🍬Chapter 49
ရေချိုးလို့ပြီးသွားတော့ သူက ချီချန်အန်းကို ဗီဒီယိုကောလ်ခေါ်လိုက်သည်။
" ဂွတ်မောနင်း ချီလူကြီးမင်း "
ရွှီလော့ယန်ကရေချိုး၀တ်စုံကို လျော့တိလျော့ရဲသာ ၀တ်ဆင်ထားပြီး ညှပ်ရိုးပေါ်နေတာကြောင့် မျက်စိကျိန်းလောက်တဲ့အသားရည်ဖြူဖြူကိုချက်ချင်းသတိထားမိလိုက်သည်။
သူလည်ချောင်းကခြောက်သွေ့သွားပြီး သူအသံကမူမနက်ခင်းအိပ်ယာကနိုးခါစ အသံကံသို့ ခပ်ဩဩဖြစ်သွားရ၏။
"ဂွတ်မောနင်း မင်းအခုမှရေချိုးလို့ပြီးတာလား "
"အင်း"
ရွှီလော့ယန်ကဖြေရင်း သူဆံပင်ကိုတစ်ချက်သပ်တင်လိုက်သည်။
"ရေချိုးရတာတော့သက်တောင့်သက်သာရှိတယ် ဒါပေမယ့် ခေါင်းသုတ်နေရတာပင်ပန်းတယ်၊သူ့ဘာသူရေငွေ့ပျံသွားတာကိုပဲ စောင့်နေလိုက်တော့မယ် "
"နောက်တစ်ခါ မင်းဆံပင်ကိုလေမှုတ်ပေးပါမယ် "ဟုပြောကာ နည်းနည်းနီနေသည့်ညှပ်ရိုးကိုမြင်တော့ သူ့မျက်လုံးကမြင်ပြီး မည်းနက်သွားရသည်။
သို့ပေမယ့် အ၀တ်၀တ်လိုက်ဖို့ကိုတော့ သတိမပေးဖြစ်ပေ။
ထို့အစား...
"ဒီနေ့ အလုပ်များနေလား"ဟုသာမေးလိုက်သည်။
"အဆင်ပြေပါတယ် မနက်က ဓာတ်ပုံရိုက်၊နေ့ခင်းကျတော့ ရှိုးတစ်ခုရိုက်တယ်၊မနက်ဖြန်ကျရင် ကြေညာပေးထားတဲ့ဘရန်းအတွက်ပွဲတတ်ပေးရမယ်၊ဒါကြောင့်လူတော့များလိမ့်မယ် ဒါပြီးရင် ပွဲလုပ်မယ့်ကွင်းကိုသွားကြည့်ရမယ် "
ရွှီလော့ယန်က ဆိုဖာကိုမှီလိုက်ပြီး ရှင်းပြလာသည်။
"ကျွန်တော်အရင်တစ်ခါကလုပ်ဖူးသလိုမျိုးပဲ fan meetingပွဲလုပ်ဖို့ရှိတယ်၊တစ်ကိုယ်တော်ဖျော်ဖြေပွဲအသေးစားမျိုးလေးပါပဲ၊ဒါကြောင့် ကျွန်တော်အသေးစိတ်စစ်ဆေးရမှာတွေရှိတယ် "
သူကလက်ချိုးရေလိုက်ပြီး
" 'Divergent Road'ရဲ့end creditsအတွက်လည်း အသံသွင်းရအုန်းမယ် ဒါကြောင် လုပ်စရာတွေကများတော့များတယ် "
သူဘာဖြစ်ချင်လဲဆိုတာကို သိသွားပြီးကတည်းက ခံစားချက်ကလုံး၀ကိုမတူတော့၊ထပ်ပြီး ချီချန်အန်းနဲ့ဗီဒီယိုကောပြောတော့ ရွှီလော့ယန် absတွေနှင့်ယောက်ျားကို အလိုလိုက်ပေးချင်နေတာကို အံအားသင့်စွာ သိလိုက်ရသည်။
သေစမ်း ဒါကြီးက အချစ်ကလူတစ်ဦးရဲ့ဉာဏ်ရည်ကိုကျသွားအောင် လုပ်နိုင်တယ်ဆိုတာလား ခံစားရကောင်းလိုက်တာ...
ရွှီလော့ယန်အသံက ပုံမှန်ထက်ပိုပြီနူးညံ့နေတာကို ရိပ်မိတော့ ချီချန်အန်းက စကားပိုပြီး ပြောနေမိသည်။
"မင်းအချိန်ဇယားအရမ်းပြည့်နေရင်လည်း ရုပ်ရှင်ပွဲဦးထွက်ပွဲကိုကြည့်ရဖို့ တစ်ညလုံးမအိပ်ဘဲမနေနဲ့၊နောက်မှကြည့်လည်းရပါတယ် "
"မရဘူး၊မရဘူး ချန်အန်းကောရဲ့ရုပ်ရှင်ကို ပထမဆုံးကြည့်တဲ့သူပဲဖြစ်ရမယ်၊စာလုံး5000လောက်ရှိတဲ့ reviewရေးရမယ် "
စကားလက်ဆုံကြနေရင်း ရွှီလော့ယန် ဆိုဖာပေါ်သက်တောင့်သက်သာထိုင်ကာ ချီချန်အန်း၏ဖြူဖျော့ဖျော့ နှုတ်ခမ်းကို လက်ညိုးဖြင့်စခရင်ပေါ်ကနေလှမ်းထိုးလိုက်သည်။
"မင်းပြန်လာဖို့ ဘယ်လောက်ကြာဦးမှာလဲ "
မင်းကို အရမ်းလွမ်းနေပြီ...
"မကြာခင်ပေါ့ စာချုပ်အတိုင်းဆိုရင် ပရိုမိုရှင်း၁၀ပွဲလောက်ကျန်သေးတယ် "
ချီချန်အန်းက သူ့အချိန်ဇယားကိုလှန်ပြီး သေချာ ရေတွက်လိုက်သည်။
"ဒီနေ့က၁၈ရက်နေ့ဆိုတော့ကား ပြန်လာဖို့၈ရက်လောက်လိုသေးတယ် "
"၈ရက်ဆိုတော့ ၂၂ရက်နေ့ပေါ့ ကျွန်တေယ်fan meetingလုပ်မယ့်နေပဲ "
ရွှီလော့ယန်က သတိထားပြီး "မင်းတတ်ချင်လား"ဟုမေးလိုက်သည်။
ပြီးတော့ သူ့ဘာသူသာရောင်းစားလိုက်သည်။
"ကျွန်တော်ကဟာသတွေပြော၊သီချင်းတွေဆို ကပြ၊ပီယာနိုတီးပြနဲ့ တချိန်တည်းမှာ သီချင်းဆိုရင်းနဲ့ကရင် ကျွန်တော်ပရိသတ်တွေကအရမ်းကြည့်ကောင်းတယ်လို့ပြောကြတယ်၊ဘယ်လိုလဲ လာကြည့်ချင်လား "
"ကိုယ် Bမြို့ကိုမနက်စောစောပြန်ရောက်မယ် "
"အဲ့လိုလား ဒါပေမယ့်လည်းကိစ္စမရှိဘူး၊ပထမဆုံးအတန်းရဲ့အလယ်ခုံကို မင်းအတွက်ချန်ထားပေးမယ်"
ရွှီလော့ယန် ဆိုဖာပေါ်ပက်လက်လှဲနေရင်း ရုတ်ချည်းဆိုသလို "ချန်အန်း"ဟုခေါ်လိုက်သည်။
"ဟင် "
"ဘာမှမဟုတ်ဘူး ခေါ်ကြည့်တာ "
ထိုစကားကိုကြားပြီး ချီချန်အန်း နှုတ်ခမ်းကအနည်းငယ်ပြုံးရိပ်သန်းသွားရသည်။ရွှီလော့ယန် သူပြုံးနေတာကိုစိုက်ကြည့်နေရင်း စက္ကန့်ပိုင်းလောက် ကြက်ကြက်သေသွားရပြီး သတိမထားဘဲကိုယ်ကိုလှိမ့်လိုက်တာကြောင့် ဆိုဖာပေါ်ကနေပြုတ်ကျသွားရသည်။
"လော့ယန် မင်းအဆင်ပြေရဲ့လား "
ချီချန်အန်း စိတ်ပူနေသည့်အသံကိုကြားတော့ ရွှီလော့ယန် ကော်ဇောပေါ်ကနေထထိုင်လိုက်ပြီး နှာခေါင်းကိုလက်နဲ့အုပ်ထားကာ "မင်းအပြုံးကြောင့် ငါရူးပြီ"ဆိုတဲ့စကားသာ ခေါင်းထဲပေါ်လာသည်။
မနက်၁၁နာရီ၄၀မိနစ်ခန့် ရွှီလော့ယန် သူ့မျက်နှာအသားအရောင်ကို ဂျုံရောင်ပြောင်းထားလျက် နှုတ်ခမ်းမွှေးတပ်ထားကာ နေကာမျက်မှန်တစ်လက်ဖြင့် တုတ်တချောင်းကိုင်ပြီး ရုပ်ရှင်ရုံထဲ ခမ်းခမ်းနားနားလျှောက်လာလေသည်။
လုတိက ရုပ်ရှင်ရုံအပေါက်၀၌စောင့်ဆိုင်းနေပြီး ရွှီလော့ယန်လာနေတာတွေ့တော့ သူဆီသွားလိုက်ပေမယ့် ဘာမှမပြောရသေးခင်မှာပဲ "လိမ္မာလိုက်တဲ့တပည့်လေး ဆရာက မင်းလက်မှတ်၀ယ်ထားပြီးလောက်ပြီလို့ တွက်ထားပြီးသား ၀င်ကြအောင် ရုပ်ရှင်ကြည့်ကြမယ်"ဟု ရွှီလော့ယန်ကပြောလာလေ၏။
လုတိ "........."
ဒီဇာတ်ကောင်ကလည်း စိတ်၀င်စားဖို့ကောင်းသားပဲ
'Abosulute Pursuit 1'ကဇာတ်လိုက်နှင့် သူရဲ့ဖြောင့်မတ်တဲ့လုပ်ဖော်ကိုင်ဖက်တွေက ဗီလိန်ရဲ့အကြံအစည်များကိုဖျက်ဆီးသည့် ပုံမှန် စီးပွားရေးဆန်ဆန် ရုပ်ရှင်တစ်ကားဖြစ်သည်။ဇာတ်ညွှန်းကသိပ်မရှုပ်လှပေမယ့် ဇာတ်ညွှန်းရေးတဲ့သူ၊အသံ၊သရုပ်ဆောင်တွေနဲ့ ကျန်တဲ့သူအားလုံးကထိပ်တန်းဖြစ်တာကြောင့် ပထမရုပ်ရှင်က ကမ္ဘာတစ်ဝှမ်းက box officeဇယားများကိုသိမ်းပိုက်နိုင်ခဲ့သည်။ယခု ဒုတိယကားထွက်လာတော့လည်း မနက်စောစောပြသည့်ပွဲတောင်မှလူအပြည့်ပင်။
'The King'ဆိုသည့်နာမည်ဝှက်ဖြင့် ချီချန်အန်း၏ဇာတ်ကောင်ပေါ်လာတာနဲ့ ရွှီလော့ယန် တုတ်ကောက်ကိုဆုတ်ကိုင်ထားရင်း စိတ်လှုပ်ရှားလာရသည်။ သူ့ရုပ်ရှင်သူ ပြန်ကြည့်ရတာထက်တောင်မှ စိတ်လှုပ်ရှားဖို့ကောင်းသေးသည်။
ကြီးမားသည့်စခရင်ပေါ်၌ 'The King'က မှောင်မိုက်လှသည့် ငွေရောင်၀န်ရုံ၀တ်ဆင်ထားလျက်ရှိပြီး ခေါင်းကိုစွပ်ထားကြောင့် မျက်နှာပေါ်ကအမှုအရာကိုမမြင်ရ ဖျော့တော့နေသည့် နှုတ်ခမ်းကိုသာမြင်ရလေသည်။သူလှည့်လာတော့ ၀တ်ရုံပေါ်ကRosicrucian တံဆိပ်ကပေါ်လာသည်။၀တ်ရုံထောင့်များ တလွှင့်လွှင့်ဖြင့် သူ၏ဩဇာလွှမ်းမိုးနိုင်သည့် ကိုယ်ရောင်ကိုယ်ဝါကမမေ့ရက်နိုင်စရာပင်။
"အားးးးးးး ချီလူကြီးမင်းကအရမ်းချောတာပဲ "ဆိုသည့်အသံကိုဘေးဘက်ကနေကြားနေရသည်။
"ဒီတစ်ခါတော့ ငါသေချာပေါက် ဒုတိယတစ်ခေါက်ပြန်လာကြည့်ဦးမယ်"
ရွှီလော့ယန် ဂုဏ်ယူလွန်းတာကြောင့် "အသင်လူသား အခုမြင်နေရတာက ရေခဲတောင်ရဲ့ထိပ်ပိုင်းလေးပဲရှိသေးတယ် " ဟုတွေးလိုက်မိသည်။
ချီချန်အန်းက 'The King 'ဟုနာမည်ဝှက်ပေးထားသည့် ဗီလိန်နေရာမှ သရုပ်ဆောင်ထားသည်။သူ့စိတ်သဘောထားကအတည်တကျမရှိ နားလည်ရခက်လေသည်။ သူ၏အေးတိအေးစက်အမှုအောက်တွင်တော့ အတော်လေးရူးသွပ်နေကာ ဖျက်ဆီးချင်စိတ်အပြည့်ဖြင့်ပင်၊ဇာတ်လိုက် မလွတ်မြောက်နိုင်သည့်အိမ်မက်ဆိုးလည်းဖြစ်သေးသည်။ဇာတ်ကားစလယ်ဆုံး တစ်ချက်လေးမှမကောင်းတာမရှိသလို အဆုံးတွင်လည်း whitewashလုပ်ခြင်းမရှိ။
ရွှီလော့ယန် ကျောက်ဆောင်များဖြင့်ပြုလုပ်ထားသည် စင်မြင့်ပေါ်၌ 'The King 'ကိုမြင်တဲ့အခါ မျက်တောင်တစ်ချက်လေးတောင်မခက်ဘဲ စိုက်ကြည့်နေမိ၏။
ချီးချန်အန်း၏လက်တင်စကားပြောခန်းတွေက အတော်လေးကိုကောင်းလှသည်။
ဇာတ်ညွှန်းကပြောင်မြောင်လှပြီး ကျစ်ကျစ်လစ်လစ်ရှိတာကြောင့် အချိန်၂နာရီက ဘယ်လိုကုန်သွားမှန်းမသိလိုက်၊ရုပ်ရှင်ရုံထဲကမီးတွေပြန်လင်းလာတော့မှသာ ရွှီလော့ယန် တုတ်ကောက်ဖြင့်ထရပ်လိုက်ပြီး သူ့ပုံရိပ်ကမူလုံး၀မပျက်စီးသေးချေ။
ကားပေါ်ကိုပြန်ရောက်တော့မှ ရွှီလော့ယန် မျက်မှန်ချွတ်လိုက်ပြီး "တိဇီ ကောင်းလား"
"အရမ်းကိုကောင်းတယ် "
လုတိ ကားကိုကားပါကင်ထဲမှမောင်းထွက်လာလိုက်ရင်း "ချီလူကြီးမင်းသရုပ်ဆောင်ထားဝာာ အရမ်းကိုကောင်းတယ်၊ကျွန်တော်ကစကားလုံးတွေနဲ့ဖော်ပြတဲ့နေရာမှသိပ်တော့မတော်ပေမယ့် ကောသရုပ်ဆောင်တာထက်တောင်ပိုပြီးကောင်းသေးတယ်"
" ဒါပေါ့"
မနက်စောစော ရှင်းလင်းနေသည့်လမ်းမကိုကြည့်နေရင်း ရွှီလော့ယန် သူ့နှုတ်ခမ်းမွှေးတုကိုပွတ်လိုက်ကာ "အိမ်ပြန်ရောက်ရင် reviewရေးရမယ်"
ရွှိလော့ယန် သူပြောသည့်အတိုင်း အိမ်ပြန်ရောက်ပြီး၂နာရီလေးအတွင်း၌ စာလုံး၅၀၀၀ရိုက်ပြီး weiboပေါ်တင်ချလိုက်သည်။သို့ပေမယ့် သူရောက်တဲ့အချိန်၌ 'Abosulute Pursuit 2 ချီချန်အန်း'ဆိုသည့်ခေါင်းစဉ် မကောင်းပြောတဲ့သူတွေက ရောက်နေပြီတောင်ဖြစ်ကြောင်း သူသိလိုက်ရသည်။
Repostအများကြီးပြန်လုပ်ထားကြသည့် "ပိုက်ဆံရဲ့မျက်နှာကတော်တော်ကြီးတာပဲ ချီချန်အန်းတောင်မှ စီးပွားရေးဆန်ဆန် ဒီလောက်မကောင်းတဲ့ ရုပ်ရှင်ကိုရိုက်ဖို့ အောက်ကိုဆင်းတယ်တဲ့လား"ဟူသည့်စာပိုဒ်ကိုကြည့်ကာ သည်းမခံနိုင်တော့၊ရွှီလော့ယန် ချက်ချင်းစာဖိုင်ကိုဖွင့်ပြီး နောက်ထပ်စာလုံးရေ၃၀၀၀ခန့်ရေးလိုက်သည်။
အဓိကသူရေးထားတာကတော့ 'သရုပ်ဆောင်တွေက သူသရုပ်ဆောင်ချင်တဲ့ဇာတ်ကောင်အားရွေးချယ်ပိုင်ခွင့်ရှိကြောင်းနှင့် 'သရုပ်ဆောင်တွေက သူတို့ရဲ့comfort zoneထဲကနေထွက်နိုင်ဖို့ ရှုပ်ထွေးတဲ့ဇာတ်ကောင်များရွေးချယ်ပိုင်ခွင့်ရှိကြောင်းနှင့် သူတို့ကိုအားပေးပြီးအသိမှတ်ပြုသင့်ကြောင်းတို့ပင်။
ဒုတိယreviewကိုတင်ပြီးနောက် ရွှီလော့ယန်ရဲ့ဖန်တွေတောင် နည်းနည်းဇဝေဇဝါဖြစ်လာရသည်။၁နာရီကြာပြီးတဲ့နောက် တတိယဆောင်းပါးကိုတင်လာလေသည်။ဆောင်းပါးတစ်ခုလုံး စာလုံးရေ၂၀၀၀နီးပါးရှိကာ မကောင်းပြောတဲ့သူတွေ၏အပြုအမှု သူတို့ရဲ့လှုံဆော်မှုများအကြောင်းကိုရေးသားထားသည်။
ဆောင်းပါး၃ခုလုံးဖတ်ပြီးသည့်နောက် ရွှီလော့ယန်ဖန်များ အသက်၀င်လာသည်။
တွဲဖက်ကိုကာကွယ်ဖို့ ဒေါသတကြီးနဲ့ရှေ့ထွက်လာတာလား၊တော်တော်လေးအလျင်စလိုဖြစ်နေပြီလား၊ ချီချန်အန်း ဂုဏ်သိက္ခာနဲ့ကျော်ကြားမှုကို ဖုံးကွယ်ထားတဲ့တစ်ယောက်။
"ငါ လေးစားလို့အရင် ဖန်ခွက်နဲ့ကမ်းပေ့လုပ်မယ်၊မကောင်းပြောတဲ့သူတွေကို တိုက်ခိုက်ဖို့အတွက်နဲ့စာလုံးရေ10000ကိုဆက်တိုက်တင်တယ်၊ချီစွမ်းအင်က ကျိန်းသေ ပေါက်ကွဲနေပြီ၊ဒါနဲ့ လော့ယန် ဒီနေ့ကော ချန်အန်းကိုဘယ်လိုtopရမလဲဆိုတာသိပြီလား"
"အားးးးးးး ငါရဲ့ဆယ်ကျော်သက်အရွယ်နှလုံးသားလေး"
"ငါတစ်ညလုံးမအိပ်ရသေးလို့ တတ်တတ်ကြွကြွရှိမနေပေမယ့်လည်း ကုချန်ကို နိုင်ငံတကာcallခေါ်ရမယ်"
သို့သော် ရွှီလော့ာယန် အောက်ကမှတ်ချက်တွေ ဖတ်ကြည့်နေမနိုင်တော့ ဘာကြောင့်ဆို သူပိုစ့်ရေးတင်ပြီးသည့်အချိန်၌ 8နာရီထိုးခါနီးဖြစ်ကာ အောက်မှာကားကစောင့်နေပြီဖြစ်သည်။
တံခါးဖွင်သံကြားလို့ ကျန်းသုန့်မော့ကြည့်လာတော့ ရွှီလော့ယန် မျက်လုံးအောက်၌ မျက်ကွင်းညိုနေလျက်ရှိကာ အသားအရေကလည်းချွေးပေါက်တွေကျယ်နေသည်။သူဒေါသထွက်လွန်းလို့ ဘာမှကိုမပြောချင်တာကြောင့် စောင်ပစ်ပေးကာ "အိပ်တော့"ဟုသာပြောလိုက်သည်။
ရွှီလော့ယန် စောင်ကိုဖမ်းယူလိုက်ပြီး မျက်လုံးမှိတ်ကာ သုံးစက္ကန့်အတွင်း အိပ်ပျော်သွားသည်။
ဗန်ကားက အလုပ်ချိန်ဖြစ်တာကြောင့် ယဉ်ကြောပိတ်ဆို့လျက်ရှိပြီး လမ်းကျပ်နေသည်။ကျန်းသုန့် tabletကိုကိုင်ထားလျက် တစ်ညထဲရွှီလော့ယန်တင်ထားသည့် စာလုံးရေ၁၀၀၀၀ကျော်နီးပါးရှိသည့်ဆောင်းပါး၃ခုကိုကြည့်ကာ
အချစ်ရဲ့စွမ်းအားများလား ဟုတွေးလိုက်မိ၏။
နောက်ခုံမှာခွေခွေလေးအိပ်နေတဲ့ ရွှီလော့ယန် ကိုတစ်ချက်ကြည့်လိုက်ပြီး ကျန်းသုန့်က publicityလက်ထောက် ရွှယ်ယင်းကို ဆက်သွယ်လိုက်ပြီး လူသိရှင်ကြားမဖြစ်သည့်အချက်ကို အခွင့်ကောင်းယူကာ 'ဖျော်ဖြေရေးနယ်ပယ်က သံမဏိbromance 'ကိုသာ trendဖြစ်အောင်လုပ်ရန်ညွှန်ကြားလိုက်သည်။
သူ မှာကြားစရာရှိတာတွေကိုမှာကြားပြီးသည့်နောက် ကားထဲ၌ ရွှီလော့ယန်ဖုန်းမှအချက်ပေးသံမြည်လာလေသည်။နောက်ကိုသူလှည့်ကြည့်လိုက်တော့ အရောင်ဖြော့ဖြော့ ကတ္တီပါစောင်ထဲမှလက်ထွက်လာကာ ဖုန်းကို ကောက်ကိုင်လိုက်ပြီး မျက်လုံးကိုခက်ခက်ခဲခဲဖွင့်ကာ ရွှီလော့ယန် ပြောလိုက်သည်က
"ချန်အန်း စောစောက ဗိုက်အောင့်နေတယ်မလား၊ဆေးမသောက်ခင် နာရီ၀က်အလို မုန့်စားထားဖို့မမေ့နဲ့၊ရေခဲရေမသောက်နဲ့နော် ၊အလုပ်ရှုပ်လည်း ညစာစားဖို့မမေ့နဲ့ ညကျရင်အိပ်မပျော်ဘဲနေလိမ့်မယ် "
Voice Message ပို့ပြီးတာသေချာပြီဆိုမှ ရွှီလော့ယန် ဖုန်းကိုပိတ်လိုက်ကာ မျက်နှာပေါ်စောင်တင်လိုက်ပြီး ပြန်အိပ်သွားတော့၏။
___
Translated By IQ-Team.