အပိုင်း ၂၃၇
Viewers 50k

Chapter 237



"ထန်ကျားကျိက သူနဲ့ တွေ့သွားလောက်တယ်... အရင်က ထန်ကျားကျိက သခင်လေး ကျိယွီလင်းကို သွားရှာခဲ့လောက်တယ်..."


ကျိယွီရှောင်၏ မျက်လုံးများက အေးစက်နေသည်။ 

သူက သူ့အစ်ကိုကို ဘာလုပ်ဖို့ သွားရှာခဲ့တာလဲ...


ဘာလုပ်ပိုင်ခွင့်နဲ့လဲ... သူဘယ်လိုလုပ်ပြီး လုပ်ရဲတာလဲ...


ကျိယွီရှောင်မှာ ဒေါသထွက်ကာ အံတင်းတင်းကြိ်တ်ထားလိုက်ပြီး တစ်ဖက်လူအား ဆုတ်ဖြဲမပစ်နိုင်သည်ကို မုန်းတီးနေ၏။ 


သူက မေးလိုက်သည်။

"ငါ့အစ်ကို မတော်တဆ မဖြစ်ခင်နဲ့ ဖြစ်ပြီးတော့ သူက ဘယ်ရောက်နေတာလဲ... သူဘာလုပ်နေတာလဲ... မင်းတို့တွေထဲက တစ်ယောက်မှ ဘာလို့ သူ့အကြောင်းကို အရင်က တစ်ခါမှ မသိခဲ့တာလဲ... ငါ့အဖေက သူ့ကို ဘယ်မှာ ဖွက်ထားတာလဲ..."


တစ်ဖက်က ခေတ္တတိတ်ဆိတ်သွားပြီး ပြန်ဖြေလိုက်၏။ 

"သခင်လေးရဲ့ အဖေက အရမ်းသတိကြီးတဲ့လူပါ... သခင်လေးသူ့ကို ရှာတွေ့သွားမှာ ကြောက်လို့ဖြစ်မယ်... မတော်တဆဖြစ်ပြီးတော့ နောက်တစ်ရက်မှာပဲ ထန်ကျားကျိက နိုင်ငံခြားကို အပို့ခံလိုက်ရတယ်... အဲ့နောက် သူက ပြန်လည်ထူထောင်ရေး စင်တာမှာ သီးသန့်နေခဲ့လို့ ကျွန်တော်တို့ ဘာမှ ရှာမတွေ့ခဲ့တာပါ..."


"သခင်လေး အစ်ကိုရဲ့ မတော်တဆ မဖြစ်ခင်ကတော့ သူက ဒီနိုင်ငံထဲမှာပဲ... ဒါပေမဲ့ အဲ့တုန်းက သူက အလုပ်ထွက်ခါစပဲရှိသေးပေမဲ့ နောက်ထပ်အလုပ်သစ်ရှာဖို့ ရည်ရွယ်ချက် ရှိတဲ့ပုံတော့ မရခဲ့ဘူး...."


"သခင်လေးပို့ပေးတဲ့ ကိုယ်ရေးအကျဉ်းအရ ထန်ကျားကျိ အဲ့ထဲမှာရေးထားတဲ့ ကုမ္ပဏီရဲ့ HRကို ခေါ်ခဲ့သေးတယ်... ဒါပေမဲ့ အဲ့ကိစ္စကို ကြည့်ဖို့ ကျွန်တော်ကိုယ်တိုင်သွားတော့ သူ့ပညာရေး နောက်ခံအပါအဝင် အဲ့ကိုယ်ရေးအကျဉ်းရဲ့ ၈၀ရာခိုင်နှုန်းက လုပ်ကြံထားတာဖြစ်နေတယ်..."


ကျိယွီရှောင်က တစ်ခွန်းမှ မဆိုပေ။ သူက ပြောစရာမရှိသည်လား ဘာပြောရမလဲ မသိသိလားကိုမူ မည်သူမှ မသိပါချေ။ 


ထိုအမျိုးသားက အမှန်တကယ် အရည်အချင်းရှိပါက ကုမ္ပဏီအပေါ် သူ့၏ ထောက်ခံချက်မှာ လက်ခံ၍ရနိုင်သော်လည်း ဤသည်က မည်သည်ကမှ အမှန်မဟုတ်ဟူသည့် သက်သေပင်။ 


အဲ့ဒါဆို ရောဟွားရဲ့ ဥက္ကဌ ကျောက်က အဲ့လူကို ဘာလို့ ကျိကျန်းကို အထူး မိတ်ဆက်ပေးခဲ့တာလဲ... ပြီးတော့ အဲ့ဒါက ဘာလို့ ကျိကျန်းဖြစ်ရမှာလဲ... ဘာလို့ တစ်ခြားတစ်ယောက် မဟုတ်တာလဲ... သူက ဘာအကျိုးရှိမှာမို့လဲ...


သူက ဘယ်လိုလုပ်ပြီး ကျိကျန်းကောင်းက ထန်ကျားကျိကို ကျိအုပ်စုကို သေချာပေါက် ထည့်ပေးမယ်လို့ သေချာနေရတာလဲ... ပြီးတော့ ကျိအုပ်စုက ထန်ကျားကျိရဲ့ ကိုယ်ရေးအကျဉ်းက ကျိုးကြောင်းခိုင်လုံတယ်ဆိုတာ သေချာအောင် မစုံစမ်းပဲ ဖုန်းပဲ ခေါ်လာမယ်လို့ သူက ဘာလိုလုပ် သေချာနေရတာလဲ...


ရိုးရှင်းပါတယ်... အစကတည်းက ဒီကိစ္စတစ်ခုလုံးကို လုပ်ကြံခဲ့တာက ဥက္ကဌ ကျောက်မဟုတ်ပဲ သူ့အဖေဖြစ်နေလို့ပေါ့...


သူက သူ့၏ တတိယ ညီလေးမှာမည်ကဲ့သို့ လူမျိုးဖြစ်သည်နှင့် ကုမ္ပဏီတွင် ကျိမူက ဤကဲ့သို့ ရာထူးမြင့်နေခြင်းကို မကျေမနပ်ဖြစ်နေမည်ကိုလည်း ရှင်းရှင်းလင်းလင်း သိပေသည်။ သူ၏ တတိယ ညီလေးက ဤကိစ္စကို ဒီအတိုင်းထားလိုက်မည် မဟုတ်ပေ။ သူက ကျိမူကို ဆွဲမချနိုင်လျှင်ပင် အနည်းဆုံး ရွံ့ရှာသွားအောင် ပြုလုပ်နိုင်ခြင်းက ကျိကျန်းကောင်းအတွက် တန်ပေသည်။ 


ထန်ကျားကျိက ထိုကုမ္ပဏီထဲတွင် ရှိနေသရွေ့ မည်သူမှ သတိမပြုမိအောင် ထန်ကျားကျိအား သူ့စိတ်ကြိုက် ရာထူးကို တိုးပေးနိုင်၏။ ကျိမူသည်ပင် သူ့ကို မုန်းတီးမည်မဟုတ်ပဲ ကျိကျန်းကောင်းကိုသာ မုန်းပေလိမ့်မည်။   


တကယ်ကို ဉာဏ်ေကာင်းတဲ့ လူပဲ...


ထန်ကျားကျိအတွက်နဲ့ သူ့သားကို အလဟသ သေဆုံးခွင့်ပြုကာ၊ သူ့မြေးကို မိဘမဲ့ဖြစ်လာစေပြီး သူ့ညီကို နယ်ရုပ်တစ်ခုအဖြစ် အသုံးပြုခဲ့သည် သူ့တူဖြစ်သည့် ကျိမူကိုပင် အကာအကွယ် ဒိုင်းတစ်ခုအဖြစ် အသုံးပြုခဲ့၏။  


သူက အသုံးပြုနိုင်သည့် လူများကို တုံ့ဆိုင်းခြင်းမရှိ အသုံးပြုမည်ဖြစ်သည်။ ၄င်းက ထန်ကျားကျိကို ကာကွယ်နိုင်သရွေ့ သူ့အတွက် လုံလောက်ပေသည်။ 


ကျိယွီရှောင်က ဖုန်းချကာ သူ့ဘီးတပ်ကုလားထိုင်ပေါ်တွင် တိတ်တဆိတ်ထိုင်နေလိုက်ပြီး ညကောင်းကင်ယံရှိ လှပနေသော လကို လှမ်းကြည့်လိုက်သည်။ 


အတန်ကြာပြီးနောက် သူက နောက်ထပ် ဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်လိုက်သည်။

"ငါ ထန်ကျားကျိရဲ့ ဆံပင် ၂မွေးလောက် တတ်နိုင်သမျှ အမြန်ဆုံးလိုချင်တယ်..."


"ဟုတ်ကဲ့..."

တစ်ဖက်မှ ပြန်ဖြေလိုက်သည်။ 


လရောင်က မြေပြင်နှင့် သူ့ကိုယ်ပေါ်သို့ ကျရောက်နေသော်လည်း သူ့မျက်လုံးများကို မထိုးဖောက်နိုင်ပေ။


ကျိယွီရှောင်က တိတ်တဆိတ် တွေးတောနေသည်။ သူ့မျက်လုံးများက နက်မှောင်ကာ တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်မှုမှာ မုန်းတိုင်းမလာမီ တည်ငြိမ်မှုမျိုး ဖြစ်၏။


ထိုအချိန်တွင် လင်းလော့ချင်းက တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။ သူ့ခြေလှမ်းများက လျင်မြန်ကာ သူ့အသံမှာ ယခင်အတိုင်း ညင်သာနေဆဲပင်။

"မင်းက ဒီမှာပဲ... ငါက မင်းကို စာကြည့်ခန်းထဲမှာ ထင်နေတာ... ဒါပေမဲ့ မီးတွေ ပိတ်ထားတာ တွေ့လို့... အဲ့တော့မှပဲ ငါ မင်းကို အိပ်ခန်းထဲ ပြန်ရောက်နေလောက်ပြီလို့တွေးမိတာ..."


ကျိယွီရှောင်က သူ့ခံစားချက်များကို အလျင်အမြန် ပြင်ဆင်ကာ သူ့ကို လှည့်ကြည့်လိုက်သည်။

"အလုပ်ရှုပ်လို့ ပြီးတော့ ပြန်ရောက်လာပြီပေါ့... ရှောင်ယွီနဲ့ ဖေးဖေးကို စကားပြောပြီးပြီလား..."


"အွန်း..."

လင်းလော့ချင်းက သူ့ဘေးတွင်ထိုင်ရန် လျှောက်လာလိုက်၏။ 


"ငါ သူတို့နှစ်ယောက်ကို ငါသွားရမဲ့အကြောင်း ပြောခဲ့တယ်... ရှောင်ယွီက မခွဲချင်ပေမဲ့ ဖေးဖေးက ဘာမှမပြောဘူး... သူလည်း မခွဲချင်ဘူးဆိုတာ ငါစိတ်ကူးကြည့်လို့ရပါတယ်..."


"ဟုတ်ပြီ... သူတို့နှစ်ယောက် ပိတ်ရက်ရရင် ငါသူတို့နှစ်ယောက်ကိုခေါ်ပြီး မင်းရဲ့ရိုက်ကွင်းကို အလည်လာခဲ့မယ်..."

ကျိယွီရှောင်က သူ့ကို နှစ်သိမ့်လိုက္၏။


"အင်း..."

လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။


သူက သူ့ရှေ့မှ အမျိုးသားကို ကြည့်လိုက်ပြီး ရှက်ရွံ့လာလေသည်။ သို့သော် ကျိယွီရှောင်၏ လည်ပင်းအား မဖက်ထားပဲ မနေနိုင်ပါချေ။

"ငါမရှိတော့ရင် ငါ့ကို လွမ်းနေမှာလား..."


"ကိုယ်အခုတောင် လွမ်းနေပြီ..."

ကျိယွီရှောင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ 


လင်းလော့ချင်းက ပြုံးလိုက်၏။

"အဲ့ဒါဆို ဒီည ငါဒီမှာရှိနေတုန်း ငါတို့ စောစော အိပ်လို့ရတာပဲ..."


"စောစောအိပ်သည်..."ဟူသော စကားလုံးကို နူးညံ့ကာ ချိုမြန်သော အပြုအမူနှင့် ရေရွတ်လိုက်သည်မှာ သကြားကဲ့သို့ ချိုမြနေပေသည်။ 


ကျိယွီရှောင်က ထိန်းမထားတော့ပဲ လင်းလော့ချင်း၏ ခေါင်းကို ကိုင်ကာ နမ်းလိုက်သည်။ 


လင်းလော့ချင်းက ရယ်မောကာ ထိုအနမ်းကို ခံယူလိုက်ကာ မကြာခင်မှာပင် ကျိယွီရှောင်က သူတို့၏ နှီးနှောမှုကို ဦးဆောင်လိုက်သည်။ 


သူတို့နှစ်ဦးက နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်ပြီးနောက် လင်းလော့ချင်းက သူ့နဖူးကို ဖိကပ်လိုက်ရာ သူ့မျက်လုံးများက လရောင်အောင်တွင် အလွန်တောက်ပမှုဖြင့် လင်းလက်နေလေသည်။ 


ကျိယွီရှောင်က သူ့ကို ဖက်ကာ ထပ်မံနမ်းရှိုက်လိုက်၏။ 


ဤသည်က ညတာရှည်လှသော ညတစ်ညဖြစ်ခဲ့သည်။


 လင်းလော့ချင်း မနက်ခင်း နိုးလာသည့်အချိန်တွင် နေမင်းက ကောင်းကင်တွင် မြင့်မားကာ နေ့လည်ခင်းပင် ရောက်လုပြီ ။ 


ကျိလဲ့ယွီနှင့် လင်းဖေးက ကျောင်းသို့ သွားပြီ ဖြစ်ကာ လင်းလော့ချင်းက သူတို့ကို မတွေ့ရ၍ လွမ်းဆွတ်သည်ဟု ခံစားလိုက်ရသည်။ သူက သူတို့ကို ကျောင်းလိုက်ပို့ကာ နှုတ်ဆက်မည်ဟု တွေးထားခြင်းပင်။


ကျိယွီရှောင်က သူ့ကို နှစ်သိမ့်လိုက်၏။

"ငါ ဒီညနေကျရင် သူတို့ကို မင်းနဲ့ video call ပြောခိုင်းလိုက်မယ်..."


လင်းလော့ချင်းက သက်ပျင်းချကာ လက်ခံရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။


သူက အိပ်ယာမှထကာ အဝတ်အစားလဲလိုက်ပြီး သူ့လက်ဆွဲသေတ္တာကိုယူကာ သွားရန် ပြင်လိုက်သည်။ 


ကျိယွီရှောင်က သူ့ကို ခဏရပ်ရန်ပြောလိုက်ပြီး လင်းလော့ချင်းက နောက်လှည့်ကြည့်လိုက်ရာ ကျိယွီရှောင်က ဘီးတပ်ကုလားထိုင်မှ ထလာပြီး တဖြည်းဖြည်း မတ်တပ်ရပ်နေသည်ကိုတွေ့လိုက်၏။ 


နောက်ဆုံးတစ်ခေါက်မှ စ၍ သူ့အခြေအနေများက တိုးတက်လာပုံရပြီး သူ့လှုပ်ရှားမှုများသည်လည်း ခက်ခဲကာ အားစိုက်နေစရာ မလိုတော့ပေ။ 


ကျိယွီရှောင်က သူ့လက်မောင်းကို ဖွင့်ကာ သူ့ကို ညင်သာစွာကြည့်လိုက်သည်။ 


လင်းလော့ချင်းက သူ့၏ လက်စွဲသေတ္တာကို ပစ်ချပြီး ပြေးသွားလိုက်သည်။ သူက ကျိယွီရှောင်ကို တင်းတင်းဖက်ထားလိုက်ပြီး သူ့နဖူးကို ကျိယွီရှောင်၏ ပခုံးပေါ်တွင် အဆက်မပြတ် ပွတ်နေလိုက်သည်။ 


ကျိယွီရှောင်က သူ့ကို ထိုသို့ပြုလုပ်ခွင့်ပြုကာ အလိုလိုက်ထားပြီး သူ့ခေါင်းကို နမ်းကာ နူးညံ့စွာ ဆိုလိုက်သည်။

"အိမ်မြန်မြန် ပြန်လာနော်..."


လင်းလော့ချင်းက ခေါင်းညိတ်ကာ မော့ကြည့်လိုက်ပြီး ကျိယွီရှောင်၏ မေးစေ့ကို နမ်းလိုက်သည်။ 


ကျိယွီရှောင်က ဦးဆောင်မှုယူလိုက်ကာ သူ့နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။


အပြင်တွင် နေသာကာ မက်မွန်ပွင့်များက အပြည့်အဝ ဖူးပွင့်နေကြ၏။ 


ကျိမူက သူ့လက်ထဲမှ ဖိုင်များကိုချကာ ရုံးခန်းရှေ့တွင် ဒေါသတကြီး ရှေ့နောက် လျှောက်နေလိုက်သည်။ 


သူ့အဖေ ကျိကျန်းယန်က လက်ဘက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး ခေါင်းမော့ကာ သူ့ကိုကြည့်ပြီး မေးလိုက်သည်။

"မင်းဒီလောက် ဒေါသထွက်နေတာ ဘာအတွက်လဲ... အခုလဲ ထန်ကျားကျိပဲလား..."


"တတိယ ဦးလေးက ဘာတွေတွေးပြီး ဘာတွေလုပ်နေလဲဆိုတာ အဖေပဲ ပြောကြည့်ပါဦး..."


ကျိမူက နားမလည်နိုင်ပေ။ 

"သူ ကျွန်တော်ကို ဘယ်လောက်တောင် ရွံနေလို့ အပြင်လူတစ်ယောက်ကို ကုမ္ပဏီထဲ ခေါ်သွင်းဖို့ တစ်ပြားမှ မလျော့ရတာလဲ..."


"အဲ့တော့ရော... ငါကြည့်ရသလောက်တော့ ထန်ကျားကျိက လုပ်နိုင်စွမ်းရှိတဲ့ ပုံလည်းမရပါဘူး... စိတ်မပူပါနဲ့..."


"ကျွန်တော်က ဘယ်လိုလုပ်ပြီး စိတ်မပူပဲနေနိုင်မှာလဲ..."

ကျိမူက စားပွဲခုံကို ရိုက်ချလိုက်သည်။ 


"အခုဟာက ဒီလအတွင်းမှာ သူညှိနှိုင်းထားတဲ့ တတိယစာချုပ်တောင်ရှိနေပြီ... တတိယ ဦးလေးက သူ့ကို အာမခံပြီး အကြီးဆုံး ဦးလေးက သူ့ကို အရောင်းဌာနကို ယာယီသွားဖို့ အကြံပေးတုန်းက အပြင်ပိုင်းမှာ ဘာမှမဟုတ်တဲ့ ပုံရပေမဲ့ အကြီးဆုံး ဦးလေးက ကျွန်တော်ကို သီးသန့်လာရှာပြီး အဲ့ထန်ကျားကျိကို တတိယဦးလေးက အပြင်းအထန် ထောက်ခံပေးထားတာလို့ လာပြောတယ်... ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အလုပ်ကြိုးစားသင့်တယ်... နောက်ဆုံးကျရင် ကျွန်တော်က အဲ့ထန်ကျားကျိကို မယှဉ်နိုင်ဘူးဆိုတဲ့ အမှန်တရားက ထွက်လာမှာ... အဲ့အချိန်ကျရင် တတိယဦးလေးက အဲ့ကိစ္စကို ထပ်ပြီးဆွဲထုတ်လာမှာပဲ... နောက်ဆုံးကျရင် အဲ့ဒါက ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ဘူး..."


"အဲ့ထန်ကျားကျိက ဒီကို ရောက်တာ သိပ်မကြာသေးပေမဲ့ စာချုပ်နှစ်ခု ချုပ်ပြီးတဲ့အပြင် အဲ့ဒါတွေက အသေးစားလေးတွေလည်း မဟုတ်ဘူး... တတိယ ဦးလေးက အခုဆို သူ့ဘက်မှာရပ်ဖို့ အကြောင်းပြချက်ရနေပြီ... သူ့ရဲ့ အမြီးက ကောင်းကင်ပေါ်ပျံနေပြီဆိုတာ ကျွန်တော် စိတ်ကူးကြည့်လို့ရတယ်...."


ကျိကျန်းယန်၏ မျက်ခုံးများက တွန့်ကွေးသွားသည်။ 

"ဒီတတိယ ညီလေးက တကယ်ကို မမျှမတလုပ်နေတာပဲ... သူကိုယ်တိုင်ကကျ ကျိယွင်ကို သုံးလို့မရဘူးဆိုတာ ကောင်းကောင်းသိထားတယ်... ကျိကျုံးကလည်း အရမ်းငယ်သေးတယ်... သူကိုယ်တိုင်ကလည်း ဘာအာဏာမှ မရဘူးဆိုတာသိတော့ မင်းကိုလည်း ခွင့်ပြုမှာမဟုတ်ဘူး... သူက အဲ့လို လူမျိုးပဲ... ငါတို့ငယ်ငယ်တုန်းက ငါ့ကို ကုမ္ပဏီကိစ္စတွေမှာ ဝင်ပါတာကနေ တားမြစ်ခဲ့တာ... ဒါပေမဲ့ သူကိုယ်တိုင်ကျ အများကြီး ဝင်ပြောတယ်... အခု ငါတို့ကြီးလာတော့လဲ အတူတူပဲ... ကျိယွီလင်းပဲဖြစ်ဖြစ် ကျိယွီရှောင်ပဲ ဖြစ်ဖြစ် အဆင်ပြေတယ်... ဒါပေမဲ့ မင်းကိုတော့ ကန့်ကွက်မှာပဲ..."


"ဒါပေမဲ့ မင်းစိတ်မပူပါနဲ့.... ဒီထန်ကျားကျိကလည်း အပြင်လူတစ်ယောက်ပဲ... မင်းရဲ့ အကြီးဆုံးဦးလေးကို နားမလည်ဘူးလား... ကျိယွီလင်းသာ မသေပဲ ကျိယွီရှောင်က အရမ်းစိတ်ချရတယ်ဆိုရင် သူက မင်းကို ကုမ္ပဏီကို ဦးစီးခွင့်ပေးမှာတဲ့လား... ကျိယွီလင်းနဲ့ ကျိယွီရှောင်က ကုမ္ပဏီမှာ နေရာယူပြီးရင် မင်းအလှည့်ဖြစ်သင့်တာ... ထန်ကျားကျိကို ဥက္ကဌ ဖြစ်လာဖို့ သူဒီအတိုင်းကြီး ခွင့်ပြုလိုက်မယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.... သူက အပြင်လူတစ်ယောက်ပဲလေ... မင်းရဲ့ အကြီးဆုံး ဦးလေးက သူ့ကို ထည့်တွက်မှာမဟုတ်ပါဘူး..."


"ဒီတစ်လော မင်းအောင်းယွီနဲ့ ညိနှိုင်းနေတာ မဟုတ်ဘူးလား... ဒီတစ်ခေါက် မင်းသူတို့နဲ့ စာချုပ်ချုပ်နိုင်သရွေ့ ထန်ကျားကျိ စာချုပ်ဘယ်နှခု ချုပ်ချုပ် ဘာမှ မဆိုင်တော့ဘူး... အဲ့ဟာကိုသာ မပျက်စီးစေနဲ့..."


ကျိမူက စိတ်ပျက်လက်ပျက်ဖြင့် ဆိုဖာပေါ်သို့ထိုင်ချလိုက်သည်။ 


သူ့၏ ဒေါသမှာ ကျိကျန်းကောင်းက ထန်ကျားကျိကို ထောက်ခံပေးခြင်းတစ်ခုတည်းမှ အခြေတည်လာခြင်းမဟုတ်ပေ။ သူ့၏ အမြင်မှဆိုလျှင် ထန်ကျားကျိက ဤမျှအထိ မလုပ်နိုင်သင့်သော်လည်း လုပ်နိုင်နေခြင်းနှင့် ပိုသက်ဆိုင်၏။ 


ဤခံစားချက်မှာ သူ မည်သည့်အခါကမှ အလေးအနက်မထားကာ သူနှင့်ယှဉ်ပြိုင်နိုင်စွမ်းမရှိဟု တွေးထားခဲ့သည့် တစ်စုံတစ်ယောက်က ထိုသို့ပြုလုပ်နေနိုင်ရုံသာမက သိသာထင်ရှားလှသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာြခင်းပင်။   


သူက ဘယ်လိုလုပ်ပြီး အဲ့လောက် လုပ်နိုင်စွမ်းရှိနေတာလဲ...


ဒါက သဘာဝ မကျဘူး... 


ကျိမူက လက်ခံရန်ခက်ခဲသည်ကိုတွေးမိကာ ပို၍ ဒေါသထွက်လာ၏။


ဆန့်ကျင်ဘက်အနေဖြင့် ထန်ကျားကျိမှာ စိတ်ခံစားချက်ကောင်းနေသည်။ သူက သူ့၏ ကိုယ်ပိုင် ရုံးခန်းကိုကြည့်ကာ အလွန်ရွှင်မြူးနေ၏။  

နောက်ဆုံးတော့ သူက ဒီမှာ နေရာတစ်ခုရှိလာပြီပဲ... 


ပြီးတော့ မကြာခင်ပဲ သူက ဒီရုံးခန်းကနေ ပိုကြီးတဲ့ ရုံးခန်းကို သွားရတော့မယ်...


သူလိုသမျှအကုန်လုံးက သူ့အပိုင်ဖြစ်လာတော့မယ်...


ထန်ကျားကျိက အတိတ်မှ အားနည်းကာ ချည့်နဲ့ပြီး နှိမ့်ချတတ်သော သူ့ကိုယ်သူပြန် တွေးမိသွားသည်။ လူတိုင်းက သူ့ကို အထင်သေးကြပြီး သူက ဤနေရာတွင် ရပ်နေရန်ပင် အရည်အချင်းမရှိပေ။ သူက အပြင်တွင်သာရပ်ပြီး သူမရောက်နိုင်သည့် ဤနေရာကိုသာ ငေးကြည့်နေခဲ့ရသည်။  


နှစ်ယောက်မရှိသည့် မောက်မာခြင်းများက သူ့မျက်လုံးထဲတွင် ပြည့်နှက်လာကာ ရွှင်မြူးစွာ ရယ်မောလိုက်သည်။ 


*****


လင်းလော့ချင်းသည် ဝူရှင်းယွမ်လာမနိုးခင်အထိ ခေတ္တမျှ တစ်ရေးအိပ်လိုက်သည်။


"ငါတို့ရောက်ပြီ..."


သူက မျက်လုံးများကို ပွတ်ကာ သူ့၏ လက်ထောက် ဝူရှင်းယွမ်နှင့် အသစ်ခန့်ထားသော သက်တော်စောင့်များနောက်လိုက်လာပြီး ဟိုတယ်ထဲသို့ဝင်လာသည်။ 


ဒါရိုက်တာလီမရောက်သေး၍ လင်းလော့ချင်းက သူ့အခန်းထဲမှာတင် ဇာတ်ညွှန်းဖတ်နေလိုက်၏။ သူက တစ်ပတ်စာ စာကြောင်းများကိုဖတ်ပြီးနောက် မည်သည့် ပြဿနာမှ မရှိသည်ကို အတည်ပြုပြီးနောက် ဝူရှင်းယွွမ်နှင့် ညစာထွက်စားလိုက်သည်။ 


သူတို့စားနေစဉ်တွင် ဝူရှင်းယွမ်၏ ဖုန်းက မြည်လာလေရာ သူက ဖုန်းကိုင်လိုက်ကာ "ဟုတ်ပြီ...."ဟု ပြောပြီးနောက် ဖုန်းချလိုက်သည်။ 


"ဒါရိုက်တာ ရောက်တော့မယ်... ငါတို့ မိတ်ကပ်ပြင်ဖို့ သွားရအောင်..."


"ဟုတ်ပြီ..."

လင်းလော့ချင်းက ပြန်ဖြေလိုက်သည်။ 


ဟာသရုပ်ရှင်တစ်ခုအတွက် အဝတ်အစားနှင့် မိတ်ကပ်မှာ အခြေခံအားဖြင့် နူးညံ့ကာ သိမ်မွေ့စရာ မလိုပါပေ။ လင်းလော့ချင်းက ဤထုတ်လုပ်ရေးသည်လည်း ကွဲပြားခြင်းမရှိဟု တွေးမိ၏။ အထူးသဖြင့် သူ့၏ ဇာတ်ကောင်မှာ စုစုပေါင်းလျှင် ယွမ်၁၀၀ထက်မပိုသည့် မီးခိုးရောင် ကုတ်အင်္ကျီတစ်ထည်၊ ရိုးရိုးရှင်းရှင်း ရှပ်အင်္ကျီနှင့် ဘောင်းဘီတစ်ထည်ကို Addidas ဖိနပ်တစ်ရံသာ ဝတ်ဆင်သည်ကို ကြားပြီးနောက်ဖြစ်သည်။


သူ့ဆံပင်သည်လည်း ရှုပ်ပွနေကာ ပွဲများတက်သည့်အခါ လင်းလော့ချင်း ဝတ်ဆင်သည့် ချောမောကာ သပ်ရပ်သော အဝတ်အစားပုံစံနှင့် လုံးဝ မတူပါပေ။ 


ဝမ်ကျစ်မင်းက လင်းလော့ချင်း ရိုက်ကွင်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ဆိုလိုက်သည်။

"ဖူရှီ..."


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။

"မင်္ဂလာပါ ဦးလေး..."


လူကြီးက ရယ်မောလိုက်သည်။

"ဖူရှီက တကယ်ကို ချောတဲ့ လူငယ်လေးတစ်ယောက်ဖြစ်နေတာပဲ..."


သူ့စကားဆုံးသည့်အချိန်တွင် ဒါရိုက်တာလီက ဝင်လာပြီး လင်းလော့ချင်းကို မြင်ရာ အလျင်အမြန် ဆိုလိုက်သည်။


"သူ့ဆံပင်ကို ဘယ်သူပြင်ပေးတာလဲ... အဲ့ဒါက ဆယ်စုနှစ် သုံးခုလောက် မလျှော်ထားတဲ့ပုံပေါက်နေတယ်... ပြန်လုပ်စမ်း... ငါဒီ ဖရိုဖရဲပုံစံကို မလိုချင်ဘူး... အဲ့ဒါက အခုမှ နိုးပြီး သပ်ရပ်အောင်လုပ်ဖို့ အချိန်မရှိတာလေးပဲ... ပြီးတော့ ပိုတိုအောင် ညှပ်လိုက်... ဒီလောက်မရှည်နဲ့..."


သူက ပြောပြီးနောက် လင်းလော့ချင်းကို ကြည့်လိုက်သည်။ 


လင်းလော့ချင်းက အလျင်အမြန် အေးစက်သော မျက်နှာတစ်ခု ပြုလုပ်ကာ တစ်ခွန်းမှ မဆိုပါချေ။ 


ဒါရိုက်တာလီက ခေါင်းညိတ်ပြလိုက်သည်။

"ထို

င်... ဆံပင်ပြင်တဲ့လူ ဘယ်မှာလဲ... ဒီကိုလာပြီး ဖူရှီရဲ့ ဆံပင်ကို ပြင်ပေးလိုက်..."


လင်းလော့ချင်းက ထိုင်ခုံတွင် နာနာခံခံ ထိုင်လိုက်ပြီး ဆံပင်ပြင်သူကို ဒါရိုက်တာလီ၏ ညွှန်ကြားချက်အတိုင်း ပြုလုပ်ခွင့်ပေးလိုက်သည်။