အပိုင်း ၂၇၆
Viewers 87k

Chapter 276




ကျိယွီရှောင်က အစည်းအဝေးလုပ်နေသည်။ဌာနမန်နေဂျာ၏တင်ပြချက် ကို နားထောင်နေရင်းတစ်ဝက်တစ်ပြတ်မှာ တံခါးခေါက်သံကိုကြားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် လင်းဖေး တံခါးကိုတွန်းဖွင့်ကာ ဝင်လာသည်ကို တွေ့လိုက်ရသည်။


"ခဏနားမယ်"


ဟု သူ ပြောလိုက်သည်။ထို့နောက် သူက ကင်မရာနှင့် မိုက်ခရိုဖုန်းကို ပိတ်လိုက်ပြီး လင်းဖေးကို လှည့်ကြည့်ကာ "ဘာဖြစ်လို့လဲပေါင်ပေ့" ဟု စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။


လင်းဖေးက သူ့ဆီ လှမ်းလာပြီး သူ၏လက်ဖြူဖြူလေး တိတ်တိတ်လေး ဆန့်ထုတ်လာပြီး ကတ်ကို သူ့လက်ထဲထည့်ပလိုက်သည်။ 

"ရော့"


ကျိယွီရှောင်: "???"


ကျိယွီရှောင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ 

"ဒါကဘာလဲ"

 

"မုန့်ဖိုး"

လင်းဖေး၏ မျက်နှာပေါ်မှာ မထင်မရှား ရွှင်မြူးမှုနှင့် ဂုဏ်ယူမှုအချို့ ရှိနေသည်။ 

"ကျန်တဲ့လုပ်အားခတစ်ဝက် ရောက်နေပြီ...ဒယ်ဒီကို မုန့်ဖိုးပေးမယ်"


ကျိယွီရှောင်:"!!!"


ကျိယွီရှောင်တစ်ယောက် မယုံနိုင်ဖြစ်နေပြီး မသေချာသောပုံစံဖြင့် သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးသည်။ 

"ဒယ်ဒီ့ကိုလား..."


သူရော မုန့်ဖိုးရတာလား...


လင်းလော့ချင်းတစ်ယောက်တည်းတင်မဟုတ်ဘူးလား...


လင်းဖေးက ခေါင်းညိတ်လိုက်သည်။ "ဒယ်ဒီက သားအဖေလေ"


ကျိယွီရှောင် ချက်ချင်းပင်ရယ်မောလိုက်ပြီး ထိန်းမနိုင်သိမ်းမရ ပိုပိုပျော်လာသည်။ သူပိုရယ်လေလေ သူပျော်လေ၊ သူပိုရယ်လေလေ ပိုသိသာလေလေပါပင်။သေချာသည်ပင်၊လင်းဖေးကလင်းလော့ချင်းတစ်ယောက်ည်းကိုပဲ မုန့်ဖိုး ပေးခဲ့သည်ကို သူ မနာလိုဖြစ်မှာ မဟုတ်ပါချေ။လင်းလော့ချင်းက လင်းဖေးအတွက် အများကြီး ပေးဆပ်ထားခဲ့သည်။လင်းဖေးက သူ့ကို အချစ်ဆုံးဖြစ်သည်က သဘာဝပါပင်။


သို့ရာတွင် ယခုလင်းဖေးက 'ဒယ်ဒီက သားအဖေလေ'ဟု ပြောလိုက်ချိန်တွင် သူ့နှလုံးသားက အကြောင်းပြချက်မရှိဘဲ သိသိသာသာ ပျော့ပျောင်းသွားခဲ့သည်။ သူ့ရှေ့က ကမ္ဘာကြီးတစ်ခုလုံး၏အလှကို သယ်မထားနိုင်ရန် သူ မစောင့်နိုင်တော့ပေ။


သူ စိတ်လှုပ်ရှားပြီး အံ့သြသွားခဲ့လွန်း၍ သူက လက်ဆန့်ပြီး လင်းဖေးကို ဆွဲကာ သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် လင်းဖေးကို အကြိမ်အနည်းငယ် နမ်းလိုက်သည်။


ကျိယွီရှောင် ပြီးခဲ့သောညအနည်းငယ်က လင်းလော့ချင်း၏ခံစားချက်များကို သူနားလည်နိုင်ပြီဟု ခံစားရသည်။ ဤခံစားချက်က ကောင်းလွန်း၍ သူ့အပြုံးကို မထိန်းနိုင်ခဲ့ပေ။


ယနေ့မှာ သူ့စားပွဲခုံလောက်ပင်မမြင့်သည့် ကလေးက သူ့ကို မုန့်ဖိုးပေးလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။


"ကျေးဇူးတင်ပါတယ် ဖေးဖေး...ဒယ်ဒီအရမ်းပျော်တယ်...တကယ်...ဒယ်ဒီ အခု အရမ်းပျော်နေတာ"


လင်းဖေး၏ နဖူးလေးကို တယုတယ ပွတ်သပ်ရင်း သူတိုးတိုးလေးပြောလိုက်သည်။ သူက လင်းဖေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ သူ့နှလုံးသားက စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။


လင်းဖေး သူ့၏ထွေးပိုက်မှုကို ခံစားရင်း 'ဘာလို့ ဒီလောက် တင်းတင်းကျပ်ကျပ် ဖက်နေရတာလဲ'ဟု တွေးနေမိသည်။လင်းလော့ချင်းအတိုင်းပဲ...ပြီးတော့ ဘာလို့ ကျေးဇူးတင်စကား ထပ်ပြောနေရတာလဲ... သူကတကယ်ကိုမပြောင်းလဲနိုင်ဘူးပဲ...


လင်းဖေးက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။နေပါစေတော့...ကျိယွီရှောင်က ယခုအချိန်မှာ အလွန်ပျော်နေပုံရသောကြောင့် သူကျိယွီရှောင်ကို သတိပေးမနေတော့ဟုဆုံးဖြတ်လိုက်သည်။


သူ မျက်လုံးတစ်ဖက်ကို ညင်သာစွာမှိတ်ကာ ပြောလိုက်သည်။ 

"ရပါတယ်"


ကျိယွီရှောင်က ဤလုပ်ရပ်ကိုမြင်ပြီး သူ့ရင်ထဲမှာ ပျော်ရွှင်မှုတွေ တိုးလာသည်။ လင်းဖေး၏ နောက်ဆုံးသတိပေးချက်အပြီးတွင် ၎င်းကို အမှန်တကယ် မှတ်မိနေပြီဖြစ်သော်လည်း လင်းဖေး သူ့အား မျက်လုံးမှိတ်ပြသည့်အချိန်ရှိ လင်းဖေး၏ နူးညံ့သိမ်မွေ့မှုကို နှစ်သက်သောကြောင့် အခေါက်တိုင်းသူအမြဲလုပ်ဖြစ်ခဲ့သည်။သူတို့နှစ်ယောက်လုံး ၎င်းကို အကြိမ်တိုင်း မေ့သွားပုံရသည်။


သူက လင်းဖေး၏နဖူးကို နမ်းလိုက်ပြီး

ခဏတာ ကြင်နာယုယစွာပွတ်သပ်နေသည်။ယင်းက လင်းဖေးကို အနည်းငယ်ရှက်သွားစေပြီး ကျိယွီရှောင်ကို တွန်းထုတ်လိုက်သည်။ 

"ပြန်တော့မယ်"


ကျိယွီရှောင်က အင်တင်တင်ဖြင့် သူ့ကို အောက်ချပေးလိုက်သည်။

"ဒါဆို သားဆီကို နောက်မှလာခဲ့မယ်နော်... ဒီည ဒယ်ဒီတို့မိသားစုလေးယောက် အတူတူအိပ်ကြမယ်"


လင်းဖေးက ခေါင်းညိတ်လိုက်သည်။ 

"အိုး"


သူထွက်လာခဲ့သည်။ သူပြန်လာစဉ်တွင် သူ လင်းလော့ချင်းနှင့် ကျိယွီရှောင်ကို မုန့်ဖိုးပေးခဲ့သော်လည်း ကျိလဲ့ယွီအတွက် ဘာမှမကျန်တော့သည်ကိုသတိရသွားသည်။


လင်းဖေးက မျက်တောင်ခတ်ကာ လှည့်၍ လင်းလော့ချင်းထံ ထပ်မံသွားခဲ့သည်။


လင်းလော့ချင်းက ကျိယွီရှောင်၏ စိတ်လှုပ်ရှားမှုကို ခံစားနေဆဲဖြစ်သည်။


ကျိယွီရှောင်: [ဖေးဖေးက ငါ့ကို မုန့်ဖိုးပေးတယ်!!!]


ကျိယွီရှောင်: [ဝူးဝူးဝူးဝူး...ဖေးဖေးက အရမ်းချစ်စရာကောင်းတာပဲ... ငါ့ပေါင်ပေ့က အရမ်းမိုက်တယ်]


ကျိယွီရှောင်: [ငါဆုံးဖြတ်ပြီးပြီ...ဖေးဖေးကို မုန့်ဖိုးတိုးပေးလိုက်တော့မယ်...ငါလည်း ဖေးဖေးကို ပိုက်ဆံပေးချင်တယ်လေ]


ကျိယွီရှောင်: [ငါ့သားက သိတတ်လိုက်တာ... ငါအရမ်းပျော်တာပဲ]


လင်းလော့ချင်း: '...သူက ငါ့ကို အရူးပါးပါးစင်ဒရုန်းရှိတယ်လို့ ပြောရဲသေးတယ်ပေါ့'


ကျိယွီရှောင်ရဲ့ရောဂါက ကျွမ်းနေပြီကို

သူမြင်နေရတယ်... 


အရူးဒယ်ဒီ...


သူက ရယ်ပြီး ကျိယွီရှောင်ကို ပြန်ပြောလိုက်သည်။

[ကြည့်စမ်း မင်းဘယ်လောက်ပျော်နေသလဲ...အရင်က ငါ့ကိုကြွားလွန်းတယ်လို့ပြောတာ ဘယ်သူလဲ...ခင်ဗျားလား ဥက္ကဌကျိ]


ဥက္ကဌကျိက ဗီဒီယိုအစည်းအဝေးကို ပြန်လည်မစတင်ချင်တော့လောက်အောင် ရယ်မောခဲ့သည်။ 

[သေချာတာက ငါမဟုတ်ဘူး...ဖေးဖေးက အရမ်းချစ်စရာကောင်းတယ်... ဘယ်သူက မကြွားဘဲခံနိုင်မှာလဲ...မကြွားရင် မင်းကလူမဟုတ်ဘူး...ကြွားလိုက်...ကြွားကိုကြွားရမယ်!]


လင်းလော့ချင်း ရယ်လိုက်သည်။အရူးဒယ်ဒီမုဒ်အွန်ထားသည့် ကျိယွီရှောင်က တကယ်ရယ်စရာကောင်းသည်ဟု သူခံစားရသည်။


သူ 'မလိုပါဘူး' ဟု ကျိယွီရှောင်အား ပြန်ပြောတော့မည့်အချိန်မှာ လင်းဖေးက တံခါးကိုတွန်းဖွင့်ပြီး ခေါင်းလေးပြူလာသည်။


"ဘာဖြစ်လို့လဲ" 

လင်းလော့ချင်း ချက်ချင်းပင် ဖုန်းကိုချကာ သူ့ဆီလာရန် လက်ယက်ခေါ်လိုက်သည်။


လင်းဖေးက သူ့ဆီ လှမ်းလာပြီးလေးလေးနက်နက် ပြောလာသည်။

"သား ပါးပါးနဲ့ တစ်ခုခု ဆွေးနွေးချင်တယ်" 


လင်းလော့ချင်း လင်းဖေးက 'ဆွေးနွေးသည်' ဟူသော စကားလုံးကို လေးလေးနက်နက် ပြောသည်ကို တွေ့ရခဲသောကြောင့် သိချင်ပြီး မေးလိုက်သည်။

"ဘာကိုလဲ"


လင်းဖေးမေးလေသည်။

"နောက်တစ်ခါ သားငွေရှာပြီးတာနဲ့ ရှောင်ယွီကို မုန့်ဖိုးနည်းနည်းပေးလို့ရမလား"


လင်းလော့ချင်း ဤကိစ္စက လင်းဖေး သူနှင့် ဆွေးနွေးချင်နေသည့်အရာဖြသ်မည်ဟု မမျှော်လင့်ထားပေ။သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။ 

"ရတာပေါ့... သားရဲ့ပိုက်ဆံနဲ့ သားကြိုက်တဲ့လူကို မုန့်ဖိုးပေးလို့ရတယ်"


"ဒါပေမဲ့ ပါးပါးအတွက်လို့ သားပြောခဲ့တယ်"


လင်းဖေး၏ စိတ်ထဲမှာ သူကလင်းလော့ချင်းကို ပေးမည်ဟု သဘောတူထားသည့်အတွက် လင်းလော့ချင်း၏ ပိုက်ဆံ ဖြစ်၏။လင်းလော့ချင်းက ကျိယွီရှောင်ကို တစ်ဝက်ပေးခိုင်း၍ သူ ကျိယွီရှောင်ကို ပေးနိုင်သည်။ သို့သော် လင်းလော့ချင်းက သဘောမတူပါက ကျိလဲ့ယွီအား ခွင့်ပြုချက်မရှိဘဲ သူပေး၍မရပေ။


လင်းလော့ချင်းက သူ့ခေါင်းကို ကိုင်လိုက်ပြီး ပြုံး၍ ပြောသည်။

"ဒါဆို ပါးပါး သဘောတူတယ်နော်...ရှောင်ယွီကို ပေးလို့ရတယ်...ရှောင်ယွီက သားညီလေးဖြစ်ပြီးတော့ သားတို့နှစ်ယောက်စလုံးက မိသားစုတွေလေ... သူက သားကို သဘောကျတဲ့အတွက် သားကလည်း သူ့ကိုကောင်းပေးလို့ရတယ်"


လင်းဖေး စိတ်သက်သာရာ ရသွားသည်။ 

"ဒါဆို သားပြန်တော့မယ်"


"သွားသွား" 

လင်းလော့ချင်း သူ့ပါးလေးကို နမ်းလိုက်သည်။ 

"ဖေးဖေးက တကယ်ကိုမိုက်တာပဲ... မိသားစုတစ်စုလုံးကို မုန့်ဖိုးပေးနိုင်တယ်...ကောင်းလိုက်တာနော်"


လင်းဖေးက စကားမပြောသော်လည်း သူ့ရင်ထဲတွင် ပျော်ရွှင်မှုအချို့ ရှိနေသည်။ လှည့်ပြီး သူ့အိပ်ခန်းထဲက ထွက်သွားလေသည်။


သူ သူနှင့်ကျိလဲ့ယွီ၏အိပ်ခန်းထဲသို့ ပြန်သွားခဲ့သာ်။ကျိလဲ့ယွီ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ဗီဒီယိုကြည့်နေသည်။ လင်းဖေး ပြန်ရောက်လာသည်ကိုမြင်ပြီး သူ့ကို လှမ်းကြည့်လိုက်သည်။ 

"ပြန်လာပြီလား"


"အင်း"


လင်းဖေးက သူ့ထံသို့ လျှောက်လာကာ ထိုင်လိုက်သည်။


သူက ရှားရှားပါးပါး အစပျိုးပြီး ကျိလဲ့ယွီ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။ကျိလဲ့ယွီသူ့ကို ထူးဆန်းသည့်ဟန်ဖြင့် ကြည့်နေသည်။လင်းဖေးက နူးညံ့စွာပြောလိုက်၏။ 

"နောက်တစ်ခါ ငါ ပိုက်ဆံရှာရင် မင်းကို မုန့်ဖိုးပေးမယ်"


ကျိလဲ့ယွီ အံ့သြသွားသည်။ 

"တကယ်လား"


လင်းဖေးက ခေါင်းညိတ်လိုက်သည်။


ကျိလဲ့ယွီ အမြန်ထထိုင်လိုက်သည်။ ထို့နောက် တစ်ခုခုကို သူ သဘောပေါက်သွားသည်။ 

"ဘာလို့ နောက်တစ်ခါမှလဲ... ဒီတစ်ခေါက် သားကိုဘာလို့မပေးတာလဲ"


လင်းဖေး:"……"


ကျိလဲ့ယွီ မျက်လုံးများကို မှေးကျဥ်းလိုက်သည်။

"ဒီတစ်ခေါက်ပိုက်ဆံတွေက ဘယ်ရောက်ကုန်တာမလို့လဲ"


လင်းဖေးက ပိုက်ဆံအတွက်ကြောင့် ရုပ်ရှင်သွားရိုက်ခဲ့သည်ကို သူ မမေ့ပါချေ။အခု ရိုက်ကူးရေးကပြီးသွားပြီ... ပိုက်ဆံတွေ ဘယ်ရောက်သွားတာလဲ...


လင်းဖေးမှာ နဂိုကမှ ပိုက်ဆံအလုံအလောက်မရှိဘူးမဟုတ်လား...


သူများကိုပေးလိုက်တာလား...


အဲဒါဘယ်သူလဲ...


သူ သဘောမတူဘူး...


"ကိုကို သူများကိုတော့ ပိုက်ဆံတွေပေးမပစ်ပါဘူးနော်"


"ပါးပါးနဲ့ဒယ်ဒီကိုပေးလိုက်တာ"

လင်းဖေးက အမှန်အတိုင်းပြောလိုက်သည်။


ကျိလဲ့ယွီ: "???"


ကျိလဲ့ယွီ ချက်ချင်း စိတ်ရှုပ်ထွေးသွားသည်။ 

"သားရှုရှုက အရမ်းချမ်းသာတာ... ကိုကိုရဲ့ပိုက်ဆံကို သူလိုချင်နေသေးတာလား"


လင်းဖေးက ခေါင်းညိတ်လိုက်သည်။ 

"ဟုတ်တယ်"


"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"


"အဲဒါက မုန့်ဖိုးမလို့" 

လင်းဖေးက ပြန်ဖြေသည်။ 

"ငါ သူတို့ကို မုန့်ဖိုးပေးခဲ့တာ"


ကျိလဲ့ယွီ: "???"


ဒီလိုရောရှိသေးတာလား...


ကျိလဲ့ယွီ အံ့သြသွားသည်။


လူကြီးတွေကပဲ ကလေးတွေကို မုန့်ဖိုးပေးတာ မဟုတ်ဘူးလား...


ကလေးတွေကရော လူကြီးတွေကို ပေးလို့ရတာလား...


"သားရှုရှု... သူပျော်နေလား" 

ကျိလဲ့ယွီ စပ်စုလိုက်၏။


"အင်း"

လင်းဖေးက သူ့ကို ပြန်ဖြေသည်။

"ဒီည ငါတို့အတူတူအိပ်ကြမယ်ပြောတယ်"


ကျိလဲ့ယွီ: "……"


ကျိလဲ့ယွီက သူ့ကိုကိုက အလွန် ကောင်းသည် ထင်မိသည်။ 


ဒါကို သူဘာလို့ မစဉ်းစားမိခဲ့တာလဲ...


သူလည်း လုပ်လို့ရတယ်လေ...


"ဒါဆို သားလည်း သားလုပ်အားခကို ပါးပါးနဲ့ဒယ်ဒီကို ပေးမယ်"


"ကောင်းတယ်"


"ပြီးရင် နောက်တစ်ခါ ပိုက်ဆံရှာနိုင်ရင် ကိုကို့ကိုမုန့်ဖိုးပေးမယ်"


"မင်းငါ့ကို ပေးစရာ မလိုဘူး" 

လင်းဖေးက သူ့ကို ကြည့်နေသည် ။ "မင်းက ငါ့ညီလေး၊ မင်းက ငယ်တယ်... ညီလေးတစ်ယောက်က သူ့အစ်ကိုကြီးကို ဂရုစိုက်ပေးစရာ မလိုဘူး"


ကျိလဲ့ယွီ ထိုစကားကိုကြားလိုက်သည်နှင့် ချက်ချင်းပင် မျက်လုံးများ ကွေးညွတ်သွားသည်။ လက်ခုပ်တီးပြီး သူက ပြောလိုက်၏။

"ဒါဆို ကိုကိုက သားကိုဂရုစိုက်ပြီး မုန့်ဖိုးပေးလေ"

 

"အင်း"


"တခြား သူများတွေကို ပေးလို့မရဘူးနော်"

ကျိလဲ့ယွီက အထူးတလည် အလေးပေးပြောကြားခဲ့သည်။

"ပါးပါးနဲ့ ဒယ်ဒီက အဆင်ပြေပေမဲ့ တခြားသူတွေတော့ မရဘူး"


လင်းဖေး: "……"


လင်းဖေးက သူ့ပါးလေးကို ဆွဲလိုက်သည်။ကျိလဲ့ယွီက သူ၏ တစ်ကိုယ်ကောင်းဆန်ပြီး လွှမ်းမိုးချုပ်ခြယ်တတ်သည့် ညီလေးဖြစ်ရန် တကယ်ထိုက်တန်ပါပေသည်။သူ့မှာ တားမြစ်ချက်တစ်ခုထပ်ရှိလာပြီဖြစ်၏။


သူ့မှာ တားမြစ်ချက်တွေ ဘာကြောင့် ဒီလောက်များနေရတာလဲ...


သူ့အချိန်ရလာသောအခါတွင် ကျိလဲ့ယွီ

 တားမြစ်ထားသမျှကို ချရေးထားမည်ဖြစ်သည်။သေချာပေါက် သူတို့၏ အိမ်စာစာအုပ်ထက် ပိုထူနေမှာပင်။


လင်းဖေး ၎င်းကို တွေးပြီး သူ့ပါးကို အနည်းငယ်ထပ်ဆွဲလိုက်သည်။


ကျိလဲ့ယွီက စိတ်မဆိုးပါချေ။သူက ပြုံးပြပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ချစ်စရာကောင်းအောင်လုပ်ကာ သူ့ကိုချွဲနေ၏။


ကျိယွီရှောင် နောက်ဆုံးတွင် သူ၏ စိတ်လှုပ်ရှားမှုကို ငြိမ်သက်စေနိုင်ခဲ့သည်။ သူက ကင်မရာနှင့် မိုက်ခရိုဖုန်းကို ပြန်ဖွင့်ပြီး ယခုနက အစည်းအဝေးကို ဆက်လက်လုပ်ဆောင်ခဲ့သည်။


ဌာနမန်နေဂျာက သူ နောက်ဆုံးမှာ ပြန်ပေါ်လာသည်ကို မြင်ပြီး ဆက်ပြီးတင်ပြတော့မည်ပြုချိန်မှာ သူ့သူဌေးက နူးညံ့သည့်လေသံဖြင့်ပြောသည်ကိုကြားလိုက်ရသည်။


"ဆောရီး...ခုနက ကလေးက လာပြီး ကျွန်တော့်ကို မုန့်ဖိုးပေးချင်တယ်အတင်းလုပ်နေလို့ အချိန်နည်းနည်းနောက်ကျသွားတယ်"


ဌာနမန်နေဂျာ:'???? ကလေးက မင်းကို မုန့်ဖိုးပေးခဲ့တာလား'


မင်း တကယ် မှားပြောနေတာမဟုတ်ဘူးလား...


ကလေးကို မင်းက မုန့်ဖိုးပေးရမှာ မဟုတ်ဘူးလား...


တခြားသူတွေကလည်း အံ့သြတကြီးနှင့် သူ့ကိုကြည့်နေကြသည်။


ကျိယွီရှောင်က အလွန်အမင်း ကြောင်သူတော်ဆန်စွာ သက်ပြင်းချလိုက်သည်။ 

"ကလေးဆိုတော့ မစဥ်းစားတတ်ဘူးဗျာ...သူကိုယ်တိုင်အလုပ်လုပ်ပြီး သူရဲ့ပထမဆုံးငွေကို ရှာခဲ့တာဆိုတော့ သူက ဒီပိုက်ဆံကို ကျွန်တော့် ပေးချင်နေတာ... ပေါ့ပေါ့ပါးပါး တစ်ခုခုဝယ်လိုက်ပါ၊အဲဒါ မုန့်ဖိုးတဲ့ဗျာ...သူက တော်တော်လေး ကလေးဆန်တာပဲ"


ဌာနမန်နေဂျာ: '...ဒါက မစဥ်းစားတတ်တာလား...စဥ်းစားတတ်လွန်းနေတာ မဟုတ်ဘူးလား'


ဥက္ကဌကျိ...အဲဒီစကားပြောနေတုန်းက ခင်ဗျားမျက်နှာပေါ်က အပြုံးကို ကြည့်... သက်ပြင်းချနေတယ်ပေါ့လေ...ခင်ဗျားက ကြွားနေတဲ့ဟာကို...


သားသမီးရှိသော်လည်း သားသမီးထံမှ မုန့်ဖိုးမရဖူးသောသူများသည် တိတ်တိတ်လေး ချဉ်ကြလေသည်။ဒါက ဘော့စ်ရဲ့ကလေးလား...


သေချာတာပေါ့ ...သူတို့မိသားစုက ငဆိုးငပေလေးတွေနဲ့ လုံးဝကို ကွာတယ်...


ကျိယွီရှောင်က ဂုဏ်ယူစွာ ကြွားနေခဲ့သည်။


ယင်းက ကုမ္ပဏီဝန်ထမ်းတွေကနေ သူ့သူငယ်ချင်းတွေအထိ၊ ကျိမိသားစုထဲကဆွေမျိုးတွေကတွေ သူ့အတန်းဖော်တွေအထိပါပင်။ နောက်ဆုံးတွင် သူက အထူးသီးသန့်သူငယ်ချင်းအသိုင်းအဝိုင်းတွင် ပို့စ်တစ်ခုတင်ခဲ့ပြီး သူ၏ပရိုဖိုင်ပုံအား 'ငါ့ပေါင်ပေ့က ငါ့ကိုမုန့်ဖိုးပေးတယ်' ဟု စာလုံးကြီးကြီးများဖြင့် အစားထိုးလုနီးပါးဖြစ်ခဲ့၏။


ဝေ့ကျွင်းဟယ်က ၎င်းကို ပြင်းပြင်းထန်ထန် ရှုတ်ချ၏။

[မင်းပေါင်ပေ့က အကောင်းဆုံးဆိုတာ ငါသိပါတယ်...ကြွားမနေနဲ့...မကြွားနဲ့... မင်းကြောင့် ငါ့မျက်လုံးတွေ ကန်းကုန်လိမ့်မယ်]


ကျိယွီရှောင်: [ဟီးဟီးဟီး... ငါကတစ်ခုခုရခဲ့ပြီး မင်းကမရလို့ မနာလိုဖြစ်နေတာ~]


ဝေ့ကျွင်းဟယ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

'...တကယ် မလိုပါဘူးနော်'


ချွီယင်းကျယ်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။ 

[ဂုဏ်ယူပါတယ်...ဖေးဖေးက တကယ်ချစ်ဖို့ကောင်းတာပဲ...သူ့ရဲ့ခပ်တည်တည်မျက်နှာလေးအောက်မှာ ဒီလို ပင်ကိုယ်စရိုက်မျိုး ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး]


ကျွမ်းယွဲ့က ပိုရိုးသား၏။

[ငါလည်း လိုချင်တယ်...ငါလည်း လိုချင်တယ်... ငါ ဖေးဖေးရဲ့ မွေးစားအဖေလုပ်မယ်... ဖေးဖေး စဉ်းစားပေးမှာလား]


ကျိယွီရှောင်က ချွီယင်းကျယ်ကို ပြန်ပြောသည်။

[ဟားဟားဟား...ဖေးဖေးက အရမ်းချစ်စရာကောင်းပြီး အရမ်းချိုမြိန်တယ်]


ကျိယွီရှောင်က ကျွမ်းယွဲ့ကို ပြန်ပြောသည်။

[လစ်လိုက်တော့...စဥ်းတောင် မစဉ်းစားနဲ့]


သူ့ပေါင်ပေ့လေးကို ခွဲယူဖို့ မစဉ်းစားနဲ့ အိုကေ...


သူ့ပေါင်ပေ့လေးမှာ အဖေနှစ်ယောက်ရှိပြီးသား...တတိယတစ်ယောက် မလိုအပ်ဘူး...


ကျိယွီရှောင် သူ့ပေါင်ပေ့လေးပေးသော ဘဏ်ကတ်ကို ဂုဏ်ယူစွာ ကိုင်ဆောင်ကာ သူ့ပေါင်ပေ့ကြီးအား ရှာရန် ထွက်လာခဲ့သည်။


တကယ်ကို ရင်ထဲလှုပ်ရှားသွားရပေမဲ့ သူ့၏ဆင်ခြင်တုံတရားက အွန်လိုင်းဖြစ်နေဆဲပင်။လင်းဖေးက ဤအသက်အရွယ်မှာ ဘဏ်ကတ် မည်သို့ရှိနိုင်ပါမယ်နည်း။သူ့အား လင်းလော့ချင်းကပေးခဲ့သည်က ဖြစ်နိုင်ချေ များသည်။


သို့သော်လည်း လင်းလော့ချင်း၏စရိုက်အရ လင်းဖေး၏ အချိန်ပိုင်းအလုပ်မှ ငွေကို အမှန်တကယ် ပေးမည်မဟုတ်သောကြောင့် လင်းလော့ချင်း၏ ကိုယ်ပိုင်ငွေဖြစ်ရန် အလားအလာ အလွန်များလေသည်။


သူက ကျိယွီရှောင်ကိုလည်း ပေါင်ပေ့ဆီကနွေးထွေးမှုကို ခံစားရခြင်း၏ကြည်နူးမှုကို ခံစားစေလိုပြီး တစ်ချိန်တည်းမှာပင် သူက ကလေး၏ရခဲလှသောငွေကို ထိရန် တွန့်ဆုတ်နေသောကြောင့် သူ၏ငွေကိုသာ အဆုံးရှုံးခံလိုက်ရုံရှိသည်။


ကျိယွီရှောင်သည် လင်းလော့ချင်းက အမှန်တကယ် နူးညံ့သိမ်မွေ့ပြီး လှပသူဟု ခံစားရရင်း ရယ်မောလိုက်မိသည်။ လင်းဖေးကို ယခုလိုဖြစ်အောင် သင်ကြားဆုံးမနိုင်သည်က အံ့သြစရာ မဟုတ်ပါချေ။


သူက ကောင်းကင်၌ တွဲလွဲခိုနေသော လခြမ်းလေးကဲ့သို့ ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုတို့ဖြင့် ထုပ်ပိုးထားပြီး ကမ္ဘာပေါ်ရှိ လင်းဖေးလေးအပေါ်မှာ တောက်ပနေခဲ့သည်။ လင်းဖေးက သူ၏ကြည်လင်သောအလင်းရောင်အောက်မှာလှုံကာ လက်ကိုဆန့်၍ သူ့လက်ဖဝါးထဲတွင် လရောင်ကို ဂရုတစိုက် ခံထားသည်။ဤနည်းဖြင့် သူ ထိုလက်ဖဝါးထဲ လရောင်ထဲတွင် သူ၏ကိုယ်ပိုင်ကြယ်ရောင်ကို မြင်နိုင်ခဲ့သည်။


ယင်းက လင်းဖေးပိုင်သော နူးညံ့သိမ်မွေ့မှု၊သူ၏ကြီးပြင်းလာမှုနှင့် ယုံကြည်မှုတို့ ပါဝင်လေသည်။


လင်းဖေး ရိုက်ကူးပြီးသွားသဖြင့် ကျိလဲ့ယွီက အလုပ်စတော့မှာ ဖြစ်၏။


ကျိလဲ့ယွီတွင် ဤကိစ္စနှ

င့်ပတ်သတ်၍ အလွန်အပြုသဘောဆောင်သောအမြင်ရှိသည်။သူလည်း လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့ကို မုန့်ဖိုးပေးချင်သည်။


လင်းလော့ချင်း နှင့် ကျိယွီရှောင် တို့သည် ၎င်းတို့၏သားထွေးမှာလည်း ထိုကဲ့သို့သော အတွေးအမြင်များ ရှိနေသည်ကို မသိခဲ့ကြဘဲ သူ၏ ပထမဆုံး အံ့ဖွယ်ဖျော်ဖြေမှုကို စိတ်ဝင်တစား စောင့်မျှော်နေခဲ့ကြသည်။