Chapter 319
လင်းလော့ချင်းသည်လည်း ထိုရှင်းပြချက်သည် အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
“ထပ်ပြီးရှိသေးလား … ” သူက ကျိုက်ထင်လန်ကို မေးလိုက်၏။
“ဘာရှိဦးမှာလဲ … သခင်ကြီးက ဒီလကစပြီး နင့်ရဲ့ကုမ္မဏီကို ထောက်ပံ့မပေးတော့ဘူး … ကုမ္မဏီကို သခင်လေးကျိက တိတ်တဆိတ် ထောက်ပံ့ပေးခဲ့တာ … ” ကျိုက်ထင်လန် တွန့်ဆုတ်စွာ ပြောလိုက်သည်။
“ဝန်မခံချင်ပေမယ့် သူကတကယ်နင့်ကို စိတ်ဝင်စားတဲ့ပုံပဲ … ”
လင်းလော့ချင်းက ကျိယွီရှောင်အား အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။
ကျိယွီရှောင် ပြုံးလိုက်၏။
“အဆင်ပြေပါတယ် … ဒါက မဖြစ်စလောက်ပမာဏလေးပါ … ကိုယ်တို့ စေ့စပ်ပြီးပြီဆိုတော့ မင်းအဖေက မင်းကုမ္မဏီရဲ့ဘဏ္ဏာရေးက ကိုယ့်မှာလည်း တာဝန်ရှိတယ်လို့ ယူဆခဲ့တာဖြစ်မှာပါ … ဘာပဲဖြစ်ဖြစ် … ကိုယ်တို့နောက်ပိုင်း လက်ထပ်ပြီးရင် ကိုယ့်ပိုက်ဆံအားလုံးက မင်းအပိုင်ပဲလေ … ဒီတော့ ကိုယ်ကြည်ဖြူပါတယ် …”
လင်းလော့ချင်း ခံစားသွားရသည်။ “ကျေးဇူးပါ ...”
ကျိယွီရှောင် သူ့ကိုဖက်လိုက်၏။ “မင်းက ဒီလိုပြောနေသေးတယ် … ကိုယ်တို့လက်ထပ်ပြီးရင် ကိုယ်ပိုင်တာအားလုံးက မင်းအပိုင်ပဲလေ … ဒီပိုက်ဆံက ဘာမှမဟုတ်ပါဘူး ...”
[ဖာ့ခ် … ဥက္ကဌကျိက လူကောင်းပဲ … ]
[ဝူးဝူးဝူး … လှလိုက်တဲ့ချစ်ခြင်းလေး ... ချင်းချင်း … သူ့ကိုလက်ထပ် … အာ မဟုတ်သေးဘူး … အလှလေးလင်း … သူ့ကိုလက်ထပ်လိုက် … ]
[ဟားဟားဟား … ချင်းချင်းလည်း သူ့ကိုလက်ထပ်လို့ ရပါတယ်နော် … [စနောက်လျှက်].]
[အမှန်ပဲ … ချင်းချင်း … သူ့ကိုလက်ထပ်လိုက် … မာမား ဒီလက်ထပ်ပွဲကို သဘောတူတယ် … ]
[အားလုံးပဲ … တစ်ခုသတိထားမိလား … အားလုံးက ချင်းချင်းကို အလှလေးလင်းလို့ပဲ ခေါ်တယ် … ဥက္ကဌကျိ ကတော့ ချင်းချင်းလို့ခေါ်တာနော်...]
[ဖာ့ခ် … ဖာ့ခ် … ညီအစ်မ … နင်တကယ်မြင်တတ်တာပဲ … ]
[ဘုရားရေ … ဘုရားရေ … ဥက္ကဌကျိ … သခင်လေးကျိရဲ့ အလွှာအောက်မှာ ရူးချင်ယောင်ဆောင်နေတာလား … ]
[ဥက္ကဌကျိရဲ့ စကားတွေက ချင်းချင်းကို ပြောချင်နေတဲ့ စကားတွေများလား … ]
[ငါစိတ်ကို ပြင်ဆင်ပြီးပြီ … ဒီရှိုးမတိုင်ခင်က ဥက္ကဌကျိက သူငယ်ချင်းအနေနဲ့ပဲနေခဲ့တာ … အခုတော့ သူက ဇာတ်ညွှန်းအတိုင်းလိုက်ပြီး အားလုံးကို ဖွင့်ထုတ်နေပြီ … သူက သခင်လေးကျိကိုငှားပြီး ချင်းချင်းကို ပြောချင်တာ အကုန်ပြောနေတော့တာ … ]
[ဖာ့ခ် … ဒါက အရမ်းကောင်းတယ် … ကျေနပ်တယ် … ]
[ပိုတွေးလေလေ ဖြစ်နိုင်တယ်လို့ ထင်လာလေပဲ … သူက အလှလေးလင်းလို့ မခေါ်ပဲ ဘာလို့ ချင်းချင်းလို့ ခေါ်ရတာလဲ … ]
[ဝူးဝူးဝူး … ချင်းချင်း … သူ့ကို မြန်မြန်ကြည့်လိုက်ပါ … သူပြောတာနားထောင် … သူက မင်းကိုတကယ်ချစ်တာ .. ]
{အာ … ဒါက … ငါယဉ်ယဉ်ကျေးကျေးနဲ့ သကြားလုံးစားနေတာကို … ရုတ်တရက် ဒါက အမှန်ဖြစ်နိုင်တယ်လို့ စထင်လာပြီ … ]
[အမှန်ပဲ ... သူနဲ့အတူ ရသစုံရှိုးရိုက်ဖို့ ကုမ္မဏီအလုပ်တွေကို ထားခဲ့တယ် … သူ့ကို ဘေဘီ၊ အချစ်လေး၊ ဇနီးလေးဆိုပြီးခေါ်တယ် … သူ့အပိုင်မှန်း သိအောင်ပြတယ် … ပြီးတော့ ပခုံးကိုဖက်တာတို့ … လက်ချင်းကိုင်ထားတာတို့ရော … သူက ဇာတ်ညွှန်းအတိုင်းတောင်မခေါ်ပဲ နာမည်အရင်းပဲ ခေါ်ခဲ့တာ … ဒါက အချစ်စစ်ပဲ … ]
[အမှန်တရားက အမှန်ပဲ ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ငါ့အတွက် အော်ဒါတင်လိုက်ပြီ … ]
[ဥက္ကဌကျိက အရမ်းကောင်းတာပဲ … ဘာလို့ ဒီရှိုးက ငါ့ကို စောစော invite မလုပ်ရတာလဲ … ငါတော့ သူတို့ကို လွမ်းနေရတော့မယ် … ]
[ငါရောပဲ … ဒီစုံတွဲကိုစောစော မတွေ့ခဲ့တာ နောင်တရမိတယ် … ]
ကျိုက်ထင်လန် စကားပြောပြီးနောက် လျှို့ယာမင်နှင့် စုန့်ရှို့ဝမ်က သူတို့တွေ့ခဲ့သည့် သက်သေများအကြောင်း ရှင်းပြသည်။ ထို့နောက် ပထမပိုင်းပြီးသွား၏။
စွန်းလျန့်က စုံထောက်တစ်ဦးအနေဖြင့် အားလုံးကို အကျဉ်းချုပ်ပေး၏။
“ဒီတော့ … လောလောဆယ် သံသယရှိတဲ့လူတွေက … သားတွေကိုပဲ မျက်နှာသာပေးတဲ့ သခင်ကြီးဆီက မျက်နှာသာပေးမခံရတဲ့ မွေးစားသမီး အလှလေးလင်း … ကြည့်ရတာ သူမက အမွေနည်းနည်းပဲ ရမှာမို့ သူ့ကို သတ်လိုက်တာ ဖြစ်ဖို့များတယ် … ပြီးတော့ မိခင်အတွက် လက်စားချေချင်တဲ့ သခင်လေးကျိ … နောက်ပြီး မစ္စကျောင်းရဲ့သားက သခင်ကြီးရဲ့ သားအရင်းမဟုတ်ဘူး … အကယ်၍ သခင်ကြီးသိသွားရင် သူက သူတို့သားအမိ နှစ်ယောက်လုံးကို အမွေမပေးပဲ သူမကို ကွာလိုက်မှာ စိုးတာကြောင့် ဖြစ်ဖို့များတယ် … ဒီတော့ မစ္စကျောင်းကလည်း အမွေကြောင့် သတ်တာဖြစ်နိုင်တယ် …”
“တတိယသခင်လေးဖန်းက အမွေနဲ့ အမဖြစ်သူရဲ့ စေစပ်ပွဲကို တားချင်တာကြောင့် သခင်ကြီးကို သတ်လိုက်တာ ဖြစ်နိုင်ပြီး စာရင်းကိုင်ကျိုက်ကလည်း အစ်ကိုအတွက် လက်စားချေချင်တာနဲ့ အလှလေးလင်းရဲ့ စေ့စပ်ပွဲကို တားဖို့ သခင်ကြီးကို သတ်လိုက်တာ ဖြစ်နိုင်တယ် … ပရိုဂရမ်မာချမ်က သူ့ရဲ့ ရည်းစားဟောင်းအတွက် သခင်ကြီးကို သတ်လိုက်တာ ဖြစ်နိုင်တယ် … ဒုတိယသခင်မလေးစုန့်ပဲ သံသယဝင်စရာမရှိတာ … ဒါပေမယ့် သူမက ပရိုဂရမ်မာ ချမ် နဲ့အတူ သူ့ကိုသတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ …”
“ပြီးတော့ ဒုတိယသခင်မလေးစုန့်နဲ့ သခင်ကြီးရဲ့ အသံဖိုင်ထဲမှာ သူ မသေမချင်း သခင်မလေးကို ပရိုဂရမ်မာ ချမ်နဲ့ သဘောမတူဘူးလို့ ပြောထားတာကြောင့်လည်း ပါတယ် … .”
အားလုံး ခေါင်းညှိတ်လိုက်ကြသည်။
စွန်းလျန့်’ အနည်းငယ် မူးလာ၏။ “ဘယ်သူက လူသတ်သမားပါလို့ ကျွန်တော်မပြောနိုင်သေးဘူး …”
“ဒါဖြင့် နောက်ထပ် သက်သေစုဆောင်းမှု စလိုက်ရအောင် … ” ဒါရိုက်တာက အရိပ်အမြွက်ပေးလိုက်သည်။
စွန်းလျန့်က သူ့အရှေ့ရှိ လူကိုကြည့်ရင်း ခေါင်းညှိတ်လိုက်၏။ “အားလုံးပဲ … ထပ်ပြီး သက်သေစုဆောင်းရအောင် … ”
“ကောင်းပါပြီ … ” လင်းလော့ချင်းက ပြောပြောဆိုဆိုဖြင့် ထလိုက်သည်။
ကျိယွီရှောင်က သူနှင့်အတူ အပေါ်ထပ်သို့လိုက်ပါလာ၏။
ဝန်ထမ်းက သူတို့ ချေပနေကြစဉ် အခန်းတိုင်းတွင် သက်သေများ ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အားလုံးက အသစ်တစ်ခု ရမှာဖြစ်၏။
စွန်းလျန့်က ဧည့်သည်ခန်းသို့ သွားနေစဉ် ရပ်တန့်သွား၏။ “သူငယ်ချင်းကောင်မလေး ကျား … ”
သူက လင်းလော့ချင်းကို လှည့်မေးလိုက်သည်။ “သူငယ်ချင်းကောင်မလေးကျားက မင်းအိမ်ထဲမှာလား … ”
လင်းလော့ချင်း ခေါင်းညှိတ်လိုက်၏။“သူမ အိမ်မှာ တစ်ယောက်ထဲဖြစ်နေလို့ နေလို့မကောင်းဘူးလို့ ပြောခဲ့တယ်လေ …ဒါ့ကြောင့် ငါသူမကို ခေါ်ထားခဲ့တာ … ”
ကျိုက်ထင်လန် ချက်ချင်းသဝန်တိုသွားသည်။ “ငါဘာလို့ မသိရတာလဲ …”
လင်းလော့ချင်း ရှက်သွား၏။ “ငါပြောရင် နင်ကြိုက်မှာမှ မဟုတ်တာ … ”
“နင်သူမကိုကျ နင့်အိမ်မှာ နေခိုင်းတယ်လေ … ငါ့ကိုကျ မနေခိုင်းဘူး … နင်သူမကို ငါ့ထက်ပိုခင်တာ မဟုတ်လား …”
“မဟုတ်တာ ….” လင်းလော့ချင်း သူမကို ချော့လိုက်သည်။ “နင်လည်း သူငယ်ချင်းကောင်မလေးကျားကို တွေ့တာပဲ … သူမက ကောင်မလေးအတုလေ … အတု … ”
“မင်းလည်း အစစ်အမှန်မဟုတ်ပါဘူး .. မင်းကလည်း မင်းရဲ့ သူငယ်ချင်းအလွှာအောက်မှာ မဲနက်တဲ့ နှလုံးသားကို ဖုံးထားတာပဲလေ ...” ကျိယွီရှောင် ရှေ့တက်ကာ လင်းလော့ချင်းကို ကာရပ်လိုက်သည်။
“မင်းဘာလို့ သူ့ကိုအော်နေတာလဲ … မင်းသဝန်တိုနေတဲ့ ပုံကိုလည်း ကြည့်ဦး … ငါနဲ့များသက်သက်စီပဲ … ငါက ချင်းချင်းအတွက် စိတ်မကောင်းဖြစ်နေတာ … ”
ကျိယွီရှောင်က လင်းလော့ချင်းကို လှည့်ကြည့်ကာ ညှင်သာစွာ ပြောလိုက်သည်။ “ဟုတ်တယ်မလား ဘေဘီ … ~”
လင်းလော့ချင်း တွေးလိုက်၏။ ‘…ဘေဘီ … မင်းလွန်နေပြီ … ဘေဘီတွေနဲ့ချည်း ဘာလို့ပြည့်နေရတာလဲ …’
မှတ်ချက်ဘားတန်းက တသောသော ရယ်မောမှုများဖြင့် ပြည့်သွားပြန်သည်။
[ဟားဟား ငါ ချင်းချင်းပဲ သနားပါတယ်ဟယ်~]
[ဟာဟားဟား ငါ သူ့ကို အရမ်းချစ်တယ်]
[ဥက္ကဌကျိ... ရှင်က ဘယ်လိုများ ဒီလောက် ချောမောပြီးမိမိုက်နိုင်ရတာလဲ... အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်]
[မဟုတ်ဘူး ဥက္ကဌကျိက သူ့ပါးစပ်ကို ဖွင့်လိုက်တာနဲ့ ငါရယ်ချင်လာတယ်]
[သူက တခြားသူတွေအကြောင်းပြောဖို့ စိတ်အားထက်သန်နေသေးတယ်... သူကမှ မနာလိုအဖြစ်ဆုံးသူ မဟုတ်ဘူးလား [မျက်နှာအုပ်]]
[ဥက္ကဋ္ဌကျိ... ရှင့်ရဲ့ မနာလိုဖြစ်ပြီး အရုပ်ဆိုးနေတဲ့ မျက်နှာကို ပြန်သွားကြည့်ချင်လား... စာရင်းကိုင်ကျိုက်က ရှင့်လို မနာလိုဖြစ်တာ ဖြစ်နိုင်ပါ့မလား]
[မှန်တယ်... မင်းက အာရှရဲ့ရှာလကာရည်ဘုရင်ပဲ ဟုတ်ပြီလား?!]
[သူက မကြာခင် အာရှရဲ့ လက်ဖက်ရည်ဘုရင်ဖြစ်လာတော့မယ်]
[အာရှလက်ဖက်ရည်ဘုရင် [ခွေးခေါင်း]]
လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့ စကားပြောနေချိန်မှာ စွန်းလျန့်က တံခါးကို ခေါက်ပြီး မေးနေပြီဖြစ်သည်။
"BFFကျား...ငါတို့ ဝင်လို့ရမလား...ငါတို့ မင်းကို မေးစရာတွေရှိတယ်"
အတွင်းမှ လှုပ်ရှားမှုမရှိပေ။
စွန်းလျန့်က လင်းလော့ချင်းကို လှည့်ကြည့်လိုက်သည်။
"သူ သူ့အခန်းထဲမှာလား"
"သူမဒီမှာရှိလောက်တယ်"
လင်းလော့ချင်းက မှန်းဆသည်။
"သူ အခုတလော တအား အိပ်ချင်နေပြီး နေ့တိုင်း နေ့လည် ၂ နာရီလောက်မှထတာ... အဲဒါကြောင့် ဒီနေ့ ကျွန်မသူ့ကို ထမင်းစားဖို့ အောက်ထပ်ကို မဆင်းခိုင်းတာ"
ကျိုက်ထင်လန်က နှာခေါင်းရှုံ့လိုက်သည်။
လင်းလော့ချင်းက အကူအညီမဲ့စွာဆို၏။
"ဒါ့အပြင် စာရင်းကိုင်ကျိုက်လည်း ဒီမှာ ရှိနေတယ်...ကျွန်မ သူတို့ကို အချင်းချင်း ရန်ဖြစ်ငြင်းခုံတာမျိုး မဖြစ်စေချင်ဘူး"
စွန်းလျန့်က ခေါင်းညိတ်လိုက်သည်။
လင်းလော့ချင်း တံခါးနားသို့ ကပ်ကာ မှန်းဆလိုက်သည်။
"သူ ကောင်းကောင်းအိပ်ပျော်နေပြီး မကြားတာလည်းဖြစ်နိုင်တယ်...ကျွန်မဝင်ပြီး သူ့ကိုခေါ်လိုက်ပါ့မယ်"
သူကပြောရင်း တံခါးလက်ကိုင်ကို လှည့်ပြီး လမ်းလျှောက်ဝင်သွားသည်။
ကျိယွီရှောင်က သူ့နောက်ကို လိုက်သွားပြီး လင်းလော့ချင်း ကုတင်နားကိုချဉ်းကပ်သွားသည်ကို တွေ့လိုက်ရသည်။သူက နှစ်ခါခေါ်နှိူးပြီး သူမ ပခုံးကို ခါယမ်းလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သဘောပေါက်ပြီး သူမ အသက်ရှူမရှူ စမ်းသပ်သည်။ သူက အော်ပြီး ကျိယွီရှောင်၏ ရင်ခွင်ထဲသို့ ဆုတ်သွားကာ သူ့အဝတ်အစားများကို ဆုပ်ကိုင်ထားလိုက်သည်။
သူက တအံ့တသြ မယုံကြည်နိုင်စွာနှင့် ကုတင်ပေါ်က အရုပ်ကို လက်ညှိုးထိုးပြလိုက်သည်။
"သူ သူ သူ… သူသေသွားပြီ"
"ဘာ..."
လူတိုင်း တအံ့တဩရေရွတ်လိုက်ကြသည်။
မှတ်ချက်ဘားတန်းမှာ အေးခဲသွားပြန်သည်။
[နောက်တစ်ယောက် သေသွားပြီ]
[အိုးမိုင်ဂေါ့ လူနှစ်ယောက် သေပြီ!]
[ချက်ချင်းကြီး ကြောက်လာပြီ]
[သခင်လေးကျိ:ငါ စေ့စပ်လို့ ရပါဦးမလား]
[ဟားဟားဟား သခင်လေးကျိ: ဒါအဆင်ပြေလား...နေ့ကောင်းနေ့မြတ်လေးပဲ...ငါဒီနေ့လူသတ်ရမယ်]
[သေအောင်ရယ်ရတယ်...မိန်းမလှလေးလင်းနဲ့ စေ့စပ်ဖို့ နေ့ကောင်းနေ့မြတ်လေးလေ]
[ဒါဆို...ချင်းချင်းက ဥက္ကဋ္ဌကျိရဲ့အဝတ်အစားကို သူ့ဘာသာသူ သွားကိုင်တာကို တစ်ယောက်ယောက်သတိထားမိလား]
[ဖာ့ခ်...တကယ်ကြီး ...နောက်ဆုံးတော့ ချင်းချင်းဘက်ကနေစတာမျိုးတစ်ခါရှိလာပြီ]
[သူ အလိုလို တုံ့ပြန်ခဲ့တာ ဝူးဝူးဝူး...မသိစိတ်ကနေအလိုအလျောက်တုံ့ပြန်တာက အစစ်အမှန်ဆုံးဖြစ်ပဲ...ချင်းချင်းက ဥက္ကဋ္ဌကျိကို အရမ်းယုံတာပဲဖြစ်မယ်]
[အရမ်းချိုတယ် အရမ်းချိုတယ်...ဒီအနုစိတ်သကြားလုံးအမျိုးအစားကို ငါကြိုက်တယ် ဟီးဟီး]
ကျိယွီရှောင် ကုတင်ပေါ်ရှိ အရုပ်ကို ကြည့်လိုက်သည်။ထိုနေရာတွင် ဝှက်ထားသော လူသေအလောင်းရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
"ကိုယ်တို့ ဒီနေ့ စေ့စပ်လို့ရပါဦးမလား" သူက စိတ်အားထက်သန်စွာ မေးလိုက်သည်။
လင်းလော့ချင်း သူက ဤကိစ္စအတွက်သာ စိတ်ပူနေကြောင်းကို မြင်လိုက်ရပြီး သူ၏ညည်းညည်းညူးညူစကားကြောင့် တင်းမာနေမှု ချက်ချင်း ကြေကွဲသွားသည်။
"လူသတ်သမားကို အရင်ရှာရအောင်"
ဟု သူပြုံးပြုံးလေးပြောလိုက်သည်။
"အိုး"
ကျိယွီရှောင်က အင်တင်တင်ဖြစ်နေဟန်ဖြင့် သက်ပြင်းချလိုက်သည်။ "ကောင်းပြီ"
ပထမထပ်ရှိ ဧည့်ခန်းသို့ မပြန်မီ သူတို့ အခန်းများအတွင်းဝင်ကာ အထောက်အထားများ ရှာဖွေခဲ့ကြပြီး ဒုတိယအကျော့ ဆင်ခြင်သုံးသပ်မှုကို စတင်ခဲ့ကြသည်။
"ညနေ ၅ နာရီထိုးတော့ ဗီလာထဲမှာ ဒုတိယမြောက်သေဆုံးသူ ပေါ်လာတယ်"
စွန်းလျန့်က ပြောသည်။
"သေဆုံးသွားတဲ့ BFFကျား မိန်းမလှလေးလင်းရဲ့ သူငယ်ချင်း... သူက အခုတလော နေမကောင်းဖြစ်နေပြီး လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက မိန်းမလှလေးလင်းရဲ့အိမ်မှာ နေထိုင်ခဲ့တယ်... စစ်ဆေးမှုအတွင်း အဆိပ်မိထားကြောင်းရယ် သေဆုံးသူရဲ့ ပါးစပ်ထောင့်သွေးစတွေနဲ့ လည်ပင်းမှာ လက်ရာတွေတွေ့တယ်... ကွယ်လွန်ချိန်က နေ့လယ် ၁း၁၀ ဝန်းကျင် ဖြစ်ရမယ်"
"ဒါက သခင်သေဆုံးချိန်နဲ့ အတူတူလောက်ပဲလို့ ဆိုလိုတာပဲ"
လင်းလော့ချင်းက ဆိုသည်။
စွန်းလျန့်က ခေါင်းညိတ်လိုက်သည်။ "လူတိုင်းက BFFကျား နဲ့ ပတ်သက်တဲ့ သဲလွန်စတချို့ကို ရှာတွေ့ထားလောက်ပြီထင်ပါတယ်... အခုပဲ ဆွေးနွေးကြရအောင်"
"ကျွန်မအရင်ပြောမယ်"
ကျိုက်ထင်လန်ကပြောသည်။
"BFFကျား သောက်တဲ့ရေထဲမှာ အဖြူရောင်အမှုန့်တွေ ကျန်နေတယ်... သူ့တံခါးအပြင်ဘက်က အမှိုက်ပုံးထဲမှာ၊ အဲဒီပေါ်မှာ သောက်ပြီး တစ်နာရီအတွင်း သေသွားလိမ့်မယ်ဆိုပြီးရေးထားတဲ့ အမည်မသိ အဆိပ်ပုလင်းတစ်လုံးကို တွေ့တယ်"
"တစ်နာရီအတွင်းဆိုတော့ တစ်မိနစ်၊ ၁၀ မိနစ် ဒါမှမဟုတ် နာရီဝက်လည်းဖြစ်နိုင်တယ်...ဆိုလိုတာက သူက အဆိပ်သင့်ပြီး တစ်နာရီမပြည့်ခင်မှာပဲ သေဆုံးနိုင်တယ် ဟုတ်တယ်မလား"
လင်းလော့ချင်းက မေးသည်။
"အဲဒီလိုဆိုလိုတာပဲ"
"အဲဒီပုလင်းက ဘယ်မှာလဲ"
စွန်းလျန့်က သူမကို မေးသည်။
ကျိုက်ထင်လန်က ခေါင်းယမ်းလိုက်သည်။
"ကျွန်မမယူခဲ့ဘူး"
"ဒါဆို တစ်ယောက်ယောက်က BFFကျားကို အဆိပ်ခတ်ခဲ့တာလား...ဘာလို့လဲ"
ကျိယွီရှောင် နားမလည်။
"ဒါ့အပြင် သေဆုံးရတဲ့အကြောင်းရင်းက ဘာလဲ"
လင်းလော့ချင်းက မေးသည်။
"အဆိပ်ခတ်ခံရလို့လား၊ လည်ပင်းညှစ်ခံရလို့လား... လည်ပင်းမှာ လည်ပင်းညှစ်ခံထားတဲ့ အရာတွေရှိနေတုန်းပဲလေ"
"လည်ပင်းညှစ်ခံထားတဲ့ အမှတ်အသားတွေကို ပြောရရင် ခုနက အဲဒါတွေကို ကြည့်လိုက်တော့ BFFကျားရဲ့ လည်ပင်းမှာ လက်သည်းခွံတချို့ ရှိနေတာကို တွေ့လိုက်ရတယ်... ယေဘုယျအားဖြင့် ယောက်ျားလေးတွေမှာ ဒီလို လက်သည်းရှည်တွေ မရှိကြဘူး...သူ့ကို လည်ပင်းညှစ်တာ မိန်းကလေးလို့ ကျွန်တော်ထင်တယ်"
ကျိယွီရှောင်က မှန်းဆလိုက်သည်။
မှတ်ချက်ဘားတန်းထဲတွင် တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်ကြသည်။
[ဥက္ကဋ္ဌကျိက တော်တော်သတိထားတာပဲ]
[တွေ့လား? ဥက္ကဋ္ဌကျိက ချင်းချင်း အတွက် စိတ်မကောင်းဖြစ်ရုံတင်မကဘူး... အသေးစိတ်ကိုလည်း သူရှာတယ်]
[ဒါဆို BFFကျားက လည်ပင်းညှစ်ခံရတာလား]
"ဒါပေမဲ့မိန်းကလေးဆိုရင် မိန်းမလှလေးလင်းလား၊ဒုတိယသခင်မလေးစုန့်လား၊ စာရင်းကိုင်ကျိုက်လား ဒါမှမဟုတ် သခင်မလျှိုလား... စာရင်းကိုင်ကျိုက်က BFFကျား ဒီနေရာမှာ နေမှန်း မသိဘူးလေ"
"မလိုအပ်ပါဘူး"
စုန့်ရှို့ဝမ်က ရယ်လိုက်သည်။
"ကျွန်မဗီဒီယိုတစ်ခုတွေ့ထားတယ်...ရှင်တို့ ကြည့်လို့ရတယ်"
စွန်းလျန့်က ကွန်ပျူတာကို အမြန်ဖွင့်လိုက်သည်။ 12:10 တွင် လူတိုင်းက BFFကျား၏အိပ်ခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်ကို ဗီဒီယိုတွင် လူတိုင်းတွေ့လိုက်ရသည်။နောက်ဆုံးဝင်သူက စာရင်းကိုင်ကျိုက်ဖြစ်သည်။
လင်းလော့ချင်း အံ့သြသွားသည်။ "စာရင်းကိုင်ကျိုက် သူဒီမှာရှိတယ်ဆိုတာ သိတာလား"
ကျိုက်ထင်လန် သူမထိုင်ခုံမှာ ပြန်ထိုင်ပြီးဝန်ခံရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
"ငါ ဒီကိုရောက်လာပြီးမှ ငါလည်း သိလိုက်ရတာ... ငါနင့်ကို လိုက်ရှာနေပေမဲ့ စင်္ကြံတဝိုက်မှာ သူ လမ်းလျှောက်နေတာကို တွေ့လိုက်ရတယ်... သူက ငါ့ကို မြင်ပြီးရန်စတယ်"
"ဒါဆို မင်းက ခုနကမင်းသရုပ်ဆောင်တာက အစစ်အမှန်ဆန်လွန်းတယ်"
ကျိယွီရှောင်က ချက်ချင်း စာရင်းဟောင်းများကို ပြန်လှန်သည်။
"ဒါက ပုံမှန်ပါပဲ...ကျွန်မ သူ့ကို မမြင်သင့်ဘူးမို့ ဟန်ဆောင်ရမယ်"
"ဒါဆို မင်းသွားတုန်းက BFFကျားအသက်ရှင်သေးလား"
စွန်းလျန့်က သူမကို မေးသည်။
ကျိုက်ထင်လန်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
"မင်းဘာလို့ သူ့ကိုသွားရှာတာလဲ"
ကျိယွီရှောင်က မေးသည်။
"မင်းက သူနဲ့ ဆက်ဆံရေး မကောင်းဘူးမလား...ဒါတောင် မင်းသူ့ကို သွားရှာနေတုန်းပဲလား"
"သူက ကျွန်မကိုရန်လာစခဲ့တယ်မဟုတ်ဘူးလား... အဲဒါကို ပိုတွေးလေ ဒေါသဖြစ်လေလေပဲ...ကောင်းကောင်းမတုံ့ပြန်နိုင်ခဲ့ဘူးလို့ ခံစားရတဲ့အတွက် သူ့ဆီသွားပြီး ထပ်ကောခဲ့တာ"
[ဟားဟားဟား ငါရောပဲ... ပြန်ရောက်တိုင်း ကောင်းကောင်းရန်မလုပ်ခဲ့ဘူးလို့ ခံစားရပြီး တစ်ဖက်လူကို ထပ်ပြီးပြောဆိုပစ်ချင်တယ်]
[လုပ်စမ်းပါ စာရင်းကိုင်ကျိုက်...အဖွဲ့က မင်းကို စောင့်နေတယ်]
[စာရင်းကိုင်ကျိုက်က အရမ်းချစ်စရာကောင်းတယ်]
[ဒီစာပိုဒ်က အရမ်းမှန်တယ် ဟားဟား]
"ဒါဆို နင်ထွက်သွားတုန်းက သူအသက်ရှင်သေးလား... အဲဒီတုန်းက လည်ပင်းမှာ လည်ပင်းမှာ ဒဏ်ရာတွေရှိလား"
လင်းလော့ချင်း ရှုပ်ထွေးသွားသည်။
"ငါ သတိမထားမိဘူး"
စာရင်းကိုင်ကျိုက်က ပြန်ဖြေသည်။ "သူကစောင်ခြုံထားတာဆိုတော့ သူ့လည်ပင်းက စောင်နဲ့ အုပ်နေတာ...မမြင်ရဘူး"
"ကောင်းပြီ"
လင်းလော့ချင်း ခေါင်းညိတ်လိုက်သည်။
စွန်းလျန့် သူ့ရှေ့က ကွန်ပျူတာကို ကြည့်ကာ နာမည်တွေခေါ်ထုတ်လိုက်သည်။
"ဒါဆို ဗီဒီယိုထဲက BFFကျားကို တွေ့ဖို့သွားတဲ့ လူတွေအစဥ်လိုက်အတိုင်း BFFကျားကို ဘာကြောင့်သွားတွေ့ချင်တာလဲဆိုတာ အားလုံးပြောပြပါ"
"ပထမတစ်ယောက်ကတော့ သခင်မလျှို"
လျှိုယာမင်က ပြုံးလိုက်သည်။
"ထမင်းစားချင်လားလို့ သွားမေးကြည့်တာပါ...ဘယ်လိုပဲဖြစ်ဖြစ် သူက အိမ်မှာ ဧည့်သည်ဖြစ်ပြီး ငါက အိမ်ရှင်လေ... ငါသူ့ကိုဂရုစိုက်ရမယ်... ဒါပေမဲ့ သူကငြင်းတော့ ငါထွက်လာခဲ့တယ်"
"ဒုတိယတစ်ယောက်က ဒုတိယသခင်လေးစုန့်"
"ကျွန်မလည်း သူ့ကိုထမင်းစားချင်လားလို့ သွားမေးတာ...အားလုံးကစားပြီးပြီ... သူကမစားရသေးဘူး... ကျွန်မအစ်မရဲ့ ညီမတစ်ယောက်အနေနဲ့ ကျွန်မ သူ့ကို ကြင်နာသမှုနဲ့ မေးခဲ့တာပါ"
"နောက်တစ်ယောက် ပရိုဂရမ်မာချမ်"
စွန်းလျန့် ရှုပ်ထွေးသွားသည်။
"ပရိုဂရမ်မာချမ် မင်းနဲ့BFFကျားက ပြောစရာရှိလို့လား... တစ်ယောက်နဲ့တစ်ယောက်သိကြလို့လား"
"သူတို့ အချင်းချင်း ဘယ်လိုမှ မသိနိုင်ဘူး"
စုန့်ရှို့ဝမ်က ထူးဆန်းသည့်လေသံဖြင့်ပြောလိုက်သည်။
"သူတို့ ပြောနိုင်တာ များများစားစား မရှိဘူး"
"အင်း...ပုံပြင်လေးတစ်ပုဒ်ရှိတယ်ထင်..."
ကျိယွီရှောင်က ဖရဲသီးကို စိတ်ဝင်တစားကောက်ယူလိုက်သည်။
ချမ်ယုံအန်း သူတို့အကုန်လုံးက သူ့အကြောင်းပြောနေပြီဆိုကတည်းက သူ ဟန်ဆောင်မနေတော့ပေ။
"BFFကျား နဲ့ ငါက တစ်ယောက်နဲ့တစ်ယောက် သိကြတယ်...သူက ငါ့ရည်းစားဟောင်းပါ"