အပိုင်း ၂၂၄
Viewers 50k

Chapter 224



အမှန်တကယ်တွင် လင်းလော့ချင်းက အလွန်ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေ၏။ သူက လတ်တလောတွင် ပျော်စရာကိစ္စများနှင့်သာ ကြုံနေရခြင်းကြောင့်သာဖြစ်သည်။ ကျိယွီရှောင် မတ်တပ်ရပ်သည်ကို မြင်ရခြင်း၏ ပျော်ရွှင်မှုနှင့် အံ့အားသင့်မှုက သူ့အား အကြီးအကျယ် သက်ရောက်ခဲ့သည်။ ထို့ကြောင် ယခုမြင်ကွင်းကို အံ့အားသင့်သော်လည်း ကျိယွီရှောင်

မတ်တပ်ရပ်သည်ကို မြင်ရသည်လောက် မပျော်ရွှင် မကြည်နူးမိပါပေ။ သူဖော်ပြသော ပျော်ရွှင်မှု အတိုင်းအတာမှာ လျော့နည်းသွားပြီး သာမန်ထက် ကြော့မော့နေဟန် ရလေ၏။


သို့သော် လင်းလော့ချင်းက အမှန်ပင် ကြည်နူးနေသည်။ 


၄င်းမှာ သူ့ပရိသတ်များက သူ့ကို နှုတ်ဆက်ရန်အတွက် လေဆိပ်တွင် စောင့်နေသည်ကို မြင်သောအခါ ပို၍ သိသာသွားသည်။ 


ယခင်အတိုင်းပင် လင်းလော့ချင်းက စာအချို့ကိုသာ လက်ခံကာ သူတို့၏ မေးခွန်းအချို့ကို ဖြေလိုက်ပြီး ပရိုဂရမ်မှ ပို့လိုက်သော ကားထဲသို့ ဝင်ကာ ထွက်လာလိုက်သည်။ 


သူက ဗန်ကားထဲသို့ ဝင်လာပြီးနောက်တွင် ပရိသတ်များကို ထပ်မံ လက်ယမ်းပြလိုက်သည်။ သူတို့က ကြင်နာစွာ ပြန်ပြောလိုက်၏။

"နှုတ်ဆက်ပါတယ် ကောကော..."


"နှုတ်ဆက်ပါတယ်..."

လင်းလော့ချင်းက ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။ 


ထို့နောက် သူက အပြုံးတစ်ခုဖြင့် ကားကို မှီလိုက်သည်။ နှစ်ပေါင်းများစွာပြီးနောက် အချိန်အကြာကြီး စောင့်ခဲ့ရသည့် နေ့က နောက်ဆုံးတွင် သူ့အတွက် ရောက်လာခဲ့လေပြီ။ 


နောက်ဆုံးတွင် ဤအသိုင်းအဝိုင်းထဲတွင် သူ့အတွက် နေရာကောင်းနှင့် နာမည် ရှိလာပြီ ဖြစ်သည်။ 


လင်းလော့ချင်းက သူ့ဖုန်းကို ထုတ်ကာ ကျိယွီရှောင်အား စိတ်လှုပ်ရှားမှုဖြင့် စာပို့လိုက်သည်။ 

[ငါက အခု အရမ်းနာမည်ကြီးနေပြီ...]


[ဟားဟားဟားဟား... ငါ့မှာ တကယ်ကို ပရိတ်သတ်တွေ အများကြီးပဲ....]


[အရမ်းပျော်တာပဲ...]


ကျိယွီရှောင်က သူ့ဆီသို့ ပို့လာသော ကလေးဆန်သည့် စာများကို ဖတ်ပြီး ပြန်ဖြေလိုက်သည်။

[အလုပ်ကြိုးစားပြီး ကံကောင်းပါစေ ကောကော... ကောကောက အကောင်းဆုံးပဲ... ကောကောက အချောဆုံးပဲ...]


လင်းလော့ချင်း - ...


သူက ခေတ္တမျှ ကြောင်သွားပြီး ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပါချေ။ 

ကျိယွီရှောင်က ဘယ်ပရိသတ်တွေဆီသွားပြီး အသုံးအနှုန်းတွေ တိတ်တိတ်လေး သင်ထားတာလဲ...


သူက အဲ့အတွက် ဖြုန်းစရာ အချိန် တကယ်ရှိတယ်လား...


[မင်း အဲ့ဒါတွေကို ဘယ်က သွားသင်လာတာလဲ...]


ကျိယွီရှောင် - [မင်းရဲ့ ပရိသတ်တွေဆီကလေ...]


လင်းလော့ချင်း - ...


[မင်းကိုယ်မင်း ပရိသတ်စာရင်းထဲ ထည့်ထားလိုက်ပြီလား...]


ကျိယွီရှောင် : [အွန်း...]


လင်းလော့ချင်း - ...


[မင်း ဘာလို့ အဲ့လို လုပ်တာလဲ...]


[အဲ့ဒါမှ ကောကောကို အသေးစိတ် ရှာကြည့်လို့ရမှာမို့ပေါ့~]


ကောင်းတယ်... သူက "ကောကောကို အသေးစိတ်ရှာမယ်..."ဆိုတာကိုတောင် သင်ပြီးပြီပေါ့...


လင်းလော့ချင်းက မရယ်ပဲ မနေနိုင်တော့ပါချေ။ 

[အဲ့ဒါဆို မင်းက ဘယ်လို ပရိသတ်မျိုးလဲ...]


[သေချာပေါက် အမျိုးသားရဲ့ ပရိတ်သတ်နဲ့ cp ပရိသတ်ပေါ့...]


ကျိယွီရှောင်က အလျင်အမြန် ထပ်ကာ ပြန်ဖြေလိုက်သည်။

[ဘယ်တော့မှ သစ္စာမဖောက် နောက်မလှည့်မဲ့ ဇွဲကောင်းတဲ့ အရူးအမူး cp ပရိသတ်လေးလေ...]


လင်းလော့ချင်းက ပျော်ရွှင်သွားကာ ရယ်သံများကို မထိန်းထားနိုင်ပါပေ။ ကျိယွီရှောင်မှာ 'cp'ဟူသော အသုံးအနှုန်းကို အမှန်တကယ် သင်ယူထားသည်မှာ အတန်ပင် အထင်ကြီးစရာကောင်းပေသည်။ 


သူတို့နှစ်ဦးမှာ လင်းလောချင်းက ပရိုဂရမ်အဖွဲ့မှ သူ့အတွက် စီစဉ်ပေးထားသော ဟိုတယ်သို့ ရောက်သည်အထိ စာပို့လာကြသည်။ ထိုနေရာတွင် သူက ယောင်ေမာ့မော့၊ လီဟန်ဟိုင်းတို့နှင့် တခြား အဖွဲ့ဝင်များကို ထပ်တွေ့၏။


အဖွဲ့မှာ မတွေ့ရသည်က အတန်ကြာပြီ ဖြစ်ရာ ထမင်းအတူစားရသည်ကို အခွင့်ကောင်းယူကာ တစ်ဦးနှင့် တစ်ဦးစကားပြောဆိုနေကြသည်။ ထို့နောက်တွင် သူတို့အားလုံးက အဝတ်အစားဝတ်ကာ ရိုက်ကူးရေးအတွက် ပြင်ဆင်ရန် ထွက်သွားကြသည်။ 


ပြင်ဆင်ချိန်အတွင်း၌ လင်းလော့ချင်းက သူမည်မျှ နာမည်ကြီးလာသည်ကို ထပ်မံ၍ သဘောပေါက်သွားပြန်သည်။ သူ့တွင် ရှိနေသော ပရိသတ်အရေအတွက် စုစုပေါင်းမှာ လီဟန်ဟိုင်းနှင့် ယောင်မော့မော့တို့၏ ပရိသတ်အင်အားကို လိုက်နိုင်လုနီးနီးပင်။ 


သူတို့သုံးယောက်က တစ်ဦးပြီးတစ်ဦး ကားထဲမှ ထွက်ကာ TVထုတ်လွှင့်ရာ ဌာနသို့ ဦးတည်လာသည်ကို လူတိုင်းက မြင်သောအခါ အားပေးသံများက ခေါင်မိုးပေါက်သည်အထိ ကျယ်လောင်လာပေ၏။


အရှေ့တံခါဝတွင် စောင့်နေကြသော ပရိသတ်များက ဆိုကြသည်။

"ငလူး... လင်းလော့ချင်းက အရမ်းနာခံတတ်ပြီး အပြုအမူကောင်းတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ..."


"သုံးယောက်လုံး အတူတူလာတာ... ဒါက ကြုံရခဲတယ်... ဒီလိုမျိုး ဖြစ်သင့်တာ..."


"ချစ်စရာကောင်းလိုက်တာ... ချစ်စရာကောင်းလိုက်တာ... လော့ချင်းက အပြင်မှာ ဘယ်လိုလုပ်ပြီး ပိုချစ်စရာ ကောင်းနေရတာလဲ..."


"အူးဝါး... ငါ့မောင်လေးက အရမ်းချောတာပဲ..."


ရှိုးပြီးစီးသည့်အခါ လင်းလော့ချင်းသည် ပင်ပန်းနေပေပြီ။ သူဟိုတယ်သို့ ပြန်ရောက်သောအခါ သူ့အတွက် ထမင်းတစ်နပ်မှာလိုက်ပြီး အိပ်ရာပေါ်သို့ တိုက်ရိုက်ပင် တက်လိုက်တော့သည်။ 


ပျင်းရိနေရာ လင်းလော့ချင်းက ပရိသတ်အဖွဲ့များကို လျှောက်ကြည့်ရန် အကောင့်အပိုတစ်ခုကို ဖွင့်လိုက်သည်။ သူက ကျိယွီရှောင်က မည်သူလဲ ဆိုသည်ကို တိတ်တဆိတ် တွေးတောနေပေသည်။ ၄င်းမှာ အတန်ပင် ဒုက္ခရောက်ပေ၏။

သူက ပရိသတ်တစ်ယောက်ချင်းစီရဲ့ ပရိုဖိုင်ထဲကို ဝင်ကြည့်လို့ မရဘူးလေ...


သို့သော် လင်းလော့ချင်းက အလွန်ပင် သိလိုစိတ်ပြင်းပြနေပေသည်။ 


သူက ဝူရှင်းယွမ်ကို စာတစ်စောင် တိတ်တိတ်လေး ပို့လိုက်၏။

[ဥက္ကဌ ကျိရဲ့ ဝေ့ပေါ်အကောင့် နာမည်ကို သိလား...]


ဝူယွမ် - ...


မင်းတို့နှစ်ယောက်က လက်ထပ်ထားတာပဲ ဒီလောက်ကြာပြီ မင်းယောက်ျားရဲ့ ဝေ့ပေါ်အကောင့်ကို မင်း မသိဘူးလား...


ဟန်ဆောင် လက်ထပ်ထားတဲ့ အတွဲလား...


ဤသည်မှာ ဝူရှင်းယွမ်က သူဌေးနှင့် သူဌေးကတော်တို့ အမှန်တကယ် ချစ်မြတ်နိုးနေသည်လား ဆိုခြင်းကို ပထမဆုံးအကြိမ် အသည်းအသန် မေးခွန်းထုတ်မိခြင်းပင်။


[ငါလည်း မသိဘူး...]

ဝူရှင်းယွမ်က ပြန်ဖြေလိုက်သည်။

[မိန်းမဖြစ်တဲ့ မင်းတောင် မသိတာ... ငါက ဘယ်လိုလုပ်သိမှာလဲ...]


လင်းလော့ချင်း - ...ဟုတ်သား... သူပြောတာလည်း မှန်ပါတယ်...


သူက သူ့၏ followerများကို ကြည့်ကာ မည်သည်က ကျိယွီရှောင်လဲဆိုခြင်းကို သိချင်နေပေသည်။ 


့လင်းလော့ချင်းက ဤကိစ္စတွင် အချိန်များစွာ ဖြုန်းတီးရန်မလိုပေ။ သူက မကြာမီပင် တစ်ခုခုကို တွေးမိကာ ဝီဘိုဖန်အဖွဲ့ကို ဦးစီးနေသော ရှောင်ဝမ်ကို ဆက်သွယ်လိုက်သည်။

[ငါတို့ အဖွဲ့ထဲမှာ ဘယ်သူက အချမ်းသာဆုံးလဲ... ဘယ်သူက ပိုက်ဆံအများဆုံးသုံးသလဲ... ဘယ်သူက အတွဲတွေ တွဲပေးတာကို အမုန်းဆုံး ဖြစ်တဲ့ပုံရတဲ့...]


ရှောင်ဝမ်၏ တုံ့ပြန်မှုက မကြာပါချေ။

[အဲ့ဒါက သူဌေး ယွင်ဖျင်ယွီကျိဖြစ်မယ်...]


လင်းလော့ချင်းက အသုံးပြုသူအမည်ကိုကြည့်ကာ တစ်ကိုယ်တည်း တွေးလိုက်သည်။

အဲ့ဒါက ဘယ်လိုလုပ်ပြီး ကျိယွီရှောင်ဖြစ်မှာလဲ...


သူက ယွင်ဖျင်ယွီကျိ၏ ဝေ့ပေါ်ကို အလျင်အမြန် ထောက်လိုက်ရာ ပိုစ့်များအားလုံးက သူ့ပိုစ့်များကို ပြန်တင်ထားသည်ကို တွေ့လိုက်သည်။


[ဝိုး... ချစ်စရာကောင်းလိုက်တာ... ချင်းချင်းက ချစ်စရာအကောင်းဆုံးပဲ...]


[ချင်းချင်းက ဒီဗီဒီယိုထဲမှာလည်း မဆိုးဘူး... အရမ်းချောတယ်....]


[ချင်းချင်းအတွက် ကူshareပေးကြပါ...]


[ချင်းချင်းက အကောင်းဆုံး...]


[ချင်းချင်း ဘယ်လောက်ချောလဲ ကြည့်ပါဦး... ဖြစ်သင့်တဲ့အတိုင်းပဲ...]


လင်းလော့ချင်းက ဝေ့ပေါ်၏ ဆက်တင်များမှာ လွန်ခဲ့သည့် နှစ်ဝက်ကိုသာမြင်ရရန် ချိန်ညှိထားသည်ကို တွေ့လိုက်၏။ ထို့အပြင် လွန်ခဲ့သည့် ခြောက်လအတွင်း ရှေ့တစ်ဝက်မှာ ပိုစ့်တစ်ခုတောင်မရှိပဲ ဗလာကျင်းနေပေသည်။ "ထောင်လီ ပုရန်..."စတင် ထုတ်လွှင့်သည့်အချိန်မှသာ ဤaccက လင်းလော့ချင်း၏ ပိုစ့်များကို စတင်share လာခြင်းပင်။ 


လင်းလော့ချင်းက ဝေ့ပေါ်တွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စစ်ဆေးလိုက်သည်။ တဖက်က ဖြည့်ထားသည်မှာ သူက ယောက်ျားတစ်ယောက်ဖြစ်ကာ သူတို့၏ နယ်ပယ်ကလည်း ဤနေရာပတ်ချာတွင်ဟုပင်။ သူ့မွေးနေ့မှာ ကျိယွီရှောင်နှင့် မတူသော်လည်း ၄င်းကို ကျိယွီရှောင်က ကြုံသလို ဖြည့်ထားသည်လည်း ဖြစ်နိုင်၏။

အဲ့တော့ ဒါက ကျိယွီရှောင် ဟုတ်လား မဟုတ်ဘူးလား...


ထို့နောက် သူက ဝီဘို ဓာတ်ပုံကို ချဲ့ကြည့်လိုက်သည်။ ၄င်းက အနက်ရောင် တိမ်တိုက်တစ်ခု၏ ရိုးရိုးပုံတစ်ခုသာ။


လင်းလော့ချင်း - ...


အဲ့တော့ ဒါက သူဟုတ်လား မဟုတ်ဘူးလား...


[မင်း အဲ့ယွင်ဖျင် ယွီကျိကို အပြင်မှာ လူကိုယ်တိုင် တွေ့ဖူးလား...]

သူက ရှောင် ဝမ်ကို မေးလိုက်သည်။ 


[မမြင်ဖူးဘူး... အဲ့သူဌေးက မှတ်ချက်လည်း မပေးဘူး... သူက ငါတို့ကို ပိုက်ဆံပေးမှသာ ပေါ်လာတာ...]


လင်းလော့ချင်း - ...အာ ဒါက...


[အဲ့ဒါဆို သူက အတွဲတွေ တွဲပေးတာကို မုန်းတယ်ဆိုတာ မင်း ဘယ်လိုလုပ်သိတာလဲ...]


[ဟားဟားဟားဟား...]

ရှောင်ဝမ်က ရယ်ကာ တုံ့ပြန်လိုက်သည်။

[လင်းကောမှာ အစ်ကိုနဲ့ တခြားကြယ်ပွင့်တွေနဲ့ အပြန်အလှန် ဆက်ဆံထားတဲ့ ဗီဒီယိုတွေရှိလို့ အဖွဲ့ထဲမှာ တစ်ယောက်ယောက်က တစ်ခုခုပြောလိုက်တိုင်း သူက 'ငါတို့ ချင်းချင်းက သူတစ်ယောက်တည်းနဲ့တင် လုံလောက်နေပြီ... အဲ့ဒါက ဘယ်လို cp လဲ... မပါဘူး... မပါဘူး...'ဆိုပြီး ပြောနေကျ... တစ်ခါတုန်းက အစ်ကိုနဲ့ လီဟန်ဟိုင်းတို့အတူတူ တွဲတဲ့ ဗီဒီယိုတစ်ခုက နာမည်ကြီးသွားပြီး ရှာဖွေမှုထိပ်ဆုံး ရလာဒ်တောင် ရသွားသေးတယ်... သူက အဲ့ဒါကို ဖြုတ်ချဖို့ တစ်နည်းနည်းရှိလား ပိုက်ဆံနဲ့ ဆိုရင်ရော လုပ်လို့ရလားလို့ မေးဖူးတယ်...]


လင်းလော့ချင်း - ...ဟုတ်ပြီ... အဲ့ဒါဆိုရင်တော့...


[ဒါပေမဲ့ အဲ့ဒါက အတော်လေး လက်ဖျားခါစရာကောင်းပါတယ်... သူအဲ့လိုမေးပြီး သိပ်မကြာဘူး... အဲ့ဗီဒီယိုက ထိပ်ပိုင်းရှာဖွေမှု စာရင်းထဲက ဖြုတ်ချခံလိုက်ရတယ်...]


လင်းလော့ချင်း - [...အဲ့တော့... သူက တကယ်ကြီး ပိုက်ဆံသုံးလိုက်တာလား...]


[မဟုတ်ဘူး... သူတို့ပြောတာတော့ ပိုက်ဆံက အလုပ်မဖြစ်ဘူးတဲ့... အဲ့လို လုပ်ဖို့ဆိုရင် အဆက်အသွယ်တွေ ရှိဖို့ လိုတယ်တဲ့...]


လင်းလော့ချင်း - ....နားလည်ပြီ... ဒါက သူရှာနေတဲ့ လူပဲ...


[ဒီသူဌေးက အတော်လေး စိတ်ဝင်စားစရာကောင်းတာပဲ... ထိုက်ထိုက်ရဲ့ fanartတွေက အတော်လေး ကြည့်ကောင်းတယ်လို့ မှတ်ချက်ပေးဖူးတဲ့လူလည်း ရှိတယ်... သူတို့က တကယ်ကို မနာလိုဖြစ်နေကြတာလေ.... အစ်ကိုအတွက်လည်း fanartလုပ်ပေးလို့ရလားလို့ သူမေးဖူးတယ်... ပိုက်ဆံသာရှိရင်ပေါ့...]


လင်းလော့ချင်း - ...အိုး...


[အဲ့တော့ ပိုက်ဆံက အလုပ်ဖြစ်တယ်လား...]


[ငါလည်း မသိဘူး... ဒါပေမဲ့ ထိုက်ထိုက်ကတော့ တကယ်ပဲ အစ်ကိုရဲ့ fanartတွေ လုပ်နေတယ်... တစ်ချို့ ဗီဒီယိုတွေကလည်း အတော်လေး ကောင်းတယ်... အခုတစ်လော အစ်ကိုရဲ့ ဗီဒီယိုတွေ ပိုစ့်တွေ တိုးလာတာ သတိထားမိလား... အစ်ကိုရဲ့ ပရိတ်သတ်တွေ အများအပြားက ဆန္ဒရှိရှိ ဝင်လာတဲ့ပုံပေါ်တယ်...]


လင်းလော့ချင်း - ...အဲ့လူက ကျိယွီရှောင် မဟုတ်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်တော့မှာလဲ...


သူ့အတွက် ပိုက်ဆံအများကြီး သုံးပြီး သူ့ကို တခြားကြယ်ပွင့်တွေနဲ့ တွဲပေးတာကို မကြိုက်တဲ့ တခြားပရိသတ် မရှိလောက်ဘူး...


သူက ကျိယွီရှောင်၏ ဝေ့ပေါ်ကို တိတ်တဆိတ် ဖွင့်ကာ သူ့ကို လိမ်လည်ရန် ဆုံးဖြတ်လိုက်သည်။


ကျိယွီရှောင်က သူ့ဖုန်းတွင် သတိပေးစာတက်လာသည့်အချိန်၌ ရေချိုးပြီးခါစဖြစ်သည်။ သူက ဖုန်းကို ကောက်ကိုင်လိုက်သောအခါ ၄င်းမှာ လင်းလော့ချင်းထံမှ ဗီဒီယိုကောဖိတ်ခေါ်ခြင်း တစ်ခုဖြစ်သည်ကို တွေ့လိုက်သည်။ 


ကျိယွီရှောင်က ဖုန်းကိုင်လိုက်ပြီး လင်းလော့ချင်းမေးလာသည်ကို ကြားလိုက်သည်။ 

"ယွင်ဖျင် ယွီကျိ ဟုတ်လား... အဲ့ဒါက မင်းရဲ့ နာမည်မလား..."


ကျိယွီရှောင် - ...


သေစမ်း... သူက ဘယ်လိုလုပ်ပြီး သိသွားတာလဲ...


သူက ဘယ်လိုလုပ်ပြီး အဲ့လောက်မြန်မြန် မိသွားတာလဲ...


လင်းလော့ချင်းက သူ့၏ အံ့အားသင့်နေဟန်ကို မြင်လိုက်ရာ သူမှန်ဆသည်က မှန်သည်ကို သိလိုက်၏။ 


"အဲ့ဒါက တကယ်ကြီး မင်းပေါ့... မင်းပဲ ဖြစ်ရမယ်လို့ ငါသိသားပဲ..."


သူ သိသွားပြီ ဖြစ်ရာ ကျိယွီရှောင်က ဆက်လက်ဟန်ဆောင်ရန် ရည်ရွယ်ချက်မရှိတော့ပါပေ။

"ဘာလို့လဲ..."


သူက အရင်ဝေ့ပေါ်ကို privateချပြီး hideထားပြီးပြီမဟုတ်ဘူးလား... 


လင်းလော့ချင်းက ဘယ်လိုလုပ် သိသွားရတာလဲ...


လင်းလော့ချင်းက ရယ်မောလိုက်သည်။ 

"မင်းက ဟန်တောင် မဆောင်တော့ဘူးလား... ပထမတစ်ခေါက်ကတည်းက မှန်သွားတာက ငါ့အတွက် သဘာဝမကျဘူး... ငါ့အတွက် ဘယ်သူက ပိုက်ဆံအသုံးဆုံးလဲဆိုတာ ရှာဖို့ လိုသေးတာ..."


"မင်းကလွဲရင် ဘယ်သူက ပိုက်ဆံတွေ အများကြီး သုံးချင်မှာလဲ... အဲ့လိုလူ ရှိရင်တောင် မင်းရဲ့သဝန်တိုတတ်တဲ့ ပုံစံနဲ့ဆိုရင် တဖက်ကို ပြိုင်ဖို့ ကြိုးစားမှာပဲ..."


ကျိယွီရှောင် - ...အဲ့တော့ ငါက အဲ့လို လူစားမျိုးပေါ့...


ကောင်းပြီ.... ဟုတ်တော့ဟုတ်ပါတယ်...


"တော်တယ်..."

ကျိယွီရှောင်က အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။ 

"ဟုတ်တယ်... အဲ့တော့ရော... ယွင်ဖျင် ယွီကျိ... မင်းအဲ့ဒါကို မကျေနပ်ဘူးလား..."


လင်းလော့ချင်းက ခပ်ဖွဖွ ပြုံးလိုက်သည်။ 

"ကျေနပ်ပါတယ်... ဘာမကျေနပ်စရာ ရှိလို့လဲ... အဲ့အစား မင်းပိုက်ဆံစုတာတော့ ပိုကောင်းတာပေါ့... အများကြီး သုံးစရာမလိုပါဘူး... ထိုက်ထိုက်ဆိုတဲ့ လူလိုမျိုးဆိုရင် မင်းတကယ်အဲ့လို လုပ်စရာမလိုပါဘူး..."


"ဒါပေမဲ့ အဲလူရဲ့ လက်ရာတွေက တကယ်ကို တန်တယ်..."

ကျိယွီရှောင်က စိတ်ရင်းဖြင့်ဆိုလိုက်သည်။ 

"ရှောင်ယွီထက် အများကြီး ပိုကောင်းတယ်..."


လင်းလော့ချင်း - ...


ကိုယ့်သားကို ဘယ်လိုလုပ်ပြီး အဲ့လို တက်နင်းနိုင်တာလဲ...


သူတို့ ရှောင်ယွီရဲ့ ပုံတွေက အကောင်းဆုံးပဲ... ဟုတ်တယ်မလား...


အဲ့ဒါက တန်ဖိုးဖြတ်မရတဲ့ ရတနာပဲ...


"ရှောင်ယွီက ကလေးပဲ ရှိသေးတာ... သူကြီးလာတဲ့ အထိစောင့်ပါဦး... သူက သေချာပေါက် မင်းလူထက် ပိုကောင်းအောင် ဆွဲနိုင်မှာ... ငါပြန်လာရင် ရှောင်ယွီရဲ့ ပုံတွေကို နံရံမှာချိတ်လို့ရအောင် ဓာတ်ပုံဘောင်တစ်ခု ဝယ်လာခဲ့မယ်..."


ကျိယွီရှောင် - ...မင်းက တကယ်ပဲ မင်းသားရဲ့ မှောင်မိုက်တဲ့ သမိုင်းကြောင်းကို ဒီလိုမျိုးကြေညာရမှာ မကြောက်ဘူးပေါ့...


"ကောင်းပြီ..."

ကျိယွီရှောင်က အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။ 

"မင်း ချိတ်ထားချင်လဲ ချိတ်ပေါ့... ငါမင်းကို ကူညီပေးမယ်... အနာဂတ်မှာ အဲ့ဒါကို မြင်တိုင်း မင်းသားကို စိတ်ဓာတ်ကျအောင် လုပ်ရမှာ မကြောက်ရင်ပေါ့..."


လင်းလော့ချင်းက နှာမှုတ်လိုက်သည်။ 

ကျိလဲ့ယွီလား... စိတ်ဓာတ်ကျမှာ...


သူက တခြားလူတွေကိုပဲ စိတ်ဓာတ်ကျအောင် လုပ်မှာ... ဟုတ်တယ်မလား...


ကျိယွီရှောင်က သူ့သားကို လုံးဝ မသိဘူးပဲ...


သူတို့နှစ်ဦး စကားပြောနေစဉ်တွင် လင်းလော့ချင်း၏ တံခါး၌ တံခါးခေါက်သံတစ်ခု ကြားလိုက်ပေသည်။ သူက ကျိယွီရှောင်ကို ဖုန်းချရန်ပြောကာ တံခါးဖွင့်လိုက်သည်။ 


၄င်းမှာ ယောင်မော့မော့နှင့် လီဟန်ဟိုင်းတို့ပင်။


"သွားစို့... ဒီည ကျွန်တော်တို့ ညစာအတူစားဖို့ သဘောတူထားတယ်မလား... ကျွန်တော် မှာထားပြီးပြီ..."

လီဟန်ဟိုင်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။ 


ထိုအချိန်မှသာ လင်းလော့ချင်းက သတိရသွားပြီး အလျင်အမြန် သဘောတူလိုက်သည်။ သူက အနောက်မှ တံခါးကို ပိတ်ကာ လီဟန်ဟိုင်းတို့နှင့် ထွက်လာလိုက်သည်။ 


သူက နောက်ကျသည်အထိ စားသောက်ပြီး ပြန်ရောက်လာသောအခါ ၁နာရီပင် ထိုးလုနေလေပြီ။ လင်းလော့ချင်းက အိပ်ရာတန်းမဝင်မီတွင် ရေအရင် ချိုးလိုက်သည်။ နောက်တစ်နေ့ နံနက်အစောတွင် လီဟန်ဟိုင်းနှင့် ဓာတ်ပုံအတူရိုက်ရန်အတွက် သူက မဂ္ဂဇင်း စတူဒီယိုသို့ သွားလိုက်သည်။ 


သူက အရင်ဆုံးတစ်ဦးတည်း ရိုက်ကာ လီဟန်ဟိုင်း၊ ယောင်မော့မော့တို့နှင့်လည်း အတူတူ ရိုက်လိုက်လေသည်။ ထို့နောက်တွင် သူက တည်းဖြတ်သူနှင့် တွေ့ဆုံပြီး အမေးအဖြေ ပြုလုပ်ခဲ့သည်။ 


တည်းဖြတ်သူ၏ မေးခွန်းများက အတန်ပင် ရိုးရှင်းကာ တည့်တိုးဆန်၏။ လင်းလော့ချင်းက ၄င်းတို့ကို ဖြေရန်အချိန်အကြာကြီး မယူရပဲ မကြာမီတွင် အပြီးသတ်သွားလေသည်။ 


တည်းဖြတ်သူက သူနှင့်အတူ သာမာန်ရိုးကျ အင်တာဗျူးတစ်ခုပြုလုပ်ပြီးနောက်ဆုံးတွင် ရိုက်ကူးရေးကို အဆုံးသတ်လိုက်၏။ 


လင်းလော့ချင်းက ပြန်ရန် အလျင်စလို မဖြစ်ပဲ လီဟန်ဟိုင်းနှင့် ယောင်မော့မော့တို့လည်း အပြီးသတ်သည်အထိစောင့်ပြီး သူတို့နှင့် ထမင်းအတူစားလိုက်သည်။ ထို့နောက် သူက အိမ်ပြန်ရန် လေဆိပ်သို့ထွက်လာလိုက်၏။ 


ကျိလဲ့ယွီမှာ လင်းလော့ချင်း သူ့အား ဤညပြန်ရောက်မည်ဟု ပြောထားသည်ကို ဆက်တိုက်တွေးကာ စားနေ၏။ တစ်လုတ်စားတိုင်းတွင် သူက ပြတင်းပေါက်ဆီသို့ ရင်းနှီးသော အရိပ်ကလေးကို မျှော်နေပေသည်။