အပိုင်း ၁၀
Viewers 10k

Chapter 10



------------



"ခင်ဗျား သက်သာသွားပြီလား အဖျားရှိသေးလား"


ရွှီလော့ယန်တစ်ယောက် ဆန်ပြုတ်ထုပ်တွေ၊အရံဟင်းတွေဖြင့်ပြန်လာကာ တံခါး၀မှာဖိနပ်လှဲနေရင်းမေးလိုက်သည်။


သူ အနံတစ်ချက်ခံလိုက်ပြီး သူ့ဆီကိုလာနေတဲ့ချီချန်အန်းကိုကြည့်ကာမေးလိုက်သည်။ 


"ဟမ် အိမ်ကိုတယောက်ယောက်လာသွားတာလား"


နေ့ခင်းဘက်အပူချိန်က မြင့်ပြီး သူလမ်းအမြန်လျှောက်လာရတာကြောင့် သူ့ဆံပင်ကချွေးတွေဖြင့်ရွှဲစိုနေသည်။အရှေ့ဆံပင်ကနည်းနည်းလောက်ရှည်နေပြီး သူမျက်လုံးတွေကိုကွယ်ထားသလိုခံစားရတာကြောင့် ရွှီလော့ယန် လက်ဖြင့် ဆံပင်တွေကိုဒီအတိုင်းလှန်တင်လိုက်တော့ သူရဲ့ပြောင်ရှင်းနေတဲ့နဖူးလေးပေါ်လာသည်။


"ကိုယ် အတော်လေးသက်သာသွားပြီ အဖျားလည်းကျသွားပြီ" 


ချီချန်အန်းက ရွှီလော့ယန်လက်ထဲရှိပစ္စည်းတွေကိုယူလိုက်ပြီး စပ်စုနေသည့်မျက်လုံးတွေဖြင့်သူ့ကိုကြည့်နေတာကိုမြင်တော့ သူပင်မသိလိုက်ဘဲပြုံးမိသွားရကာ"ကိုယ့်အေးဂျင့် မနက်ကလာသွားလို့ ဆေးတွေယူလာပေးတာလေ"


"ကျွန်တော်ပြောပါတယ် ကျွန်တော်နှာခေါင်းကအရမ်းကောင်းတယ် အိမ်ထဲမှာ ယောက်ျားလေးရေမွှေးနံဖျော့ဖျော့လေးရပါတယ်လို့ ကျွန်တော်ချက်ချင်းကိုအနံရတာနော်"


ရွှီလော့ယန်က ဂုဏ်ယူနေသည့်ပုံဖြင့်မေးစေ့ကိုမော့လိုက်ပြီးမှ တခြားမေးရမည့်မေးခွန်းကိုတွေးမိသွားကာ"ခင်ဗျားရဲ့အေးဂျင့်ယူလာပေးတဲ့ဆေးက ခင်ဗျားရဲ့အံဆွဲထဲမှာရှိတဲ့ဆေးပုလင်းတွေလိုမျိုး နံပါတ် 1 2 3ပါတဲ့ဟာမျိုးလား"


ချီချန်အန်းက ထိုဆေးနှစ်မျိုးကိုသောက်တာသူမြင်ဖူးသည်။


နံပါတ်01 နှင့် 04ကိုပေါ့...။


"အင်း ကိုယ့်ရောဂါက နည်းနည်းလေးရှုပ်ထွေးလို့လေ ပြီးတော့ အပြင်မှာရောင်းတဲ့ဆေးတွေက ကိုယ့်အတွက်ဆေးမတိုးဘူး အဲ့ဒါကြောင့် ကိုယ်က သီးသန့်ထုတ်ထားတဲ့ဆေးကိုသောက်ရတာ ဒီကိုအမြန်လာရတော့ ဆေးပါမလာဘူးလေ ကိုယ့်အတွက် အေးဂျင့်ကဒီကိုအချိန်ပေးပြီးလာပို့ရတာ"


ရွှီလော့ယန်က စိတ်ပါလက်ပါခေါင်းညိတ်ပြလိုက်ပေမယ့် စိတ်ထဲမှာတော့သက်ပြင်းချလိုက်မိသည်။ 


အိုက်ယား...ပြိုင်ပွဲ၀င်သူချီချန်အန်းကတော့ နောက်တစ်ကြိမ် ထပ်ပြီး 'စကားလှလှလေးတွေကိုအလေးအနက်ပြောပြီးဘယ်လိုအရူးလုပ်ရမလဲဆိုတဲ့နည်းလမ်း'ကိုပြသွားပြန်ပြီ...။


ဒါပေမဲ့ ဒီနှစ်ရဲ့အကောင်းဆုံးအခန်းဖော်ဖြစ်တဲ့ သူက သူ့မိတ်ဆွေကိုဆက်ပြီးတော့ ထောက်ခံပေးဖို့တွေးလိုက်ပါတယ်တဲ့ခဗျ...။


ဆန်ပြုတ်ကပူနေသေးသည်။ရွှီလော့ယန်ရဲ့ဘယ်လက်ကဇွန်းကိုကိုင်ကာ ညာလက်ကတူကိုကိုင်ထားသည်။


သူကစားဖို့အတော်လေးပြင်ဆင်ထားကာ"ခင်ဗျားအတွက် သစ်သီးနဲ့ဂျုံယာဂု ဆန်ပြုတ်ကို၀ယ်လာတယ် ပန်းသီးမပါဘူး သစ်တော်သီးပဲပါတယ် ကျွန်တော်အတွက်ကတော့ ကြက်သားနဲ့အသီးအရွက်ဆန်ပြုတ် ခင်ဗျား သစ်သီးယာဂုနဲ့ဟာမစားချင်ရင် ကျွန်တော်နဲ့လဲလို့ရတယ်"


"မဟုတ်တာ သစ်သီးယာဂုနဲ့ဟာကလည်းအရသာရှိပါတယ်"


စက္ကန့်ပိုင်းလောက် ရပ်သွားပြီးတော့မှ ချီချန်အန်းကရုတ်တရတ်ကြီး ထပြောလေသည်။


"ကိုယ်ကအရမ်းဂျီးများတယ်လို့......မင်းထင်လား"


"အဆင်ပြေပါတယ် ဘာပဲဖြစ်ဖြစ် လူတိုင်း သူတို့အစားအသောက်ကို လွတ်လပ်စွာရွှေးချယ်ခွင့်ရှိပါတယ်"


ရွှီလော့ယန်ပြောပြီးမှ ရုတ်တရတ်တစ်ခုခုကိုသတိရသွားကာ"ကျွန်တော် ငယ်ငယ်တုန်းကမုန်လာဥနီမစားချင်တဲ့ အကြောင်းပြချက်ကိုပြောတော့ ကျွန်တော်ပြောတာကိုနားထောင်ပြီး ကျွန်တော် မိဘတွေကအဓိပ္ပာယ်ရှိတယ်လို့ထင်သွားတယ်လေ အဲ့ဒါနဲ့ ကျွန်တော်တို့မိသားစုက [မုန်လာဥနီမစားခြင်းဥပဒေ]ကိုပြဠာန်းခဲ့တယ်လေ"


"[မုန်လာဥနီမစားခြင်းဥပဒေ]တဲ့လား"


ချီချန်အန်းရဲ့လေသံထဲသူကိုယ်တိုင်ပင်သတိမထားမိဘဲ မနာလိုသည့် အရိပ်အယောင်များပါ၀င်နေ၏။


"မင်းတို့မိသားစုကအတော်လေးစိတ်၀င်စားဖို့ကောင်းတာပဲ"


"ကျွန်တော်လည်း အဲ့လိုပဲထင်တယ်" 


ရွှီလော့ယန်က ဇွန်းကိုချလိုက်ပြီးနောက် သူ့မျက်ခုံးတွေကိုပင့်လိုက်ကာ"ပါးက အိမ်မှာဆို အတော်လေးကောင်းတယ်ပြောရမယ် သူကနေ့တိုင်းအနုပညာထဲပဲနစ်မြုပ်နေတာ သူကအတော်လေးကိုနားလည်ရခက်တယ် နေ့တိုင်းမနာလိုဖြစ်နေတာ ကျွန်တော်ကမားရဲ့အာရုံစိုက်မှုတွေအကုန်ယူထားတယ်လိုအမြဲတွေးပြီးတော့လေ ကျွန်တော်ကသူ့ထက်ပိုပြီးကြည့်ကောင်းတာကိုလည်းမကြိုက်ဘူးလေ မားကကျ ဇာတ်ညွှန်းရေးတဲ့သူလေ တနေ့ကျတော့ဆယ်ကျော်သက်လေးတစ်ယောက်လိုအကြိမ်တော်တော်များများပြုမှုပြီးတော့မှ နတ်သမီးပုံပြင်တွေက ယုတ္တိလည်းမရှိ ဆန်းသစ်တာလည်းမရှိဘဲ ရေးထားတာလို့ သူမကထင်တယ်လေ အဲ့ဒါနဲ့ပဲ ကလေးတုန်းက ကျွန်တော်နားထောင်ရတဲ့အိပ်ရာ၀င်ပုံပြင်တွေက ' The Scripture of the Mountain and the Sea' 'The Book of Searching God'တို့လို့မျိုးဟာတွေ ဒါမှမဟုတ်ရင်လည်း သူမ လက်တန်းဖန်တီးလိုက်တဲ့ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ပုံပြင်တွေပေါ့"


ရွှီလော့ယန်က သက်ပြင်းချပြီးတော့ စကားကိုနိဂုံးချုပ်လိုက်သည်။


"ဆိုရရင် ဒီလိုမျိုး အကောင်းမြင်ပြီးဖြောင့်မတ်တဲ့ လူငယ်လေးတစ်ယောက်လိုမျိုးကြီးပြင်းလာဖို့ ကျွန်တော်အတွက်တကယ်မလွယ်ကူခဲ့ဘူး"


ချီချန်အန်းက‌နားထောင်ပြီးနောက် အ‌တွေးယာဉ်ကြောထဲနစ်မြောနေမိသည်။


ဒါဆို အဖေနဲ့အမေဆိုတာဒီလိုပုံစံမျိုးပေါ့...၊


နေလည်စာစားပြီးနောက် ချီချန်အန်းကထပြီး စားပွဲကိုရှင်းလင်းနေရင်းမှ ရွှီလော့ယန်ကိုပြောလာသည်။


"ကိုယ် California-ကယ်လီဖိုးနီးယား ကိုနောက်နှစ်ရက်နေရင်သွားရမယ် ဒါရိုက်တာကျန်းဆီကိုလည်း ခွင့်နှစ်ရက်ယူမယ်လို့ပြောထားပြီးပြီ"


"Californiaကိုလား"


ရွှီလော့ယန်က TV ကြည့်နေရင်းမှ channelပြောင်းပြီးသည့်နောက် remoteခလုပ်ကိုတိတ်တိတ်လေးသူနောက်မှာထားပြီး ဖွက်ထားလိုက်သည်။ချီချန်အန်းက ယင်းကိုမြင်တော့ သူ့မျက်လုံးထဲပြုံးရိပ်သန်းသွားပေမယ့် သူမဖော်ထုတ်လိုက်ပေ။


"အင်း အဲ့ဒီမှာ ရုပ်ရှင်တစ်ခုရိုက်ဖို့ရှိလို့လေ ရိုက်လို့တော့ပြီးသွားပြီ ဒါပေမဲ့ဒါရိုက်တာက တချို့အခန်းလေးတွေကိုသွားပြီးရိုက်စေချင်လို့လေ"


သူက ယခုလိုပြောလာတော့ ရွှီလော့ယန်ကအမြန်ပြန်ပြောလိုက်သည်။


"ကျွန်တော်သိတယ် အဲ့ဒါ 'Absolute Pursuit 2'မဟုတ်လား ကျွန်တော် ရုပ်ရှင်ရုံကိုခိုးသွားပြီး ပထမကားကိုသွားကြည့်ခဲ့တာ နှစ်ခါတောင်မှ"


ထိုဇာတ်ကားက လွန်ခဲ့တဲ့နှစ်နှစ်အတွင်း တန်ဖိုးအရှိဆုံး အတွဲဆက်ဇာတ်လမ်းဖြစ်သည်ဟု သူကြားထား၏။ပထမဇာတ်ကားထွက်လာချိန်က Global box office ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ဒုတိယဇာတ်ကားက စရိုက်ကတည်းက လူအများများအပြားရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရသည်။ အတော်လေးနာမည်ကြီးတာကြောင့် မရေမတွက်နိုင်အောင်များပြားတဲ့လူတွေက အာရှတိုက်သားဇာတ်ကောင်တွေအတွက် အသေအလဲတိုက်ပွဲ၀င်ခဲ့ကြရသည်။


"အင်း အဲ့ဒီဇာတ်ကားပဲ"


ရွှီလော့ယန်သိချင်နေတာကိုမြင်ပြီး ချီချန်အန်းက မထိန်းနိုင်တော့ဘဲ ထို့ထက်ပိုပြီးပြောပြသွားမိသည်။


"ပြောရရင်တော့ မူရင်းထုတ်လုပ်ရေးအဖွဲ့အတိုင်းပါပဲ ကိုယ့်ရဲ့အခန်းက ဆယ်မိနစ်လောက်ကိုပဲရိုက်ဖို့လိုတာ ရိုက်ကူးရေးအဖွဲ့ထဲအကြာကြီးမနေရပါဘူး ဒါပေမဲ့ ဇာတ်ညွှန်ရေးတဲ့သူက အခန်းတွေကိုထပ်တလဲလဲပြောင်းနေတော့ အဲ့အခန်းတွေကိုရိုက်ဖို့

ကိုယ်အမြန်သွားဖို့လိုတယ်"


သူ့ရဲ့သိချင်တဲ့စိတ်အာသာပြေသွားသည်နှင့် ရွှီလော့ယန်ကတွန့်ဆုတ်စွာဖြင့်မေးလိုက်သည်။


"ခင်ဗျား အကြာကြီး သွားမှာလား"


"အရမ်းတော့မကြာပါဘူး တပတ် ဒါမှမဟုတ်လဲ ဒီထက်နည်းနည်းနေရင် ကိုယ်ပြန်လာမှာပါ မင်းကိုတစ်ယောက်ထဲထားခဲ့ရလို့တောင်းပန်ပါတယ်"


"ဟင်း...ခင်ဗျားသွားရင် ကျွန်တော်တစ်ယောက်ထဲအတော်လေးပျင်းနေရတော့မှာပဲ" 


ရွှီလော့ယန်က ချီချန်အန်းရဲ့ ပခုံးအားပေါ့ပေါ့ပါးပါးပုတ်လိုက်ကာ လေးနက်စွာဖြင့်အမြန်ပြောလိုက်သည်။


"အဆင်ပြေပါတယ် ခင်ဗျားရဲ့အတောင်ပံတွေကိုဖြန့်ပြီးတော့မြင့်မြင့်သာပျံသန်းသွားလိုက် ဒါပေမဲ့ အဲ့ဒီကဒေသထွက်အထူးထုတ်ကုန်တွေတော့ ပြန်သယ်လာဖို့မမေ့နဲ့နော် အစားကောင်းအသောက်ကောင်းတွေအတွက် ကျွန်တော် ခင်ဗျားအပေါ်ကိုအလုံးစုံပုံအပ်လိုက်ပြီနော်"


ချီချန်အန်းက တိုးတောင်းလှတဲ့ ထိုထိတွေ့မှုအတွက်မနှစ်သက်တာမျိုးမခံစားလိုက်ရပေ။


သူကပြုံးလိုက်ပြီး"ဟုတ်ပြီ ကိုယ်အများကြီး သယ်လာခဲ့မယ်"


နေ့လည်နေ့ခင်း အတော်လေးကိုပူတာကြောင့်


ချီချန်အန်းက ထရပ်ပြီး အလုပ်ခန်းထဲကပြတင်းပေါက်တွေအားလုံးကိုဖွင့်လိုက်သည်။ခြံ၀င်းထဲကတိုက်ခတ်လာသည့်အနည်းငယ်အေးမြမှုကိုပေးစွမ်းလေ၏။


သူကလက်သမားသုံးခုံရှည်ပေါ်၌ထိုင်နေပြီး ရှပ်အင်္ကျီအဖြူအား တံတောင်ဆစ်နားထိခေါက်တင်ထားသည်။


ခေါင်းကိုငုံကာသူ့လက်ထဲက သစ်သားPeace claspလေးကိုပွတ်တိုက်နေသည်။ထိုအချိန်ခဏတွင် သူ့မျက်နှာထက်မှာ နူးညံသိမ်မွေ့တဲ့အရိပ်အယောင်လေးရှိနေသည်။


ဆရာကြီးကျွမ်းက လိုအပ်တဲ့ကိရိယာတွေကိုယူရန်အထဲ၀င်လာပြီး သူ့နောက်ကနေဖြတ်သွားရင်း တစ်ချက်ကြည့်လိုက်ကာ"ဒီ peace claspကို ပွတ်တိုက်နေတုန်းပဲလား"


"အင်း"


ချီချန်အန်းက ယဉ်ယဉ်ကျေးကျးထရပ်လိုက်ကာ"ကျွန်တော်ဒီထက်ပိုပြီး ချောချောမွေ့မွေ့လေးဖြစ်ချင်လို့ပါ"


ဆရာကြီးကျွမ်းက စားပွဲမှာသပ်သပ်ရပ်ရပ်စီထားတဲ့ကိရိယာတန်ဆာပလာတွေကိုကြည့်နေရင်းမှ မည်သည့်မှတ်ဉာဏ်ကိုအမှတ်ရသွားလဲမသိပေမဲ့ ရုတ်တရတ်သူကမေးလာသည်။


"ချစ်ရတဲ့သူ အတွက်လား"


ချီချန်အန်းမှာ စက္ကန်ပိုင်းလောက်တောင့်တင်းသွားပြီးတော့မှသာ ငြင်းဆိုလိုက်နိုင်သည်။


"မဟုတ်ပါဘူး သူငယ်ချင်းအတွက်ပါ"


သူရဲ့လေသံက ပုံမှန်ထက်ပိုညင်သာသွားပြီး"သူကရဲစခန်းမှာလေ ကိစ္စကြီးကြီးမားမားတွေဖြစ်တာတော့မရှိပေမဲ့ အလုပ်ကနည်းနည်းတော့အန္တာရာယ်များတယ်လေ မနက်ဖြန်ကျရင် Californiaကိုနောက်တစ်ခေါက်သွားရမှာဆိုတော့ ဒီနေ့အချိန်မီပြီးသွားချင်လို့ပါ"


"ရွှီလော့ယန်လား"


"အင်း...သူပဲ"


ဆရာကြီးကျွမ်းက ခေါင်းညိတ်လိုက်ပြီး"ကောင်းတယ်...peace claspက တစ်စုံတ‌စ်ယောက်ကိုအန္တရာယ်ကင်းစေတယ်လေ"


နေ့လည်ခင်းတွင် ရုတ်ချည်းဆိုသလို တိမ်‌ထူကာ ကောင်းကင်ကြီးကမည်းမှောင်လာသည်။သိပ်မကြာခင် မိုးခြိမ်းသံပါ ကပ်ပါလာသည်။ချီချန်အန်းက အချိန်ကိုကြည့်လိုက်ပြီးနောက် အမိုးအောက်ကိုသွားကာလှမ်းကြည့်လိုက်သည်။ခြံ၀င်းထဲက အစိမ်းရောင်ကျောက်ပြားတွေပေါ်မှာရေများပြည့်နေပြီး မိုးကလည်းသည်းသည်းထန်ထန်ကိုရွှာသွန်းနေသည်။


ဆရာကြီးကျွမ်းကလက်ထဲမှာသစ်သားပိုက်တစ်ချောင်းကိုင်ထားကာသူနှင့်အတူမိုးရွာနေတာကိုကြည့်ရင်း"ငါရဲ့ဝေယျာ၀စ္စခန်းထဲမှာ ထီးအပိုတစ်လက်ရှိတယ် ဘယ်သူမှလည်းမသုံးဘူး ပြန်ရင် ဆောင်းဖို့ယူသွားလိုက် နောက်နေ့ကျမှပြန်ပေးပေါ့"


သူကဖော်ရွှေတတ်တဲ့လူမဟုတ်တာကြောင့် ပြောပြီးတာနှင့် လှည့်ပြီး သူ့အခန်းထဲကိုပြန်သွားသည်။


ချီချန်အန်းကဆရာကြီးကျွမ်းအား ကျေးဇူးတင်စကားဆိုလိုက်ပေမဲ့ သူကမတ်တပ်ရပ်နေဆဲဖြစ်သည်။သူ့လက်ထဲမှာဖုန်းကိုကိုင်ထားပြီး ရွှိလော့ယန့်နှင့်သူရဲ့ message boxကိုနှိပ်လိုက်ပေမဲ့ ဘာစာမှမရိုက်ဘဲ ထိုအတိုင်းသာကြည့်နေမိသည်။


ငါးမိနစ်နီးပါးလောက် ငြိမ်ငြိမ်လေးရပ်နေပြီးနောက် Screenပေါ်၌messageတစ်ခုပေါ်လာလေသည်။


"ခင်ဗျားမှာ ထီးမရှိဘူးမှတ်လား ကျွန်တော်တစ်ချောင်းငှားထားတယ် ကျွန်တော်ကိုစောင့်နေ ကျွန်တော် ခင်ဗျားကိုလာခေါ်မယ်"


ထိုmessageကိုအကြိမ်ကြိမ်အခါခါဖတ်ရှုပြီးတော့မှ ချီချန်အန်းက စာပြန်လိုက်သည်။


"အင်း ကိုယ် မင်းကိုစောင့်နေမယ် လမ်းမှာ ဂရုစိုက်"


ရွှီလော့ယန်က အပြာရောင်ခေါက်ထီးတစ်ချောင်းဖြင့်ဆရာကြီးကျွမ်းရဲ့နေအိမ်ကို လျှောက်လာနေသည်။လေကပြင်းလွန်းတာကြောင့် သူ့မျက်နှာမှာပုံပျက်သွားပြီဟုပင် ခံစားနေရသည်။


ချီချန်အန်းက သူ့ကိုအပေါက်၀မှာရပ်စောင့်နေတာကိုမြင်သည်နှင့် အမြန်လျှောက်သွားလိုက်ကာ"ကျွန်တော်ကထီးတစ်လက်ပဲငှားလာတာ...လူနှစ်ယောက်ဆောင်းလို့ရပါ့မလား"


သူကအ၀ကနေအထဲကိုတချက်ကြည့်လိုက်တော့ ခြံ၀င်းထဲတစ်ယောက်မှရှိမနေပေ။


"ဆရာကြိးကျွမ်းရဲ့အိမ်မှာထီးအပိုလေးတွေ ဘာလေးတွေမရှိဘူးလားမသိ"


ချီချန်အန်းက ခေါင်းခါပြလိုက်ကာ"တစ်ချောင်းတော့ရှိတယ် ဒါပေမဲ့ကိုင်းကကြိုးနေတော့ သုံးလို့မရဘူး"


"ဒါဆိုလည်း တစ်ခြားနည်းလမ်းမရှိတော့ဘူး"


ရွှီလော့ယန်က မျက်ခုံးတွေကွေးတတ်သွားသည်အထိပြုံးပြလိုက်ပြီး"လူကြီးမင်းချီ ကျွန်တော် ခင်ဗျားကိုဒုက္ခများစေမိပြီ"


ချီချန်အန်းက အရှေ့ကိုတစ်လှမ်းတိုးလိုက်ကာ ရွှိလော့ယန်ရဲ့ထီးအောက်ထဲ၀င်ရပ်လိုက်သည်။


"ကိုယ် ဒုက္ခမများပါဘူး ညစာသွားစားကြမလား"


အစားစားရမည်ဆိုပါက ရွှီလော့ယန်တစ်ယောက်အမြဲတက်ကြွတဲ့ကြက်ဖဖြစ်သွားလေ့ရှိသည်။


"သွားစားကြမယ် စားကြမယ် တနေ့ခင်းလုံးအလုပ်ရှုပ်နေတာ အရမ်းဗိုက်ဆာနေပြီ"


ထီးကကြီးပေမဲ့ အရွယ်ရောက်ပြီးယောက်ျားသားနှစ်ယောက်ဆောင်းလို့ရတဲ့အထိတော့မလုံလောက်ပေ။


သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်အတော်လေနီးကပ်နေကြတာကြောင့် အင်္ကျီလက်စတွေအချင်းချင်းပွတ်တိုက်မိတာကိုတော့ သူတို့ဘာမှလုပ်လို့မရပေ။ပခုံးတွေကလည်းတစ်ယောက်နှင့်တစ်ယောက်အမြဲတိုက်မိနေကြကာ၊ ချီချန်အန်းက ရုပ်ပိုင်းဆိုင်ရာထိတွေ့ရတာကိုမကြိုက်ကြောင်းသူသိသဖြင့် ရွှီလော့ယန်ကအတတ်နိုင်ဆုံးကြိုးစားပြီးသတိထားနေရသည်။ သို့ပေမဲ့ ထီးကသူရဲ့လှုပ်ရှားနိုင်စွမ်းကိုကန့်သတ်ထားတာကြောင့် ဘယ်လိုပဲသူအားစိုက်ထုတ်ပြီးကြိုးစားကြိုးစား မဝေးကွာသွားတာကြောင့် သူထိုအတိုင်းသာထားလိုက်တော့၏။


လမ်းတစ်လျှောက်ရေတွေပြည့်နေတာကြောင့် လမ်းလျှောက်ရတာလည်းပုံမှန်ထက်နှေးနေသည်။ ထို့ကြောင့်ချီချန်အန်းကနှစ်ယောက်လုံးအအေးမိမှာကိုစိုးရိမ်နေပေမယ့် ရွှိလော့ယန်ကတော့သူဘာသူမတ်တပ်ရပ် ဟာသရှိူးပွဲကိုစီစဉ်နိုင်သေးကြောင်းမကြာခင်မှာသိလိုက်ရသည်။ လမ်းတစ်လျှောက် သူနေ့ခင်းတုန်းကတစ်ယောက်ထဲနေသည့် အဖွားကြီးကိုကယ်တင်ခဲ့ပုံကို...ဇာတ်လမ်း ဇာတ်ကွပ် အချိုးအကွေ့ အလှည့်အပြာင်းများစွာဖြင့် နေရာမျိုးစုံကနေသရုပ်ဆောင်ပြလေသည်။ဇာတ်လမ်းပြီးနောက် သူကချီချန်အန်းကို နောက်တစ်ကြိမ် ရေပတ်မ၀င်စကားများဆက်ပြောနေသေးသဖြင့် ပတ်၀န်းကျင်ကို တစ်မျိုးတစ်ဖုံအသက်၀င်စေနေသည်။


သူတို့အိမ်ကိုရောက်ချိန်တွင် ခန္ဓာကိုယ်တစ်၀က်လောက်ရေစိုနေသည့် ရွှီလော့ယန်ကရေချိုးခန်းထဲကိုရေချိုးရန်အမြဲပြေး၀င်သွားကာ မိနစ်အနည်းငယ်လောက်ကြာမှ ပြန်ထွက်လာသည်။လက်ထဲက တဘက်ကိုကိုင်ပြီးသူကဆိုဖာပေါ်တွင်ထိုင်လိုက်ကာ ချီချန်အန်းလက်ထဲကဇာတ်ညွှန်းကို တစ်ချက်သွားကြည့်လိုက်သည်။


"ပြောရရင် ဒီversionက10.0‌တောင်ဖြစ်နေပြီ ကျွန်တော် ထင်တာမကြာခင်အပြီးသတ်တော့မယ်ထင်တယ် မဟုတ်ရင်ဇာတ်ညွှန်းရေးဆရာကကျိန်းသေပေါက်ကို ပေါက်ကွဲတော့မယ်"


"အင်း ဒီversionမှာပြောင်းထားတာတွေက နည်းပါတယ်"


ချီချန်အန်းက သူနှင့်ရင်နှီးနေတဲ့ရေချိုးဆပ်ပြာရနံကိုအခြားသူရဲ့ကိုယ်‌ပါ်ကနေရလိုက်သည်။သူတစ်ခဏလောက်တွန့်ဆုတ်သွားပြီးမှ လက်ကိုထုတ်ကာ သူ့လက်ထဲကိုင်ထားသည့်အရာကိုပြရန် လက်ချောင်းများကိုဖွင့်လိုက်သည်။


"ဒါက ကိိုယ်လွန်ခဲ့တဲ့နှစ်ရက်ကလုပ်ထားတဲ့ peace claspပဲ မင်းစိတ်ထဲမထားဘူးဆိုရင် ကိုယ် မင်းကိုပေးလို့ရလား"


သူ့စိတ်ထဲ ရှားရှားပါးပါးစိုးရိမ်ကြောင့်ကြလာမိပြီး သူက ရွှီလော့ယန်မျက်နှာပေါ်ကသိမ်မွေ့တဲ့မျက်နှာအမှုအယာလေးတွေကို သေချာအာရုံစိုက်လိုက်ကာ ငြင်းဆန်လိုသည့်အရိပ်အယောင်နည်းနည်းလေးတွေ့ပါက သူက အမြန်ပစ္စည်းကိုပြန်ယူကာ ပေးရန်ကြိုးစားတော့မှာမဟုတ်ပေ။


ချီချန်အန်းရဲ့ လက်ပေါ်မှာရှိနေတာက သစ်သားဖြင့်လုပ်ထားသည့် peace claspလေးဖြစ်ပြီး အလွန်တရာနူးညံချောမွေ့နေဟန်ဖြင့် အလင်းရောင်အောက်တွင် ရွှေရောင်ချည်မျှင်လေးတွေ တလက်လက်တောက်ပနေသလိုဖြစ်နေသည်။ ချောချောမွေ့မွေ့ဖြစ်နေခြင်းက ပစ္စည်းလေးကိုလုပ်သူက သေချာလေးပြုလုပ်ထားကြောင်းကို သက်သေထူနေလေသည်။


ယင်းက ရွှီလော့ယန် ဒုတိယအကြိမ်မြောက်လက်ဆောင်ရခြင်းဖြစ်ပြီး နောက်ဆုံးရထားသည့် သစ်သားထွင်းထားတဲ့မေပယ်ရွက်ထက်ပိုပြီး လှပနေသည်။ထို့ကြောင့် သူကလှမ်းယူလိုက်ပြီး ချက်ချင်းလည်ပင်းပေါ်သို့တင်လိုက်သည်။သူကလှည့်ပြီး ချီချန်အန်းကိုကြိုးလေးအား နည်းနည်းတိုပေးရန်ပြောလိုက်၏။


"ကျွန်တော် အမြင်ရဆိုရင် ဒီသစ်သားက ကျင့်ရှန်းပဲဖြစ်ရမယ် နှစ်ပေါင်းထောင်နဲ့ချီပြီးကြာသွားရင်တောင်မှ ဒီသစ်သားကမဆွေးသွားဘူးဆို ဟုတ်လား"


သူကclaspအားဆုပ်ကိုင်လိုက်ပြီး နှစ်ကြိမ်ခန့်ခပ်ဖွဖွလေးပွတ်လိုက်ကာ"ကြိုးအရှင်က ပြေဖို့လွယ်တယ် ကျွန်တော်ကို ကြိုးအသေချည်ပေးပါလား ဘာပဲဖြစ်ဖြစ် ကျွန်တော်ကချွတ်မှာမှမဟုတ်တာ"


ကြိုးချည်နေသည့် ချီချန်အန်းရဲ့လက်ကရပ်သွားကာ "အသေချည်လိုက်ရင် အဆင်မပြေမဖြစ်ဘူးလား"


"မဖြစ်ပါဘူး ဒါက ခင်ဗျားရဲ့နှလုံးသားထဲကလာတဲ့လက်ဆောင်လေ ပြီးတော့pece claspဆိုတာမျိုးက အန္တရာယ်ကင်းပြီးလုံခြုံအောင်နေ့တိုင်း၀တ်ရတာလေ"


ထို့နောက် သူက ချီချန်အန်းကို မျှော်လင့်ချက်ကြီးစွာသောအကြည့်ဖြင့် ကြည့်၍မေးလိုက်၏။


"ခင်ဗျားဒါကိုလုပ်တုန်းက တစ်ခုခုရွတ်ပြီးထည့်ထားသေးလား ဥပမာပေါ့ ခင်ဗျားရဲ့စိတ်ထဲမှာ 'ရွှီလော့ယန်ဘေးကင်းလုံခြုံပါစေ' ဆိုပြီး ဒါမှမဟုတ် တစ်ခုခုပေါ့"


"အင်း"


မကောင်းဆိုးဝါးကြီးရေရွတ်မန်းမှုတ်ထားတဲ့စွမ်းအင်အပြည့်နှင့် peace clasp ပေါ့နော် ဒါက...။


ရွှီလော့ယန်မှာ ချက်ချင်းပင်အပြုံးကြီးကြီးပွင့်ဖူးသွားရသည်။သူရဲ့အပြုံးကူးစက်ခံလိုက်ရသလို ချီချန်အန်းရဲ့နှုတ်ခမ်းထောင့်စွန်းတွေကလည်း ကွေးညွှတ်သွားရသည်။


"ချည်လို့ပြီးပြီ"


ချီချန်အန်းပြောတာကိုကြားသည်နှင့် ရွှီလော့ယန်ကpeace claspကိုပြန်တည့်လိုက်ပြီးဖုန်းကိုထုတ်ကာ"ကျွန်တော် အခုမှစဉ်းစားမိတာ ကျွန်တော်တို့အတူနေတာကြာနေပြီကို ဓာတ်ပုံလေးတစ်ပုံတောင်မရှိဘူး အခွင့်အရေးဆိုတာရဖို့ လွယ်တာမဟုတ်ဘူး တစ်ပုံလောက်ရိုက်ကြအောင်လေ"


ချီချန်အန်းက သူဘေးမှာသတိဖြင့်လာရပ်ပြီး အတော်လေးကိုပူးပေါင်းဆောင်ရွက်ပေးသည်။


ဤသို့ဖြင့် ငါးမိနစ်လောက်ကြာတော့ ရွှီလော့ယန်ရဲ့အကောင့်မှာပိုစ့်တစ်ခုတက်လာသည်။


"ချန်အန်းလော့ယန်အကြောင်း သိရအောင်"


စာသားရဲ့အောက်မှာ နှစ်ယောက်သားပခုံးချင်းယှဉ်ကာ ရိုက်ချက်တစ်ခုထဲ၌ပါရန်အတွက် တစ်ယောက်နှင့်တစ်ယောက်နီးနီးကပ်ကပ်မှီထားကြသည်။ချီချန်အန်းက ခါတိုင်းကဲ့သို့ မျက်နှာ၌အမှုအယာသိပ်မရှိပေမယ့် သေချာလေးကြည့်လိုက်ပါက သူ့မျက်လုံးထဲပြုံးရိပ်သန်းလေးသန်းနေပြီး အတော်လေးစိတ်အေးလက်အေးဖြစ်နေပုံရသည်။ ရွှီလော့ယန်ကမူ ရေချို

းပြီးခါစဖြစ်တာကြောင့် ဆံပင်တောင်မခြောက်သေးပေ။


ချီချန်အန်းကweiboကိုဖွင့်လိုက်ပြီးနောက် စာလုံးနှစ်လုံးကိုရိုက်ပြီး ပြန်တင်လိုက်သည်။


ချီချန်အန်း: အချိုလေးတွေဝေမျှခြင်း//@ရွှီလော့ယန်:ချန်အန်း လော့ယန် အကြောင်းသိရအောင်


_____