🍬Chapter 98
ယခုလိုမျိုး ခွဲခြမ်းစိတ်ဖြာထားတဲ့ ပိုစ့်အရှည်ကြီး ကိုဖတ်ပြီးတဲ့နောက် ရွှီလော့ယန်သာ ဤမတော်တဆမှုကို ကြိုတင်စီစဉ်ထားပါက လူခွဲသွားဖို့ အကြံပြုချက်ကို စုန့်ယောင်ဘက်ကနေ အရင်အကြံပေးမှာမဟုတ်နိုင်ရာ ထိုစာပိုဒ်ရှည်ကြီးနှင့် ခွဲခြမ်းစိတ်ဖြာချက်ကို လျင်လျင်မြန်မြန်ပဲ ပြန်လည်မျှဝေကြလေသည်။
ယခုလိုပြောင်းပြန်လှန်မှုက အရမ်းကို လျင်မြန်လွန်းပြီး အာရုံစူးစိုက်မှုတွေက စုန့်ယောင်ဘက်ကို ဦးတည်လာလေသည်။ ခဏလောက်ကြာတော့ စုန့်ယောင်ရဲ့ ပရိသတ်တွေက သူတို့ရဲ့ အင်္ကျီလက်တွေကို လိပ်တင်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြသည်။
ဤခွဲခြမ်းစိတ်ဖြာချက်ကို ရေးပြီးနောက်၊ မှတ်ချက်များကို အနီးကပ်လိုက်ကြည့်နေတဲ့ ရွှီလော့ယန်က သူ့လက်ထဲမှ ဘောပင်ကို ကျွမ်းကျင်စွာ လှည့်လိုက်ပြီး ချီချန်းအန်းကို တံတောင်နဲ့ တွတ်လိုက်ကာ
"ချန်အန်းငါက ပုံဆွဲတဲ့နေရာမှာတော်တော်လေးအရည်အချင်းရှိတာကိုတွေ့လိုက်ရတယ်...ဒီပုံတွေကို ဘယ်လောက်ကောင်းအောင်ဆွဲထားလဲ ကြည့်ကြည့်လိုက်"
ချီချန်အန်းက တုတ်ချောင်းပုံတွေကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လေးနက်စွာဖြင့် "နျောင်နျောင်ကအရမ်းတော်တာပဲ"လို့ချီးမွမ်းလိုက်သည်။
"ငါလည်း အဲ့ဒီလိုပဲထင်တယ်"
ရွှီလော့ယန်က ကျေနပ်သွားပြီး "ငါဆုံးဖြတ်ပြီးပြီ၊ အင်တာဗျူးက စုန့်ယောင်ရဲ့ အသေးစိတ်အမူအယာတွေကိုကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာတဲ့ နောက်ထပ်ဆောင်းပါးတစ်ပုဒ်ရေးရမယ်"
"နျောင်နျောင်က အသေးစိတ်အမူအယာခွဲခြမ်းစိတ်ဖြာတဲ့ စိတ်ပညာကိုလည်း နားလည်တာပဲလား"
"ဟုတ်တယ်၊ အရင်က လေ့လာဖူးတယ်...သရုပ်ဆောင်တဲ့အခါ ဇာတ်ကောင်ကို သရုပ်ဖော်ဖို့ အသေးစိတ်အမူအရာတွေကို မကြာခဏသုံးရလို့ အထူးလေ့လာခဲ့တာလေ အရမ်းမိုက်တယ် မလား..."
"အမိုက်စားပဲ"
"ဒါဆို မစ္စတာချီ၊ မင်း ငါ့ကို အသိအမှတ်ပြုဖို့တစ်ခုခု ပေးသင့်တယ်လို့ မထင်ဘူးလား"
ရယ်မောရင်း ချီချန်အန်းက အပေါ်ကိုမော့ပြီး ရွှီလော့ယန်ရဲ့နှုတ်ခမ်းထောင်းတွေကိုနမ်းလိုက်တော့သည်။
"ဒီလိုအသိအမှတ်ပြုမှုမျိုးဆိုရင်ရော ကျေနပ်စရာကောင်းရဲ့လား"
"ပြီးတော့မယ်၊ ငါရေးပြီးတဲ့အထိ ခဏစောင့်ပေး၊ မင်းရဲ့တန်ဖိုးထားမှုကို ပြဖို့ နောက်တစ်ကြိမ် အခွင့်အရေးရလိမ့်မယ်"
တစ်ရက်မပြည့်ခင်အချိန်မှာပင်"ရွှီလော့ယန် နဲ့ ထုတ်လုပ်ရေးအဖွဲ့ အချင်းချင်း ဆွဲဖြဲနေမှု " က လှည့်ကွက်များစွာနှင့် အလှည့်အပြောင်းများစွားကို မြင်တွေ့ခဲ့ရပေသည်။
ပထမဆုံး ရွှီလော့ယန်က နှုတ်ထွက်ကြောင်း ကြေညာပြီးနောက် ချီချန်အန်းနဲ့ ကျန်းလျှို့တို့က နောက်ကလိုက်ပြီးနှုတ်ထွက်လိုက်ကြသည်။ ထို့နောက် စုန့်ယောင်က အင်တာဗျူးမှာ နောက်ကွယ်တွင်ဇာတ်လမ်းတစ်ပုဒ်ရှိနေသလိုမျိုး အရိတ်အမြွတ်ပေးခဲ့လေသည်။ထို့နောက်မှာ ရွှီလော့ယန်နှင့် ထုတ်လုပ်ရေးအသင်းကြား သဘောထားကွဲလွဲခဲ့ကြပြီး ရွှီလော့ယန်က သူ့ဘာသာသူဇာတ်လမ်းထွင်ပြီး သရုပ်ဆောင်ခဲ့တဲ့အကြောင်း "အမှန်တရား" ဆိုတာက ထွက်ပေါ်လာပြန်သည်။
သို့ပေမယ့်လည်း ထိုအခြေအနေက ခဏတွင်းချင်းပဲ ပြောင်းပြန်လှန်ခံလိုက်ရပေသည်။စုန့်ယောင်က အင်တာဗျူးမှာ မကောင်းတဲ့ရည်ရွယ်ချက်နှင့် ရည်ရွယ်ချက်ရှိရှိလိမ်ညာတယ်လို့ စွပ်စွဲခံရပြီး ရွှီလော့ယန်ကမှ မတရားသဖြင့် နှိပ်စက်ခံလိုက်ရတဲ့ တရားလိုဖြစ်သည်ဆိုတာပင်။
ထို့နောက် နေ့လည် လေးနာရီ တိတိတွင် ပရိုဂရမ်ဒါရိုက်တာ ဝမ်ကျစ်လင်ရဲ့ မှောင်မိုက်တဲ့ဇာတ်လမ်းကို ဖော်ထုတ်ခဲ့ပြီး 'မယားနှင့် သားသမီးများကို စွန့်ပစ်ခဲ့သော လူယုတ်မာတစ်ယောက်' ဟုဆိုတဲ့ ခေါင်းစီးနှင့် အခိုင်အမာပေါ်ထွက်လာတော့သည်။
ဖရဲသီးစားတဲ့သူတွေက ဖရဲသီးတွေ အရမ်းများလွန်းတယ်လို့ ပြောကြပေမယ့် မရပ်လိုက်ဖို့ အတွက်တောင်းပန်နေကြသည်။ တစ်ချိန်တည်းမှာပဲ ထုတ်လုပ်ရေးအဖွဲ့အပေါ် လုထုရဲ့ယုံကြည်မှုမှာ ပျက်ပြားလာခဲ့ပြီး လူအများရဲ့ ယုံကြည်မှုတွေက ရွှီလော့ယန်ဘက်သို့ အားသာလာခဲ့သည်။
သို့ပေမယ့် အခြေအနေတွေ ဆိုးလာသည်နှင့်အမျှ အားလုံးက ပါဝင်လာကြသည်။ 'ထိပ်တန်းလျို့ဝှက်လှုပ်ရှားမှု' အစီအစဥ်နဲ့ အဆင့်သတ်မှတ်ချက်တွေအတွက် ယှဉ်ပြိုင်ခဲ့တဲ့ Star ရုပ်သံဌာနသည်ပင် တက်ကြွစွာ ပါဝင်လာ၏။
ရုံးခန်းထဲမှာ ကျန်းသုန့်က ကော်ဖီခွက်ကိုကိုင်ကာ လက်တော့ပ်စခရင်ပေါ်မှာပြနေတဲ့ လူထုအမြင်စောင့်ကြည့်ရေးဒေတာကို ကြည့်ကာ "ငါတို့ နိုင်နိုင်ပေမယ့် တစ်ခုခုတော့ လွဲနေပြီလို့ ငါဆက်ပြီး ခံစားနေရတယ်"
လက်ထောက် ရွှယ်ယင်းက သူ့ကို မော့ကြည့်ရင်း မျက်လုံးလိမ့်လိုက်ပြီး "ကျန်းကော ၊ကောက ကိစ္စတွေကြီးကြီးမားမားဖြစ်မလာမှာကြောက်ပြီး ပိုကြီးတဲ့ကိစ္စတစ်ခုဖန်တီးချင်နေတာလား"
သူပြောလိုက်တာက တစ်ခုခုကို အစပျိုးလိုက်သလိုပဲ၊ သူပြောလိုက်ပြီးတာနှင့်စခရင်က ရုတ်တရက် အနီရောင်ပြောင်းသွားတာကို သတိထားမိလိုက်သည်။
သူမရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး သူမ မထိန်းလိုက်နိုင်ဘဲ အော်ဟစ်လိုက်မိ၏။
"သေစမ်း၊ ဘယ်သူကအတင်းအဖျင်းအသစ်တစ်ခုတင်လိုက်တာလဲ၊အပူလှိုင်းကြီးက ဒုံးပျံလွှတ်တင်လိုက်သလိုအရမ်းမြန်မြန်မြင့်တက်လာတာပဲ"
ထိုအချိန်မှာ ကျန်းသုန့်ရဲ့ဖုန်းထဲကို ချီချန်အန်းရဲ့မန်နေဂျာ လျန်ချိုးစီကနေ "ဗီဒီယို ပေါက်ကြားလာပြီ "ဆိုတဲ့ မက်ဆေ့ချ်တစ်ခုရောက်လာလေသည်။
ဗီဒီယိုလား
ယင်းကို အဖြေရှာဖို့ အချိန်မရခင်မှာ ရွှယ်ယင်းဟာ သူ့ရှေ့မှာ ပေါက်ကွဲနေတာကို တွေ့လိုက်ရသည်။
"ရှင်းပြမနေဘဲ စုန့်ယောင်ကို ကို နှိမ်ပစ်လိုက်စမ်းပါ၊ ငါ တစ်ကယ်စိတ်တိုလာပြီ"
ကျန်းသုန့် စခရင်ကို နီးနီးကပ်ကပ်တိုးကြည့်လိုက်ပြီး ယင်းမှာ ဗီဒီယိုတစ်ခုဖွင့်ထားတာကိုတွေ့လိုက်ရလေသည်။ ဗီဒီယိုရဲ့အပေါ်ထောင့်ကအချိန်ကိုကြည့်ခြင်းဖြင့် ဤသည်က အစီအစဥ်မရိုက်ကူးခင်တစ်ရက်ကဖြစ်ပြီးတော့ နေရာက စွန့်ပစ်ထားတဲ့စက်ရုံဖြစ်ကြောင်း တွေ့နေရသည်။ဗီဒီယိုထဲက လူမှာရုပ်ဖျက်ထားသော်လည် ပထမအကြည့်တစ်ချက်မှာတင် ယင်းက စုန့်ယောင်ဖြစ်ကြောင်း ဖော်ထုတ်နိုင်လေသည်။
သူ့အမူအရာက လေးနက်သွားပြီး ရွှယ်ယင်းကိုမေးလိုက်သည်။ "အခြေအနေက ဘယ်လိုရှိလဲ"
"ဗီဒီယိုနဲ့အတူ စာသားရှင်းလင်းချက်တစ်ခုလဲ တင်ထားတယ်... သူပြောထားတာက စုန့်ယောင်က အစီအစဥ်မရိုက်ကူးခင်တစ်ညမှာ ရုပ်ဖျက်ပြီးတော့ စက်ရုံစီကိုသွားခဲ့တယ် နောက်တစ်နာရီကြာမှ ပြန်ပြီးထွက်လာခဲ့တယ်လို့ အခြေခံကျကျဆိုထားတယ်"
"ရုပ်ဖျက်တာလား"
ကျန်းသုန့်ကမေးပြီးမှဆက်ပြောလိုက်၏။
"အခုအဲ့ဒါကို ငြင်းခုန်နေကြတယ်မလား"
သေချာတာကတော့ ဒီဗီဒီယိုအောက်မှာ စုန့်ယောင်ရဲ့ ပရိသတ်တွေက ပေါက်ကွဲနေကြပြီး ခန္ဓာကိုယ်အချိုးအစားတူတဲ့ ဘယ်သူမဆို ၀တ်စားဆင်ယင်မှု အနည်းငယ်ဖြင့်အလွယ်တကူ အယောင်ဆောင်နိုင်တယ်လို့ ပြောနေကြလေသည်။
"-ဒါက ဖန်တီးထားတဲ့ vd တစ်ခုပဲ"
"-ရွှီလော့ယန်ဒီလောက် ယုတ်မာလိမ့်မယ်လို့ထင်မထားဘူး...ထုတ်လုပ်ရေးအဖွဲ့ကို မဟုတ်မမှန်ပြောရုံတင်မကဘူး စုန့်ယောင်ကိုတောင် ဆွဲချဖို့လုပ်နေသေးတယ်"
သို့ပေမယ့် ဗီဒီယိုတင်တဲ့သူက သူတို့ရဲ့မျက်နှာကိုဖြတ်ရိုက်ဖို့ စောင့်နေသလိုပင်... မှတ်ချက်တွေများလာသည်နှင့်အမျှ အလှည့်အပြောင်းကြီးတစ်ခုဖြစ်စေမဲ့ ဗီဒီယိုတစ်ခုကို ထပ်တင်လိုက်ပြန်သည်။
ယခုတစ်ကြိမ်ဗီဒီယိုက လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ စီစီတီဗွီတွေကို စုစည်းထားတာဖြစ်သည်။ဗီဒီယိုထဲမှာ စုန့်ယောင်က စက်ရုံံကနေထွက်လာပြီးတော့ ချောင်ကျတဲ့ထောင့်တစ်ခုစီ လျှောက်သွားပြီး ရုပ်ဖျက်ထားတာတွေအကုန်ဖယ်လိုက်ကာ ဘေ့စ်ဘောဦးထုပ်တစ်ခုပဲဆောင်းထားရင်း ထွက်လာလေသည်။
ထို့နောက်မှာတော့ စုန့်ယောင်က တက်စီပေါ်တက်လိုက်ပြီး သူနေထိုင်တဲ့ Villa ဧရိယာအပြင်ဘက်ကိုရောက်သည်အထိ ဗီဒီယိုကို ဆက်လက်ရိုက်ကူးထားလေသည်။ ထို့နောက် ဗီဒီယို ပြီးဆုံးသွားချေသည်။
ခဏတာလောက်တော့ စုန့်ယောင်ရဲ့ ပရိသတ်တွေအားလုံး စကားမပြောနိုင်ဖြစ်သွားပေမဲ့ မကြာခင်မှာပင် စုန့်ယောင်စက်ရုံထဲဝင်သွားတာက နောက်နေ့အတွက် ရိုက်ကူးမယ့် နေရာကို လိုက်ကြည့်နေတာ ဖြစ်နိုင်တယ်လို့ ကြွေးကြော်ကြလေသည်။
"ဆိုက်ကို စစ်ဆေးခွင့်မပေးဘူးလား၊ ကြိုတင်ပြီးစစ်ဆေးတက်တဲ့အကျင့်က အရမ်းကောင်းးတယ်မလား..."
မမျှော်လင့်ဘဲ နောက်ဆုံးမီးပွားကို ဝမ်ကျစ်လင်ကိုယ်တိုင် မီးညှိခဲ့လေသည်။
ဗီဒီယိုထွက်ပြီး သိပ်မကြာခင်မှာပင် ဝမ်ကျစ်လင်ရဲ့ weibo acc မှာ ထုတ်လုပ်ရေးအဖွဲ့က အစီအစဥ်မရိုက်ကူးခင် လုံခြုံရေးကိုအမြဲတမ်းစစ်ဆေးလေ့ရှိကြောင်းနှင့် ယခုမတော်တဆမှုက လူလုပ်ထားတဲ့အရာတစ်ခုဖြစ်တယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့လေသည်။စုန့်ယောင်ကသာ ရွှီလော့ယန်ကို မနာလိုမှုကြောင့် ထိုလုပ်ရပ်ကိုလုပ်ခဲ့တာဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့က ထိုအကြောင်းအရာများကိုမသိခဲ့ဘဲ စွပ်စွဲခံခဲ့ရသည်ဟုဆိုထားပြန်လေသည်။
အခြေအနေများကို စဉ်ဆက်မပြတ် အပ်ဒိတ်များဖြင့် ကြည့်ရှုနေသူများက ဒီဖရဲသီးက နှစ်တစ်နှစ်ရဲ့ အခမ်းနားဆုံး ဒရာမာဖြစ်ကြောင်း ကြေငြာခဲ့ကြသည်။ ထိုမတော်တဆမှုသာ တစ်ကယ်စုန့်ယောင်ကြောင့်ဆိုလျှင် ယင်းက လူသတ်မှုကြူးလွန်တာအောက်မနိမ့်ပေ။
ကျန်းသုန့်ရဲ့လက်ကစားပွဲပေါ်ခေါက်နေပြီး "ချီချန်အန်းက ဗီဒီယိုကို တင်လိုက်ပြီးတစ်ချိန်ထဲမှာပဲ Rainbow TVကို ဖိအားပေးခဲ့တာဖြစ်မယ်...အဲ့ဒါကြောင့် ဝမ်ကျစ်လင်က ချက်ချင်းပဲသူပြောခဲ့တာနဲ့ဆန့်ကျင်ပြီး စုန့်ယောင်ဘက်ပြဿနာကိုချက်ချင်းလှည့်လိုက်ပြီး မီးစာပါထပ်ထည့်ပေးလိုက်တာပဲ...ဒါပေမဲးယ့် ချီချန်အန်းရဲ့နည်းဗျူဟာကတော့ တစ်ကယ်ကိုတစ်ခုခုပဲ...လော့ယန်က သူ့စီမြန်မြန်ပါသွားတာ အံ့သြစရာမဟုတ်တော့ဘူး"
သူက စက္ကန့်အနည်းငယ်လောက်တွေးပြီး "ရွှယ်ယင်း၊ သူတို့က ငါတို့အတွက် လမ်းဖောက်ပေးထားတာကို နောက်ကမလိုက်ရင် အဲ့ဒါ ဖြုန်းတီရာကျတယ်... လော့ယန်က တုရွမ်လန်နဲ့ အစောပိုင်းတုန်းကညစာအတူစားခဲ့ပြီး နောက်ပိုင်းမှာ စုန့်ယောင်နဲ့လည်းတွေ့ဆုံခဲ့သေးတယ်မလား...အဲ့ဒီအချက်အလက်နှစ်ခုလုံးကို ထုတ်ပြန်လိုက်ကြစို့"
ရွှယ်ယင်းက ချီတုံချတုံဖြင့် "ငါတို့ ဒါရိုက်တာတုကို သွားထိမယ်ဆိုရင်...."
"ငါတို့နောက်မှာ ချီချန်အန်းရှိတယ်"
"ကောင်းပြီလေ"
ဆယ်မိနစ်လောက်ကြာတော့ ဆွေးနွေးပွဲက အမြင့်ဆုံးကို ရောက်သွားလေတော့သည်။
"-ဒီနေ့ရဲ့ ဖရဲသီးက တစ်ကယ်အဆုံးမရှိပဲ...ထိပ်တန်းလျှို့ဝှက်လုပ်ရှားမှု၊ရွှီလော့ယန်၊စုန့်ယောင်နဲ့ ဒါရိုက်တာတု တောင်မှဆွဲထုတ်ခံနေရတာပဲ... ထိပ်ဆုံးကလူတွေအကုန် ပြဿနာထဲပါနေကြတာလား"
"- ဒီနတ်သမီးကတော့ဘယ်လိုမှသည်းမခံနိုင်တော့ဘူး... ဒီလိုလူတွေကို ကစားရတာက တော်တော်ပျော်စရာကောင်းနေတာလား...ကော်ဝေ့က လစာပိုလိုချင်တာကို ဒါရိုက်တာတုကမပေးနိုင်တော့ ငါတို့ရဲ့လော့ယန်ကို အမြင့်ကိုခဏတင်ပေးလိုက်ပြီး သူလည်းအသုံးမလိုတော့ စွန့်ပစ်လိုက်တယ်ပေါ့ ဟုတ်ပါတယ် မင်းက အရမ်းတော်တဲ့ ဒါရိုက်တာကြီးပဲ ...တစ်ကယ် အထင်ကြီးလောက်စရာပါပဲ"
"-ဘုရားရေ၊ငါတို့ရဲ့လော့ယန်က မကြားသေးခင်က ဘယ်လောက်တောင်ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာလဲ ငါတော့ စိတ်ဆင်းရဲလွန်းလို့ ပေါက်ကွဲထွက်တော့မယ်"
"-ဒီမှာဘယ်သူရဲ့ပရိတ်သတ်မှမဟုတ်ပါဘူး ဒါပေမယ့်တစ်ခုလောက်ရှင်းရှင်းလင်းလင်းပြောပြပါရစေ...တုရွှယ်လန်က ကော်ဝေ့ကို လှုံ့ဆော်ဖို့အတွက် ရွှီ နဲ့ စုန့်ကို အမြှောက်စာအနေနဲ့ အသုံးချခဲ့တယ်...ပြီးတော့ စုန့်က အဲ့ဒီနေရာမှသရုပ်ဆောင်နိုင်ဖို့နဲ့ သူ့အတွက်နေရာရဖို့အတွက် ရွှီကိုချောက်ချခဲ့ပြီး အစီအစဥ်ကနေနှုတ်ထွက်အောင်လုပ်ခဲ့တယ် အခုလိုမျိုးပြီးဆုံးသွားမယ်လို့ မထင်ထားခဲ့ဘူး..."
"ထုတ်လုပ်ရေးအဖွဲ့ကလည်း လုံခြုံရေးကိုလုံလုံလောက်လောက်မစစ်ဆေးခဲ့ဘဲ မတော်တဆမှုအပြီးမှာ သူတို့ကရွှီလော့ယန်ကို ပြင်းပြင်းထန်ထန်အပြစ်တင်ခဲ့ပြီးတော့ နောက်ပိုင်မှာ စုန့်ယောင်နဲ့အတူတူအပုပ်ချဖို့ပင် ကြိုးစားခဲ့ကြသေးတယ်...စုန့်ယောင်ဖော်ထုတ်ခံရပြီးတဲ့နောက်မှာ ဝမ်ကျစ်လင်က (dog eat dog manner) ပုံစံနဲ့တိုက်ခိုက်ဖို့ပြေးထွက်လာခဲ့ပြန်သေးတယ်...ပြီးတော့နောက်ထပ်ပြောစရာရှိတာက စုန်ယောင် ၊မင်းရဲ့သရုပ်ဆောင်ချက်က အရမ်းကောင်းတာပဲ အကောင်းဆုံးရုပ်ရှင်မင်းသားဆုတောင်ပေးချင်သေးတယ်၊ ပြီးတော့ မင်းကျူးလွန်ခဲ့တဲ့ လူသတ်မှုကိုရောကြည့်စမ်းပါဦး "
ညဘက်မရောက်ခင်မှာတင်၊ နောက်ဆုံးသတင်းတစ်ခုထွက်လာလေသည်။ စုန့်ယောင်ကို ရဲတွေက စတူဒီယိုကနေတိုက်ရိုက်ခေါ်ဆောင်သွားပြီး တစ်ယောက်ယောက်က သူ့စီကိုတိုက်ရိုက်ညွှန်ပြနေတဲ့ အထောက်အထားတွေပေးခဲ့တာကြောင့် သူ့မှာငြင်းဆိုဖို့ အခွင့်အရေးပင်မရှိခဲ့ချေ။
ဤကိစ္စနှင့် ပတ်သက်တဲ့ ဆွေးနွေးမှုက ရက်အတော်ကြာ ကြာမြင့်ခဲ့ပြီး ခေါင်းစဉ်တွေကလည်း "Hot search "ထိပ်ဆုံးတွင်သာ ရှိနေပြီး ကျမသွားခဲ့ပေ။ သတင်းမီဒီယာများနှင့် သတင်းထောက်များကလည်း အဆိုပါသတင်းနှင့် ပတ်သက်ပြီး စောင့်ကြည့်ခဲ့ကြလေသည်။စုန့်ယောင်က စစ်ဆေးမေးမြန်းခံရတဲ့ အချိန်မှာ သူက ရွှီလော့ယန်ကိုဘယ်တုန်းကမှသေစေလိုစိတ်မရှိကြောင်းနှင့် ဒဏ်ရာများသာရစေပြီး အစီအစဥ်ကနေ နှုတ်ထွက်စေလိုကြောင်းသာ ပြောခဲ့လေသည်။
ထိုမှတ်တမ်းထွက်လာတဲ့အချိန်မှာ အင်တာနက်သုံးစွဲသူတွေက သူ့ကိုလှောင်ရယ်ကြလေသည်။
ဇွန်လ ၁၄ရက်နေ့မှာထုတ်လွှင့်တဲ့ "ထိပ်တန်းလျှို့ဝှက်လှုပ်ရှားမှု တတိယအပိုင်းမှာတော့ ဧည့်သည်တွေလုံးဝပြောင်းထားပေမယ့် ပရိတ်သတ်အားပေးမှုနှုန်းကျဆင်းသွားတာကြောင့် မီဒီယာတွေက "ကြည့်ရတာကြောက်ဖို့တောင်ကောင်းလိုက်တာလို့ ပြောရတဲ့အထိ ဖြစ်သွားလေသည်။
အွန်လိုင်းသပိတ်မှောက်မှုတွေနှင့်အတူ " ထိပ်တန်းလျှို့ဝှက်လုပ်ရှားမှု " အစီအစဥ်က နှစ်ပိုင်းခွဲသာ ပြရသေးအချိန်မှာပဲ အကြီးအကျယ် ဆုံးရှုံးမှုတွေဖြစ်လာခဲ့ပြီး ဆိုင်းငံ့ထားလိုက်ရလေသည်။တစ်ချိန်တည်းမှာပင် ယာယီဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေကလည်း သူတို့မျှော်လင့်ထားသလို အောင်မြင်မှုလှိုင်းကို မခံစားရဘဲ ပြဿနာများစွာကိုသာဆွဲဆောင်မိချေသည်။
ထိုအချိန်အတောအတွင်း၊ ရွှီလော့ယန်က ချီချန်အန်းရဲ့ ပြုစုစောင့်ရှောက်မှုအောက် အိမ်တွင် ကောင်းစွာအနားယူပြီး ပြန်လည်သက်သာလာခဲ့သည်။ Stu ရဲ့ဖန်တီးမှုဒါရိုက်တာ Wilson ထံမှ သူတို့ကိုပို့ပေးလာတဲ့ ရာသီအလိုက် စတိုင်အသစ်များစွာကို စိတ်အားထက်သန်စွာဖြင့်ဝတ်ကြည့်နေလေသည်။
ထိုအချိန်မှာ သူရှာတွေ့တဲ့အရာတစ်ခုက သူ...ကြယ်သီးတွေကို.....တပ်လို့မရချေ!
မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်လိုက်ချိန်တွင် ရွှီလော့ယန် သူ့မှာရှင်သန်ဖို့အတွက် မျှော်လင့်ချက်မရှိတော့သလိုခံစားလိုက်ရသည်။
ဘဝက မင်းမျှော်လင့်ချက်ထားမိတဲ့အချိန်မှာ အမြဲတမ်းရိုက်ချတက်တယ်။
သူကမှောင်မိုက်နေတဲ့မျက်နှာနှင့် ချန်အန်းကိုကြည့်လိုက်ပြီး
" ချန်အန်း ငါ့ရဲ့ကိုယ်အလေးချိန်အသစ်ကို Stu ကိုပေးခဲ့တာဘယ်တုန်းကလဲ"
"လွန်ခဲ့တဲ့လဝက်က"
သူကသူ့ရဲ့ စိတ်ပျက်လက်ပျက် အမူအယာကို ထိန်းထားရင်း “ဒီည ဗုဒ္ဓနံရံခုန်ထဟင်းစားချင်တယ်” ဟုပြောလိုက်သည်။
ချီချန်အန်း ရယ်နေတာကိုမြင်တော့ သူ့နှလုံးသားကို တင်းတင်းဆုပ်ထားရင်း "ဒါက ငါ့ရဲ့နောက်ဆုံးညစာပဲ၊ ငါ့ရဲ့နှလုံးသားက တကယ်နာကျင်နေပြီ"
...........................................................................
ရွှီလော့ယန်ရဲ့ စိတ်ခံစားချက်လေး : ငါ နှစ်သိမ့်မှုလိုအပ်နေတယ်TwT
..........................................................................
Translated By IQ-Team.