Chapter 110
သူ့မျက်လုံးတွေက ဗလာကျင်းနေပြီး နောက်ကျောကမူ ကွေးကွေးလေးဖြစ်နေသဖြင့် ခြောက်သွေ့နေတဲ့ ဆောင်းဦးလေထဲမှာ သူ့ကိုယ်လေးက ပိုပြီးပိန်ပါးသွားပုံပေါ်နေသည်။ သူက စစ်တုရင်အရုပ်တွေကို သေသေချာချာကြည့်နေပြီး ခဏအကြာမှာတော့ သူတို့ကို နေရာတကျပြန်ချထားလိုက်သည်။ ထို့နောက် အဆက်မပြတ်စိုက်ကြည့်နေရင်းမှ စစ်တုရင်ခုံကနေ သစ်သီးဓားတစ်ချောင်းကို ကောက်ကိုင်လိုက်တော့သည်။
အကြိမ်ပေါင်းများစွာ ချိန်ပြီးနောက်၊ သူသဘောကျတဲ့ အနေအထားကို ရွေးလိုက်သည့်ဟန်၊ သူ့လက်ကမူ တည်ငြိမ်နေကာ ဓါးကို သူ့လက်ကောက်ဝတ်နေရာ၌ ဖိထားလိုက်၏။
ဤအခိုက်အတန့်တွင် သူ့ရဲ့ တိတ်ဆိတ်ကာဗလာဖြစ်နေသော မျက်၀န်းတွေထဲတွင် စူးစမ်းလိုစိတ်၊ စိတ်လှုပ်ရှားမှုနှင့် တောင့်တမှုများ တဟုန်ထိုးထွက်ပေါ်လာကာ နောက်ဘာဆက်ဖြစ်မည်ကို ပြင်းပြင်းထန်ထန် စိတ်ဝင်စားနေပုံရသည်။
ထိုအချိန်တွင်၊ မုန့်ဟွာကျန်း၏ အသံထွက်လာသည်။
"ခဏရပ်မယ် အထူးအဖွဲ့တွင်၊ ငါးမိနစ်၊ ငါးမိနစ်ကြာပြီးမှပြန်စမယ်"
ရွှီလော့ယန်က ထိုင်နေရာမှ မလှုပ်ရှားသလို သစ်သီးဓားကိုလည်း သူ့လက်ထဲမှ မချပေ။ အထူးအဖွဲ့၏မိတ်ကပ်ပညာရှင်ရောက်လာပြီး၊ သူ့လက်ကောက်ဝတ်တွင် ဒဏ်ရာအတုပြုလုပ်ကာ သွေးပမာဏလုံလောက်အောင် စီစဉ်ပေးပြီးနောက် ညာလက်ကို မြှောက်ကာ မုန့်ဟွာကျန်းအား လက်ဟန်ပြလိုက်၏။
""အချိန်နှင့်နေရာကို ပြန်သွားခြင်း" ၈၇၃ကြိမ်မြောက်“
ထို့နောက် ရွှီလော့ယန် စစ်တုရင်ခုံထက်အသာ လှဲချလိုက်ပြီး သွေးထွက်နေတဲ့ ဒဏ်ရာကို တစ်ချိန်လုံး စိုက်ကြည့်နေကာ ခဏအကြာတွင် သက်သာရာရသွားသလို သူ့နှုတ်ခမ်းထောင့်စွန်းထက် အပြုံးတစ်ခု ဖြစ်တည်လာတော့သည်။
ကင်မရာက အပေါ်တက်သွားပြီး မှန်ဘီလူးအကျိုးသက်ရောက်မှု ပိုကောင်းမွန်စေရန် အပေါ်မှ မှန်ဘီလူးအသစ်တစ်ခုကို ထပ်မံတပ်ထားသည်။
မုန့်ဟွာကျန်းက ထရပ်ပြီး "သတ်သေတဲ့ နေရာကို ရှင်းမယ် လော့ယန်က အင်္ကျီထူထူထပ်၀တ်ထား အအေးမပတ်စေနဲ့"
ရွှီလော့ယန်က ပြန်ဖြေလိုက်ပြီးနောက် သူ့လက်ကို ဆန့်ထုတ်ကာ ဒဏ်ရာအတုကို ကူညီဖြေရှင်းပေးဖို့ အထူးအဖွဲ့ထဲက တစ်ယောက်ယောက်ကို တောင်းဆိုလိုက်သည်။ ကုတ်အင်္ကျီအရှည်လာပေးတာကို တွေ့သဖြင့် လက်လှမ်းပြီး ယူလိုက်သည်။
ကျေးဇူးတင်ပါတယ်လို့ ပြောခါနီးမှ တစ်ခုခုမှားယွင်းနေတာကို သူသတိထားမိသွား၏။
သူမော့ကြည့်လိုက်တော့ ကျန်းသုန့်ကိုမြင်လိုက်ရသည် ။
"ရှစ်! ငါဒီနေ့ ငရဲကို သွားရမှာလား"
"..."
ကျန်းသုန့်ကမျက်လုံးတစ်ချက်လှန်လိုက်ပြီး"မင်းနဲ့ငါ မတွေ့ရတာ ရက်သတ္တပတ်လောက်ရှိနေပြီ၊ ဒါက မင်း ငါ့ကို ကြိုဆိုတဲ့ပုံစံလား"
ရွှီလော့ယန်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး "အဲ့ဒါက ကောကို တွေ့ရလို့ အရမ်းစိတ်လှုပ်ရှားသွားတာရော မဖြစ်နိုင်ဘူးလား"
လက်ကောက်ဝတ်ရှိ “သွေး” နှင့် “ဒဏ်ရာ” တို့ကို သန့်စင်ပြီးသွားချေပြီ။ သူ့အင်္ကျီကိုဝတ်ပြီးနောက် ရွှီလော့ယန်ကသူ့ခန္ဓာကိုယ်အပူချိန်မတက်လာမီ ကိုကိုးပူပူ ခွက်တစ်ဝက်ကို ကမန်းကတန်းသောက်လိုက်ရသည်။
"ကျန်းကော ကောဘာလို့ရုတ်တရက်ရောက်ချလာရတာလဲ"
သူက လက်ဆန့်ပြီး သူ့ဦးထုပ်ကိုပိုပြီးလုံခြုံသွားအောင် ဆွဲချလိုက်၏။
ကျန်းသုန့်ကမကြည်ကြည့်တစ်ချက်ပေးလာပြီး "မင်းရဲ့ ရိုက်ကူးရေးက အရမ်းမိုက်လွန်းနေတော့ ဒီနေ့ ဒီဇင်ဘာ ၇ ရက်ဆိုတာမေ့သွားပြီလား"
"ကျွန်တော်သိပါတယ် ဒီနေ့က ၇နေ့လေ"
" Flanders Film Festivalရဲ့ Silver Awardပေးတဲ့နေ့က ဘယ်နေ့လဲ"
ခွက်ကိုဖျစ်ညှစ်မိရင်း၊ ရွှီလော့ယန်က သူ့ကို မျက်လုံး ပြူးလျက်ကြည့်လာပြီး "ရှစ်...အဲ့ဒါက 16 ရက်နေ့ပဲ"
သူ့ခေါင်းသူရိုက်ပြီးမှ ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ မုန့်ဟွာကျန်းထံ အလျင်စလိုပြေးသွားလိုက်ရသည်။
"ဒါရိုက်တာမုန့်၊ ရုပ်ရှင်ပွဲတော်က တစ်ပတ်ကျော်ပဲ လိုတော့တယ်ဗျ"
မုန့်ဟွာကျန်းက ရွှီလော့ယန် အပြေးလာပြီးပြောသည်ကိုမြင်လျှင်"ငါ့လေယာဉ်လက်မှတ်ကို ကြိုတင်မှာထားပြီးပြီ၊ မေ့နေတဲ့သူက မင်းပဲဖြစ်လိမ့်မယ် မနေ့က လက်ထောက်ဒါရိုက်တာနဲ့တောင် လောင်းကြေးထပ်ခဲ့သေးတယ် မင်းငါ့ကို ခွင့်တောင်းဖို့သတိရမလား မရဘူးလားဆိုတာကို“
ရှက်ရှက်နှင့်သူ့ကုတ်အင်္ကျီကို တင်းတင်းကြပ်ကြပ်ရစ်ပတ်လိုက်ပြီး ဇူလိုင်လရုပ်ရှင်ပွဲတော်တွင် "The wrong way" ရုပ်ရှင်က ဆန်ကာတင်စာရင်းတွင်ပါကြောင်း ဒါရိုက်တာကျန်းကပြောခဲ့တာကို သူတကယ်မေ့သွားခဲ့သည်။
သူက "backtracking" ဇာတ်ညွှန်းတွင်သာ အလုံးစုံ လုံးဝနှစ်မြှုပ်နေပြီး ချီချန်အန်းမှလွဲ၍ အရာအားလုံးကို လျစ်လျူရှုထားမိခဲ့၏။
ကျန်းသုန့်"ဒါရိုက်တာမုန့်ကို မင်းကိုငါခေါ်သွားမယ့်အကြောင်း ပြောပြီးပြီ သပ်သပ်ရပ်ရပ်လုပ်ထား ညကို လေဆိပ်ဆင်းမယ်"
ရွှီလော့ယန်က နားမလည်ချေ။
"Flanders ရုပ်ရှင်ပွဲတော်က တစ်ပတ်ကျော်ကျန်သေးတယ် မဟုတ်ဘူးလား ကောက ဒီလောက်စောထွက်ပြီး ဘာလုပ်မလို့လဲ “
ရွှီလော့ယန်ရဲ့ ငါးမှတ်ဉာဏ်အကြောင်းကို သူ မညည်းညူချင်တော့ချေ။
ကျန်းသုန့်က သက်ပြင်းအသာချပြီး "မင်း ဒါရိုက်တာချူး နဲ့တွဲလုပ်ထားတဲ့ ဇာတ်ကားက ထွက်ထားတယ်မဟုတ်လား"
ရွှီလော့ယန်က ခေါင်းတဆတ်ဆတ်ညိမ့်ရင်း တချို့ကိုသတိရမိသွားသည်။
"ကော ကျွန်တော်ကိုပြောဖူးတယ်၊ 'troubled Times' က ပြီးခဲ့တဲ့လကထွက်တယ်တဲ့ ပြီးတော့သူက အဲဒီလရဲ့ box office ချန်ပီယံဖြစ်ခဲ့တာဆို ဒါရိုက်တာချူးကတောင် ကျွန်တော်ကို အနီရောင်အိတ်ကြီးကြီးကို အဝေးကနေ ပို့ပေးလိုက်သေးတယ်"
"ဟုတ်တယ်၊ မင်း သရုပ်ဆောင်ခဲ့တဲ့ စိတ်ပြသနာ နည်းနည်းရှိနေတဲ့ ဧကရာဇ်ချူး ဇာတ်ကောင် 'Troubled Times' ရုပ်ရှင်မှာ နောက်ဆုံး နိုင်ငံအတွက် အသက်သေပေးသွားခဲ့တဲ့ ဇာတ်ရုပ်က Golden Maple ဆုအတွက် ဆန်ကာတင်စာရင်းဝင်နေတယ်"
"Golden Maple Award" ဟူသော စကားလုံး ထွက်ပေါ်လာချိန်တွင် ရွှီလော့ယန်မှာသူ့လက်ထဲက အပူခံခွက်ကို ပြုတ်ကျလုနီးပါး ဖြစ်သွားရ၏။
Golden Maple ဆု၊ Golden Pine Award နှင့် Golden Leaf Award တို့က တရုတ်နိုင်ငံတွင် တရားဝင် တန်ဖိုးအကြီးမားဆုံးဆု သုံးခုဖြစ်ပြီး Golden Maple Award က ရွှေပါဝင်မှုအများဆုံးပင်။
"ကောင်းပြီ၊ ကြောင်အမနေနဲ့တော့ Stuက သူတို့ရဲ့အဝတ်အစားတွေကို ပို့ပေးပြီးပြီ ငါတို့မြို့ကို တိုက်ရိုက်ပြန်သွားရုံတင်ပဲ ဆုပေးပွဲပြီးရင် S City ကနေ Flanders ရုပ်ရှင်ပွဲတော်ကို တိုက်ရိုက်သွားကြမယ်"
ရွှီလော့ယန်က အဖြေမပေးသေးဘဲ မုန့်ဟွာကျန်းကို ဦးစွာကြည့်လိုက်မိသည်။
မုန့်ဟွာကျန်းက အပြုံးလေးဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "သွား၊ မင်းရဲ့ အပိုင်းတွေကလည်းပြီးခါနီးနေပြီပဲကို မင်းအချိန်ရရင် ဇာတ်ညွှန်းကို ခဏမေ့ပြီး ကောင်းကောင်း အနားယူလိုက်"
ရွှီလော့ယန်က ကျန်းသုန့်နှင့်အတူ ထွက်ခွာသွားတော့၏
S မြို့၌ လေယာဉ်ဆိုက်သောအခါ၊ ရွှီလော့ယန်က အနည်းငယ် မူးဝေနေဆဲပင်။ ကျန်းသုန့်က သူ့ကိုယ်အပူချိန်ကို တတိယအကြိမ်မြောက်စမ်းသပ်လိုက်ပြီး အဖျားမရှိသည့်အခါ စိတ်သက်သာရာရသွားသည်။
"အဖျားမရှိဘူး ကြည့်ရတာ ရိုးရိုးအအေးမိတယ်နဲ့တူတယ်..."
ချောင်းနှစ်ကြိမ်မျှဆိုးလိုက်ကာ ရွှီလော့ယန်က ခုံပေါ်မှာ သူ၏ကိုယ်လေးကို ကျုံ့လိုက်ပြီး နည်းနည်းလေးမျှပင် မလှုပ်ရှားလိုပေ။ သူ့အသံကမူ အတန်ငယ် အက်ကွဲနေ၏။
"ကျန်းမာရေးအတွက် နေ့တိုင်း ချောကလက်ပူပူလေးသောက်တာတောင်မှ အအေးမိသွားသေးတယ်..."
သူအထုပ်အပိုးများ ထုပ်ပိုးနေစဉ်ကတည်းက လက္ခဏာများ ပြနေခဲ့သော်လည်း အချိန်သိပ်မရှိသဖြင့် သူက သိပ်ပြီး မတွေးမိခဲ့ပေ။ သို့နှင့် လေယာဉ်ပေါ်ရောက်ပြီး၊ အဆက်မပြတ်ချောင်းဆိုးကာနှာချေပြီး၊ သူ့ရဲ့ လေဖောင်းအင်္ကျီနှင့် အနွေးပေးစက်တို့ကို ၀တ်ထားဖွင့်ထားသည့်တိုင်အောင် ချမ်းနေသေးသည်။ သူက အသက်မရှင်ချင်တော့သလို ခံစားလိုက်ရသည်။
သူ၏သနားစဖွယ်အခြေအနေကိုမြင်သည့်အခါ၊ ကျန်းသုန့်က သူ့အား အအေးမိလျှင်သောက်သည့် ဆေးနှစ်လုံးကို ပေးကာ၊ "သောက်ထားလိုက် ဒီဆေးကကောင်းတယ်... ကော်ဇောနီပေါ်မလျှောက်ခင် နောက်ထပ်နှစ်လုံးလောက် ထပ်သောက်လိုက်... ဦးထုပ်ဆောင်းပြီး mask တပ်ဖို့လည်းမမေ့နဲ့ဦး... အပြင်မှာအေးတယ်..."
ရွှီလော့ယန်က ခေါင်းညိတ်ကာ ထပ်၍နှာချေလိုက်သည့်အတွက် မျက်ရည်များ စီးကျလာခဲ့သည်။ ကော်ဇောနီပေါ်လမ်းလျှောက်ရင်း နှာချေနေသည့် သူ့ကိုယ်သူပြန်မြင်ယောင်မိသွားရာ၊ မနေနိုင်ဘဲ တဟဟ ရယ်မောမိပြန်သည်။
လေယာဉ်ပေါ်မှ ဆင်းပြီးလျှင်ဆင်းပြီးချင်း လေဆိပ်မှာ သတင်းထောက်များနှင့် ပရိသတ်များများစွာစောင့်ဆိုင်းနေသည့်အတွက် ရွှီလော့ယန်အနေနှင့် အထူးလမ်းကြောင်းမှသွားချင်သလားဟု လုတိက ဖုန်းဆက်မေးလာသည်။
ချက်ချင်းအဖြေမပေးသေးဘဲ၊ ကျန်းသုန့်ဘက်လှည့်ကာ ရွှီလော့ယန်မေးလိုက်သည်။
"ကျန်းကော၊ ဒီတစ်ခေါက်၊ ကျွန်တော်တို့ လုံခြုံရေးဘယ်နှစ်ယောက်လောက် ငှားထားတာလဲ..."
"ရှစ်ယောက်..."
စိတ်ချလက်ချဖြင့် ခေါင်းညိတ်ကာ၊ ရွှီလော့ယန်က ဖုန်းကို ပြန်ဖြေလိုက်သည်။
"အထူးလမ်းကြောင်းနဲ့ မသွားဘူး... ကျန်းကောက လူတွေအများကြီးခေါ်လာတာမို့ သတင်းထောက်တွေကို သူတို့ထိန်းထားနိုင်တယ်..."
ဧည့်ကြိုနေရာသို့ရောက်သည့်အခါ၊ ရွှီလော့ယန်မှာ လုတိက အပိုမပြောကြောင်း တွေ့လိုက်ရသည်။ တစ်ချက်ကြည့်ရုံမျှဖြင့်၊ လူအုပ်ကြီးက တိုးမပေါက်ပေ။ လူတွေအများကြီး ရှိနေသော်လည်း၊ သူတို့က သူ့နာမည်ပါသည့် ဆိုင်းဘုတ်လေးများကိုသာ ကိုင်ဆောင်၍ တိတ်ဆိတ်စွာစောင့်ဆိုင်းနေကြသည်။ သူ့ကိုမြင်သည့်အခါမှသာ အော်သံအနည်းအပါးထွက်လာသော်လည်း ချက်ချင်းဆိုသလိုပင် ပြန်လည် တိတ်ဆိတ်သွားလေသည်။
ရွှီလော့ယန်က လက်များဖြင့် အသည်းပုံလေးလုပ်ပြပြီး စကားပြောရန်ပြင်လိုက်စဉ်၊ သူ့လည်ချောင်းမှာ အတန်ငယ်အက်ကွဲနေကြောင်း သတိရသွားသဖြင့် ခေတ္တလောက် တုံ့ဆိုင်းနေပြီးမှ၊ ကျန်းသုန့်ထံမှ စာရွက်နှင့်ဘောပင်ကို ငှားလိုက်ပြီး စာလုံးလေးလုံးရေးကာ သူ့ပရိသတ်များမြင်စေရန် မြှောက်ပြလိုက်သည်။
'မတွေ့ရတာ ကြာပြီ'
သူ့ပရိသတ်များထံမှ မတွေ့ရတာ ကြာပြီဟူသည့် ပြန်လည်နှုတ်ဆက်သံကြားသည့်အခါ သူ့မျက်လုံးများက အပြုံးလေးဖြင့်ကွေးညွှတ်သွားလေသည်။ စာရွက်နောက်တစ်ရွက်ယူကာ စာလုံးခပ်ကြီးကြီးအချို့ကို သွက်သွက်လေး ရေးလိုက်ပြန်သည်။
'ငါအဆင်ပြေပါတယ်....မင်းတို့ရော...'
ယခုတစ်ကြိမ်တော့ တုံ့ပြန်သံများက ကွဲပြားနေလေ၏။ အချို့က သူ့အား ကိုယ့်ကိုယ်ကို ဂရုစိုက်ရန် မှာကြားနေကြပြီး အချို့က သူတို့လည်း အဆင်ပြေကြောင်း ပြန်ပြောနေသည်။ အချို့က သူ့အား အပြင်ဘက်တွင် လေအရမ်းတိုက်ကြောင်း သတိပေးနေသည်။ သူတို့ပြောစကားများကို ပြုံးလျက်နှင့် နားထောင်နေကာ၊ မိနစ်ဝက်ခန့်ကြာသွားသည့်အခါမှသာ သူကထပ်ပြီး စာရေးလိုက်သည်။
'ငါ သွားရတော့မယ်...' ထို့နောက် ချက်ချင်း အခြားစာရွက်တစ်ရွက်သို့ ပြောင်းလိုက်၏။
'အားလုံးပဲ၊ လုံခြုံရေး ဂရုစိုက်ကြနော်...'
ကောင်းစွာသော အပြန်အလှန်နားလည်မှုဖြင့်၊ နောက်ဆုံးစာရွက်ကို ရွှီလော့ယန်ပြန်သိမ်းလိုက်ချိန်တွင်၊ ပတ်ပတ်လည်တွင်ဝိုင်းနေသည့် ပရိသတ်များက ဖယ်ပေးလိုက်ပြီး လမ်းကြောင်းတစ်ခုဖွင့်ပေးလိုက်ကာ၊ ရည်ရွယ်ချက်ရှိရှိနှင့် မသိမသာ သူ့အား သတင်းထောက်များထံမှ ကာပေးလိုက်လေသည်။
အနုပညာရှင်၏ကားထဲသို့ရောက်သောအခါ၊ ယခုလေးတင် သူရိုက်လာခဲ့သည့် ဓာတ်ပုံနှစ်ပုံကို ကျန်းသုန့်ထံမှတောင်းကာ၊ ဆယ်လ်ဖီတစ်ပုံရိုက်လိုက်ပြီး ရွှီလော့ယန်က သူ့Weiboပေါ်တင်လိုက်လေသည်။
"ငါ့ကို လာကြိုပေးတဲ့အတွက် ကျေးဇူးပါ... နွေးနွေးထွေးထွေး၊ လုံလုံခြုံခြုံနေဖို့ မမေ့နဲ့နော်..."
သူ့အနုညာအလုပ်ပ်စတင်စဉ်ကတည်းက၊ ရွှီလော့ယန်က သူ၏ပရိသတ်များအား ဤအတိုင်းသာ ဆက်ဆံလေသည်။ ကျန်းသုန့်သည်လည်း သူ၏နည်းမျိုးစုံဖြင့် ပရိသတ်များကို အလိုလိုက်သည့်အကျင့်ကို ကျင့်သားရနေပြီဖြစ်သည့်အတွက် ၊ သူလုပ်စရာရှိတာကို လုပ်ပြီးသည်အထိစောင့်ပြီးမှ၊ အပူခံခွက်ကို သူ့ထံလှမ်းပေးလာသည်။
"ရေနွေးနည်းနည်းသောက်ပြီး တစ်ရေးလောက်မှေးလိုက်... ဟိုတယ်ရောက်ရင် ငါနှိုးပေးမယ်..."
ခေါင်းညိတ်ကာ၊မျက်နှာထက် အနည်းငယ်စိတ်ပျက်နေမှုတို့ဖြင့် ရွှီလော့ယန်က ဖုန်းစခရင်မှ အကြည့်လွှဲလိုက်သည်။
"ကျွန်တော် ချန်အန်းကို လေယာဉ်ပေါ်ကဆင်းဆင်းချင်း စာပို့လိုက်ပေမယ့် သူက သူသရုပ်ဆောင်ထားတာတွေတစ်ခုမှ ဆန်ကာတင်စာရင်းထဲမပါတာမို့၊ ကော်ဇောနီပေါ် မလျှောက်တော့ဘူးတဲ့..."
ဖုန်းအား လက်ဖြင့် အားအနည်းငယ်သုံးလျက် တတောက်တောက်နှိပ်ကာ ၊ သူက အလိုမကျစွာပြောလာသည်။
"ကျွန်တော်က သူနဲ့တွေ့ဖို့ မျှော်လင့်နေတာ...ရိုက်ကွင်းကို သူနောက်ဆုံး လာလည်ပြီးသွားတည်းက အခုဆို နှစ်ပတ်တောင်ရှိနေပြီ... သူ ဝိတ်ထပ်ကျသွားသေးလားလည်း ကျွန်တော် မသိရဘူး..."
ကျန်းသုန့်၏နှုတ်ခမ်းတို့ လှုပ်ရှားသွားသော်လည်း သူပြောမည့်စကားလုံးများကို ပြန်မြိုချကာ စကားလမ်းကြောင်းလွှဲလိုက်ရသည်။
"ဘာများ အလိုမကျစရာရှိလို့လဲ... သူရော၊မင်းရော၊ အတူတူသရုပ်ဆောင်ထားတဲ့ 'မတူညီသောလမ်းနှစ်သွယ်" ဇာတ်ကားအတွက် Flanders ရုပ်ရှင်ပွဲတော်ကျရင် ကော်ဇောနီလျှောက်ရဦးမှာကို။"
ရွှီလော့ယန်က ထိုင်ခုံနောက်မှီသို့ ပစ်လှဲလိုက်ကာ "ဒါပေမယ့် ကျွန်တော်က သူ့ကိုတကယ်တွေ့ချင်နေတာကို..."
"...."
မင်းခွေးစာတွေကြဲချင်တယ်ဆိုရင်လည်း ရိုးရိုးပြောလေ...
ပွဲစီစဉ်သူများ စီစဉ်ထားပေးသည့် ဟိုတယ်သို့ရောက်သောအခါ၊ ရွှီလော့ယန်က စိတ်ဓာတ်ကျနေဖို့ အချိန်မရှိပေ။ ပစ္စည်းများချပြီးသည်နှင့်၊ တစ်လွှာတည်း၌နေသော စီနီယာများအား လိုက်လံနှုတ်ဆက်ရန် အခွင့်အရေးယူပြီးနောက်၊ မုလန်နှင့်ထျန်းယယတို့က အဝတ်အစား၊ မိတ်ကပ်နှင့် ဆံပင်ပုံစံပြင်ရန် သူ့အားဆွဲသွားလေ၏။
သို့သော်၊ ယခုအကြိမ်တွင်တော့၊ သူကအအေးမိနေသည့်အတွက်၊ အနွေးအိတ်လေးများကို သူ့အင်္ကျီထဲထည့်ယူသွားသည်အား မုလန်ကမတားတော့သော်လည်း အနွေးအိတ်များထည့်နေစဉ်တောက်လျှောက်၊ နံဘေး၌ရပ်ကာ၊ စိတ်ပျက်နေဟန်ဖြင့်ကြည့်နေခဲ့သည်။
ဇာတ်ကောင်၏လိုအပ်ချက်အရ၊ ရွှီလော့ယန်က ယခင်ကထက်ပို၍ ပိန်ပါးသွားပြီး ခြောက်ဆယ့်နှစ်ကီလိုဂရမ်ထိ ရောက်သွားလေသည်။ ထို့ကြောင့် သူ့ခါးတွင် အနွေးအိတ်လေးအိတ်တောင် ချိတ်ဆွဲထားသော်လည်း သူအဝတ်အစားများဝတ်လိုက်သည့်အခါ မမြင်သာတော့ပေ။ သူက ရှူးဖိနပ်ထဲလည်း အနွေးအိတ်နှစ်ခုကို ထည့်လိုက်သေးကာ၊ခြေနှစ်လှမ်းမျှလျှောက်လိုက်ပြီးနောက် ပြုံးလိုက်မိသည်။
"ဒီအနွေးအိတ်တွေနဲ့ဆို၊ ဒီကမ္ဘာကြီးထဲက ဘယ်နေရာကိုမဆို သွားဖို့ ကြောက်မနေတော့ဘူး..."
သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက်၊ သူက အဖွဲ့သားများထံ ပူးပေါင်း၍ ဒါရိုက်တာချူးဝေ့ကို နှုတ်ဆက်လိုက်သည်။
"ဒါရိုက်တာချူး၊ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော် နိုင်ငံခြားမှာ ရိုက်ကူးရေးလုပ်နေရတာမို့ ပရိုမိုးရှင်းဆင်းတဲ့နေရာမှာ ကျွန်တော်မပါဝင်နိုင်ခဲ့ဘူး..."
ဒါရိုက်တာချူး ဂရုစိုက်သည်ဖြစ်စေ၊ ဂရုမထားသည်ဖြစ်စေ၊ သူ့ဘက်မှနေ၍ တောင်းပန်မှုကို ဖော်ပြရမည်သာ။
"မင်းအပြစ်မဟုတ်ပါဘူး... မုန့်ဟွာကျန်းရဲ့စိတ်ကို ငါလည်းသိပါတယ်...ဇာတ်ကောင်ရဲ့စိတ်နေစိတ်ထားကို အထိအခိုက်ဖြစ်မှာ စိုးရိမ်လို့ မင်းကို လုံးဝမလွှတ်ပေးဘူးဆိုတာ..."
ချူးဝေ့က သာမာန်ကာလျှံကာဖြင့် သူ့အားမြေပဲဆံအနည်းငယ်ကို ပေး၍၊ မေးလာသည်။
"ချန်အန်းရော... သူမင်းနဲ့ မလိုက်လာဘူးလား..."
မြေပဲဆံများကို လက်နှစ်ဖက်ဖြင့်လက်ခံယူလိုက်ရင်း ချီချန်အန်းအကြောင်းမေးလာသည့် ချူးဝေ့အား ရွှီလော့ယန်က အပြုံးလေးဖြင့်ဖြေလိုက်သည်။
"ချန်အန်းက ဒီလွန်ခဲ့တဲ့ နှစ်နှစ်အတွင်း 'မတူညီသော လမ်းနှစ်သွယ်' ကို ရိုက်ကူးနေခဲ့တာ...ဒါကြောင့် ဒီတစ်ခေါက်တော့ သူမလာတော့ဘူး... ဒါပေမယ့် နောက် ရက်နည်းနည်းလောက်ကြာရင်၊ ကျွန်တော်တို့ Flanders ရုပ်ရှင်ပွဲတော်ကို အတူတူတက်မှာပါ... 'မတူညီသောလမ်းနှစ်သွယ်' ကို တင်ပြထားပြီးပြီ..."
"သူ ဒီမှာ မရှိဘူးပေါ့"
မြေပဲခွံခွာနေသည့် ဒါရိုက်တာချူးဝေ့က အနည်းငယ်တန့်သွားလေသည်။ သူက ပြုံးနေသည့် ရွှီလော့ယန်ကို လှမ်းကြည့်ပြီးမှ သူ့လက်ထဲသူသာ အာရုံပြန်စိုက်လိုက်သည်။
"ငါ နားလည်ပြီ..."
ထို့နောက် တစ်ယောက်ယောက်က သူ့ကို လှမ်းခေါ်သဖြင့် ရွှီလော့ယန်ကလှည့်ကြည့်လိုက်ရာ၊ အနားသို့ရောက်လာသည့် ရှားနန်ကို တွေ့လိုက်ရသည်။
"လော့ယန်၊ မင်းအခုထိရောက်မလာသေးဘူးလားလို့ ငါမျှော်နေတာ"
ရှားနန်က ကိုယ်တိုင်းဖြင့်ချုပ်ထားသည့် ဝတ်စုံပြည့်ကိုဝတ်ဆင်ထားကာ၊ နီညိုရောင် နက်ကတိုင်ဖြင့် သူ၏ သိမ်မွေ့သည့် လူကြီးလူကောင်းဟန်ဖြင့် လွန်စွာလိုက်ဖက်ညီနေလေ၏။
'ယိုယွင်းနေသောကမ္ဘာကြီး' ဇာတ်ကားတွင်၊ ရှားနန်မက ဧကရာဇ်ကျစ်ချူး၏ ညီငယ်၊ ရင်းချွမ်ကျစ်ရှင်းအဖြစ် သရုပ်ဆောင်ထားလေသည်။
စရင်းနောက်ရင်းဖြင့် ရှားနန်၏အပြုံးက ပို၍ကြီးမားလာလေသည်။
"အရှင်မင်းကြီး၊ မတွေ့ရတာကြာလှပေါ့...ကျန်းမာရေးရော ကောင်းပါစ..."
"ကျန်းရဲ့ နဂါးကိုယ်ခန္ဓာက အလွန်ပဲ ကျန်းမာပါပေတယ်…"
အမျိုးသားဇာတ်လိုက် ဖန်လီနှင့် အမျိုးသမီးဇာတ်လိုက် ကောနတို့ကလည်း အနားသို့ရောက်လာပြီး ချူးဝေ့ဖြင့် မိတ်သဟာယနှုတ်ဆက်နေကြသည်။ အဓိကသရုပ်ဆောင်များ အားလုံးလိုလိုရောက်ရှိနေပြီး၊ သူတို့၏အတွေးများက ကွဲပြားကောင်းကွဲပြားနေနိုင်သော်လည်း၊ အားလုံးက တက်ကြွရွှင်လန်းနေကြပေသည်။
ရှားနန်က ရွှီလော့ယန်၏နံဘေး၌ရပ်၍၊ စကားများပြောဆိုနေနိုင်ရန် လမ်းစများကို တက်တက်ကြွကြွရှာဖွေနေသည်ကို သတိထားမိသွားသည့် ချူးဝေ့ကသူ့ဖုန်းကိုထုတ်ကာ၊ ချီချန်အန်းထံ စာလှမ်းပို့လေ၏။
"တစ်ယောက်ယောက်က မင်းရဲ့သကြားကိတ်လေးကို မျက်စိကျနေပြီး ခိုးချင်နေပြီနော်..."
ရွှီနျောင်နျောင် ခံစားချက်သေးသေးလေး :
ငါနောင်တရတယ် ငါ မင်းကို နောက်တစ်ခါ မမြူဆွယ်တော့ဘူး QAQ
_
Translated By IQ-Team.