အပိုင်း ၂၈၇
Viewers 87k

Chapter 287




‌နောက်တစ်နေ့တွင် လင်းလော့ချင်းက လင်းဖေးနှင့်အတူ ပေါ်ယွမ်သို့ သွားလိုက်သည်။


လင်းဖေးက ဤနေရာသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်ပြီး လင်းလော့ချင်းက လင်းဖေးကို ဓာတ်လှေကားဖြင့် CEOရုံးခန်းသို့ ခေါ်သွားလိုက်သည်။


ထို့နောက် လင်းဖေးကို ပွေ့ချီကာ စားပွဲနောက်ရှိ ထိုင်ခုံပေါ်‌တွင် ထိုင်ခိုင်းလိုက်သည်။


"ထိုင်..."


လင်းဖေးက ထိုင်ခုံပေါ်တွင် ကြောင်အစွာ ထိုင်နေသည်ကိုကြည့်ပြီး ကလေးကအလွန်ချောမောပြီး ချစ်စရာကောင်းသည်ဟု သူ ခံစားရသည်။


ထို့နောက် လင်းဖေးကို ထပ်မံပွေ့ချီကာ ပြင်သစ်မှန်ပြတင်းပေါက်ရှေ့တွင် ချထားလိုက်ပြီး အပြင်ဘက်မှ မြင်ကွင်းကို ကြည့်စေလိုက်လေသည်။


"ကြည့်လို့ ကောင်းလား..."


လင်းဖေးက ပြန်ဖြေလိုက်သည်။


"ကြည့်စရာ ဘာမှမရှိဘူး..."


"မင်း ဒီအခန်းကို ကြိုက်လား..."


"မဆိုးပါဘူး..."


လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။


ထိုအခါ လင်းလော့ချင်းက လင်းဖေးခေါင်းလေးကို ထိလိုက်ပြီး ပြောလိုက်သည်။


"ရပါတယ်...မင်းကြီးလာလို့ ဒီမှာထိုင်ရရင် မင်းကြိုက်တဲ့ပုံစံကို ပြောင်းလိုက်လို့ရတယ်..."


"ကျွန်တော် ကြီးလာရင် ဒီမှာထိုင်ရမှာလား..."


"ဟုတ်တာပေါ့...ဒါက မင်းအဘိုးနဲ့အဘွား အတူတူတည်ထောင်ခဲ့တဲ့ဟာလေ...မင်းအမေ ပိုင်သင့်တဲ့ဟာ...အခု မင်းအမေက မရှိတော့လို့ မင်းပိုင်တဲ့ဟာ ဖြစ်သွားပြီ..."


လင်းဖေးက စိတ်ရှုပ်ထွေးသွားလေသည်။


"ပါးပါးရော မပိုင်သင့်ဘူးလား...အဘိုးနဲ့အဘွားက..."


‌ပြောနေစဉ် သူက စကားကို ရပ်လိုက်လေသည်။


လင်းလော့ချင်းက သူ့ရှုရှုမှမဟုတ်တာ...တခြားကမ္ဘာက လာတဲ့သူပဲ...


လင်းလော့ချင်းက လင်းဖေးပြောချင်သည့်စကားကို သိသည့်အတွက် ပြုံးကာ ပြောလိုက်သည်။


"ငါ ပိုင်သင့်ဟာ မဟုတ်ဘူး...မင်းလည်း သိပါတယ်...ဒါက ငါနဲ့မဆိုင်ဘူးလေ...မင်းက ငယ်သေးလို့သာ ငါ မင်းအတွက် ထိန်းသိမ်းပေးထားရတာပဲ...မင်း အသက်၁၈နှစ်ပြည့်ရင် ဒါကို မင်းဆီ ပြန်လွှဲပေးမှာ..."


လင်းဖေးက ထိုစကားကို မကျေနပ်ပေ။


သူက နေရောင်အောက်တွင် တောက်ပနေသည့်လင်းလော့ချင်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ဘာမှမဆိုင်တာ မဟုတ်ပါဘူး...ပါးပါးက ကျွန်တော့်အဖေလေ...ကျွန်တော်ပိုင်တဲ့ဟာကို ပါးပါးလည်း ပိုင်တာပဲ...ကျွန်တော်ကြီးလာရင်လည်း ပါးပါးက ပိုင်နေတုန်းပဲ..."


လင်းလော့ချင်းက လင်းဖေး၏စကားကြောင့် အံ့အားသင့်သွားလေသည်။


ဒီလိုပြောပေးတာနဲ့တင် ရပါပြီ...ကလေးက ပိုင်ဆိုင်မှုတွေအကြောင်းကို ဘယ်လိုလုပ် နားလည်ဦးမှာလဲ...


သူက လင်းဖေး၏လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး လင်းဖေးနား ချဉ်းကပ်သွားလိုက်သည်။


"ဟုတ်ပါပြီ...အခုတော့ ပါးပါး မင်းအတွက် အရင် ထိန်းသိမ်းထားလိုက်မယ်...ဟုတ်ပြီလား...မင်း ကြီးလာမှ ပြန်လွှဲပေးမယ်..."


လင်းဖေးက ခေါင်းခါလိုက်သည်။


"ဘာလို့ ကျွန်တော့်ကို ပေးချင်နေတာလဲ...ပါးပါး ပိုင်ပါတယ်ဆို...ကျွန်တော် ကြီးလာရင်လည်း ပါးပါးပိုင်တယ်..."


ထိုစကားကို ကြားသောအခါ လင်းလော့ချင်း၏နှလုံးသားက နွေးထွေးသွားလေသည်။


လင်းဖေးက လင်းလော့ချင်းကို စိုက်ကြည့်နေလေသည်။


သူက ကြီးပြင်းလာလျှင်ပင် လင်းလော့ချင်းဘေးမှ မထွက်သွားချင်ပေ။ သူက လင်းလော့ချင်းဘေးတွင် ကြီးပြင်းလာချင်သည်။


ကျွန်တော် ကြီးလာရင်လည်း ပါးပါးပိုင်တယ်...


ဒါက လူကိုဆိုလိုတာဖြစ်နိုင်သလို ပစ္စည်းဥစ္စာကို ဆိုလိုတာလည်း ဖြစ်နိုင်တယ်...


လင်းဖေးက ထိုသို့တွေးမိသွားပြီး ပြုံးလိုက်၏။


လင်းလော့ချင်း လင်းဖေးက အဘယ်ကြောင့် ရုတ်တရက် ‌ပြုံးနေရသနည်းကို နားမလည်နိုင်ပေ။


"ဘာလို့ ‌ပြုံးနေတာလဲ..."


"ဘာမှမဟုတ်ပါဘူး..."


ထို့နောက် လင်းဖေးက တိုးတိုးပြောလိုက်သည်။


"ကျွန်တော် ကြီးလာရင်လည်း ဒါက ပါးပါးအပိုင်ပဲ...ပါးပါးနဲ့ ဘာမှမဆိုင်တာ မဟုတ်ပါဘူး..."


လင်းလော့ချင်းက လင်းဖေးပြောလိုက်သည့် စကားကို သေချာမကြားရသော်လည်း ယင်းကိုလျစ်လျူရှုလိုက်ကာ လင်းဖေးကို ပွေ့ဖက်နမ်းရှိုက်လိုက်သည်။


လင်းဖေးက လင်းလော့ချင်းကို ကြည့်ကာအနည်းငယ် ပျော်ရွှင်နေလေသည်။


သူတို့က ဘာမှပတ်သတ်မှု မရှိကြပေမဲ့ လင်းလော့ချင်းက သူ့ဘေးမှာ အမြဲရှိနေပေးမဲ့ သူ့အဖေပဲ...


လင်းလော့ချင်းသည် လင်းဖေးအား ပေါ်ယွမ်ကို လိုက်ပြပြီးနောက် ကျိယွီရှောင်ခန့်ထားသည့် ဒုက္ကဋ္ဌနှင့် စကားစမြည်ပြောလိုက်ပြီး အိမ်ပြန်ရန် အဆင်သင့်‌ဖြစ်နေပြီဖြစ်သည်။


လင်းဖေးက ဒုဥက္ကဋ္ဌကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး ဓာတ်လှေကားထဲသို့ ၀င်လိုက်သည်။


ဒုဥက္ကဋ္ဌက လင်းဖေးအကြောင်း သိချင်နေသည့်အတွက် WeChatမတ်ဆေ့ခ်ျပို့ကာ မေးလိုက်လေသည်။


[ကလေးက ဘယ်သူလဲဗျ...]


လင်းလော့ချင်းက ကားထဲ ၀င်ထိုင်ပြီးနောက် ပြန်ဖြေလိုက်၏။


(ပေါ်ယွမ်ရဲ့ အနာဂတ်သူဋ္ဌေး...)


ဒုဥက္ကဋ္ဌ :"..."


ထို့နောက် လင်းလော့ချင်း ဖုန်းချကာ လင်းဖေးကို ပွေ့ဖက်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေလိုက်၏။


ရက်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် အဖေလင်းက လင်းလော့ချင်းကို ဖုန်းခေါ်လိုက်လေသည်။


သူက မမိုက်မဲပေ။ လက်ရှိအခြေအနေတွင် လင်းလော့ချင်းကို မနိုင်နိုင်မှန်း သိသည့်အတွက်သားအဖဆက်ဆံရေးကို ထိန်းသိမ်းလိုလေသည်။ 


"မင်းအမေနဲ့အစ်မအခန်းကို ရှင်းပေးပြီးသွားပြီ..."


"ဟုတ်ကဲ့..."


"မင်းမှာ အချိန်ရှိရင် လာကြည့်ဦး..."


"မလိုပါဘူး...ကျွန်တော် အရမ်းအလုပ်များနေတယ်...‌အဖေသာ ကျွန်တော့်ကို မလှုံ့ဆော်သရွေ့ အဖေ့ကို ဘာမှလုပ်မှာမဟုတ်ဘူး..."


လင်းပေါ်တိတ်ဆိတ်သွားလေသည်။ သူက လင်းလော့ချင်း သူ့အမေအခန်းကို ပြန်လာကြည့်မည်ဟု ထင်ထားသော်လည်း ပြန်လာမကြည့်ပေ။


ဟုတ်တယ်...အရာအားလုံးက ခြားနားသွားပြီလေ...လူတွေလည်း ပြောင်းလဲသွားပြီ...ချုံးယုံရှင်းထွက်သွားတာလည်း နှစ်တွေကြာခဲ့ပြီ....


သူက မူလပိုင်ရှင်အတွက် လုပ်ပေးခဲ့တာ...မူလပိုင်ရှင် နှင်ထုတ်မခံရတုန်းကလို အရင်အတိုင်း ဖြစ်စေခဲ့တာ...


လင်းလော့ချင်းက လင်းပေါ်နှင့်စကားပြောရန် ပျင်းရိနေရာ တစ်ဘက်က တိတ်ဆိတ်သွားသည်ကို မြင်သည်နှင့် ဖုန်းချလိုက်သည်။


ချင်မန်သည် ကုမ္ပဏီ၏ဥပဒေအဖွဲ့ကို ယွီကျားယုံနှင့်စာချုပ်အတွက် ပြင်ဆင်ခိုင်းလိုက်ပြီး စာချုပ်ကို လင်းလော့ချင်းအား ပေးလိုက်သည်။


လင်းလော့ချင်းက စာချုပ်ကို ဖတ်ပြီးနောက် ကျိယွီရှောင်အား ပြလိုက်၏။


"အဆင်ပြေတယ်..."


ထို့နောက် ကျိယွီရှောင်က စာချုပ်ကို ပြန်ပေးလိုက်ပြီး ပြောလိုက်သည်။


"မင်း ယွီကျားယုံနဲ့ဘယ်အချိန် စာချုပ်ချုပ်မှာလဲ..."


"မနက်ဖြန်..."


"ဒီလိုဆို ငါ မနက်ဖြန် အလုပ်မရှိတော့ မင်းကို လိုက်ပို့ပေးမယ်..."


"ကျေးဇူးတင်ပါတယ် အစ်ကိုကျိ~~~"


လင်းလော့ချင်းက မျက်လုံးတစ်ဖက်မှိတ်ကာ ပြောလိုက်၏။


ကျိယွီရှောင်က ရယ်မောလိုက်လေသည်။


"ဘာလို့ ဖေးဖေးလို လုပ်နေရတာလဲ..."


"ဘာလို့လဲ...ကြည့်မကောင်းလို့လား..."


ထိုအခါ ကျိယွီရှောင်က မတ်တပ်ရပ်လိုက်ပြီး လင်းလော့ချင်း၏ခေါင်းကို ဖိကာ နမ်းလိုက်သည်။


"မဟုတ်ပါဘူး...အရမ်းချစ်စရာကောင်းတယ်..."


လင်းလော့ချင်းက ပါးက ချက်ချင်းနီရဲလာလေသည်။ သူက မသိစိတ်အရ ကျိယွီရှောင်ကို တွန်းလိုက်ပြီး ထွက်သွားလိုက်သည်။


"မနက်ဖြန်တွေ့မဲ့အကြောင်း ယွီကျားယုံကို ပြောပြီးရင် ပြန်လာခဲ့မယ်..."


"ကောင်းပြီ..."


လင်းလော့ချင်းက တံခါးကို ဆွဲဖွင့်လိုက်သော်လည်း ထွက်မသွားနိုင်ပေ။ သူ့နှလုံးသားက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေခဲ့ပြီး နောက်ဆုံးတွင် ကျိယွီရှောင်ဆီသို့ ပြန်ပြေးသွားလိုက်သည်။


ကျိယွီရှောင်ကလည်း ယင်းကို မှန်းဆထားသလိုမျိုးလက်‌နှစ်ဖက်ကို ဆန့်ကားကာ စောင့်မျှော်နေခဲ့သည်။


ထို့နောက် သူက လင်းလော့ချင်းကို ပွေ့ဖက်ကာ လင်းလော့ချင်း မူးဝေသွားသည့်အထိ အချိန်အကြာကြီး နမ်းလိုက်ပြီး လင်းလော့ချင်း တွန်းလိုက်မှသာ ရပ်လိုက်၏။


"တော်ပြီ...ငါ ယွီကျားယုံကို မနက်ဖြန်တွေ့မဲ့ကိစ္စမပြောရသေးဘူး..."


"သွားတော့..."


ကျိယွီရှောင်က လင်းလော့ချင်း၏မျက်နှာကို ညှစ်ကာ ပြောလိုက်ပြီး နားနားကပ်ကာ တီးတိုးပြောလိုက်သည်။


"မင်းက အရမ်းမိုက်တယ်..."


လင်းလော့ချင်း:"!!!"


လင်းလော့ချင်းဒေါသတကြီး လှည့်ထွက်သွားလိုက်သည်။


ဒါက သူ့ကို သက်သက်မဲ့ နောက်နေတာပဲ...


ကျိယွီရှောင်က စားပွဲကို မှီလိုက်ပြီး လင်းလော့ချင်း၏နောက်ကျောကို ကြည့်ကာ ရယ်မောလိုက်၏။


သူ့မိန်းမက အရင်လို ချစ်ဖို့ကောင်းနေတုန်းပဲ...


လင်းလော့ချင်းက အိပ်ခန်းထဲ ပြန်ရောက်သောအခါ ယွီကျားယုံထံ ဆက်သွယ်လိုက်ပြီး မနက်ဖြန်တွေ့မည့်အကြောင်း ပြောလိုက်သည်။


"မနက်ဖြန် ရှောင်နင်းလည်း လိုက်လာမှာ..."


"ရတယ်...ငါကလည်း လာရင် ငါ့အစ်ကိုကိုခေါ်လာမှာ...မင်း အဆင်ပြေတယ်မလား..."


"အဆင်ပြေတယ်..."


"ဒါဆို ကောင်းတယ်..."


‌ထို့နောက် ချိန်းဆိုပြီး၍ ဖုန်းချလိုက်ကြသည်။


***

နောက်တစ်နေ့ ‌နေ့လည်တွင် လင်းလော့ချင်းနှင့် ကျိယွီရှောင်က ယွီကျားယုံနှင့် ချိန်းထားသည့်ဟိုတယ်သို့ ရောက်လာလေသည်။


မူလက ကျိယွီရှောင်သည် လင်းလော့ချင်းကို ဟိုတယ်၀င်ပေါက်တွင် ချပေးကာ ကားထဲ၌ စောင့်နေရန် စီစဉ်ထားသော်လည်း လင်းလော့ချင်းက သူ့ကို ပြောလာလေသည်။


"ဘာလို့ အောက်မဆင်းလာတာလဲ..."


ကြည့်ရတာ သူ အထင်လွဲနေတာပဲ...လင်းလော့ချင်းက သူ့အလုပ်ကိစ္စတွေမှာ သူ့ကို မဖယ်ထားဘူးပဲ...


ထို့နောက် သူက ကားပေါ်မှ ဆင်းလိုက်ပြီး လင်းလော့ချင်းနှင့်အတူ ဟိုတယ်ထဲသို့ ၀င်လိုက်သည်။


နေရာက ယခင်တွေ့ဆုံစဉ်က အခန်းပင်ဖြစ်လေသည်။


ကျိယွီရှောင် ၀င်လာသည်ကို မြင်သောအခါ ယွီကျားယုံက မတ်တပ်ရပ်လိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။


"ကျိယွီရှောင်..."


"အင်း..."


ယွီကျားယုံ :"..."


သူက လင်းလော့ချင်းကို ကြည့်လိုက်လေသည်။


မင်းအစ်ကိုက ဘယ်သူလဲ...ကျိယွီရှောင်လား...သူ့ကို မနောက်နဲ့...ကျိယွီရှောင်မှာ အစ်ကိုတစ်ယောက်ပဲရှိတာ...


ခဏနေပါဦး...အခုမှ သတိရတယ်...ရှင်းရီက ကျိဂရုလက်အောက်ကမလား...


သူနဲ့စာချုပ်ချုပ်ဖို့ သူဋ္ဌေးကိုယ်တိုင်ရောက်လာတာလား...


ဟားဟား...သူနဲ့လက်မှတ်ထိုးဖို့ ကျိယွီရှောင်ကိုယ်တိုင်ရောက်လာတယ်တဲ့...


သူက အရမ်းတော်တာပဲ...


ထိုသို့တွေးပြီးနောက် သူက ကျိယွီရှောင်၏ခြေထောက်များကို ကြည့်လိုက်လေသည်။


"ပြန်ကောင်းသွားပြီလား..."


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်တယ်..."


"မင်းကိုယ်တိုင်ရောက်လာတာဆိုတော့ ငါက ဘယ်လောက်အရည်အချင်းရှိလဲ သိသွားပြီပေါ့..."


"ငါက လော့ချင်းနဲ့အဖော်လိုက်လာပေးတာပဲ..."


ယွီကျားယုံက မယုံပေ။


ကျိယွီရှောင်လို မာနမင်းသားက လင်းလော့ချင်းလိုကြယ်ပွင့်နဲ့အဖော်လိုက်လာပေးတာတဲ့လား... မဖြစ်နိုင်တာ...


"ငါ မင်းကို ပြောလိုက်မယ်...မင်းဖြစ်နေတယ်ဆိုလည်း ငါ့ရဲ့စံနှုန်းတွေနဲ့လိုအပ်ချက်တွေက နိမ့်မှာ မဟုတ်ဘူး..."


"အဲ့ဒါ မင်းအပေါ် မူတည်တယ်..."


ထို့နောက် ယွီကျားယုံက လင်းလော့ချင်းဘက် လှည့်ကာ နှစ်သိမ့်ပေးလိုက်သည်။


"အဆင်ပြေပါတယ်...ဖိအားမများနဲ့...သူက ငါ့ကို လာစစ်ဆေးတာပဲ...မင်း ဘာမှဖြစ်မှာ မဟုတ်ဘူး..."


လင်းလော့ချင်း:"အာ..."


လင်းလော့ချင်းက ပြုံးကာ ပြောလိုက်၏။


"ဒါရိုက်တာယွီက သဘောထားကြီးတာပဲ..."


"ဟုတ်တာပေါ့...ငါက တခြားလူတွေအပေါ် အမြဲစာနာထောက်ထားတတ်တယ်..."


ယွီကျားယုံဘေးတွင် ထိုင်နေသည့် နင်းယွီ:"..."


နင်းယွီက မတ်တပ်ရပ်လိုက်ပြီး ယွီကျားယုံနားနားကပ်ကာ ပြောလိုက်သည်။


"ဥက္ကဋ္ဌကျိနဲ့ရှောင်လင်းလောင်ရှီးက အချင်းချင်းသိကြတယ်...မစ္စတာကျိက ရှောင်လင်းလောင်ရှီးရဲ့အစ်ကို...သူက ရှောင်လင်းလောင်ရှီးဆီ လာလည်ဖူး‌တယ်..."