ်မိနစ်မျှ ​​စောင့်ဆိုင်းပြီး​နောက် "ဂျိန်း" ဟူ​​သော အသံနှင့်အတူ သံတံခါးကြီး ပွင့်လာပြီး ကုရိလန်က ​ထောင်သားဝတ်စုံဖြင့် လမ်း​လျှောက်လာသည်။


ထုံရွှယ်လူ ​မော့ကြည့်လိုက်​သောအခါ ထိတ်လန့်အံ့သြသွားရသည်။


တစ်လပင်မရှိ​သေး​သော်လည်း ကုရိလန်မှာ အရိုး​ပေါ်အ​ရေတင် ဖြစ်သည်အထိ ပိန်ကျသွားပြီး သူမ၏ မျက်လုံးများမှာ ယခင်ကတည်းက ကြီးသည်ဖြစ်ရာ မျက်တွင်းများ ​ဟောက်ပက်ဖြစ်သွား​သောအခါ ပို၍ပင် ကြီးသွားပုံ​ပေါ်သည်။ 


အတိတ်တွင် သူမ၏ မျက်လုံးများမှာ ​လေဒဏ် ​ရေဒဏ် မခံရ​သော ပန်းက​လေးများကဲ့သို့ ​ဖြူစင်ကာ ​တောက်ပ​နေ​​သော်လည်း ယခုတွင် ထိုမျက်လုံးများမှာ ​သောကများနှင့် ရှုပ်​ထွေးမှုတို့ ပြည့်​နေသည်။ 


သူမ ​လျှောက်လာ​သောအခါ သူမ၏ အကြည့်များက အရင်ဆုံး စုယွဲ့ရှန်းအ​ပေါ် ကျ​ရောက်သွားပြီး သူမ၏ မျက်လုံးများက ချက်ချင်းဆိုသလို နီရဲသွားပြီး​နောက် ထုံရွှယ်လူကို အပြစ်ရှိစိတ်တို့ဖြင့် ထပ်ကြည့်လိုက်သည်။


စုယွဲ့ရှန်းမှာ ယခင်ကထက် အ​တော်​လေး ပိန်သွား​သော သူမကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်သွားသည်။ သူ ထရပ်ကာ ​ပြောလိုက်သည်။ 


"ရဲ​​ဘော်ထုံနဲ့ အရင်ဆုံး စကား​ပြောလိုက်ဦး... ပြီးမှ ကိုယ်ပြန်လာမယ်"


ကုရိလန် ​ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ မျက်လုံးက ​စစ်​ဆေးမေးမြန်းခန်းထဲမှ သူ ထွက်သွားသည်အထိ လိုက်ပါသွားသည်။


စစ်​ဆေး​မေးမြန်းခန်းထဲတွင် သူတို့နှစ်​ယောက်အပြင် သူမကို ​စောင့်ကြပ်​နေသည့် ရဲ​သားတစ်​ယောက်လည်း ရှိ​နေသည်။


ကုရိလန်က ထိုင်ခုံ​ပေါ်တွင် ထိုင်​နေပြီး လက်များကို အချင်းချင်း ပွတ်သပ်နေပြီးမှ စကားစ​ပြောလာသည်။


 "ရဲ​ဘော်ထုံ... ကျွန်မကိုလာ​တွေ့​ပေးလို့ ​ကျေးဇူးတင်ပါတယ်... အရင်က ဖြစ်ခဲ့တဲ့အရာ​​တွေအတွက်လည်း ​တောင်းပန်ပါတယ်" 


စုယွဲ့ရှန်း သူမကို ​ပြောခဲ့ဖူးသလိုပင်။ သူမက အလွန် တုံးအ​ပေသည်။ တုံးအလွန်း၍ လူ​ကောင်းနှင့် လူဆိုးကို မခွဲခြားနိုင်ခဲ့​ပေ။ 


သူမက ထုံကျန်းကျန်း သူမကို ရည်ရွယ်ချက်ရှိရှိဖြင့် ချဥ်းကပ်လာသည်ကိုလည်း မသိခဲ့သလို သူမအ​ပေါ် ​ကောင်း​​ပေးခဲ့သည့် လူများအ​ပေါ်တွင် နာကျင်​စေခဲ့သည်။ 


သူမ တုံးအလို့ပဲ စုယွဲ့ရှန်းကို အလုပ်ပြုတ်သွား​စေခဲ့တာ... စုမိသားစုက လက်ရှိအ​ခြေအ​နေကို ​ရောက်သွားပြီး သူမကလည်း ​​ထောင်ကျရ​တော့မယ်...


ထုံရွှယ်လူက သူမကို ကြည့်လာပြီး ဘာကိုမှ မ​ပြောခဲ့​ပေ။ 


ကုရိလန်က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး​နောက် ​ပြောလိုက်သည်။ 


"ပြီး​တော့ ကျွန်မ တကယ်​တောင်းပန်ပါတယ်... ကျွန်မ ရှင့်ကို ​ကျေးဇူးစကား မ​ပြောရ​သေးဘူး... ရှင်သာ ​ရှောင်ကျိုးကို မကယ်​ပေးခဲ့ရင် သူ့ကို ဘယ်​တော့မှ ထပ်​တွေ့ရ​တော့မယ် မထင်ဘူး... ကျွန်မ တကယ် ​ကျေးဇူးတင်ပါတယ်"


သူမက ထရပ်ကာ ထုံရွှယ်လူကို သုံးကြိမ်တိုင် ဦးညွှတ်လိုက်သည်။


ထုံရွှယ်လူက မ​ရှောင်ရှားခဲ့​ပေ။


ကုရိလန်က သူမတိတ်ဆိတ်​နေသည်ကို မြင်​​​သောအခါ မျက်နှာထက်တွင် ရှက်ရွံ့မှုများ ဖြတ်​ပြေးသွားသည်။


 "ရဲ​ဘော်ထုံ... ကျွန်မကို ခွင့်မလွှတ်ချင်ရင်လည်း ကျွန်မ နားလည်ပါတယ်... ကျွန်မက တုံးလွန်းလို့ ထုံကျန်းကျန်းဆီက​​နေ အသုံးချခံရတယ်... ဒါ​ပေမယ့် ရဲ​ဘော်ထုံက​တော့ ကျွန်မကို ခွင့်မလွှတ်ရင်​တောင် ​ရှောင်ကျိုးကို​တော့ စိတ်မကွက်သွားပါနဲ့​နော်... ​ရှောင်ကျိုးက လိမ္မာတဲ့ က​လေး​လေးပါ"


​ရှောင်ကျိုးအ​ကြောင်း ​ပြော​သောအခါ သူမ၏ နှလုံးသားက ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရသလို ဖြစ်သွားပြီး မျက်ရည်များ အဆက်မပြတ် ကျဆင်းလာခဲ့သည်။


ထုံရွှယ်လူက သူမကို နှစ်သိမ့်မ​ပေးခဲ့​ပေ။


ကုရိလန်က ထိုင်​နေပြီး အချိန်အ​တော်ကြာ ငို​ကြွေး​နေပြီး​နောက် ရပ်သွားသည်။ 


"​ကျေးဇူးပါ ရဲ​ဘော်ထုံ... ​နောက်ဘဝကျမှပဲ ကျွန်မရဲ့ အ​ကြွေးကို ပြန်ဆပ်ပါ​တော့မယ်"


ထို့​နောက် သူမက ထရပ်ကာ ထုံရွှယ်လူကို ဦးညွှတ်လိုက်ပြီး​နောက် လှည့်ကာ အပြင်ဘက်သို့ ထွက်သွားသည်။ 


ထုံရွှယ်လူက မျက်​မှောင်ကြုတ်ကာ သူမ၏ ​နောက်​ကျောကို ကြည့်၍ ​ပြောလိုက်သည်။ 


"ရှင် သတ်​သေဖို့ စဥ်းစား​နေတာ​တော့ မဟုတ်ဘူးမလား"


ကုရိလန်၏ ခန္ဓါကိုယ်ပါးပါး​လေးက တုန်ယင်သွား​လေပြီး ​ခြေလှမ်းများလည်း ရပ်သွားသည်။ 


ထုံရွှယ်လူ: "ရှင်​သေသွားရင် စုယွဲ့ရှန်းအ​ပေါ် မသက်​ရောက်​တော့ဘူး ရှောင်ကျိုးကို ပြဿနာ​တွေ မဖြစ်​စေ​တော့ဘူးလို့ ထင်​နေတာလား... ​ဆိုရိုးစကား​ဟောင်း​တွေ ​ပြောခဲ့တာ သင်ခန်းစာတစ်ခု ရပြီးသွားရင် ပိုပြီး ဥာဏ်​ရှိလာမယ်တဲ့... ကျွန်မ ရှင့်ကို ဒီတစ်​ခေါက် သင်ခန်းစာ​ ရပြီးသွားရင် ပိုပြီး ဥာဏ်​ကောင်းသွားမယ်လို့ ထင်ထားခဲ့တာ... ရှင့်ကို ပိုပြီး တုံးသွားမယ်လို့ မထင်ခဲ့ဘူး"


တစ်ဖက်မှ ပြည်သူ့လုံခြုံ​ရေးရဲ​ဘော်​​လေးမှာ ထုံရွှယ်လူ၏ စကားကို ကြား​သောအခါ ကုရိလန်ကို စူးရှ​သော မျက်လုံးများဖြင့် ​ကြည့်လိုက်ပြီး ထိုကိစ္စအား သတင်းပို့သင့်မပို့သင့်ကို စဥ်းစားနေခဲ့သည်။ 


ကုရိလန်က စကားတစ်ခွန်းမှ မ​ပြောသလို လှည့်လည်းကြည့်မလာ​​သော်ငြား တုန်ယင်​နေ​သော ​ကျောပြင်များက ဤအခိုက်တွင် သူမ မည်မျှပင် စိတ်လှုပ်ရှား​နေ​ကြောင်း ​ပြောနိုင်​​​ပေသည်။ 


ထုံရွှယ်လူ ဆက်​ပြောလိုက်သည်။


 "ရှင် ကိုယ့်ကိုယ်ကိုယ် သတ်​​သေလိုက်ရင် စုမိသားစုကို ကူညီရာမကျဘဲ သူတို့ရဲ့ နှလုံးသားကို ထပ်ပြီး ခွဲလိုက်သလို ဖြစ်သွားမှာ"


"​ရှောင်ကျိုးက ငယ်​သေးတယ်... ရှင်သူ့ကို ​နောက်ပိုင်းကျရင် ​နောင်တ​တွေ နာကျင်မှု​တွေနဲ့ ရှင်သန်​နေ​စေချင်လို့လား... ဒါမှမဟုတ် သူ့ကို ရှင့်လို အခက်အခဲ​တွေ ကြုံလာရင် ကိုယ့်ကိုယ်ကိုယ် သတ်​သေမဲ့ သတ္တိနည်းပြီး အသုံးမကျတဲ့သူ ဖြစ်လာ​စေချင်လို့လား"


"မဟုတ်ဘူး... ကျွန်မ အဲ့လို မဖြစ်​စေချင်ဘူး" 


ကုရိလန်က ထိုစကားကို ကြား​သောအခါ လှည့်မကြည့်ဘဲ မ​နေနိုင်​တော့​ပေ။ 


"ကျွန်မ အဲ့ဒီလို ​တွေးတာ မဟုတ်ပါဘူး... ကျွန်မရဲ့ အဆုံးသတ်က သူတို့ကို အရင်လို ​နေ့ရက်​ကောင်း​လေး​တွေ ပြန်ယူလာနိူင်​ပေးဖို့ပဲ ​မျှော်လင့်တာပါ"


ထုံရွှယ်လူ ပုခုံးတွန့်လိုက်သည်။ "ဒါ​ကြောင့် ရှင့်ကို တုံးတယ်လို့ ​ပြောတာ... ရှင်သူတို့အတွက် တကယ် စဥ်းစားရင် ရှင်​ကောင်း​ကောင်း ရှင်သန်ပြီး​​တော့ ရှင့်ရဲ့ ထူးချွန်တဲ့ လုပ်​ဆောင်မှု​တွေကို အသုံးချပြီး ပြစ်ဒဏ်​လျှော့​ပေါ့​အောင် လုပ်ရမှာ... ဒါမှ ရှင်အပြင်ထွက်လာပြီး သူတို့နဲ့ အမြန်ဆုံး ပြန်ဆုံနိုင်မှာ


ကုရိလန် ကြက်​သေ​သေသွားသည်။


 "ဟုတ်လား... ကျွန်မ ကောင်း​ကောင်း​နေရင် ပြစ်ဒဏ်​လျှော့​ပေါ့နိုင်မှာလား"


ထုံရွှယ်လူ ​ခေါင်းငြိမ့်ပြလိုက်သည်။


 "ပါတီနဲ့ အစိုးရက မျှတပြီး စည်းကမ်း အတင်းကြပ်ဆုံးပဲ... တရားဥပ​ဒေချိုး​ဖောက်မှုက အပြစ်ဒဏ်သင့်​ပေမယ့် လူ​တွေရဲ့ အ​ခြေအ​နေ​တွေကို ​​ကောင်းကျိုး​တွေ ယူလာ​ပေးရင် ရှင့်ကို ​သေချာ​ပေါက် သက်ဆိုင်ရာ ဆုလာဘ်​တွေ ​ပေးလာမှာပဲ"


လာမည့်နှစ်များအတွင်း ပြစ်ဒဏ်များက ရှုပ်​ထွေး​နေ​သော်လည်း ​နောက်ပိုင်းတွင် တဖြည်းဖြည်း ရှင်းလင်းလာမည် ဖြစ်သည်။


ကုရိရန် မ​သေ​ဆုံးသေးသ​ရွေ့ စုယွဲ့ရှန်း၏ လုပ်ရည်ကိုင်ရည်နှင့်ဆိုပါက ​​နောက်ပိုင်းတွင် သူမကို သေချာ​ပေါက် အပြင်ထုတ်​ပေးနိုင်လိမ့်မည် ဖြစ်သည်။ 


ကုရိလန်မှာ ကြက်​သွေးထိုးခံလိုက်ရသည့်အလား မှုန်မှိုင်း​နေ​သော မျက်လုံးများက ရုတ်တရက် ဝင်းလက်သွား​ခဲ့လေသည်။


 "ကျေးဇူးပါ ရဲ​​ဘော်ထုံ... ကျွန်မ ရှင့်စကားကို နားဆထာင်ပြီး​တော့ ​ကောင်း​ကောင်း ရှင်သန်ပါ့မယ်... တိုင်းပြည်နဲ့ လူ​တွေအတွက် အသုံးဝင်တဲ့သူ ဖြစ်​စေရပါမယ်"


ထုံရွှယ်လူ ထရပ်ကာ ​ပြောလိုက်သည်။ "ကျွန်မ ရဲ​ဘော်စုကို ဝင်လာပြီး စကား​ပြောခိုင်းလိုက်မယ်"


မတိုင်မီက ကုရိလန်မှာ တွန့်ဆုတ်​မိနေမည်ကို စိုးရိမ်သဖြင့် စုယွဲ့ရှန်းကို စကား​ပြောရန် အစီအစဥ်မရှိခဲ့​ပေ။ သို့​သော်ငြား သူမက ယခုတွင် အသက်ဆက်ရှင်သန်မည့် အ​တွေးရှိ​နေသဖြင့် ထိုစကားကို ကြား​သောအခါ အလိုအ​​လျောက် ​ခေါင်းငြိမ့်ပြလိုက်သည်။ 


ထုံရွှယ်လူ ထွက်လာ​သောအခါ သူမက သူမ​ ပြောခဲ့သမျှကို စုယွဲ့ရှန်းထံ အတိုချုံ့ ​ပြောပြလိုက်သည်။ 


စုယွဲ့ရှန်းက ထိတ်လန့်သွားပုံ​ပေါ်ပြီး ကုရိလန် သတ်​​သေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပုံပင်။


အချိန်အ​တော်ကြာမှာသာ အသိစိတ်ပြန်ကပ်လာသည်။ "​ကျေးဇူးပါရဲ​ဘော်ထုံ... မင်း ငါတို့ စုမိသားစုကို ထပ်ပြီး ကယ်တင်လိုက်ပြန်ပြီ"


ကုရိလန်သာ အမှန်တကယ် သတ်​သေသွားခဲ့ပါက ​​ရှောင်းကျိုး၏ ဘဝသည်လည်း အမှန်ပင် ပျက်စီးသွားရ​ပေ​တော့မည်။ 


ထုံရွှယ်လူ: "ရပါတယ်... စား​သောက်ဆိုင်မှာ လုပ်စရာ​လေး ရှိ​သေးလို့ သွားနှင့်​တော့မယ်"


​ပြောပြီး​နောက် လှည့်ထွက်လာခဲ့သည်။


စုယွဲ့ရှန်းက သူမ၏ ​နောက်​ကျောကို ကြည့်ကာ ထို​ကျေးဇူးတရားကို နှလုံးသားထဲ၌ မှတ်တမ်းတင်ထားခဲ့​လေသည်။