အပိုင်း ၉၃
Viewers 22k

🍬Chapter 93



အိမ်ရှေ့တံခါးကို ဖွင့်လိုက်သောအခါ၊ ချီချန်အန်းဖွင့်ထားခဲ့သည့် အိမ်ထဲမှ နွေးထွေးရောအလင်းရောင်က ထွက်ပေါ်နေသည်။ တံခါးကိုပိတ်လိုက်ရင်း ရွှီလော့ယန်ဖိနပ်ကိုလဲစီးနေကာ၊ ကြိတ်ရယ်နေမိသည်။ သူ့ခံစားချက်လေးက ပို၍ကောင်းလာ၏။


အိမ်မှာ သူ့ကိုစောင့်ပေးနေတဲ့လူတစ်ယောက်ယောက်ရှိနေတယ်...


ထိုအတွေးလေးကပင် ရွှီလော့ယန်ကို ထိန်းမနိုင်သိမ်းမရပြုံးစေမိသည်။ 


အသံများကြားသဖြင့် ချီချန်အန်းကထွက်လာသည်။ သူက အဖြူရောင်ရှပ်အင်္ကျီကိုအပေါ်ကြယ်သီးနှစ်လုံးဖြုတ်ထားကာ နက်ကတိုင်ကလည်း လျော့ရဲရဲသာစည်းထားသဖြင့် ပေါ့ပေါ့ပါ့ပါးနှင့် သက်တောင့်သက်သာဖြစ်စေသည့်ခံစားချက်မျိုးပေးစွမ်းလေသည်။ သူက ရှေ့သို့ကိုင်းကာ ရွှီလော့ယန်ကိုနမ်းလိုက်သည့်အခါ၊ ခြေရင်းတွင်ချထားသည့် အပြာရောင်တောက်တောက်အိတ်ကို တွေ့လိုက်ရသည်။ 


"ဒါက ဘာလဲ"


ရွှီလော့ယန်က တုံ့ဆိုင်းနေကာ အကြည့်လွှဲလိုက်ရင်း "ရှန်ရှန် ငါ့ကိုပေးလိုက်တာ" ဟုဖြေလိုက်၏။ 


လျှို့ဝှက်လက်နက်များအပြည့်ပါသော အိတ်အကြောင်း ဘယ်လိုရှင်းပြရမလဲဟု သူတွေးနေစဉ်၊ ချီချန်အန်းက အိတ်ကို ငုံ့၍ယူလိုက်ကာ၊ သူ့အစားအထဲသို့ သယ်သွားပေး‌လိုက်သည်။


နေရာမှာပင် ရပ်နေကာ၊ ရွှီလော့ယန်က အသည်းအသန်ကိုပင် "ချန်အန်း...လွှတ်လိုက်...ငါပဲ သယ်ခဲ့မယ်" ဟု အော်ပြောချင်နေမိသည်။


တစ်ဆယ့်တစ်နာရီထိုးသည့်အခါ၊ အိပ်ခန်းမီးများကို ပိတ်လိုက်၏။ ချီချန်အန်းက ကုတင်ပေါ်တက်လာချိန်တွင်၊ စောင်အောက်၌ကွေးနေသော ရွှီလော့ယန်က သူ့အနားတိုးလာကာ စကားမပြောဘဲ သူ့ခါးကို ဖက်ထားလိုက်သည်။


သူက ရယ်မောလိုက်ပြီး "နျောင်နျောင်၊ မင်းချစ်ဖို့ကောင်းအောင် လုပ်နေတာလား..." ဟုမေးလိုက်သည်။


"အင်း" ရွှီလော့ယန်က ဗလုံးဗထွေးဖြင့် ပြန်ဖြေသည်။ 


အသက်ပြင်းပြင်းရှူကာ၊ သတ္တိများစုစည်း၍၊ ချီချန်အန်း၏ညအိပ်ဝတ်စုံကော်လာဆီသို့ လက်လှမ်းကာ၊ ကြယ်သီးများအားလုံးကို ခပ်သွက်သွက်လေးဖြုတ်လိုက်သည်။ မတော်တဆ၊ သူ့လက်က ချီချန်အန်း၏ တင်းမာနေသည့်ကြွက်သားများကို ပွတ်တိုက်မိသွားရာ၊ သူ့လက်ဖဝါးပြင်တစ်ခုလုံး ပူဆင်းသွားရသည်။ သူက မနေနိုင်ဘဲ ထပ်ပြီး ထိတွေ့လိုက်မိပြန်သည်။


ဒါတွေကဘာလို့ အရင်တစ်ခေါက်ကထက်တောင် ပိုပြီး ကိုင်လို့ကောင်းနေရတာလဲ။


သူ့ရဲ့အပြုအမူများကို မရပ်တန့်သည့်အပြင်၊ ချီချန်အန်းက သူ့ကိုလှည့်ဖက်ကာ၊ သူ့နားရွက်ဖျားလေးများကို တတိတိကိုက်ရင်းတိုးတိုးလေး မေးလေ၏။ 


"မင်း လိုချင်လို့လား..." 


ရွှီလော့ယန်၏မျက်နှာက ပူလောင်လာပြီး ချီချန်အန်း၏ 'မင်းလိုချင်လို့လား'ဟု‌မေးလိုက်သည့် အက်ရှရှအသံမှာ အလွန်ဆွဲဆောင်မှုရှိသဖြင့် သူ့ခြေထောက်များပင် ပျော့ခွေသွားရသည်။ ခေါင်းညိတ်လျက် သူကရိုးသားစွာဖြေလိုက်သည်။


 "လိုချင်တယ်..."


သူ့အဖြေဆုံးသည်နှင့် သူ့နားရွက်ဖျားမှတဆင့် ချီချန်အန်း၏အနမ်းများက လည်တိုင်တလျှောက်လျှောဆင်းသွားသည်ကို ခံစားလိုက်ရပြီး ၊သူ့တစ်ကိုယ်လုံးကို ရှိန်းတိန်းဖိန်းတိန်းဖြစ်စေသည်။ သူ့ရဲ့အသက်ရှုသံများပြင်းလာပြီး အနောက်သို့ မသိလိုက်ပါဘဲ မှီချလိုက်မိရာ၊ ချီချန်အန်းက သူ့အားနမ်းရှိုက်ရန် ပို၍လွယ်ကူသွားစေသည်။


မိနစ်အနည်းငယ်ကြာသည့်အခါ၊ သူတို့၏နီးကပ်စွာထိတွေ့နေမှုကြောင့်၊ သူတို့၏ခန္ဓာကိုယ်မှတုံ့ပြန်လာမှုတို့ကို ဖုံးကွယ်မထားနိုင်ပေ။ ထို့ပြင် အနမ်းကြောင့် အောက်ဆီဂျင်ပြတ်လတ်သွားသည့် ရွှီလော့ယန်မှာ သူ၏မူလရည်ရွယ်ချက်ကိုပြန်လည်အမှတ်ရရန် အချိန်အနည်းငယ်ယူလိုက်ရသည်။ အလျင်အမြန်ပင်၊ ခေါင်းအုံးအောက် နှိုက်ကာ၊ သေးငယ်ပြီးအကြည်ရောင်ရှိသည့် ဘူးလေးတစ်ဘူးကိုယူ၍ ချီချန်အန်းဆီသို့ 'ဒါကိုသုံး" ဟုဆိုလျက် လှမ်းပေးလိုက်သည်။ 


သူ့အသံက အင်မတန်မှ တိုးဆိတ်နူးညံ့နေသဖြင့် ချီချန်အန်းသာသု့အနားမတိုးလာပါက၊ ကြားနိုင်မည်မဟုတ်ပေ။ 


ချီချန်အန်းက ထိုဘူးကိုယူလိုက်ပြီး မကြာမီပင်၊ ပုလင်းအဖုံးလှည့်ဖွင့်၍၊ အရည်များကိုညှစ်လိုက်သံကို အမှောင်ထဲတွင် ကြားလိုက်ရသည်။ ရွှီလော့ယန်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ကာ၊ ရှင်းပြ၍မရနိုင်လောက်အောင် စိတ်လှုပ်ရှား‌နေမိသည်။ များမကြာမီ၊ သူ့အဝလေးဆီသို့ လက်ချောင်းတစ်ချောင်းလာဖိသည်ကို ခံစားလိုက်ရပြီး အေးစက်စက်အရာများဖြင့်သုတ်လိမ်းခံလိုက်ရသည်။


"နာရင် ကိုယ့်ကိုပြောနော်..."


နှုတ်ခမ်းကိုကိုက်ကာ၊ သူနားလည်ကြောင်းသာ အသံထွက်ပြလိုက်သည်။ သူ့အာရုံများက ခံစားရသည့်အထိအတွေ့တွင်သာ စွဲကပ်နေလေ၏။


ချီချန်အန်းမှာ အလွန်ပင် စိတ်ရှည်လှသည်။ သူက ရွှီလော့ယန်၏အဝလေးကို ဖြည်းဖြည်းချင်း နှိပ်ပေးနေကာ သူနေသားကျပြီဆိုမှ လက်ချောင်းတစ်ချောင်းကို ဂရုတစိုက်ထိုးထည့်လာသည်။ ချီချန်အန်း၏လက်ချောင်းသုံးချောင်းအထိ ထည့်ပြီးသွားချိန်၌၊ ရွှီလော့ယန်မှာ မည်သည့်အားအင်မှ မစုဆည်းနိုင်တော့ဘဲ လုံးဝကို အားကုန်သွားပြီဖြစ်သည်။ သူက ချီချန်အန်း၏လက်များကို အလိုလိုဆုပ်ကိုင်မိသွားကာ၊ ရံဖန်ရံခါထွက်ပေါ်လာသည့် သူ၏ညည်းညူသံလေးများက လေထုကို အလွန်အမင်းပင် ချိုမြိန်သွားစေ၏။


"ချန်အန်း.."


ချီချန်အန်း၏ကြွက်သားများက တောင့်တင်းနေပြီး သူ့နဖူးတွင် ချွေးများစိုရွဲနေ၏။ သူ့ရဲ့လှုပ်ရှားမှုများကို အရှိန်မြှင့်လိုက်ကာ၊ ရွှီလော့ယန်၏နှုတ်ခမ်းထောင့်လေးများကို နမ်း၍ ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။ 


"ကိုယ်တို့ မနက်ဖြန်၊ 'ထိတ်တန်းလျှို့ဝှက်အက်ရှင်' ကိုရိုက်ရဦးမှာ၊ သည်းခံထားပေးနော် ဟုတ်ပြီလား..."


ရွှီလော့ယန်၏လေသံလေးမှာ မျက်ရည်များဖြင့် ရောယှက်နေပေသည်။ 


"မင်းက လူဆိုးကြီးပဲ..."


"ကိုယ့်အပြစ်ပါ၊ ကိုယ့်အမှား ‌နျောင်နျောင် လိမ္မာနော်" 


ချီချန်အန်းက ချော့မြှူကာ၊ ဆက်လက်၍ လုပ်ဆောင်နေပေသည်။ နေရာလေးတစ်ခုကို တိုက်မိသွားပြီး ထိုနေရာလေးက၊ ရွှီလော့ယန်ကို တုန်တက်သွားစေသည်ကို မြင်လိုက်ရသည့်အခါ၊ သူက ထိုနေရာကိုသာ ဆက်တိုက်ထိုးဆွပေးလိုက်သည်။ သူ့လက်များစိုရွှဲသွားရန် အချိန်မှာ သိပ်မကြာလိုက်ပေ။


ရွှီလော့ယန်က ချီချန်အန်း၏ ရင်ခွင်ထဲ တသိမ့်သိမ့်တုန်လှုပ်နေကာ စကားပြောရန်ပင် အားမရှိတော့ပေ။


ရေချိုးခန်းထဲမှသူတို့ထွက်လာသည့်အခါ၊ တစ်နာရီကျော်သွားပြီဖြစ်သည်။ 


သူ့အား ကုတင်ပေါ်သို့ ချီချန်အန်းက သယ်လာပေးပြီးသည့်အခါ၊ ရွှီလော့ယန်က စောင်အောက်တွင်လူးလှိမ့်ကာ၊ ကုတင်ဘေးတွင်ရပ်နေသည့်လူကို ကြည့်၍ "ငါ့လက်တွေ ညောင်းနေတယ်" ဟုဆိုလျက် သူ့လက်လေးကို ထုတ်ပေးလိုက်သည်။


ချီချန်အန်းက လက်ကောက်ဝတ်ကို နမ်းရှိုက်ကာ "ကိုယ်တောင်းပန်ပါတယ်"ဟု ဆိုလာလေသည်။


"ဒီတောင်းပန်စကားမှာ ရိုးသားမှုလုံးဝပါမနေဘူးနော်...."


ချီချန်အန်းအတွက် နေရာတစ်ဝက်မျှ ဖယ်ပေးရန် လှိမ့်လိုက်ရင်း ရွှီလော့ယန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် သူက ခေါင်းအုံးပေါ်မျက်နှာအပ်လိုက်ကာ၊ ကြိတ်၍ပျော်ရွှင်နေလေသည်။ 


လျှို့ဝှက်လက်နက်က တစ်ကယ်ကြီး ကောင်းကောင်းအလုပ်လုပ်တာပဲ။ နည်းနည်းလေးမှတောင် မနာဘူးရော။ 


ဤအခြေခံစမ်းသပ်မှုပြီးသွားသည့်အခါ၊နောင်လာမည့်အနာဂတ်အတွက် ရွှီလော့ယန်မှာ အဆင်သင့်‌ဖြစ်နေချေပြီ။ 


နောက်တစ်နေ့နေ့လည်တွင်၊ သူ၏ခရီးဆောင်သေတ္တာကို ထုပ်ပိုးကာ၊ "ထိပ်တန်းလျှို့ဝှက်အက်ရှင်" အဖွဲ့၏ကားပေါ်သို့ ရွှီလော့ယန်နောက်တစ်ကြိမ် ထပ်ပါသွားပြီဖြစ်သည်။ 


ကင်မရာဆီ နှုတ်ဆက်ပြီးနောက်၊ ပါးစပ်ကိုအလျင်အမြန်ကာကာ သန်းဝေလိုက်ပြီး


 " နေ့လည်ခင်းဆို အိပ်ချင်တယ်... ကျွန်တော် နိုးနိုးကြားကြားဖြစ်နေစေဖို့ တစ်ခုခုလိုတယ်..." 


အပိုင်းတစ်ခုစီ၏ အစပိုင်းများကို ပလက်ဖောင်းပေါ်၌ live လွှင့်သည်အား သတိရသွားသည့်အခါ၊ ရွှီလော့ယန်က ကင်မရာမန်းကို tablet တစ်လုံးတောင်းလိုက်သည်။ ထို့နောက် live ကို ဖွင့်ကာ ချီချန်အန်း၏ live stream room ထဲသို့ ခိုးဝင်လိုက်လေသည်။ 


'ဆွဲဆောင်မှုရှိတဲ့ယောင်္ကျားက တကယ်ပဲ အင်အားတွေပေးတာပဲ' ဟုတွေးမိပြီး စိတ်ထဲတွင် သက်ပြင်းခိုးချလိုက်မိသည်။ 


ထို့နောက်၊ သူက ခရီးလမ်း‌တစ်လျှောက် tablet ကိုကြည့်နေရန်သာ ဆုံးဖြတ်လိုက်၏။


သို့သော်လည်း၊ နောက်ထပ် နှစ်မိနစ်မျှကြာသည့်အခါတွင် သူ့ကိုယ်သူဖော်ထုတ်မိသွားရသည်။


ခေါင်းကိုမော့ကာ ခပ်မြန်မြန်ပင်ပြောလိုက်၏။ 


"ကျောင်းကော၊ ချန်အန်းရဲ့အဖွဲ့ကို ဆက်သွယ်လို့ရမလား သူ့မှာ အလာ့ဂျစ်ရှိတာကြောင့် သံပုရာရည်ပါတာ ဘာမှစားလို့မရဘူး..."


[ အခုကစ ကျောင်းရှင်းလို့ပဲသုံးတော့မယ်နော် ]


ကျောင်းရှင်းက မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်ပြီးနောက် အလျင်အမြန်ပင် ဖုန်းခေါ်ဆိုလိုက်သည်။ screen သို့ ရွှီလော့ယန်ပြန်ကြည့်သည့်အခါ၊ ဖုန်းဝင်လာပြီးနောက်၊ သံပုရာရည်ကို ဖယ်ရှားလိုက်သည်အား မြင်လိုက်ရသည်။ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်စဉ်၊ ကောမန့်များ တရစပ်တက်လာပြီး ရုပ်ပုံများကိုပင်ဖုံးကွယ်သွားတာကို တွေ့လိုက်ရသည်။


"- ဘာလို့များ ကုချန်ဘရန်း ခွေးစာနဲ့ မျက်နှာဖြတ်ရိုက်ခံလိုက်ရတယ်လို့ ခံစားနေရတာလဲ လော့ယန်က အရမ်းစဉ်းစားပေးတတ်တာပဲ ဒီလိုအသေးအဖွဲ့လေးတွေကိုတောင် သူက သတိထားမိတယ်"


"- ထုတ်လုပ်ရေးအဖွဲ့က ဒါကိုကြည့်ပြီး ဆင်ခြင်သင့်တယ် လော့ယန်သာ မစ္စတာချီရဲ့ live stream room ကို တိတ်တိတ်လေခိုးမကြည့်နေခဲ့ဘူးဆိုရင်၊ သံပုရာရည်ကိုလည်း သတိထားမိမှာမဟုတ်ဘူးဆိုရင်၊ ဘာကိုမှ သတိမထားမိတဲ့ မစ္စတာချီမှာ ဓာတ်မတည့်တာတွေဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ ဓာတ်မတည့်မှုတွေက သေနိုင်တယ် ဒါကြောင့် သေချာမှတ်ထားပေးကြပါ"


"- အား အား အား အား၊ လော့ယန်က မစ္စတာချီရဲ့ live stream room ကို တိဝ်တိတ်လေး ခိုးကြည့်နေတယ် အရမ်းချစ်စရာကောင်းလွန်းလို့ ငါ့နှလုံးသားတောင် တုန်လှုပ်သွားရပြီ ဒါကသာ အချစ်မဟုတ်ဘူးဆို ဘာက အချစ်လဲ ကုချန်စုံတွဲ၊ ကျေးဇူးပြုပြီး စောစောလေး လက်ထပ်ပါတော့ မင်္ဂလာသကြားလုံးတွေကို ငါလက်ဖွဲ့ပါ့မယ်..." 


တရစပ်တက်လာသည့် ကောမန့်များကြောင့် သူ့မျက်လုံးများပင် မှိတ်လိုက်ရသည်။ screen ပေါ်မှ ချီချန်အန်း၏မျက်နှာကို လက်ဖြင့်တို့လိုက်ကာ၊ ရွှီလော့ယန်က ကင်မရာဆီသို့ ပြုံးပြလိုက်သည်။ 


 " 'ချန်အန်းကိုမမြင်ရတာက ငါ့ကို စိတ်ပူစေတယ်' ဆိုတဲ့ ရှေးကဗျာအတိုင်းပဲ ၊သူ့ကိုကြည့်နေရတာက ငါ့စိတ်ခံစားချက် ကောင်းစေတယ်လေ..."


ထိုစကားကို ‌သူပြောပြီးသည်နှင့် နဂိုတည်းက တရစပ်တက်လာသောကောမန့်များမှာ ပို၍ screen မျက်နှာပြင်ထက် ထူထပ်သွားရသည်။


သို့နှင့်၊ "ထိပ်တန်းလျှို့ဝှက်အက်ရှင်" တတိယအပိုင်းမှာ ရိုက်ကူးရေးမစမီတည်းက လူကြိုက်များနေပြီဖြစ်သည်။


တစ်ချိန်တည်းလိုလိုပင်၊ သူတို့၏သတ်မှတ်ထားသည့်နေရာသို့‌ရောက်ရှိလာပြီးသည့်နောက်၊ ချီချန်အန်းအနား ရွှီလော့ယန်ရပ်လိုက်ကာ ပတ်ပတ်လည်သို့ ကြည့်လိုက်မိပြီး အနည်းငယ် အံ့ဩသွားရ၏။ 


"ဒီလောက်ထိကြီးတဲ့ စွန့်ပစ်စက်ရုံကြီး... ထုတ်လုပ်ရေးအဖွဲ့က ဒီလောက်လက်တွေ့ဆန်တဲ့ setting ကိုလုပ်ဖို့ တော်တ်ောလေး ပိုက်ဆံရှိတာပဲ..."


ဘဝင်မြင့်နေသည့်အကြည့်များဖြင့်၊ ဒါရိုက်တာဝမ်က လက်ထဲမှ မိုက်ခရိုဖုန်းကိုမြှောက်ကာ၊


 "ကမ္ဘာပျက်ကပ်ကရောက်လာပြီး မင်းတို့က ဒီစွန့်ပစ်ထားတဲ့ဆေးရုံမှာ ပိတ်မိနေခဲ့တယ် ပတ်ပတ်လည်မှာဝန်းရံနေတဲ့ ဖုတ်ကောင်တွေကို ဖယ်ရှား‌ပြီး လွတ်မြောက်နိုင်ဖို့အတွက်၊ စက်ရုံထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက် Sonic လက်နက်ကို မင်းတို့ရှာရမယ် စက်ရုံထဲ၊ မင်းတို့ သဲလွန်စအမှန်ရော၊ အမှားရော အများကြီးတွေ့လိမ့်မယ် ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုတာ မင်းတို့ဘာသာမင်းတို့ ဆုံးဖြတ်ရမယ် ဟုတ်ပြီ...အခုတော့ အဖွဲ့ခွဲဖို့အတွက် မဲနှိုက်ရအောင်..."


ယခုတစ်ကြိမ်တွင်၊ ထုတ်လုပ်ရေးအဖွဲ့မှာ သေချာပေါက် တစ်ခုခုကြံနေသည်ပင်။ အဘယ်ကြောင့်ဆိုသော်၊ တစ်ယောက်နှင့်တစ်ယောက် သဘောမကျသည့် ကွမ်းရှန်းနှင့် ချင်းရှောင်းရန်အား တစ်ဖွဲ့တည်း ထားပြီးသည့်နောက်၊ တစ်ယောက်နှင့်တစ်ယောက်သဘောမကျသည့် စုန့်ယောင်နှင့် ရွှီလော့ယန်အား တွဲပေးလိုက်သည်။ နောက်ဆုံး၌ ချီချန်အန်းနှင့် ကျန်းလျို့ကို တစ်ဖွဲ့ဖွဲ့ပေးလိုက်၏။


အဖွဲ့သားကဒ်ကိုကိုင်ကာ၊ ကျန်းလျို့က ကြောင်အသွားရသည်။ 


"သွားပါပြီ...သွားပါပြီ တတိယအပိုင်းလွှင့်ပြီးရင် ငါတော့ ကုချန်ပရိသတ်တွေ တစစီဆွဲဖြဲတာခံရတော့မယ်လို့ ထင်နေတယ် ရုတ်တရက်ကြီး၊ ငါ နဂါးငွေ့တန်းဖြစ်သွားသလိုခံစားရတယ်..."


ခြေလှမ်းအနည်းငယ်အကွာတွင်သာ ရပ်နေသည့် ရွှီလော့ယန်က မေးလေသည်။ 


"ဘာလို့ နဂါးငွေ့တန်းလဲ..."


"ကျွန်တော်က နွားကျောင်းသားနဲ့ ရက်ကန်းသည်မလေးတို့ တွေ့ဆုံတာကို တားဆီးနေတဲ့လူမို့လေ"


ရွှီလော့ယန်၏အမူအယာမှာ ပြောင်းလဲသွားရသည်။ 


မင်းရဲ့ ပြောဆိုချက်ကို သေချာရှင်းပြစမ်းပါ...ဘယ်သူက ရက်ကန်းသည်မလေးလဲ... ငါးပေခြောက်လက်မရှိတဲ့ ရက်ကန်းသည်မလေးကို မင်းမြင်ဖူးလို့လား...


ထုတ်လုပ်ရေးအဖွဲ့မှ ထုတ်ပေးလာသည့် ပစ္စည်းများကို ခွဲဝေပြီးသည့်အခါ၊ ရွှီလော့ယန်နှင့်စုန့်ယောင်တို့က စက်ရုံပျက်ကြီးထဲသို့ အတူတကွဝင်သွားလေသည်။ စက်ရုံပျက်ကြီးက နှစ်လွှာနှင့် ခေါင်မိုးထပ်ပါရှိပြီး အလွန်ကြီးမားပေသည်။ အထဲသို့ပို၍ဝင်သွားလေလေ၊ ဤစက်ရုံမှာ ယခင်က စက်ရုံအစစ်ဖြစ်ပြီး၊ ထုတ်လုပ်ရေးအဖွဲ့မှ ပြန်လည်ပြင်ဆင်ထားခြင်းသာဖြစ်သည်ဟု ရွှီလော့ယန်သေချာလေလေဖြစ်သည်။ သိသိသာသာ ပျက်စီးနေသော်လည်း နဂိုအခြေခံအဆောက်အဦးများကရှိနေဆဲဖြစ်သည်။


ညွှန်ပြထားသည့် လမ်းအတိုင်းလျှောက်လာစဉ် နှစ်ယောက်စလုံး တိတ်ဆိတ်နေလေ၏။ အဆုံးတွင်၊ စုန့်ယောင်မှာ အောင့်မထားနိုင်တော့ဘဲ မေးလာသည်။ 


"အဲ့ဒီ garden restaurant က အစားအသောက်တွေက တော်တော်ကောင်းတာပဲ..."


ထို garden restaurant မှာ တုရွမ်လန်အား ရွှီလော့ယန်တို့ ညစာစားရန်ဖိတ်ခေါ်သည့်နေရာဖြစ်ပြီး စုန့်ယောင်နှင့် သူ၏မန်နေဂျာဟွမ်ယွင်လီတို့နှင့် ဝင်တိုက်မိခဲ့သည့်နေရာလည်းဖြစ်သည်။ ပြုံးလျက်နှင့် ရွှီလော့ယန်က ခေါင်းငြိမ့်ပြလိုက်သည်။ 


"အမှန်ပဲ အရသာရှိတယ်..."


သူနှင့်တူစွာ၊ စုန့်ယောင်သည်လည်း ဒါရိုက်တာတုထံမှ မည်သည့်သတင်းမှ မရသေးသဖြင့်၊ သူ့အား တင်းရွမ်၏‌ဇာတ်ကောင်နေရာကို ရသွားပြီလားဟု သွေးတိုးစမ်းချင်တာဖြစ်ကြောင့် သူနားလည်လေသည်။


"မင်း နောက်တစ်ခေါက် အဲ့ဒီမှာ ထပ်သွားစားဦးမှာလား..."


နားမလည်ချင်ယောင်‌ဆောင်ကာ ရွှီလော့ယန်က ပြုံး၍ မဆိုင်သည့်အဖြေကိုသာ ပေးလိုက်၏။


"ငါ့မှာအချိန်ရှိရင်တော့၊ ငါသေချာပေါက် အဲ့ဒီကိုထပ်သွားစားဦးမှာ... သူတို့ရဲ့ ကြက်သားစွပ်ပြုတ်က အရသာရှိတယ်လို့ ငါကြားထားတယ်..." 


သူတို့နောက်သို့လိုက်နေသည့် ကင်မရာသမားနှစ်ယောက်မှာ အကြည့်ချင်းဖလှယ်ကာ၊ နှစ်ယောက်လုံး ပဟေဠိဖြစ်နေလေ၏။ 


ဘာဖြစ်လို့ အစားအသောက်အကြောင်း စကားလမ်းစရောက်သွားရတာလဲ... garden restaurant က သူတို့တောင်မသိလိုက်ဘဲ စပွန်ဆာများ ပေးထားလို့လား...


နောက်ထပ် နှစ်မိနစ်ခန့် ဆက်လျှောက်ပြီးသည့်အခါ၊ ပတ်ပတ်လည်ရှိ အလင်းရောင်က မှိန်လာပြီး လမ်းကလည်း ပို၍ကျဉ်းမြောင်းလာလေသည်။ သေတ္တာဘူးကြီးများနှင့် သံချောင်းများကို ဘေးနှစ်ဖက်တွင် ပုံထားပြီး အနီရောင်ရင့်ရင့်ပိုက်လိုင်းများကို အပေါ်မှ မြင်နိုင်လေသည်။ 


စုန့်‌ယောင်က အကြံပေးလိုက်၏။ 


"ငါတို့ ခွဲသွားကြမလား"


ထိုအချိန်၌၊ သူတို့၏အရှေ့တွင် လူတစ်ယောက်တည်းသာ တက်လို့ရသည့် နံရံနှင့်ဆန့်ကျင်ဘက် ပလက်ဖောင်းတစ်ခုသို့ ဦးတည်ထားသည့် လှေကားတစ်ခုရှိသည်။ လှေကားမှာ ‌သံချေးတက်နေပြီး လုံခြုံရေးပိုက်ကွန်သည်ပင် အပေါက်တစ်ပေါက် ပေါက်နေလေ၏။


"ငါကတော့ အဆင်ပြေတယ် ဘယ်သူက အပေါ်ထပ်တက်သွားပြီး၊ ဘယ်သူက အောက်ထပ်မှာနေခဲ့မှာလဲ..."


စုန့်ယောင်က အပေါ်ဘက်သို့ ညွှန်ပြကာ 


"ငါလှေကားပေါ်တက်သွားပြီး တစ်ချက်ကြည့်ကြည့်မယ်" 


ရွှီလော့ယန်လည်း ဆန့်ကျင်စရာအကြောင်းမရှိပေ။ 


"ဂရုစိုက်... တစ်ခုခုလိုရင် ငါ့ကိုခေါ်လိုက်..."


စုန့်‌ယောင်လှေကားပေါ်တက်သွားချိန်တွင် ရွှီလော့ယန်က သူ့ကင်မရာသမား ကျောင်းရှင်းနှင့် ရှေ့ဆက်သွားလေသည်။


သိပ်မဝေးသည့်နေရာတွင်၊ အနီရောင်ရင့်ရင့်ပိုက်လုံးများ၏ထောင့်တစ်နေရာ၌ အဖြူရောင်သားရေဖြင့်ဖုံးထားသည့်သံသေတ္တာတစ်လုံးကို ရွှီလော့ယန်တွေ့လိုက်ရသည်။ အနီးသို့လျှောက်သွားသည့်အခါ၊ ထိုသေတ္တာမှာ သော့ခတ်ထားပြီး မေးခွန်းရေးထားသည့် စာရွက်အပိုင်းအစလေးတစ်ခုလည်း တွဲထားလေသည်။ 


"ငါ့အထင် ဒီမေးခွန်းရဲ့အဖြေကိုဖြေမှ သော့ခတ်ထားတဲ့သေတ္တာက ပွင့်လာမယ်ထင်တယ်..." 


သူ့ကျောပိုးအိတ်ကို သူ့အနောက်မှလိုက်လာသည့် ကျောင်းရှင်းထံသို့ လှမ်းပေးကာ


 "ကျောင်းကော၊ ကျွန်တော့်အစား ဒါလေးကိုင်ထားပေးလို့ရမလား...အဲ့ဒီနားက နေရာကနည်းနည်းကျဉ်းတယ်... ကျွန်တော်တောင် ဝင်လို့ရရုံလောက်လေးပဲ... ကျောင်းကောကို အပြင်မှာခဏစောင့်နေဖို့ ဒုက္ခပေးရတော့မှာပဲ..."


ခေါင်းညိတ်ကာ ကျောင်းရှင်းက ရွှီလော့ယန်၏ကျောပိုးအိတ်ကိုယူလိုက်ပြီး သူ့လက်ဖြင့် 'အိုကေ' ဟု လုပ်ပြလိုက်သည်။


ကျော်ခွသွားကာ၊ ပိုက်လိုင်းများကြား ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရွှီလော့ယန်က ပုစ္ဆာကို ဖြေရှင်းလေသည်။ ခြေလှမ်းအနည်းငယ်မျှအကွာတွင် ကျောင်းရှင်းက ကင်မရာကိုချိန်ညှိကာ ရွှီလော့ယန်၏ ဘေးတိုက်အနေအထားကို Zoom ဆွဲရိုက်လိုက်သည်။ 


ထိုအချိန်၌ပင်၊ ရုတ်တရက် 'ဂျိုင်းခနဲ' အသံထွက်လာကာ၊ တစ်စုံတစ်ရာက ရွှီလော့ယန်၏ခေါင်းပေါ်သို့ အရှိန်ပြင်းပြင်းဖြင့်ပြုတ်ကျလာတော့၏။


___


ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး : 


ချီချီ...ငါ့လက်တွေ အရမ်းညောင်းနေတယ်...QAQ


__


Translated By IQ-Team.