🍬Chapter 32
------------
သူ့နှလုံးသားထဲက မကျေနပ်ချက်တွေအားလုံးချက်ချင်းဆိုသလို ပျောက်ကွယ်သွားရပြီးနောက် ရွှီလော့ယန်ရဲ့ ခန္ဓာကိုယ် ဖြည်းဖြည်းချင်း ပြေလျော့သွားရကာ နောက်ဆုံးသူ့နဖူးအား ချီချန်အန်းရဲ့ပခုံးပေါ်သို့တင်လိုက်သည်။
ဘာတွေပဲဖြစ်နေပါစေ တစ်ယောက်ယောက်ကဘေးမှာအမြဲရှိနေကာ သူ့ကိုကာကွယ်ပေးပြီးရပ်တည်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဒီလိုမျိုးဖြစ်တာ ဘယ်နှစ်ခေါက်များရှိဖူးပါလိမ့် သူလုံး၀ရေတွက်နိုင်စွမ်းမရှိတော့...။
အသက်၁၇နှစ်ကနေ အခုချိန်ထိဆိုလျှင် ရှစ်နှစ်တောင်ရှိသွားခဲ့ပြီ။ရွှီလော့ယန်ဟာ အရာအားလုံး ကိုယ့်အားကိုကိုးတာကိုတဖြည်းဖြည်းအသားကျလာခဲ့သည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ အားမကိုးရဲပေမယ့် ယခုအချိန်တွင်တော့ ရုတ်တရတ် တစ်ခါတစ်လေမှာ အားနည်းလို့ရကြောင်းကို သဘောပေါက်လာရသည်။
"ချန်အန်းကော"
" အင်း "
ချီချန်အန်းရဲ့အသံကအတော်လေးတိုးကာ အဆုံးမရှိနိုင်တဲ့စိတ်ရှည်မှုများပါ၀င်နေသကဲ့သို့ နူးညံလွန်းလှ၏။
"ဒီအတိုင်း ခေါ်ကြည့်တာ"
ရွှီလော့ယန်ကပြောပြီး ရီမောရင်းအနောက်ကိုတစ်လှမ်းဆုတ်လိုက်ပြီး မတ်မတ်ရပ်လိုက်ကာ စိုးရိမ်စွာဖြင့်" မင်းလက်အခုကောနာနေသေးလား ခေါင်းမူးနေသေးလား"
"ကိုယ်လက်လည်းနာမနေသလို ခေါင်းလည်းမမူးဘူး"
ချီချန်အန်းက လက်ဗလာဖြစ်သွားတော့ ဆုံးရှူံးသွားတဲ့ခံစားချက်အားလျစ်လျူလိုက်ကာ "ကိုယ်အရင်က ကိုယ့်ကိုယ်ကိုကာကွယ်နည်းကိုသင်ဖူးတယ် စိတ်မပူနဲ့"
ရွှီလော့ယန်က ခေါင်းညိတ်ပြလိုက်ပြီး သူသရုပ်ဆောင်နေတာကို အလေးအနက်ထားပူးပေါင်းဆောင်ရွက်ပေးလိုက်သည်။
"အင်း ကျွန်တော်နားလည်တယ်"
မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်ရဲ့ ခွန်အားကလူတွေအရှေ့မှာပြလို့မရဘူးဆိုတော့ ကာကွယ်တဲ့းနည်းပညာလိုမျိုးနဲ့ ဖုံးထားဖို့သင့်တော်တဲ့ဆင်ခြေတခုရှိရမယ်လေ။
ဒါပေမယ့် အံဩစရာမကောင်းဘူးလား... ချီချန်အန်းက သူနာမည်ပြောင်က နျောင်နျောင်ဆိုတာကိုတောင်သိနေတယ်...။
ထိုအချိန်၌ လုတိက လည်ပင်း၌ကင်မရာရှိနေသည့်သတင်းထောက်သုံးယောက်အားဆွဲခေါ်လာလေသည်။လုတိရဲ့ကိုယ်လုံးကိုယ်ပေါက်က ကျစ်လစ်ကာ အတော်လေးသန်မာလှတာကြောင့် သူတို့ကိုဖမ်းခေါ်နိုင်ခဲ့ခြင်းဖြစ်လေသည်။
"ရွှီကော ကျွန်တော် သုံးယောက်လောက်ပဲတားလိုက်နိုင်တယ်၊ဒါပေမယ့် ကျန်တဲ့နှစ်ယောက်ရယ်၊ရှစ်ယွမ်ဟောက်ရယ်တော့ထွက်ပြေးသွားပြီ၊ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"
"တိဇီ ကျန်းကောကိုချက်ချင်းအောက်ကိုဆင်းလာခဲ့ဖို့ ဖုန်းဆက်လိုက်"
ရွှီလော့ယန် ကိုယ်တိုင်ကတော့ ပွဲကနေအကြောင်းပြချက်ပေးကာ ထွက်သွားလို့ရပြီးမတတ်လို့ရပေမယ့် ကျန်းကောကမူ အဆက်အသွယ်တွေစုဆောင်းပြီး သူ၏လူမှုဆက်ဆံရေးနယ်ပယ်အားထိန်းထားရန်လိုအပ်တာကြောင့် ယခုလိုပွဲတွေမျိုး၌ သူကအမြဲ ရွှီလော့ယန်ထက်တောင်မှအလုပ်များသေးသည်။
လုတိကခေါင်းညိတ်လိုက်ပြီး ကျန်းသုန့်ကိုဖုန်းခေါ်လိုက်ကာအဖြစ်အပျက်အားအကျဉ်းချုပ်ရှင်းပြလိုက်သည်။ရွှီလော့ယန်ကမူ ချီချန်အန်းအားကြည့်ပြီးစိတ်မအေးနိုင်တော့ပေ။
"မင်းကော ဘယ်လိုလုပ်မလဲ"
ချီချန်အန်းက အစကတည်းက သူ့နောက်ခံကိုအမှီပြုပြီးတတ်လာခဲ့တာဖြစ်သဖြင့် လူကိုရိုက်လိုက်တယ်ဆိုပါကမကောင်းတဲ့အကျိုးသက်ရောက်မှုရှိလာမှာ မလွဲဧကန်ပင်၊ယခုမူ သူကိုယ်တိုင်သာထိုးလိုက်ရင်ကောင်းသားဆိုပြီး နောင်တရနေပြီဖြစ်သည်။
ချီချန်အန်းက မကောင်းတဲ့အကျိုးသက်ရောက်မှုရှိ မရှိကိုလုံး၀ဂရုမစိုက်ပေမယ့် ရွှီလော့ယန်က ထိုကိစ္စနှင့်ပတ်သတ်၍ ဆက်ပြီးတော့ အပြစ်ရှိသလိုမခံစားရစေချင်တာကြောင့်"လျန်ချိုးကို ဆက်သွယ်ပြီး ဖြေရှင်းခိုင်းလိုက်မယ်"
မိနစ်အနည်းငယ်လောက်ကြာတော့ ကျန်းသုန့်နှင့် လျန်ချိုးတို့ တစ်ချိန်တည်းနီးပါး ကားပါကင်ကိုရောက်လာကြသည်။
လျန်ချိုးကစိတ်ပူနေကာ ချီချန်အန်းမထိခိုက်သွားတာသေချာမှ ချက်ချင်းဆိုသလိုစိတ်အေးသွားရပြီး နောက်မှာတော့ ညွှန်ကြားချက်ကိုစိတ်ရှည်ရှည်ဖြင့်တိတ်တိတ်လေးစောင့်နေလိုက်သည်။
သို့သော် ကျန်းသုန့်ကမူ ဒေါသထွက်နေတာကိုလုံး၀မဖုံးထားနိုင်ပေ။
"မင်း ထိခိုက်သွားသေးလား၊ အဲ့ဒီရှစ်မျိုးရိုးကောင်ကို ငါသွားသတ်ပစ်မယ်၊ဒီကိုလာဖို့ ဘယ်သူကသူ့ကိုသတ္တိတွေပေးလိုက်တာလဲ"
ရွှီလော့ယန်ရဲ့လက်မောင်းကို ခေါင်းအစခြေတဆုံးအပေါ်အောက်နှစ်ခါလောက်ကြည့်ပြီးနောက် သူ မထိခိုက်သွားတာသေချာတော့မှသာ သူ့မျက်နှာကနည်းနည်းကောင်းလာသည်။
ကျန်းသုန့်စစ်ဆေးမေးမြန်းနေတာကို ရွှီလော့ယန်ကပူပေါင်းဆောင်ရွက်ပေးလိုက်ကာ" ကျွန်တော် ထိခိုက်မသွားပါဘူး၊ချန်အန်းက ကျွန်တော်ကိုကူညီခဲ့တာ"
သူဘေးမှာရပ်နေတဲ့လျန်ချိုးက ထိုစကားကိုကြားတော့ အံအားသင့်ပြီးချီချန်အန်းကိုကြည့်လိုက်မိပေမယ့် အမြန်အကြည့်လွှဲလိုက်ရသည်။
အကြိမ်အနည်းငယ်လောက်စဉ်းစားပြီးတော့ ကျန်းသုန့်ကခေါင်းကို လုတိဖက်ကိုလှည့်လိုက်ကာ သူ့လေသံကမူနည်းနည်းပြင်းထန်လေသည်။
"ပြောစမ်း မင်းရဲ့ဗလတွေကအလှပြဖို့အတွက်လား"
လုတိက လည်ပင်း၌ချိတ်ထားတဲ့ကင်မရာတစ်လုံးရှိနေသေးကာ နေရာ၌ရပ်ပြီး သူကရန်ပွဲမှာကူညီချင်ပါတယ် ချီချန်အန်းက အရမ်းမြန်နေလို့ဟု ငြင်းဆိုစကားဆိုမနေချင်တော့ပေ။ သူဘာမှမလုပ်ရသေးခင်မှာဘဲ ရန်သူကကျရှုံးသွားပြီလေ။
ချီချန်အန်းက သူ့ကို တစ်ခုခုလုပ်ရန် အခွင့်ရေးလေးတောင်မပေးခဲ့ချေ။
သူတာ၀န်ကိုလုပ်ဆောင်ရန် ပျက်ကွက်ခဲ့တာကိုသိတာကြောင့် ကျန်းသုန့်ရဲ့စကားတွေကိုသာဂရုတစိုက်ငြိမ်ပြီးသာနားထောင်နေလိုက်သည်။
သူက လက်ကိုင်ဖုန်းအားပေးလိုက်ပြီး"ဖုန်းထဲမှာ recordingလုပ်ထားတာရှိတယ်"
'recording'ဆိုတဲ့စကားလုံးကို ကြားလိုက်သည်နှင့် သူတို့အားလုံး ဖုန်းကိုပြိုင်တူကြည့်လိုက်ကြသည်။ကျန်းသုန့်ကနေပြီး သေသေချာချာမေးလိုက်သည်။
"ဘာကိုရိုက်ထားတာလဲ"
"ရှစ်ယွမ်ဟောက် ရန်ဖြစ်ဖို့လာတဲ့ ဖြစ်ရပ်တစ်ခုလုံးကိုရိုက်ထားတာ"
လူလေးယောက်က သူ့ကိုမျက်လုံးရှစ်လုံးဖြင့်စိုက်ကြည့်နေတာကို သတိထားမိတော့၊လုတိက သူခေါင်းအနောက်ဘက်ကိုပွတ်လိုက်ကာ ရှင်းပြလေသည်။
"သူ့ပါးစပ်ဟလိုက်တာနဲ့ မကောင်းတဲ့ကောင်လို့ထင်ပြီးသား ကျန်းကော ပြောဖူးတယ်လေ ကျွန်တော်တို့ဘယ်အရာကိုမဆို လက်ဦးမှုယူရမယ်ဆိုပြီး အဲ့ဒါနဲ့ကျွန်တော်မှတ်တမ်းတင်ဖို့ခလုပ်ဖွင့်လိုက်တာ သူ့ကျွန်တော်လုပ်နေတာကိုသတိမထားမိဖူး ဖုန်းမှာလည်းအားအများကြီးကျန်သေးတာနဲ့"
"တိဇီ မင်းတုံ့ပြန်တာမြန်သားပဲ ဘယ်ဆိုးလို့လဲ"
ကျန်းသုန့်က သူ့ပခုံးကိုလက်ဖြင့်ပုတ်လိုက်ကာ "ငါ မင်းကိုbonusပေးမယ်၊ ဒီတစ်ခေါက်လုပ်တာ ကောင်းတယ်"
ဖုန်းကိုယူလိုက်ပြီး ကျန်းသုန့်က recordingဖိုင်ကိုနိုပ်လိုက်သည်။ အချိန်အရမ်းမကြာတာကြောင့် နားထောင်လို့ပြီးသွားလေသည်။
သူမျက်နှာပျက်သွားကာ ရွှီလော့ယန်ကိုမကြည့်ခင် သူ့ကိုယ်သူ စိတ်ငြိမ်အောင်အရင်လုပ်လိုက်ပြီး "မင်းအဖေက မိန်းမကိုဒီလောက်ချစ်တာ မင်းသမီးတွေနဲ့အိပ်တယ် ဟုတ်လား သူနောက်ထပ်နှစ်၈၀၀လောက်နေရရင်တောင် အဲ့လိုလုပ်မှာမဟုတ်ဘူး"
ရွှီလော့ယန်က ထောက်ခံတဲ့အနေဖြင့် ခေါင်းညိတ်ပြလိုက်ကာ နှုတ်ခမ်းအားတင်းတင်းစေ့ကာပြုံးပြလိုက်သည်။
"အန်း အဲ့ဒါအမှန်ပဲ"
ရွှီလော့ယန်က စိတ်မထိခိုက်သွားတာမြင်တော့မှပဲ ကျန်းသုန့်ကဆက်ပြီးတော့ပြောလေသည်။
"အဖြစ်အပျက်ကို ဒီထက်ပိုပြီးတိတိကျကျပြောပြ"
ရွှီလော့ယန်ကခေါင်းညိတ်လိုက်ပြီး သူဓာတ်လှေကားကနေထွက်လာပြီး ကျန်းသုန့်ကားပါကင်ရောက်လာတဲ့အချိန်အတွင်း၌ ရှစ်ယွမ်ဟောက်ရဲ့စကားတွေနှင့် မျက်နှာအမူအရာတွေကအစ ဘာတွေဖြစ်ပျက်သွားခဲ့လဲဆိုတာကိုပြန်ပြီးပြောပြလိုက်သည်။
ပြောပြီးနောက် သူကကျန်းသုန့်ကိုကြည့်ပြီး ပြောလိုက်သည်။
"ပြသနာက ရှစ်ယွမ်ဟောက်ကနှာခေါင်းရိုးကျိုးသွားပြီး သွားသုံးချောင်းကျွတ်သွားတာပဲ၊ ဒီအခွင့်အရေးကို သူလက်လွှတ်ခံမှာမဟုတ်ဘူး၊ဘေးကရပ်ကြည့်နေတဲ့သူတွေက အမြဲအားနည်းတဲ့သူဘက်ကပဲပါကြတာလေ၊ သတင်းထောက်တွေရိုက်ထားတဲ့ဓာတ်ပုံတွေ၊ဗီဒီယိုတွေနဲ့ဆို မကြာခင် ရှစ်ယွမ်ဟောက်လှုပ်ရှားလာလိမ့်မယ်"
ရှစ်ယွမ်ဟောက်၏ စိတ်မြန်မှုနှင့်အတွေးအခေါ်ကင်းမဲ့မှုတို့က အသိုင်းအဝိုင်းထဲ၌လူသိများလှသည်။
သူ့အေးဂျင့်ဝူပိက ရှစ်ယွမ်ဟောက်အတွက် 'ရိုးသားဖြောင့်မတ်'တဲ့ပုံစံမျိုးဖန်တီးနိုင်ခဲ့သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် သူEQက ကယ်တင်လို့မရနိုင်သည်အထိ နည်းပါးလှ၏။
ကျန်းသုန့်ကခေါင်းညိတ်လိုက်သည်။ရှစ်ယွမ်ဟောက်သာဆိုလျှင် ဒီအတိုင်း တကယ်လုပ်မည်ဖြစ်သည်။သူ့အေးဂျင့်ကိုတောင်မှ မပြောဘဲ သူ့ဘာသာလုပ်လိမ့်မည်မှာ သေချာပေါက်ပင်။
အေးဂျင့်တစ်ဦးအနေဖြင့် ရှစ်ယွမ်ဟောက်လုပ်ထားတာတွေ ဝူပိသိသွားတဲ့အခါ ဘယ်လိုပုံဖြစ်သွားမလဲကို စိတ်ကူးကြည့်ကာ စိတ်လှုပ်ရှားလာရသည်။
"သူက မင်းကိုသိက္ခာချဖို့ ဓာတ်ပုံနဲ့ဗီဒီယိုတွေတင်စိတ်အားထက်သန်နေတာ သူ့ကိုလုပ်ဖို့အခွင့်အရေးပေးလိုက်ပါ၊သူ့လမ်းသူ လျှောက်ပါစေ"
ကျန်းသုန့်ကချီချန်အန်းအား အလေးအနက်ထားပြီးကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်ချီလူကြီးမင်း ဒီနေ့ လော့ယန်ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်၊ခင်ဗျား အရှုံးမရှိစေရပါဘူး"
ချီချန်အန်း ခေါင်းခါပြလိုက်ကာ "ကျေးဇူးတင်စရာမလိုပါဘူး၊လော့ယန်နဲ့ကျွန်တော်နဲ့က သူငယ်ချင်းတွေပဲ၊လုပ်သင့်တာ လုပ်တာပါ"ဟုပြောပြီးနောက်သူကမေးလိုက်သည်။
"ကျန်းကောမှာ အစီအစဉ်တွေဘာတွေရှိရဲ့လား"
ကျန်းကော လို့ခေါ်ခံလိုက်ရခြင်းက ကျန်းသုန့်နှလုံးခုန်နှုန်းကို စည်းချက်မမှန်ဖြစ်သွားစေသည်။
ရွှီလော့ယန်အားတစ်ချက်ကြည့်လိုက်ကာ "ရှိတယ် ဒါပေမယ့်အသေးစိတ်ပြန်လုပ်ရဦးမယ်၊ဘာပဲဖြစ်ဖြစ် ငါတို့ဒီတခေါက်မှ သူ့ကိုအကျနာအောင်မလုပ်နိုင်ရင် ငါ့နာမည်ကိုအနောက်ကနေပြန်ရေးပစ်မယ်"
" ကောင်းတယ် "
ချီချန်အန်း ခေါင်းတညိတ်ညိတ်ဖြင့်ပြုံးလိုက်ပြီး ဘေးမှာရပ်နေတဲ့ လျန်ချိုးအားကြည့်လိုက်ကာ ဘာမှတော့မပြောပေ။
လျန်ချန်းကအမြန်ပြုံးပြကာ ၀င်ပြောလိုက်သည်။
"ခင်းဗျားတို့နဲ့ပူပေါင်းဆောင်ရွက်ရတာသိပ်ကောင်းတယ်၊ကျန်းကောဆီကနေ သင်ဖို့အခွင့်အရေးရတာပေါ့"
ကျန်းသုန့်လည်းပြန်ပြုံးပြလိုက်ကာ နှစ်ဦးကြား လိုအပ်တဲ့ပူပေါင်းဆောင်ရွက်ရမည့်ကိစ္စများအဆင်ပြေသွားသည်။ရွှီလော့ယန်အဖွဲ့က အရှေ့ကနေကစားမှာဖြစ်ပြီး ချီချန်အန်း၏အဖွဲ့ကတော့ နောက်ကနေထောက်ပံပေးမှာဖြစ်သည်။
နှစ်ဖက်စလုံး ယာယီပူပေါင်းဆောင်ရွက်ဖို့အတွက်အစီစဉ်များလုပ်ပြီးနောက် ကျန်းသုန့်က "အခု နောက်ကျနေပြီဆိုတော့ မင်းပြန်ပြီး အနားယူတော့၊ပြီးတော့ စိတ်လည်းပူမနေနဲ့ဦး၊ ဒါက ငါရဲ့အိမ်ကွင်းပဲ၊ ဒါပေမယ့် ကိစ္စတွေမပြီးမချင်းတော့ မင်းကော ချီလူကြီးမင်းကော social mediaမှာ ဘာမှမတင်နဲ့"
သူတို့ကားပါကင်ကနေထွက်လာတော့ ရွှီလော့ယန်ကားကိုကိုယ်တိုင်မောင်းလိုက်ရသည်။လုတိကို ကျန်းသုန့်က ခဏခေါ်ထားတာကြောင့်ပင်။
"မကြာခင် သတင်းတတ်လာရင် မီဒီယာတွေက ပွဲစီစဉ်သူတွေစီစဉ်ထားတဲ့ ဟိုတယ်ကိုသိပြီး မနက်ဖြန်မိုးလင်တာနဲ့ ဝိုင်းထားကြလိမ့်မယ် ကျွန်တော်တို့နေဖို့အတွက် တခြားနေရာရှာရမယ်"
လမ်းပေါ်၌စတီယာရင်အားလှည့်လိုက်ကာ ချီချန်အန်းအား ရွှီလော့ယန်ကမေးလိုက်သည်။
"မင်း သွားချင်တဲ့နေရာတွေဘာတွေများရှိလား"
သူက ဘယ်နေရာမှာမဆိုနေနိုင်ပေမယ့် ချီချန်အန်းကအသန့်ကြိုက်တဲ့သူမို့ သူတို့နေမည့်နေရာအားသေချာလေးရွေးရပေမည်။
"ဖုန်းချန်မှာ ကိုယ့်အတွက်နေစရာရှိတယ်"
"အာ"
မီးနီသွားတာကြောင့် ကားကိုရပ်လိုက်ကာ အံဩနေတဲ့မျက်၀န်းများဖြင့် လှမ်းကြည့်လိုက်သည်။
ချီချန်အန်းက ရှင်းပြလေသည်။
"ဒီကBrightonဟိုတယ်ကအမြဲ ကိုယ့်အတွက် အပေါ်ဆုံးထပ်ကအခန်းကိုသီးသန့်ဖယ်ထားတယ်၊ ကိုယ် တစ်နှစ်ကို တစ်ခေါက် နှစ်ခေါက်လောက် ဒီကိုလာတတ်တယ်"
ဒါမှမဟုတ် Brightonဟိုတယ်တိုင်း ချီချန်အန်းအတွက်အပေါ်ဆုံးထပ်က အခန်းတစ်ခန်း သီးသန်ဖယ်ထားပေးရတယ်လို့ပဲပြောရမလား။
Brightonဟိုတယ်အုပ်စုအား ချီမိသားစုကပိုင်ပြီး ယင်းကလူတိုင်းနီးပါးသိကြတဲ့ကိစ္စတစ်ရပ်ပင်၊ သို့ပေမယ့် ရွှီလော့ယန်ကတော့ မသိတဲ့လူတွေထဲကတစ်ယောက်ဖြစ်လေသည်။
သူခဏလောက်တော့စဉ်စားလိုက်ကာ ခေါင်းညိတ်ပြလိုက်ပြီး - ယုန်တွေတောင်တွင်း၃တွင်းရှိသေးတာ မကောင်းဆိုးဝါးနတ်ဆိုးတွေနေဖို့လည်း နေရာကတစ်နေရာထပ်ပိုပြီးရှိမှာပဲဟုတွေးလိုက်သည်။
ဖုန်းချန်မှာနေဖို့နေရာရှိတာက ပုံမှန်ပင်၊သို့ပေမယ့် သူနည်းနည်းတော့စိတ်လှုပ်ရှားနေမိသည်။
"ဒါဆို ကျွန်တော်တို့ဒီနေည ဒီမှာနေကြမှာလား"
"အင်း ဟိုတယ်ခန်းမှာအိပ်ခန်းသုံးခန်းပါတယ်၊အကျယ်ကြီးပဲ၊ဘယ်သူမှလဲ ကိုယ်တို့ဒီမှာဆိုတာသိမှာမဟုတ်ဘူး"
မနက်ဖြန် ပွဲစီစဉ်သူတွေ စီစဉ်ပေးထားတဲ့ဟိုတယ်ကိုရောက်လာတဲ့ သတင်းထောက်အုပ်လိုက်ကြီးကိုမြင်ယောင်ပြီးနောက် ဘာမှထပ်ပြီးတွေးကြည့်မနေတော့ဘဲ...
"အိုကေ ဒါဆိုလည်း ဒီမှာနေကြတာပေါ့"
ချီချန်အန်းပြောသည့်အတိုင်းပင် ဟိုတယ်အခန်းကအတော်လေးကျယ်ပြီး သန့်ရှင်းသပ်ရပ်စွာ အလှဆင်ထားကာ ကြမ်းပြင်ကနေမျက်နှာကြက်ထိမြင့်တဲ့ပြတင်းပေါက်ကနေတစ်ဆင့် လင်းထိန်နေသည့် မြို့၏မြင်ကွင်းကိုမြင်နေရသည်။ခုံပေါ်၌ မူရင်းလက်တင်စာအုပ်တစ်အုပ်ရှိနေကာ ကြေးဝါရောင်bookmarkညှပ်ထားပြီး ချွန်ထက်နေသည့်ထောင့်ကိုသာမြင်နေရ၏။
ရွှီလော့ယန်က စိတ်လှုပ်ရှားမှုနည်းနည်းနှင့်စိုးရိမ်စိတ်နည်းနည်းဖြင့် ချီချန်းအန်းအနောက်သို့ လိုက်လာလိုက်သည်။သူက မကောင်းဆိုးဝါးနတ်ဆိုး၏သီးသန်းနယ်မြေထဲရောက်လာခဲ့ပြီ။
ထိုအတွေးက သူနှလုံးသားအားတစ်ဖန်ခုန်ပေါက်စေပြီး ကားပါကင်၌ ချီချန်အန်းရဲ့မကောင်းဆိုးဝါးစွမ်းအားတွေထွက်ကျလာတုန်းကနှင့် အတူတူပဲဟု သူထင်လိုက်သည်။
"ဒီည ဒီမှာပဲနေလိုက် ကိုယ် ဘေးခန်းမှာရှိနေမယ် အဆင်ပြေလား၊တစ်ခုခုဆိုရင် လှမ်းခေါ်လိုက်"
ချီချန်အန်းပြောတာကိုကြားတော့မှပဲ သူရဲ့ပြန့်ကျဲနေသည့်အတွေးတွေအားလုံးကို ပြန်သိမ်းလိုက်ကာ "ဟင် အင်း အဆင်ပြေတယ်"
မနက်တစ်နာရီထိုးနေပြီဖြစ်ကာ နှစ်ယောက်စလုံးလည်းပင်ပန်းနေပြီဖြစ်တာကြောင့် တစ်ယောက်နှင့်တစ်ယောက်နှုတ်ဆက်ကာ ကိုယ့်အခန်းကိုယ် သွားလိုက်ကြသည်။
ညအိပ်မီးတွေပိတ်ထားကာ ကုတင်ပေါ်လှဲနေပေမယ့် ချီချန်အန်းက အိပ်ချင်စိတ်ရှိမနေ။
ကားပါကင်ကနေထွက်လာတဲ့အချိန်ထိ ရွှီလော့ယန်က ရှစ်ယွမ်ဟောက်ရဲ့စကားတွေကြောင့်စိတ်မကောင်းလည်းဖြစ်မနေသလို၊ပြသနာဖြစ်လာမှာကိုလည်းစိုးရိမ်နေခြင်းမရှိဘဲ လုံး၀သူရဲ့နဂိုပုံစံအတိုင်းပြန်ဖြစ်သွားသည်။
သို့သော် ယခုလိုမျိုးဖြစ်နေလေလေ၊ချီချန်အန်းက ပိုပြီးစိတ်ပူလာလေလေဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ အပေါ်ယံကနေပဲကြည့်ကြည့် ဘယ်လိုပဲကြည့်ကြည့် ရွှီလော့ယန်က ထိလွယ်ရှလွယ် လွယ်သည့်လူတစ်ယောက်ဖြစ်သည်။
ညတာကုန်ဆုံးလာသည်နှင့်အမျှ ချီချန်အန်းကမျက်လုံးမှိတ်ပြီး မျက်လုံးများအားအနားပေးကာ စိတ်ကတော့ ကျန်းသုန့်နှင့်လျန်ချိုးတို့လုပ်နေသည့်အစီအစဉ်များတွေးနေတုန်း ရုတ်တရတ် ခြေသံကြားလိုက်ရသည်။မသေချာတာကြောင့် သူထထိုင်လိုက်ကာ လှုပ်ရှားမှုသေးသေးလေးအား ဂရုတစိုက်နားထောင်နေမိ၏။
၁၁စက္ကန့်လောက်ကြာတော့ ရွှီလော့ယန်၏အသံတိုးတိုးအား တံခါးကနေတစ်ဆင့်ဖြတ်ပြီးကြားလိုက်ရသည်။
"ချန်အန်းကော အိပ်သွားပြီလား"
အသက်ရှုသံမျှတိုးလွန်းတာကြောင့် သေချာနားထောင်မှသာကြားရလေသည်။
ချီချန်အန်းက ခုန်ပေါက်နေတဲ့သူ့နှလုံးသားအား နည်းနည်းလောက်ထိန်းရန် ဆက်တိုက် အသက်ပြင်းပြင်း၅ခါရှုလိုက်ပြီး တံခါးအားစိုက်ကြည့်လိုက်ကာ အသံကျယ်ကျယ်ဖြင့်" မအိပ်သေးဘူး တံခါးလော့မချထားဖူး"
ခဏလောက်ကြာတော့ အိပ်ခန်းတံခါးအပြင်ဘက်ကနေပွင့်လာကာ ကော်ရစ်တာကအလင်းရောင်ဖြင့် တစ်ချက်ကြည့်လိုက်တော့ ဟိုတယ်မှစီစဥ်ပေးထားတဲ့ အနက်ရောင်၀တ်စုံအား၀တ်ထားလျက် အဖြူရောင်ခေါင်းအုံးတစ်လုံးပိုက်ကာ ချီတုံချတုံဖြင့် တံခါး၀၌ရပ်နေတာကိုတွေ့လိုက်ရသည်။
"ဟင် "
ရွှီလော့ယန်က အထဲသို့ ခြေနှစ်လှမ်းခန့်၀င်လိုက်သည်။အခန်းကအလင်းရောင်မရှိတာကြောင့်နည်းနညမှောင်နေပြီး စမ်းတဝါးဝါးခန့်သာမြင်ရလေသည်။ကော်ဇောပေါ် ခြေချလိုက်ကာ တုန့်ဆိုင်းစွာဖြင့်မေးလိုက်သည်။
"ချန်အန်း ဒီညမင်းနဲ့အတူအိပ်လို့ရမလား"
ရွှီလော့ယန်က ရတယ်လို့ပြော၊ မပြော မသေချာတာကြောင့် အတူတူအိပ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုရှင်းပြမလို့ပြင်နေတုန်းမှာပဲ ချီချန်အန်းက 'ရတယ်'ဟုပြောတာကိုကြားလိုက်ရသည်။
" အာ "
ရွှီလော့ယန်က ခဏလောက်ဘာပြန်ပြောရမလဲမသိဖြစ်သွားရသည်။
သူသဘောတူလိုက်တာလား။
'ထောက်' ချီချန်အန်းက ညအိပ်မီးအားဖွင့်လိုက်ပြီး အိပ်ယာပေါ်ထထိုင်လိုက်ကာ သုခြုံထားသည့်စောင်၏အစွန်းအားမလိုက်သည်။မှိန်လွန်းလှတဲ့အလင်းရောင်ကြောင့် သူမျက်လုံးတွေကိုမမြင်ရပေမယ့် သူအသံ၌ချုပ်ထိန်းထားရသည့်နူးညံမှုများရှိနေခဲ့သည်။
" လာခဲ့လေ"
ရွှီလော့ယန်က ဘာလုပ်ရမှန်းမသိတာကြောင့်ပြုံးသာပြလိုက်ပြီး "အင်း ကောင်းပြီလေ"
အရင် ခေါင်းအုံးကိုချလိုက်ကာ ရွှီလော့ယန်က စောင်ထဲသို့အမြန်၀င်လိုက်ပေမယ့် သိပ်မကြာလိုက် စောင်ထဲ၌ အပူငွေ့နည်းနည်းသာရှိပြီး အေးနေသေးကြောင်းသိလိုက်ရသည်။
သူစိတ်ကိုဖတ်နိုင်သလိုပင် ချီချန်အန်းကနေပြီး "တောင်းပန်ပါတယ် အထဲကအေးနေတယ်မှတ်လား လှဲနေတာနှစ်နာရီနီးပါးရှိပြီ နွေးမလာသေးဘူး"
ရွှီလော့ယန်က ခေါင်းခါပြလိုက်ပြီး " ရတယ် ကျွန်တော် မင်းရဲ့စောင်ကိုနွေးအောင်လုပ်ပေးမယ်"
"အင်း" ညအိပ်မီးအား ပြန်ပိတ်လိုက်ကာ ချီချန်အန်းက ကုတင်ပေါ်ပြန်လှဲလိုက်ပြီး မလှုပ်တော့ပေ။
မထင်မှတ်ထားစွာ ရွှီလော့ယန်ရဲ့ခြေဖဝါးတွေက သူ့ခြေဖဝါးတွေအားဖိကပ်လာကာ ရေရွတ်သံကိုကြားလိုက်ရသည်။
"မင်းခြေဖဝါးတွေကအရမ်းအေးနေတုန်းပဲ၊ ကျွန်တော်နွေးလာအောင်လုပ်ပေးမယ် မကြာခင်နွေးလာလိမ့်မယ်"
ရွှီလော့ယန်က တစ်ခုခုမူမမှန်ဖြစ်နေတာကိုသတိမထားမိဘဲ သူခြေဖဝါးက ချီချန်အန်းခြေဖဝါးဖြင့်ဖိကပ်ထားဆဲဖြစ်သည်။ချီချန်အန်းအား မျက်နှာချင်းဆိုင်နိုင်ရန် ဘေးတစောင်းလှဲလိုက်ပြီးနောက် ခဏလောက်တော့တွေဝေနေပြီးမှ ပြောလိုက်သည်။
"စကားပြောလို့ရလား"
"အင်း ဘာအကြောင်းပြောချင်လို့လဲ မင်းဘာပြောပြောနားထောင်ပေးမယ်"
__
Translated By IQ-Team.