အပိုင်း ၂၇၄
Viewers 87k

Chapter 274





"ဒါဆို ဒီည ကလေးတွေနဲ့ အိပ်ကြမလား"


"ကောင်းပြီ"

လင်းလော့ချင်း ညင်သာစွာဖြေသည်။ "မင်းက ဒီလောက်ချစ်စရာကောင်းနေတာ...ဒီအချိန်မှာ မင်းကိုဘယ်သူကငြင်းမှာလဲ...အထူးသဖြင့် မင်းက ဖေးဖေးလို ချစ်စရာကောင်းနေရင်ပေါ့"


"ကျိယွီရှောင် မင်း တော်လောက်ပြီ" 

လင်းလော့ချင်း၏ မျက်နှာမှာ အနည်းငယ်နီနေသည်။


ကျိိယွီရှောင်က သူ့မျက်နှာကို ညှစ်လိုက်သည်။ 

"ရှက်နေတာလား"


"မင်းကမှရှက်နေတာ... မင်းတို့တစ်မိသားစုလုံး ရှက်နေတာ"


"ငါ့တစ်မိသားစုလုံးဆိုတော့ မင်းရောမပါဘူးလား" 

ကျိယွီရှောင်က ပြုံးကာစသည်။ 

"ဒါဆို မင်းလည်း ရှက်နေတာပေါ့"


လင်းလော့ချင်း: "……"


လင်းလော့ချင်း ရှက်ကိုးရှက်ကန်းဖြင့် ဒေါသတကြီး သူ့ပေါ်ခွကာ ဆွဲလိမ်တော့သည်။


ကျိယွီရှောင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ကို ဖက်ကာ အကြာကြီး နမ်းပစ်လိုက်သည်။


ကျိယွီရှောင် နမ်း၍ဝသွားသည်နှင့် တစ်ဖက်လူကို စိတ်လိုလက်ရ ချပေးလိုက်သည်။ သူက မတ်တပ်ထရပ်ပြီး လင်းဖေးနှင့်ကျိလဲ့ယွီတို့၏ အိပ်ခန်းဆီ သွားကာ ကလေးနှစ်ယောက်ကို ချီခေါ်လာခဲ့သည်။


လင်းဖေးက သိပ်ပြီးအနေရမခက်တော့ဘဲ ကျိလဲ့ယွီကလည်း အလွန်ပျော်သွား၏။


"သားတို့ဒီနေ့အတူတူအိပ်ကြမှာလား"


"ဟုတ်တယ်"

လင်းလော့ချင်းက ပြုံးလိုက်သည်။ သူက လင်းဖေးနှင့် ကျိလဲ့ယွီကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နှစ်ယောက်လုံးကို နမ်းလိုက်သည်။


လင်းဖေး: "……"


လင်းဖေးသည် လင်းလော့ချင်း၏ အနမ်းများကြောင့် အနှေးနှင့်အမြန် သူ့အရေပြားတစ်လွှာ ကြွေသွားလိမ့်မည်ဟု ခံစားနေရသည်။


လင်းလော့ချင်းက ဘာလို့ နမ်းရတာ ဒီလောက်ကြိုက်နေတာလဲ...တောက်တဲ့လိုပဲ အမြဲကပ်နေတာ...


သို့သော် ၎င်းကို သူ့စိတ်ထဲတွင်ပဲ တွေးလိုက်ခြင်းဖြစ်သည်။အပြင်မှာမူ လင်းလော့ချင်း သူ့ကိုဖက်ပြီးး နမ်းနေသည်ကို နာခံစွာဖြင့် ခွင့်ပြုထားဆဲဖြစ်လေသည်။


မိသားစုလေးယောက်က တစ်ညတာ နွေးထွေးပျော်ရွှင်စွာ အိပ်စက်ခဲ့ကြသည်။ နောက်နေ့မနက်မှာ မနက်စာစားပြီး ရိုက်ကွင်းကို ကားမောင်းသွားခဲ့၏။


လင်းလော့ချင်းက စိတ်ကောင်းဝင်နေပြီး စိတ်ဝင်တစားဖြင့် သူ၏Momentsတွင် ပို့စ်တင်ခဲ့သည်။ [ငါ့ပေါင်ပေ့က သိတတ်လွန်းနေရင်ဘာလုပ်မလဲ...သေချာပေါက် သူ့ကိုနမ်းတာပေါ့ 😗😗]


အောက်တွင် ချက်ခြင်းပင်၊လင်းဖေး ၏ ဘာသာရပ်အသီးသီးမှ ဆရာများက သူ့ကို ချီးမွမ်းကြသည်။


အမှန်တရားကို မသိသော ယောင်မော့မော့ကဲ့သို့သော ဖရဲသီးစားသူများလည်း ရှိနေသည်။

[အဲဒါ ဖေးဖေးလား...သူဘာလုပ်ပြန်ပြီလဲ]


လင်းလော့ချင်းက သူမကိုအကြောင်းပြန်လိုက်သည်။

[ဟားဟားဟား...သူက ကျွန်တော့်ကို မုန့်ဖိုးပေးချင်လို့ဆိုပြီး ယာယီအလုပ်သမားအဖြစ် အလုပ်လုပ်နေတယ်လေ]


ယောင်မော့မော့: "???!!!"


ဒါက တူလား...


သားအရင်းမဟုတ်ဘူးလား...


ယောင်မော့မော့ လှည့်ပြီး သူမတူလေး၏ မျက်နှာကို ညစ်လိုက်သည် "နင် ဘာလို့အစားကလွဲလို့ဘာမှမသိရတာလဲ...နင့်အဒေါ်အတွက် အရသာရှိတဲ့ အစားအသောက်တွေဝယ်ဖို့ အလုပ်သွားလုပ်ရမှန်းတောင် မသိဘူး"


သူမတူလေး :"???"


သူက ခြောက်နှစ်ပဲရှိသေးတာလေ... ဘာအလုပ်လုပ်မှာလဲ... ဘာလို့ အလုပ်လုပ်ရမှာလဲ...


တူလေးက သူ့ဘီစကစ်များကို အမြန်ဆွဲယူပြီး ထွက်ပြေးသွားသည်။


ယောင်မော့မော့: '…တကယ်ကို လူတွေက သူများတွေနဲ့ ယှဉ်ရင်သေတယ်ဆိုတဲ့ အခြေအနေပဲ...သူများရဲ့တူနဲ့ ယှဥ်ကြည့်ရင် ငါ့တူက စွန့်ပစ်ရမဲ့အခြေအနေ... သူတို့နှစ်ယောက်လုံးက တူတွေလေ... သူတို့ကြားက ကွာခြားချက်က ဘာကြောင့် ဒီလောက်ကြီးရတာလဲ'


သူမတူလေးကို လင်းလော့ချင်း သင်ပေးလို့ရအောင် ရက်အနည်းငယ်လောက် လင်းလော့ချင်းအိမ်ကို ပို့ထားလိုက်လို့ရမလား...


***


လင်းလော့ချင်းက အဝတ်အစားလဲခန်းသို့ လင်းဖေးနှင့်အတူသွားကာ အဝတ်အစားလဲပြီးနောက် ဒါရိုက်တာလီထံသွားခဲ့သည်။


ဒါရိုက်တာလီက လင်းဖေးကိုတွေ့သည်နှင့် လင်းဖေးကို စချင်နေတော့သည်။ ထို့နောက် ခြွင်းချက်မရှိ၊ သူသည် လင်းဖေး၏ အထင်အမြင်သေးသောအကြည့်များကို လက်ခံရရှိခဲ့ကာ စိတ်ဆိုးဆိုးဖြင့် ရပ်လိုက်ရသည်။


ထိုအချိန်မှာ လင်းလော့ချင်းက သူ့နားသို့လာကာ ပြုံး၍ပြောသည်။ "ဒါရိုက်တာလီ...ဖေးဖေးက ဘာကြောင့် ဒီဇာတ်ကားကို လက်ခံခဲ့တာလဲ သိလား"


"တိုက်တိုက်ဆိုင်ဆိုင် လက်ထောက်ဒါရိုက်တာက သူ့ကို သဘောကျသွားပြီး မင်းကလည်း သူ့ဦးလေးမို့လို့ မဟုတ်ဘူးလား"


"အဲသလောက် မရိုးရှင်းဘူးဗျ"


"ဒါဆို ဘာလို့လဲ... ပျော်စရာကောင်းတယ်လို့ သူထင်လို့လား" 

ဒါရိုက်တာ လီက ခန့်မှန်းသည်။


လင်းလော့ချင်းက ခေါင်းခါပြီး တိုးတိုးလေးပြောသည်။ 

"သူပိုက်ဆံရှာချင်လို့"


ဒါရိုက်တာလီက ခေါင်းညိတ်လိုက်သည်။ 

"အိုး...ဒါဆို ဒီတစ်ခါ သူငွေအများကြီးရှာနိုင်တယ်လေ"


လင်းလော့ချင်း: "ဒါဆို သူ ကျွန်တော့်ကို မုန့်ဖိုးပေးလို့ရတယ်လေ"


ဒါရိုက်တာလိီ: "???!!!"


ဒါရိုက်တာလီ သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ 

"မင်းကို..."


လင်းလော့ချင်းက ပြုံးပြီး ခေါင်းညိတ်သည်။ 

"သူ သိပ်ကိုကောင်းလွန်းတယ် မဟုတ်ဘူးလား"


ဒါရိုက်တာလီ:"……"


ဒါရိုက်တာလီက သိချင်စိတ်ဖြင့် လင်းလော့ချင်းကို တစ်ပတ် ပတ်ကာကြည့်သည်။ 

"ကလေးတွေကို စိတ်ကြွဆေးရည်တွေများ တိုက်ထားသလား...ကလေးတွေကို ဒီလောက်ညှို့ထားနိုင်ရအောင်"


လင်းလော့ချင်းက ပြုံးလိုက်ပြီး မျက်လုံးများ ကွေးညွတ်သွားသည်။ "အဓိက အကြောင်းအရင်းက ကျွန်တော်က ဖေးဖေးနဲ့ အရမ်းနီးနီးကပ်ကပ်ရှိလို့လေ"


"ဒါဆို သူက မင်းကိုတွေးပေးလွန်းနေတာ မဟုတ်ဘူးလား... သူ့မိဘတွေကမကြိုက်တာမျိုးမရှိဘူးလား"


"သူ့မိဘတွေ ဆုံးသွားပြီ...ကျွန်တော်က သူ့ကို ခေါ်ထားတာ"

လင်းလော့ချင်းက ရှင်းပြသည်။


ဒါရိုက်တာလီ ပို၍ပင် အံ့သြသွားသည်။


မိဘများ မမျှော်လင့်ဘဲ ကွယ်လွန်သွားပြီး ဆွေမျိုးအိမ်များတွင်သာ နေထိုင်နိုင်ကြသည့် ကလေးအချို့ကို သူမြင်ဖူးသည်။သို့သော် လင်းဖေကဲ့သို့သောကလေးကို သူလုံးဝမတွေ့ဖူးပါချေ။ ဤအသက်အရွယ်ရှိ ကလေးအများစုသည် ၎င်းတို့၏မိဘများထွက်ခွာသွားခြင်းကြောင့် သက်ရောက်ခံရပြီး အခြားသူ၏အိမ်တွင် ဂရုတစိုက်နေထိုင်တတ်ကြသည်။ ယင်းက ၎င်းတို့အား တိတ်ဆိတ်သော၊ ရှက်တတ်ပြီး နာခံမှုရှိသော ကိုယ်ရည်ကိုယ်သွေးကို မွေးမြူစေသည်။ ဆွေမျိုးများက မကြိုက်မဖြစ်ကြောင်း သေချာစေရန် ၎င်းတို့သည် အလွန်ကြီးထက်ရှ(မြက်)မည်မဟုတ်ပေ။


သို့သော် လင်းဖေး၏ တိတ်ဆိတ်မှုသည် သူတို့နှင့် မတူ။ သူက မာနကြီးပြီး ဘာကိုမှဂရုမစိုက်ပေ။သူက လူကြီးပေါက်စလေးနှင့်တူပြီး လူအများအား သူ့ကို ကျီစားချင်လာစေသည်။


သူ၏အနားစွန်းများ ထောင့်များက ထက်ရှလွန်းသည်။ သူက ပြုံးခြင်း စကားပြောခြင်းမျိုးမရှိပေ။သူ သူ့နေရာမှာပဲ အေးအေးဆေးဆေး ရပ်နေပြီး သူ့ကိုမြင်သူတိုင်းက သူ့မှာ ပျော်ရွှင်စရာကောင်းသည့် မိသားစုကို ပိုင်ဆိုင်ထားရသည်ဟု ထင်ကြသည်။ဤနည်းဖြင့် သူက ယခုလို အေးစက်၊ ဖြူစင်ပြီး ချောမောသူ ဖြစ်လာနိုင်ခဲ့သည်။


သူ့မိဘတွေ မရှိကြတော့ဟု မည်သူမှထင်လိမ့်မည်မဟုတ်ပေ။


ဤရှုထောင့်မှကြည့်လျှင် လင်းလော့ချင်းက သူ့အပေါ် အလွန်ကောင်းလောက်သည်။ကောင်းလွန်း၍ သူ၏ထူးခြားသောကိုယ်ရည်ကိုယ်သွေးကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်အထိ လင်းလော့ချင်းဆီကနေ လုံလောက်သောစိတ်ပိုင်းဆိုင်ရာလုံခြုံမှု ရရှိစေခဲ့ခြင်းဖြစ်မည်။


ဒါရိုက်တာလီ ၎င်းကို တွေးပြီး မထိန်းနိုင်ဘဲ လင်းလော့ချင်းကို နောက်ထပ် အကြိမ်အနည်းငယ် စိုက်ကြည့်မိသည်။ 


သူ့အရွယ်လူငယ်တစ်ယောက်အတွက် ကလေးတွေကိုသဘောကျရန်နှင့် ဤမျှ ငယ်ရွယ်သည့်ကလေးငယ်တစ်ယောက်ကို ၎င်း၏ကိုယ်ရည်ကိုယ်သွေးကို ဆက်လက်ထိန်းသိမ်းထားရရန် လုံလောက်သည့်လုံခြုံမှုနှင့်ချစ်ခြင်းမေတ္တာကို ရရှိစေသည်က တကယ်ကို ရှား၏။


လင်းလော့ချင်းက အချစ်တွေ အများကြီးပေးခဲ့ပြီး လင်းဖေးကို အများကြီးလည်းသဘောကျခဲ့သည်။ ထို့ကြောင့်လင်းလော့ချင်းက လင်းဖေး၏တွေးတတ်မှု/သိတတ်မှုကြောင့် ယခုအခါ အင်မတန် ပျော်ရွှင်နေခြင်းဖြစ်သည်မှာ သိသာသည်။


"ဒါဆို မင်းကတော်တာပေါ့" 

ဒါရိုက်တာ လီက သူ့ကို ကြည့်လိုက်သည်။ 


"ငါ့ရဲ့လရောင်ဖြူလေးကို မင်းလိုအစားထိုးပန်းလေးကို ပေးဖို့အတွက် ငါ့ဆီကနေ ပိုက်ဆံရှာခိုင်းရတာကို အရမ်းဂုဏ်ယူနေတယ်ပေါ့"


လင်းလော့ချင်း သူ့စကားကြောင့် သဘောကျသွားသည်။ ဒါက ဘာလဲ... လရောင်ဖြူလေးနဲ့ အစားထိုးခံကြားမှာ နှစ်လမ်းသွား ဆက်ဆံရေးရှိနေတာလား...


လူနှစ်ယောက်က ထွက်ပြေးမသွားခင် ဆန်ကုန်မြေလေးကောင်ရဲ့ ညစ်ပတ်တဲ့ပိုင်ဆိုင်မှုတွေကို ခွဲဝေယူဖို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလား...


လင်းလော့ချင်း အော်ရယ်မိလုနီးပါးပင်။


ဒါရိုက်တာလီ သူ၏ ပို၍ ထင်ရှားလာသော အပြုံးကို မြင်လိုက်ရပြီးပြောလိုက်သည်။ 

"မင်းက တကယ်ကြီးကိုယ့်ကိုကိုယ် ဂုဏ်ယူနေတာလား"


"မဟုတ်ဘူး မဟုတ်ဘူး"

လင်းလော့ချင်းက အမြန်ရှင်းပြသည်။ "စိတ်မပူပါနဲ့...ခင်ဗျားရဲ့လရောင်ဖြူလေးကို ကျွန်တော်ကောင်းကောင်းဆက်ဆံမှာပါ"


ဒါရိုက်တာလီ:"……"


"ဒါဆိုလည်း ကျေးဇူးတင်ပါတယ်"


"ရပါတယ်"


လင်းလော့ချင်း ပြောပြီးသွားသည်နှင့် ဝမ်ကျစ်မင်က လင်းဖေး နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူက ဒါရိုက်တာလီကို လက်ပြနှုတ်ဆက်ပြီး ထိုဆီလျှောက်သွားလိုက်သည်။


ဝမ်ကျစ်မင်က လင်းဖေးကို စနောက်နေဆဲဖြစ်သည်။

"ဖေးဖေးလောင်ရှီး...ငါ ဇာတ်ညွှန်းအတိုင်း မင်းပါးကို ဆွဲလိုက်ရင် မင်းငြင်းမှာလား"


လင်းဖေးက ဇာတ်ညွှန်းထဲက လုပ်ဆောင်ချက်တွေကို ထောက်ပြသည်။ 

"အရင်ဆုံး ကျွန်တော်ကငြင်းပြီး ခင်ဗျားကို တွန်းထုတ်ရမယ်"


"ဒါပေမဲ့ အဆုံးမှာတော့ ငါအောင်မြင်ခဲ့ပြီး မင်းပါးကိုဆွဲခဲ့တယ်လေ"


လင်းဖေး: "……"


လင်းဖေးက စိတ်မပါမပါ့ဖြင့်ဆိုသည်။

"အိုး"


"ဒါဆို ငါသာသာလေးပဲဆွဲမယ်နော် အိုကေ"


"ဟုတ်ကဲ့" 

လင်းဖေးက ခေါင်းညိတ်လိုက်သည်။


ဝမ်ကျစ်မင် သူ၏ ဇာတ်ညွှန်းကို လေးလေးနက်နက် ဆွေးနွေးနေသည့် ပုံစံလေးကို မြင်ပြီး ခေါင်းကို ပွတ်လိုက်ချင်သည်။ သို့သော် သူ လက်ကို မြှောက်လိုက်သည်နှင့် လင်းဖေးက သူ့ကို စိုက်ကြည့်နေသည်။


ဝမ်ကျစ်မင် သူ့ဦးတည်ချက်ကို အတင်းအကျပ်ပြောင်းပြီး ကိုယ့်ခေါင်းကိုယ် ပွတ်လိုက်ရုံသာ တတ်နိုင်သည်။စိတ်ထဲမှာလည်း ဒီကလေးက အတော်လေးကို ဆတ်ဆတ်ထိမခံ ဖြစ်နေတုန်းပဲဟုတွေးလိုက်မိသည်။


သူက လင်းဖေးနှင့် လေ့ကျင့်နေခဲ့သည်။လင်းလော့ချင်းက သူတို့ ပြီးအောင် စောင့်ခဲ့ပြီး သူတို့ကိုရေသန့်ဘူးပေးလိုက်သည်။


ဝမ်ကျစ်မင်က ရေသန့်ဘူးကိုယူကာ အနည်းငယ်သောက်လိုက်ပြီးနောက် မနေ့က ပေါင်ပေ့အကြွားပြိုင်ပွဲကို ဆက်လက်ယှဥ်ပြိုင်ခဲ့သည်။


 "မနေ့ညက ငါ့တူလေးကလည်း ငါ့ကို နှုတ်ခွန်းဆက်ကတ်တစ်ခု လုပ်ပေးတယ်...လုံးဝကိုဟမ်းမိတ်နော်... အစအဆုံးသူကိုယ်တိုင် လုပ်ခဲ့တာ"


လင်းလော့ချင်း:"……"


လင်းလော့ချင်း ဝမ်ကျစ်မင်၏ မျက်လုံးများထဲရှိ ဂုဏ်ယူနေမှုကိုမြင်ပြီး အနည်းငယ်ပြုံးလိုက်သည်။ 

"ကောင်းသားပဲ"


"မှန်တယ်... ငါ့တူက ငါ့ကို တကယ်သဘောကျတာ... ငါအိမ်ကိုရောက်တိုင်း သူက ငါ့ကို နှုတ်ဆက်ဖို့ ပထမဆုံး ပြေးလာတာ"


လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။ 

"အားကျစရာကောင်းလိုက်တာဗျာ...ကျွန်တော့်ကိုမုန်ဖိုးပေးဖို့ နွေရာသီအားလပ်ရက်မှာ တိတ်တိတ်လေး အလုပ်လုပ်နေတဲ့ ကျွန်တော်တို့မိသားစုက ဖေးဖေးနဲ့များတခြားစီ"


ဝမ်ကျစ်မင်: "???!!!"


"ဘာမုန့်ဖိုးလဲ"


လင်းလော့ချင်းက ကျကျနနရှင်းပြကာကြွားလိုက်သည်။ 


"သြော် ဒီကလေးက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ကူးတွေ အများကြီးရှိနေတာဗျ... သူသရုပ်ဆောင်တာကို စိတ်မဝင်စားဘူးဆိုတာ အသိသာကြီးကို ဘာကြောင့် ရုတ်တရက်ကြီး သရုပ်ဆောင်ချင်တာလဲဆိုပြီးကျွန်တော်ကပြောလိုက်တာ...ပိုက်ဆံရှာပြီး ကျွန်တော့်ကို မုန့်ဖိုးပေးချင်လို့တဲ့ဗျာ... မလိုအပ်ဘူးမဟုတ်လား...သူ့ဘာသာသူ ကစားဖို့ အချိန်ကို ဘာကြောင့် အသုံးမချတာလဲ...ဘာလို့ဒီလောက် အလုပ်ကြိုးနေရတာလဲ"


ဝမ်ကျစ်မင်: '... ဒီလောက်ဆို ရပြီ'


ဟန်ဆောင်တယ်ဆိုတာ ဒီလိုမျိုးမဖြစ်သင့်ဘူးကွ...


မင်းဟာကလွန်လွန်းတယ်...


မင်းရဲ့ဂုဏ်ဆာနေတဲ့လေသံက လျှံထွက်နေတယ် ဟုတ်ပြီလား...


ဝမ်ကျစ်မင် သူ ထပ်ပြီးရှုံးသွားပြီဟု ခံစားရသည်။


သူ့တူလေးက နှုတ်ခွန်းဆက်ကတ်တစ်ခုပြုလုပ်ရာတွင် လင်းဖေး၏ တိုးတက်မှုကို အမှီလိုက်နိုင်ခါရှိသေးသော်လည်း လင်းဖေးက သူ့ဦးလေးအတွက် စိတ်မကောင်းဖြစ်ပြီး ဦးလေးဖြစ်သူကို မုန့်ဖိုးပေးရန် အလုပ်သွားလုပ်နေပြီဖြစစ်သည်။


ဟေး မနာလိုလိုက်တာနော်...အတူတူ တူဝရီးချင်းဖြစ်ပေမဲ့ သူများပေါင်ပေ့လေးက ဘာလို့ ဒီလောက်ချိုမြိန်နေရတာလဲ...


အထူးသဖြင့် ဒီပေါင်ပေ့လေးက လင်းလော့ချင်းတစ်ယောက်ထဲအပေါ်ပဲ ချိုမြိန်တာလေ...

 

ဝမ်ကျစ်မင် သူ့ကိုယ်သူ အလွန်သနားစရာကောင်းသည်ဟု ခံစားရသည်။ သူ့တူလေးက တကယ်ကို အလုပ်မကြိုးစားဘူး...


*****


လင်းဖေးသည် မနေ့ နေ့လည်က ရိုက်ကူးရေး အတွေ့အကြုံ ရှိပြီးသားဖြစ်သောကြောင့် သူ ဒီနေ့ရိုက်ကူးသည့်အခါ ပိုပို၍ သက်တောင့်သက်သာဖြစ်လာပြီး အကျိုးသက်ရောက်မှုက အံ့မခန်းပါပင်။


ဖူရှီဇာတ်ရုပ်က သူ၏ ပင်ကိုယ်စရိုက်နှင့် အလွန်အမင်း ထပ်နေသည်။ အခြေခံအားဖြင့် ဒါရိုက်တာလီက သူ့ကို သိပ်အများကြီးပြောစရာမလိုဘဲ ဇာတ်ညွှန်းလိုအပ်ချက်တွေအတိုင်းပဲအတိအကျ သူသရုပ်ဆောင်နိုင်၏။


သူ့ကို ဒုက္ခရောက်စေသော တစ်ခုတည်းသော နေရာမှာ အငိုခန်းဖြစ်သည်။


လင်းဖေး အခြေခံအားဖြင့် ရေးထားသည်ကို ကြည့်လိုက်သည်။

[ဖူရှီ: ဂရုမစိုက်သောအမူအရာနှင့် မျက်ရည်များဝဲလျက် သူ့လက်ထဲက ဓာတ်ပုံကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူက ဓာတ်ပုံကို တုံ့ဆိုင်းစွာ ပြန်သိမ်းခဲ့သည်။]


သူဘယ်လိုလုပ်ရမလဲ တကယ်မသိပေ။


 

"ငိုရမှာလား" 

သူက ဒါရိုက်တာလီကို မေးလိုက်သည်။


ဒါရိုက်တာလီက ခေါင်းညိတ်လိုက်သည်။ 

"ဟုတ်တယ်...ဒီတစ်ခေါက် ထွက်သွားပြီးရင် ဖူရှီက လုမင်နဲ့ရှန်းဝမ်ကိုနောက်တစ်ကြိမ်မတွေ့ရလောက်တော့ဘူး... များသောအားဖြင့် သူ့ဦးလေးနှစ်ယောက်ကို မကြိုက်တဲ့ပုံပေါ်ပေမဲ့ တကယ်တမ်း ခွဲ့ရတော့မဲ့အချိန်ရောက်လာတော့... သူတို့နဲ့မခွဲနိုင်ဘူးဆိုတာကို သူသဘောပေါက်လာတယ်"


လင်းဖေးက ဘာမှမပြောပေ။


ဒါရိုက်တာလီက သူ့ကို သင်ပေးသည်။ "တကယ်လို့ တစ်နေ့မှာ တစ်ယောက်ယောက်က မင်းကို ခေါ်သွားပြီး မင်းကို မင်းဦးလေးနဲ့ ခွဲချင်နေမယ်ဆိုရင် မင်းဘယ်လိုဖြစ်မလဲ တွေးကြည့်လို့ရတယ်.. မင်းစိတ်မကောင်းဖြစ်ပြီး ငိုလိမ့်မယ်"


"မသွားဘူး"

လင်းဖေးက တည်ငြိမ်စွာပြောသည်။


"ငါတို့ပြောနေတာက တကယ်လို့နဲ့တကယ်လို့ဖြစ်လာရင်ဘာဖြစ်မလဲဆိုပြီးလေ"


လင်းဖေးက မျက်မှောင်ကြုတ်ကာ ဖြစ်တောင့်ဖြစ်ခဲ့ အနည်းငယ်အကြပ်ရိုက်သွားသည်။


သူက သဘာဝအားဖြင့် ငိုရသည်ကို မကြိုက်သလို တခြားသူတွေရှေ့မှာ ငိုရသည်ကို ပို၍မကြိုက်ပါချေ။ ယခု သူက ရုတ်တရက် အငိုခိုင်းခံခဲ့ရပြီး ယင်းကလည်း ကင်မရာများနှင့် လူများ ဝိုင်းရံနေချိန်ဖြစ်သည်။ လင်းဖေး ချက်ချင်းပင် အဆင်မပြေဖြစ်လာသည်။


၎င်းကိုမြင်သောအခါ လင်းလော့ချင်းကလည်း အနားရောက်လာပြီး သူ့ကိုစကားအနည်းငယ်ပြောလိုက်သည်။


လင်းဖေးက အနှီလူကို ကြည့်လိုက်သည်။ တစ်နေ့တွင် သူ လင်းလော့ချင်း နှင့် အမှန်တကယ် ခွဲခွာရမည်ဆိုပါက၊ လင်းလော့ချင်း သူ၏ ယခင်ကမ္ဘာသို့ မတားဆီးနိုင်စွာ ပြန်လည်ရောက်ရှိသွားခြင်းကြောင့် ဖြစ်မည်ဟု သူထင်သည်။


သူကထွက်သွားမှာ မဟုတ်ပေ။ထွက်သွားမည့်သူက လင်းလော့ချင်းသာဖြစ်လိမ့်မည်။


၎င်းကို သူတွေးပြီး ရုတ်တရက် စိတ်မသက်မသာ ခံစားလိုက်ရ၏။


သို့သော်လည်း သူ ငို၍မရသေးပေ။


သူက ခံစားချက်မရှိသော ကလေးဖြစ်သည်။ တခြားသူတွေ၏ ဝမ်းနည်းမှုကို နားလည်ပြီး တခါတရံ စိတ်မသက်မသာ ဖြစ်သွားလျှင်ပင် သူက ၎င်းကိုတကယ် မကြုံဖူးသဖြင့်၊တစ်နည်းဆိုရသော် ထိုအခြေအနေအထိမရောက်ဖူးသေးသဖြင့် သူ ငို၍မရပေ။


လင်းဖေးက နှစ်ကြိမ်တိုင်တိုင် ကြိုးစားသော်လည်း သူ့မျက်ရည်များက ထွက်မလာနိုင်ပေ။


သူ၏စိတ်ခံစားမှုအခြေအနေက နေရာတကျရှိနေပြီဖြစ်သည်။ သူက ကုလားထိုင်ပေါ်တွင် တစ်ယောက်တည်း ထိုင်နေပြီး ဓာတ်ပုံကို ငြိမ်သက်စွာ ကြည့်နေသည်။ သူ့ထံမှ သိသာထင်ရှားသော ဝမ်းနည်းမှုနှင့် မလိုလားမှုများ ထွက်ပေါ်လာသည်။သူက သူ့ခေါင်းကို ငုံ့ထားပြီး ထူထဲသောမျက်တောင်များက စင်းကျနေကာ သူ့မျက်လုံးများထဲရှိ မလိုလားမှုကို ဖုံးကွယ်ထားသည်။


သူ လင်းလော့ချင်းကို သူနှင့်မခွဲသွားစေချင်ပေ။


လင်လော့ချင်း တစ်နေ့တွင် သူ၏မူလကမ္ဘာသို့ ပြန်သွားပါက လင်းဖေး ငိုမည်မဟုတ်ပေ။ 'ကမ္ဘာ' အကြောင်းကို ပိုနားလည်လာပြီးနောက် လင်းလော့ချင်း ကိုရှာပြီး သူနှင့် အတူနေနိုင်စေရန် ကြီးပြင်းလာအောင် ကြိုးစားမည်ဖြစ်သည်။


ဘာလို့ငိုရမှာလဲ...


ငိုခြင်းက ပြဿနာကို မဖြေရှင်းနိုင်ပေ။

ငိုသည်က အသုံးမဝင်ဆုံးအရာဖြစ်၏။

ထို့ကြောင့် သူ ငိုရသည်ကို မကြိုက်။


သူက လင်းလော့ချင်း၏မျက်ရည်များအတွက် စိတ်မကောင်းဖြစ်ပြီး လင်းလော့ချင်းအငိုရပ်အောင် မည်သို့ပြုလုပ်ရမည်ကို တွေးတောနေမည်ဖြစ်သည်။လင်းလော့ချင်းက ငိုရင်း စကားပြောသည့်အခါ သူစိတ်တွေ ပျော့ပျောင်းလာပြီး စိတ်မသက်မသာ ခံစားရလိမ့်မည်။


ပြီးလျှင် ကျိလဲ့ယွီက သူ့မိဘများအကြောင်း အိပ်မက်တစ်ခုမှ နိုးလာပြီး ဒဏ်ရာရနေသော အကောင်ငယ်လေးကဲ့သို့ ညည်းတွားကာ ကုတင်ပေါ်တွင် ထိုင်နေခဲ့ချိန်တွင် သူ ကျိလဲ့ယွီကို ဖက်ပြီး နှစ်သိမ့်ပေးကာ ဝမ်းနည်းမနေတော့ဖို့ရာ သူ့ကို ချော့ချင်သည်။


သို့သော် သူကိုယ်တိုင်ကမူ ငိုမှာမဟုတ်ပေ။


အခြားကလေးများက ၎င်းတို့၏မိဘများကို ငိုယိုပြီးတိုင်တန်းနေကြစဉ်တွင် လင်းဖေးက ပြဿနာများကို သူ့ဘာသာသူ ဖြေရှင်းတတ်နေပြီဖြစ်သည်။


သူကငိုနေစရာ မလိုပေ၊ ခိုင်ခိုင်မာမာကြီးပြင်းလာရန်ပဲလိုသည်။


ဒါရိုက်တာလီ မော်နီတာပေါ်ရှိ ပုံရိပ်ကို ကြည့်ကာ မျက်ခုံးများအလယ်ကို ပွတ်သပ်ရင်း "ကဒ်"ဟု အော်သည်။


သူက လင်းဖေးထံသို့ လျှောက်လာပြီး သူ့ကို ချီးကျူးလိုက်သည်။ 


"ဖေးဖေး မင်းက အရမ်းတော်တယ်... မင်းရဲ့မျက်လုံးတွေ၊ အမူအရာတွေ၊ လှုပ်ရှားမှုတွေနဲ့ အထီးကျန်ဆန်မှုက အရမ်းကောင်းတယ်...ဒါပေမဲ့ ဒီအချိန်မှာ မင်းမျက်ရည်ကျနိုင်ရင် ပိုကောင်းမယ်"


****

စာရေးသူမှာ ပြောစရာရှိတယ်


ဝမ်ကျစ်မင်: ဟုတ်တယ် ပေါင်ပေ့... နွေရာသီ အားလပ်ရက်မှာ အလုပ်သွားလုပ်ရအောင်... ပြီးရင် မင်း ရှုရှုအတွက် မုန့်ဖိုးပေးလို့ရတယ်...


တူလေးဝမ်: [ထိတ်လန့်သွားသော မျက်လုံးများ]


တူလေးဝမ်: ကတ်ကမပြီးသေးဘူး... သွားခွ

င့်ပြုပါဦး ရှုရှု QAQ


တူလေးဝမ်: အရမ်းပင်ပန်းတယ်...သား သားရှုရှုကို မချစ်တော့ဘူးထင်တယ်...


ဝမ်ကျစ်မင် : ဒါက ကလေးတွေကြားက ခြားနားချက်လား...ပေါင်ပေ့ မင်း အလုပ်သိပ်မကြိုးစားသေးဘူး... အလုပ်ပိုကြိုးစား...


လင်းလော့ချင်း: ပေါင်ပေ့ထူးချွန်ပြိုင်ပွဲ၏ အမြဲတမ်းချန်ပီယံ


ဖေးဖေး: အလုပ်ကြိုးစားဆုံး ကလေးစာရင်းမှာ ပထမ