အပိုင်း ၄၇
Viewers 10k

🍬Chapter 47

------------



ထိုစကားကိုပြောလိုက်တော့ ဖန်သားပြင်ထက်၌ ရွှီလော့ယန် လွန်ခဲ့တဲ့6နှစ် [Star Show]ကိုပထမဆုံးအကြီမ်လာရောက်စဉ်အခါက ဗီဒီယိုအားပြသလာသည်။


ဖန်သားပြင်ပေါ်ကသူရဲ့ဖျော်ဖြေတင်ဆက်မှုအားအလေးနက်ထားကြည့်ကာ အစီအစဥ်တင်ဆက်သူက ရွှီလော့ယန်ရဲ့နောက်ခံတင်ဆက်သူပုံစံဖြင့်လေးလေးနက်နက် အသံနှင့်နောက်ခံရုပ်ပုံလိုက်ဖက်အောင် ပြောနေ၏။


"ချစ်လှစွာသောTV‌အရှေ့ကကြည့်ရှုသူတို့ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ၊သင်တို့အခုမြင်တွေ့နေရတာကတော့ ပြိုင်ပွဲ၀င်နံပါတ်17ရွှီလော့ယန်ရဲ့ဖျော်ဖြေတင်ဆက်မှုပဲ ဖြစ်ပါတယ် ၊Cနိုင်ငံရဲ့ရိုးရာရင်ပြအကရဲ့ရတနာနဲ့အနှစ်သာရရှိတဲ့ဖျော်ဖြေမှုပဲဖြစ်ပါတယ်၊ ပြိုင်ပွဲ၀င်ရဲ့ခြေထောက်တွေကိုတစ်ချက်လောက်ကြည့်လိုက်ပါဦး အို့ အို့ သူဘယ်ဘက်ခြေထောက်က ခလုပ်တိုက်မိသွားပြီ ညာဘက်ခြေထောက်က လဲကျတော့မယ် ကျတော့မယ် အာ ရှက်လိုက်တာ၊အံဩစရာကောင်းလောက်အောင် တည်ငြိမ်ချက်ပဲ"


ပရိသတ်ဆီက သံပြိုင်ရယ်မောသံများထွက်လာ ရွှီလော့ယန်သည်လည်း ဆက်ပြီး ထိန်းမထားနိုင်တော့တာကြောင့် အားလုံးနှင့်အတူရယ်မောလိုက်သည်။


ရှိုး၏အသွားအလာက အတော်လေးတည်ငြိမ်နေတာကြောင့် ဒုတိယအကြိမ်အမေးအဖြေတွေလုပ်ပြီးနောက် စုန့်ထန်ကနေ တတိယအ‌ကျော့၏မေးခွန်းကိုထုတ်ဖတ်ပြလိုက်သည်။


"မင်းနဲ့အရင်းနှီးဆုံးသူက ဘယ်သူလဲ"


ဇာတ်ညွှန်းကိုကြိုပြီးရထားတာတောင်မှ ရွှီလော့ယန်က 'အရင်းနှီးဆုံး'ဆိုတဲ့စကားလုံးကိုကြားလိုက်ရတော့ သူနှလုံးသားထဲသကြားတစ်စက်ကျသွားသလိုခံစားလိုက်ရပြီး အောက်ကပရိသတ်တွေဆီကနေအော်သံတွေကြားနေရချိန်မှာ သူကအကျယ်ကြီးထရယ်လိုက်လို့မရပေ။


"ငါတို့ဂိမ်းရဲ့စည်းမျဉ်းတွေက လော့ယန် ပြီးခဲ့တဲ့အမေးအဖြေကဏ္ဍမှာမဖြေနိုင်ခဲ့ရင် အရင်းနှီးဆုံးသူကနေကူပြီးဖြေပေးဖို့ အခွင့်အရေးတစ်ခုရမှာဖြစ်တယ်၊အဲ့ဒီလူဖြေတာမှန်သွားရင် သူနောက်တစ်ဆင့်ကိုတတ်လို့ရမယ်၊အကယ်၍ အဲ့ဒီလူသာဖြေတာမှားသွားရင် လော့ယန်ပြင်းပြင်းထန်အပြစ်ပေးခံရမယ်"


စုန့်ထန်က လက်ထဲမှာကိုင်ထားတဲ့ကဒ်ကိုမြှောက်လိုက်ပြီး"အိုကေ အခု လော့ယန် သူရဲ့ဖုန်းမှတ်တမ်းမှာလွန်ခဲ့တဲ့သုံးရက်အတွင်း ဘယ်သူနဲ့အများဆုံးဆက်သွယ်ထားလဲဆိုတာကြည့်လိုက်ရအောင်"


မကြာခင် ဖုန်းရဲ့မျက်နှာပြင်က ကြီးမားတဲ့ဖန်သားပြင်ပေါ်တွင်ပေါ်လာကာ ပထမကချန်းအန်းဖြစ်ပြီး ဒုတိယတစ်ခုက ရှုံးကောBBQဖြစ်လေသည်။


စုန့်ထန်မှာ အံအားသင့်သွားရသည်။ 


"ရှုံးကောBBQကငါတို့ရဲ့ရုပ်သံနဲ့ဆို နီးနီးလေး၊၁၀မိနစ်လောက်လမ်းလျှောက်လိုက်ရုံပဲ၊ငါဆို လျိုယိနဲ့ကော တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ကောသွားဖူးတယ်၊ဒါပေမယ့် ငါအသိချင်ဆုံးကိစ္စက လော့ယန်မင်းမှာBBQဆိုင်ရဲ့takeaway ဖုန်းနံပါတ်တောင်ရှိနေတာကိုပဲ၊ငါဒီမှာအလုပ်လုပ်နေတာ၁၀နှစ်ကျော်နေပြီ ငါမှာတောင်မရှိဘူး ဟုတ်ပြီလား"


ရွှီလော့ယန်က ကင်မရာအားအရင်မျက်နှာမူလိုက်ကာ "ကျန်းကော ကျွန်တော်တို့ဖူးအရေပြားသုံးချောင်းနဲ့ ပဲစောင်းတစ်ချောင်းပဲစားခဲ့တာပါ အသားလုံး၀မစားပါဘူး"ဟုအမြန်ပြောလိုက်သည်။


သူမျက်နှာကမူ အတော်လေးကိုရိုးသားလှသည်။


ယင်းကိုကြားပြီး ဘေးမှာရပ်နေတဲ့စုန့်ထန်က အသက်တောင်ရှုမ၀ဖြစ်တဲ့အထိရယ်မောလေသည်။


"ဟား ဟား လော့ယန် ငါမင်းကိုပြောမယ် အဲ့ဆိုင်ကတို့ဖူးအရေပြားနဲ့ပဲစောင်းမရောင်းဘူးနော်"


".........."


ဒါရိုက်တာက ရွှိလော့ယန်ရဲ့မျက်နှာအမှုအယာအားအနိးကပ်ရိုက်ပြသည့်အထိ သဘောကောင်းလှ၏။


"ကောင်းပြီ ကောင်းပြီ လော့ယန်နဲ့သူ့အေးဂျင့်ကြားကယုံကြည်မှုကို နည်းနည်းလောက်ဖြစ်ဖြစ်ထိန်းထားဖို့၊လိုရင်းကိုပဲသွားလိုက်ရအောင်"


လျိုယိကသူ့လည်ချောင်းအားတမင်သပ်သပ်ရှင်းလိုက်ကာ "ဖုန်းခေါ်ဆိုမူတွေအရ မင်းနဲ့အရင်းနှီးဆုံးလူရဲ့နာမည်ကချန်အန်းဆိုတော့ ပရိသတ်တွေကိုယ်စားမေးပါရစေ၊အဲ့ဒီလူက..... ချီချန်အန်းလား"


ရွှီလော့ယန်က ခေါင်းညိတ်ပြလိုက်သည်။


"အင်း သူပါပဲ"


သူ၀န်ခံလိုက်တာနှင့် ပရိသတ်တွေရဲ့အော်ဟစ်သံတွေကစတူဒီယိုပြိုကျလုနီးပါးပင်။


အသံတွေငြိမ်ကျသွားပြီဆိုမှ လျိုယိက "ဒါဆို မနက်တုန်းကဘာလို့ဖုန်းလေးခါတောင်ခေါ်ထားလဲပြောပြပေးလို့ရမလား"


ရွှီလော့ယန်က နှုတ်ခမ်းအားတင်းတင်းစေ့လိုက်ပြီးမှခေါင်းညိမ့်ပြ လိုက်သည်။


"မပြောပြနိုင်စရာ ဘာမှမရှိပါဘူး"


သူက အသေးစိတ်ရှင်းပြလိုက်သည်။


"ချန်အန်းကအခုLAမှာဆိုတော့ အချိန်ကွာခြားချက်က၁၆နာရီလောက်ရှိတယ်၊ဒါကြောင့်မနက်၆နာရီတုန်းကဖုန်းခေါ်ထားတာ နေ့လည်စာစားပြီးရင်ဆေး‌သေချာသောက်ဖို့ သတိပေးတာပါ၊ပြီးခဲ့တဲ့ရက်တွေတုန်းက ရာသီဥတုကြောင့်သိပ်နေမကောင်းဘူး၊ ၉နာရီမှာဖုန်းဆက်တာကညစာစားချိန်ရောက်ပြီဆိုတာကို သတိပေးဖို့အတွက်ပါ"


"အိုးးးး" 


စုန့်ထန်က ဟိုလိုလိုသည်လိုလိုအသံဖြင့်သံယောင်လိုက်ကာ"လော့ယန်ကအတော်လေးကို ဂရုတစိုက်ရှိတာပဲ၊ဒါဆို ၉နာရီထိုးပြီး၁နာရီကြာတော့ဘာလို့ ထပ်ခေါ်ထားတာလဲ"


လျိုယိ "ရှင်ကတော်တော်လေးတုံးတာပဲ၊ သေချာပေါက် ညစာစားပြီးရင်ဆေးသောက်ဖို့ သတိပေးတာပေါ့"


ရွှီလော့ယန်က ခေါင်းညိတ်ပြကာ"အင်း ဟုတ်ပါတယ်၊နောက်ဆုံး၁၂နာရီမှာဖုန်းခေါ်ထားတာက ကျွန်တော်ရှိုးမှာပါရမှာမို့ ဇာတ်ညွှန်းအရသူ့ကိုဖုန်းခေါ်လို့ရလားလို့မေးတာပါ"


ရွှီလော့ယန်ကအတော်လေးကိုရိုးသားလှသည်။


"ဒါကအရေးကြီးဆုံးအပိုင်းပဲ၊သူက ရတယ်လို့ ပြောလား"


ရွှီလော့ယန်က ခေါင်းညိတ်ပြပြီး "ရတယ်"ဟုပြောလိုက်သည်။


ပရိသတ်က "သူကိုဖုန်းခေါ်လိုက်လို့"ဟုပြိုင်တူအော်ဟစ်ကြတော့သည်။


စုန့်ထန်က "ဇာတ်ညွှန်းရှိကြောင်းဖော်လိုက်ပြီဆိုမှတော့ လူကိုပြောင်းလိုက်ရင် ငါတို့ရှိုးကိုအတုအယောင်လို့ပြောကြတော့မယ်၊ဒါကြောင့်မြန်မြန်လေးဖုန်းခေါ်လိုက်"


ရွှီလော့ယန်ကဖုန်းကိုနိုပ်လိုက်ရာ ဖန်သားပြင်ထက်ကနေဖုန်းခေါ်‌နေကြောင်းကိုပြသလာသည်။မပြောပြတတ်အောင်အနည်းငယ်စိတ်လှုပ်ရှားလျက် သူကရှင်းပြနေမိ၏၏။


"ချန်အန်းကဒီနှစ်ရက်မှာ အတော်လေးအလုပ်ရှုပ်နေတာ၊ဟိုဘက်မှာ ညလည်းရောက်နေပြီဆိုတော့ အိပ်‌နေပြီထင်တယ်"


နောက်ဆုံးစကားလုံးပြောပြီးအချိန်မှာပဲ ဖုန်းကိုင်လိုက်သည်။ချီချန်အန်း၏အနည်းငယ် ဩရှနေသည့်အသံကဖုန်းထဲကနေထွက်လာသည်။ 


"လော့ယန်"


အဆုံးသတ်အသံက နည်းနည်းကျယ်ကာ နူးညံညင်သာလွန်းလှသဖြင့် နားထောင်နေသူတိုင်းမှာဆွဲဆောင်ခံလိုက်ရသည်။


ယခုလိုအ‌ခြေအနေမျိုး၌ ချီချန်အန်းဖြင့်ဖုန်းပြောရတာ ရွှီလော့ယန်က နည်းနည်း ရှက်နေမိသည်။သူရဲ့သရုပ်ဆောင်စွမ်းရည်ကို အပြည်အ၀အသုံးချထားတာကြောင့်သာ သူကတည်ငြိမ်တဲ့အမှုအရာကိုဆက်ထိန်းထားနိုင်တာဖြစ်သည်။


"ကျွန်တော်ပါ" 


ဒီစကားလုံးလေးနှစ်လုံးပြောပြီးနောက် သူ့လည်ချောင်းမှာနည်းနည်းတောင်ခြောက်လာသလိုပင်။


"အခု မင်းအိပ်တော့မလို့လား"


"အင်း မင်းနဲ့ဖုန်းပြောပြီးရင် အိပ်ဖို့ပြင်နေတာ"


ချီချန်အန်းရဲ့အသံကပုံမှန်အတိုင်းပင်၊ သူတို့နှစ်ယောက်စကားပြောနေကျလေသံဖြင့်သာ။


"ကိုယ် ဆေးလည်းသောက်ပြီးပြီ ရေနွေးကိုလည်းခွက်တစ်၀က်လောက်သောက်တယ်၊ နှိုးစက်လည်းပေးထားပြီးပြီ"


ရွှီလော့ယန်က "ညကျရင် LAမှာမိုးရွာလိမ့်မယ်၊ပြတင်းပေါက်တွေပိတ်ဖို့မမေ့နဲ့...."ဟုလွှတ်ခနဲထွက်သွားမိသည်။


နောက်ဆုံးစကားနှစ်လုံးကိုပြန်မျိုချလိုက်နိုင်ပေမယ့် သူLAရဲ့မိုးလေ၀သခန့်မှန်ချက်အား ကြည့်သည့်အချက်ကတော့ ပေါ်သွားပြီးဖြစ်တာကြောင့်နောက်ကျသွားလေပြီ၊ပရိသတ်တွေဆီကနေ လှောင်ပြောင်သရော်သံတိုးတိုးတွေကိုကြားလိုက်ရသည်။


ချီချန်အန်းက စက္ကန့်အနည်းငယ်မျှ အံအားသင့်သွားပြီးမှ အမြန်ပြန်ပြောလိုက်သည်။ 


" ကောင်းပြီ၊ ကိုယ်အခုချက်ချင်းပဲ သွားပိတ်လိုက်မယ်"


ထိုနောက် ခြေသံတိုးတိုးကြားလိုက်ရ၏။ ကြည့်ရတာ ချီချန်အန်းက ပြတင်းပေါက်ဆီလမ်းလျှောက်ရင်း သူနှင့်စကားပြောနေပုံရသည်။


"မင်းအခု ရိုက်ကူးရေးလုပ်နေတာလား"


"အင်း ဟုတ်တယ်" 


ချီချန်အန်းမမြင်ရဖူးဆိုတာ သူကောင်းကောင်းသိပေမယ့်လည်း သူခေါင်းညိတ်ပြလိုက်သေးသည်။


"အခု အားလုံးရှေ့မှာစပီကာဖွင့်ထားတာ မင်းပြောတာရိုက်ကူးရေးမှာရှိနေတဲ့သူတွေအားလုံးကြားရတယ်၊နှုတ်ဆက်ချင်သေးလား"


ချီချန်အန်းက အသံနည်းနည်းကျယ်လိုက်ကာ"အားလုံးပဲ မင်္ဂလာနေ့လည်ခင်းလေးပါ၊ အားလုံးကို ဒီလိုပုံစံနဲ့နှုတ်ဆက်ရတာအတော်ကောင်းတာပဲ၊အားလုံးပဲ အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်"


ရွှီလော့ယန်က အဓိကလိုရင်းအချက်ကိုမရောက်နိုင်သေးတာကို သိလိုက်ရသဖြင့် ချီချန်းအန်းကမေးလိုက်သည်။


 " လော့ယန် မင်းမရတဲ့မေးခွန်းကဘာလဲ"


ထိုအခါမှပဲ ရွှီလော့ယန်ကမေးစရာရှိနေသေးတာကိုသတိရသွားပြီး "အဲ့ဒါက သင်္ချာမေးခွန်းတစ်ခုပါ"ဟုကမန်းကတန်းပြန်ဖြေလိုက်သည်။


သူက မေးခွန်းကဒ်ပြားပေါ်ကမေးခွန်းကိုဖတ်ပြလိုက်သည်။


"မင်းမသိလည်း ကိစ္စမရှိဘူး၊ပြစ်ဒဏ်ကလုပ်ရတာလွယ်ပါတယ်"


အံဩစရာကောင်းလောက်အောင်ပင် ဘောပင်ထိပ်ဖျားနှင့်စာရွက်ပွတ်တိုက်သံကိုကြားလိုက်ရပြီးနောက် ချီချန်အန်းကအဖြေကိုပေးလာသည်။


 "စိတ်မပူနဲ့၊ မင်းအပြစ်ပေးမခံရဘူး"


တစ်ချိန်တည်းမှာပဲ အဖြေမှန်အားဖန်သားပြင်ပေါ်တွင်ကြေညာလာသည်။ချီချန်အန်း ပြောသည့်အတိုင်းပင်ဖြစ်သည်။


ရွှီလော့ယန် အံဩသွားရကာ "မင်းကအရမ်းတော်တာပဲ၊ဒီလိုမျိုးမေးခွန်းရဲ့အဖြေကို တကယ်ကြီးသိတယ်ပေါ့"


ထိုမေးခွန်းက အနုပညာရှင်ပြစ်ဒဏ်ခံရစေရန်အတွက် ရိုက်ကူးရေးအဖွဲ့သားတွေတမင်သပ်သပ် အတားအဆီးဖြစ်အောင်လုပ်ထားသည့်မေးခွန်းဖြစ်လေသည်။ထို့ကြောင့်မေးခွန်းတွေက ပရော်ဖက်ရှင်နယ်ဆန်ကာ မြင့်လှသည်။


ချီချန်အန်းကသူအသံကြောင့် သဘောတကျဖြစ်သွားပြီး "ကိုယ်က အဆင့်မြင့်သင်္ချာနဲ့ငွေကြေးစီမံခန့်ခွဲမှုသင်္ချာကိုမဖြစ်မနေသင်ရတဲ့ ၀က်စ်မင်စတာတက္ကသိုလ်မှာ စီးပွားရေးမေဂျာကိုသင်ခဲ့တာလေ ပါမောက္ခတွေကအတော်လေး တင်းကျပ်တယ် ကိုယ်မတွက်နိုင်မှသာထူးဆန်းနေမှာ"


ရွှီလော့ယန်ကဘာစကားပြောရမှန်းမသိဖြစ်သွားရကာ သူမျက်လုံးရှေ့၌ ဦးချပါတယ် ဦးချပါတယ်ဆိုတဲ့စာတန်းသာပေါ်လာလေသည်။


ချီချန်အန်းကတကယ့်ကို သင်ယူခြင်းနတ်ဘုရားတစ်ပါးပဲ၊ထိပ်တန်းနတ်ဆိုးတစ်ပါးဖြစ်ရုံသာမက ဒီလိုမျိုးလူတွေရဲ့အသိပညာကိုကောင်းကောင်းကြီး ဆုပ်ကိုင်ထားပုံက အရမ်းမိုက်တာပဲ...။


ဖုန်းချပြီးနောက် စုန့်ထန်အသံကလည်းအံဩနေပုံရသည်။


"အမှန်တိုင်းပြောရရင် ငါအတော်လေးတုန်လှုပ်သွားတယ်၊Eနိုင်ငံက၀က်စ်မင်စတာတက္ကသိုလ်ကိုလူတိုင်းကြားဖူးကြမယ်ထင်တယ်၊Eနိုင်ငံရဲ့နံပါတ်တစ်တက္ကသိုလ်ဖြစ်ပြီး တစ်ကမ္ဘာလုံးနဲ့ယှဉ်လိုက်ရင် စီးပွားရေးမေဂျာအတွက် ထိပ်ဆုံး၃ကျောင်းထဲ၀င်တယ်မှတ်လား"


ပြီးနောက် စကားဝိုင်းကရွှီလော့ယန်ဘက်သို့အမြန်ပြန်လှည့်လာလေသည်။


" လော့ယန်လည်း Eနိုင်ငံမှာတက္ကသိုလ်သွားတတ်ဖူးတယ်မလား"


sensitiveဖြစ်တဲ့မေးခွန်အားရှောင်တိမ်းလိုသဖြင့် သူကခေါင်းသာညိတ်ပြလိုက်ပြီး အဓိကအချက်အားမဖြေပေ။


"အင်း...အဲ့ဒီကအစားအသောက်တွေက တော်တော်လေးကိုဆိုးတယ်၊အဲ့ဒီကိုသွားပြီး ကျွန်တော်ကိုယ်အလေးချိန်အနည်းဆုံးထိကျဖူးတာပဲ"


သူတိမ်းရှောင်လိုတာကိုသတိပြုမိသဖြင့် စုန့်ထန်ကရေလိုက်ငါးလိုက်ဖြင့် နိုင်ငံ၏အစားအသောက်များအကြောင်းကိုသဘာ၀ကျကျဖြင့်ဆွေးနွေးပေးလေသည်။သူကအင်မတန်တော်တဲ့အစီစဉ်ီစဉ်တင်ဆက်သူဖြစ်တာကြောင့် လုံး၀သဘာ၀မကျတာမျိုးမရှိ‌ပေ။


အစီစဉ်အရ ရွှီလော့ယန်က သူ၏ပွဲဦးထွက်ရုပ်ရှင်ဖြစ်သည့်[ I waited for you]ရဲ့အပိတ်သီချင်းကိုသီဆိုကာပြီးဆုံးမည်ဖြစ်သည်။


စင်းနားတဝိုက်ကမီးများမှိန်သွားကာ ရွှီလော့ယန်သည် ဖန်သားပြင်ပေါ်က ကျောင်းယူနီဖောင်း၀တ်ထားသည့် အသက်19နှစ်အရွယ်သူ့ကိုယ်သူကြည့်ပြီး အချိန်ကတကယ်ကိုအထိရောက်ဆုံးမေ့ဆေးဖြစ်ကြောင်းရုတ်တရတ်ခံစားလိုက်ရသည်။ထိုနှစ်တွေတုန်းကနာကျင်မှုကိုအနက်ရှိုင်းဆုံးနေရာမှာဖုံးကွယ်ထားတာကြောင့် လူတစ်ယောက်ရဲ့အာရုံကြောတွေကိုတောင်မှထုံထိုင်းသွားစေသည်။


အစီအစဥ်ပြီးနောက် ရုပ်သံဌာနကနေ အနုပညာရှင်သုံးဗန်ကားဖြင့်ထွက်ခွာလာခဲ့ကြသည်။ရွှီလော့ယန်က သစ်သီးနှင့်အရွက်သုပ်အားစားနေရင်း weiboကိုပွတ်ဆွဲနေပြီး ကုချန်cpက hot searchပေါ်အံဩစရာကောင်းလောက်အောင်ရောက်နေပြန်သည်။


[Divergent Road-ကွဲလွဲသွားသောလမ်း]ရဲ့နမူနာထွေလာထွက်လာတာကိုမြင်တော့ သူနှိပ်ကြည့်လိုက်သည်။


ထွေလာက တစ်မိနစ်တောင်မပြည့်ဘဲ အတော်လေးကိုတိုတောင်းလှသည်။ရိုက်ချက်တွေ လိုက်လျောညီထွေစွာဖြင့် အလျင်အမြန်ပြောင်းနေလေသည်။သို့ပေမယ့် ထိုရိုက်ချက်တွေအားလုံးက ဇာတ်ကား၏သဘောသဘာ၀ကိုထင်ဟပ်နေသည်။


ပထမဆုံးဇာတ်၀င်ခန်းက ရွှီကျန်းအဖြစ်သရုပ်ဆောင်ထားတဲ့ချီချန်အန်းက တက္ကသိုလ်၀င်ခွင့်ဖောင်ဖြည့်ပြီးနောက် တစ်စုံတစ်ယောက်အိပ်ပျော်နေတာကို ငုံကြည့်နေသည့်အခန်းဖြစ်သည်။ပြီးနောက် ချင်းချောင်အဖြစ်သရုပ်ဆောင်ထားတဲ့ရွှီလော့ယန်ကရဲယူနီဖောင်း၀တ်ဆင်ထားတဲ့ပုံသိုပြောင်းသွားပြီး ရွှီကျန့်ကမူခေါင်းငုံလျက် စိတ်ပါလက်ပါဖြင့် လက်သမားလုပ်နေသည်။ မကြာခင် ကုတင်တစ်ခုတည်းပေါ်မှာ လူနှစ်ယောက်လှဲလျောင်းနေကာ မတွေ့ရတာကြာပြီဖြစ်၍ စကားပြောနေသည့်အခန်းသို့ပြောင်းလဲသွားသည်။နောက်ဆုံးဇာတ်၀င်ခန်းကတော့ ရွှီလော့ယန်လက်ထဲကသေနတ်ဖြင့် ချီချန်အန်းအားတည့်တည့်ချိန်ထားတာကိုပြထားလေသည်။


ထွေလာကိုအစကနေပြန်ကြည့်ရင်း ချီချန်အန်းနှင့်သရုပ်ဆောင်ရတဲ့ဇာတ်၀င်ခန်းတိုင်းကို ကွက်ကွက်ကွင်းကွင်းကို ရွှီလော့ယန်မှတ်မိနေခဲ့ပြီး ချီချန်အန်း၏မျက်နှာအမှုအရာသေးသေးလေးကအစစိတ်ထဲ၌သူပြန်လည်ပြီးခြေရာခံနိုင်လေသည်။


ကုချန်cpရဲ့အကြောင်းအရာများကိုလှန်လှောကြည့်ရှုပြီးနောက် ရွှီလော့ယန်ဖုန်းကိုပိတ်လိုက်သည်။


စက္ကန့်နည်းနည်းလောက်ကြာတော့ သူမျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ကျန်းသုန့်ကိုကြည့်လိုက်ကာ"ကုန်ချန်cp hotsearchထဲရောက်နေပြန်ပြီ"


ကျန်းသုန့်ကခေါင်းညိတ်လိုက်ပြီး "အင်း ငါမြင်တယ်၊ဒါရိုက်တာကျန်းကကြိုပြီးပြောထားပြီးသား ဇာတ်ကားရဲ့ပထမဆုံးနမူနာထွက်လာတာနဲ့ သေချာပေါက်ဒီလိုအကျိုးသက်ရောက်မှုမျိုးရှိလိမ့်မယ်ဆိုတာကို"


ရွှီလော့ယန်က သူ့စကားလုံးတွေကိုချိန်ဆလိုက်ပြီး "လိုင်းပေါ်မှာ ချီချန်အန်းနဲကျွန်တော်တွဲနေကြပြီဆိုတဲ့ ကောလဟာလတွေလည်းအများကြီးပဲ၊အဲ့ဒီကိစ္စကိုတော့ ကျွန်တော်ဖြေရှင်းမှရမယ်"


ကျန်းသုန့်tabletကနေ မျက်လုံးတွေကိုခွာလိုက်ပြီးရွှီလော့ယန်ကိုကြည့်လိုက်သည်။သူမျက်ခုံးတွေက တွန့်ကွေးသွားရပြီး နားထင်တွေတဆစ်ဆစ်ဖြစ်လာကာ မကောင်းတဲ့ခံစားချက်ရလာသည်။


သူကသတိထားပြီး မေးလိုက်၏။


 "အိုကေ ငါကိုပြော"


"အဲ့ဒါ‌တွေက ကောလဟာလမဟုတ်ဘူး တကယ်" 


ယခုလိုပြောပြီးနောက် ရွှီလော့ယန် အမှန်မဟုတ်သေးဘူးဟုထင်မည်စိုး၍ သူကထပ်ပြီးပြောလိုက်သည်။


"ဒါက အမှန်မဟုတ်သေးပေမယ့် မဝေးတော့တဲ့အနာဂတ်မှာ အမှန်ဖြစ်လာမှာ"


ကျန်းသုန့်က tabletအားဘေးသို့ချလိုက်သည်။ သူကပိုပြီးတုန်လှုပ်လေလေ ပိုပြီးတည်ငြိမ်လေလေဖြစ်သည်။


 "ဒီစကားက ဘာကိုဆိုလိုချင်တာလဲ"


"ဘာကိုဆိုလိုတာလဲဆိုတော့ အဓိပ္ပာယ်က ကျွန်တော်ချီချန်အန်းကို သဘောကျတယ် ဒါပေမယ့် ကျွန်တော်တို့မတွဲရသေးဘူး၊သူနှလုံးသားကိုအနိုင်ရရင် ကောလဟာလတွေကအမှန်ဖြစ်လာလိမ့်မယ်" 


ကျန်းသုန့်ရဲ့မျက်နှာအမှုအရာကို ရွှီလော့ယန်ကမကြည့်ဝံ့တာကြောင့်ခေါင်းအသာလေးငုံကာ သူနှုတ်ခမ်းထောင့်မှာတွဲလဲခိုနေတဲ့အပြုံးအားဖုံးဖိထားလိုက်သည်။


"အခုလောလောဆယ်တော့ ကောလဟာလကတ၀က်ပဲမှန်သေးတယ်၊ကျွန်တော်ပြောလို့ပြီးပြီ"


ကျန်းသုန့် "............"


$#%@&*


____


Translated By IQ-Team.