Chapter 177
ရှန်းရှင်း နှင့် ကျန်းယွမ်တို့၏ ဇာတ်ဝင်ခန်းများ ပြီးဆုံးပြီးနောက် လျိုကျီယုက ရိုက်ကူးရေးအဖွဲ့ထဲ ပါဝင်လာခဲ့သည်။
သူမက ရှန်းရှင်း၏ပိုက်ဆံတွေကို လိမ်လည်လှည့်စားယူသွားသည့် အမျိုးသမီးအဖြစ် သရုပ်ဆောင်ခဲ့သည်။ သူမမှာ ဇာတ်ကွက်အများကြီးမရှိသဖြင့် တစ်ပတ်မပြည့်ခင်မှာပြီးလောက်သည်။
လျိုကျီယု၏ သရုပ်ဆောင်စွမ်းရည်က မှောင်ခိုဈေးကွက်တွင် အမြဲရှိနေသောကြောင့် အလယ်အလတ်ဖြစ်သည်။ သို့သော်လည်း ဇာတ်ဝင်ခန်းအနည်းငယ်ပြီးနောက် သူမက အံ့အားသင့်စရာကောင်းလောက်အောင်ကောင်းနေသည်။ယင်းကချီရှင်းချန်ကို မျက်နှာသာပေးချင်သောကြောင့်ဖြစ်နိုင်သည်။သူမက အဖွဲ့ထဲမှာ တထောင်ထောင် မလုပ်ခဲ့ပါချေ။တတ်နိုင်သမျှ သည်းခံခဲ့ပြီး လေးရက်အတွင်း ရိုက်ကူးရေးတွေ ပြီးသွားခဲ့သည်။
သူမကို ကျေးဇူးတင်ကြောင်း ဖော်ပြရန်အတွက် ချီရှင်းချန်က သူမအား ထမင်းလိုက်ကျွေးသည်။လျိုကျီယု ထမင်းစားပွဲမှာ သက်ပြင်းမချဘဲမနေနိုင်ပေ။
"'ဘက်ဂျက်ခရီးသွားကြမယ်'မှာ စုစုပေါင်းဧည့်သည် ခြောက်ယောက်ရှိတယ်... မင်းနဲ့ထောင်ထောင်က လူကြိုက်အနည်းဆုံးပဲ... အခု မင်းကနာမည်ကြီးနေပြီ၊ ဒါပေမဲ့ ထောင်ထောင်က ထောင်ကျနေတယ်...လူတစ်ယောက်ရဲ့ အခြေအနေက ဘယ်လိုလဲဆိုတာ တွေးကြည့်ဖို့ ခက်တယ်"
"အဲဒါကြောင့် ရွေးချယ်မှုတိုင်းက အရေးကြီးတာပေါ့"
ချီရှင်းချန်က သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။
"ခြေလှမ်းတစ်လှမ်းမှားသွားရင် အခြေအနေက အရမ်းကွာခြားသွားနိုင်တယ်"
လျိုကျီယု ထွက်သွားပြီးနောက် "သင်နှင့်ကျွန်ုပ်" အဖွဲ့သားများသည် ရှန်းရှင်း၏ ဆယ်ကျော်သက်အရွယ်ဇာတ်ဝင်ခန်းများကို ရိုက်ကူးရန် ကျေးလက်ဒေသသို့ ပြောင်းရွှေ့ခဲ့ကြသည်။
ဆယ်ကျော်သက်အရွယ် ဇာတ်ဝင်ခန်းများ၏ အဓိက ဇာတ်ဝင်ခန်းမှာ ဆပ်ကပ်အဖွဲ့ဖြစ်သည်။အန်းရန်က ဒေသဆိုင်ရာ ခန်းမငယ်ကို ငှားပြီး ရိုးရိုးရှင်းရှင်း အလှဆင်ထားသည်။ ရှေးလူကြီးများထံမှ သူမဝယ်ခဲ့သော ပစ္စည်းဟောင်းများကြောင့် 70ခုနစ်များသဖွယ် အမှန်တကယ် ခံစားရစေသည်။
ရိုက်ကူးရေးပထမနေ့တွင် ချီရှင်းချန် ရိုက်ကွင်းထဲဝင်လာခါရှိသေး ပိုင်ရဲ့၏ အဆက်မပြတ်မေးသံများကိုကြားလိုက်သည်။
"ရော့ခ်ကာလက်တံကို စစ်ဆေးပြီးပြီလား"၊ "ဝါယာကြိုးကို စမ်းပြီးပြီလား"၊ "ပိုးကြိုးက လုံလောက်အောင်စိတ်ချရမှု ရှိရဲ့လား... မခိုင်ရင်ဘယ်လိုလုပ်မလဲ"
"ရှောင်ပိုင်... မင်း ဒါကိုမေးမယ်ဆိုတာ ငါသိတယ်...ဒါကြောင့် ပိုးစကို ငါ အထူးတလည် မှာထားတာ....သူက နည်းပညာမြင့်ပေါင်းစပ်မှုဖြစ်ပြီးတော့ ကားပေါက်စကိုဆွဲရင်တောင်ပြတ်မှာမဟုတ်ဘူး"
ဒါရိုက်တာချမ် ငိုချင်ပေမဲ့ မျက်ရည်မကျပေ။
ပိုင်ရဲ့က သူ့ကို သံသယနှင့် ကြည့်လိုက်ပြီး ပိုးစကို ဆွဲကြည့်လိုက်သည်။အဆင်ပြေသည်ဟုခံစားရကာမှ နောက်ဆုံးတွင် ခဏလောက် စိတ်အေးသွား၏။
ကျန်းယွမ်၏ ဇာတ်ဝင်ခန်းများ ပြီးဆုံးသွားသော်လည်း သူက ထွက်ခွာသွားခြင်းမရှိပေ။ နောက်ဆုံးတွင် သူက ချီရှင်းချန်နှင့် အတူနေရန် ဆုံးဖြတ်ခဲ့သည်။
ဆယ်နှစ်ကျော်ကြာ ဆက်ကပ်ပညာကိုလေ့လာပြီးနောက်၊မည်သို့သောအက်ရှင်မျိုးကို လုပ်ဆောင်ရသည်ဖြစ်စေ ချီရှင်းချန်အတွက် ကိတ်မုန့်စားရသလိုလွယ်ကူသည်။ သူ့ကြွက်သားတွေကို အနည်းငယ်လျော့လိုက်ပြီး စက်အကူကို လုံးဝမသုံးခဲ့ပေ။ ယင်းအစား သူက ပိုးစပေါ်သို့ လက်နှင့်ခြေများကို အသုံးပြုကာချိတ်တွယ်၍ လက်ဗလာဖြင့် လေထဲသို့ အမြန်တက်ခဲ့သည်။
ပိုင်ရဲ့:"..."
ရော့ခ်ကာလက်တံနှင့် ဝါယာကြိုးကို အမှန်တကယ် စမ်းသပ်ရန် မလိုအပ်တော့ပုံရသည်။
ဤသည်မှ ရှန်းရှင်းအငယ်စားလေး မိုးပျံပိုး ဖျော်ဖြေသည့် အခန်းဖြစ်ပြီး ရုပ်ရှင်တစ်ခုလုံးတွင် အလှပဆုံး ဇာတ်ဝင်ခန်းလည်း ဖြစ်သည်။ ကာရိုက်တာနှင့်လိုက်ဖက်ရန်အတွက် ချီရှင်းချန်၏ဆံပင်က အနည်းငယ်ပိုရှည်ပြီး အနက်ရောင်ဆံနွယ်တို့ဖြင့်အနားသတ်ထားသော အသားအရည်က သိသိသာသာကြည်လင်၍နေသည်။အဖြူရောင် ပိုးသားဝတ်ရုံနှင့် ခြေကျယ် ဘောင်းဘီရှည် နှင့် တွဲလျက် ကောင်းကင်ယံမှ မသေမျိုးတစ်ပါး ပျံဆင်းလာသည်ဟု မသိသူများက အမှန်ပင် ထင်ကြလိမ့်မည်။
စက်ကိရိယာအဖွဲ့က နေရာယူထားပြီး ဇာတ်ညွှန်းစာရေးက ဘုတ်ပြားကို ရိုက်လိုက်သည်။ပိုင်ရဲ့က ဒါရိုက်တာ ချမ်၏နောက်တွင် ရပ်ကာ မော်နီတာကို အတူတူကြည့်နေသည်။ ဖန်သားပြင်ပေါ်တွင်၊ ချီရှင်းချန်၏ ဘယ်ဘက်လက်နှင့် ခြေတို့သည် ပိုစပေါ်တွင် ချိတ်ထားသည်။ သူ့ခါးမှ တွန်းအားအနည်းငယ်ဖြင့် အဖြူရောင်ပိုစရှည်ရှည် ဘေးဘယ်ညာသို့ ညင်သာစွာ လွှဲယမ်းသွားသည်။
သူလွှဲယမ်းလေလေ နေရာကျယ်ကျယ်ရွှေ့လျားနိူင်လေဖြစ်သည်။သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပန်ဆင်ထားပြီး သူ့အဝတ်အစားများက လေထဲတွင် တဖျပ်ဖျပ်လှုပ်ခတ်စေကာ ကင်မရာကို ဘေးတိုက်ကြည့်လိုက်သည်။
မျက်နှာလေးက ပြောင်ရှင်း၍နေပြီး သူ၏မျက်လုံးများက မသိနားမလည်နှင့် အပြစ်ကင်းစင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဇာတ်ညွှန်းရေးဆရာ၏ မျက်လုံးများ ရုတ်တရက် နီရဲလာလေသည်။
"ရှန်းရှင်းကို အိပ်မက်ထဲမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မြင်ဖူးတယ်...သူက ငါ့အိပ်မက်ထဲမှာ ဒီလိုပုံစံပဲ"
ဒါရိုက်တာချမ်က ခဏမျှ နှုတ်ဆိတ်သွားသည်။
"ငါ့အိပ်မက်ထဲကရှန်းရှင်းကလည်း ဒီလိုပုံစံပါပဲ"
ချီရှင်းချန်၏ ကျေးဇူးကြောင့် ယခုမှစပြီး သူတို့၏ အိပ်မက်ထဲရှိရှန်းရှင်းက မျက်နှာတစ်ခု ရှိလာပေလိမ့်မည်။
.
ဤအချိန်သည် ရှန်းရှင်း၏ဘဝတွင် အပျော်ရွှင်ဆုံးကာလဖြစ်သည်။ ဖျော်ဖြေပွဲအပြီးတွင် နေ့တိုင်း သူသည် အဖွဲ့ခေါင်းဆောင်အား ဆုကြေးငွေအများစုကို ပေးကာ သူ့အတွက် အနည်းငယ် ချန်ထားလေ့ရှိသည်။ သူ့အမေအတွက် မျက်နှာချေနီနှင့် သူ့အစ်မအတွက် သစ်သီးသကြားလုံးတွေ ဝယ်ရန်အိမ်နီးချင်း၏လှည်းဆီသို့ ဈေးသွားခဲ့သည်။
သူ့မှာ ပိုက်ဆံပိုရှိသည့်အခါ သူ့ညီအစ်ကိုတွေအတွက် မုန့်တွေ ယူလာပေးတတ်သည်။ သူတို့ဘာကြောင့် မကြိုက်မှန်း မသိပေမဲ့ သူကမူ ထိုမုန့်တွေကို အလွန်ကြိုက်သည်။
တစ်ညတွင် သူ လေ့ကျင့်ရေးခန်းထဲတွင် တစ်ခုခုကို မတော်တဆ ထားခဲ့မိသည်။ သူပြန်သွားသည့်အခါ သူ့ညီအစ်ကိုတွေကြားက စကားပြောသံကို ကြားရပြီး ဘာကြောင့် သူတို့ သူ့ကိုဖယ်ကြဥ်ထားကြလဲဆိုသည်ကို ချက်ချင်း သဘောပေါက်သွား၏။
သူက တံခါးကိုတွန်းဖွင့်ပြီး "ငါအဲလို တစ်ခါမှမလုပ်ဖူးဘူး"ဟုအော်ခဲ့သည်။ထို့နောက် တံခါးမှ အမြန်ထွက်ကာ ကမ်းခြေဆီသို့ ပြေးသွားခဲ့သည်။ ပင်လယ်ကိုကြည့်ကာ တစ်ညလုံး ငိုခဲ့သည်။
ထိုနေ့မှစ၍ ရှန်းရှင်း၏စိတ်ဝိညာဉ်က မဖြူစင်မသန့်ရှင်းတော့သောကြောင့် ဤငိုနေသောဇာတ်ဝင်ခန်း ရုပ်ရှင်၏အဓိကဇာတ်ဝင်ခန်းဖြစ်သည်။
ဤဇာတ်ဝင်ခန်းကို ကောင်းကောင်းကိုင်တွယ်နိုင်ရန် ချီရှင်းချန် ၎င်းကို တစ်နာရီလုံး အရှိန်ယူခဲ့သည်။ထိုလုပ်ဆောင်ချက်၏ သက်ရောက်မှုက သဘာဝအတိုင်း အလွန်ကောင်းမွန်ခဲ့သည်။ ပြိုကျသောအလွှာများသည် အလွန်ကောင်းမွန်ပြီး နောက်ဆက်တွဲဆိုးကျိုးများမှာလည်း အလွန်ပြင်းထန်လေသည်။
ထိုညမှာ ပိုင်ရဲ့ နူးညံ့ညင်သာသောအသံဖြင့် သူ့ကိုတစ်ညလုံး ချော့ခဲ့သည်။ နောက်ဆုံးမှာ သူ့ကို မိုးမလင်းခင် အိပ်ခိုင်းနိုင်ခဲ့သည်။
ချီရှင်းချန်အပြင် ဒါရိုက်တာချမ်နှင့် ဇာတ်ညွှန်းရေးဆရာတို့လည်း ခက်ခဲသည့်အခြေအနေမှာရှိခဲ့သည်။ရှန်းရှင်းက သူတို့နှစ်ယောက်အတူဖန်တီးထားသည့် ဇာတ်ကောင်ဖြစ်၏။ အချို့သောနည်းလမ်းများတွင် ရှန်းရှင်း၏ စိတ်ပျက်အားငယ်မှုနှင့် အကူအညီမဲ့မှုကို ချီရှင်းချန်ထက် သူတို့က ပိုမိုကောင်းမွန်စွာ နားလည်ခဲ့ကြသည်။
ဤနားလည်မှုမှာ ကောင်းသည့်ဘက်ခြမ်းတစ်ခုရှိ၏ — ဒါရိုက်တာချမ်က ရှန်းရှင်းကိုဖော်ပြရန် ကင်မရာဘာသာစကားကို မည်သို့သုံးရမည်ဆိုသည်ကို သိလေသည်။
အဆိုးဘက်လည်း ရှိခဲ့၏။ ထိုအချိန်တွင် ရိုက်ကူးရေးအဖွဲ့သားအားလုံးသည် အတော်လေး ဖိနှိပ်ချုပ်ချယ်သော လေထုထဲတွင် နှစ်မြှုပ်နေခဲ့သည်။
သို့သော် ပျော်ရွှင်စရာ အဖြစ်အပျက်များ လုံးဝမရှိခဲ့သည်မျိုးမဟုတ်ပေ။စက်တင်ဘာလတွင် ချီရှင်းချန်နှင့်ပိုင်ရဲ့ညစာစားနေချိန်မှာ အန်းရန်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
အန်းရန်၏ လေသံကမြင့်မြင့်လာကာ သူမ၏ ပျော်ရွှင်မှုကိ ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"ရှင်းရှင်း...ဥက္ကဌချီဆီက ပြုပြင်ပြောင်းလဲမှုတချို့ပြီးရင် 'သင်နှင့်ကျွန်ုပ်' က သေချာပေါက် နှစ်သစ်ကူးနေ့မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားလို့ရပြီ"
"တကယ်လား"
ချီရှင်းချန်က အန်းရန်နှင့်အတည်ပြုပြီးနောက် ပိုင်ရဲ့ကို အမြန်လွှဲပေးလိုက်သည်။
ပိုင်ရဲ့ကမေးသည်။
"SARFT နဲ့ ပတ်သက်ပြီး ဘာသတင်းတွေ ရှိသေးလဲ"
"ဥက္ကဌချီက သူတို့နဲ့ တက်ကြွစွာ ဆက်သွယ်နေပါတယ်"
အန်းရန်က ပြောကြားခဲ့သည်။
"သူတို့ပြောတဲ့အတိုင်းဆို 'သင်နှင့်ကျွန်ုပ်' က အိုက်ဒီယာကောင်းတယ်... ရိုးရာယဉ်ကျေးမှုကို ပြန့်ပွားအောင် ကူညီပေးမှာဖြစ်ပြီး စံနှုန်းထက်ကျော်လွန်တဲ့ အကြောင်းအရာတွေ မရှိဘူး... အချိန်တန်ရင် SARFT ကို အမြန်ပို့ပေးမှာ... သုံးသပ်မှုကိုလည်း ခပ်မြန်မြန် ကျော်ဖြတ်နိုင်လိမ့်မယ်"
ဤသည်က အကောင်းဆုံးဖြစ်လိမ့်မည်ပင်။ချီရှင်းချန် နှင့် ပိုင်ရဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပျော်ရွှင်စွာနမ်းလိုက်ကြသည်။
ဖုန်း၏အခြားတစ်ဖက်တွင် သိသာထင်ရှားသော "ပြွတ်"ခနဲအသံ တစ်ခုထွက်လာသည်။အန်းရန်က ဒေါသတကြီး ခေါင်းကိုကုတ်လိုက်ပေမဲ့ ဘာမှ မပြောခဲ့ပေ။ အချိန်အတော်ကြာပြီးနောက် သူမ ခွေးစာစားရသည်ကို တည်ငြိမ်စွာလက်ခံနိုင်ခဲ့သည်။
"နောက်တစ်ခုက ဟွာကျင်းဆုရွေးချယ်မှု စတင်တော့မယ်...ငါတို့ရဲ့ တိုးတက်မှုအရ ငါတို့ မီလောက်တယ်... ပါဝင်ချင်လား"
ဟွာကျင်းဆုသည် တရုတ်ရုပ်ရှင်များတွင် ဂုဏ်သိက္ခာအရှိဆုံးဆု နှစ်ခုထဲမှ တစ်ခုဖြစ်သည်။ လူသိများသော နာမည်ဘွဲ့များဖြစ်သည် "ရုပ်ရှင်ဧကရာဇ်" နှင့် "ရုပ်ရှင်ဧကရီ"ဆုများမှာ ဟွာကျင်းဆု အကောင်းဆုံးမင်းသားဆုနှင့်အကောင်းဆုံးမင်းသမီးဆုများ၏အတိုကောက် ဖြစ်သည်။
ချီရှင်းချန်က ဟွာကျင်းဆုနှင့် ပတ်သက်၍ မည်သည့်အတွေးမျှမရှိသော်လည်း ဒါရိုက်တာချမ် အမြဲတမ်း စိတ်ဓာတ်ကျနေခဲ့သည်။ အကယ်၍ သူသည် ဆုမရရှိခဲ့သည်ဖြစ်စေ ရုပ်ရှင်ပွဲတော်သို့ သွားနိုင်ခဲ့ပါက၊တစ်ခုနှစ်ခုလောက် အမည်စာရင်းဝင်ခြင်းသည် သူ၏ကျော်ကြားမှုကို တိုးမြင့်လာစေရန်အတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။
"ဆုပေးပွဲကျင်းပမဲ့ရက်ကို သတ်မှတ်ပြီးပြီလား"
သူက မေးသည်။
"ဇန်နဝါရီနှောင်းပိုင်းနဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းတွေကြားမှာ ကြိုတင်စီစဉ်ထားတယ်"
အချိန်က ကောင်း၏။ သူနှင့်ပိုင်ရဲ့ သေချာပေါက်နီးပါး ထွက်မသွားရသေးလောက်ပေ။ချီရှင်းချန် ခဏလောက် စဉ်းစားလိုက်သည်။
"ကောင်းပြီ...စာရင်းသွင်းလိုက်ပါ... ရုပ်ရှင်ပြီးတာနဲ့ ပို့ပေးလိုက်မယ်"
"အိုကေ"
အန်းရန်က ဖုန်းချလိုက်သည်။
အချိန်ဇယားသတ်မှတ်ပြီး သုံးသပ်မှုကို ကျော်ဖြတ်ရန် အလားအလာ မြင့်မားကြောင်း သိရှိပြီးနောက် နောက်ဆုံး စိုးရိမ်မှု အနည်းငယ်က ပျောက်ကွယ်သွားခဲ့သည်။ "သင်နှင့်ကျွန်ုပ်" ၏ အဓိကဖန်တီးမှုအဖွဲ့သည် အလုပ်ပြီးမြောက်ရေးတွင် သူတို့ကိုယ်သူတို့ မြှုပ်နှံထားခဲ့သည်။
ကျန်းယွမ်နှင့်အတူတူ အသူရာချောက်ထဲကျပြီးနောက် ရှန်းရှင်း သူ့ကိုယ်သူ ကယ်တင်ရန် မူးယစ်ဆေးဖြတ်ဖို့ ကြိုးစားခဲ့သည်။ သို့သော်၊ D-grade ဆေးများ၏သွေးဆောင်မှုသည် စိတ်ဆန္ဒတစ်ခုတည်းဖြင့် တွန်းလှန်နိုင်သည့်အရာမဟုတ်ပါချေ။မကြာခင်မှာပဲ ရှန်းရှင်းတစ်ယောက် ကျန်းယွမ်နှင့်အပြင်ထွက်လည်ရာမှ ဆေးပြန်သုံးဖြစ်ခဲ့သည်။
ဆေးပြန်သုံးသူများသည် ဆေးကိုပိုမိုရှူလေ့ရှိကြပြီး သာမန်ဆေးများက ၎င်းတို့အား ကျေနပ်စေရန် မလုံလောက်တော့ပါချေ။ညဘက်တွင် ရှန်းရှင်း ဆိုဖာပေါ်တွင် တီဗီကြည့်နေချိန်မှာကျန်းယွမ် အပြင်မှ ပြန်လာပြီး တံခါးကို တိတ်တဆိတ် သော့ခတ်လိုက်သည်။
"ဘာလို့ တံခါးကို သော့ခတ်ထားတာလဲ"
ရှန်းယွမ်က မကျေမနပ်ဖြင့် ယက်တောင်ကို ဝှေ့ယမ်းလိုက်သည်။
"ပူပါတယ်ဆို"
"ကိုယ် ပစ္စည်းကောင်းတစ်ခုရလာတယ်"
ကျန်းယွမ်က သူ့အိတ်ကပ်ထဲမှ အမှုန့်ထုပ်ငယ်ကို ထုတ်ယူလိုက်သည်။ "နိုင်ငံခြားက လာတာလို့ ပြောတယ်...ပါဝင်မှု အရမ်းမြင့်တယ်"
ရှန်းရှင်းက မျက်ခုံးပင့်လိုက်သည်။ "ဘယ်လောက်မြင့်နိုင်မှာလဲ"
"စမ်းကြည့်ရအောင်"
နှစ်ယောက်သား လိုက်ကာကို ဆွဲချပြီး အိပ်ခန်းထဲသို့ ပစ္စည်းများနှင့်အတူ ဝင်လိုက်ကြသည်။ ရှူသွင်းလိုက်သည်နှင့် နှစ်ယောက်သား ချက်ချင်းပင် ရူးသွပ်သွားကြသည်။ သူတို့၏ ဝိညာဉ်များသည် မတူညီသောကမ္ဘာတစ်ခုသို့ ပျံသန်းသွားပုံရပြီး ဖော်ပြ၍မရသော တုန်လှုပ်ချောက်ချားဖွယ်ခရီးကို တွေ့ကြုံခဲ့ရသည်။
သူတို့သည် ကပွဲရုံတွင်ရှိနေသကဲ့သို့ သီဆိုကခုန်ကြသည်။ သီဆိုကခုန်ရသည်ကို ပျင်းလာသည့်အခါ ချစ်တင်းနှောကြသည်။ချစ်တင်းနှောခြင်းက သူတို့လိုချင်သည့် ပျော်ရွှင်မှုကို တိုးချဲ့ရန် မလုံလောက်ဘူးဟု ခံစားလာရသည့်အခါ အမှုန့်ထုပ်ကို ထုတ်ပြီး ရှူသွင်းကြသည်…
သူတို့ စိတ်အလှုပ်ရှားဆုံး အချိန်မှာ ရှန်းရှင်းက လကို ကြည့်ပြီးဆိုသည်။ "ကျန်းယွမ် မင်းသိလား... ငါ ပျံသန်းနေတဲ့မသေမျိုးကို ဖျော်ဖြေတတ်တယ်"
"ဟားဟား...ပျံသန်းနေတဲ့ မသေမျိုးတွေလား...ကိုယ်တို့က အခု ပျံသန်းနေတာမဟုတ်ဘူးလား"
ရှန်းရှင်း မတူဘူးဟု ပြောချင်ပေမဲ့ သူ့ပါးစပ်ကို ဖွင့်ပြီးနောက် ဘာမှ မပြောခဲ့ပေ။မျက်လုံးမှိတ်ပြီး ပိုးထည်စကိုဖမ်းကိုင်လိုက်သကဲ့သို့ လက်ကိုဆန့်တန်းလိုက်သည်။
ထိုသို့ဖြင့် အမှောင်ထုထဲမှာ သုံးရက်ကြာသွားသည်။ သုံးရက်မြောက်နေ့ မွန်းလွဲပိုင်းတွင် ရှန်းရှင်း မခံနိုင်တော့ဘဲ အိပ်ချင်လာသည်။ကျန်းယွမ်က သူ့အပေါ်တွင် လှဲနေပြီး နောက်တစ်ကြိမ်ထပ်၍ စိတ်ကိုဖွင့်ထုတ်ပြီးနောက် ငြိမ်သက်သွားသည်။
နောက်တစ်နေ့တွင် အောက်ထပ်က ခေါင်းလောင်းသံကြောင့် ရှန်းရှင်း နိုးလာသည်။
ကျန်းယွမ်ကို သူတွန်းလိုက်ပေမဲ့ သူ တွန်းချလိုက်မိသည်က အေးစက်နေသော အလောင်းတစ်ခုပါပင်။
သူထိတ်လန့်တုန်လှုပ်မှုကြောင့် သတိလစ်သွားလေသည်။
သူ နိုးလာသောအခါ ရဲစခန်းကို ရောက်နေပြီဖြစ်၏။အိမ်နီးနားချင်းတစ်ဦးကသတင်းပို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။အတင်းအကြပ်ဆေးဖြတ်ရန် သူ့ကို မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးစင်တာသို့ ပို့ဆောင်ခဲ့သည်။ကျန်းယွမ် နှင့် သူငယ်ချင်းတစ်ဦးအတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ထောင်ဒဏ် တစ်ကြိမ် ချမှတ်ခံခဲ့ရကြောင်း တွေ့ရှိရသည်။
ပမာဏမှာ အတော်လေးနည်းသည့်အတွက် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသည်။ပြစ်ဒဏ်ချမှတ်ခံရစဉ်အတွင် ဆပ်ကပ်ပညာများကို သိရှိပြီး အကျဉ်းထောင်၏ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သောကြောင့် ဆယ်နှစ် လျှော့ချနိုင်ခဲ့သည်။
လွတ်လာသောအခါတွင် သူ၏လက်ကျန်အိတ်များကို သယ်ဆောင်ကာ မြို့တစ်ပတ် လှည့်ပတ်သွားခဲ့သည်။
ကပွဲရုံ ပျောက်ကွယ်သွားသည်ကို သူတွေ့လိုက်ရသည်။ကျန်းယွမ်နှင့် သူ၏တိုက်ခန်း မရှိတော့ပေ။ ဤနေရာက သူနှင့်သိပ်မရင်းနှီးသောကြောင့် သူအသားမကျပေ။
သူ့အိတ်ကို သူ့မွေးရပ်မြေကို ပြန်သယ်သွားခဲ့၏။
"သင်နှင့်ကျွန်ုပ်" ၏နောက်ဆုံးဇာတ်ကွက်မှာ ရှန်းရှင်း ဆက်ကပ်အဖွဲ့ကို ပြန်လည်သွားရောက်လည်ပတ်ရန် သူ၏မွေးရပ်မြေသို့ ပြန်သွားခြင်းဖြစ်သည်။ ရိုက်ကူးရေးနေရာအားလုံးသည် ကျေးလက်ဒေသတွင်သာ ဖြစ်သောကြောင့် လူငယ်ဘဝဇာတ်ကွက်များ အပြီးတွင် ရိုက်ကူးရန် စီစဉ်ထားသည်။
စက်တင်ဘာလကုန်တွင် အပူချိန် ကွာခြားမှု ကြီးမားခဲ့သည်။ချီရှင်းချန်က သက်လတ်ပိုင်း ရှန်းရှင်း၏မိတ်ကပ်ကို လိမ့်ခြယ်မှု ပြီးသွားသည်။ ဒါရိုက်တာချမ်က တည်ကြည်စွာမေးလာသည်။
"အဆင်သင့်ဖြစ်ပြီလား"
"ကျွန်တော်အဆင်သင့်ဖြစ်ပြီ"
"ဆော်ပစ်ကွာ ရှန်းရှင်း"
ချီရှင်းချန်က ခေါင်းညိတ်လိုက်ပြီး ဟောင်းနွမ်း စုတ်ပြဲနေသော အထုပ်ကြီးကို ကောက်ယူလိုက်သည်။
"'သင်နှင့်ကျွန်ုပ်'ဇာတ်သိမ်းပိုင်း...take one...action"
ရှန်းရှင်း သူဆက်ကပ်အဖွဲ့သို့ပြန်ရောက်သောအခါ မည်သို့မည်ပုံဖြစ်မည်ကို အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသည်။ အဖွဲ့ခေါင်းဆောင်က အသက်ကြီးနေပြီဖြစ်ကောင်းဖြစ်နိုင်သည်၊ သူ့စီနီယာနှင့် ဂျူနီယာညီအကိုများ၏ ခန္ဓာကိုယ်များက အလွန်ပျော့ညံ့သဖြင့် စုပုံ၍မရပေ။ လူတစ်စုက အတွင်းမှအပြင် ပြောင်းလဲသွားကာ အိမ်နောက်ဖေးတွင် လေ့ကျင့်နေသူက ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့ပေမဲ့ ဤနေရာက ဗလာဖြစ်နေလိမ့်မည်ဟု သူ မထင်ခဲ့ဖူးပေ။
ရေညှိတွေဖုံးနေသည့် တံခါးကို တွန်းဖွင့်ပြီး ဝင်လာကာ သူအော်ခေါ်လိုက်သည်။
"အစ်ကိုကြီး...ရှောင်ကျူး...ရှောင်ပါ့... ဆရာ"
ကံမကောင်းစွာပဲ၊ ဘယ်သူမှပြန်မဖြေကြ။ပဲ့တင်သံနှင့် ဖုန်မှုန့်တွေကပဲ သူ့ကိုပြန်ဖြေလာသည်။
နောက်ဆုံးတွင် ထိုလူများမရှိတော့ကြောင်း သူသဘောပေါက်ခဲ့သည်။ ပါးစပ်ပိတ်ပြီး အခန်းတစ်ဝိုက်ကို တစ်ခုပြီးတစ်ခု လှည့်ပတ်ကြည့်လိုက်သည်။ အတိတ်က လေ့ကျင့်ခဲ့သော သို့မဟုတ် ကစားခဲ့သော မြင်ကွင်းများသည် သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ ပြန်တွေးကြည့်တဲ့အခါအတူတူဖြစ်ပေမဲ့ မြင်သမျှက ကိစ္စတွေရဲ့အဆုံးသတ်ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...
ဒါက သူ့ဘဝနဲ့ ဘယ်လောက်တူလိုက်သလဲ... ဒီဘ၀ကို ပြန်တွေးကြည့်ရင် ခမ်းနားကြီးကျယ်မှု၊ ဆုံးရှုံးမှု၊ ပျော်ရွှင်မှု၊ ယောက်ျား၊ မိန်းမ၊ အချစ်ဆိုတာတွေ ရှိခဲ့ဖူးတယ်...ဒါပေမဲ့ နောက်ဆုံးမှာ သူနဲ့အတူ လိုက်ပါလာတဲ့ တစ်ခုတည်းသောအရာက သူ့မိဘတွေ သူ့ကို ဆက်ကပ်အဖွဲ့ကို ပို့လိုက်တဲ့အချိန်တုန်းက သူ့မိဘတွေ အထည်ကြမ်းနဲ့ ချုပ်ပေးထားတဲ့ ဒီအိတ်လေးပါပဲ...
နောက်ဆုံးတွင် ကင်မရာက စင်မြင့်ပေါ်တွင် တပ်ဆင်ထားသည်။ရှန်းရှင်းက ပိုးစများကို ကိုင်လိုက်ပြီး အပေါ်ထိပ်သို့ ကျွမ်းကျင်စွာ တက်သွားသည်။ ထို့နောက် ပြုံးပြီး သူ့
လက်ကို လွှတ်လိုက်သည်။
လူ့ဘဝက လက်ဗလာနှင့်မွေးဖွားလာခဲ့ပြီး လက်ဗလာနှင့်ထွက်သွားရသည်။
သူက သင်နှင့် ကျွန်ုပ်ဖြစ်သည်၊ သို့သော် သူက သင်လည်းမဟုတ်၊ ကျွန်ုပ်လည်းမဟုတ်ရန် မျှော်လင့်ပါသည်။
.