🍬Chapter 126[ Extra-3 ]
သူက သနားစဖွယ် ရှုံးနိမ့်ခဲ့သော်ငြား၊ ရွှီလော့ယန်က သူ၏စိတ်အခြေအနေကိုလျင်မြန်စွာ ပြန်လည်ချိန်ညှိကာ၊ သူ့ကိုယ်သူလွှတ်ထားးလိုက်ရန် ဆုံးဖြတ်လိုက်သည်။ကတ်များကို သေချာနေရာမချ၊ အစီအစဉ်တကျစီမနေတော့ဘဲ ကစားချင်သလိုသာ ကစားလိုက်တော့သည်။ မထင်မှတ်စရာပင်၊ ထိုကဲ့သို့ ကစားချင်သလိုကစားသည့်နည်းလမ်းက အကျိုးသက်ရောက်မှုရှိလာလေသည်။ ညစာမစားမီ၊ သူက နှစ်ပွဲခန့်နိုင်ခဲ့ပြီး IOU အချို့ကိုပင် ရှင်းထုတ်နိုင်ခဲ့၏။
အချိန်ခဏအတွင်း ရွှီလော့ယန်၏ ကိုယ့်ကိုယ်ကိုယုံကြည်မှုက ပြန်လည်မြင့်တက်လာပြန်သည်။ သူက ကတ်များကို သေသေချာချာရွေးချယ်ကာ ကတ်တစ်ခုကိုဆွဲထုတ်လိုက်ပြီး မထင်မှတ်ထားစွာပင် ထိုကတ်က ကတ်ကောင်းတစ်ကတ်ဖြစ်နေသည်။
"ထျန်းဟူ" သူက ပြုံးလျက် ပြောလိုက်သည်။
"ဒီကတ်က ရှုံးနိုင်ခြေလုံးဝမရှိဘူး... ထျန်းဟူကို ဆွဲမိနိုင်မယ့်ကံက သုံးသိန်းမှာတစ်ခါပဲရှိတယ်လို့ ပြောကြတယ်ကော...မင်းတို့တွေနောက်ဆို ငါ့ကို Koi လို့သာခေါ်ကြတော့..."
တစ်ချိန်တည်းမှာပင်၊ ကစားသည့်စားပွဲအောက်မှတဆင့်၊ ရွှီလော့ယန်က ချီချန်အန်း၏လက်ကို တိတ်တိတ်လေးသွားရောက်ဆွဲယူကာ၊ တစ်ဖက်လူအား လျှို့ဝှက်စွာဖြင့် နှစ်ကြိမ်ခန့်မျက်စိမှိတ်ပြလိုက်သည်။
ချီချန်အန်းက သူ့အား အလိုလိုက်မှုအပြည့်ဖြင့်ကြည့်ကာ၊ စားပွဲအောက်မှသူ့လက်အား ဆက်လက်ချိတ်ထားခွင့်ပြုထားလိုက်သည်။ ထို့နောက်၊ ချီချန်အန်းမှာ၊ ပွဲစဉ်တောက်လျှောက် သူ၏ဘယ်ဘက်လက်ကိုသာ အသုံးပြု၍ ကတ်များကို ကစားလေသည်။
စားပွဲတစ်ဖက်မှ လူနှစ်ယောက်၏ကိုယ်နေဟန်ထားမှာ မူမမှန်မှန်း၊ ယဲ့ရှန်ရှန်က တစ်ချက်တည်းဖြင့် ရိပ်မိသွားကာ၊ အူကြောင်ကြောင်ဖြစ်သွားရသည်။
ဒါက မာကျောက်ကစားတဲ့ ကိုယ်နေသန်ထားအသစ်လား... ဒီလိုကစားတာက အနိုင်ရဖို့အခွင့်အရေးကို တိုးစေလို့လား...
ညစာစားပြီးနောက်၊ ရွှီလော့ယန်မှာ အသစ်စိုက်ပျိုးထားသည့် ဂေါ်ဖီထုပ် 5.0 versionကို ကြည့်ရန် ဖန်လုံအိမ်၏ အဆုံးတစ်ဖက်နားသို့ ယဲ့ရှန်ရှန်ထံမှ ဆွဲခေါ်ခံသွားရပြီး၊ ချီချန်အန်းနှင့် ကုန်းယွဲ့တို့မှာတော့၊ ဖန်လုံအိမ်အပြင်ဘက်မှ မြက်ခင်းပြင်ထက်တွင် လမ်းလျှောက်နေကြ၏။
သို့သော်လည်း၊ အိမ်အပြန်လမ်းတွင်၊ ရွှီလော့ယန်မှာ ဖန်လုံအိမ်မှထွက်လာပြီးနောက်ပိုင်း ဂနာမငြိမ်ဖြစ်နေသည်ကို ချီချန်အန်းသတိထားမိလိုက်သည်။
"နျောင်နျောင်၊ တစ်ခုခုဖြစ်နေတာလား..."
နှစ်စက္ကန့်မျှကြာပြီးမှ ရွှီလော့ယန်က တုံ့ပြန်လာခဲ့သည်။
"ဘာမှမဖြစ်ပါဘူး... ဒီတိုင်း..."
ရွှီလော့ယန်ကထပ်ပြီး ငေးငိုင်နေပြီး
"ဖြစ်နိုင်တာက ငါ့ရဲ့ လောကအမြင်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရပြီနဲ့တူတယ်..."
ထိုသို့ပြောကာ သူက ခရီးသည်ထိုင်ခုံတွင် ကျောပစ်လှဲလိုက်ကာ (lover's seatလို့လည်း ခေါ်ပါတယ် ကားမောင်းသူဘေးက ထိုင်ခုံပါ။)
ထိုင်ခုံခါးပတ်ကို ဆုတ်ကိုင်ထားရင်း
"ငါတကယ်ပဲ အဲ့ဒါကို အရင်ခြေဖျက်ဖို့လိုနေပြီ..."
အိမ်ပြန်ရောက်ပြီး၊ ရေချိုး၊ဆံပင်အခြောက်ခံပြီးသည့်အခါမှ ရွှီလော့ယန်က သူ၏စိတ်ပိုင်းဆိုင်ရာခရီးစဉ်အကြောင်းကို ချီချန်အန်းအား ပြောပြလာခဲ့သည်။
"ရှန်ရှန် ငါ့ကို ဖန်လုံအိမ်ထဲမှာ၊ သူစိုက်ထားတဲ့ အဆင့်မြှင့် တရုတ်ဂေါ်ဖီထုပ် 6.0 version ကိုပြဖို့ ခေါ်သွားတယ်လေ ခဏကြာတော့ ငါတို့ရဲ့ စကားဝိုင်းက ခေါင်းစဉ်ပြောင်းသွားပါလေရော..."
သူက မျက်မှောင်ကြုတ်လိုက်ကာ၊ ဇာတ်လမ်းကို ဒီနေရာကစမပြောသင့်ဘူးလို့ သဘောပေါက်သွားတာမို့၊ သူက ဇာတ်လမ်းအစကို ပြောင်းလိုက်လေ၏။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဖြစ်မယ်...ငါ 'တောင်ပေါ်မြစ်၏ရုပ်ကလာပ်'ကို ရိုက်နေတုန်းကပေါ့... တိုင်းပြည်ကိုပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ မင်းသားတစ်ပါးအဖြစ် ငါသရုပ်ဆောင်ခဲ့ပြီး သူက ငါ့ရဲ့ညီတော်အဖြစ် သရုပ်ဆောင်ခဲ့တယ်လေ... အဲ့ဒီတုန်းက ဆောင်းရာသီ၊ ရိုက်ကူးရေးမှာ ကိစ္စတစ်ခုခုဖြစ်သွားတယ်... ရှန်ရှန်က တခြားသူတွေ ကြံစည်တာခံရပြီး ရေထဲပြုတ်ကျပြီး ကိုမာဝင်သွားတယ် သူ့သက်တော်စောင့်နဲ့ ငါက သူ့ကို ကယ်ခဲ့ရတယ်လေ..."
သူ၏ခေါင်းကိုခါရမ်းကာ၊ ရွှီလော့ယန်က စိတ်ထိခိုက်သွားရသည်။
"ဒါက အဓိကမဟုတ်သေးဘူး အဲ့ဒါက အကျဉ်းချုံးပဲ ရှိသေးတာ... အဓိကက... ငါသူ့ကို ဆေးရုံကို ပို့ပေးပြီးနောက်တော့၊ ကုန်းယွဲ့က သူ့ကို ဆရာဝန်မပြခိုင်းဘူး... ဒါပေမယ့် အရမ်းထူးဆန်းဖို့ကောင်းတာက၊ နာရီနည်းနည်းလောက်ကြာပြီးနောက်မှာ၊ ရှန်ရှန်ရဲ့ လက်ဖဝါးထက်မှာ၊ အရမ်းနက်တဲ့ အမာရွတ်တစ်ခုပေါ်လာတာပဲ..."
ရွှီလော့ယန်က သူ့လက်ဖဝါးကို ဆန့်ထုတ်ပြီး၊ လက်ဖဝါးထက် ပုံဆွဲပြလိုက်သည်။
"အဲ့ဒါက ဒီလောက်လောက်ရှည်ပြီး၊ ဒီလောက်ကြီးတယ် ပြီးတော့ အဲ့ဒါကပျောက်သွားရော အရာနည်းနည်းလေးပဲ တွေ့ရတော့တယ်။ နာရီနည်းနည်းကြာပြီးတော့၊ အဖြူရောင်လိုင်းတွေကိုတောာင် လုံဝမမြင်ရတော့ဘူး..."
ချီချန်အန်းက ခေါင်းညိတ်ကာ "ပြီးတော့ရော..."
"ပြီးတော့ ငါ သူ့ကို သွေးစုပ်ဖုတ်ကောင်လို့ ထင်လိုက်တာ..."
"....."
ချီချန်အန်း၏ ပြုံးနေသည့်အမူအရာကို မြင်လိုက်ရသည့်အခါ၊ ရွှီလော့ယန်က အလွန်ဝမ်းနည်းသွားပြီး ရှင်းပြလာလေသည်။
"ဒီလို ကောက်ချက်ချဖို့ကို ငါ့မှာ အကြောင်းပြချက်တွေ အများကြီးရှိတယ်..."
သူက စတင်ပြီး အကြောင်းပြချက်များကို တစ်ခုပြီးတစ်ခု ရွတ်ပြလာတော့သည်။
"ရှန်ရှန်၊ သူက အနံ့ခံအာရုံအရမ်းကောင်းတယ် တုံ့ပြန်နိုင်စွမ်းလည်း အရမ်းမြန်ပြီး၊ ကိုယ်ကာယကြံ့ခိုင်မှုလည်း ကောင်းတယ် သူက ကြက်သွန်ဖြူစားရတာမကြိုက်ဘူး ငွေနဲ့လုပ်ထားတဲ့ ပစ္စည်းတွေကိုလည်း မကြိုက်ဘူး...ပြီးတော့ အိပ်ရာစောစောထရတဲ့အခါမျိုးဆို အားမရှိဖြစ်နေရော သူ့မှာ ကျွမ်းကျင်မှုတွေကလည်း အများကြီးရှိပြီး၊ အရာအားလုံးကိုလည်း အခြေခံကျကျသိနေတယ်လေ... သူ့မှာ မိဘ၊ဆွေမျိုးတွေလည်းမရှိဘူး ငါသူနဲ့သိလာတာ အရမ်းကြာနေတာတောင်၊ သူနေမကောင်းဖြစ်တာမျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူးလေ..."
နောက်ဆုံးအနေဖြင့်၊ သူက အလေးပေးကာပြောလိုက်သည်။
"သူက ထပ်ပြီး အရာအားလုံးကို သိချင်စိတ်ပြင်းပြနေတုန်းပဲ သူက ပုရွက်ဆိတ်တွေ၊ခရုတွေ၊ငှက်တွေ၊တောရိုင်းပန်းတွေ၊ အဲ့လိုမျိုးတွေကိုလည်း တစ်ခါမှ မမြင်ဖူးဘူးလေ ငါထင်လိုက်မိတာက၊ သူက၊ သွေးစုပ်ဖုတ်ကောင်ရဲ့နန်းတော်ထဲမှာပဲ တောက်လျှောက်နေလာတာမို့၊ အင်းဆက်တွေနဲ့ အကောင်ငယ်လေးတွေကို သူတစ်ခါမှမမြင်ဖူးတာဖြစ်မယ်လို့လေ ဘယ်လိုတောင် ပုံမှန်ဖြစ်လိုက်သလဲပေါ့"
ချီချန်အန်းက သူ့အမူအယာကိုထိန်းချုပ်ကာ၊ တည်ငြိမ်စွာဖြင့်ပြောလာခဲ့သည်။
"အဲ့ဒါကြောင့်၊ ကိုယ်မင်းကို စတွေ့တုန်းကနဲ့ ကိုယ်တို့ချင်းလီမြို့မှာ အတူတူနေနေကြတုန်းက၊ ' မင်းနဲ့ ယဲ့ရှန်ရှန်မှာ တူညီတဲ့အကြောင်းအရာတွေရှိတယ်လို့ ငါထင်တယ်' လို့ မင်းပြောခဲ့တာပေါ့လေ"
"ဟုတ်တယ်..." ဆိုဖာထက်တွင် လှဲလျောင်းရင်း၊ ရွှီလော့ယန်က ကြေကွဲစွာအော်ဟစ်လိုက်သည်။
"အဲ့ဒီအချိန်တုန်းက ငါဘယ်လောက်ထိ စိတ်ဒုက္ခရောက်ခဲ့ရလဲ မင်းမသိပါဘူး ငါ့မှာတော့ မင်းက မတူတဲ့ မိစ္ဆာမျိုးနွယ်ကမို့၊ ရန်ပွဲတွေဖြစ်လာမှာကို စိုးရိမ်နေခဲ့တာ အဲ့ဒီအချိန်တုန်းကဆို၊ မင်းတို့နှစ်ယောက်က စခန်းနှစ်ခုမှာနေပြီး၊ တစ်ယောက်နဲ့တစ်ယောက် သဘောထားမတိုက်ဆိုင်တာမို့၊ ကောင်းကင်က မဲမှောင်သွားပြီး၊ နေနဲ့လက အရောင်တွေမှိန်ဖျော့သွားတဲ့အထိ လူသားမဆန်တဲ့ ပါဝါတွေထုတ်သုံးရင်း၊ တိုက်ခိုက်ကြတယ်လို့ ညဘက်ဆို ငါ့မှာ အိမ်မက်ဆိုးတွေပါ မက်ခဲ့တာ..."
ချီချန်အန်းမှာ သဘောတကျဖြစ်သွားရကာ၊ ရွှီလော့ယန်၏ နှုတ်ခမ်းဖျားလေးကို ငုံ့၍နမ်းရှိုက်လိုက်ပြီး "နျောင်နျောင်၊ မင်းကို ဒုက္ခများစေခဲ့မိပြီ" ဟု ပြောလာလေသည်။
"အမှန်ပဲ"
ရွှီလော့ယန်က ခေါင်းတဆတ်ဆတ်ညိတ်ကာ၊ ကိုယ်ကိုလှည့် နောက်ကျောပေးလိုက်ပြီး ဖျော့တော့စွာပြောလာသည်။
"ဒီနေ့၊ ငါ ရှန်ရှန်ကို မေးခဲ့တယ်... သွေးစုပ်ကောင်တွေအကုန်လုံး၊ ဂေါ်ဖီထုပ်စားရတာ အဲ့ဒီလောက်ကြိုက်တာလားလို့ ဒီလောက်အများကြီး စိုက်ထားတာ..."
ချီချန်အန်းရယ်မောနေသည်ကို ထက်ရှစွာသတိထားမိလိုက်သည့် ရွှီလော့ယန်ရဲ့နားရွက်ဖျားလေးများက နီရဲသွားလေ၏။ သူက တစ်ဖက်သို့လှည့်၍ထထိုင်လိုက်ပြီး တစ်ဆက်တည်း၊ ပြောချလိုက်လေသည်။
"သူက သွေးစုပ်ဖုတ်ကောင်တစ်ယောက်မဟုတ်ဘူးလို့ ငါလည်းမထင်ထားမိဘူးလေ ခန္ဓာကိုယ်ကျန်းမာရေးက အတော်လေးကောင်းတာမို့၊ သူ့ရဲ့ပြန်လည်ကောင်းမွန်နိုင်စွမ်းကလည်း ကောင်းတာတဲ့လေ..."
ပြောပြီးနောက်၊ သူက သက်ပြင်းရှည်ကြီးချကာ၊
"ငါ့ရဲ့လောကအမြင်ကတော့ ဘုန်းခနဲ ပြိုလဲသွားရပြီ"
ထို့နောက် ငေးငိုင်နေသည့်အမူအယာဖြင့်၊ "ပြီးသွားပြီ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်သက်လုံး သူ့ဆီမှာ အလှောင်ခံရတော့မှာပဲ..."
တစ်ရက်နှင့်နှစ်ညမျှ ပူဆွေးပြီးသည်နောက်၊ နောက်ဆုံးတွင် ရွှီလော့ယန်က သူ၏အားအင်များပြန်လည်တက်ကြွလာပြန်သည်။ ဆယ်ရက်နေ့မနက်ခင်းတွင်၊ လေဆိပ်သို့ ခရီးဆောင်အိတ်ကိုဆွဲကာ သူရောက်ရှိလာသည့်အချိန်၊ မျက်စိတမှတ်အတွင်း၊ ပရိသတ်များနှင့် သတင်းထောက်များထံမှ ဝန်းရံခံလိုက်ရသည်။ ကံကောင်းစွာနှင့်၊ သူက ကြိုတင်ပြင်ဆင်လာပြီး သက်တော်စောင့်ရှစ်ယောက်၏ အလယ်တွင် အကာအကွယ်ပေးခံထားရလေ၏။
"ဝန်ခံစကားပြောတဲ့ ဖျော်ဖြေပွဲပြီးကတည်းက၊ ဒါက လော့ယန်(မြို့) မှာ မင်းလူကြားထဲပြန်ထွက်လာတဲ့ ပထမဆုံးအကြိမ်ပဲ မင်းအနေနဲ့ တစ်ခုခုများ ပြောပြစရာရှိမလား..."
"ကျွန်တော်က ချောင်းယန်အင်တာတိန်းမန့်က သတင်းထောက်တစ်ယောက်ပါ မင်းနဲ့ မစ္စတာချီတို့ တွဲနေတာ ဘယ်လောက်ကြာသွားပြီလဲ ပြောပြပေးလို့ရမလား..."
"တဆိတ်လောက်၊ ဖျော်ဖြေပွဲအတွင်း မင်းဝန်ခံစကားပြောလိုက်တာရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကိုရော၊ မင်းစဉ်းစားမိခဲ့လားလို့ မေးပါရစေ... မင်းအနေနဲ့ လူထုဆက်ဆံရေးအဖွဲ့ကို အကြပ်အတည်းဖြစ်စေခဲ့သေးလား..."
Stu ၏ ခံ့ညားသည့်ဖက်ရှင်ရှိုးပွဲမှအဝတ်အစားများကို ကြော့ရှင်းစွာဝတ်ဆင်ထားသည့် ရွှီလော့ယန်က သူ၏ဦးထုပ်ကို အသာလေး နိမ့်လိုက်သည်။ ရုတ်တရက်၊ သူ၏ဘေးနားရှိပရိသတ်တစ်ဦးမှာ ပိုစတာတစ်ခုနှင့်ဘောပင်ကိုကိုင်ထားကြောင်း မြင်လိုက်ရသည်။ သူက ရပ်လိုက်ပြီး ကိုယ်ရံတော်များမှ ပိုစတာကိုလှမ်းယူစေကာ သေသေချာချာဂရုတစိုက်ကြည့်၏။ ထိုသည်မှာ သူနှင့်ချီချန်အန်းတို့ ဝတ်စုံပြည်ဖြင့် မြက်ခင်းပြင်ပေါ်တွင်ရပ်ကာ လက်ထပ်နေသောပုံဖြစ်ပြီး လက်ဖြင့်သေချာဆွဲထားသည့်ပုံပြီး အလွန်မှ လက်ရာမြောက်လှသည်။
အောက်နားထောင့်တစ်နေရာတွင် သူ၏လက်မှတ်ကိုအမြန်ထိုးပေးလိုက်ကာ၊ ပြုံး၍ ရွှီလော့ယန်က ပြောလေသည်။
"ပုံက အရမ်းကို လှတာပဲ..."
ဘောပင်အဖုံးကို ပိတ်၍၊ "အဲ့ဒါတစ်ကယ်ထွက်လာရင်၊ မင်းငါ့ဆီ လက်မှတ်ထိုးဖို့ ယူလာလို့ရတယ်နော်..."
စကားပြောပြီးနောက်၊ သူက နေကာမျက်မှန်ကို ပြန်တပ်လိုက်ပြီး လျှို့ဝှက်စွာ လက်များကို ပွတ်သပ်လိုက်လေ၏။
လူသိရှင်ကြားအချစ်တွေထုတ်ပြလိုက်ရတာ (လူကြားထဲ ခွေးစာကျွေးရတာ) အရမ်းပျော်တာပဲ။
သိပ်မကြာခင်မှာပင်၊ သူလက်မှတ်ထိုးပေးလိုက်သည့် ပိုစတာနှင့် သူပြောခဲ့သည့် စကားမှာ ပကိသတ်များကြား ပျံ့နှံ့သွားရသည်။
"---အမြန်ဆုံး လက်ထပ်လိုက်ကြပါတော့၊ အား အား အား အား အား... မြက်ခင်းပြင်ပေါ်မှာ မင်္ဂလာပွဲလာပွဲလုပ်ချင်တယ်လို့ သွယ်ဝိုက်ပြီး ဖော်ပြလိုက်တာမို့လား အဲ့ဒီအတွက် လက်ဖွဲ့ငွေပေးရဖို့ လုံးဝမစောင့်နိုင်တော့ဘူးနော်..."
"--- ငါရဲ့ CP က တကယ်ပဲ နေ့တိုင်းအချိုတွေကျွေးနေတော့တာပဲ သည်းမခံနိုင်ဘူး ထပ်ပြီး သည်းမခံနိုင်တော့ဘူး... သွေးတွင်းသကြားဓာတ်တွေ အရမ်းမြင့်တက်လာနေပြီ။ ကုချန်က ပေါက်ကွဲထွက်လာပြီ"
"---ခွေးစာတွေကြဲဖို့ ငါထပ်ရောက်လာတာ ဘယ်သူကများ လာပြီး ထိန်းပေးနိုင်မလဲ 'ကိုယ့်ချစ်သူ' ဖျော်ဖြေပွဲပြီးကတည်းက သူ့ကို ထိန်းလို့မရတော့ဘူး လေတိုက်နှုန်း ရာနှုန်းပြည့်နဲ့ ဝံ့ကြွားနေတော့တာပဲရော~"
ကောမန့်များကို ဖတ်ကြည့်ပြီး ၊ လေယာဉ်မတက်မီအချိန်ပိုင်းလေးအတွင်း၊ ရွှီလော့ယန်က Weiboပို့စ်တစ်ခုကို တင်လိုက်လေသည်။
ထို့ပို့စ်ကို ကျန်းသုန့်မြင်သည့်အခါ၊ မျက်ခုံးပင့်လျက်၊ ရွှီလော့ယန်အား စက်ဆုတ်နေသည့်ဟန်ဖြင့်ကြည့်ကာ၊
"မင်းရဲ့ လေတိုက်နှုန်းက တကယ်ပဲ ဝံ့ကြွားမှုအပြည့်နဲ့ပဲ"
လျင်မြန်စွာပင်၊ ထိုပိုစ့်အား ချီချန်အန်းက ထပ်ဆင့်ရှယ်လိုက်လေသည်။
"ချီချန်အန်း: ကိုယ်လေ...// ရွှီလော့ယန် : ဘယ်သူကများ ရွှီလော့ယန်ကို အလုပ်မရှိတဲ့အခါ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို လူတွေကြား ထုတ်ပြဖို့ခွင့်ပေးလိုက်တာပါလိမ့်..."
------
ရွှီနျောင်နျောင်၏ ခံစားချက်သေးသေးလေး :
QAQ ငါ့ရဲ့လောကအမြင်ကတော့ အစိတ်စိတ်အမြွှာမြွှာကြေကွဲသွားရပြီ။
__
Translated By IQ-Team.