အခန်း၁၄၈
Viewers 16k

Chapter 148

(ဂြိုလ်ပျက်ပေါ်က ပင်လယ်မကောင်းဆိုးဝါးများ)


ချမ့်ယောင် သည် လင်းရွှမ် နှင့် လင်းယောင်ယောင် တို့၏ ဆက်ဆံရေးကို သတိပြုမိသော်လည်း ပြန်လည်ဆုံဆည်းသည့် ညစာစားပွဲတွင် ယင်းအကြောင်းကို မမေးနိုင်ပေ။ တစ်ကယ်တော့ သူမမေးဖို့လည်း မလိုပေ။ လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် တစ်ဦးကိုတစ်ဦး ရင်းနှီးပြီး တိတ်တိတ်ဆိတ်ဆိတ် နားလည်သဘောပေါက်ထားကြသည်ကို မြင်ရုံနှင့် နက်နဲသော ဆက်ဆံရေးရှိရမည်ဟု သူမ သိလိုက်သည်။


လင်းရွှမ် သည် သူ့ညီမ၏ မိဘအရင်းများအတွက် တာဇာနယ်မြေသို့ လာရခြင်းမှာ အံ့သြစရာမဟုတ်ပေ။ လင်းယောင်ယောင်သည် သူ့အတွက် ညီမအဖြစ်သာမက ချစ်သူလည်းဖြစ်ကြောင်း ထင်ရှားသည်။သူမတို့သည် 18နှစ်ကျော် တာဝန်မကျေပွန်ခဲ့သည့် မိဘအရင်းများသာဖြစ်ပြီး လင်းရွှမ် ၏ ကယ်ဆယ်ရေးမစ်ရှင်အတွက် ပစ်မှတ်လည်းဖြစ်သည်။သူမတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လင်းယောင်ယောင် ၏ အချစ်ရေးကို ဝင်ရောက်စွက်ဖက်ရန် အရည်အချင်းမရှိပေ။


ထို့အပြင် လင်းယောင်ယောင် သည် ယခုအချိန်တွင် အလွန်ပျော်ရွှင်နေပုံရသည်။  ဆိုရိုးစကားအတိုင်း ယောက္ခမသည် သူ့သားမက်ကို မြင်သည်နှင့် သူ့ကို ကြာကြာကြည့်လေလေ ကျေနပ်လေလေဖြစ်သည်။ ချမ့်ယောင် သည် လင်းရွှမ် မှာ အမှန်တစ်ကယ်ပင် ယောက္ခမအတွက် ပြီးပြည့်စုံသော သားမက်လောင်းတစ်ဦးဖြစ်ကြောင်း စတင်ခံစားလာရသည်။ထို့နောက် စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများက သူမ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။


ဇာ့ခ်ပေါက်စီမုန့်သည် ဇာ့ခ်အရသာရှိပြီး မုန့်သားက နူးညံ့အိစက်လို့နေသည်။  မွှေးကြိုင်သောအရသာသည် ပါးစပ်ထဲတွင် ပေါက်ကွဲထွက်ကာ အဆုံးမရှိသောအရသာကို ဖြစ်ပေါ်စေသည်။ ထို့နောက် အနီရောင်စွံပလွံသီးဟင်းချိုနှင့်အတူ နူးညံ့သော၊ နွေးထွေးပြီး ပျော့ပျောင်းသော ဇာ့ခ်အသား၊ နှင့် မယှဉ်နိုင်သော အရသာရှိသော ဇာ့ခ်ဘုရင်မ ဆေးဖက်ဝင်ဟင်းချိုလည်း ရှိသည်။


 နောက်တစ်ခုကတော့ ကြွပ်ကြွပ်ကြော် ဇာ့ခ်အသားလွှာ။  မွှေးကြိုင်သော အပြင်ဘက်အလွှာရှိသော်လည်း အတွင်းပိုင်းတွင် နူးညံ့သည်။  လတ်ဆတ်ပြီး အစပ်ပါသော တွားသွားကောင်ဇာ့ခ်အသား နှင့် တိုဟူးအရေခွံပါသော ဇာ့ခ်အသား…


ဝေ့ကျောနှင့် ဝေ့ယိုတို့ ကလေးနှစ်ယောက်မှာ ယခုလို အရသာရှိသည့် အစားအစာတို့ကို တစ်ခါမှ မမြည်းစမ်းဖူးချေ။ယခင်က အလွန်ကောင်းမွန်သော အစားအစာများစွာကို မြည်းစမ်းဖူးသည့် ဝေ့လင်း နှင့် ချမ့်ယောင်ပင်လျှင် ကြွယ်ဝသောအရသာတို့ကို လုံး၀ စွဲလမ်းသွားခဲ့သည်။


 'အို ဘုရား…ဘုရား အရမ်းအရသာရှိတယ်…'


အရန်ကုထုံး၏ အကျိုးသက်ရောက်မှုသည် ကြီးမားသည်။  အထူးသဖြင့် ဇာ့ခ်ဘုရင်မ ဆေးဖက်ဝင်ဟင်းချိုဖြစ်ပြီး သူတို့စားဖူးသမျှထဲမှာ အကောင်းဆုံးဟင်းပွဲပင်။  သူတို့ဘဝမှာ စားဖူးသည့် အကောင်းဆုံး အစားအစာလည်း ဖြစ်၏။ အမှန်တော့၊ ကြယ်ငါးပွင့်စားဖိုမှူးမှ ပြုလုပ်သော အစားအစာသည် မည်မျှအရသာရှိပါစေ၊ အရသာနှင့် စွမ်းအင်ပါဝင်မှုမှာ ထိပ်တန်းပါဝင်ပစ္စည်းများလောက် မကောင်းပေ။


ဝေ့လင်း နှင့် ချမ့်ယောင် တို့သည် အပြင်မှ မက်မွန်သီးရောင်ဇာ့ခ်ကို ဘာကြောင့် အောင်အောင်မြင်မြင် လှည့်စားပြီး လှုံ့ဆော်ခဲ့နိုင်သလဲဆိုသည်ကို ရုတ်တရက် သဘောပေါက်သွား၏။မက်မွန်သီးရောင်ဇာ့ခ်သည် ဉာဏ်ပညာကို ပိုင်းခြားနိုင်စွမ်းရှိသောကြောင့်ဇီဇာကြောင်ပြီး အရသာရှိသည့် အစားအသောက်များကိုသာ စားသည်။


 ဒီလိုအရသာရှိတဲ့ အရသာကို မြည်းစမ်းကြည့်ပြီးမှ နေ့တိုင်း အသားစိမ်းနဲ့ အသွေးကို ဘယ်လိုလုပ်စားချင်မှာလဲ…


ယခင်ကကဲ့သို့ပင် လင်းယောင်ယောင်၏ လက်ရာကို စားပြီးနောက်၊ ဝေ့လင်း၊ ချမ့်ယောင်၊ ဝေ့ကျောနှင့် ဝေ့ယိုတို့၏ နှလုံးသားများကို အစားအစာဖြင့် လုံးလုံးလျားလျား သိမ်းပိုက်သွားနိုင်ခဲ့သည်။


ဝေ့လင်း နှင့် ချမ့်ယောင် တို့သည် သိသိသာသာပင် လင်းယောင်ယောင်ကို ပိုချစ်နေကြ၏။  ဝေ့ယိုကမူ အရသာရှိသည့် ဟင်းလျာများစွာ ချက်ပြုတ်နိုင်သော ဤအစ်မနှင့် ဆက်ဆံရေးကောင်းမွန်အောင် နေထိုင်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။ မာနကြီးသော ဝေ့ကျောပင်လျှင် သူမ၏ အရသာရှိသော အစားအစာကြောင့် အတော်လေး စိတ်ပျော့လာကာ "အစ်မ" ဟု နာခံစွာ ခေါ်လာခဲ့သည်။ သူမကို ဆက်ပြီး နှောက်ယှက်လျှင် သူ့အား ဟင်းလျာများ ‌လုံလောက်အောင် ထပ်မကျွေးတော့ရုံသာမက ကြောက်စရာကောင်းသော လူကြီးက သူ့ကို အနိုင်ကျင့်လာနိုင်သည်ဟု ထင်မိသည်။ 


ဝေ့လင်း နှင့် ချမ့်ယောင် တို့သည် လင်းယောင်ယောင်က သမီးအရင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ထို့အပြင် နောက်ထပ်အချက်အလက်များကြောင့် လင်းရွှမ် အား လုံးလုံးယုံကြည်ခဲ့ကြသည်။ သို့ရာတွင်၊ ဤအကြောင်းများကြောင့် ဦးခေါင်းခွံဓားပြအဖွဲ့ ကို အရင်လို သတိဝီရိယဖြင့်သာ ဆက်ပြီး ဆက်ဆံခဲ့၏။


ထို့နောက် ဝေ့လင်း သည် ဝါ့ဒ်မိန်း အား  ဖြစ်စဉ်အကျဉ်းချုပ်ကို ပေးပို့ခဲ့သည်_လင်းရွှမ် သည် အမှန်တစ်ကယ်ပင် တာဇာကြယ်ပွင့်မဟာမိတ် အစိုးရနှင့် ဆက်ဆံခဲ့ပြီး ဦးခေါင်းခွံဓားပြအဖွဲ့များကို ရန်စ,ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ဤပန်းတိုင်မပြီးမချင်း၊ သူတို့သည် လက်ရှိအချိန်မှာ လူသားကြယ်ပွင့်နယ်မြေသို့ ပြန်လာမည်မဟုတ်ပေ။


ဝါ့ဒ်မိန်း ၏ သံသယရှိပြီး သတိထားတတ်သော အလေ့အထကြောင့်၊ သူသည် တာဇာကြယ်ပွင့်မဟာမိတ် ကို တိုက်ခိုက်ရန် ညသိမ်းငှက်တပ်ဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ပေ။


လင်းရွှမ် သည်လည်း ဦးခေါင်းခွံဓားပြအဖွဲ့များနှင့် ပူးပေါင်းရန် မလိုအပ်ဟု ခံစားရသည်။


  "ဦးလေးဝေ့က တာဇာကြယ်ပွင့် နယ်မြေရဲ့ မြေမျက်နှာသွင်ပြင်ကို ကောင်းကောင်းနားလည်တယ်… ပိုသင့်လျော်ပြီး ဖုံးကွယ်ထားတဲ့ ဂြိုလ်တစ်ခုကို အကြံပေးပါဦး…တခြားအရာတွေအတွက်တော့ ဖြည်းဖြည်းချင်း ရေရှည်စဉ်းစားပါ့မယ်"


ညသိမ်းငှက်တပ်ဖွဲ့ အာကာသယာဉ်သည် အာကာသထဲတွင် အချိန်အတော်ကြာ ပျံသန်းနေပြီး စွမ်းအင်များစွာ သုံးစွဲထားသည်။သူတို့သည် အာကာသယာဉ်တစ်စင်းတည်းဖြင့် လာသောကြောင့် စွမ်းအင်ကျောက်တုံးများနှင့် အပြည့်ထည့်ထားသော ကြီးမားသည့် အာကာသခလုတ်ကြီးတစ်ခုသာ ပိုင်ဆိုင်ထားသည်။ထို့အတွက်ကြောင့် မပူပင်ရသော်လည်း၊ 168 အနားယူရန်နှင့် အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိရန် နေရာတစ်ခုရှာရမည်ဖြစ်သည်။ထို့နောက် ဆက်လက်၍ တာဇာကြယ်ပွင့်မဟာမိတ် အကြောင်း နောက်ထပ်သတင်းများကို ရှာဖွေရန် လိုအပ်သည်။


တာဇာ များသည် အင်အား မများပေ။သူတို့၏ အဓိကစစ်တပ်အများစုတွင် 168 တန်ပြန်ထိန်းချုပ်နိုင်သည့် ဇာ့ခ်များပါ၀င်သည်။ သို့ရာတွင်၊ တာဇာကြယ်ပွင့်မဟာမိတ်တွင် ပိုမိုမြင့်မားသောနည်းပညာရှိသည်။ တစ်ယောက်နှင့်တစ်ယောက်၏ အားသာချက် အားနည်းချက်များကို သင်ယူနားလည်ဖို့ အချိန်အတိုင်းအတာတစ်ခုယူရပေမည်။ ပင်မတိုက်ပွဲဝင်အာကာသယာဥ်၏ ဟာ့ဒ်ဝဲကို ခဏတာ အဆင့်မြှင့်တင်ရန် ပို၍ခက်ခဲလိမ့်‌ဦးမည်။ သို့သော်လည်း၊ ထိုင်စောင့်နေမည့်အစား အတွင်းပိုင်းအသိဉာဏ်ရှိသော ကာကွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ရန် နည်းလမ်းရှာရမည်ဖြစ်သည်။  မဟုတ်ပါက၊ ပြိုင်ဘက်က သူတို့၏ အာကာသယာဉ်အား ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်ရေးအတွင်း စက်ပိုင်းဆိုင်ရာ ညွှန်ကြားချက်များကို ချိုးဖောက်နိုင်မည်ဖြစ်သည်။


ဝေ့လင်း သည် လင်းရွှမ် စိတ်ပူနေသည့်အရာကို သဘာဝကျကျတွေးနိုင်သည်။


ဝေ့လင်း : “တစ်ကယ့်ကို ယာယီနေထိုင်ဖို့ ပိုသင့်တော်တဲ့ ဂြိုလ်တစ်ခုရှိပါတယ်… အဲဒါက အနီးနားက ကြယ်ကွင်းမှာရှိပြီး နေ့တစ်ဝက်လောက်နဲ့ ရောက်နိုင်ပါတယ်… ပြီးတော့ ငါက ဦးခေါင်းခွံဓားပြအဖွဲ့ကို တစ်ယောက်တည်း ပြန်သွားပြီး ဝါ့ဒ်မိန်းနဲ့ စကားပြောရမယ်…ပြီးရင်  ငါ့လူယုံတစ်အုပ်ကို ခေါ်လာမယ်…သူတို့က အင်ပါယာရဲ့ စစ်သားတွေဖြစ်ခဲ့ဖူးတယ် ...အများစုကလည်း ဒီနယ်မြေကို ကျွမ်းကျင်ကြတယ်.သူတို့က မင်းကို သေချာပါက် ကူညီနိုင်တယ်"


ယင်းကြောင့် ဝေ့လင်း သည် ယာယီနေထိုင်ရန် သင့်တော်သည်ဟု ထင်သည့် ဂြိုလ်တစ်ခုအား လင်းရွှမ်ကို ပြသခဲ့သည်။ ပင်လယ်ရေသည် ထိုဂြိုလ် ဧရိယာ၏ 90% မျှရှိသဖြင့် ‌လူနေထိုင်ဖို့ ကုန်းမြေအနည်းငယ်သာရှိသော ဂြိုလ်ဖြစ်သည်။ ဤဂြိုလ်ကို ဟွမ်ဟိုင် ဟုခေါ်ပြီး တောရိုင်းပင်လယ်ဟု အဓိပ္ပာယ်ရကာ ကြမ်းတမ်းသောပတ်ဝန်းကျင်နှင့် ခန့်မှန်း၍မရသော ရာသီဥတုရှိသည်။ ဂြိုလ်ပေါ်ရှိ သမုဒ္ဒရာထဲတွင် ရက်စက်ကြမ်းကြုတ်သော ပင်လယ်သားရဲများစွာရှိပြီး ကျွန်းအနည်းငယ်မှာလည်း အဖြုန်းတောင်များနှင့် တောင်ကုန်းများဖြစ်သည်။ ဤဂြိုလ်ပေါ်တွင် အသုံးဝင်သော အရင်းအမြစ်များ မရှိချေ။


ဟွမ်ဟိုင် ပေါ်ရှိ ပင်လယ်သားရဲများသည် အမဲလိုက်ရန် အလွန်ခက်ခဲသည်။ ဤပင်လယ်သားရဲများ၏အသားတွင် တာဇာများ၊ လူသားများနှင့် ဇာ့ခ်များအတွက် ကြီးမားသော အားနည်းချက်များရှိသည့် အဖျက်စွမ်းအင်များလွန်းသည်။ အစာစားပြီးသောအခါ ထိန်းမနိုင်သိမ်းမရဖြစ်တတ်သည်။ ထို့ကြောင့် ဘယ်သူမှ ထိုဂြိုလ်ပေါ်သို့ မသွားချင်ကြပေ။

ဦးခေါင်းခွံဓားပြအဖွဲ့ပင်လျှင် ဟွမ်ဟိုင် ကို ခဏတဖြုတ်အပန်းဖြေစခန်းတစ်ခုအဖြစ်သာ မှတ်ယူကြသည်။ များသောအားဖြင့် မသွားချင်ကြချေ။


သို့သော် ညသိမ်းငှက်တပ်ဖွဲ့ အတွက်၊ထိုဂြိုလ်မျိုးသည် ခေတ္တအနားယူရန် အတော်လေး ဘေးကင်းသော နေရာတစ်ခုဖြစ်သည်။ ပိုအရေးကြီးသည်က ဟွမ်ဟိုင် သည် ဟယ်လင် ဂြိုလ်ပေါ်က ပိုးပေါက်စုပ်ဝဲနှင့် နီးခြင်းပင်။ ဟယ်လင် ဂ်ြိုလ်သည် တာဇာကြယ်ပွင့်မဟာမိတ်၏ ဂြိုလ်ခွဲတစ်ခုဖြစ်သည်။


ညသိမ်းငှက်တပ်ဖွဲ့သည် ပုံမှန်မဟုတ်သော လမ်းကြောင်းများမှတဆင့် တာဇာကြယ်ပွင့်မဟာမိတ်၏ ထူးခြားသောအရင်းအမြစ်အချို့ကို ရယူလိုသည်ဆိုပါစို့။ ထိုအခြေအနေမျိုးတွင် ထိုဂြိုလ်သည် အလွန်ကောင်းမွန်သောနေရာဖြစ်သည်မှာ သေချာသည်။


ဟယ်လင်သို့ ပြည်နှင်ဒဏ်ခံရသော ရာဇ၀တ်ကောင်များတွင် အလွန်ကြောက်စရာကောင်းသော အပြစ်ရှိသည့် ရာဇ၀တ်ကောင်များ သို့မဟုတ် ကျွန်ပြုထားသော လူသားအမျိုးသမီးများမှ မွေးဖွားလာသော တာဇာ များ ပါဝင်သည်။ သူတို့၏ လူ့သွေးကြောင့် ဇာ့ခ်တို့၏ တိရစ္ဆာန်သဏ္ဍာန် ပါးစပ်မေးရိုးများ မကြီးထွားလာခဲ့သဖြင့် "မျိုးနိမ့်များ" ဟုယူဆကြသည်။ တာဇာအစိုးရသည် ထိုမျိုးနိမ့်တို့အား လုံးဝမျက်နှာသာမပေးပေ။


လင်းရွှမ် သည် ဤသတင်းစကားကိုကြားသောအခါ "ကောင်းပြီ၊ ဟွမ်ဟိုင်ကိုသွားရအောင်"


သူသည် တာဇာကြယ်ပွင့်နယ်မြေသို့ရောက်သည်နှင့် ဝေ့လင်း ကို ဦးစွာဆက်သွယ်ရန် ရွေးချယ်ခဲ့ခြင်းမှာ အကြောင်းတစ်ခုရှိသည်။ ဝေ့လင်း သည် ဤအခြေအနေများနှင့် အကျွမ်းတဝင်ရှိပြီး ညသိမ်းငှက်တပ်ဖွဲ့များကို လမ်းညွှန်ကူညီနိုင်သူတစ်ဦးဖြစ်သည်။ ထိုအခါ သူတို့အတွက် စူးစမ်းရှာဖွေမှုတွင် အသုံးပြုသည့်အချိန်က အလွန်တိုတောင်းစေကာ မလိုအပ်ဘဲ စွမ်းအင်သုံးမှု သို့မဟုတ် ဆုံးရှုံးမှုများကို လျှော့ချနိုင်သည်။ ဝေ့လင်း သည် တာဇာများနှင့် တိုက်ခိုက်ရာတွင် အခန်းကဏ္ဍတစ်ခုမှ


ပါဝင်နိုင်ပြီး၊ နေရာဒေသစိမ်းသို့ ရောက်လာသူများအတွက် အားငယ်စိတ်တို့ကို လျှော့ချနိုင်သည်။


ထိုအတောအတွင်း၊ ချမ့်ယောင် သည် လင်းယောင်ယောင် ကို ဇာ့ခ်များအား ချက်ပြုတ်နည်းကို သင်ကြားပေးရန် ပြောခဲ့သည်။ ချမ့်ယောင် သည် ဆေးဝါးပညာရပ်တွင် အဓိကထူးချွန်သော်လည်း အစားအသောက်ကုထုံးကိုပါ အလွန်စိတ်ဝင်စားသည်။ ဤကြယ်ပွင့်ကွင်းပြင်တွင် စားစရာများများစားစားမရှိသောကြောင့် အမျိုးသမီးတစ်ဦးအတွက် မည်သည့် ပါဝင်ပစ္စည်းများမပါဘဲ ချက်ပြုတ်ရန်မှာ ခက်ခဲသည်။


လင်းရွှမ် ရောက်ရှိလာခြင်းက သူတို့မိသားစု အရှင်သခင် အင်ပါယာသို့ ပြန်သွားနိုင်ဖို့ မျှော်လင့်ချက်တစ်ခုရှိလာစေသည်။ ဤကျေးဇူးကို စိတ်ထဲက အသိအမှတ်ပြုသော်လည်း ညသိမ်းငှက်တပ်ဖွဲ့ အာကာသယာဉ်ပေါ်ရှိ လူငယ်များထံမှ အကာအကွယ်ရယူနိုင်ဖို့ သမီးဖြစ်သူကို ဗန်းပြနေ၍မရချေ။ သူတို့ဘက်က အစွမ်းကုန်ကြိုးစားမှသာ စည်းလုံးညီညွတ်စွာ နေထိုင်နိုင်မည်ဖြစ်သည်။


 မကြာခင်မှာ ဟွမ်ဟိုင် ကို ရောက်လာသည်။ဝေ့လင်း ပြောသလိုပင်၊ဟွမ်ဟိုင် ၏ အခြေအနေမှာ တစ်ကယ့်ကို ကြမ်းတမ်းလှ၏။သို့သော်လည်း ညသိမ်းငှက်တပ်ဖွဲ့ အတွက် ယာယီခြေကုပ်စခန်းတစ်ခုသာ လိုအပ်သည်။ များသောအားဖြင့် သူတို့သည် အာကာသယာဉ်တွင် နေထိုင်ကြသောကြောင့် ပြင်ပပတ်ဝန်းကျင်က  သိပ်အရေးမကြီးပေ။


 168 သည် အာကာသယာဉ်ထဲသို့ မဝင်နိုင်သော်လည်း သူ၏အခွံ၏ ကာကွယ်ရေးစနစ်သည် အလွန်အားကောင်းသောကြောင့် လေထဲရှိ  အဖျက်စွမ်းအင်ကို ဂရုမစိုက်ပေ။ 168 သည် ဤနေရာတွင် နှစ်ပေါင်းများစွာနေထိုင်ဖို့လည်း မလိုအပ်သဖြင့် သူမ၏ ခန္ဓာကိုယ်အပေါ် များစွာသက်ရောက်မှုရှိမည်မဟုတ်ပေ။


သို့သော်လည်း ဤစိမ်းလန်းသော ကမ္ဘာဂြိုဟ်သည် မကြာခဏ မုန်တိုင်းထန်လေ့ရှိကြောင်း လင်းယောင်ယောင် ကြားဖူးသည်။  168 ၏ဘဝပိုမိုသက်တောင့်သက်သာဖြစ်စေရန်အတွက် လှိုဏ်ဂူတူးရလျှင်တောင် 168 အတွက် ယာယီနေထိုင်စရာတစ်ခု ပြုလုပ်ဖို့ လင်းရွှမ် အား တောင်းဆိုလိုက်သည်။ ကံကောင်းထောက်မစွာပင်၊ကြယ်တာရာခေတ်၏ သိပ္ပံနှင့်နည်းပညာတို့သည် တိုးတက်လာပြီးဖြစ်သည်။ ထို့ကြောင့် မီတာ 100 ကျော် ရှည်သော လှိုဏ်ဂူကို တူးဖော်ခြင်းသည်  အသေးအဖွဲပါမွှား ကိစ္စတစ်ခုသာ ဖြစ်သည်။


ဝေ့လင်း သည် ဦးခေါင်းခွံဓားပြအဖွဲ့သို့ ပြန်သွားနိုင်ရန်  လင်းရွှမ် က အလယ်အလတ်တန်းစား အာကာသယာဉ်ကို မောင်းနှင်ရန် လူနှစ်ဆယ်ပါ လက်ရွေးစင်အဖွဲ့ကို စေလွှတ်ခဲ့သည်။ထို့နောက် ဝေ့လင်းအတွက်ကိုမူ S-အဆင့်မက်ခါကို သီးသန့်ငှားလိုက်၏။ ဝေ့လင်း၏ကိုယ်ပိုင် မက်ခါသည် ပိုးပေါက်စုပ်ဝဲအတွင်းသို့ စုပ်ယူခံရသည့်အချိန်ကစ၍ ပျက်စီးသွားပြီး အသုံးမဝင်တော့။


အစားအသောက်ကုထုံးသုတေသနခန်းရှိ မီးဖိုချောင်ထဲတွင် လင်းယောင်ယောင် နှင့် ချမ့်ယောင် တို့သည် အတူတကွ အချိုပွဲပြုလုပ်နေကြသည်။


လင်းယောင်ယောင် က ချမ့်ယောင် ကို စိုးရိမ်တကြီးနှင့် "အမေ အဖေ့အတွက်  အန္တရာယ်ရှိနိုင်သလား…Narai အဖွဲ့ချုပ်ရဲ့ ဗိုလ်ချုပ် ဝါ့ဒ်မိန်းက လူယုံတွေကို အဖေ့ကို ပြန်ခေါ်လာခွင့်ပေးမှာလား"


ဝေ့လင်း ၏ သီးသန့်ဝိညာဉ်ရေးလက်ထောက်အဖြစ် ချမ့်ယောင် သည် ဝေ့လင်း နှင့် နှစ်ပေါင်းများစွာ ပြဿနာတက်ခဲ့သည်။  သူမသည် ဦးခေါင်းခွံဓားပြအဖွဲ့၏ အာကာသယာဉ်ရှိ အခြေအနေအချို့ကိုလည်း နားလည်ပြီး ဗဟုသုတများစွာရှိသည်။


 သူမက ရယ်ပြီး "စိတ်မပူပါနဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူး…ဝါ့ဒ်မိန်းက အမေတို့ကို ယုံကြည်တယ်ဆိုရင်တောင် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ဖို့ သူ ရွေးချယ်လိမ့်မယ်…တစ်ကယ်လို့ သူက ပူးပေါင်းချင်စိတ်မရှိရင်တောင်မှ မကောင်းကြံမယ့်သူ မဟုတ်ဘူး… သမီး အဖေရဲ့ လူယုံတွေကလည်း တစ်ဒါဇင်(ဆယ့်နှစ်ယောက်)ထက် မပိုဘူး…  သူတို့ကို ခေါ်လာတယ်ဆိုတာကလည်း သူတို့က ဦးခေါင်းခွံကြယ်ဓားပြတွေအပေါ်ပို လွှမ်းမိုးနိုင်သူတွေ  မဟုတ်ရပါဘူး...   ဦးခေါင်းခွံကြယ်ဓားပြမှာ လူ ၅၀,၀၀၀ နီးပါးရှိတယ်… ၄၀ ရာခိုင်နှုန်းက ဟွမ်အူအင်ပါယာ အဖွဲ့ဝင်တွေဖြစ်ပြီး အများစုက စစ်သည်ဟောင်းတွေ…ဘာမှ စိုးရိမ်စရာမရှိပါဘူး"


လင်းယောင်ယောင် : "ကောင်းတာပေါ့"


 အရန်ကုထုံးနှင့် တိုက်ပွဲအတွက် အသုံးပြုနိုင်သည့် လင်းယောင်ယောင်၏ ဝိညာဉ်စွမ်းအားနှစ်မျိုးနှင့် ပတ်သက်၍ ချမ့်ယောင် သည် ခဏတာ ထိတ်လန့်သွားသော်လည်း အမြန်လက်ခံလိုက်သည်။


  "သမီးရဲ့အဖွားက Green Star တော်ဝင်မိသားစုရဲ့ ဒီစွမ်းအားကို နိုးထစေတဲ့ သူလေ…သူမကလည်း သူမရဲ့ စွမ်းအားတွေနဲ့ တိုက်ခိုက်နိုင်တယ်… အခွင့်အရေးရရင် အမေက လူသားကြယ်ပွင့် နယ်မြေကို ပြန်ခေါ်သွားမယ်…ပြီးရင် သမီး အဘွားဆီ သွားလည်မယ်... အဘွားကြီးရဲ့ ကျန်းမာရေးက ဒီနှစ်တွေတော့‌ နေကောင်းနေရဲ့လား မသိဘူး"


သူမ အံ့အားသင့်သွားပြီး "ဟင်…သမီးမှာ အဖွားရှိသေးတာလား


Green Star မဟာမိတ်သည် လူသားကြယ်ပွင့်နယ်မြေ၌လည်း ရှိနေသည်၊ သို့သော် အရှင်သခင်အင်ပါယာနှင့် အလွန်ဝေးကွာသည်။  ကြယ်ပွင့်ကွင်းပြင်သည် အရှင်သခင် အင်ပါယာ၏ သုံးပုံတစ်ပုံခန့်အရွယ်အစားရှိသော်လည်း အပင်အရင်းအမြစ်များ အလွန်ကြွယ်ဝသည်။  စိမ်းလန်းသောကြယ်များသည် ငြိမ်းချမ်းသောသဘာဝရှိသည်။ အများစုမှာ အပြင်ထွက်ရသည်ကို မကြိုက်ကြသလို တခြားနိုင်ငံတွေနှင့် အဆက်အသွယ်လည်း သိပ်မရှိကြချေ။


ချမ့်ယောင် က ဂုဏ်ယူစွာနှင့် "ဟုတ်ပါတယ်…သမီး အဖွားက Green Star မဟာမိတ်ရဲ့ ဥက္ကဌအဖြစ် လွန်ခဲ့တဲ့ အနှစ် ၂၀ က အရွေးခံခဲ့ရတယ်… သူမကို နှစ်ရာနဲ့ချီပြီး ထပ်ခါတလဲလဲ ရွေးခဲ့ကြတယ်…အခုတော့ အငြိမ်းစားယူသွားပါပြီ… "


 Green Star မဟာမိတ်နိုင်ငံသားအများစုသည် ပျင်းရိသူများဖြစ်သည်။  သူတို့မှာ ပြိုင်ဆိုင်လိုစိတ် မရှိကြသူတို့၏ အကြီးမားဆုံး ဝါသနာက နေပူထဲမှာ ဆော့ရခြင်း၊ ကြည်လင်သည့် စမ်းရေတွင်းမှာသာ အနားယူလိုခြင်း၊တစ်ယောက်နှင့်တစ်ယောက် ဝေမျှ၍ အတူစားရင်း သေခြင်းတရားကို စောင့်မျှော်နေကြသည်။တိုင်းပြည်ကို ဦးဆောင်၍ ကိုယ့်မိသားစုကို ဦးဆောင်နိုင်ဖို့ နောင်လာနောက်သားများကို လမ်းပြဆုံးမခြင်း အစရှိသည်များကိုသာ လုပ်ဆောင်တတ်ကြ၏။


 မူလ Green Star တော်ဝင်မိသားစုသည် အင်ပါယာ၏ ဆက်ခံမှုစနစ်ကို ပျင်းရိလွန်းသောကြောင့် ဒီမိုကရေစီ ရွေးကောက်ပွဲစနစ်သို့ ပြောင်းလဲခဲ့သည်။ သူတို့၏ သားသမီးမြေးမြစ်တွေကို ဒုက္ခများစွာနှင့်အမွေဆက်ခံနိုင်ကြဖို့မလိုလားကြပေ။ 


ထိုအကြောင်းကို ကြားပြီးနောက် လင်းယောင်ယောင် အတော် အံဩမိသည်။သို့သော်လည်း ချမ့်ယောင် ပုံဖော်ထားသည့် Green Star လူမျိုးများတွင် ရှားပါးပြီး ထူးခြားဆန်းပြားသော ဆေးဖက်ဝင်ပစ္စည်းများနှင့် ပါဝင်ပစ္စည်းများစွာရှိကြသည်။ ဇာ့ခ်များကို နေ့တိုင်းစားနေပါက၊ ဘယ်လောက်အရသာရှိရှိ ဖျားနာလွယ်တတ်သည်။  ဟင်းသီးဟင်းရွက်များစားသုံးဖို့ စိုက်ပျိုးဖို့မြေကြီးကလည်း လူသားတို့အတွက် အရေးကြီးလှ၏။ သို့သော်၊ယခု Green Star မဟာမိတ်ဆီသို့ ခရီးက အနည်းငယ်ဝေးနေသေးသည်။ 


လင်းယောင်ယောင် သည် ယခု သူမတို့ ရောက်နေ‌ေသာကမ္ဘာကို တွေးကြည့်သည်။  ပင်လယ်သားရဲများ၏ ခန္ဓာကိုယ်ထဲက အဖျက်စွမ်းအင်တွေကို ဇာ့ခ်ခန္ဓာကိုယ်ထဲက အဖျက်စွမ်းအင်များလို သန့်စင်နိုင်မည်လားဟု သူမ တွေးနေမိ၏။


ချမ့်ယောင် က "ပင်လယ်သားရဲအလောင်းကို တစ်ကြိမ်လောက် လေ့လာဖူးတယ်…ခန္ဓာကိုယ်ထဲက အဖျက်စွမ်းအင်တွေက ဇာ့ခ်ထက် ဆယ်ဆကျော် ပိုများတယ်… ဖယ်ရှားဖို့က အတော်ကို ခက်ခဲပြီး အသားနံ့လည်း မွှေးတယ်… ဇာ့ခ်ထက် အများကြီး ပိုလေးတယ် ဒါပေမယ့် သမီးမှာ အထူးစိတ်ပိုင်းဆိုင်ရာ စွမ်းအားရှိတယ် ဆိုတော့ အဖျက်စွမ်းအင်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဲဒါကို အသုံးချနိုင်မှာပါ…”


ချမ့်ယောင် သည် လင်းယောင်ယောင်၏ စွမ်းအားများကို သူမပင် လိုက်မမီခဲ့ပေ။ သူမသည် အသက်တစ်ရာအောက်သာရှိသေးပြီး ပုံစံက ၂၁ ရာစုကမ္ဘာကြီးရှိ အသက် ၂၇ နှစ်၊၂၈ နှစ်နှင့် ညီမျှသည်။ ထို့ကြောင့် သားအမိနှစ်ယောက်မှာ ညီအစ်မများနှင့် ပိုတူနေ၏။ 


ထို့နောက် နှစ်ယောက်သား အချိုပွဲတွေကို မြန်မြန်ပြင်ဆင်လိုက်ကြသည်။ အာကာသယာဉ်ပေါ်တွင် ဆွေမျိုးများနှင့် သူငယ်ချင်းများ ပိုများလာသောကြောင့် အများကြီး ပြုလုပ်ရသည်။ 


လင်းယောင်ယောင် က ဝေ့ကျော၊ ဝေ့ယိုနှင့် ဝေ့လင်းထံသို့ အပိုင်းတစ်ပိုင်း ပေးပို့ရန် ချမ့်ယောင် အား ပြောလိုက်သည်။ ထို့နောက် သူမက ဝေစုတစ်ခု ယူကာ ကွပ်ကဲရေးအခန်းသို့ သွားခဲ့သည်။သူမသည် 168 ကို တစ်ယောက်တည်းတွေ့လိုလျှင် လင်းရွှမ်က ဘယ်သောအခါမှ စိတ်ချမည်မဟုတ်ပေ၊ ထို့ကြောင့် 168 နှင့်တွေ့ဆုံရန် သူ့ကို ပြောချင်နေမိသည်။ 168သည် သူမနှင့် 012ကို တစ်နေကုန်မတွေ့ရသေးသဖြင့် အတော်လေး လွမ်းဆွတ်နေနိုင်သည်။


လင်းရွှမ် သည် သုတေသနအတွက် ပါဝင်ပစ္စည်းအသစ်များအဖြစ် သူမ၏ ပင်လယ်သားရဲအချို့ကို အမဲလိုက်နိုင်လျှင် ကောင်းပေလိမ့်မည်။ယခု 168 စိတ်ပိုင်းဆိုင်ရာစွမ်းအားသည် SSS အဆင့်သို့ ပြန်ရောက်သွားသဖြင့်၊ SSS+ အဆင့်သို့ရောက်ရှိလိုပါက ဆက်လက်၍ ဖြည့်စွက်စာများ ကျွေးရန်လိုအပ်သည်။သို့ရာတွင် သူတို့သယ်ဆောင်လာသော ဇာ့ခ်အသားအရင်းအမြစ်များသည် အကန့်အသတ်ရှိပြီး 168 သည်လည်း အဆင့်မြင့် ဇာ့ခ်အသားအမျိုးအစားများကို စားခဲ့ပြီးဖြစ်သည်။ အကယ်၍ ပင်လယ်သားရဲများကို ပါဝင်ပစ္စည်းအသစ်များထဲမှ တစ်ခုအဖြစ် အောင်မြင်စွာ သုတေသနပြုပြီး တီထွင်နိုင်ခဲ့ပါက SSS+ တွင် 168 ၏ တိုးတက်မှုများသည် မကြာမီ အောင်မြင်နိုင်မည်ဖြစ်သည်။


 168 ပိုအားကောင်းလာသောအခါ၊တာဇာကြယ်ပွင့်မဟာမိတ် စစ်တပ်ကို အမှန်တစ်ကယ် တိုက်ခိုက်ကြသောအခါတွင် 168သည် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။


သူမသည် အမိန့်ပေးခန်းသို့ ရောက်ရှိလာသော်လည်း လင်းရွှမ် နှင့် ချန်ပင်း တို့သည် ပင်လယ်သားရဲများကို အမဲလိုက်ရန် ထိပ်တန်းအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ ထွက်သွားခဲ့ကြောင်း လုလင်း မှ ပြောကြားခဲ့သည်။ လင်းရွှမ် က သူမအတွက် စာတစ်စောင် ရေးထားခဲ့သည်။ထိုစာထဲတွင် 168 ကို သွားကြည့်ခိုင်းသော်လည်း သူမသည် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမည့် ဆေးအစာများ ယူဆောင်သွားရမည်၊ မက်ခါထဲတွင်သာနေ၍ အပြင်မထွက်ဘဲ 012 ကိုလည်း ခေါ်သွားကာ ဗိုလ်မှူးလီနန်ကိုပါ ခေါ်သွားဖို့ မှာခဲ့သည်။


လင်းယောင်ယောင်:...


 168 သည် ကတိအတိုင်း အမှန်တစ်ကယ် ဖြည့်ဆည်းပေးပြီး သူတို့အား တာဇာကြယ်ပွင့်နယ်မြေသို့ ခေါ်ဆောင်သွားခဲ့သည်။ အဖြုန်းတောင်ကုန်းများတွင် ညသိမ်းငှက်တပ်ဖွဲ့ဝင်များက သူမအတွက် ကျင်းတူးပေးမည်ကို 168 သိရှိလာသောအခါ သူမ၏ မျက်လုံးကြီး ကိုးလုံးသည် မျက်ရည်များဖြင့် တောက်ပနေခဲ့သည်။


xxxxxx