Chapter 74
လင်းလော့ချင်း ဂုဏ်ယူနေလေသည်။ သူ ဒုက္ခရောက်မည် မဟုတ်ကြောင်း သူ သိလေသည်။
လင်းလော့ချင်းက ပုံမှန်အတိုင်း ကျိယွီရှောင်ကို မှီလိုက်ပြီး ကျိယွီရှောင်က လင်းလော့ချင်းကို သူ့လက်မောင်းထဲ ပွေ့ဖက်ထားလိုက်သည်။
လင်းလော့ချင်း အလိုအလျောက် ခေါင်းကို မော့လိုက်ပြီး တစ်ဖက်လူထံမှ အနမ်းကို မျှော် နေလိုက်သည်။
ပြီးခဲ့သည့်ရက်အနည်းငယ်မှစ၍ ကျိယွီရှောင်က အိပ်ရာမ၀င်မီ သူ့ကို နမ်းလေ့ရှိပြီး သူကလည်း ယင်းကို ကျင့်သုံးနေပြီဖြစ်သည်။သူ ကျိယွီရှောင်က သူ့ကို ခေါင်းမော့ကာ မျှော်လင့်တကြီးကြည့်နေသည့် လင်းလော့ချင်းကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
သူ လင်းလော့ချင်းကို စိတ်မပျက်စေခဲ့ပေ။ သူက ခေါင်းငုံ့လိုက်ကာ လင်းလော့ချင်းကို ဖြည်းညှင်းစွာ နမ်းလိုက်သည်။ သူ့၏အနမ်းက နူးညံ့ပြီး ညင်သာလေသည်။ ထို့အပြင် အခန်းထဲရှိ မီးရောင်ဖျဖျကလည်း လင်းလော့ချင်းကို အနည်းငယ် မူးဝေစေလေသည်။
လင်းလော့ချင်းက အဆက်မပြတ် ရွာနေသော မိုးသဖွယ် ဖြစ်နေသည့် မျက်လုံးများကို မှိတ်လိုက်ပြီး ကျိယွီရှောင်ကို နမ်းလိုက်သည်။
ထိုစဉ် လင်းလော့ချင်းက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ကျိယွီရှောင်ကို ထိတ်လန့်စွာ ကြည့်နေလေသည်။ သူ့၏မျက်နှာက သွေးများ စိမ့်ထွက်မတတ် နီရဲနေလေသည်။
"မင်း…မင်း ဘာလုပ်တာလဲ…"
ကျိယွီရှောင်က လက်များကို ဆက်လှုပ်ရှားလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"ဘာလဲ…မင်းပဲ နွေဦးညကို လိုချင်နေတာမလား…"
လင်းလော့ချင်း၏မျက်နှာက အလွန်ပူလောင်နေပြီး သူ့ကိုယ်သူ ချက်လုနီးပါး ဖြစ်နေလေသည်။
သူ ကျိယွီရှောင်၏လက်ကို ဆုပ်ကိုင်လိုက်သော်လည်း ကျိယွီရှောင်က သူ့လက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီး မေးလာလေသည်။
"မင်း မလိုချင်လား…"
"ငါ မလိုချင်ဘူး…"
လင်းလော့ချင်း ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။
"မင်း ငါ့ကို စနောက်နေတုန်းကတော့ မင်း အရမ်း လိုချင်နေတာ သိသာပါတယ်…"
ကျိယွီရှောင်အသံက အလွန်တိုးညှင်းနေလေသည်။
"ငါ အရင်က အဲ့ဒါကို လျစ်လျူရှုထားမိတယ်…ငါတို့ လက်ထပ်ပြီးပေမဲ့ ငါတို့ အဲ့ဒါကို မလုပ်ခဲ့ဘူး…လူသားတွေရဲ့အလိုဆန္ဒတွေကို မျက်ကွယ်ပြုထားမိတယ်…မင်းက ငယ်ရွယ်ပြီး အားမာန်တက်ကြွနေတာ…မင်းနှလုံးသားထဲမှာ မီးတွေ တောက်လောင်နေမှာပဲ…ဒီအသက်အရွယ်မှာ မင်းအတွက် စိတ်ထွက်ပေါက် လိုအပ်မှာပဲ…အထူးသဖြင့် မင်းရဲ့နတ်ဘုရားဘေးမှာ ညတိုင်းအတူအိပ်နေရတာလေ…မင်း ဘာမှမလုပ်ရင် ကြာရင် နေမကောင်းဖြစ်လာမှာပဲ…"
“ငါ မင်းကို ကူညီပါရစေ…ဒီည မင်းရဲ့သဘာ၀ကို လွှတ်ပေးလိုက်...”
လင်းလော့ချင်းက ဒယ်အိုးအတွင်းသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး လျင်မြန်စွာခေါင်းခါလိုက်သည်။
"ငါ မလိုဘူး…ငါ အဲ့ဒါကို မလိုဘူး…"
"မင်း မလိုအပ်ရင် ဘာလို့ ငါ့ကို ညတိုင်း မင်းနဲ့အတူအိပ်ဖို့ ဖိတ်ခေါ်နေတာလဲ…"
ကျိယွီရှောင် ထိုစကားကို မယုံကြည်နိုင်ပေ။ သူ့၏နွေးထွေးသော လက်ဖဝါးများဖြင့် တစ်ဖက်လူကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။
"ကောင်လေး…မင်းရဲ့ဗီဇကို လွှတ်ပေးဖို့ပဲလိုတယ်…"
လင်းလော့ချင်း နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ့ပါးစပ်မှ မသင့်တော်သည့်အသံများ ထွက်လာမည်ကို ကြောက်ရွံ့မိလေသည်။
သူ ကျိယွီရှောင်ကို ကြည့်နေပြီး ရှက်လည်းရှက်၊ ဒေါသထွက်လည်း ထွက်နေလေသည်။ သို့သော် ကျိယွီရှောင်၏လှုပ်ရှားမှုများကို သူ မတားနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူ ထောင်သည့်တွင်းထဲ သူ ပြန်ကျခြင်းသာ ဖြစ်လေသည်။
ထိုသို့တွေးမိပြီးနောက် သူ ကျိယွီရှောင်၏နှုတ်ခမ်းကို ကိုက်လိုက်သည်။
သို့သော် ကျိယွီရှောင်က သူ့ကို တည်ငြိမ်စွာ ပြန်နမ်းလာလေသည်။
ဤအချိန်တွင် သူ့၏ညည်းသံက ကူရာမဲ့စွာ နှုတ်ခမ်းနှင့်သွားများကြား ပျံ့နှံ့နေလေသည်။ သူ ကျိယွီရှောင်၏လက်မောင်းကို မှီလိုက်၏။ ယခုအချိန်တွင် သူ့မျက်နှာက နီရဲနေပြီး မျက်လုံးများကလည်း စိုစွတ်နေလေသည်။ ကျိယွီရှောင်ကို သူ့အား နမ်းခွင့်ပေးထားပြီး ပျော်ရွှင်မှုနှင့်မကျေနပ်မှု နှစ်မျိုးလုံး ခံစားနေရလေသည်။
ကျိယွီရှောင် လင်းလော့ချင်းလိုလူမျိုးကို မည်သည့်အခါမှ မမြင်ဖူးခဲ့ချေ။ သူ လင်းလော့ချင်းကို ပွေ့ဖက်ထားသည့်အခါ သူ့နှလုံးက အလွန်ခုန်ပေါက်နေလေသည်။ သူ လင်းလော့ချင်း၏နှုတ်ခမ်းများ နီရဲလာသည်အထိ အဆက်မပြတ် နမ်းလိုက်ပြီး နောက်ဆုံးတွင် နူညံ့သော အနမ်းကို ပေးလိုက်သည်။
လင်းလော့ချင်းက နွေဦးပန်းများ ချက်ချင်း ပွင့်လန်းလာပြီး နေ၀င်ချိန်တံလျှပ်က ကမ္ဘာအနှံ့ပျံ့နှံ့သွားသကဲ့သို့ ခံစားနေရလေသည်။
သူ ရှက်ရွံ့ဒေါသထွက်စွာ ခေါင်းကို ငုံ့လိုက်ပြီး အချိန်အတော်ကြာမှ ပြန်လည် ကောင်းမွန်လာလေသည်။ ထို့နောက် သူ ကျိယွီရှောင်ကို ရှက်ရွံ့ဒေါသထွက်စွာ ကြည့်လိုက်သည်။
လင်းလော့ချင်းက ပုံမှန်အတိုင်း နောက်ပြောင်လေ့ရှိသည့်အတွက် ဤလက်နှင့်ဖြေလျှော့ခြင်းတွင် လင်းလော့ချင်းက ဤမျှ ရှက်ရွံ့လိမ့်မည်ဟု ကျိယွီရှောင် ဘယ်သောအခါမှ မထင်ထားခဲ့ချေ။
ဒါက ဘာလဲ…အရှင်ယဲ့က နဂါးတွေကို ချစ်ဖို့ ထုတ်ပြောနေချိန်မှာ အရှင်လင်းက ကားတွေကို ချစ်ဖို့ပြောသလိုလား…
(တစ်ခုခုကို အရမ်းသဘောကျကြောင်း ပြောနေပေမဲ့ အဲ့တစ်ခုမှာ ဆိုးရွားတဲ့အလေ့အကျင့်ရှိတဲ့လူတွေကို သရော်ပြောဆိုသည့် ဒေသိယစကား)
သူ တစ်ရှူးကို ထုတ်လိုက်ပြီး သူ့လက်ကို သုတ်လိုက်ကာ အဝေးကို လွှတ်ပစ်ပြီးနောက် လင်းလော့ချင်းကို ပွေ့ဖက်ထားလိုက်သည်။ လင်းလော့ချင်း ရုန်းကန်နေသော်လည်း ခွန်အားမရှိသည့်အတွက် မလွတ်မြောက်နိုင်ခဲ့ပေ။
"မင်း ရှက်နေတာလား…"
ကျိယွီရှောင် မေးလိုက်သည်။
"ဘယ်သူက ရှက်လို့လဲ…"
လင်းလော့ချင်း ၀န်ခံရန် ငြင်းဆန်လိုက်သည်။
“ဒါကို မင်း အမြဲ လိုချင်နေခဲ့တာ မဟုတ်ဘူးလား…မင်း ပြောနေတုန်းကတော့ မရှက်ပေမဲ့ ဒီလိုကျတော့ ရှက်တယ်တဲ့လား…"
လင်းလော့ချင်း အလွန် ဒေါသထွက်လာပြီး တစ်ဖက်လူကို ဆိတ်ဆွဲလိုက်သည်။
ကျိယွီရှောင် သူ့ကို ပွေ့ဖက်လိုက်ပြီး ချော့လိုက်သည်။
"ရပါတယ်….နောက်ကျ ကျင့်သားရလာလိမ့်မယ်…"
"နောက်ကျရင် ထပ်ရှိဦးမှာလား…"
လင်းလော့ချင်း အံ့ဩသွားသည်။
ကျိယွီရှောင် သဘာ၀ကျစွာ ပြန်ဖြေလိုက်၏။
"ငါ့မှာ အရည်အချင်းကောင်းတွေ ရှိနေပေမဲ့ တစ်နှစ်မှာ တစ်ကြိမ်တောင် မလုပ်နိုင်ဘူး…"
လင်းလော့ချင်း :"..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး ကျိယွီရှောင်ကို ကြည့်ကာ ပြောလိုက်သည်။ သူ့၏နီရဲရဲမျက်နှာက အရောင်လွင့်စင်လာပြီဖြစ်သည်။
"မင်း မှန်တယ်…ဒါက မကြာခဏလုပ်ပေးဖို့ လိုအပ်တယ်…ငါ မင်းကို ကူညီပေးမယ်…"
ထို့နောက် သူ့လက်က ကျိယွီရှောင်ကို တိုက်ခိုက်လိုက်လေသည်။
ကျိယွီရှောင် တစ်ဖက်လူ၏လက်ကို အမြန်ဆုပ်ကိုင်လိုက်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။
"မင်း ဘာလုပ်တာလဲ…"
“မင်းကို ကူညီနေတာ…”
လင်းလော့ချင်း အနိုင်ကျင့်လိုက်သည်။
"မင်းလည်း မင်းရဲ့သဘာ၀ လွှတ်ပေးဖို့ လိုတယ်မလား…အရမ်းကြီး ထိန်းထားရင် တစ်ခုခု ဖြစ်လာဦးမယ်…"
"အဲ့လို မဖြစ်ပါဘူး…"
ကျိယွီရှောင်က တစ်ဖက်လူ၏ လက်ဖဝါးကို တိတ်ဆိတ်စွာ ကိုင်ထားလိုက်သည်။
လင်းလော့ချင်းက တစ်ဖက်လူကို မကျေနပ်သဖြင့် ကူရာမဲ့စွာ ကန်လိုက်သည်။
"မင်းကတော့ ငါ့ကို ကူညီလို့ရပြီး ငါကတော့ မင်းကို ဘာလို့ ကူညီလို့ မရတာလား…"
"ငါ မလိုလို့ပဲ…"
"ဒီလိုဆို ငါလည်း မလိုခဲ့ဘူးလေ…"
"မင်း အရင်က ပြောခဲ့တဲ့စကားတွေအပေါ် အခြေခံလိုက်ရင် မင်း အဲ့ဒါကို လိုတယ်…"
“ငါ အဲ့ဒါကို မလိုချင်ဘူး…”
လင်းလော့ချင်း ခေါင်းဟန့်လိုက်သည်။
"ဒါက မတရားဘူး…"
သူ တစ်ဖက်လူကို ကြည့်ကာ ပြောလိုက်သည်။
ကျိယွီရှောင် ပြုံးလိုက်ပြီး လင်းလော့ချင်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"ဒါဆို တရားသွားအောင် မင်း ဘာလုပ်ချင်လဲ…"
"ကျိန်းသေပေါက် အပြန်အလှန် ဖြစ်ရမှာပေါ့…"
ကျိယွီရှောင် :"..."
လင်းလော့ချင်းက ကျိယွီရှောင်၏မျက်လုံးကို သေချာစိုက်ကြည့်နေပြီး အနည်းငယ်မှ နောက်ပြန်ဆုတ်ရန် ဆန္ဒမရှိချေ။
ကျိယွီရှောင်တွင် ရွေးချယ်စရာ မရှိတော့ပေ။
"နောက်တစ်ကြိမ်မှာပေါ့…"
"နောက်တစ်ကြိမ်က ဘယ်တော့လဲ…"
လင်းလော့ချင်း မေးလိုက်သည်။
ကျိယွီရှောင်:"..."
ကျိယွီရှောင် လက်မြှောက်လိုက်ပြီး မီးပိတ်လိုက်သည်။
"သင့်တော်တဲ့အချိန်ပေါ့…"
'နောက်တစ်ကြိမ် လုပ်ရမယ်ဆို ဘာလို့ အခုတစ်ခေါက်ကို မလွှတ်ပေးတာလဲ…'
လင်းလော့ချင်း တွေးလိုက်သည်။
သို့သော် ကျိယွီရှောင်၏နှလုံးသားထဲ ရှက်ကိုးရှက်ကန်းဖြစ်လာမည်ကို စိုးရိမ်သောကြောင့် သူ ထိုစကားမျိုးကို မပြောတော့ပေ။
"ဒီလိုဆို မင်းမှတ်ထား…ငါ ရိုက်ကူးရေးအဖွဲ့ထဲ မ၀င်ခင် ဒီကိစ္စကို ရှင်းရမယ်…"
'ဒါက…'
ကျိယွီရှောင် တွေးလိုက်သည်။
"မဟုတ်ရင် ငါက သုံးလလောက် ရုပ်ရှင်ရိုက်နေရမှာ…ပြန်လာရင် နွေဦးပွဲတော် ရောက်နေလိမ့်မယ်…"
"နွေဦးပွဲတော်က မကောင်းဘူးလား…"
ကျိယွီရှောင် နောက်ပြောင်လိုက်သည်။
လင်းလော့ချင်း သူ့ကို ဆိတ်လိုက်သည်။
"မင်းက အကောင်းမြင်လွန်းတယ်…မင်း ငါ့ကို နွေဦးပွဲတော်အထိ စောင့်ခိုင်းရင် ငါ မင်းကို ကွာရှင်းပစ်မှာ…'
ကျိယွီရှောင် ကူရာမဲ့စွာ ရယ်မောလိုက်လေသည်။
"ဘာလို့ ရယ်နေတာလဲ…"
လင်းလော့ချင်း သူ့ကို ကြည့်ပြီး မေးလိုက်သည်။
"အဲ့လိုဖြစ်လာရင် မင်းရဲ့နွေဦးပွဲတော်ကို ကွာရှင်းမှုလျှောက်လွှာတင်ခြင်းနဲ့ ပါ၀င်ဆင်နွှဲရလိမ့်မယ်…"
"မင်းက မင်းရဲ့နတ်ဘုရားနဲ့ ကွာရှင်းမယ်တဲ့လား…"
ကျိယွီရှောင် ပြုံးလိုက်သည်။
"ဘာပြစ်မှုနဲ့လဲ…"
"မြင်နိုင်ပေမဲ့ မစားနိုင်တဲ့ပြစ်မှု…ဇီးပန်းက ငါ့ကို ရေငတ်ပြေစေဖို့ ငါ မျှော်လင့်တယ်…မင်း ပိုပို ပြင်းထန်လာဖို့ မျှော်လင့်တယ်…"
ကျိယွီရှောင် သဘောတကျ ရယ်လိုက်သည်။
"ကောင်းပြီ…"
"ဘာပဲဖြစ်ဖြစ် မင်း ငါ့ကို ကားမမောင်းခင် ပစ္စည်းပြရမှာပဲ…"
ကျိယွီရှောင် :"..."
'ဒါက နည်းနည်းတော့ ခက်မယ်ထင်တယ်…'
ကျိယွီရှောင် ခေါင်းငုံ့လိုက်ပြီး လင်းလော့ချင်းနဖူးကို နမ်းလိုက်သည်။
"ကောင်းသောညပါ…"
"ကောင်းသောညပါ…"
လင်းလော့ချင်း ထပ်မံထေ့ငေါ့လိုက်သည်။
ကျိယွီရှောင်က တစ်ဖက်လူကို ထပ်မံနမ်းလိုက်ပြီး နောက်ဆုံးတွင် လင်းလော့ချင်း စိတ်ဆိုးပြေရန် ချော့နိုင်ခဲ့လေသည်။
ကောင်းသောညလေး ဖြစ်ပါစေ…
လင်းလော့ချင်းက ကျိယွီရှောင်၏ရင်ခွင်ထဲတွင် အိပ်ပျော်သွားပြီး အိမ်မက်မက်နေလေသည်။
အိမ်မက်ထဲတွင် စွဲစွဲငင်ငင် နမ်းနေပြီး သူကလည်း ခေါင်းကို စောင်းကာ နမ်းခွင့်ပေးထားလေသည်။ အနီရောင်စောင်က ဒီရေနှင့်တူပြီး သူက ဒီရေကြားမှ လှေလေးတစ်စီးနှင့် တူလေသည်။
သူ ကျိယွီရှောင်ကို ဖက်လိုက်သည်။ ဒီရေက တက်လိုက်ကျလိုက်ဖြစ်နေပြီး သူ့ခါးကလည်း ကျယ်ပြောသည့် လှိုင်းလုံးများကြားတွင် မြင့်လိုက်နိမ့်လိုက် ဖြစ်နေလေသည်။ သူက တိမ်များကြားတွင် ရှိနေသလို ပင်လယ်အောက်ခြေတွင် ရှိနေသလို ဖြစ်နေလေသည်။
နောက်ဆုံးတွင် မိုးသောက်လာခဲ့သည်။ ငှက်များက ပျံဝဲနေပြီး ငါးများက လှိုင်းလုံးများကြား ကခုန်နေကာ သူကလည်း ကျိယွီရှောင်ကို ပင်လယ်ရေမှော်ကဲ့သို့ ရစ်ပတ်လိုက်လေသည်။
ကောင်းကင်နှင့်ရေပြင်တို့ တွေ့ဆုံသည့်နေရာတွင် အရုဏ်တက်လာခဲ့လေသည်။
လင်းလော့ချင်း နိုးလာပြီး သူ့တစ်ကိုယ်လုံး တစ်ခဏတာ မိန်းမောနေလေသည်။
အချိန်အတော်ကြာပြီးနောက် သူ အိပ်ရာမှတိတ်တဆိတ် ထလိုက်ပြီး အတွေးခံဘောင်းဘီကို လျှော်ရန် ဤအချိန်ကို အခွင့်ကောင်းယူ လိုက်သည်။
ဘာလို့ ဒီလိုအိမ်မက်မျိုး မက်ရတာလဲ…
ဒါတွေအားလုံးက ကျိယွီရှောင်အမှားတွေပဲ…
သူသာ မနေ့ညက ရုတ်တရက် အဲ့လို ထမလုပ်ခဲ့ရင် ဘယ်လိုလုပ် နွေဦးအိမ်မက် မက်မှာလဲ…
လင်းလော့ချင်းက ကျိယွီရှောင်ကို တွေးကာ အတွင်းခံဘောင်းဘီကို ပြင်းပြင်းထန်ထန် လျှော်ဖွတ်ပွတ်တိုက်လိုက်သည်။
ခြောက်သွေ့ရန် ချိတ်ဆွဲထားသည့် အတွင်းခံဘောင်းဘီကို မြင်ပြီးနောက် ကျိယွီရှောင်ကအဖြစ်အပျက်ကို သဘာပေါက်သွားလေသည်။
သူ တိုးညှင်းစွာ ရယ်မောလိုက်သည်။
သူ့မိန်းမက တကယ်ချစ်ဖို့ကောင်းတာပဲ…
မနက်ခင်းတွင် လင်းလော့ချင်းက ကျိယွီရှောင်ကို ကိုးရိုးကားယားနိုင်စွာ ကြည့်နေလေသည်။ သူနှင့်ကျိယွီရှောင်ကြားရှိ လက်ရှိလေထုက မရေမရာဖြစ်နေသလို ခံစားနေရသည်။ တစ်ခုခု ဖြစ်ပျက်သွားသကဲ့သို့ မီးပွားများ ရှိနေလေသည်။
ထို့ကြောင့် သူ လင်းဖေးကိုသာ တစ်မနက်လုံး အာရုံစိုက်လိုက်ပြီး လင်းဖေးကို စိတ်အေးစေခဲ့သည်။
လင်းဖေးက လင်းလော့ချင်း၏တွယ်ကပ်လွန်းသောအကျင့်ကို ကျင့်သားရနေပြီဖြစ်သည်။ သူက တစ်ဖက်လူကိုပင် အစပြုပြောလိုက်လေသည်။
"ကျွန်တော် အဖိုးအိမ်ကို အတူတူလိုက်ခဲ့ပေးရမလား…"
"မလိုပါဘူး…"
လင်းလော့ချင်း လင်းဖေး၏ခေါင်းလေးကို ပွတ်သပ်လိုက်သည်။
"မင်းက အိမ်မှာပဲ လိမ်လိမ်မာမာ စာဖတ်နေ…ငါ အဲ့ကို ရှုရှူကျိနဲ့ သွားလိုက်မယ်…"
လင်းဖေးက အဖေလင်းအပေါ် ခံစားချက် မရှိပေ။ ထို့ကြောင့် လင်းလော့ချင်းက သူ လိုက်စရာမလိုကြောင်း ပြောလာသည့်အခါ သိမ်မွေ့စွာ ခေါင်းငြိမ့်လိုက်လေသည်။
လင်းလော့ချင်းက လင်းဖေးဘေးတွင် ထိုင်ကာ စာအုပ်ဖတ်နေပြီး တစ်ခဏလောက် ကြာပြီးနောက် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ကျိလဲ့ယွီအခန်းဆီ သွားလိုက်သည်။
"ရှောင်ယွီ မင်း ဖေဖေးနဲ့အတူတူ စာအုပ်ဖတ်ချင်တယ်လို့ ပြောထားတယ်လေ…"
"ဖတ်ပြီးရင် ဖေးဖေးစားပွဲပေါ်မှာ တင်တင်ထားမှာဆို…"
Tabletနှင့်ကစားနေသည့် ကျိလဲ့ယွီ : "..."
လင်းလော့ချင်းက ကျိလဲ့ယွီထံ လျှောက်သွား
လိုက်ပြီး သူ့ကို ပွေ့ချီလိုက်သည်။
"သွားစို့…သားအစ်ကိုဆီ ခေါ်သွားပေးမယ်…"
ကျိလဲ့ယွီ ကူရာမဲ့စွာ ပခုံးတွန့်လိုက်ပြီး သူ့ဘ၀က အခက်အခဲများ ပြည့်နှက်နေသည်ဟု ခံစားရလေသည်။
ဘယ်သူက စာဖတ်ရတာ ကြိုက်လို့လဲ…
အို…လင်းဖေး ကြိုက်တယ်…ကမ္ဘာပေါ်မှာ လင်းဖေးလို ထူးဆန်းတဲ့လူ ဘယ်လိုလုပ် ရှိနိုင်တာလဲ…
ပွေ့ဖက်ခံထားရသည့် ကျိလဲ့ယွီက အခက်တွေ့နေလေသည်။
လင်းလော့ချင်းက ပြုံးကာ သူ့ကို နမ်းလိုက်ပြီး ထပ်နမ်းလိုက်သည်။
"မင်း စာဖတ်ရတာကို မကြိုက်ဘူးလား…"
ဘယ်သူက စာဖတ်ရတာကို တကယ်ကြိုက်မှာလဲ…
ကျိလဲ့ယွီက သနားချင်စဖွယ်ကောင်းစွာ တစ်ဖက်လူကို ကြည့်လိုက်သည်။
"သား ကြိုက်ပါတယ်…"
လင်းလော့ချင်း ပြုံးလိုက်သည်။
"သား မကြိုက်လည်း ရပါတယ်…ကလေးတွေက ပျော်ရွှင်နေသင့်တယ်…သား မူလတန်းတက်ရင် စာတွေ ကျက်ရမှာ…"
“သားက စာဖတ်ရတာကို ကြိုက်တယ်…”
ကျိလဲ့ယွီ ပြောလိုက်သည်။
“သားက ကျောင်းပြင်ပစာအုပ်တွေ ဖတ်ရတာ မကြိုက်ရုံပါ…ဒါ့အပြင် သားအဆင့်တွေက အရမ်းကောင်းတယ်…စာကျက်စရာ မလိုဘူး…"
"ဒါက ရှောင်ယွီက အရမ်းဉာဏ်ကောင်းလို့လေ…သားဒယ်ဒီနဲ့ ပါးပါးက အပြင်သွားမလို့…ကိုကိုနဲ့ အတူတူနေခဲ့နော်…သား စာအုပ်မဖတ်ချင်ရင် မဖတ်နဲ့…ကိုကို့အခန်းထဲ Tabletနဲ့ ကစားနေ…"
“အခု သွားကြတော့မှာလား…”
ကျိလဲ့ယွီ တက်ကြွလာလေသည်။
“သားလည်း လိုက်ချင်တယ်…”
“ဒီတစ်ခါ လိုက်လို့မရဘူး...”
လင်းလော့ချင်း သူ့ကို ကြည့်လိုက်သည်။
"ဒီတစ်ခါက ပါးပါးအဖေနဲ့ သွားတွေးမှာ…သူက ဒေါသကြီးတဲ့အဖိုးပဲ…သား သူနဲ့သွားတွေ့ရင် ဘာမှ အကျိုးမရှိဘူး…"
သူ လင်းလော့ချင်း၏အဖေက ဘယ်လိုလူမျိုးဖြစ်ကြောင်း သိချင်နေသော်လည်း လင်းလော့ချင်း၏စကားအရ ဒေါသကြီးသောအဖိုးဖြစ်သောကြောင့် ကောင်းသည့်အဖိုးမဟုတ်ကြောင်း တွေးမိသည်။
“သူက ဒေါသကြီးရင် ဘာလို့ သူ့ကို တွေ့ချင်ရတာလဲ…"
"သားကိုကိုပိုင်တဲ့ ပစ္စည်းတွေကို သွားပြန်ယူမလို့ပေါ့…"
"ဘာတွေလဲ…"
"ရှောင်ယွီက ပိုက်ဆံအကြောင်း သိတယ်မလား…"
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။
"အဲ့ဒါ သွားယူမလို့ပဲ…"
ကျိလဲ့ယွီ အံ့ဩသွားလေသည်။
လင်းဖေးပိုက်ဆံတွေက သူ့အဖိုးဆီမှာလား…
ဒါဆို တကယ် သွားပြန်ယူရမယ်…
အစည်းဝေးခန်းထဲမှ အဖြစ်အပျက်ပြီးနောက် သူက အဖိုးများနှင့် အခြားဦးလေးမျာ
းက မယုံကြည်ရကြောင်း သိသွားပြီဖြစ်သည်။
သူ့ရှုရှုကသာ အားကိုးယုံကြည်ရဆုံးပဲ…အိုး... ပြီးတော့ လင်းလော့ချင်း…
ထို့ကြောင့် လင်းဖေး၏ပိုက်ဆံများကို လင်းလော့ချင်းနှင့် အတူထားလျှင် ပိုကောင်းပေသည်။
သူ့ပစ္စည်းတွေကို သူ့ရှုရှုနဲ့ ထားထားသလိုပေါ့…
"ဒါဆို ပါးပါးက ကိုကို့ပိုက်ဆံတွေကို ပြန်ယူလာမှာပေါ့…"
"ဟုတ်တာပေါ့…"
လင်းလော့ချင်း ပြောလိုက်သည်။