အပိုင်း ၃၁၇
Viewers 87k

Chapter 317



ဖန်းဖေးကျယ်က စိတ်ဓာတ်ကျစွာဖြင့် စားပွဲပေါ် မှောက်လိုက်သည်။


 “ဆရာမဟောင်က ကျွန်တော့်ကို အထက်တန်း တတိယနှစ်မှာ စာသင်ပေးခဲ့တာ … တစ်ခါ ကျွန်တော် သူမကို လိုက်ပို့တော့ အဖေက သူမအကြောင်း ကျွန်တော့်ကို ခေါ်မေးခဲ့တယ် … ပြီးတော့ သူမကလှတယ်လို့လည်း ပြောခဲ့တယ် ...”


“ဒါဆို အမှန်ပဲပေါ့ … ” လင်းလော့ချင်းက ပြောလိုက်၏။ 


“အကယ်၍ မစ္စကျောင်းကသာ အမှန်အတိုင်း ပြောနေတာဆိုရင် သူမနဲ့ ဒါရိုက်တာဝမ်က ချစ်သူတွေ ဖြစ်ခဲ့တယ် …. နောက်တော့ သခင်ကြီးက သူမကို လုယူခဲ့တယ် … ကြည့်ရတာ အလှလေးဟောင်ကိုလည်း လုယူဖို့ ကြိုးစားရင်း မတော်တဆမှုဖြစ်စေခဲ့ပုံပဲ … ပရိုဂရမ်မာ ချမ်က သူ့ကောင်မလေးအတွက် လက်စားလာချေတာလား ….”


ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “အမှန်ပဲလား … ပရိုဂရမ်မာ ချမ် …”


ထိုအရာကို တွေ့သည့်နောက် ချမ်ယုံအန်းက တစ်ခုသာ ပြောနိုင်တော့သည်။ “အလှလေးဟောင်က ကျွန်တော့် ကောင်မလေးဖြစ်ခဲ့တယ် … လွန်ခဲ့တဲ့နှစ်နှစ်က သူမ စာသင်ပေးရမယ့် အလုပ်တစ်ခု ရခဲ့တယ်လေ … နောက်တော့ သူမက အလုပ်က ပြန်လာတိုင်း စိတ်ဓာတ်ကျနေခဲ့တယ် … ကျွန်တော်က သူမကို အကျိုးအကြောင်း မေးကြည့်ခဲ့ပေမယ့် သူမက အဆင်ပြေပါတယ်ပဲပြောခဲ့တာ … ဒါပေမယ့် တစ်ရက်တော့ သူမက အလုပ်ထွက်ခဲ့တယ် … သူမ ဘာလို့အလုပ်ထွက်မှန်း ကျွန်တော် မသိခဲ့ဘူး … တစ်ရက်တော့ သူမက ကျွန်တော်တို့ ချိန်းထားတာကို ဖျက်ပြီး တစ်ယောက်ယောက်နဲ့ တွေ့ဖို့ရှိတယ်လို့ ပြောခဲ့တယ် ... အဲဒီ့နေ့မှာပဲ သူမ ကားအက်စီးဒန့် ဖြစ်သွားခဲ့တာ … သူမ ပြန်မလာနိုင်ခဲ့ဘူး ….”


“ကျွန်တော် ဘာမှနားမလည်တာကြောင့် သူမ အလုပ်ထွက်ရတဲ့ အကြောင်းရင်းကို စပြီး စုံစမ်းခဲ့တယ် … တစ်နှစ်လောက်ကြာတော့ အဲဒါက သခင်ကြီးလင်းနဲ့ ဆက်စပ်နေမှန်း ကျွန်တော် သိခဲ့ရတာပဲ … ဒါနဲ့ ကျွန်တော် ဒုတိယသခင်မလေးစုန့်ကို ချဉ်းကပ်ပြီးတော့ သူမကို ချစ်ချင်ယောင် ဆောင်ခဲ့တယ် … သူမရဲ့ ပထမဆုံး ဖြစ်ပြီးတော့မှ ထားခဲ့မယ်လို့ ကျွန်တော် ကြံစည်ခဲ့တာ … ဒီလိုဆိုရင် သူမ အဖေကို လက်စားချေရာ ရောက်တယ်မဟုတ်လား ….”


စုန့်ရှို့ဝမ် ရှော့ခ်ရသွားသည်။ “နင် … လူယုတ်မာ … ”


“ငါ မင်းအဖေကို လက်စားချေချင်ခဲ့ရုံပါ …” ချမ်ယုံအန်းက ရှင်းပြသည်။


 “မင်းက မိန်းမကောင်းလေးဆိုတာ သိလိုက်ရပြီးတဲ့နောက် ငါအမှန်အတိုင်း ထုတ်မပြောနိုင်ခဲ့ဘူး … အဲဒါကြောင့် ငါမင်းကို ငါတို့က မသင့်တော်ဘူးလို့ပဲ ပြောခဲ့တာ ...”


“လူယုတ်မာ … ” စုန့်ရှို့ဝမ် ဒေါသတကြီး ပြောလိုက်သည်။ 


{အမှန်ပဲ … လူယုတ်မာ … }


{တကယ့် လူယုတ်မာပဲ … ဒုတိယသခင်မလေးစုန့်နဲ့ ဘာဆိုင်လို့လဲ … သတ္တိရှိရင် သူမအဖေကို သွားရှာလေ …}


{ ပရိုဂရမ်မာချမ်က သခင်ကြီးကို မသတ်တာ ဖြစ်နိုင်ရဲ့လား … နောက်ပိုင်းမှ လက်စားချေချင်လာတာ ဆိုရင်ရော … }


“ဒါဆို အလှလေးဟောင်က သခင်ကြီးကြောင့် အက်စီးဒန့်ဖြစ်ခဲ့မှန်း မင်းသိတယ်ပေါ့ … မင်းက ဒုတိယသခင်မလေးစုန့်ကိုပဲ အရူးလုပ်ချင်ခဲ့ပြီး သခင်ကြီးကိုတော့ မသတ်ချင်ခဲ့ဘူးပေါ့လေ …” ကျိယွီရှောင် ဇဝေဇဝါဖြစ်သွားသည်။ 


“ဒါက မမှန်ဘူးလေ … ”


“ဘာလို့ဆို ကျွန်တော်က ဒုတိယသခင်မလေးစုန့်ကို နည်းနည်းသဘောကျသွားလို့ပါ …” 


ပရိုဂရမ်မာ ချမ်က မျက်နှာပြောင်တိုက်ကာ ပြော၏။. “ကျွန်တော် အဲဒီ့အချိန်တုန်းက ဒုတိယသခင်မလေးစုန့်နဲ့ တကယ့်ကို အဆင်ပြေခဲ့တာ … ဘယ်လိုလုပ်ပြီး သူမအဖေကို သတ်နိုင်မှာလဲ … ”


ကျိယွီရှောင် “…”


“ဒါဆို မင်းက မင်းကောင်မလေးကို သတ်ခဲ့တဲ့လူရဲ့ သမီးကို ချစ်မိသွားတာလား … ”


ပရိုဂရမ်မာ ချမ်က ပြောသည်။ “ဟုတ်တယ် … အဲဒီ့အတိုင်းပဲ … ”


ကျိယွီရှောင် “……”


ကျိယွီရှောင်က လင်းလော့ချင်းကို ကြည့်လိုက်သည်။ “တွေ့လား … ဇနီးလေး … ကမ္ဘာပေါ်မှာ ကိုယ့်လို ချစ်တတ်တဲ့ ယောက်ျား များများစားစား မရှိနိုင်ဘူး ...”


“ကျွန်တော်ရောပဲ … ” ဖန်းဖေးကျယ် ချက်ချင်း ဝင်ပြောလိုက်သည်။


 “မမ … ကျွန်တော်လည်း မမကို ချစ်တယ် … နှစ်တွေအများကြီး ကြာတဲ့အထိ မမတစ်ယောက်ထဲကိုပဲ ချစ်ခဲ့တာ ….”


“ပါးစပ်ပိတ်ထား ….” ကျိယွီရှောင် လက်သီးဆုပ်လိုက်၏။ 


“အောင်လက်မှတ် မရသေးတဲ့ ကလေးတစ်ယောက် စကားပြောဖို့ အရည်အချင်းမရှိဘူး ...”


“ဟမ့် … လူအိုကြီး ...”


ဝေဖန်သူများက ကြောင်အသွားသည်။ 


{ဟားဟားဟား … သူတို့ထပ်ပြီး ရန်ဖြစ်ကြပြန်ပြီ }


{ဥက္ကဌကျိက သူ့ရဲ့ရိုးသားမှုကိုပြဖို့ အခွင့်အရေးကို ချိန်ဆနေတော့တာပဲ … }


{ ပရိုဂရမ်မာချမ်နဲ့ ယှဉ်ရင် သခင်လေးကျိက တကယ့်ကို တစ်ယောက်ထဲပဲ နှစ်မြှုပ်ထားတာပဲ … လူကောင်းလေးပဲ … }


{ခုတော့ ဘေဘီကနေ ဇနီးလေးဖြစ်သွားပြီပေါ့လေ … ရှိုးပြီးရင် ဥက္ကဌကျိက မှတ်ပုံတင်သွားလုပ်လောက်လား …}


{ဖာ့ခ် … တကယ်ကြီးဟ … သူက ဇနီးလေးလို့ ခေါ်လိုက်တယ် … }


{တတိယသခင်လေးနဲ့ ငြင်းနေတုန်း တစ်ကြိမ်ခေါ်လိုက်သေးတယ်နော် … ကြားလိုက်လား …}


{အား … ငါသေပြီ … ငါသေပြီ … သူက ဇနီးလေးလို့ ဘယ်လိုတောင် သဘာဝကျကျ ခေါ်နိုင်ရတာလဲ … }


{ဇနီးလေးတဲ့ … ဇနီးလေးတဲ့ … ငါသေလို့ရပြီ … }


{ဥက္ကဌကျိက အဲဒါကို သဘာဝကျကျ ပြောသွားတာနော် … နှစ်ယောက်ထဲရှိတုန်း ဘယ်လောက်တောင် ခေါ်ခဲ့တာလဲ ….}


{ဝူးဝူးဝူး … တအားချိုတာပဲ … ငါက ဒီလိုချိုမြိန်တဲ့ CP လေးနဲ့ထိုက်တန်တယ် … ဥက္ကဌကျိက သကြားဂိုဒေါင်ကြီးပဲ …}


{ဥက္ကဌကျိရဲ့ အသံကအရမ်းကောင်းတာပဲ … ဥက္ကဌကျိ ထပ်ပြောပါဦး … အသံသွင်းထားချင်လို့ ...}


{ခွိခွိခွိ … ဒီအတွဲက တအားချိုတာပဲ … ငါ မ ship ပဲမနေနိုင်တော့ဘူး ...}


{ဘယ်သူက ဒါကိုမကြိုက်ပဲ နေမှာလဲ … ငါတော့ ရှိုးပြီးမှာတောင်စိုးနေပြီ ...}


{ ဥက္ကဌကျိကို ချင်းချင်းနဲ့အတူ ရသစုံရှိုးတွေ ဆက်ရိုက်ပေးဖို့ သွေးစာ ရေးပေးရအောင် … ဥက္ကဌကျိလည်း ဒါကိုစဉ်းစားနေလောက်တယ် …}


{ဟုတ်တယ် … အလုပ်အမြဲလုပ်နေတာ မကောင်းဘူး … အားလပ်ရက်မှာ ချင်းချင်းနဲ့တူတူ ရသစုံရှိုးရိုက်ပေးနော် … ဒီကလေးလေးက သင်္ဘောပေါ်မှာ အစားအစာပြတ်လပ်မှာ မလိုချင်ဘူး … }


{တိုက်ရိုက်ထုတ်လွှင့်မှု ပြီးရင်တောင် ငါဒီအပိုင်းကို ခဏခဏ ပြန်ကြည့်မိဦးမယ်ဆိုတာ ငါမြင်ယောင်နေပြီ … ဒါက အရမ်းကောင်းတာပဲ ...}


{ကျိချင်းက အရမ်းချိုတာပဲ … ဥက္ကဌကျိ သက်တော်ရာကျော် ရှည်ပါစေ … }


“စာရင်းကိုင် ကျိုက် … ကျွန်တော့်ကို ချောက်မတွန်းပါနဲ့ … ” ချမ်ယုံအန်း ပြုံးလျှက် မျက်နှာချင်းဆိုင်ရှိ ကျိုက်ထင်လန်ကို ကြည့်လိုက်သည်။ 


“စာရင်းကိုင် ကျိုက်ရဲ့ လျှို့ဝှက်ချက်လေးတွေကိုလည်း ကျွန်တော် တွေ့ခဲ့တယ် … ဒါတွေကို ကြည့်ရရင် စာရင်းကိုင် ကျိုက်မှာလည်း လူသတ်ဖို့ အကြောင်းရင်း ရှိနေတာပဲ … ”


“ဘာများပါလိမ့် … ” ကျိုက်ထင်လန်က မေးလိုက်၏။ 


ချမ်ယုံအန်းက လက်ထဲရှိ မှတ်စုစာအုပ်ကို ကြည့်လိုက်သည်။ “သူမ စေ့စပ်တော့မယ် … ငါပျော်နေသင့်ပေမယ့် ဘာလို့ ဝမ်းနည်းနေမိပါလိမ့် … ငါက သူမရဲ့အရင်းနှီးဆုံးလူ မဟုတ်တော့တာကြောင့်လား … ”


“ငါ သူမကို စေ့စပ်ပွဲအတွက် ဝတ်စုံ သွားရွေးဖို့ အဖော်လိုက်ပေးခဲ့ရတယ် … မှန်ရှေ့မှာ ရပ်နေတဲ့ သူမက အရမ်းလှတာပဲ … ငါသူမကို ဆွဲခေါ်ပြီး ဒီနေရာက ထွက်သွားချင်လာပြီ ...”


“ငါဘာလို့ အမြဲဆုံးရှုံးနေရတာလဲ … ငါ့အပေါ် ကောင်းပေးတဲ့ လူတွေအားလုံး ထွက်သွားကြပြီ … အဖေ … အမေ … အစ်ကိုနဲ့ သူမ .. အားလုံး ထွက်သွားကြပြီ … သခင်လေးကျိက ဘာများကောင်းနေလို့လဲ … သူ သူမကို ဖက်မှာကို တွေးလိုက်ရင် ငါပဲ သူမကို အရင်ဖက်ပစ်လိုက်ချင်တယ် ...”


“သခင်ကြီးလင်းက မိသားစု စီးပွားရေးအတွက် သူမကို သခင်လေးကျိနဲ့ လက်ထပ်စေခဲ့တာ … လူအိုကြီး … ဘာလို့မသေသေးတာလဲ … အရင်ကတည်းက သူက သေသွားရမှာ … ”


လင်းလော့ချင်း “…”


ကျိယွီရှောင် “!!!!!!”


ဝေဖန်သူများ : {အာ … ဒါက …. ဒါက …}


{အမှန်ပဲ … ငါတွေးနေတဲ့ ကိစ္စများလား … }


{ဖာ့ခ် … ဖာ့ခ် … ဖာ့ခ် … ဒါက လီလီအချစ်လား … }


{ဘုရားရေ … ဒီ သွေးလွှမ်းနေတဲ့ မြေပြင်က အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ … }


{ဥက္ကဌကျိ မျက်နှာကြီး စိမ်းနေပြီ … ဟားဟားဟား ….}


{ဥက္ကဌကျိ ရှော့ခ်ရသွားပြီ … သူခိုးရန်က ကာကွယ်လို့မဆုံးသေးဘူး … ရည်းစားလို့ သတ်မှတ်ထားတဲ့ လူပေါ်လာပြန်ပြီ … ဟားဟားဟား ...}


{အခုတော့ ဒုတိယသခင်မလေးကို ဒီအတိုင်းခေါ်ပြီး အကြီးဆုံးကိုကျ ဘာလို့ အလှလေးလို့ ခေါ်လဲ ငါသိသွားပြီ …}


{ဟားဟားဟား … အဲဒါက အလှလေးပဲလေ … ဘယ်သူက အလှလေးကို မချစ်ပဲနေမှာလဲ … }


{ဟားဟားဟား … ချဉ်တယ်ဟေ့ .. ငါပိုပိုပြီး ကြိုက်လာသလိုပဲ ...}


ကျိယွီရှောင် “……”


ကျိယွီရှောင်က ဒါရိုက်တာအဖွဲ့ကို ကြည့်လိုက်သည်။ “ခင်ဗျားတို့ တော်တော် တရားလွန်လာပြီ … ”


လင်းလော့ချင်း ယောက်ျားလေးကဲ့သို့ ပြင်ဆင်ထားချိန်တွင် သူက မိန်းကလေးများကို စိုးရိမ်ရသည်။ လင်းလော့ချင်း မိန်းကလေးကဲ့သို့ ပြင်ဆင်ထားချိန်တွင်လည်း မိန်းကလေးများနှင့် ပတ်သတ်၍ စိုးရိမ်ရပြန်၏။ 


မောင်နှမအချစ်နဲ့ ပန်းအချစ် … သူ့ ဇနီးလေးက အရမ်းပေါ်ပြူလာဖြစ်တာပဲ …


“ရှင်းပြပါဦး … စာရင်းကိုင် ကျိုက် …” ချမ်ယုံအန်းက အပြုံးဖြင့်ဆိုသည်။ 


ကျိုက်ထင်လန်၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ ထင်ဟပ်လာသည်။ “ဘာများ ရှင်းပြစရာလိုလို့လဲ … ဒီမှာရှိနေတဲ့ လူအားလုံးထင်တဲ့အတိုင်းပဲ … ကျွန်မ အလှလေးလင်းကို သဘောကျတယ် … ”


သူမက စကားဆုံးသည်နှင့် စိတ်ပူနေဟန်ဖြင့် လင်းလော့ချင်းကို ကြည့်လိုက်သည်။


ဝေဖန်သူများက တက်ကြွလာကြ၏။ 


[သူမ ဝန်ခံလိုက်ပြီ … သူမ တကယ်ကြီး ဒီအတိုင်း ဝန်ခံလိုက်တယ် … ]


[အိုးမိုင်ဂေါ့ဒ် … သူမက တကယ့်ကို လီလီဇာတ်ညွှန်းပဲ … ]


[လှုံ့ဆော်ခံလိုက်ရပြီ … လှုံ့ဆော်ခံလိုက်ရပြီ … ]


[ဥက္ကဌကျိ အံကြိတ်လိုက်သည်}


[ဟားဟားဟား … ဥက္ကဌကျိ: ငါ့ဓားဘယ်မှာလဲ … ငါ့ဓားဘယ်မှာလဲ … ]


[အချစ်ပြိုင်ဘက်အသစ် ပေါ်လာပြန်ပြီ … ဓားဆွဲထုတ်လိုက်ပါတော့ … ဥက္ကဌကျိ!]


လင်းလော့ချင်း အံ့အားသင့်သွားသည်။ “အာ … ငါတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား … ”


“သူငယ်ချင်းတွေက အဆင့်တက်လို့ မရဘူးလား … ” ကျိုက်ထင်လန်က မေးထောက်ကာ ကြည့်လိုက်သည်။ “နှစ်တွေဒီလောက်ကြာတာတောင် ငါ့စိတ်ကို နင်မသိခဲ့ဘူးလားဟင် … ငါနင့်ကို သူငယ်ချင်းအဖြစ် မသတ်မှတ်ခဲ့တာ တော်တော် ကြာပြီ ...”


လင်းလော့ချင်း “……”


ကောင်းတယ် … အခု သူစေ့စပ်တော့မယ်လို့ ပြောတုန်းက စာရင်းကိုင် ကျိုက်က ဝမ်းနည်းနေခဲ့တယ်လို့ ဇာတ်ညွှန်းမှာ ဘာလို့ရေးထားလဲ သူနားလည်သွားပြီ … သူ့ရဲ့ နောက်ထပ်သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တဲ့ ကျား နဲ့တူတူရှိတိုင်း စာရင်းကိုင်ကျိုက်က ဒေါသတကြီးနဲ့ အဲဒီ့ကောင်မလေးကို ပိုသဘောကျလားလို့ မေးခဲ့တာ … သူမက သူတို့တွေ့တိုင်း နှာခေါင်းရှုံ့ပြတတ်တယ် … 


ဒါက ဒီလိုဖြစ်သွားတာပဲ … 


ကျိုက်ထင်လန် သူ့ကိုကြည့်ကာ ညှင်သာစွာ ပြန်ဖြေလိုက်သည်။ “အလှလေး … အခုဆို နင့်အဖေက သေသွားပြီ … စေ့စပ်ဖို့ကိစ္စကို အတင်းအကျပ် လုပ်စရာမလိုတော့ဘူး … နင်ဘာလို့ ပြန်မစဉ်းစားမှာလဲ … ငါက နင့်ကို သူ့ထက်ပိုသိပြီးတော့ သူ့ထက်လည်း ပိုချစ်ပေးနိုင်တယ် … ”


ကျိယွီရှောင် “…”


“ငါတို့က ဘာလို့ မစေ့စပ်ရမှာလဲ … ” ကျိယွီရှောင် မကျေမနပ်ဖြစ်သွားသည်။ 


“ဒီနေ့ မိုးနတ်မင်း လာတားရင်တောင် ငါတို့က စေ့စပ်မှာ … ငါတို့က မြှားနတ်မောင် အစစ်ကိုပါ ဖမ်းပြီး စေ့စပ်ပွဲ မဖြစ်ဖြစ်အောင်လုပ်မှာ … ”


“ပြီးတော့မင်း ...” ကျိယွီရှောင်က ကျိုက်ထင်လန်ကို ကြည့်လိုက်သည်။ “ခုနောက်ပိုင်း အေးလာပြီဆိုတော့ မင်းလည်း အနားယူချင်မှာပဲ … ငါ HR အဖွဲ့အစည်းကို မင်းအတွက် နှုတ်ထွက်စာရေးပေးဖို့ ပြောလိုက်မယ် ...”


“ဒါဆို ငါက အလှလေးရဲ့ ကုမ္မဏီမှာ စာရင်းကိုင် သွားလျှောက်မယ် ...”


လင်းလော့ချင်း “…”


ကျိုက်ထင်လန် သူ့ကို ကြည့်လိုက်သည်။ 


“ဒါက အဆင်ပြေလား … မင်းငါ့ကို သွားခွင့်ပြုမှာလား .. အလှလေး …”


“အိပ်မက်တောင်မမက်နဲ့ …” ကျိယွီရှောင်က တုံ့ဆိုင်းမှု မရှိပြောလိုက်သည်။ 

“စုံထောက်ကြီး … ကျွန်တော် ထပ်ပြီး ဝန်ခံချင်ပါတယ် … တတိယသခင်လေး ဖန်းအပြင် နောက်ထပ် ကွယ်လွန်သူတစ်ယောက်လည်း ရှိမှာပါ…”


[ရှိလိမ့်မယ် မဟုတ်တော့ဘူး … ရှိမှာပါ ဖြစ်သွားပြီ …}


[ဟားဟားဟား … ဥက္ကဌကျိ ရူးတော့မယ် ...]


[ဥက္ကဌကျိ: အရမ်းအေးတယ် … စာရင်းကိုင် ကျိုက်ကို ကြိုးနဲ့ချည်ထားရအောင်..]


[ရယ်ရလွန်းလို့ သေတော့မှာပဲ ... အလှလေးလင်းက အရမ်းအာရုံစိုက်ခံနေရတာပဲ ...]


[အဓိပ္ပာယ်မရှိတာ … ဘယ်သူက အလှလေးကို မကြိုက်ပဲနေနိုင်မှာတဲ့လဲ … ]


[ဥက္ကဌကျိ: ငါ့ဇနီးလေးကို ဘယ်သူထပ်ပြီး သဘောကျနေသေးလဲ … တစ်ခါ‌လောက် မတ်တပ်ရပ်ပြစမ်းပါ ...]


[ဥက္ကဌကျိ: တစ်ညမှာ လူဘယ်နှယောက်လောက်ကို ဓားနဲ့ထိုးနိုင်မလဲ ကြည့်ကြသေးတာပေါ့ …]


[ဥက္ကဌကျိ : ဒီညဓားသွေးတော့မယ် … တတိယသခင်လေးကို သတ်ပြီးရင် စာရင်းကိုင်ကို သတ်မယ် … ဒီလိုမှ ငါ … သခင်လေးကျိက အလှလေးကို လက်ထပ်နိုင်မှာ … ]


[ဟားဟားဟား … ရယ်ရတာ သေတော့မယ် ...]


“နေပါဦး ….” သခင်မကျောင်း သိချင်သွား၏။ 


“ဘာလို့ သခင်လေးကျိက HR ဌာနကတဆင့် စာရင်းကိုင် ကျိုက်ဆီကို နှုတ်ထွက်စာ ပို့ပေးမှာလဲ … စာရင်းကိုင် ကျိုက်နဲ့ သခင်လေးကျိရဲ့ ဆက်ဆံရေးက ဘာလဲ … ”


“အသိသာကြီးပဲလေ … ” ကျိယွီရှောင်က ကျိုက်ထင်လန်ကို ကြည့်ကာ ပြောသည်။ “လယ်သမားနဲ့မြွေ၊ လျှိုတုံပင်းနဲ့ ခွေး၊ တုံကောနဲ့ မြေခွေး … ကျွန်တော်နဲ့ စာရင်းကိုင် ကျိုက်.”


{အစကတော့ ငါတို့ကြားမှာ ဘာမှမရှိခဲ့ဘူး … အခုတော့ ငါတို့က အချစ်ပြိုင်ဘက်တွေ ဖြစ်လာကြပြီ …}


[ဟားဟားဟား … အချစ်ပြိုင်ဘက်တဲ့လား … ]


[ဥက္ကဌကျိမှာ အချစ်ပြိုင်ဘက် အများကြီးပဲ ...]


[ဥက္ကဌကျိ: ငါအရမ်းစိတ်ဆိုးတယ် … ငါအရမ်းစိတ်ဆိုးတယ် … ]


[ဥက္ကဌကျိက ငါ့ကို တကယ်ကြီး ပျော်အောင် လုပ်ပေးခဲ့တာပဲ … ဒီနေ့အတွက် ငါ့ရဲ့ ပျော်ရွှင်မှုက ဥက္ကဌကျိပဲ … ”


“မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘာလဲ … သူက မင်းကုမ္မဏီက ဝန်ထမ်းလား … ” လျှို့ယာမင်က မေးလိုက်သည်။


ကျိယွီရှောင် ခေါင်းညိတ်လိုက်၏။ “ချင်းချင်းက စာရင်းကိုင်သင်နေတဲ့ သူ့သူငယ်ချင်းကို ငါနဲ့မိတ်ဆက်ပေးခဲ့တယ်လေ … ငါက သူမကို ကုမ္မဏီမှာ အလုပ်ပေးခဲ့တာ … အခုတော့ မြေခွေးကို အခန်းထဲခေါ်မိတာ ဖြစ်သွားပြီ …” 


ကျိယွီရှောင်က ကျိုက်ထင်လန်ကို ကြည့်လိုက်သည်။


ကျိုက်ထင်လန် ပြုံးလိုက်၏။ “ရှင်ကြားလိုက်လား … အကောင်းဆုံးတဲ့ …”


ကျိယွီရှောင် ပြုံးလိုက်သည်။ “မင်းရောကြားလား … သူငယ်ချင်းတဲ့ … ”


သူက သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။ “မင်းက အရမ်းကောင်းတယ် … ဒါပေမယ့် သူငယ်ချင်း … ”


“လုပ်စမ်းပါ ...” ကျိယွီရှောင်က ဒါရိုက်တာအဖွဲ့ကို ကြည့်လိုက်သည်။ “ကျွန်တော် ‘သူငယ်ချင်း’ ဆိုတဲ့သီချင်းကို စာရင်းကိုင် ကျိုက်အတွက် မှာပေးပါ့မယ် …”


[ဟားဟားဟား … သူလာပြီ … သူလုပ်ပြီ … သူလူစသတ်နေပြီ … ]


[ဥက္ကဌကျိ … ဒါက ပထမဆုံး ရသစုံရှိုး ဟုတ်ရဲ့လား … ဒါရိုက်တာအသင်းနဲ့ စည်းဝါးကိုက်ထားတာ မဟုတ်လား … ]


[ဟားဟားဟား …  ဥက္ကဌကျိက တကယ်စိတ်ဝင်စားဖို့ကောင်းတယ် … သူက ဘယ်သူ့ကိုမှ အသာစီးမပေးဘူး ...]


[အား ... ဥက္ကဌကျိကို အရမ်းကြိုက်တာပဲ … အစ်ကိုကျန်းရေ … တောင်းပန်ပါတယ် … ငါက ဥက္ကဌကျိရဲ့ အမျိုးသမီးဖြစ်သွားပြီ …”


[ငါရောပဲ … ကျိလင်းက အရမ်းချိုတာပဲ … ဥက္ကဌကျိက အကောင်းဆုံးပဲ ...]


[ဥက္ကဌကျိ … လုပ်ထား … အလှလေးကို အရင်ဖက်လိုက် …]


ကျိုက်ထင်လန်က လင်းလော့ချင်းကို မတရားခံရသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ 


လင်းလော့ချင်း ပြုံးလိုက်၏။ “ငါနင့်ကို သူငယ်ချင်းအနေနဲ့ပဲ သဘောထားတာ ….”


“ကောင်မလေးလို သဘောထားလို့လည်း ရပါတယ် ...”


“မရဘူး .. မရဘူး … မရဘူး …” တတိယသခင်လေးဖန်းက အမြန် ဖြတ်ပြောလိုက်သည်။ 


“ကောင်မလေးတော့ မဖြစ်နိုင်ဘူး ...”


“မင်းရောပဲ ...” ကျိယွီရှောင် သူ့ကို ကြည့်လိုက်သည်။ “မင်းတို့နှစ်ယောက်လုံး မဖြစ်နိုင်ဘူး ...”


တတိယသခင်လေးဖန်း နှာခေါင်းရှုံ့လိုက်၏။ 


ဝေဖန်သူများက စတင်ရယ်မောလာကြသည်။


 [ဘယ်လိုတောင် ရှုပ်ထွေးနေတဲ့ ခံစားချက်တွေလဲ ...]


[ငါတော့ ရယ်သေပြီ … တတိယသခင်လေးဖန်း … ဘာလို့ ဒါကို ဆက်တွေးနေသေးတာလဲ … ]


[တတိယသခင်လေးဖန်း: ငါ့မမက ငါ့အတွက်ပဲ … ]


[ဥက္ကဌကျိ: ဒါပေါ့ … သူမက မင်းအတွက် … မင်းအစ်မလေ … ဟားဟားဟား ...]


[အမျိုးသားနဲ့ အမျိုးသမီးတွေကြားက ဆက်ဆံရေးကြောင့် ဥက္ကဌကျိ မူးနေပြီ … ]


[ဥက္ကဌကျိက မြန်မြန် စေ့စပ်ပွဲလုပ်ချင်နေလောက်ပြီ … ပြီးရင် သူတတ်နိုင်သမျှ မြန်မြန်လက်ထပ်နိုင်အောင် လုပ်လိမ့်မယ် … တခြားလူတွေ သူ့ဇနီးလေးကို လုမသွားနိုင်အောင်လို့ ...]


[ဒီတော့ စာရင်းကိုင် ကျိုက်က သခင်ကြီးကို သတ်လိုက်တာလား … အလှလေးလင်းနဲ့ သခင်လေးကျိတို့ စေ့စပ်တာကို တားဖို့အတွက်နဲ့လေ … ]


“ငါတော့မဟုတ်ပါဘူး … .” ကျိုက်ထင်လန် သူမကိုယ်သူမ ကာကွယ်လိုက်သည်။ “ငါက သူမရဲ့အဖေ ဘာလို့ မသေသေးတာလဲလို့ပဲ ပြောမိရုံပါ … ငါသူ့ကို သတ်ချင်နေတာမျိုး မဟုတ်ပါဘူး ...”


“ငါ ဒါကို တွေ့ခဲ့သေးတယ် … ” ပရိုဂရမ်မာ ချမ် သတင်းစာအား ကောက်ကိုင်လိုက်သည်။ “ဒီသတင်းစာထဲမှာ အရက်မူးပြီး ကားမောင်းတဲ့လူနဲ့ အသက်ဆယ့်ခုနစ်နှစ်အရွယ်လေးရဲ့ မတော်တဆမှု အကြောင်းပါတယ် … မင်းဘာလို့ ဒါကိုသိမ်းထားတာလဲ … ”


“အရက်မူးနေရင် ကားမမောင်းမိအောင်လို့လေ …” ကျိုက်ထင်လန်က တည်ငြိမ်စွာ ပြောလိုက်သည်။ 


“ဒါဆို ဒီပုံကရော … ” ပရိုဂရမ်မာ ချမ်က ဓာတ်ပုံတစ်ခု ထုတ်ပြလိုက်သည်။ ပုံထဲတွင် မိသားစု လေးဦး ပါရှိ၏။ ဆယ်ကျော်သက်အရွယ် ကျောင်းသားလေးက ကလေးမလေးတစ်ဦးကို ချီထားသည်။ 


“ဒါကို မင်းဗီရိုထဲမှာ တွေ့ခဲ့တာ … ဒါမင်းမိသားစုလား …” 


“ဟုတ်တယ် … ” စာရင်းကိုင် ကျိုက် ပြန်ဖြေလိုက်သည်။ 


“ဒီကောင်လေးရဲ့ လက်မှာ ကြယ်ပုံမွေးရာပါအမှတ်ပါတယ် … သတင်းစာထဲက သေသွားတဲ့ ဒရိုင်ဘာမှာလည်း အဲဒီ့လို အမှတ်မျိုး ရှိနေတာပဲ … သေသွားတာက မင်းအစ်ကို မဟုတ်လား … ”


စာရင်းကိုင် ကျိုက် သက်ပြင်းချလိုက်သည်။


 “အမှန်ပဲ … ကျွန်မနဲ့ အစ်ကိုကြီးက ငယ်ငယ်ကတည်းက တူတူရှိခဲ့ကြတာ … လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သူသေသွားခဲ့တဲ့နောက်ပိုင်း ကျွန်မ တစ်ယောက်ထဲပဲ ကျန်တော့တယ် … ဒါ့ကြောင့် ကျွန်မ ကားမောင်းနေရင်း အရက်မသောက်မိအောင် သတိပေးတဲ့အနေနဲ့ရော ဆိုးဝါးတဲ့အမှတ်တရ အနေနဲ့ရော ဒီသတင်းစာကို ညှပ်ပြီး သိမ်းထားခဲ့တာပဲ …”  


“မင်းအစ်ကိုရဲ့လက်ကောက်ဝတ်မှာ ကြယ်ပုံ မွေးရာပါအမှတ် ရှိတာလား … ” လင်းလော့ချင်းက တစ်စုံတစ်ခုကို အမှတ်ရသွားကာ ထုတ်ပြောလိုက်သည်။ 


“ဒါဆို မင်းအစ်ကိုက ဒရိုင်ဘာဝမ်ပဲ … ”


“ဒရိုင်ဘာဝမ်ရဲ့ လက်ကောက်ဝတ်မှာလည်း ကြယ်ပုံ မွေးရာပါအမှတ် ရှိတယ် … .”


အင်တာနက်အသုံးပြုသူများ ရှော့ခ်ရသွားကြသည်။ 


[ဖာ့ခ် … ဒါကြီးက ဆက်နေတာဟ … ]


[အိုးမိုင်ဂေါ့ဒ် … ဒီလို ဆက်ဆံရေးရှိနေတာလား …}


[မိုက်တယ် … ချင်းချင်းက မြန်မြန်တုံ့ပြန်လိုက်တာပဲ … ]


“ဟုတ်ပြီ ...” ကျိယွီရှောင်လည်း အမှတ်ရသွား၏။


 “ဒုတိယသခင်မလေးစုန့် ပြောပုံအရဆို ဒရိုင်ဘာဝမ်က ညီမလေးရှိတာကြောင့် အစေခံမိန်းကလေးတွေအပေါ် အမြဲမောင်နှမစိတ်နဲ့ ကူညီတတ်တယ်တဲ့ … အဲဒါကြောင့် မစ္စကျောင်းကို သူက ဖိအားပေးတဲ့ကိစ္စကို အစေခံတွေက မယုံကြတာ ...”


“ဟုတ်တယ် … ” စုန့်ရှို့ဝမ်က ပြန်ဖြေလိုက်သည်။ 


“ဒါပေမယ့် ဒရိုင်ဘာဝမ်က ဝမ်မျိုးရိုးလေ … သူမကတော့ ကျိုက် မျိုးရိုးမဟုတ်လား … ” ပရိုဂရမ်မာ ချမ်က မေးလိုက်သည်။


“တစ်ယောက်က အဖေ့မျိုးရိုးကိုယူပြီး နောက်တစ်ယောက်က အမေ့မျိုးရိုးကို ယူတာ ဖြစ်မှာပေါ့ ….”


“ဒါလည်း ဟုတ်တာပဲ ….”