Chapter 4
ကျုံးယို့ယို့ မှန်ထဲမှ သူမကိုယ်သူမ ကြည့်ပြီး အတော်လေး ကျေနပ်သွားသည်။ အနက်ရောင်ဆံပင်တိုတိုသည် သူမ၏ လန်းဆန်းတက်ကြွသောအသွင်အပြင်ကို ထင်ဟပ်စေသည်။ထို့အပြင်၊နူးညံ့သိမ်မွေ့သည့် မျက်နှာလေးနှင့် လိုက်ဖက်စွာ သန့်ရှင်းကြည်လင်သွားစေ၏။ယခင်က ရောင်စုံဆံပင်ပုံစံထက် ပိုကျက်သရေရှိ၏။
သူမသည် ဤကဲ့သို့ ကျောင်းသွားရာ လမ်းတစ်လျှောက် လမ်းသွားလမ်းလာများက ခေါင်းလှည့်ကာ ကြည့်ကြသည်။
ကျုံးမိသားစု၏ မောင်နှမများ ပညာသင်သည့် ကျောင်းသည် ကျောင်းအပ်နှံနှုန်း မြင့်မားပြီး ကျူရှင်စရိတ် မြင့်မားသော၊မြို့၌ နာမည်ကြီး ကျောင်းတစ်ခု ဖြစ်သည်။ကျုံးရှီယို့ နှင့် မုန့်ရှစ်ရွှမ်တို့ မောင်နှမ နှစ်ယောက်သည် လိမ္မာရေးခြားရှိသူများဖြစ်ပြီး နှစ်ဦးစလုံးသည် အဆင့်မြင့် အတန်းများမှာတက်ကြ၏။ သို့သော် ယခုမှ ပြန်တွေ့ရသော ကျုံးယို့ယို့သည် အဆင့်က ဆိုးရွားလှပြီး စာညံ့သည့် အတန်းထဲမှာသာတက်ခွင့်ရခဲ့၏။ထိုမျှမကသေး၊သူမသည် အသက်ဆယ့်ငါးနှစ်မတိုင်ခင် အင်္ဂလိပ်စာမသင်ဖူးသည့်အတွက်၊ယခု သူမအင်္ဂလိပ်စကား ပြောနိုင်လျှင်တောင် တရုတ်လေယူလေသိမ်းရှိသည့် ထမင်းစားရေသောက်စကားမျိုးသာ ပြောတတ်သည်။သူမ အင်္ဂလိပ်လို ပြောတိုင်း တစ်တန်းလုံးက လှောင်ရယ်ကြသည်။ထို့ကြောင့် အတန်းထဲတွင် သူအယမအတွက် သူငယ်ချင်းများစွာမရှိသောကြောင့် ဆိုးဆိုးပေပေ လူငယ်များနှင့်သာ သူမ ပေါင်းခဲ့သည်။ သူမက ထိုလူအုပ်စုထဲတွင် နေလျှင် လူရာဝင်သလိုမျိုး ခံစားရ၏။
ကျုံးယို့ယို့သည် သူမ၏ စိတ်ထဲမှ မှတ်ဉာဏ်ကို ပြန်ရှာ၍ အထက်တန်းကျောင်း၏ 19 ခုမြောက် အတန်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။ သူမ စိတ်လည်းလှုပ်ရှားမိသည်။ယခင်ဘဝ၌ သူမသည် ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ဝါသနာလည်း အထွေအထူးမရှိခဲ့ပေ။သူမ၏ အကြီးမားဆုံး ဝါသနာက စာကျက်ခြင်းပင်။အမေးပုစ္ဆာပင်လယ်ထဲမှာ သူမ ကျင်လည်ခဲ့ပြီး နိုင်ငံရေး၊ သမိုင်း၊ ပထဝီဝင်၊ သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ စသည့် ဘာသာရပ်အခက်များကိုပင် လွယ်ကူစွာကျက်မှတ်နိုင်သူပင်။အကယ်၍၊ကောလိပ်ဝင်ခွင့် စာမေးပွဲရက် မတိုင်မီ တစ်ပတ်အလိုမှာ သူမ ဖျားနာခြင်းမရှိပါက၊ သူမသည် ပိုမိုကောင်းမွန်သော တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ တစ်ကယ်တမ်း သူမ ဖျားနေသော်လည်း၊ စာမေးပွဲကို သွားဖြေခဲ့ရာ အဆုံးမှာ double first-class 985 မှာ တက်ခွင့်ရသည်။
[မှတ်ချက်_985 ဟာ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တွေ တည်ဆောက်ဖို့လုပ်ထားတဲ့ ပရောဂျက်တစ်ခုပါ... Double-First Class ကတော့ ပထမတန်းစား တက္ကသိုလ်ရဲ့ Class A ကို ရည်ညွှန်းပါတယ်]
ယခုလည်း သူမ ထပ်ဖြေဖို့ အခွင့်ရှိသွားပြီဖြစ်၍ သူမ အလွန်ပျော်ရသည်။ သူမသည် စာကျက်ရတာ ဝါသနာပါပြီး စာသင်ရတာလည်း ဝါသနာပါသည်။
မူရင်းပိုင်ရှင်က စာမတော်ဘူး..ဟက်...ဒါပေမယ့် သူမက စာတော်တယ်...
မူလပိုင်ရှင်သည် ဘာကြောင့် အတန်း ၁၉ မှ အတန်းဖော်တွေနှင့် ပလဲပနံမသင့်သနည်း။ သူမ၏အင်္ဂလိပ်စကားလေသံတစ်ခုတည်းကြောင့် မဟုတ်ချေ။ အတန်း ၁၉ သည် တကယ်ပင် နိမ့်သည့် အတန်းဖြစ်သည်။ ဤအတန်း၌ ရှိကြသည့်သူများသည် ၀င်ခွင့်ရရန် ကျောင်းကို လှူဒါန်းငွေများထည့်ခဲ့ကြသည် မဟုတ်လျှင် စာပေအနုပညာနှင့် အားကစားပိုင်းကို အထူးပြုပြီး စာပေအသိပညာအတန်းတွေမှာ ကောင်းကောင်းမလုပ်နိုင်ကြသူများဖြစ်ကြ၏။
အားလုံးက ချမ်းသာကြသူတွေဖြစ်ကာ အများစုက မရေမရာဖြင့် သွားနေကြသူတွေဖြစ်ကြပြီး တချို့သာလျှင်အခြေအနေကောင်းကြသည်။ ထို့ကဲ့သို့ ဖြစ်ပါက ဤလူများသည် မည်သည်ကိုယှဥ်ပြိုင်ကြမည်နည်း။
မှန်ပေသည် အားလုံးထင်ကြမည့်အတိုင်း ဘယ်သူက ဘယ်ဆီသို့ ခရီးထွက်ခဲ့သည် ၊ ဘယ်သူက မည်မျှလောက် ပိုင်ဆိုင်မှုတွေ အမွေဆက်ခံခဲ့သည် နှင့် ဘယ်သူက မည်သို့သော ဖက်ရှင်မိသည့်အ၀တ်အစားများ ၀တ်ဆင်သလဲဆိုသည်များသာ ပြိုင်ကြသည်။
ကျေးလက်ကနေလာပြီး ခေတ်နောက်ကျကာ စကားသံကလဲ ဝဲသည့် ကျုံးယို့ယို့အတွက် နေရာမရှိသည်က မထူးဆန်းပေ။
တခြားသော အရေးပါသည့် အကြောင်းများကလည်း ရှိသေး၏။ ကျောင်းကမည်သူကမှ ကျုံးယို့ယို့သည် ကျုံးမိသားစု၏ သမီးရင်းဖြစ်မှန်း မသိကြချေ။ သူတို့သိသည်က ကျုံးမိသားစုမှာ ကျုံးရှစ်ရွှမ်နှင့် ကျုံးရှီယို့ဟူသည့် မောင်နှမနှစ်ယောက်သာ ရှိသည်ကိုပင်။
ကျုံးမိသားစုသည် လွန်ခဲ့သည့် သုံးနှစ်က ကျုံးယို့ယို့ကိုရှာတွေ့ခဲ့စဉ်က ပွဲလေးတစ်ခုတောင် မကျင်းပပေးခဲ့သလို သူတို့၏အသိုင်းအဝိုင်းက သူတွေအားလည်း မိတ်ဆက်မပေးခဲ့ကြပေ။ အကြောင်းရင်းသည် သဘာ၀ကျစွာသူတို့၏ချစ်သမီးလေး မုန့်ရှစ်ရွှမ်၏ အဆင့်အတန်းကိုထိခိုက်လာမည်အား စိုးရိမ်သည့်အတွက်ကြောင့်ပင်။ လူတိုင်းက ကျုံးမာမားသည် ကလေးနှစ်ယောက်ကိုသာ ကိုယ်၀န်ဆောင်ခဲ့မှန်း သိကြသည်။ ကျုံးယို့ယို့က သွေးသားတော်စပ်သည့် သမီးရင်းဆိုပါလျှင် မုန့်ရှစ်ရွှမ်က ဘာဖြစ်သွားမည်နည်း။ ကျုံးမိသားစုနှင့် သွေးသားဆက်စပ်မှုမရှိသည့် ရစ်ငှက်ဖြစ်သွားမည် မဟုတ်ပေလော။
ကျုံးမာမားသည် မုန့်ရှစ်ရွှမ်ကို အနည်းငယ်လေးမျှ ထိခိုက်မခံနိုင်ပေ။ ထို့ကြောင့် လွန်ခဲ့သည့် သုံးနှစ်လုံးလုံး ကျုံးယို့ယို့သည် ကျုံးမိသားစု၏ သွေးဝေးဆွေမျိုးတစ်ယောက်ဟူ၏သာ မိတ်ဆက်ပေးခံထားရသည်။
' သွေးဝေးဆွေမျိုး ' ။
သူမသာ တကယ် သွေးဝေးဆွေမျိုးဆိုပါက ဘာကြောင့် ကျုံးရှီယို့နှင့် ဤမျှလောက်ရုပ်ဆင်နေမည်နည်း။ ထို့အတွက်ကြောင့် ကျုံးယို့ယို့သည် ကျုံးပါပါး၏ တရားမ၀င်သမီးဖြစ်သည်ဟုသော ကောလဟာလများက ပျံ့နှံ့လျက်ရှိလေ၏။ ဤကဲ့သို့ကောလဟာလများ ပေါ်ပေါက်လာသည့်ချိန် ဤသတင်းကိုကြားကြသည့် ကျုံးမိသားစုအစေခံများလည်း ကျုံးယို့ယို့အား အထင်သေးစွာကြည့်ခဲ့ကြသည်။
တကယ့်ကို ဤအခြေအနေက ရယ်စရာလည်းကောင်းလှ၏။ သမီးရင်းကို ရှာတွေ့ခဲ့ပြီး အိမ်ခေါ်လာခဲ့ပေမယ့် သူမ၏ ရသင့်ရထိုက်သည့် အဆင့်အတန်းကို ငြင်းပယ်ကြသည်လေ။
ကျုံးယို့ယို့သည် ဤကိစ္စကိုေတွးလိုက်သည်နှင့် မူလပိုင်ရှင်အတွက် ခံပြင်းသွား၏။ စောစောက ပေါ်ပေါက်ခဲ့သည့် စာလုပ်ချင်စိတ်လေးတောင် နည်းနည်းလျော့ပါးသွားကဲ့သို့ပင် ။ သူမခြေထောက်ကို နှေးကွေးလေးလံစွာလှမ်းရင်း အခန်းပြင်ဘက်၌ ရပ်နေခဲ့သည်။အတန်းပြီးဆုံးသည့်အခါ သူမသည် နောက်ဘက်တံခါးကို ဖွင့်ကာ ၀င်သွားခဲ့၏။
ထိုအချိန်၌ အတန်းကဆူညံနေပြီး ကျောင်းသားတစ်အုပ်စုသည် ကားမတော်တဆမှုဖြစ်သကဲ့သို့ ဆူညံသောင်းကျန်းနေကြပြီး နေရာတိုင်းက ပရမ်းပတာဖြစ်နေကြသည်။ နောက်ဆုံး ခုံနှစ်တန်းသည် ဂိမ်းဆော့နေသည့် ခုနစ်ယောက်၊ရှစ်ယောက်ရှိကြသည်။
ကျုံးယို့ယို့နှင့် ပေါင်းသင်းသည့် အတတ်သင်ကျောင်းက ဂန်းစတားတွေထက် အရပ်သိပ်ရှည်သည့်ပုံ မပေါ်ပေ။.
သူမ မြင်လိုက်ရသည့် မြင်ကွင်းက ၀င်လာလာချင်းမှာပင် ကျုံးယို့ယို့ မျက်လုံးကို ဒုက္ခပေးနေကြသည်။ သူမကျောင်းလွယ်အိတ်ကိုသယ်ကာ သူမထိုင်ခုံဆီသို့ လှမ်းခဲ့သည်။ နောက်ဘက်က ကွေ့ကောက်နေသည့် ၇ခုံ၊၈ခုံကြောင့် အဟန့်အတားဖြစ်နေပြီး သူမ၏ကျောင်းလွယ်အိတ်က အရပ်ရှည်သည့် အတန်းဖော်၏ခုံပေါ်မှာ တင်ထားသည့် ဂျာကင်ကို သွားခြစ်မိလေသည်။ ကျောင်းသားက ဒေါသထွက်ပြီး သူ၏ဖုန်းကို ပစ်လိုက်၏။ " ဖာ့ခ် ငါသေသွားပြန်ပြီ သေချာမကြည့်ပဲ ဘယ်ကောင်က လမ်းလျှောက်နေပြီး ဘာကိစ္စ ငါ့နောက်ကနေ ဖြတ်တာလဲ " ကျောင်းသားလေးက သူ၏ခေါင်းကို လှည့်လိုက်သည်။ သို့သော် ချက်ချင်း ပြန်လှည့်လိုက်၏။
" မင်းက ဘယ်သူလဲ အခန်းမှား၀င်လာတာလား "
" မဟုတ်ပါဘူး "
ကျုံးယို့ယို့ ထိုကောင်လေးအား ကြည့်လိုက်၏။ ထိုသူ၌ ခြေတံရှည်တွေရှိပြီး ချောမောသည်။ အထူးသဖြင့် သူ၏ အထင်ကြီးစေလောက်သည့် အငွေ့အသက်ဖြစ်သည်။မူရင်းစာမှာ အမျိုးသမီးဇာတ်ရံ အခန်းတွေက များများစားစားမရှိရာ အတန်းဖော်တွေဆိုလျှင် ပြောစရာတောင်မလိုပါ။ သူ၏နာမည်က ဘာဖြစ်သည်ကို သူမ အစမဖော်နိုင်ပေ။ ထို့ကြောင့် သူမတောင်းပန်ကာ သူ၏ဂျာကင်ကို ကောက်ယူပေးလိုက်ပြီး သူမခုံဆီသို့ ပြန်၍ လွယ်အိတ်အား ချလိုက်၏။
ရှစ်ယိမုန့်က ရင်သပ်ရှုမောဖြစ်ကာ အတော်ကြာ ဆွံ့အသွားခဲ့သည်။ သူ၏ စကားသံကြောင့် အတန်းသားအချို့က ကျုံးယို့ယို့ကို တစ်ယောက်ပြီးတစ်ယောက်၊ ဂိမ်းကစားနေသူတွေတောင်မှ ကြည့်လာကြ၏။ သူတို့အားလုံး အတန်းထဲမှာ မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ ပင့်သက် အသက်ရှုသံတွေကသာ လူအုပ်ကြားမှတစ်ခုတည်းသော အသံဖြစ်၏။ နေထွက်ချိန် ဒီရေကဲ့သို့ ဆူညံမှုတွေသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
" ရှစ် ကော ဒီအလှလေးက ...
ဘယ်တုန်းက အတန်းထဲမှာ ဒီလောက်လှတဲ့သူရှိလို့လဲ ကျောင်းသူသစ်လား "
ရှစ်ယိမုန့်ဘေးကသူက လုံး၀ ပြီး သူ့အားတံတောင်ဖြင့် တွန်းလိုက်၏။ ထိုမှသာလျှင် သူသတိပြန်၀င်လာသည်။ သူ၏လန့်သွားသည့်ပုံစံကို မဖုံးကွယ်နိုင်သေးပါ။
" ဖာ့ခ် ဘာကျောင်းသူသစ်လဲ အဲ့ဒါ ကျုံးယို့ယို့ဟ "
ဤအလှလေးက ကျုံးယို့ယို့၏ ထိုင်ခုံဆီသို့သွားခဲ့ကာ အတန်း ၁၉ က သူတွေသည် သူမက ကျုံးယို့ယို့၏ဆွေမျိုး မဟုတ်ရင် တခုခုဟု တွေးမိတော့မလို့ပင်။သို့သော် မင်းသာ သေချာကြည့်မယ်ဆိုလျှင် မျက်ခုံးရိုးများက ကျုံးယို့ယို့နှင့် တစ်ပုံစံတည်းပင် ။ ဆံပင်ရောင်စုံဆိုးပြီး မိတ်ကပ်ထူလပျစ်များလိမ်းသည့် အရင်က ကျုံးယို့ယို့ပင် ။
နောက်ဆုံးတော့ သူတို့ တုံ့ပြန်နိုင်ခဲ့သည်။
" ဖာ့ခ် အဲ့ဒီကျုံးယို့ယို့လား "
" ကျုံးယို့ယို့ မင်း ဘာလို့ ရုတ် ရုတ်တရက်ကြီး....."
သူတို့အားလုံး ဆွံအနေကြ၏။ သရဲမကမိတ်ကပ်ဖျက်ပြီးတဲ့အခါ နတ်သမီးလေးဖြစ်သွားသည့်အပေါ် လန့်ဖျပ်မှု၊အံ့ဩမှုနှင့် တူသည်။
အတန်းက ထပ်မံဆူညံလာသော်လည်း အကြောင်းရင်းက ပြောင်းသွားခဲ့လေပြီ။
အတိတ်မှာ ကျုံးယို့ယို့သည် အတန်းထဲ၌ အဖော်မဲ့၊အထီးကျန်မှုသာလျှင် ရှိခဲ့၏။ သူမသည် တခြားသူများကို အာရုံမစိုက်ဘဲ မြို့နယ်အတတ်သင်ကျောင်းကသူတွေနှင့်သာ တစ်နေကုန်တစ်နေခမ်း ပေါင်းနေခဲ့သည်။ ထပ်ပေါင်းထည့်ရလျှင် သူမကဆိုးရွားသည့် မိတ်ကပ်ထူထူလိမ်းခဲ့ရာ အတန်းထဲကသူအချို့နဲ့သာ သိကျွမ်းသည်။
ဒါပေမဲ့ မိတ်ကပ်ဖျက်ပြီး ဆံပင်စတိုင်ပြောင်းလိုက်တဲ့အခါ ကျုံးယို့ယို့က ဒီလိုပုံစံလို့ သူတို့ မထင်ထားမိကြဘူး။
ကြည်လင်အေးစက်သည့် ချယ်ရီပွင့်ပုံ မျက်လုံးတစ်စုံ၊ထင်ရှားသည့် မျက်နှာသွင်ပြင်လက္ခဏာ၊တိုပေမဲ့ ဖြောင့်စင်းသည့်ဆံကေသာက သူမမျက်နှာကို ထင်ရှားပြတ်သားစွာဘောင်ခတ်ထားပြီး ထူးခြားနက်နဲသည့် ဇာတ်လိုက်မင်းသမီးအော်ရာကိုပါ ထပ်ပေါင်းထား၏။
ဆွဲဆောင်မှုကိန်းညွှန်းက ခေါင်မိုးကိုတောင် ထိုးဖောက်နိုင်သည်။
'ဒီလိုမျိုး ဘာလို့ စောစော မထုတ်ဖော်ခဲ့ရတာလဲ '
" နင် ဆံပင်ကို ဘယ်ဆိုင်မှာ ညှပ်ခဲ့တာလဲ ဆံသဆရာကရော ဘယ်သူလဲ သူတို့ကဂျပန်လူမျိုးလား "
အဆုံးမှာ မိန်းကလေးတစ်ယောက်သည် မနေနိုင်ပဲ မေးခွန်းများမေးလိုက်သည်။
ကျုံးယို့ယို့ တော်တော်ပြောင်းလဲသွားပုံပေါ်သည်။ စတိုင်လစ်၏ အရည်အချင်းက မည်မျှ အထင်ကြီးစရာ ကောင်းသည်ကိုပြသနေသည်။
ကျုံးယို့ယို့သည် နံရံကို မှီထားပြီး လိမ္မော်သီးနှစ်လုံးထုတ်ယူကာ ဖြေးဖြေးချင်း အခွံခွာနေခဲ့ပြီး ရယ်လိုက်သည် ။ လူမှုအသိုင်းအဝိုင်းသည် ပုံပန်းသွင်ပြင်ကိုကြည့်ကြသည်။ အမှန်တရားက ရက်စက်လေသည်။
မူလပိုင်ရှင်သည် အတန်းထဲ၌ အကြဉ်ခံရသည်အထိ မခံစားခဲ့ရသော်လည်း ကောင်းကောင်းဆက်ဆံခံရသည်လည်းမဟုတ်ပေ။ အတန်းထဲမှာ အလှဆုံးမိန်းကလေးကျောင်းပန်းကလေး ရွှီရှောင်ယွဲ့ ဦးဆောင်သည့် ဂိုဏ်းအသေးလေးရှိသည်။ ဒီမိန်းမလှလေးအုပ်စုထဲမှာ တစ်ယောက်ယောက်က သူမကျောဘက်မှာ အနံ့ရှိသည်လို့ တမင်တကာ ပြောခဲ့သည်။
ဤအနံ့ကဘယ်ေနရာက ရောက်လာလဲ။ နင်တို့ မုန်းသည့်သူတိုင်းကို နံတယ်လို့ခေါ်တာလား။ဒါဆို အခုရောဘယ်လိုလဲ။
သူမ လိမ္မော်သီးစိပ်အား ပါးစပ်ထဲသို့ သွပ်ထည့်လိုက်၏။ စက္ကူတစ်ရွက်ထုတ်ကာ ဆံသဆိုင်လေး၏ ဆိုင်လိပ်စာကိုချရေးလိုက်ကာ လက်ကမ်းပေးလိုက်၏။
" ရော့ ဒီမှာ "
ကောင်မလေးက ပျော်ရွှင်စွာနဲ့ယူလိုက်သော် သူမ မယုံနိုင်ဖြစ်သွားသည်။
' ဘာလဲဟ။ ငါထင်ခဲ့တာက သေလောက်အောင်ဈေးကြီးမယ့်ဆိုင်ဆိုပြီးလေ။ ဒါပေမဲ့ ဆယ့်ငါးယွမ်သာ ကုန်ကျတဲ့ကျောင်းနားက ဆံပင်ညှပ်ဆိုင်တဲ့လား။ ကျုံးယို့ယို့ သူမကို လှည့်စားနေတာမလား '
စိတ်ရှုပ်ထွေးရင်း သူမခုံဆီသို့ပြန်သွားလိုက်သည်။
သိပ်မဝေးသည့်နေရာမှာ ကျောင်းပန်းလေး ရွှီရှောင်ယွဲ့၏မျက်နှာက အနည်းငယ်သုန်မှုန်နေပြီး အနည်းငယ် မာန်တက်နေသည်ကို မြင်နိုင်သည်။
ကျုံးယို့ယို့ သူမသွင်ပြင်ကိုပြောင်းလဲလိုက်သည့်အခါ ရွှီရှောင်ယွဲ့ထက် အဆတစ်ရာလောက်သာသည်ကို ၀န်ခံရပေမည်။ ရွှီရှောင်ယွဲ့သည် အတန်းထဲမှာ ရိုင်းစိုင်းပြီး ဂုဏ်မောက်ရခြင်းကို အကျင့်ဖြစ်နေပြီဖြစ်သည်။ ယခု သူမပြိုင်ဘက်ရှိပြီဖြစ်မှာ ကြောက်မိသည်။
ကျူံယို့ယို့နှင့် မူလပိုင်ရှင်က ဆင်တူသည့် စိတ်နေသဘောထားရှိကြ သော်လည်း ကွာခြားမှုအနည်းငယ် ရှိသေးလေသည်။
မူလပိုင်ရှင်သည် ခေါင်းမာပြီး သံသယစိတ်လွန်ကဲသည်။ သူမဘယ်လောက်ပဲ မောက်မာပါေစ သူမအရိုးထဲမှာနက်ရှိုင်းသည့် သိမ်ငယ်မှုကိုခံစားနေရဆဲဖြစ်သည်။ သူမ မရနိုင်လျှင် ထိုအရာကို ကိုယ့်ကိုယ်ကို အထိခိုက်ခံပြီးတောင် ဖျက်ဆီးတတ်သူဖြစ်သည်။
ဒါပေမဲ့ ကျုံးယို့ယို့က သူမနှင့်မတူပါ။ကျုံးယို့ယို့မှာ ငယ်ကတည်းက မိဘမဲ့ဖြစ်သည်။ သူမသည် မူလပိုင်ရှင်လောက်တော့ မဆိုး၀ါးသော်လည်း သူမသည်လည်း အခက်အခဲပေါင်းများစွာနှင့် ကြီးပြင်းလာရသူဖြစ်သည်။
သူမက အကောင်းမြင်အပြုသဘောဆောင်တတ်သူဖြစ်သော်လည်း စိတ်တိုလွယ်ပြီး သူမကိုယ်သူမ အန္တရာယ်ကနေ ဘယ်လိုကာကွယ်ရမလဲသိပါ၏။ သူမဘ၀အဆင်ပြေလာရန် ခက်ခက်ခဲခဲ ကြိုးပမ်းရမည်ကိုလည်း သိထား၏။
သူမ ဤကမ္ဘာကိုရောက်လာသည့်အတွက် သူမ၏ အေခြအနေတွေကိုလည်း နေသားကျအောင်လုပ်ရမည်။ ဤအရာသည် ကျုံးယို့ယို့၏ ဘ၀အပေါ်ထားရှိသည့် အတွေးအမြင်ဖြစ်သည်။
ပြုံးရင်း သူမလွယ်အိတ်ထဲမှ သင်ရိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ရင်းနှီးသည့် စီနီယာ အထက်တန်းသင်ရိုးအဖုံးကို ထိလိုက်ပြီး စိတ်လှုပ်ရှားလာခဲ့သည်။
' ငါ့အရင်ဘ၀မှာ 985 ကိုပဲရခဲ့တယ်။ ဒီဘ၀မှာတော့ ကျိန်းသေပေါက် ဘယ်လိုနေနေ ချင်းဟွာတက္ကသိုလ်ကို ၀င်နိုင်ရမယ် '
နေ့ခင်း၌ အတန်းအားလုံးသည် သင်္ချာချိန်အတွက် ပေါင်းစည်းခဲ့သည်။ သင်္ချာဆရာသည် အတန်းထဲသို့ ၀င်လာသည့်အခါ အတန်းက ခါတိုင်းကဲ့သို့ ဆူညံနေသည်ကို မြင်ပြီး အာရုံမစိုက်ပေ။ သူ၏ခေါင်းကို ငုံ့လိုက်ပြီး စင်ပေါ်ကနေ စာရွက်တွေကို ဝေစေလိုက်သည်။ လူတိုင်းကို စာမေးပွဲဖြေစေပြီး ပိုအရေးကြီးသည့်အရာတွေအပေါ်၌ အာရုံစိုက်စေလိုက်၏။ အိမ်မှာ ဘယ်လောက်ပဲ ပိုက်ဆံတွေရှိပါစေ သူတို့ ယခုကဲ့သို့အသိတရားမရရှိ အရည်အချင်းမပြည့်မီဖြစ်နေတာကို သေချာပေါက် လက်မခံနိုင်ပါ။
အတန်းက ခါတိုင်းနေ့များထက် ပိုပြီးငြိမ်နေရာ သူ ခေါင်းကိုမော့ကာ မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ သူ၏အကြည့်က အတန်းနောက်ဆုံးတန်းသို့ ရောက်ရှိသွားပြီး ထို့နောက် နံရံကို မှီထိုင်နေသည့် ကျုံးယို့ယို့ပေါ် ကျရောက်သွားသည်။
သူ အလွန်အမင်း အံ့ဩသင့်သွားသည်။သူသာလျှင်မဟုတ် တစ်တန်းလုံးပင်ဖြစ်သည်။ အတန်း ၁၉ က သူဌေးသားသမီးတွေအားလုံး ကျုံးယို့ယို့အား ယူအက်စ်အိုများကို တွေ့ရသကဲ့သို့ တူညီသည့် မျက်နှာအမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့မျက်လုံးများသည် အပြင်သို့ ထွက်လာပြီး ပြုတ်ကျလုမတတ်ပင်။
သူတို့သည် အတန်း၏ ဘိတ်ချေးဖြစ်သည့် ကျုံးယို့ယို့က စာမေးပွဲမေးခွန်းစာရွက်အား စိတ်လှုပ်ရှားစွာ ယူလိုက်ကာ ဘောပင်ကိုထုတ်၊အဖုံးကိုဖြုတ်၍ စားပွဲခုံဆီသို့ ခါးကိုင်းကာ မြန်မြန်ဆန်ဆန်ဖြင့် ရေးသားနေသည်ကို မြင်နေရသည်။ သူမ၌ အစမ်းစာမေးပွဲမေးခွန်းမြောက်များစွာ၏ ပညာတွေကို ပိုင်ဆိုင်သကဲ့သို့ မြင်ရပြီး တစ်ကမ္ဘာလုံးက သူမလက်ဖျားထိပ်မှာရှိနေသယောင်။
ကျုံးယို့ယို့ တစ်ယောက် လေ့လာဆည်းပူးရေးဘုရင်မဖြစ်လာသကဲ့လို့ ရေးနေခဲ့သည်။
'ဖာ့ခ် အတန်းဖော် ကျုံးယို့ယို့က ဘာတွေဖြစ်နေတာလဲ '
'သူမ ရေးချင်တာရေးနေတာများလား။ သူမ၏ခါတိုင်းအဆင့်တွေက စိုးရိမ်စရာ ကောင်းလွန်းပြီး မေးခွန်အနည်းငယ်လောက်ဖြေနိုင်ရင်တောင် သူမဖို့ အတော်လေးကောင်းမွန်တယ်ဆိုရမှာလေ။သူမဘယ်လိုတောင် အားလုံးဖြေနိုင်သည်လို့ အတည်ကြီးပေါက်ကြီး ဟန်ဆောင်နေလဲ ကြည့်ကြပါဦး '
ရွှီရှောင်ယွဲ့သည် ခဲတံအိတ်ထဲမှ ဘောပင်အား ထုတ်ယူပြီး နှာမှုတ်လိုက်၏။
' ရက်အနည်းငယ်လောက် မမြင်တာကြာတော့ ကျုံးယို့ယို့က ဟန်ဆောင်လာတတ်ပြီပဲ '