Chapter 239
ဒုတိယ အခန်းအတွက် နောက်ခံမှာ မပြောင်းလဲပါချေ။ ၄င်းက လုမင်၏ အိမ်ပင်ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် ရှန်းဝမ်က ဖူရှီကို ပြန်ခေါ်လာပြီး လုမင်နှင့် စကားများသောအခန်းပင်။
ရှန်းဝမ်က လုမင်အား ဖူရှီကို သူ့၏ အရှေ့တံခါးတွင် ထားခဲ့ခြင်းအတွက် တာဝန်မယူတတ်ဟု စွပ်စွဲကာ လုမင်က ရှန်းဝမ်အား သူတော်ကောင်းဟန်ဆောင်သည်ဟု ပြန်လည်ပြောဆိုနေသည်။ သို့မဟုတ်ပါက သူ့အမေကို ကူရှာပေးရမည့်အစား အဘယ့်ကြောင့် ပြန်ခေါ်လာမည်နည်း။
သူတို့နှစ်ဦးက အချင်းချင်းစတင် ငြင်းခုန်နေချိန် ဖူရှီကသူ့ OCDကို ထိန်းမရတော့ပဲ လုမင်၏ အိမ်ကို စတင် ရှင်းလင်းလိုက်သည်။
ဤအခန်း၏ အဓိက သော့ချက်မှာ လုမင်နှင့် ရှန်းဝမ် အချင်းချင်းအော်ဟစ်နေကြသော စကားများပင်။ အကျဉ်းချုပ်ဆိုရသော် ဖူရှီက စကားတစ်ခွန်းမှမဆိုရသည့် နောက်ခံတစ်ခုအဖြစ်သာ ပါဝင်နေပြီး အိမ်အလုပ်များ ပြုလုပ်ခြင်းနှင့်သာ ပြီးဆုံးသွားလေသည်။
လင်းလော့ချင်းက သူ့၏ အင်္ကျီလက်များကို ခေါက်ကာ အဝတ်များကို စတင်ခေါက်ပြီး ဆိုဖာပေါ် တင်လိုက်သည်။ သူက ၄င်းကို အလွန် ကျွမ်းကျင်စွာ ပြုလုပ်နေရာ အဝတ်လျှော်ခြင်းကို နေ့စဉ်မှန်မှန် ပြုလုပ်နေသူတစ်ဦးနှင့် တူပေသည်။
လင်းလော့ချင်းက နောက်ဆုံးတွင် အဝတ်အားလုံးကို ခေါက်ပြီးသွားနောက် ဟို့ဝမ်ယွီက အော်ရယ်လိုက်သည်။
"ဟားဟားဟားဟား... ငါ မထိန်းနိုင်တော့ဘူး... တောင်းပန်ပါတယ်... ဒီစာကြောင်းက အရမ်းရယ်ရတယ်... ငါ့ကို ပြန်လုပ်ခွင့်ပေးပါ..."
သူက ဇာတ်ကောင်အဖြစ် စိတ်သွင်းရန် ပြင်ဆင်နေစဉ် လင်းလော့ချင်းက သူခေါက်ထားသော အဝတ်များကို တိတ်တဆိတ် ပြန်ဖြန့်လိုက်ပြီး ယခင်နေရာသို့ ပြန်ထားလိုက်သည်။
ဟို့ဝမ်ယွီက ခေါင်းညိတ်ပြလိုက်ရာ ကင်မရာသမားများက ထပ်မံရိုက်ကူးလာတော့သည်။
သူက ဝမ်ကျစ်မင်းကို လက်ညိုးထိုးကာ ဆိုလိုက်သည်။
"မင်းက အမြဲတမ်း ဒီအတိုင်းပဲ... ငယ်ငယ်လေးကတည်းက တာဝန်မယူတတ်ဘူး..."
ဝမ်ကျစ်မင်းက တုံ့ဆိုင်းခြင်းမရှိကာ အလွန်အကျွံမပြုလုပ်မိစေရန် သရုပ်ဆောင်လိုက်ပြီး ပြန်ပြောလိုက်သည်။
လင်းလော့ချင်းက တိတ်တဆိတ် အင်္ကျီလက်ကို ခေါက်ကာ အဝတ်များကို တစ်ခုပြီးတစ်ခု စတင်ခေါက်လိုက်ပြီး ဆိုဖာပေါ်တွင် တစ်ခုပြီးတစ်ခု ထပ်ကာ ပုံထားလိုက်သည်။
မကြာမီမှာပင် ဝမ်ကျစ်မင်းသည်လည်း သူ့စာကြောင်းများကို ပြောဆိုလိုက်သည်။ သူက စာကြောင်းများကို အကြိမ် အလွတ်ရွတ်ဆိုကာ ရပ်တန့်ပြီး အလွတ်ထပ်ရွတ်ပြီးနောက် ထပ်မံစတင်လိုက်ပြန်သည်။
ထိုအခန်းမှာ ပြီးမြောက်ရန် ငါးကြိမ်မျှကြာပြီး လင်းလော့ချင်းက တိတ်တဆိတ် အဝတ်များကို ပြန်ဖြန့်လိုက် ပြန်ခေါက်လိုက် အကြိမ်ကြိမ် ပြုလုပ်ကာ ကြားထဲတွင် ကြမ်းကို ၂ကြိမ်မျှ တံမြက်စည်း လှည်းလိုက်သည်။
ရန်ဖြစ်နေသည်က ဇာတ်ရှိန်တက်လာကာ ရှန်းဝမ်က ဆိုလိုက်သည်။
"သာမန်လူတစ်ယောက်ကရော ဒီဝက်ခြံထဲမှာ နေမှာတဲ့လား..."
လင်းလော့ချင်းက တောက်ပလာသော ဧည့်ခန်းထဲတွင်ရပ်နေပြီး ရှန်းဝမ်က ခေါ်လာသည့်အချိန်အထိ ခေါင်းမော့မလာချေ။
"ရှောင်ရှီ..."
ထိုအချိန်မှသာ သူက စိတ်ပျက်မှုအပြည့်နှင့် အမူအရာဖြင့် ခေါင်းမော့ပြီး ကြမ်းပြင်ကို တံမြက်စည်းဆက်လှည်းနေကာ ပြန်ဖြေလိုက်သည်။
"နှစ်ယောက်သား ဆက်ပြီး ရန်ဖြစ်ကြလေ..."
ရှန်းဝမ် - ...
လုမင် - ...
ရှန်းဝမ်က ၄င်းမှာ နေရခက်သည်ဟု ခံစားရသော်လည်း လုမင်မှာ တက်ကြွသွားလေသည်။
သူ့နေရာလေးကို ကြည့်ပါဦး... သူ့တူလေးကတော့ ငယ်ငယ်ကအတိုင်း ကြိုးစားတတ်တာပဲ...
သို့ဖြစ်၍ သူက စိတ်ချသွားသည်ဟု ခံစားရပြီး ဆက်လက် ငြင်းခုန်နေ၏။
ဤအခန်း၏ အဓိကမှာ လုမင်နှင့် ရှန်းဝမ်ဖြစ်သော်လည်း ဒါရိုက်တာလီမှာ လင်းလော့ချင်းအား အတန်ကြာပြီးလျှင်တစ်ခါ လှမ်းမကြည့်ပဲ မနေနိုင်ပါပေ။
၄င်းမှာ တစ်ခြားအရာကြောင့်မဟုတ်ပဲ လင်းလော့ချင်းမှာ ဇာတ်ကောင်စရိုက်တွင် အလွန် စိတ်ကပ်နေနိုင်သော မင်းသားတစ်ယောက်ဖြစ်ပုံရ၍ပင်။
အဲ့ဒါက ဘာဆိုလိုတာလဲ...
၄င်းမှာ အချိန်တစ်ခုနှင့် နေရာတစ်ခုတွင် သူက ဇာတ်ကောင် စရိုက်အလိုက် သရုပ်ဆောင်ပေးကာ သူ့အတွက် ဇာတ်ညွှန်းတွင် မည်သည့်တာဝန်မှ မပေးအပ်ထား၍ အလကားထိုင်နေသည့်အစား ဇာတ်ကောင်ကို ဖြည့်စွက်ပေးခြင်းပင်။
ဤအခန်းတွင် "အိမ်အလုပ်များ လုပ်ခြင်း"ဟူသော စကားလုံးများထက် လင်းလော့ချင်းအတွက် တခြားသော ညွှန်ကြားချက်မရှိပါပေ။
လူငယ် မင်းသားများစွာက ထိုအခန်းကို ဝတ်ကျေတမ်းကျေ အပြီးသတ်မည်ဖြစ်၏။ မည်သို့ပင်ဆိုစေ သူတို့က အဓိက မဟုတ်ပဲ နောက်ခံတွင် တစ်ခါတစ်ရံမှသာ ရိုက်ကူးခံရပေမည်။ သို့ဖြစ်၍ သူတို့အပေါ်သို့ ကင်မရာရွေ့လာသည့်အခါ ညွှန်ကြားထားသည့်အတိုင်း ပြုလုပ်လျှင် လုံလောက်ပြီ ဖြစ်သည်။
သို့သော် လင်းလော့ချင်းမှာ ကွဲပြားပြီး အတန်ပင် စုစုစည်းစည်း ရှိလှ၏။ သူက အရင်ဆုံး အဝတ်များကိုခေါက်ကာ ကြမ်းပြင်ကို တံမြက်စည်းလှည်းပြီးနောက် ကြမ်းတိုက်နေလေသည်။
သူက ရိုက်ကူးခြင်း မခံရသည့်အချိန်မှာပင် အိမ်အလုပ်များကို ဆက်လက် လုပ်ကိုင်နေသည်။ ကင်မရာက သူ့ဘက်သို့ ရွေ့လာသည့်အခါ သူက မော့ပင်မကြည့်သလို မည်သူမျှလည်း သတိပေးရန် မလိုပေ။ သူက လုပ်စရာရှိသည်ကို အစဉ်အတိုင်းပြုလုပ်နေကာ သူ့သရုပ်ဆောင်မှုအား အလွန်သဘာဝ ကျစေသည်။ သူ့အတွက် စိတ်ပူစရာ လုံဝ မရှိပါချေ။
ထို့အပြင် ဒါရိုက်တာလီသည်လည်း လင်းလော့ချင်း၏ မှတ်ဉာဏ်က အမှန်ပင် ကောင်းလှသည်ကို တွေ့လိုက်ရသည်။ သူ့၏ အနေအထားနှင့် သူရပ်နေသောနေရာများ၊ လုပ်ဆောင်ချက်များမှာ အပြစ်ကင်းလှ၏။
သူက အဝတ်အစားတစ်ခုစီတိုင်းက မည်သည့်နေရာတွင် ရှိနေသည်နှင့် မည်သည့်နေရာသို့ ပစ်လိုက်သည်ကို ပြန်အမှတ်ရနိုင်သည်။ သို့ဖြစ်၍ ဝမ်ကျစ်မင်းနှင့် ဟို့ဝမ်ယွီတို့ ပြန်လည် စတင်ရန်လိုအပ်သည့် အချိန်တိုင်းတွင် သူက အဝတ်အစားများကို မူလနေရာသို့ပြန်ထားရန် အဖွဲ့ဝင်များ၏ အကူအညီ မလိုပါပေ။
ဒါရိုက်တာလီမှာ သေချာ လှည့်ကြည့်ပြီး စစ်ဆေးလိုက်ရာ ပြောင်းလဲစရာမလိုပါချေ။
ကင်မရာအနေအထားနှင့် သူ့၏ ကိုယ်ပိုင်အနေအထားအပေါ်တွင် အထူးသတိထားမှုကို ထပ်ပေါင်းပါက သူ့၏ အပြုအမူများနှင့် လှုပ်ရှားမှုများအားလုံးမှာ ရိုက်ကူးရေးအစက ဒါရိုက်တာလီက သူ့အား ညွှန်ကြားခဲ့သည့်အတိုင်း ကောင်းမွန်စွာ ကန့်သတ်ထားလေသည်။ သူက ကင်မရာ၏ ရိုက်ကူးမှုနှင့် ဆုံချက်ကို မနှောင့်ယှက်ပဲ ရိုက်ကူးခံနိုင်ပေသည်။
ဤသို့ဖြင့် နောက်ဆုံးတွင် ထိုအခန်းမှာ ပြီးမြောက်သွားပြီး လင်းလော့ချင်းမှာ အဓိက ခေါင်းဆောင် နှစ်ဦးထက် ပို၍ လုပ်ခဲ့ရပြီး ပို၍ ပင်ပန်းသော်လည်း ထိုအချိန်တွင် ကင်မရာရှေ့၌ သူက ဘာမှမလုပ်ခဲ့ရသည့်ပုံရပေသည်။ ဝမ်ကျစ်မင်းနှင့် ဟို့ဝမ်ယွီတို့ အမှားလုပ်သည့် အချိန်တိုင်းတွင် သူက မည်သည့် ညည်းညူချက်မှ မရှိပဲ မူလအနေအထားသို့ တိတ်တဆိတ် ပြန်ရောက်သွားသည်။
ထိုကဲ့သို့ လုပ်သာလုပ်၍ စကားမပြောသော ဖူရှီ၏ စရိုက်နှင့် အကျင့်မှာ အလွန်ပင် ပေါ်လွင်ထင်ရှားပေသည်။ ဤလူငယ်ပေါ်ရှိ ဒါရိုက်တာလီ၏ စိတ်ဝင်စားမှုနှင့် ထင်မြင်ချက်မှာ အလွန်ကောင်းမွန်နေပြီး လင်းလော့ချင်းသည်လည်း အလွန်ငယ်ရွယ်သေး၏။ ၄င်းမှာ ယနေ့လူ့အသိုင်းအဝိုင်းတွင် ကြုံရခဲပေသည်။
လင်းလော့ချင်းမှာ အမှန်တကယ်တွင် အလွန်ပင်ပန်းနေလေပြီ။
ဒီိလောက် လုပ်ပြီးတာတောင် သူက ဘယ်လိုလုပ်ပြီး မပင်ပန်းပဲ နေမှာလဲ...
သို့ဖြစ်၍ သူတို့က နောက်ဆုံးတွင် သူတို့၏ အနားယူရာ နေရာသို့ပြန်ရောက်သည့်အခါ သူက ထိုင်ခုံပေါ်သို့ လုံးဝ ပုံကျသွားလေသည်။ ရှောင်ဝမ်က သူ့၏ စိတ်အခြေအနေကို ကြည့်ကာ သူ့နောက်ကျောနှင့် ပခုံးကို ကူနှိပ်ပေးလိုက်သည်။ လင်းလော့ချင်းက ရေတစ်ငုံခန့်သောက်ကာ သူ့၏ ပြုစုမှုကို ခံယူလိုက်သည်။ ထိုအချိန်တွင် သူက အဘယ်ကြောင့် လူတိုင်းက အရင်းရှင်တစ်ဦးဖြစ်လိုသည်ကို နားလည်သွား၏။ တခြားလူများ ပြုစုပေးခြင်း ခံရသည်က အမှန်ပင် ကောင်းလှသည်။
"မဆိုးပါဘူး.... ငါ နောက်မှ မင်းအတွက် စာအိတ်နီတစ်လုံးပေးမယ်...."
သူက ခေါင်းမော့ကာ ရှောင်ဝမ်ကို ဆိုလိုက်သည်။
ရှောင်ဝမ်မှာ တက်ကြွသွားပြီး ပို၍ပင် ကြိုးကြိုးစားစားနှင့် အားထည့်ပြီး နှိပ်လိုက်ရာ လင်းလော့ချင်းက အော်ဟစ်လိုက်သည်။
"ဖြည်းဖြည်း... ဖြည်းဖြည်း... အဲ့လောက် စိတ်လှုပ်ရှားနေစရာ မလိုပါဘူး..."
ရှောင်ဝမ်က သူ့ကိုယ်သူ သတိပြုမိသွားကာ နောက်ဆုတ်လိုက်သည်။ သူက တောင်းပန်ပြီး သူ့၏ ယခင်ခွန်အားနှင့် ပြန်နှိပ်ပေးလိုက်သည်။
လင်းလော့ချင်းက ဖုန်းကို ယူကာ ကျိယွီရှောင်ကို စာပို့လိုက်သည်။
[ဒီနေ့က ခန္ဓာကိုယ် စစ်ဆေးရမဲ့နေ့နော်... မမေ့နဲ့...]
ထုံးစံအတိုင်း ကျိယွီရှောင်က မမေ့ပါချေ။ သူက မမေ့ရုံသာမက သူနှင့်အတူ ဆေးရုံသို့ ပစ္စည်းနှစ်ခုကို ယူလာလိုက်သည်။
"ဒါက..."
ဝေ့ကျွင်းဟယ်က သူ့ဆီသို့ ကမ်းပေးလာသော အိတ်များကို ကြည့်လိုက်သည်။
"ဆံပင် နှစ်ေချာင်း.... ငါ့ကို DNA စစ်ဖို့ ကူညီပေးဦး... ဒီနှစ်ယောက် သွေးသား ဆက်နွယ်မှုရှိနေလား ကြည့်ပေး..."
ဝေ့ကျွင်းဟယ်မှာ ကြောင်အသွားပြီး ကျိယွီရှောင်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
"မင်း ဘယ်သူ့ကို သံသယဝင်နေတာလဲ..."
ကျိယွီရှောင်က ပြန်မဖြေပါပေ။
ဝေ့ကျွင်းဟယ်မှာ မှန်းဆထားပြီး ဖြစ်၏။
"မင်းအဖေလား..."
ကျိယွီရှောင်က နောက်ဆုံးတွင် တုံ့ပြန်ကာ ဆိုလိုက်သည်။
"မကြာခင်မှာ သူက ငါ့အဖေလား ဒါမှမဟုတ် တခြားသူတစ်ယောက်ရဲ့အဖေလားဆိုတာ သိရတော့မှာ..."
ဝေ့ကျွင်းဟယ်၏ လက်များက တင်းတင်းဆုပ်ထားကာ သူ့အကြည့်က မဲမှောင်သွားလေသည်။
သူက ခေါင်းငုံ့ကာ သူ့မျက်လုံးထဲမှ ဂရုဏာကို ကျိယွီရှောင်မြင်သွားမည်ကို ကြောက်ရွံ့နေ၏။
"ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဖြစ်သွားတာလဲ..."
ဝေ့ကျွင်းဟယ်မှာ နားမလည်နိုင်ချေ။
"ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ... ဒီကိစ္စက... မင်းအစ်ကိုရဲ့ မတော်တဆမှုနဲ့ဆိုင်တာလား..."
ကျိယွီရှောင်က ရွဲ့ကာ သရော်လိုက်သည်။
"မဆိုင်ရင် ငါက ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေမှာ အချိန်တွေ အကုန်ခံနေပါ့မလား..."
ကိစ္စများမှာ ဤအနေအထားထိ ဖြစ်လာပြီး ဖြစ်ရာ ကျိယွီရှောင်က သူနှင့် အဖေကျိ၏ ဆက်ဆံရေးကို ဂရုမစိုက်တော့ပါချေ။ သူက ထိုလူကြီးမှာ ဖောက်ပြန်ထားသည်လား တရားမဝင် ကလေးမွေးထားခဲ့သည်လားကိုပင် စိတ်မပူတော့ပေ။ သူဂရုစိုက်သည်မှာ ထန်ကျားကျိက သူ့အစ်ကိုကိုသတ်သည့် လူသတ်သမားလားဆိုသည်ကိုပင်။
ကျိကျန်းဟုန်က အဲ့လူသတ်မှုကို ဖုံးပေးထားတာလား...
အဲ့လူက သူ့အမေ အသက်ရှင်နေတုန်းမှာ ဖောက်ပြန်ခဲ့တာလား...
သူက အမေ့ကို ထိခိုက်စေပြီးတော့ သူ့ အစ်ကိုနဲ့ မရီးကိုပါ သတ်ခဲ့တာလား...
ထန်ကျားကျိနဲ့ ကျိကျန်းဟုန်တို့က သူတို့သေသေရှင်ရှင် ဘယ်ဂရုစိုက်မှာလဲ...
ဝေ့ကျွင်းဟယ်က သူ့၏ အေးစက်သောအမူအရာကိုကြည့်ကာ အိတ်နှစ်ခုကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
"ငါ ဒါကို မင်းအတွက် တတ်နိုင်သလောက် မြန်မြန် လုပ်ပေးမယ်..."
"ဟုတ်ပြီ..."
"ယွီရှောင်... ဘာပဲဖြစ်ဖြစ် မင်းစိတ်အေးအေးထားဖို့ လိုတယ်... ယင်းကျယ်၊ ကျွမ်းယွဲ့နဲ့ ငါတို့ကတော့ မင်းအတွက် အမြဲရှိနေမှာပါ... မင်းက ဘာစွန့်စားမှုမှ ယူလို့မရဘူးနော်... နားလည်လား..."
"ငါသိပါတယ်..."
ကျိယွီရှောင်က ခေါင်းမော့ကာ သူ့သူငယ်ချင်းကို ကြည့်လိုက်သည်။
"နားလိုက်ဦး... ငါ မတော်တဆဖြစ်တာကနေ နိုးလာပြီး ရှောင်ယွီက အသက်ရှင်နေသေးတယ်ဆိုတာသိတော့ ထင်ရာစိုင်းဖို့ အရည်အချင်း မရှိတော့ဘူး... အခုဆိုရင်တော့ ပိုတောင် နည်းသွားပြီပေါ့..."
"ငါ့ကိုယ်ငါ ကောင်းကောင်း ဂရုစိုက်ပါမယ်... စိတ်မပူပါနဲ့..."
"ကောင်းတယ်..."
ဝေ့ကျွင်းဟယ်က သူ့ကို ကြည့်လိုက်သည်။
"ဟုတ်တယ်.... လော့ချင်းရော... သူမင်းနဲ့ အတူလိုက်မလာဘူးလား..."
"သူက နောက်ထပ်ရုပ်ရှင်တစ်ခု ရိုက်စရာ ရှိနေလို့..."
ကျိယွီရှောင်က တည်ငြိမ်စွာဆိုလိုက်သည်။
ဝေ့ကျွင်ဟယ်က ကြောင်အသွား၏။ လင်းလော့ချင်းက ကျိယွီရှောင်အတွက် အလွန်အကျူး စိတ်ပူသည့် ပုံနှင့်ဆိုပါက ဤအကြောင်းသိလျှင် စိတ်မထင့်ပဲ ရုပ်ရှင်ရိုက်နေနိုင်မည်မဟုတ်ချေ။
"မင်းသူ့ကို မပြောထားဘူးလား..."
သူက မှန်းဆလိုက်သည်။
"မလိုပါဘူး..."
ကျိယွီရှောင်က တည်ငြိမ်စွာဆိုလိုက်သည်။
"သူ့မှာလည်း သူ့ကိုယ်ပိုင် လုပ်စရာတွေ ရှိတယ်လေ... ဒီလို ညစ်ပတ်တဲ့ အကြောင်းပြချက်နဲ့ သူက ဒီအရှုပ်ထဲကိုဝင်ပါစရာ မလိုပါဘူး..."
"ဒါပေမဲ့..."
ဝေ့ကျွင်းဟယ်မှာ သူ့ကိုကြည့်ပြီး တစ်ကိုယ်တည်း တွေးတောလိုက်၏။
ဒီအချိန်က မင်းသူ့ကို အလိုအပ်ဆုံး အချိန်မဟုတ်ဘူးလား...
သို့သော် ကျိယွီရှောင်၏ အမြင်မှ ဆိုလျှင် မဟုတ်ပါပေ။
သူက မာနကြီးကာ ထောင်လွှားတတ်သော အမျိုးသားတစ်ဦးပင်။ သူက လင်းလော့ချင်းက သူ့အားစိတ်ပူပြီး သူနှင့်အတူ အန္တရာယ် ကျရောက်ရန်မဆိုထားနှင့် လင်းလော့ချင်းအား ဤအရာများကိုပင် မသိစေလိုပေ။
သူ့အတွက်မူ သူချစ်ရသောလူက ပျော်ရွှင်ကာ အပူအပင်ကင်းကင်း နေနိုင်သည်ထက် ဘာမှ ပို၍ မလိုချင်ပါပေ။ သူက လင်းလော့ချင်း၊ ကျိလဲ့ယွီနှင့် လင်းဖေးတို့အား လေဒဏ်၊ မိုးဒဏ်ပင် မခံရစေလိုချေ။ သူက သူတို့အား ပြတင်းပေါက်အပြင်တွင်ဖြစ်နေသော လေမုန်တိုင်းကြီးအကြောင်း မသိစေလိုပဲ သူ့၏ တောင်ပံများအောက်တွင် ဘေးကင်းပျော်ရွှင်နေစေလို၏။
သူက လင်းလော့ချင်းအား သူ့၏ လက်စားချေခြင်းတွင် အဖော်ပြုရန် မည်သည့်အခါမှ မတွေးခဲ့ဖူးပေ။ ထိုကောင်လေးမှာ သူ့၏ တာဝန်များနှင့် ဖိအားများကို သယ်ဆောင်ရန် မလိုချေ။
သူက လင်းလော့ချင်းအား လင်းလော့ချင်းသာ ဖြစ်စေရန် မျှော်လင့်၏။ သူကသာ လင်းလော့ချင်း၏ ဖိအားများနှင့် ပူပန်မှုများကို သယ်ယူလိုသည်။ သူကသာ လင်းလော့ချင်းဖြစ်လာသမျှ ပြဿနာများကို ကူညီဖြေရှင်းပေးလိုပြီး လင်းလော့ချင်းအား သူ့၏ တာဝန်များနှင့် ဖိအားများအတွက် စိတ်ပူရန် မလိုလားချေ။
ဝေ့ကျွင်းဟယ်မှာ သူ့၏ သူငယ်ချင်းဟောင်းတစ်ဦးဖြစ်သည်။ သူတို့က နှစ်ပေါင်းများစွာ အတူတကွ ကုန်ဆုံးခဲ့၍ သူက သဘာဝအလျောက်ပင် ကျိယွီရှောင်၏ စရိုက်ကို နားလည်ပေသည်။
"ဒါပေမဲ့ လင်းလော့ချင်းသာ သိသွားရင် သူက မင်းနဲ့ ထိပ်တိုက်တွေ့မယ်ထင်တယ်..."
"အဲ့ဒါဆိုလည်း သူ့မသိအောင် လုပ်လို့မရဘူးလား..."
ကျိယွီရှောင်က တည်ငြိမ်စွာဆိုလိုက်သည်။
"ဒီကိစ္စအခြေကျသွားရင် ငါသူ့ကို ပြောမှာပါ... အကုန်လုံး သိရပြီဆိုရင် ငါက သူ့ကို သိခွင့်ပေးလိုက်မှာ... ငါက ငါ့အစ်ကိုအတွက် ဒဏ်ခတ်ပြီးပြီ... အဲ့ဒါက မကောင်းဘူးလား..."
"ယွီရှောင်... သမီးရည်းစား ဆက်ဆံရေးနေနေ အိမ်ထောင်ရေးနေနေ ဒီလိုကိစ္စမျိုးဆိုတာ နှစ်ဖက်စလုံး အတူတူ မျက်နှာချင်းဆိုင်ဖြေရှင်းသင့်တယ်... ငါက မင်းကိုကာကွယ်ပေးချင်လို့ အကုန်လုံးကို တစ်ယောက်တည်း ရင်ဆိုင်မယ်ဆိုတာမျိုးက မင်းအတွက်လည်း မကောင်းဘူး... မင်းရဲ့ ဇနီးက အဲ့ဒါကို ကြိုက်မှာမဟုတ်ဘူး..."
"ငါသိပါတယ်..."
ကျိယွီရှောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။
လင်းလော့ချင်း၏ စရိုက်နှင့်ဆိုပါက သူက သေချာပေါက် အရာရာတွင် သူ့အားအဖော်ပြုပေးလိုမည်ကို သူသိပေ၏။
သို့သော် ထို့ကြောင့်ပင် သူက လင်းလော့ချင်းအား ပို၍ သိခွင့်မပြုခြင်းပင်။
"နောက်ဆုံးကျရင် ငါ့အစ်ကိုရဲ့ သေဆုံးခြင်း အကြောင်းအရင်းနဲ့ အဆုံးသတ်က ငါတို့ ကျိမိသားစုရယ် မျိုးရိုးနာမည် ကျိရှိတဲ့လူတွေနဲ့ပဲဆိုင်တယ်... သူနဲ့ ဘာမှမဆိုင်ဘူး... ငါသူနဲ့ လက်ထပ်တာက သူ့ကို ဒီမုန်တိုင်းကြီးထဲ ဝင်ပါတာအပြင် ဘာမှ အကျိုးမပေးဘူး... ငါ သူ့ကို ဒီထက်ပိုပြီး ဆွဲမထည့်နိုင်ဘူး..."
"ဒီကိစ္စကြောင့် သူပါ ပါဝင်ပြီး အန္တရာယ်တစ်ခုခုဖြစ်လာရင် ငါ့ကိုယ်ငါ ဘယ်တော့မှ ခွင့်လွတ်နိုင်မှာမဟုတ်ဘူး..."
"ဒါပေမဲ့ သူက သိတောင်မထားရင် သူ့ကိုယ်သူ ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်မှာလဲ..."
ဝေ့ကျွင်းဟယ်က သူ့ကို သတိပေးလိုက်သည်။
"မင်းအဲ့ဒါကို စိတ်ပူစရာမလိုပါဘူး... ငါသူ့ကို တစ်ခုမှ ဝန်မခံဖူးပေမဲ့ သူက ဉာဏ်ကောင်းတဲ့ လူပါ... သူက ငါ့အဖေအကြောင်း စပြီး သံသယဝင်စပြုနေပြီ...ပြီးတော့ ထန်ကျားကျိကိုလည်း ငါ စောင့်ကြည့်ထားပြီးပြီ... ငါသူ့ရဲ့ လှုပ်ရှားမှုတွေကို တခြားလူတွေထက် ပိုသိထားတယ်... ငါသူ့ကို လင်းလော့ချင်းကို ချဉ်းကပ်ဖို့ အခွင့်အရေး ပေးမှာမဟုတ်ဘူး... သူ့ရဲ့ သက်တော်စောင့်ကလည်း ထန်ကျားကျိရှိနေတာကို သိလို့ သူတို့ အချင်းချင်း ဆက်ဆံဖို့ လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး..."
ကျိယွီရှောင်က သူ့သူငယ်ချင်းကိုကြည့်လိုက်သည်။
"မင်းငါ့ကို ဘာပြောချင်တာလဲ ငါသိတယ်... မင်းပြောတာမှန်ပါတယ်... ငါမင်းပြောတာလည်း လက်ခံတယ်... ဒါပေမဲ့ ငါအဲ့လို မလုပ်နိုင်ဘူး... ငါအဲ့လိုသာလုပ်နိုင်ရင် ငါက မင်းသိပြီး ခင်ခဲ့တဲ့ ကျိယွီရှောင်ကို ဘယ်ဟုတ်တော့မလဲ..."
ဝေ့ကျွင်းဟယ်က သူ့ကို နားထောင်ပြီး ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်သည်။
၄င်းက အမှန်ပင်။ သူတို့ အထက်တန်းကျောင်းတွင် အတူနေစဉ်က တိုက်ပွဲတိုင်း၌ ကျိယွီရှောင်က အကြမ်းတမ်းဆုံးပင်။ သူက အမြဲတမ်းပင် ရှေ့ဆုံးမှ ဖြစ်ခဲ့၏။ သူက သူငယ်ချင်းများနှင့်ဆိုလျှင် ထိုသို့ပင်။
သူက ကျိယွီရှောင်ဆီကနေ သူ့ချစ်သူအတွက် ဘာကို မျှော်လင့်နေနိုင်မှာလဲ...
သူက တစ်စုံတစ်ယောက်ကို ပိုဂရုစိုက်လေလေ အန္တရာယ်မှ တားမြစ်ရန် စိတ်အားထက်သန်လေလေဖြစ်သည်။ ကျိလဲ့ယွီအတွက်လည်း ထိုသို့ဖြစ်ကာ ယခုတွင် လင်းလော့ချင်းအတွက်မူ ပို၍ပင် ထိုသို့ဖြစ်လေ၏။
ဤအကြောင်းအား လင်းလော့ချင်း သိသွားပါက ကျိယွီရှောင်ကို နားလည်နိုင်မည်ဟု မျှော်လင့်ရပေသည်။
ထန်ကျားကျိက သက်ပြင်းချကာ အိတ်များကို ညွှန်ပြလိုက်သည်။
"ငါမကြာခင် မင်းအတွက် အဖြေပြန်ပေးမယ်..."
ကျိယွီရှောင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။