🍬Chapter 51
------------
စတုဂံပုံံသတ္တုcaseရဲ့အတွင်းမှာ ငွေသတ္တုဖြင့်လုပ်ထားတဲ့ အကြီးနှင့်အသေးမိုက်ခရိုဖုန်းနှစ်ခုပါပြီး ၄င်းတို့အပေါ်ကငွေမှုန်လေးတွေကအလင်းထဲမှာတောက်ပနေကာ ကြယ်လေးတွေကိုပိုင်ဆိုင်တဲ့စကြာ၀ဠာကြီးတစ်ခုလိုမျိုး မျက်စိကျိန်းလောက်အောင် လှပစွာတောက်ပနေလေသည်။မိုက်ခရိုဖုန်းရဲ့အလယ်နားလေးမှာ အရောင်ဖျော့တဲ့သစ်သားပိုင်းစလေးမြုပ်ထားပြီး ထိုအပေါ်မှာ ရှေးဟောင်းတရုတ်စာဖြင့် ''လော့ယန်''ဆိုပြီးတောင်ထွင်းထားသေးသည်။
လက်ရေးလက်သားက ကြည့်ရတာရင်းနှီးနေပြီး သေချာပေါက်ပဲ သစ်သားတူလေးတွေပေါ်ကလက်ရေးနှင့်တစ်ထပ်တည်းဖြစ်ပေသည်။
ဘူးထဲမှာရှိနေတဲ့ မိုက်ခရိုဖုန်းတွေကိုကြည့်ပြီး၊လုတိတစ်ယောက် ''ဒါ....ဒါတွေက ဒဏ္ဏာရီဆန်တယ်လို့ပြောကြတဲ့ Sennheiserမိုက်ခရိုဖုန်းတွေပဲ” ဟုဆိုကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စကားတွေပါရှင်းရှင်းလင်းလင်းမပြောနိုင်တော့ဘဲ ကျန်းသုန့်အားကြည့်ကာ ''ကျန့်ကော ဒီရတနာတစ်စုံရဲ့တန်ဖိုးက ဘယ်လောက်တောင်မှလဲ” ဟုသာ အားနည်းစွာမေးလိုက်မိသည်။
ကျန်းသုန့်က သူ့ဘေးနားမှာရှိတဲ့ စက်ကိရိယာတွေအတွက် လမ်းညွှန်စာအုပ်ကို အမှတ်တမဲ့ငေးရင်း " မိုက်ခရိုဖုန်းတစ်ခုထဲဆိုရင်တော့ ၇သိန်းကျော်လောက်၊ ဒါပေမဲ့ တစ်စုံလုံးဆိုရင်တော့ သေချာပေါက်စျေးက နှစ်မီလီယံအောက်လျော့မှာ မဟုတ်ဘူး”လို့ တွက်ချက်ရင်းဆိုလိုက်သည်။
အခုအချိန်မှာတော့ 'ဆင်းရဲမွဲတေမှုက စိတ်ကူးယဥ်တာကိုတောင်ကန့်သတ်နိုင်တယ်' ဆိုတာရဲ့အဓိပ္ပါယ်ကို လုတိတစ်ယောက် နားလည်သွားပြီဖြစ်သည်။
ရွှီလော့ယန် မိုက်ခရိုဖုန်းတစ်စုံကိုလက်ထဲမှာ ဂရုစိုက်ပြီး ကိုင်ထားလိုက်သည်။သူတို့က တော်တော်လေး လေးတယ်လို့ ဆိုနိုင်ပေမဲ့ သူ့လက်ထဲမှာကိုင်ထားရတာ သက်သောင့်သက်သာ ဖြစ်နေပေသည်။မိုက်ခရုဖုန်းကို တစ်ဖတ်မှတစ်ဖက်ကိုလှည့်နေရင်း သူတို့တွေက သူလက်ထဲမှာ အံဝင်ခွင်ကျ ဖြစ်နေရုံတင်မကဘဲ သူ့ရဲ့ပုံမှန်ကိုင်နေကြ မိုက်အရွယ်အစားနှင့်အတူတူပဲ ဖြစ်နေတာကို အံ့သြစရာကောင်းစွာပဲတွေ့လိုက်ရသည်။
ပြီးတော့ ယင်းက သူ့ရဲ့လက်မနဲ့ ''လော့ယန်"ဆိုတဲ့ စာလုံးလေးတွေပေါ်ကို ထပ်တူကျနေဖို့လဲ သေချာဒီဇိုင်းဆွဲထားသေးသည်။
ထွင်းထားတဲ့ စာလုံးလေးတွေပေါ်မှာ လက်ချောင်းထိပ်တွေကိုဖြေးဖြေးချင်း ပွတ်လိုက်ရင်း၊ သူ့ရင်ထဲမှာပန်းတွေ ပွင့်နေတဲ့အသံတွေကိုတောင်မှကြားနေရသလိုပဲ။သူ ချီချန်အန်းရဲ့ ဖုန်းနံပါဒ်ကိုခေါ်လိုက်ရင်း လက်ခံရရှိတဲ့အကြောင်းတစ်ခွန်းမှ မဟဘဲ ရယ်ရုံံရယ်နေမိတော့သည်။
"မင်းရဲ့လက်ဆောင်ကို လက်ခံပြီးပြီလား"
ချီချန်အန်းရဲ့ လေသံမှာလည်း ထင်ရှားစွာပင် ရယ်သံစွတ်နေလေသည်။
"အမ်း၊ ကျွန်တော်ရပြီးပြီ"
ရွှီလော့ယန်တစ်ယောက် သူ့အသံထဲက ပျော်ရွင်မှုကိုပင်မကွယ်ဝှက်နိုင်တော့ပေ။
"အဲ့ဒါကိုအရမ်းကြိုက်တယ်၊ပြောရရင်တော်တော်လေးကိုကြိုက်တယ်၊အခုကစပြီး သီချင်းဆိုတိုင်း အဲ့ဒါတွေကိုပဲသုံးတော့ဖို့ ဆုံးဖြတ်လိုက်ပြီ"လို့ တက်ကြွစွာပြောလိုက်သည်။
"ဟုတ်ပြီလေ"
ချီချန်အန်းရဲ့လေသံက အလွန်ကိုညင်သာနေပြီး"ကိုယ်အဲ့ဒါကို နွေဦးပွဲတော်အတွက်လက်ဆောင်အဖြစ်ပေးချင်ခဲ့တာ၊ဒါပေမဲ့ ထုတ်လုက်မှုပိုင်းက အချိန်အကြာကြီးယူသွားတာနဲ့ ကိုယ်လဲမတက်နိုင်ခဲ့ဘူး"
''ရပါတယ်၊ရပါတယ်''
ခြေချောင်းတွေကိုဆန့်တန်းရင်း၊ရွှီလော့ရန်ကမသိစိတ်ကနေ ကြမ်းပြင်ပေါ်မှာ စက်ဝိုင်းပုံတစ်ခုပင်ဆွဲလိုက်သေးသည်။
သူ့ရဲ့လက်ချောင်းထိပ်လေးတွေဖြင့် စာလုံးတွေပေါ်ကို တစ်လက်မချင်းစီ ထပ်မံဖိပွတ်လိုက်ပြီး''ဆိုတော့.....မိုက်ခရိုဖုန်းတွေပေါ်က ကျွန်တော်ရဲ့နာမည်ကို မင်းရဲ့လက်တွေနဲ့ ကိုယ်တိုင်ထွင်းပေးထားတာလား"
"အမ်း...ဟုတ်တယ်"
မျှော်လင့်ထားပြီးသားအဖြေကိုကြားလိုက်ရတော့၊ ရွှီလော့ယန်ရဲ့ဦးနှောက်ကရုတ်တရက်အလုပ်မလုပ်တော့ဘဲ ဘာပြန်ဖြေရမှန်းမသိတော့ပေ။သူကနေရာမှပဲရပ်နေရင်း ကလေးတစ်ယောက်လိုရယ်မောလိုက်မိသည်။
သူ့ဘေးမှာ ထိုမြင်ကွင်းကိုကြည့်နေတဲ့ ကျန်းသုန့်တစ်ယောက် အကူအညီမဲ့သလိုခံစားလိုက်ရပြီး "သူဘာလို့တစ်နေ့တစ်ခြားအရူးနဲ့တူလာရတာလဲ"ဆိုတဲ့ အတွေးတွေဖြင့်ပြည့်နှက်သွားရသည်။
ဖုန်းချပြီးတဲ့နောက်မှာ ရွှီလော့ရန်က ရှုထောင့်မျိုးစုံကနေ ပုံကိုးပုံရိုက်လိုက်ပြီး လျှင်မြန်စွာ ပို့စ်တင်လိုက်သည်။
ထို့နောက်မှာ တစ်ခုခုကိုစဥ်းစားမိပြီး ဂရုတစိုက်ရေးလိုက်၏။
"ချီချန်အန်း၊ အနာဂတ်မှာ ကျွန်တော်သီချင်းဆိုတိုင်း ဒါတွေကိုပဲသုံးမယ်လို့ ကတိပေးတယ်"
ကိရိယာအသစ်တွေတပ်ဆင်လိုက်မှုကြောင့် လှုပ်ရှားမှုတွေပြားပန်းခပ်နေပြီး ပွဲအတွက်ပြင်ဆင်နေတဲ့နေရာ တစ်ခုလုံး ဖရိုဖရဲဖြစ်နေပေသည်။
ဂီတဆရာက မိုက်ခရုဖုန်းတွေနဲ့ အတွဲလိုက်ကိရိယာတွေကိုမြင်တဲ့အခါမှာတော့ သူ့ရဲ့လက်တွေကစိတ်လှုပ်ရှားမှုကြောင့် တုန်ခါသွားပြီး''ငါဒါတွေကိုမြင်လိုက်ရတဲ့အတွက် လုံလုံလောက်လောက်အသက်ရှင်ပြီးသွားပြီထင််တယ်''
သူ့ရဲ့မုတ်ဆိတ်မွှေးထူထူတွေကိုပွတ်သပ်ရင်း "ပုံမှန်အားဖြင့်ဆိုရင် ဒီလိုစိတ်ကြိုက်အပ်ထားတဲ့ မိုက်ခရိုဖုန်းတွေကို မင်းရဲ့အသံtone ရော မင်းပုံမှန်ဆိုနေကျ နည်းစနစ်နဲ့ကိုက်ညီအောင်လုပ်ပေးထားလိမ့်မယ် မင်းဒါကိုသုံးကြည့်ရင် ဒါကမင်းနဲ့တော်တော်လေး အံဝင်ခွင်ကျဖြစ်တယ်ဆိုတာသိလာမှာပါ အခုတော့ဒီကိရိယာတွေကို ညှိပေးဖို့ငါယူသွားရဦးမယ် အဲ့ဒါက အလွန်ဆုံးမှ နှစ်နာရီလောက်ပဲ ကြာမှာပါ။ပြီးရင်
မင်းအဲ့ဒါနဲ့ရင်းနှီးသွားပြီး ဒီညအတွက်အဆင်ပြေပြေနဲ့ ပြဿနာမရှိဘဲဆိုနိုင်မှာ သေချာပေါက်ပဲ"
ရွှီလော့ယန်က ခေါင်းညိတ်ပြလိုက်ကာ မိုက်ခရိုဖုန်းနှစ်ခုကို လက်မှာကိုင်ရင်း ခုန်လုမတက် လျှောက်နေတဲ့ဂီတဆရာရဲ့နောက်ကနေ ဖြေးညင်းစွာပဲလိုက်သွားလိုက်သည်။
တစ်ချိန်တည်းမှာပဲ ရွှီလော့ယန်ရဲ့ weibo post အောက်မှာ ပရိတ်သတ်တွေအများကြီး အုံကြွကာ အံ့အားသင့်နေကြပေသည်။
//Sennheiserမိုက်ခရိုဖုန်းတစ်ခုရဲ့ ဝယ်ယူသူစိတ်ကြိုက်လုပ်ပေးတဲ့ အထူးစျေးနှုန်းကိုမြင်ပြီးတဲ့နောက်မှာတော့၊ အဲ့နောက်ကသုညတွေကြောင့် ငါ့မျက်လုံးတွေကန်းတော့မလိုဘဲ//
//အပေါ်လိုင်း -ဒီမိုက်ခရိုဖုန်းတွေအတွက်ဆိုရင် ငွေကိုရေလိုသုံးနိုင်မှပဲရမယ်
အောက်လိုင်း-ငါမှာတော့ လျှို့ဝှက်အချစ်ဆိုတာလဲမရှိဘူး ၊ငါကတစ်ကိုယ်တည်း ခွေးတစ်ကောင်ပဲ
Banner-ကူချန် ကာပယ်ကွ!ငါဒီအချိုခဲကြီးကို ကြိုက်လိုက်တာ//
//မစ္စတာချီက တစ်ကယ်မရိုးဖြောင့်တာပဲ။သူ ဒါကိုပေးလိုက်တော့ လော့ယန်သီချင်းဆိုတိုင်း သူ့ကိုမှတ်မိနေတော့မှာမလား//
//ငါ့....ငါ့.....ငါ့ရဲ့လေးစားမှုကိုပြသဖို့ ဒူးထောက်ပါရစေ//
//ရွှီလော့ယန်ရေ အခုကရှေးဟောင်း ဂန္တဝင်ပဟေဠိကို မေးရမဲ့အချိန်ပဲ။
မေး: တစ်ယောက်ယောက်က ငါ့ကိုမီလီယံချီတဲ့ မိုက်ခရိုဖုန်းတွေကို ဝယ်ပေးရင် ငါဘယ်လိုတုန့်ပြန်ရမလဲ
ဖြေ: မင်းရဲ့ခန္တာကိုယ်နဲ့ ပြန်ပေးဆပ်လိုက်ပါ//
ဒါပေမဲ့အဲ့ဒီ့အချိန်မှာ ရွှီလော့ယန်က မိုက်ခရိုဖုန်းတွေထဲကတစ်ခုနှင့်အသားကျအောင် လုပ်နေတာနဲ့ပဲ ကောမန့်တွေကိုဖတ်ဖို့အချိန်မရှိခဲ့ချေ။မိတ်ကပ်လိမ်းဖို့နဲ့ အဝတ်အစားလဲဖို့အတွက် မုလန်နှင့်ထျန်းယာယာတို့စီက ဆွဲခေါ်ခံလိုက်ရပြီး နောက်မှာတော့ အချိန်က6နာရီထိုးသွားပေသည်။
မိုက်ခရိုဖုန်းကိုဆုပ်ကိုင်ပြီး အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ဓာတ်လှေကားထဲကထွက်လိုက်ပြီး စတိတ်စင်ရှိရာသို့ဦးတည်လိုက်သည်။ထို့နောက်မှာတော့ ပထမဆုံးတန်းရဲ့ အလယ်ခုံကို အကြည့်ရောက်လိုက်မိရာ ဘယ်သူမှရှိမနေပေ။
မသိစိတ်ကနေ'လော့ယန်'ဆိုနဲ့စကားလုံးလေးပေါ်ကို ဖိပွတ်လိုက်မိပြီး၊ မတ်မတ်ရပ်လိုက်ကာ ဖန်တွေကို အပြုံးဖြင့်နှုတ်ဆက်လိုက်သည်။
''ဒီနေ့ရောက်လာပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်၊ဒီနေ့တော့ အရမ်းအရမ်းကိုပျော်ရွင်နေပြီ''
သူ့ရဲ့မျက်လုံးတွေကလည်း အပြုံးနှင့်ထပ်တူညီစွာကွေးညွှတ်သွားပြီး သူကိုင်ထားတဲ့ မိုက်ခရိုဖန်းကိုညွှန်ပြကာ"ဒါကအရမ်းလှတယ်လို့မထင်ဘူးလား"
''ဝိုး...'' ဟူသောသံပြိုင်အော်ဟစ်လိုက်တဲ့အသံတွေ စင်ဘက်ကိုပျံ့လွင့်လာပြ စခရင်ပေါ်မှာ ရွှီလော့ယန်ရဲ့အပြုံးကိုမြင်လိုက်ချိန်မှာတော့ အော်သံများအဖြစ်ပြောင်းလဲသွားတော့၏။
"ကျွန်တော်တော့ ဒါကအရမ်းလှတယ်လို့ထင်တယ် ပြီးတော့ ဒါကိုဒီညမှာ ပထမဆုံးအနေနဲ့ သီချင်းဆိုဖို့သုံးမှာ ကျွန်တော်ကောင်းကင်ကိုတောင်ပျံတက်တော့မလိုခံစားနေရလို့ မင်းတို့ကပဲ ဂရုစိုက်ပေးကြပါဦး"
သူ့ရဲ့ဂျာကင်ကို အနည်းငယ်ပြန်ပြူးအောက်လုပ်လိုက်ပြီး ရွှီလော့ယန်က စင်အလယ်ရှိ ကတ္တီပါဆိုဖာပေါ်မှာခြေချိတ်ထိုင်လိုက်ရာ သူ့ရဲ့ ခြေတံရှည်ရှည်တွေက လူအများရဲ့အာရုံကို ဆွဲဆောင်လိုက်နိုင်ပေသည်။
ပထမဆုံးနာရီဝက်ကတော့ ဖန်တွေနှင့်စကားပြောရင်း၊ အမေးအဖြေ လုပ်ရင်း၊ဂိမ်းကစားရင်းဖြင့် ကုန်ဆုံးသွားသည်။စင်ပေါ်မှာ ရွှီလော့ယန်ရဲ့ ထိန်းချုပ်နိုင်မှုက အလွန်မြင့်မားပေသည်။သူ့ရဲ့စကားလုံးတွေမှာ ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှပ်နေပြီး ဆွဲတောင်မှုရှိကာ ငြီးငွေ့စရာမကောင်းချေ။
နောက်က စခရင်ပေါ်မှာ "ကျေးဇူးပြုပြီးသီချင်းစဆိုပါ" ဆိုတဲ့စာလုံးပေါ်လာချိန်မှာတော့ ရွှီလော့ယန်က ရယ်လိုက်ပြီး "ဒီတစ်နာရီက ကုန်သွားတာမမြန်လွန်းဘူးလားသီချင်းဆိုတဲ့အပိုင်းကမြန်မြန်ပဲရောက်လာတာပဲ"
တစ်ညီတစ်ညွတ်တည်း ''yes''ဆိုတဲ့အသံကိုကြားလိုက်ရချိန်မှာတော့ ရွှီလော့ယန်ကခေါင်းညိတ်ပြီး "ဟုတ်ပြီလေ ဒါဆိုရင်လည်း စဆိုကြမယ်....စဆိုကြမယ်"
ထို့နောက်မှာ ဘယ်ဘက်လက်ကိုမြှောက်လိုက်ရင်း၊ အနက်ရောင်ဂျာကင်ရဲ့ ကြယ်သီးတွေကိုတစ်လုံးချင်း ဖြုတ်လိုက်ပြီး ဘေးဘက်သို့ ငြင်သာစွာ ပစ်ထုတ်လိုက်တဲ့နောက် အရောင်ဖျော့ဖျော့ ချည်အင်္ကျီတစ်ထည်ပဲကျန်တော့လေသည်။
"ဒီနေ့ဆိုမဲ့သီချင်းနာမည်ကတော့...'ဆည်းဆာရောင်' ”
သူပြောပြီးပြီးချင်းပဲ စင်တစ်ခုလုံး မှောင်မဲသွားပြီး သူ့အပေါ်ကို အလင်းရောင် တစ်ဖျောက် ထိတွေ့လာလေသည်။အလင်းနှင့်အရိပ်တွေရဲ့ပြောင်းလဲမှူနှင့်အတူ သူ့ရဲ့မျက်နှာကအပြုံးကင်းမဲ့နေပုံပေါ်ပြီး အေးစက်တဲ့ပုံရိပ်ကို ထင်ဟပ်စေပေသည်။သူ့ရဲ့eye make upကိုထူထူလေးလိမ်းထားပေးပြီး မျက်တောင်စွန်းတွေကိုကြည့်ရတာ ငြီးငွေ့လွမ်းဆွတ်တဲ့ပုံပေါ်နေစေသည်။
သူ့ရဲ့အနီးကပ် မျက်နှာပုံက စခရင်မှာပေါ်လာပြီးနောက် စင်အောက်က အော်သံတွေပိုကျယ်လာပြီး နားစည်ကွဲလုမတက်ပင်။ရွှီလော့ယန်က မိုက်ခရိုဖုန်းကိုကိုင်ထားပြီး သီချင်းဆိုရင်း ကခုန်နေတာကြောင့် သူ့ရဲ့ကော်လာက သူ့ရဲ့လှုပ်ရှားမှုတွေနှင့်အတူအောက်ကိုလျှောသွားပြီး သူ့ရဲ့ပုခုံးတွေနှင်အတူ ဆွဲဆောင်မှရှိတဲ့ ကြွက်သားလိုင်းကို ဖော်ပြနေလေသည်။
ထိုအချိန်မှာပဲ ပထမဆုံးတန်းရဲ့ အစောပိုင်းက ဘယ်သူမှမရှိတဲ့ အလယ်အကျဆုံးခုံမှာ လူတစ်ယောက်ထိုင်နေတာကို ရုတ်တရက်ပဲသတိပြုမိလိုက်သည်။
ချီချန်အန်း...
နှလုံးခုန်သံတွေပြင်းထန်သွားပြီး ရွှီလော့ယန် လက်ထဲက မိုက်ခရိုဖုန်းကို တင်းကျပ်စွာဆုပ်ကိုင်လိုက်မိပြီး စာသားတွေပါမေ့သွားကာ သူ့ရဲ့ဦးနှောက်က စက္ကန့်ဝက်မျှအလုပ်မလုပ်တော့သလိုခံစားလိုက်ရသည်။
ထို့နောက်မှာတော့ သူ့အနောက်မှာရှိတဲ့ Teleprompterကိုလှည့်ကြည့်လိုက်ရပေသည်။(Teleprompterဆိုတာ cameraနဲ့တွဲထားတဲ့ screen အသေးလေးပါ သတင်းကြေညာတဲ့သူတွေ ကြည့်ပြီးဖတ်တဲ့ device)
ထိုအချိန်မှာ ပရိသတ်တွေအနေဖြင့် စခရင်ပေါ်မှာရွှီလော့ယန်တစ်ယောက် တောက်တောက်ပပပြုံးနေတာကို သတိပြုမိလိုက်ကြပြီး သူ့မျက်လုံးတွေနောက်မှာ တလက်လက်တောက်ပနေတဲ့ ကြယ်လေးတွေဝှက်ထားသယောင်ဖြစ်နေပေသည်။
သူ့ရဲ့နှလုံးသားထဲမှာ မိုးရေတွေအဆက်မပျက် လျှံကျလာတဲ့ celadon ကန် ကဲ့သို့ခံစားချက်များ ပြည့်နှက်နေပေသည်။ရွှီလော့ယန်က စင်ပေါ်မှာ တင်ပျဥ်ခွေ ထိုင်ချလိုက်ပြီး ပိုက်ပါတဲ့ရေသန့်ဘူးစီက ရေတစ်ငုံမျှသောက်လိုက်ကာ နဖူးပေါ်ကချွေးတွေကို ပုဝါဖြင့်တစ်ချက်သုတ်လိုက်ပြီး စင်ရှိရာဘက်ဦးတည်လိုက်သည်။
"ကျွန်တော်တို့ အတူတူသီချင်းဆိုကြမလား"
"ဆိုမယ်!!!"
"အမ်း ဒါဆိုရင် ကျွန်တော်တို့အခုလေးတင်ဆိုခဲ့တဲ့သီချင်းကိုဆိုကြမယ် ၊မင်းတို့က 'ငါ့ရဲ့အချစ်-ငါ့ရဲ့အချစ်' ဆိုတဲ့နေရာကိုဆိုပြီး ကျွန်တော်က နောက်ဆုံးစာကြောင်းနှစ်ကြောင်းကိုဆိုမယ်၊ ဒါဆိုရင်အဆင်ပြေမလား"
ထိုသို့ပြောပြီးတဲ့နောက်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ရွှီလော့ယန်ကထရပ်လိုက်ကာ "တီးဝိုင်းဆရာရေ စကြစို့"
ဒရမ်သံတွေစပြီးထွက်လာတာနဲ့ ကွင်းတစ်ခုလုံးအလင်းချောင်းလေးတွေဖြင့်လင်းထိန်လာကာ ပင်လယ်သဖွယ်ဖြစ်လာသည်။
ရွှီလော့ယန်က ဂီတသံစဥ်အတက်အကျကိုလိုက်ပြီး စင်ပေါ်မှာပြေးနေကာ ပရိတ်သတ်တွေက "ငါ့ရဲ့အချစ်"လို့ဆိုလိုက်တိုင်း "ငါမနက်တိုင်းမျက်လုံးဖွင့်လိုက်တာနဲ့ ငါ့ဘေးမှာအိပ်နေတဲ့မင်းကို မြင်ရဖို့စောင့်နေတယ်"ဆိုတဲ့စာသားကို ဆိုလိုက်သည်။
ထိုစာသားကို ထပ်ခါထပ်ခါ ၊ထပ်ခါထပ်ခါ အကြိမ်နှစ်ဆယ်ခန့်ဆိုပြီးချိန်မှာ သံပြိုင်ဆိုနေတာရဲ့ အရှိန်က ပို၍အားပါလာသည်။သီချင်းဆိုတာပြီးဆုံးပြီးတဲ့နောက်မှာ ချွေးတွေဖြင့်ဖုံးလွှမ်းနေတဲ့ ရွှီလော့ယန်တစ်ယောက် အသက်ရှူသံပြင်းပြင်းဖြင့် စင်ပေါ်မှာလှဲချလိုက်သည်။လက်တစ်ဖက်က မိုက်ခရိုဖုန်းကို ကိုင်ထားပြီး အခြားတစ်ဖက်နှင့် မျက်လုံးကိုအုပ်ထားကာ၊သူ့နှုတ်ခမ်းထက်မှာမူ အပြုံးတစ်ပွင့် ခိုတွဲနေပေသည်။
မင်းငါ့ရဲ့ ရင်ခုန်သံတွေကိုကြားရဲ့လား...။
.........…….........…….........…….........…….........…….........…….
ရွှီနျောင်နျောင်ရဲ့စိတ်ခံစားချက်လေး :
မင်းရောက်လာပြီပဲ....
_____
Translated By IQ-Team.