အပိုင်း ၅၃
Viewers 10k

🍬Chapter 53

------------



ချီချန်အန်းက စကားတစ်ခွန်းမဆိုဘဲ တိတ်ဆိတ်နေပြီး ဆေးရုံကုတင်ဘေးတွင်သာထိုင်နေကာ သူ့ရဲ့အကြည့်တွေကမူ ဆေးရုံကုတင်ပေါ်မှာ လှဲနေတဲ့ ရွှီလော့ယန်အပေါ်မှာပဲ အာရုံစိုက်ထားသည်။


ကျန်းသုန့် "တိဇီနဲ့ ကျွန်တော်နဲ့က နောက်ဆက်တွဲကိစ္စတွေကို သွားဖြေရှင်းရဦးမှာမို့ မစ္စတာချီ၊လော့ယန်ကို ခင်ဗျားရဲ့လက်ထဲမှာပဲအပ်ခဲ့မယ်နော် "


သူခေါင်းညိတ်ပြတာကိုမြင်ရမှ ကျန်းသုန့်က ဘာမှဆက်မပြောတော့ဘဲ လုတိကိုဦးဆောင်ပြီး သီးသန့်ခန်းထဲက ထွက်သွားလိုက်သည်။


သူတို့ အခန်းထဲက ထွက်လာတော့ လုတိက အနည်းငယ်ချီတုံချတုံဖြစ်နေဟန်ဖြင့်မေးလာ၏။


"ကျွန်တော်မသွားချင်ဘူး၊ ကျွန်တော် ဒီမှာနေပြီးပဲ ရွှီကောကို ဂရုစိုက်ပေးလိုက်မယ်လေ"


ကျန်းသုန့်က သူ့ကို စိုက်ကြည့်လိုက်ပြီး "မင်းကို တစ်ခုလောက်မေးမယ်။ မင်းရဲရွှီကော နိုးလာတဲ့အချိန် သူမြင်ချင်တဲ့ ပထမဆုံးလူက ချီချန်အန်းဖြစ်မယ်ထင်လား မင်းဖြစ်မယ်ထင်လား"


"………"


အဖြေမှန်ကအရမ်းကိုနာကျင်ရတာကြောင့် လုတိပြန်ဖြေဖို့ငြင်းဆန်လိုက်သည်။


ထို့နောက် စကားဝိုင်းရဲ့ ခေါင်းစဉ်ကပြောင်းသွားသည်။


ကျန်းသုန့် "ဒါပေမယ့် ရွှီလော့ယန်၊ ဒီပြဿနာကောင်လေးက ငါ့ကိုဘာမှမပြောဘဲနဲ့ ပြဿနာအကြီးကြီးရှာပေးသေးတယ် ဒါကြီးကသိပ္ပံနည်းမကျလိုက်တာ ဘယ်လိုအကြောင်းကြောင့်များ အဆင့်အတန်းမြင့်တဲ့အပြုအမူမျိုးနဲ့ သူ့ရဲ့အချစ်ကိုဝန်ခံဖို့ အလင်းပွင့်သွားရတာလဲ"


"ဟင်" လုတိက အံ့ဩစွာဖြင့်မေးလိုက်မိသည်။


 "ရွှီကောက ဘယ်တုန်းက သူ့အချစ်ကိုဝန်ခံလိုက်တာလဲ"


".....………"


လုတိရဲ့ ပခုံးကို ပုတ်လိုက်ပြီး ကျန်းသုန့်က သက်ပြင်းချလျက်ဆိုလိုက်သည်။


 "တိဇီ မင်းဒီလိုပဲ ဆက်လုပ်နေရင် နောက်နှစ်ငါးရာကြာရင်တောင် တစ်ကိုယ်တည်းဖြစ်နေဦးမယ်ဆိုတာ သံသယဝင်စရာမရှိဘူး"


တစ်ဖက်မှာ ခြေသံတွေ ဝေးသွားပြီး အခန်းထဲမှာ ဆေးဘက်ဆိုင်ရာ ကိရိယာများ၏ အသံများသာ ကျန်ရစ်ခဲ့သည်။ ချီချန်အန်းက ရွှီလော့ယန်ကို အလွန်စူးစိုက်သော မျက်လုံးများဖြင့် ကမ္ဘာပေါ်တွင် သူမျက်စိရှေ့မှာရှိနေတဲ့လူသားလေးတစ်ယောက်ပဲရှိနေသလိုမျိုး ကြည့်နေမိသည်။


အချိန်အတော်ကြာပြီးနောက် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီးနောက် ခေါင်းကို စောင်းရင်းငုံ့လိုက်ကာ သူ့ရဲ့နားကို ရွှီလော့ယန်ရဲ့ ရင်ဘက်နားမှာကပ်ထားလိုက်သည်။


နှလုံးခုန်သံတစ်ချက်ပြီးတစ်ချက် သူ့နားထဲသို့ ဝင်ရောက်လာမှ ချီချန်အန်းက သူ့မျက်လုံးများကိုမှိတ်လိုက်ပြီး တင်းမာနေတဲ့ သူ့ရဲ့ကြွက်သားတွေကို ဖြေလျှော့ပေးလိုက်သည်- သူ့လက်ချောင်းတွေကမူ အချိန်အကြာကြီးဆုပ်ထားမိတာကြောင့် မသိမသာ တုန်ရီနေလေသည်။


ရွှီလော့ယန် သူ့ရင်ခွင်ထဲမှာ သတိလစ်သွားတာကို မြင်လိုက်ရတဲ့ထိုအခိုက်အတန့်မှာ သူဘယ်လောက်ထိတ်လန့်သွားလဲဆိုတာ ဘယ်သူမှသိမည်မဟုတ်ပေ။


ရွှီလော့ယန် ခြုံထားတဲ့စောင်ရဲ့အစွန်းလေးကို ဂရုတစိုက်ဆုပ်ကိုင်ထားရင်း၊ ချီချန်အန်းက ကြွေခွက်လေးကိုထိနေရသလို တစ်ကြိမ်ထိလိုက်ယုံဖြင့် ကွဲသွားမည်ကို စိုးရိမ်သဖြင့် အခြားတစ်ဖက်ကိုပင်ထိရန် မဝံ့ရဲချေ။ သို့ပေမဲ့ သူ့စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတဲ့စိတ်က မြက်ရိုင်းများကဲ့သို့ ပျံ့နှံ့သွားပြီး ၎င်းတို့ကို တိုက်ထုတ်ရန် သူ့တွင် မည်သည့်အစွမ်းအစမျှမရှိတော့ချေ။


ဆယ်စက္ကန့်ကျော်ကြာတဲ့အထိတင်းခံနေပြီးနောက် ချီချန်အန်းက သူ့ရဲ့လက်ကို ရွှီလော့ယန်ရဲ့ ဆေးချိတ်ထားတဲ့လက်မှာချိတ်တွယ်ထားလိုက်ပြီး နာကျင်မှုကို အနည်းဆုံး ခံစားရစေရန် ဂရုတစိုက် ထားလိုက်သည်။


ဆေးရုံခန်းရဲ့အတွင်းမှာ ရွှီလော့ယန်က စင်မြင့်ပေါ်မှာရှိနေတုန်းကလို တောက်ပတဲ့အသွင်အပြင်မျိုး လုံးဝကင်းစင်နေပြီး သူ့မျက်နှာသွင်ပြင်က သွေးမရှိသလို ဖြူဖွေးနေပေမဲ့ ပုံမှန်မဟုတ်တဲ့ အနီကွက်တွေက သူ့ရဲ့ပါးရိုးနှစ်ဖက်မှာ ပျံ့နှံ့နေသည်။


ချီချန်အန်းကဖြစ်ခဲ့တာတွေကို ဖြေးညင်းစွာပြန်ပြီးစဥ်းစားလိုက်တယ်။ သူထိုင်တဲ့နေရာက စင်နဲ့တော်တော်နီးနီးမှာရှိတာကြောင့် ရွှီလော့ယန်တစ်ယောက် စင်ပေါ်မှာစပြီးထိုင်ကာပြင်းပြင်းထန်ထန် လှုပ်ရှားမှု အနည်းငယ်တောင်မရှိတော့ကတည်းက တစ်ခုခုမှားနေပြီမှန်းသူသတိထားမိခဲ့သည်။သို့ပေမဲ့ သူက အသက်ရှုမဝလောက်စေမဲ့ သီချင်းမျိုးကိုဆိုခဲ့၏။


ထိုအချိန်မှာပဲ ဆေးရုံခုတင်ပေါ်က လူထံမှရုတ်တရက် တိုးတိုးတိတ်တိတ် ညည်းညူသံများ ထွက်ပေါ်လာပြီး ချီချန်အန်းတစ်ယောက် သူ့နာမည်ကို ရွှီလော့ယန် ခေါ်နေမှန်း အနီးကပ်နားထောင်ကြည့်မှ သတိထားမိသွားသည်။


ယင်းက သူ့ရဲ့နှလုံးသားကို ချွန်ထက်တဲ့ ကြောင်လက်သည်းလေးဖြင့် ကုတ်နေသလိုခံစားလိုက်ရကာ၊ ချီချန်အန်းက ရွှီလော့ယန်ရဲ့လက်ကို သူ့လက်တွေထဲမှာဆုပ်ကိိုင်ထားလိုက်ပြီးနောက် သူ့အသံကိုအညက်သာဆုံးဖြစ်အောင်ထိန်းလိုက်ကာ "ကိုယ်ရှိတယ်၊နျောင်နျောင် စိတ်မပူဘဲ ပြန်အိပ်လိုက်ဦး၊ ကိုယ်ဘယ်မှထွက်မသွားဘူးနော်"


သူတင်းထားတဲ့မျက်ခုံးတွေ ဖြေလျော့လိုက်ပြီးရွှီလော့ယန်တစ်ယောက် စိတ်သက်သာရာရသွားပုံရက သူ့ရဲ့ အသက်ရှူသံကမူ သိသိသာသာ ငြိမ်သက်သွားသည်။


ရွှီလော့ယန်ရဲ့အပူမကျသေးတဲ့ နဖူးကို ညင်သာစွာ နမ်းလိုက်ပြီးနောက် ချီချန်အန်းက မျက်လုံးတွေကို မှိတ်ပြီး သူ့ခံစားချက်တွေကို ဖုံးကွယ်လိုက်သည်။


နျောင်နျောင်ကတုံးအလိုက်တာကွာ။


နောက်နေ့မနက်စောစောအထိ၊ ပထမအကြိမ်ဆေးသွင်းပြီး တာတောင်မှ ရွှီလော့ယန်ရဲ့အဖျားက မကျသွားချေ။ သူ တစ်ချိန်လုံး အိပ်မက်မက်နေပုံရပြီး အိပ်ရတာ အလွန်သက်သောင့်သက်သာမရှိနေပုံရသည်။ ယခုလိုဖြစ်တဲ့အခါတိုင်းမှာ၊ချီချန်အန်းက သူ့နားကိုကပ်ပြီးစကားအချို့တီးတိုးပြောနေလေ့ရှိပြီး တခါတစ်လေဆိုရင် ရွှီလော့ယန်ရဲ့ ကိုယ်ပိုင်သီချင်းတွေကိုလည်း သီဆိုပြနေတက်သေးသည်။ ထိုနည်းလမ်းက တစ်ကယ်အလုပ်ဖြစ်ပြီး ရွှီလော့ယန်ကမကြာခင်မှာဘဲ သက်သောင့်သက်သာဖြင့်အိပ်ပျော်သွားတက်သည်။


ရွှီလော့ယန်ရဲ့ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို ရေစွတ်ထားတဲ့ ဂွမ်းစဖြင့် စိုစွတ်စေပြီးတဲ့နောက် စင်ပေါ်မှာတင်ထားတဲ့ ဆဲလ်ဖုန်းမျက်နှာပြင်က ရုတ်တရက် လင်းလာသည်။ဖုန်းကို ကောက်ကိုင်ဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် ဖုန်းခေါ်တဲ့သူက ကျန်းသုန့်ဆိုတာကို ချီချန်အန်းမြင်လိုက်ရသည်။


ဖုန်းပြန်ဖြေပြီး သိပ်မကြာခင်မှာဘဲ ချီချန်အန်းရဲ့ မျက်လုံးအစုံက အေးစက်သွားသည်။


"လော့ယန် ၁၄ရက်နေ့မှာရိုက်ကူးခဲ့တဲ့ ရသစုံရှိုးကို ဒီည၈နာရီမှာထုတ်လွင့်ခဲ့တာ အဲ့ variety show မပြီးသေးခင်မှာပဲ တစ်ယောက်ယောက်က လော့ယန်က စည်းကမ်းမဲ့စွာပြုမူခဲ့လို့ တက္ကသိုလ်ကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့ ပိုစ့်တင်ခဲ့တာကြောင့် အဲ့သတင်းက အခုအရမ်းကိုပေါက်ထွက်နေပြီ"


ရွှီလော့ယန်ကိုနှိုးမိမှာကြောက်တဲ့အတွက် ချီချန်အန်းက သူ့ရဲ့အသံကို တိုးနိမ့်လိုက်ပြီး "ဘာတွေဖြစ်နေတာလဲ"


သူသာ ထိူကိစ္စကို သိချင်ရင် အလွယ်တကူ သိနိုင်တာကြောင့်ကျန်းသုန့်ကသူ့ကိုဖုန်းကွယ်ထားဖို့မရည်ရွယ်ပေ။ 'အမှန်တရား'ကိုသိထားသူပြီပြီ ချီချန်အန်းကို နားလည်မှုလွဲစေမည့်အစား သူ့အား အမှန်တရားကို တိုက်ရိုက်ပြောပြလိုက်တာက ပိုကောင်းပေသည်။


"လော့ယန်က အနုပညာစာမေးပွဲနဲ့ ယဉ်ကျေးမှုဘာသာရပ်တွေမှာ အမှတ်အများဆုံးနဲ့ သရုပ်ဆောင်အကယ်ဒမီကိုဝင်ခဲ့ပေမယ့် သူ့မိဘတွေက တစ်စုံတစ်ယောက်ကို စော်ကားခဲ့တာမို့ လော့ယန်စာရင်းသွင်းပြီးတဲ့ နောက်မှာ အဲဒီလူက ကျောင်းကို နည်းအမျိုးမျိုးနဲ့ ဖိအားပေးခဲ့တယ်လေ နောက်ဆုံး အောက်တိုဘာလတစ်ရက်နေ့မှာ အကယ်ဒမီကနေ နှင်ထုတ်ဖို့ အတင်းဖန်ထားတဲ့ပြဇာတ်တစ်ခုတောင်ကပြလိုက်သေးတယ်လေ"


"ပြီးတော့ ဘာဆက်ဖြစ်သွားလဲ" 


ချီချန်းအန်းရဲ့ အသံထဲက အေးစက်မှုကိုကို ကျန်းသုန့်ကြားလိုက်ရတဲ့နောက်မှာ သူ့စကားကိုအမြန်ဆက်လိုက်သည်။


"နောက်တော့ လော့ယန်ကို သူ့အဖေရဲ့ သူငယ်ချင်းက နိုင်ငံခြားမှာ တက္ကသိုလ်တက်ခိုင်းတယ် နှစ်နှစ်လောက်ကြာတော့ အဲဒီလူက အာဏာဆုံးရှုံးသွားလို့ လော့ယန်က နိုင်ငံခြားကနေပြန်လာပြီး ကျွန်တော်နဲ့ စာချုပ်ချုပ်ပြီး ဖျော်ဖြေရေးလောကထဲကို ဝင်ခဲ့တယ်" 


ကျန်းသုန့်ရဲ့ အသံတွင် စိုးရိမ်သောကရောက်ကရောက်နေမှုများ ရောပြွန်းနေပြီး "ဒီတစ်ခါ တိုက်ခိုက်မှုက ပြင်းထန်တယ် အချိန်ကြာလာတာနဲ့အမျှ သူတို့ လိုချင်တဲ့လမ်းကို တည့်တည့်ရောက်သွားမှာကိုပဲ စိုးရိမ်မိနေမိတယ်"


"အရင်ကလူနဲ့ တစ်ယောက်ထဲဖြစ်နေမှာကို စိုးရိမ်နေတာလား"


"ဟုတ်တယ်" 


ယင်းက သူချီချန်အန်းကို ဖုန်းဆက်ရတဲ့ အကြောင်းရင်းအမှန်ဖြစ်လေသည်။


သူ့ရဲ့လက်ချောင်းတွေက ရွှီလော့ယန်ရဲ့ လက်ချောင်းထိပ်တွေကို ညင်သာစွာ ပွတ်သပ်နေရင်း ချီချန်အန်းမျက်နှာတွင်မူ မည်သည့်အမူအယာမှရှိမနေဘဲ အေးစက်စွာဆိုလိုက်၏။


"လျန်ချိိုးကို ဆက်သွယ်ပြီး ကျွန်တော်ပြောတဲ့အတိုင်းပြောလိုက်ပါ"


ဖုန်းချပြီးတဲ့နောက်မှာ ချီချန်အန်းရဲ့ဖုန်းက အားကုန်သွားပြီး ဖုန်းမျက်နှာပြင်က ချက်ချင်းမည်းသွားသည်။ သူခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ရွှီလော့ယန်ရဲ့ဖုန်းကိုလှမ်းယူလိုက်သည်။လော့ယန်က သူ့ထံကနေ look screen လျှို့ဝှက်နံပါတ်ကို ဖုန်းကွယ်ထားတာမျိုးမရှိခဲ့ဘူးချေ။


သေချာတာပေါ့။ သူweibo ကို ဝင်ရောက်ကြည့်ရှုပြီးနောက် ရွှီလော့ယန် "ကျောင်းထုတ်ခံရခြင်း" ဆိုတဲ့ခေါင်းစဉ်က ပေါက်ကွဲနေပြီး တစ်ယောက်တစ်ယောက်က သူများတွေရဲ့အမြင်ကိုတမင်ဆွဲဆောင်နေတယ်ဆိုတာ သိသာလေသည်။ 


'လော့ယန်ရဲ့အတန်းဖော်' လို့ အမည်ခံထားတဲ့ လူအချို့ကလဲ ရွှီလော့ယန်က ကျောင်းဝင်းအတွင်း အနိုင်ကျင့်မှုကြောင့် နှင်ထုတ်ခံရပြီး၊စိတ်ဓာတ်ကျနေသည့် မိန်းကလေးတစ်ဦးကို သေဆုံးအောင် တွန်းအားပေးခဲ့တယ် ဆိုတဲ့သတင်းများကိုပင် ထုတ်ဖော်ခဲ့သေးသည်။ ထို့နောက်မှာ ရွှီလော့ယန်ရဲ့ 'စိတ်ကူးယဥ်ကြည့်လို့တောင်မရတဲ့ သည်းခံနိုင်စရာမရှိသော' တစ်ခုခုကို 'လူမသိတဲ့ဇာတ်လမ်းနောက်ကွယ်' ဆိုတဲ့ ခေါင်းစဥ်နဲ့ ထုတ်ဖော်ပြသခဲ့ပြီး ယင်းက သူကျောင်းမှ အပြီးအပြတ်ထုတ်ပယ်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်လို့ဆိုလာလေ၏။


Weibo ပေါ်မှာရုတ်ရုတ်သဲသဲဖြစ်နေပြီး အရသာရှိသော စားသောက်ပွဲကြီးမှာ ပါဝင်နေသကဲ့သို့ ရေတွက်လို့တောင်မရနိုင်တဲ့ အမှန်တရားရဲ့ဘက်တော်သားဆိုတဲ့လူတွေက ဝင်ရောက်လာကြကာ ရွှီလော့ယန်ကို အပြစ်တင်ဖို့ တစ်စက္ကန့်လောက်နောက်ကျရင် ဘုန်းကြီးတဲ့လူသားကို သစ္စာဖောက်မိသွားမှာစိုးသလိုလိုဖြင့် အားကုန်တိုက်ခိုက်နေကြသည်။


ချီချန်အန်းက လျန်ချိုးရဲ့ နံပါတ်ကို ခေါ်လိုက်သည်။


 "ငါပါ" 


သူက ရွှီလော့ယန်ရဲ့ လက်အနောက်ဘက်မှာရှိနေတဲ့ အပ်ရာတွေကိုကြည့်ပြီး "ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ အတိအကျသိချင်တယ်" ဟု တိုးညှင်းသောလေသံဖြင့် ပြောလိုက်သည်။


ရွှီလော့ယန်ကို အောက်အထိရောင်အောင် တွင်းနက်နက်တူးပေးနေတဲ့သူက ဘယ်သူလဲဆိုတာသူတကယ်သိချင်စမ်းတယ်။


"နားလည်ပါပြီ သခင်လေးချီ"


ဖုန်းခေါ်ဆိုမှုပြီးဆုံးပြီးတဲ့နောက်၊ ချီချန်အန်းက Weibo ထဲကိုပြန်ဝင်ပြီးနောက် PR ဘက်က အလုပ်လုပ်နေပြီဆိုတာကို တွေ့သော်လည်း လူအများရဲ့ ယုံကြည်ထားတာကို ချိုးဖျက်ဖို့ မလွယ်ကူသဖြင့် တိုက်ခိုက်မှုတွေကိုအနည်းငယ်သာလျော့ပါးသွားအောင်လုပ်နိုင်လေသည်။


မြန်မြန်လေးစဥ်းစားလိုက်ပြီးနောက် ချီချန်အန်းက သူ့weiboအကောင့်သို့ အကောင့်ဝင်ရန် ပြင်လိုက်သော်လည်း စခရင်ကို နှစ်ကြိမ်နှိပ်ပြီးနောက်၊ ယခုဝင်ထားတဲ့ အကောင့်က "ရွှီလော့ယန်" ဆိုတဲ့ အကောင့် မဟုတ်ဘဲ သူ့ရဲ့လျှို့ဝှက်အကောင့်ဖြစ်တဲ့- 'ရွှီနျောင်နျောင်ရဲ့စိတ်ခံစားချက်လေး'ဆိုတာကို ရုတ်တရက် သိလိုက်ရ၏။


_____


Translated By IQ-Team.