အပိုင်း ၂၅၂
Viewers 87k

Chapter 252




ကျိကျန်းဟုန် ရောက်ရှိလာပြီး တံခါးကို ဖြတ်ကာ အထဲ၀င်လိုက်သည်နှင့် ကျိယွီရှောင်က အဓိကထိုင်ခုံတွင် ထိုင်နေသည်ကို မြင်လိုက်ရလေသည်။ သူက တစ်ခဏခန့် အေးခဲသွား၏။


နောက်မှ လိုက်လာသည့် ကျိကျန်းကောင်းက ကျိကျန်းဟုန် ရပ်သွားသောအခါ သူလည်း လိုက်ရပ်လိုက်လေသည်။


"ဘာဖြစ်လို့လဲ အစ်ကိုကြီး..."


ကျိကျန်းဟုန်က ပြန်မဖြေဘဲ နှုတ်ဆိတ်ကာ အစည်းအဝေးခန်းထဲ ၀င်သွားလိုက်သည်။


ထိုအခါမှသာ ကျိကျန်းကောင်းက သူတို့ကို ကြည့်နေသည့် ကျိယွီရှောင်ကို မြင်လိုက်ရလေသည်။


ကျိယွီရှောင်က ၀တ်စုံပြည့်၀တ်ကာ ထိုင်နေပြီး အိမ်တွင်သာ အချိန်ကုန်နေသည့်အတွက် ကျိယွီရှောင်၏အသားအရောင်က ဖျော့တော့သော်ငြားလည်း ယင်းက တော်၀င်မင်းသားသဖွယ် အထက်ကြီးဆန်မှုကို ပေးစွမ်းနေလေသည်။


ကျိကျန်းကောင်းက ကျိယွီရှောင်ကို မတွေ့ရသည်မှာ ကြာပြီဖြစ်ပြီး ယခု တွေ့လိုက်ရသည့်အခါထူးဆန်းနေလေသည်။


"ယွီရှောင် ဘာလို့ ဒီမှာရှိနေတာလဲ..."


"ကျွန်တော် လာလို့မရလို့လား..."


ကျိယွီရှောင်က ယခင်စကားကို ပြန်ပြောလိုက်သည်။


ကျိကျန်းကောင်း ရယ်မောလိုက်၏။


"အဲ့လိုမဟုတ်ပါဘူးကွာ...မင်းလာတာ ကောင်းတာပေါ့...မင်းအစ်ကိုသေပြီးကတည်းက သူ့ရဲ့အလုပ်တွေကို မင်းကပဲ လက်လွှဲယူရမဲ့ဟာ...ငါက မင်း မလာဝာာကြာလို့ ပြောတာပါကွာ..."


ပြောပြီးနောက် ကျိကျန်းကောင်းက သူ့နေရာတွင် ၀င်ထိုင်လိုက်သည်။


ကျိကျန်းကောင်း၏စကားလုံးများက ရိုးသား၏။


ကျိကျန်းဟုန်က သူတို့အစ်ကိုအကြီးဆုံးဖြစ်ပြီး ငယ်စဉ်ကတည်းက သူက ကျိကျန်းယန်နှင့်ဆက်ဆံရေး မကောင်းခဲ့ပေ။ သူက ဥက္ကဋ္ဌရာထူးအတွက် ကျိကျန်းဟုန်ကိုသာ ထောက်ခံခဲ့လေသည်။


ယခု သူ့တွင် သားတစ်ယောက်၊ သမီးတစ်ယောက်ရှိသော်လည်း သူ့သမီးက ဤနေရာတွင် မရှိသလို သားကလည်း ကျိဂရုကို အုပ်ချုပ်ရန် ငယ်လွန်းသေးပေသည်။ ထို့ကြောင့် သူက ကျိယွီလင်းကို အထွေထွေမန်နေဂျာဖြစ်လာရန် ပံ့ပိုးပေးခဲ့ပြီး ယခု ကျိယွီလင်းသေဆုံးသွားသောအခါ ကျိယွီရှောင်ကို ပံ့ပိုးပေးမည်ဖြစ်သည်။


သို့သော် ကျိယွီရှောင်က သူ့ကိုယ်သူ အရှုံးပေးလိုက်သောအခါ သူ ပံ့ပိုးပေးရန် လူမရှိတော့ပေ။ 


အခုအစည်းအဝေးမှာ ကျိယွီရှောင်ပေါ်လာတယ်ဆိုတော့ သူက သူ့အစ်ကိုရဲ့တာ၀န်တွေကို လွှဲယူတော့မှာလား...


ကျိကျန်းကောင်းက အားရကျေနပ်နေလေသည်။


ယခု ကျိမူက ရာထူးက ဆင်းရမည်မှာ ကျိန်းသေလေသည်။


ထန်ကျားကျိအတွက်မူ သူက အပြင်လူသာဖြစ်ပြီး မျိုးရိုးနာမည်ကလည်း မတူပေ။ 


ထန်ကျားကျိက သူ့မျက်စိ‌ရှေ့မှာ ကြီးပြင်းလာတဲ့ကျိယွီရှောင်နဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ...


ကျိကျန်းကောင်းက ခေါင်းဆောင်ကောင်းမဟုတ်သလို လူကောင်းတစ်ယောက်လည်း မဟုတ်ချေ။အစကတည်းက သူ ထန်ကျားကျိကို ကူညီပေးရသည့်‌အကြောင်းရင်းက ကျိမူကို ဖိနှိပ်ရန်ဖြစ်လေသည်။ ထိုမှသာ ကျိကျန်းယန်က ပိုမိုကြီးကျယ်လာပြီး သူ့အတွက် အဟန့်အတား ဖြစ်မလာမှာ ဖြစ်သည်။ 


ဒါပေမဲ့ သူ့တူလေးက နေရာမှားထိုင်နေတာလား...


အဲ့ဒါ သူ့အဖေရဲ့ထိုင်ခုံလေ...သူ့အစ်ကိုနေရာက ညာဘက်မှာ မဟုတ်ဘူးလား...


ကျိကျန်းကောင်းက ထိုအကြောင်းပြောပြတော့မည်ဖြစ်သော်လည်း သူ့အစ်ကိုကြီးအသံက ဦးစွာ ထွက်ပေါ်လာလေသည်။


"ဒီနေ့ ဘာလို့ ဒီရောက်နေတာလဲ..."


“အလျင်မလိုပါနဲ့..."


ကျိယွီရှောင်က သူ့အဖေကို ကြည့်ကာ ပြောလိုက်သည်။


"အားလုံးရောက်လာပြီး အစည်းအဝေးစတဲ့အထိ ရောက်ပေးပါဦး..."


ထို့နောက် သူက ညာဘက်ရှိထိုင်ခုံကို ပုတ်လိုက်သည်။


"ထိုင်လေ အဖေ..."


ကျိကျန်းကောင်း :"???"


အခြားလူများ :'ဒါက...' 


လေထုက ချက်ချင်းနက်နဲသွားလေသည်။


ကျိကျန်းဟုန် ‌မျက်မှောင်ကြုတ်လိုက်သည်။


သူ့သားက သူ့ကို မလေးစားခြင်းကို မကျေနပ်ပေ။ သူက ကျိယွီရှောင်ကို ဆုံးမချင်သော်လည်း ကျိယွီရှောင်က အဓိကထိုင်ခုံတွင်ထိုင်နေခြင်းကို သဘောပေါက် သွားလေသည်။


ဘာလဲ...ကျိယွီရှောင်က နောက်ဆုံးတော့ သူက ရှယ်ယာအများဆုံးပိုင်တဲ့သူဖြစ်တာကို နားလည်သွားတာလား...


ကျိကျန်းဟုန်က ယင်းကို သေချာမသိသော်လည်း အခြားလူများအား မသိစေချင်သောကြောင့် သားကိုချစ်သောအဖေကဲ့သို့ ကျိယွီလင်းနေရာတွင် ၀င်ထိုင်လိုက်လေသည်။


ကျိကျန်းဟုန်၏လှုပ်ရှားမှုကို မြင်သောအခါ အခြားလူများက တွေးမိလိုက်ကြသည်။


'ဒါရိုက်တာကျိက သူ့သားကို တကယ်ချစ်တာပဲ...ကြည့်ပါဦး အဓိကထိုင်ခုံမှာတောင် ထိုင်ခွင့်ပေးတယ်...ကြည့်ရတာ ကုမ္ပဏီမှာ တစ်ခုခု ပြောင်းလဲတော့မှာပဲ...


ကျိမူနှင့်ကျိကျန်းယန် ရောက်လာသောအခါ ထိုမြင်ကွင်းကို တွေ့လိုက်ရလေသည်။


ကျိမူက မသိစိတ်အရ သူ့လည်ပင်းကို ထိလိုက်သည်။ သူ့ဒဏ်ရာက ထပ်မံနာကျင်လာသည်ဟု ခံစားမိလေသည်။


သူက ဆေးရုံသွားပြီး ဒဏ်ရာကို ဆေးထည့် ပတ်တီးစည်းခဲ့ရသည်။ ကျိဟွိုက်နှင့် သူ့အဖေက ဒဏ်ရာအကြောင်း မေးသောအခါ မတော်တဆထိခိုက်မိကြောင်း၊ ကြီးကြီးမားမား မဟုတ်ကြောင်း ပြန်ဖြေခဲ့သည်။ သူက သူ့အဖေနှင့်ညီမကို ကျိယွီရှောင်အား မကြောက်သွားစေချင်ခဲ့ပေ။


အခု ကျိယွီရှောင်က ဘာဖြစ်လို့ ဒီရောက်နေတာလဲ...


ကျိယွီရှောင်က အမြဲတမ်း ကျိဂရုကို စိတ်မဝင်စားခဲ့ဘူးမလား...


ကျိမူက သူ့နေရာတွင် ၀င်ထိုင်လိုက်ပြီး အခြေအနေကို တိတ်တဆိတ် အံ့အားသင့်နေလေသည်။


ကျိကျန်းယန်ကလည်း ကျိမူကဲ့သို့ အံ့အားသင့်နေပြီးသူ့အစ်ကိုကြီးကို လှမ်းကြည့်လိုက်သောအခါ ကျိကျန်းဟုန်မျက်နှာက အုပ်မှိုင်းလေးလံနေလေသည်။


ထူးဆန်းလိုက်တာ...


ထန်ကျားကျိက နောက်ကျမှ ရောက်လာသော်လည်း ကံကောင်းစွာနှင့် အစည်းအဝေးအချိန်ကို နောက်ကျခဲ့ခြင်းမဟုတ်ပေ။ သူက အစည်းအဝေးခန်းထဲ ၀င်လိုက်သည်နှင့် ထုံးစံအတိုင်း အဓိကထိုင်ခုံကို လှမ်းကြည့်လိုက်‌သောအခါ ကျိယွီရှောင်ကို တွေ့လိုက်ရပြီး သူ့မျက်နှာပေါ်ရှိအပြုံးကချက်ချင်းပျောက်ကွယ်သွားလေသည်။


ကျိယွီရှောင်က ဘာဖြစ်လို့ ဒီရောက်နေတာလဲ...


သူက သူ့ကိုယ်သူ အရှုံးပေးပြီး ‌အိမ်မှာပဲနေနေတာ မဟုတ်ဘူးလား...ဘာဖြစ်လို့ ကျိဂရုရဲ့ပုံမှန်အစည်းအဝေးကို ရောက်နေရတာလဲ...


သူ့အစ်ကိုနေရာကို ပြန်ယူဖို့ စီစဉ်နေတာလား...


ထန်ကျားကျိက ချက်ချင်းနောင်တရသွားသည်။


သူက ထိုမတော်တဆမှုတွင် ကျိယွီရှောင်ကိုပါ သေစေချင်ခဲ့သော်လည်း ကျိယွီရှောင်က ကံကောင်းသွားပြီး ခြေထောက်များသာ ထိခိုက်သွားလေသည်။


နောက်ပိုင်းတွင် သူ တရုတ်နိုင်ငံသို့ ပြန်လာသောအခါ ကျိယွီရှောင်ကို သတ်ရန် ကြံစည်ခဲ့သော်လည်း ကျိကျန်းဟုန်က ကျိယွီရှောင် သူ့ကိုယ်သူ အရှုံးပေးသွားပြီဖြစ်ကြောင်း၊ မတိုက်ခိုက်နိုင်တော့ကြောင်းပြောကာ သူ့ကို တားဆီးခဲ့သည်။


သို့သော် သူက ကျိယွီရှောင်ကို ဆက်လက် စောင့်ကြည့်ခဲ့ပြီး ကျိယွီရှောင်က အိမ်ထဲမှ ထွက်လာရန် ဆန္ဒမရှိတော့ကြောင်း သေချာသွားမှသာ စိတ်ချခဲ့သည်။


သူက ကျိယွီလင်းကို သတ်လိုက်သည့်အတွက် အဖေကျိက အလွန်ဒေါသထွက်နေသောကြောင့် ကျိယွီရှောင်ကို လွှတ်ထားခြင်းဖြစ်၏။


အဖေကျိက သူ့ကို ဒေါသထွက်နေသော်လည်း ကျိယွီလင်း၏ငွေနှင့်အာဏာကို လိုချင်နေခဲ့ပြီး သူကလည်း သားအဖနှစ်ယောက်ကြား ရန်ပွဲကို ဘေးမှ စောင့်ကြည့်နေခဲ့လေသည်။


သို့သော် ယခု ထိုကျိယွီရှောင်က အဓိကထိုင်ခုံတွင် ထိုင်နေလေသည်။


'သူ့ကို သတ်ပစ်လိုက်သင့်တာ...'


ကျိယွီရှောင်သေသွားမှာပဲ သူက ကျိမိသားစုနဲ့ ကျိဂရုကို လုံး၀ပိုင်ဆိုင်သွားမှာ...


ကျိယွီရှောင်သာ မသေရင် သူက သူ့အတွက် ပုန်းကွယ်နေတဲ့အန္တရာယ်ပဲ...


သူ နောင်တရတယ်...


ကျိယွီရှောင်က ထန်ကျားကျိ၏အကြည့်ကို ခံစားမိသော်လည်း လျစ်လျူရှုထားလိုက်သည်။


သူ့ကို ကြည့်လေလေ သူ့မျက်လုံးတွေက ညစ်ပတ်လာလေလေပဲ...


ကျိယွီရှောင်က ဘောင်းဘီအိတ်ကပ်ထဲမှ ဓားကို ထိလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။


ငါးမိနစ်ခန့်ကြာပြီးနောက် လူအားလုံး ရောက်လာပြီး ကျိကျန်းဟုန်၏လက်ထောက်က ကျိကျန်းဟုန်ကို သတိပေးလိုက်သည်။


ကျိကျန်းဟုန်က ကျိမူကို ကြည့်လိုက်သည်။


"လူစုံပြီးဆိုတော့ အစည်းအဝေးကို စကြတာပေါ့...ကျိမူက အရင်စပြောလိုက်..."


"ဟုတ်ကဲ့..."


သို့သော် ကျိမူ ဆက်မပြောမီ ကျိယွီရှောင်၏အသံကို ကြားလိုက်ရလေသည်။


"ခဏနေဦး..."


အသံက နူးညံ့သော်လည်း စိမ်းကားမှုများလည်း ပါ၀င်နေလေသည်။


ကျိမူက ကျိယွီရှောင်ကို ကြည့်လိုက်ပြီး မျက်လုံးချင်းဆုံသွားသောအခါ မသိစိတ်အရ ခေါင်းငုံ့လိုက်သည်။


ဒဏ်ရာက ထပ်မံနာကျင်လာပြန်ပြီဖြစ်သည်။


"ဒီနေ့အစည်းအဝေး မစခင်မှာ ကျွန်တော် ပြောပြစရာ ကိစ္စနှစ်ခုရှိတယ်..."


အခြားလူများက ကူရာမဲ့စွာဖြင့် ကျိယွီရှောင်ကို ကြည့်လိုက်ကြသည်။


ကျိကျန်းကောင်းက ကျိမူ၏စကား ဖြတ်ပြောခံလိုက်ရသည်ကို မြင်သောအခါ ထိုကိစ္စကကျိမူနှင့်ပတ်သတ်မည်ကို တွေးမိလိုက်ပြီး ကျိယွီရှောင်ကို ချက်ချင်းထောက်ခံပေးလိုက်သည်။


"ကောင်းပြီ ရှောင်ရှောင် ပြော..."


သူက ကုမ္ပဏီ၏ဒါရိုက်တာတစ်ဦးဖြစ်ရုံသာမက ကျိမိသားစု၀င်လည်း ဖြစ်သည့်အတွက်ကြောင့်ကျန်လူများက ကျိကျန်းကောင်းစကား နားထောင်ကြရလေသည်။


ကျိယွီရှောင်က ကျိမူကို ထပ်မံကြည့်လိုက်ရာ ကျိမူက စိုးရိမ်သောကရောက်လာလေသည်။


"ပြီးခဲ့တဲ့အောက်တိုဘာလက စပြီး အခုအချိန်ထိ ကုမ္ပဏီအမြတ်ငွေက ၁၀%လောက် ကျဆင်းသွားတယ်...ဒါကို ကြည့်ပြီး ကျိမူ ဈေးကွက်ရှာဖွေရေးဌာနကို ပြန်သွားပြီး ဈေးကွက်ရှာဖွေရေးဒါရိုက်တာလုပ်တာ ပိုသင့်တော်မယ်လို့ ထင်တယ်..."


ထိုစကားကို ကြားသောအခါ ကျိကျန်းယန်က စားပွဲခုံကို ရိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။


"မင်းကို ဘယ်သူက အဲ့အကြောင်း ပြောတာလဲ...ဒီနေရာမှာ မင်းပြောခွင့်ရှိတယ်လို့ ထင်နေတာလား..."


ကျိမူသည်လည်း ကျိယွီရှောင်က ကုမ္ပဏီကို ဂရုစိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။


သူ ဘာလုပ်ချင်တာလဲ...


သူ့အစ်ကိုနေရာကို ယူချင်တာလား...


ဒါဆို ဘာလို့ အရင်က တာ၀န်မယူခဲ့တာလဲ...


သူ အခုမှ ပြန်လာတာက ကျိလဲ့ယွီကြောင့်လား...


ဒါမှမဟုတ် တခြားအကြံတွေ ရှိနေတာလား...


ကျိယွီရှောင်က ကျိမူမျက်လုံးထဲမှ သံသယများကို ဂရုမစိုက်ပေ။ သူက ကျိကျန်းယန်ကို ကြည့်လိုက်သည်။


ကျိယွီရှောင်က ကျိကျန်းယန် ဦးနှောက်မကောင်းကြောင်း ခံစားရပြီး တည်ငြိမ်စွာ သတိပေးလိုက်သည်။


"ကျွန်တော်က ရှယ်ယာအများဆုံးပိုင်တဲ့သူ...ကျွန်တော်က ရှယ်ယာအကြီးဆုံးပိုင်ရှင်ပဲ...ဒါတောင် ပြောခွင့်မရှိဘူးလား..."


ထိုစကားထွက်လာသောအခါ ကုမ္ပဏီ၏ အလယ်တန်းနှင့်အထက်တန်း အမှုဆောင်များနှင့်အတွင်းရေးအချက်အလက်များကို မသိသည့်ဒါရိုက်တာအချို့က ကျိကျန်းဟုန်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြလေသည်။


ဒါကြောင့် ကျိယွီရှောင်က အဓိကထိုင်ခုံမှာ ထိုင်တာကို ကျိကျန်းယန်က ဘာမှမပြောတာလား...


ကျိကျန်းယန်က အဲ့ဒါကို သိပြီး လက်ခံထားတာလား...


"ဦးလေး မသိဘူးလား..."


ကျိယွီရှောင်က ထိုင်ခုံကို မှီကာ ပြောလိုက်သည်။


"ကျွန်တော့်အစ်ကို မဆုံးသွားခင် သူ့ရှယ်ယာတွေကို ကျွန်တော့်ဆီ လွှဲပေးခဲ့တာ...ကျွန်တော် ပိုင်တဲ့ရှယ်ယာတွေပါ ထပ်ပေါင်းလိုက်ရင် ရှယ်ယာအများဆုံးပိုင်ရှင်က ကျွန်တော့်အဖေမဟုတ်ဘူး...ကျွန်တော်ပဲ...ကျွန်တော်က ၀န်ထမ်းခန့်အပ်တာနဲ့ ထုတ်ပယ်တာလေးကိုတောင် လုပ်ပိုင်ခွင့်မရှိဘူးလား..."


လူတိုင်းက ချက်ချင်း အတွေးနက်သွားကြလေသည်။


မည်သူကမှ ပုံမှန်အစည်းအဝေးတွင် ထိုသို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားကြပေ။ ကျိကျန်းဟုန်က အမြဲတစေ ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်ပြီး ဥက္ကဋ္ဌရာထူးကို တာ၀န်ယူသော်လည်း ယခုမူ ကျိယွီရှောင်က ရုတ်တရက်ပေါ်လာပြီး ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်လာလေသည်။


ဒါရိုက်တာအချို့က မယုံကြည်သောကြောင့် တွက်ကြည့်ကြသောအခါ အမှန်ပင်ဖြစ်နေလေသည်။


ဥက္ကဋ္ဌဖြစ်သည့် ကျိကျန်းဟုန်က အငြိမ်ထိုင်မနေနိုင်တော့ပေ။


ကျိယွီရှောင်သာ ဆန္ဒရှိသရွေ့ သူက ဥက္ကဋ္ဌရာထူးကို ယူနိုင်ပေသည်။ မည်သူကမှ ကျိကျန်းဟုန်ကို ထောက်ခံပေးနိုင်မည် မဟုတ်ချေ။


ကျိကျန်းဟုန်က ရှက်ရွံ့လာပြီး ဒေါသထွက်လာ၏။


သူက ကျိယွီရှောင်ကို အဓိကထိုင်ခုံမှာ ထိုင်ခွင့်ပေးခဲ့တာက ဒီအကြောင်းကို လူတွေကို မသိစေချင်လို့လေ...အခု ကျိယွီရှောင်က အဲ့လိုပြောတော့ သူ့မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်တာ မဟုတ်ဘူးလား...


ထိုစဉ် ကျိမူက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။


"ကျွန်တော် လက်ခံပါတယ်...ကျွန်တော် ဈေးကွက်ရှာဖွေရေးဌာနကို ပြန်ဖို့ ဆန္ဒရှိပါတယ်..."


ကျိကျန်းယန် အံ့ဩသွားမိသည်။ 


ကျိမူက ကျိကျန်းယန်ကို စိတ်လိုက်မာန်ပါ မလုပ်ရန်အချက်ပြလိုက်သည်။


ကျိကျန်းကောင်းက ရုတ်တရက် ထပြောလိုက်၏။


"ကောင်းတယ်...အခု ယွီရှောင်က ပြန်လာပြီဆိုတော့ အထွေထွေမန်နေဂျာရာထူးကို ပြန်ပေးသင့်တာပေါ့...အရင်က ယွီလင်းက တာ၀န်ယူတယ်...အခု ယွီလင်းမရှိတော့ဘူးဆိုတော့ ယွီရှောင်က တာ၀န်ယူတာ တရားနည်းလမ်းကျတယ်...ဟားဟား..."


ထန်ကျားကျိ :"???!!!"


ထန်ကျားကျိ အံကြိတ်လိုက်သည်။ 


အရှက်မရှိလိုက်တဲ့ ကျိကျန်းကောင်း...အခု သူက ဒီမှာ ထိုင်နေတုန်းလေ...အဲ့ဒါကို သူ့ကို ပေးထားတဲ့ကတိကို မေ့သွားပြီတဲ့လား...


သေစမ်း...


သူက ကျိကျန်းဟုန်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ ကျိကျန်းဟုန်က မတ်တပ်ရပ်ပြီး ထိုစကားကို ငြင်းပယ်ရန် မျှော်လင့်လေသည်။


သို့သော် ကျိကျန်းကောင်းက ထိုသို့ပြောလာသောကြောင့် ကျိကျန်းဟုန်က ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။


သူက အဖေမလား...


အပြင်လူကတောင် သူ့သားကို ထောက်ခံတာ...သူက ဆန့်ကျင်ရင် ထူးဆန်းနေတယ်မလား...


အမှန်တွင် သူက ကျိကျန်းကောင်းစကားကို ထောက်ခံလေသည်။


ကျိယွီလင်းမရှိတော့ ကျိယွီရှောင်က သူ့နေရာကို တာ၀န်ယူတာ ဖြစ်သင့်တာပေါ့...ကျိယွီရှောင်ကမလုပ်ချင်လို့သာ ကျိမူကို ပေးလိုက်ရတာ...


အခု ကျိမူက ရာထူးပြန်ဆင်းသွားပြီး ကျိယွီရှောင်က အဲ့နေရာကို တာ၀န်ယူပြီ...အားလုံးက သူ့ အရင်အစီအစဉ်အတိုင်း ဖြစ်သွားပြီ...


ကောင်းတယ်...ကျန်တာကတော့ အိမ်ပြန်မှ ကျိယွီရှောင်နဲ့ ပြောတော့မယ်...


"ရှောင်မူ မင်းက ဈေးကွက်ရှာဖွေရေးဌာနကို ပြန်သွားဖို့ ဆန္ဒရှိမှတော့ ကျိယွီရှောင်က အထွေထွေမန်နေဂျာဖြစ်လာလိမ့်မယ်..."


ကျိကျန်းကောင်းက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။


ထန်ကျားကျိက ယင်းကို လက်မခံနိုင်ပေ။


သူက ဘယ်လောက်‌တောင် ကြိုးစားခဲ့ရလဲ...


ကျိယွီရှောင်ကို လွယ်လွယ်ပေးလိုက်တာ မဟုတ်ဘူးလား...


သူ့အဖေက သူ့ကို မေ့သွားတာလား...


အနာဂတ်မှာ ကျိဂရုက သူ့ဟာဖြစ်လာမယ်လို့ ပြောခဲ့တာကို မေ့သွားတာလား...


ထန်ကျားကျိက အံကြိတ်လိုက်ပြီး အစည်းအဝေးပြီးလျှင် ကျိယွီရှောင်နှင့် စကားပြောရန် ဆုံးဖြတ်လိုက်သည်။


အစည်းအဝေးခန်းထဲရှိ လူများက ကျိမိသားစု၏ကသောင်းကနင်းဖြစ်ရပ်ကို ကြည့်နေကြပြီး မည်သူကမှ ထန်ကျားကျိကို ဂရုမစိုက်ခဲ့ကြပေ။


အခု မင်းသားလေး ပြန်လာပြီ...ရှယ်ယာအများဆုံးပိုင်ပြီး အဖေကလည်း ဥက္ကဋ္ဌ...သဘာ၀အတိုင်း သူက ဥက္ကဋ္ဌရာထူးကို ဆက်ခံမဲ့သူပဲ...အခု ကျိမူကလည်း ကိုယ်တိုင်လက်နက်ချသွားပြီ...သူတို့ကထိုင်လက်ခုပ်တီးရုံပဲရှိတယ်...


ဒါရိုက်တာများက စကားလှလှလေးများ သုံးကာ ကျိယွီရှောင်ကို မြှောက်ပင့်နေပြီး ကျိယွီရှောင်ကလည်း ပြုံးကာ နား‌ထောင်နေလေသည်။


"အခု ပထမကိစ္စကို ဖြေရှင်းပြီးပြီဆိုတော့ ဒုတိယကိစ္စကို ဆက်ပြောပါမယ်..."


ပြောပြီးနောက် ကျိယွီရှောင်က ထန်ကျားကျိကို ကြည့်လိုက်သည်။


ထန်ကျားကျိ၏ခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းမြည်လာပြီး နှလုံးခုန်မြန်လာလေသည်။


“ထန်ကျားကျိ မင်းက လက်ထောက်အထွေထွေမန်နေဂျာရာထူးနဲ့ မထိုက်တန်ဘူး...မင်းက အာဏာကို အလွဲသုံးစား လုပ်ခဲ့တယ်...ကုမ္ပဏီရဲ့အကျိုးစီးပွားနဲ့ပုံရိပ်ကို ကာကွယ်ဖို့အတွက် မင်းကို အလုပ်ထုတ်တယ်...မင်းကို ထပ်ငှားရမ်းတော့မှာ မဟုတ်ဘူး..."


"မင်းမှာ အဲ့လိုလုပ်ဖို့ အခွင့်အရေးရှိလို့လား.."


ထန်ကျားကျိက ဒေါသတကြီး မတ်တပ်ထရပ်လိုက်ပြီး အော်လိုက်သည်။


သူက ကျိမိသားစုထဲ ၀င်ပြီး ဒီနေရာမှာ ထိုင်နိုင်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရလဲ...ကျိယွီရှောင်မှာ ဘာအရည်အချင်းရှိလို့ သူ့ကို အလုပ်ထုတ်တာလဲ...


သူ ကျိဂရုက ထွက်မသွားချင်ဘူး...


ကျိဂရုက သူ အမြဲတမ်း ပိုင်ဆိုင်ချင်နေတဲ့ဟာ...


ကျိယွီရှောင်. . .


ထန်ကျားကျိက လက်သီးဆုပ်လိုက်ပြီး နှလုံးသားထဲ၌ အမုန်းတရားများဖြင့် ပြည့်နှက်နေလေသည်။


ကျိယွီရှောင်ကို သနားလို့ လွှတ်ပေးထားတာကို သူ့ကို ပြန်ကိုက်တယ်ပေါ့။  


ကားမတော်တဆမှုမှာကတည်းက သေသွားသင့်တာ...


အဲ့ဒါမှ သူ့မျက်စိရှေ့ ထပ်ပေါ်မလာမှာ...



ကျိယွီရှောင်က တစ်ဖက်လူ၏မျက်နှာပေါ်မှတစ်ဆင့် တစ်ဖက်လူ၏ဒေါသများကို မြင်လိုက်ရပြီး ခံစားချက်ကောင်းမွန်လာကာ ရယ်မောလိုက်လေသည်။


သူက ကျိမူဘက်လှည့်ကာ ပြောလိုက်သည်။


"အခု မင်း အလုပ်အကြောင်း အစီရင်ခံလို့ရပြီ..."


"ကျိယွီရှောင်..."


ထန်ကျားကျိက ဒေါသတကြီး အော်လိုက်သည်။


"ဘာလို့ ငါ့ကို အလုပ်ထုတ်ချင်တာလဲ..."


သူက အလွန်ဒေါသထွက်နေလေသည်။


ကျိယွီရှောင်က အခု ဘာလုပ်ချင်နေတာလဲ...


သူ့ကို လျစ်လျူရှုနေတာလား...


ထန်ကျားကျိ၏မျက်နှာက ပိုမိုပျက်ယွင်းလာလေသည်။


အကုန် တူတူပဲ...


သူတို့အားလုံး အတူတူတွေကြီးပဲ...


အားလုံးက မြင့်မြတ်သလို၊ လူတွေ မမှီနိုင်တဲ့အဆင့်ရောက်နေသလို ပြုမူနေကြတာ...


သူ့ကိုလည်း သူတို့အချိန်တွေကို ဖြုန်းနေတဲ့လူလို ကြည့်နေကြတာ...


သူ့ကို မြေပြင်ပေါ်က ပုရွတ်ဆိတ်လိုမျိုး ကြည့်နေကြတာ...အထင်သေးနေကြတာ...


"မင်းမှာ ဘာအရည်အချင်းရှိလို့ ငါ့ကို အလုပ်ထုတ်တာလဲ...မင်းက ဥက္ကဋ္ဌမို့လို့လား...မင်းက ကုမ္ပဏီအတွက် ဘာလုပ်ပေးဖူးလို့လဲ...ငါက အောင်းယွီနဲ့ ပူးပေါင်းခဲ့တာ...ငါ့ကို အခု အလုပ်ထုတ်လိုက်ရင် အောင်းယွီက လက်ခံမယ်ထင်လို့လား..."


ကျိကျန်းဟုန်က ထန်ကျားကျိကို တစ်ချက်ကြည့်လိုက်ပြီး ကျိယွီရှောင်ရှေ့တွင် စကားအများကြီး မပြောစေချင်သောကြောင့် ပြောလိုက်သည်။


"ကောင်းပြီ ရှောင်ထန်...မင်း အရင်ထွက်သွားနှင့်...အလုပ်ကိစ္စကိုတော့ နောက်မှ ‌ဆွေးနွေးကြတာပေါ့..."


"အခု ပြောမယ်..."


ကျိယွီရှောင် ပြောလိုက်သည်။


"အောင်းယွီဘက်ကိုတော့ ငါ တာ၀န်ယူတယ်...လက်ထောက်အထွေထွေမန်နေဂျာထန် မင်း ပစ္စည်းတွေကို ထုတ်ပိုးပြီး ကုမ္ပဏီက ထွက်သွားလိုက်တော့..."


"မင်း တာ၀န်ယူမှာလား..."


ထန်ကျားကျိ လှောင်ရယ်လိုက်သည်။


"မင်း တာ၀န်ယူရင် အောင်းယွီဘက်ကရော သဘောတူမှာတဲ့လား...ပူးပေါင်းဆောင်ရွက်မှုက တစ်၀က်ပဲပြီးသေးတာ...တစ်ဖက်လူ လူပြောင်းသွားရင် ကျန်တဲ့တစ်ဖက်က သဘောတူမှာတဲ့လား..."


"ရှောင်ရှောင် ရှောင်ထန်ပြောတာ အဓိပ္ပာယ်ရှိတယ်...အလောတကြီး မလုပ်ပါနဲ့...ငါတို့ ဒီကိစ္စကိုအစည်းအဝေးပြီးမှ ဆက်ဆွေးနွေးကြတာပေါ့..."


အဖေကျိက ဖြောင်းဖြရန် ကြိုးစားလိုက်သည်။


"မလိုပါဘူး..."


ကျိယွီရှောင်က ကျိမူဘက်လှည့်ကာ ပြောလိုက်သည်။


"မင်း အရင်က အောင်းယွီနဲ့ဆက်သွယ်ဖူးတော့ အောင်းယွီကိုယ်စားလှယ်ရဲ့ ဖုန်းနံပါတ်ရှိမှာပေါ့...အခု သူ့ဆီ ဆက်သွယ်လိုက်..."


ကျိမူက အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း ကျောက်ချန်ကို ဖုန်းခေါ်လိုက်သည်


ကျောက်ချန်က ဖုန်းကောလ်ကို မြင်သောအခါ ချက်ချင်း ခေါင်းကိုက်လာသည်။


ဒီလောက် ကြာနေပြီ...ကျိမူက ဘာလို့ သူ့ဆီကို ဖုန်းဆက်နေရသေးတာလဲ...


နောက်ဆုံးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်သောကြောင့် ဖုန်းကိုင်လိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်၏။