Chapter 141
(အာကာသခုန်ပျံကျော်လွှားခြင်းနည်းစနစ်)
ယနေ့ဆိုလျှင် လင်းယောင်ယောင် သည် ဇာ့ခ်ဘုရင်မ၏ ပိုင်နက်ထဲသို့ လင်းရွှမ် ကိုတွေ့ရန်ရောက်လာသည်မှာ တစ်လရှိပြီဖြစ်သည်။
168 ကို တာဇာဆန့်ကျင်ရေးမူဝါဒဖြင့် အောင်မြင်စွာ brainwash လုပ်ပြီးဖြစ်သောကြောင့် သူမ၏ အဓိကနေ့စဉ်တာဝန်မှာ 168 အသားများကို ဆေးဖက်ဝင်ဟင်းချို၏ အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုရန်ဖြစ်သည်။ ထို့နောက် သူမသည် ထိုအသားကို ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားအတွက် ကောင်းမွန်သော ဆေးဖက်ဝင်ပစ္စည်းများနှင့် ရောစပ်ပြီးနောက် 168 အား ပြန်ကျွေးခဲ့သည်။
168 သည် မီတာ 1000 မြင့်သော အသားတောင်ကြီးမှ မီတာ 100 သာမြင့်သော အသားတောင်ငယ်တစ်ခု ဖြစ်သွားခဲ့သည်။ဤသည်က သူမဆီမှ အသားများစွာကို လှီးဖြတ်ထားခြင်းကြောင့် မဟုတ်ပေ။
အစပိုင်းတွင် 168 သည် လင်းယောင်ယောင် ၏ ဆေးဖက်ဝင်ဟင်းချိုကိုသာ သောက်ခဲ့ပြီးနောက် အသားများ ကြီးထွားမလာတော့ပေ။ သောက်ထားသော ဟင်းရည်သည် သန့်စင်သော စွမ်းအားနှင့် အညစ်အကြေးများကို ဖယ်ရှားထားသည့် အာနိသင်ရှိသည်။ နောက်ပိုင်းတွင်၊ 168 ထံမှဖြတ်ယူထားသော အသားများသည် အလွန်အကျွံမများပြားသော်လည်း သူမ၏ ကိုယ်ခန္ဓာအရွယ်အစားမှာ သေးငယ်လာရ၏။ ထို့အပြင် ကိုယ်လုံးအသားများသည် မူလက ပျော့အိအိနူးညံ့ညံ့ဖြစ်နေရာမှ ယခုဆို ဝါး၍ကောင်းပြီး အရည်ပျစ်ချွဲလာ၏။
အကြောင်းမှာ၊168 သည် ဆေးစွပ်ပြုတ်ကို အလွန်အကျွံသောက်သူဖြစ်သည်။ သို့ဖြစ်၍၊သူမ တစ်ကိုယ်လုံးသန့်စင်သွားပြီး အညစ်အကြေးများလည်း ထွက်သွားကာ တဖြည်းဖြည်း ကြွက်သားများ ကျုံ့သွားတော့သည်။
ထို့ကြောင့် 168 ၏ အရွယ်အစားသည် အလွန်သေးငယ်သွားသော်လည်း ကြံ့ခိုင်မှုမှာ လျော့နည်းခြင်းမရှိပေ။အရှိန်အဟုန်ကလည်း များစွာတိုးတက်လာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာစွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာလည်း များစွာတိုးတက်ကောင်းမွန်လာခဲ့သည်။ SSS +ကို တရားဝင် အဆင့်မြှင့်တင်ရန် တစ်ဆင့်သာ လိုတော့သည်။
မက်မွန်သီးရောင်ဇာ့ခ်များ သို့မဟုတ်ဇာ့ခ်အများစုတွင် အရိုးများမရှိပေ။ သို့သော် ၎င်းတို့တွင် အလွန်မာကျောသော အခွံများနှင့် အရွတ်များရှိသည်။
ယခုလို ကြံခိုင်မှုအားကောင်းလာပြီးနောက် 168၏ ဇာ့ခ်အခွံများသည် မက်ခါ နှင့် စစ်ဘက်ဆိုင်ရာ အာကာသယာဉ်အတွက် အခွံများပြုလုပ်ရန် အကောင်းဆုံးပစ္စည်းများဖြစ်သည်။ သို့ဖြစ်၍၊ပိုးပေါက်အတွင်း ဖြတ်သန်းသွားလာရာတွင် လုံခြုံစိတ်ချရသည့် အလွှာတစ်ခုရှိရန်အတွက် လင်းရွှမ် သည် သူ့လူများအား 168 ၏အရွတ်များနှင့် အခွံများကိုအခြား အဖိုးတန်သတ္တုပစ္စည်းများဖြင့် ရောစပ်ကာ စစ်ဘက်ဆိုင်ရာ အာကာသယာဉ်၏ အပြင်ဘက်တွင် အကာအကွယ်အလွှာတစ်ခုပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ ထို့အပြင် လင်းယွင် နှင့် လင်းပို တို့ကိုလည်း နောက်ထပ် ဇာ့ခ်ဘုရင်မအခွံဖြင့် အကာအကွယ်အလွှာတစ်ခုစီ လုပ်ထားလိုက်၏။
လင်းရွှမ် သည် ပိုင်ကျား၏အဓိကကြယ်ပွင့်တွင် မြို့စောင့်တပ်ကို စနစ်တကျစီစဉ်နေစဉ် ညသိမ်းငှက်မှ ထိပ်တန်းတပ်ဖွဲ့ဝင်အများစုကို ယိလန်သို့ တိတ်တဆိတ် စေလွှတ်ခဲ့သည်။ထို့နောက် 168 ၏ခန္ဓာကိုယ်ရှိ တာဇာ သွေးများကိုလည်း လုံးဝဖယ်ရှားပစ်ခဲ့သည်။
လွန်ခဲ့သည့်နှစ်ရက်က ဇာ့ခ်များသည် အင်ပါယာမြို့တော်ကို အလွန်ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ယခုအခါ ဧကရာဇ်မြို့တော်သားအားလုံးသည် စစ်သည်များဖြစ်ကြ၍ သူတို့သည် ဇာ့ခ်များကိုတိုက်ခိုက်ရန်လုံးဝမကြောက်ကြေပ။
ထို့အပြင် လင်းထျန်းယွဲ့သည် တော်ဝင်မြို့တော်နှင့် မနီးမဝေးရှိ စစ်တပ်ကြယ်ပွင့်တစ်ခုတွင် စောင့်ကြပ်ကြည့်ရှုနေခဲ့သည်။ လင်းရွှမ် ၏ သတိပေးချက်နှင့် လင်းကျန့်ဟိုင်၊ လင်းထျန်းယွဲ့တို့၏ခွင့်ပြုချက်ဖြင့် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့သည် ဧကရာဇ်မြို့တော်အနီးတစ်ဝိုက်သို့ တပ်ဖွဲ့ဝင်အများအပြားကို စေလွှတ်ခဲ့သည်။ ဧကရာဇ်မြို့တော်သည် အင်အားချင်းမမျှတတော့ချေ။မြို့တော်ကိုကယ်တင်ရန် အထက်တန်းစား တပ်များစေလွှတ်ရန် အခြားစီနီယာတပ်များနှင့်လည်း လျင်မြန်စွာညှိနှိုင်းကြသည်။ ယေဘူယျအားဖြင့်ပြောရလျှင် အကူအညီများစွာ ရရှိနိုင်၍ အခြေအနေက သိပ်အန္တရာယ်ရှိမှာမဟုတ်ချေ။
ရှောင်မင်သည် မြို့တော်ကိစ္စနှင့်ပတ်သတ်၍ ကျော်ကြားမှုရနိုင်သော်လည်း ယခုအချိန်မှာ သူ့ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်ဖို့ဆိုသည်က မဖြစ်နိုင်ပေ။ထို့ကြောင့် ဇာ့ခ်မျိုးနွယ်မှ ခြိမ်းခြောက်မှုကို လုံးလုံးလျားလျား ဖယ်ရှားပြီး ရှောင်မင် နှင့် တာဇာကြယ်ပွင့်မဟာမိတ်တို့ကြားရှိ မဟာမိတ်ဖွဲ့ခြင်းဆိုင်ရာ အမှန်တရားကို ထုတ်ဖော်လိုပါက တာဇာကြယ်ပွင့်နယ်မြေသို့ သွားရမည်ဖြစ်သည်။ယခုအချိန်မှာ အားလုံးအဆင်သင့်ဖြစ်ပြီးဖြစ်၍ တာဇာကြယ်ကွင်းပြင်ကိုသွားရမည့်အချိန်ပင်။
ဇာ့ခ်ဘုရင်မ 168သည် ယခု အလွန်ပျော်ရွှင်နေသည်ဟု ခံစားရသည်။ သူမ တစ်ကိုယ်လုံးသည် ပေါ့ပါးလျင်မြန်ပြီး ခန္ဓာကိုယ်ကလည်း ခွန်အားနှင့်ပြည့်နှက်နေသည်။ 168သည် မှောင်မိုက်သော အသိုက်ထဲမှ ထွက်ခွာပြီးနောက် အပြင်ဘက်တွင် အပြာရောင် ကောင်းကင်ပြာ၊ တိမ်ဖြူများနှင့် မြက်ခင်းစိမ်းစိမ်းများကို မြင်တွေ့ခဲ့ရသည်။ လင်းယောင်ယောင် ကလည်း သူမကို စိတ်ပိုင်းဆိုင်ရာနယ်ပယ်အား မြှင့်တင်ပေးသည့် အထူးဆေးဖက်ဝင် ဟင်းတစ်ခွက်ကို ပေးခဲ့သည်။
168 သောက်ပြီးသောအခါ၊ ဘန်းဆိုသည့် အသံနှင့်အတူ သူမ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှာ ပေါက်ကွဲသွားသည်ကိုခံစားခဲ့ရသည်။ သူမ စိတ်ထဲတွင် သိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခု ရှိနေပါက စိတ်စွမ်းအားအဆင့်မှာလည်း SSS+ အဆင့်သို့ အမှန်တစ်ကယ် မြင့်တက်သွားခဲ့သည်။သူမ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရှိ စွမ်းအင်များသည် ဂြိုလ်တစ်ခုလုံးနှင့် ပတ်ဝန်းကျင်ရှိ ကြယ်ကွင်းပြင်အခြေအနေကိုပင် အာရုံခံစားနိုင်သွားကာ သွားလိုသည့်နေရာကိုတောင် သွားနိုင်နေတော့သည်။
ကံကောင်းထောက်မစွာ၊ လင်းရွှမ် ၏ ဝန်ထမ်းများသည် မိုလန်ပေါ်တွင် ဇာ့ခ်ပုံဆောင်ခဲများကို စုဆောင်းနိုင်ခဲ့သည်။ အာရုံများအားလုံးကို ပိတ်ဆို့နိုင်သည့် အာကာသကိရိယာကိုလည်း တပ်ဆင်နိုင်ခဲ့သည်။ မဟုတ်ပါက 168 သည် ဇာ့ခ်ပုံဆောင်ခဲ၏ ခံနိုင်ရည်မရှိသောရနံ့ကို ရလိုက်လျှင် သူ့ကိုယ်သူ ထိန်း၍မရတော့ဘဲ မိုလန်ကို ဒုက္ခပေးလာနိုင်သည်။
ထို့အပြင် ဇာ့ခ်ဘုရင်မသည် လင်းယောင်ယောင် ဦးဆောင်သော ညသိမ်းငှက်တပ်ဖွဲ့ အစားအသောက်ကုထုံးပညာရှင်များမှ အောင်မြင်စွာ အိမ်မွေးနိုင်ခဲ့၏။ လူ့အသားမပြောနှင့်၊ အသားဆိုလျှင်တောင် အစိမ်းမစားတတ်ပေ။ သို့သော်လည်း ဇာ့ခ် ပုံဆောင်ခဲ၏ ဆွဲဆောင်မှုသည် အလွန်ကောင်းမွန်ဆဲဖြစ်သည်။
လင်းရွှမ် သည် ဇာ့ခ် ပုံဆောင်ခဲရှိ လူ့သွေးအားလုံးကို အောင်မြင်စွာ ဖယ်ရှားနိုင်သည်အထိ စောင့်ဆိုင်းပြီးနောက် 168 ဆီသို့ လွှဲပြောင်းပေးခဲ့၍ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။
လင်းရွှမ် နှင့် အခြားလူသားများသည် တာဇာကြယ်ကွင်းပြင်သို့ သွားလိုကြောင်း 168 သိရှိခဲ့သည်။ ဤလူသားများသည် သူမအား တာဇာနတ်ဘုရားများ၏ သွေးဖိအားများမှ သက်သာစေရန် ကူညီပေးခဲ့ပြီး သူမ၏ စိတ်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုလည်း မြှင့်တင်ပေးခဲ့သည်။ဇာ့ခ်ကောင်းတစ်ယောက်ဆိုသည်မှာကတိတည်ရပေတော့မည်။
တစ်ကယ်တမ်းတွင် 168 သည် လင်းယောင်ယောင် တို့အဖွဲ့ထက်ပင် ပို၍ စိတ်အားထက်သန်နေမိသည်။ အသွေးအသားများကို သန့်စင်ပြီးဖြစ်၍ ကိုယ့်အစွမ်းကို သိချင်နေခဲ့၏။ သူမသည် မက်မွန်သီးရောင်ဇာ့ခ်၏ အဆုံးစွန်သော အရသာကို မြည်းစမ်းချင်သဖြင့်စစ်မှန်သော ဇာ့ခ်ဘုရင်မဖြစ်လာရန် တာဇာကြယ်ကွင်းပြင်သို့ပြန်သွား၍ ကျန်ရှိသော မျိုးနွယ်စုအနည်းငယ်ကို ထိန်းသိမ်းထားရန် လိုအပ်သည်။
168 သည် တာဇာကြယ်ကွင်းပြင်သို့ပြန်သွားပြီးနောက် သူမအတွက်ရရှိနိုင်သော အစားအစာများကို စဉ်းစားလိုက်သောအခါ ချက်ချင်း သွားရည်များပင် ထွက်လာရတော့သည်။ထို့ကြောင့် ပင်မစစ်ဘက်ဆိုင်ရာ အာကာသယာဉ်၏ ကွပ်ကဲမှုအခန်းထဲရှိ လင်းယောင်ယောင် အား အတွေးထဲက လှမ်းပြောလိုက်သည်။
"လင်းယောင်ယောင် သူငယ်ချင်း…ငါခံစားရတယ်…ငါ့ခန္ဓာကိုယ်က အားအင်တွေပြည့်နေပြီ.. ငါ အာကာသကို ခုန်ကူးနိုင်တယ်…သွားကြရအောင်"
168 ၏ စိတ်အတွေးသည် လင်းရွှမ် ကို ပိတ်ဆို့ထား၍မရသောကြောင့် လင်းရွှမ်လည်း ကြားနေရသည်။ ထို့ကြောင့် သူကလည်း စစ်ဘက်ဆိုင်ရာ အာကာသယာဉ်အားလုံးကို ကိုယ်တိုင်စစ်ဆေးပြီး ထွက်ခွာရန် အမိန့်ပေးခဲ့သည်။
နေရာဒေသ အကူးအပြောင်းဆိုသည်မှာ မသေချာမရေရာမှုများ ပြည့်နှက်နေတတ်သည်။ ယခု ရင်ဆိုင်ရမည့် အန္တရာယ်က သာမန် ပိုးပေါက်စုပ်ဝဲ ထက်အများကြီး ပိုသည်။ ထို့အပြင် ဇာ့ခ်ဘုရင်မ 168 ၏ စွမ်းအားဖြင့် ယခုချက်ချင်းကြီး တည်ငြိမ်သော ပိုးပေါက်စုပ်ဝဲကို ထူထောင်ရန် မဖြစ်နိုင်သေးချေ။
လင်းယောင်ယောင် က ပြုံးပြီး "ကောင်းပြီ၊ ငါတို့ကို ငါးမိနစ်လောက်စောင့်နော်… ဘယ်အချိန်မှာ စရမယ်ဆိုတာ ငါပြောပြမယ်"
ဇာ့ခ်ဘုရင်မ 168 သည် အချိန်အတော်ကြာ တွေးတောခဲ့ပြီး ဤပျက်စီးလွယ်သော လူသားပိုးကောင်များ ပျောက်ဆုံးသွားမည်ကို စိုးရိမ်ခဲ့သည်။ အကယ်၍ ပိုးပေါက်အတွင်းမှာ လူသားများ ပျောက်ဆုံးသွားခဲ့ပါက၊ သူမအား အရသာရှိသော အစာကို မည်သူမျှ ကျွေးမွေးမည်မဟုတ်။ 168 သည် အသာအယာခုန်လိုက်ရာ သူမ၏ကိုယ်ထည်တစ်ခုလုံးသည် အရှည် မီတာတစ်ထောင်ကျော်ရှိသော ညသိမ်းငှက်တပ်ဖွဲ့ ၏ အဓိကစစ်ဘက်ဆိုင်ရာ အာကာသယာဉ်၏အထက်တွင် ပေါ်လာခဲ့သည်။ သူမ ထိုအာကာသယာဉ်ပေါ် တက်ထိုင်လိုက်သောအခါ လေထဲတွင် မျောပါနေသည့် ပင်မစစ်သင်္ဘောသည် အိကနဲ ဖြစ်သွားခဲ့သည်။
ညသိမ်းငှက်တပ်ဖွဲ့၏ ပင်မအာကာသယာဥ်သည် နောက်ဆုံးပေါ် သုတေသနနှင့် တီထွင်ဖန်တီးထားခြင်းဖြစ်သည်။စစ်ဘက်ဆိုင်ရာ အာကာသယာဉ်၏ ဝန်တင်ဆောင်နိုင်မှုမှာ အလွန်ကောင်းမွန်နေသေးသော်လည်း အပေါ်မှ အလေးချိန်အတော်များသော ဇာ့ခ်ဘုရင်မ တက်ထိုင်နေသဖြင့် ပျံသန်းမှုအပေါ် သက်ရောက်မှုရှိသွားရသည်။
ထို့နောက် ချက်ချင်းပင်၊ ဇာ့ခ်ဘုရင်မ 168 သည် ပင်မစစ်ဘက်ဆိုင်ရာ အာကာသယာဉ်တစ်ခုလုံးကို ထောင်ပေါင်းများစွာသေ ဇာ့ခ်ပိုးချည်မျှင်များဖြင့် ဖမ်းယူလိုက်၏။
ထိုအခါ အာကာသယာဉ်၏ မောင်းနှင်ခန်းထဲတွင် သတိပေးသံများ အဆက်မပြတ်ထွက်လာတော့သည်။
"SSS အဆင့်သတိပေးချက်...SSS အဆင့် ဇာ့ခ်တိုက်ခိုက်မှု"
ယခုအခါ 168 သည် လူ့ဘာသာစကားအနည်းငယ်ကိုလည်း နားလည်နိုင်ပြီဖြစ်သည်။ ထို့ကြောင့် အခြေအနေကို ရိပ်စားမိကာ အာကာသယာဉ်၏ ကွပ်ကဲမှုအခန်းထဲကို စိတ်စွမ်းအားဖြင့် လင်းယောင်ယောင်, 012 နှင့် လင်းရွှမ် တို့က သူမအား မမေးလာခင် ဝမ်းနည်းသည့်ပုံစံဖြင့် ရှင်းပြခဲ့သည်။
"ကလေးက မင်းတို့ကို အာကာသ တွန်းအားကြောင့် လမ်းပျောက်မှာကို ကြောက်နေတာ...ငါ မင်းတို့ကို အတူတူ ပျံသန်းဖို့ ခေါ်သွားချင်တယ်..."
လင်းယောင်ယောင် ကြည်နူးသွားမိသည်။ 168 သည် အလွန်စဉ်းစားတွေးခေါ်ပြီး အစွမ်းထက်သည်။ ကံကောင်းထောက်မစွာ၊ 168 သည် ကီလိုမီတာများစွာရှိသော အသားတောင်ကြီး မဟုတ်တော့ပေ။ မဟုတ်ပါက အာကာသယာဉ်အတွက် သည်းမခံနိုင်သော ဝန်ထုပ်ဝန်ပိုး ဖြစ်ပေလိမ့်မည်။
လင်းရွှမ် က 168 ကို အေးအေးဆေးဆေး အမိန့်ပေးလိုက်သည်။
"... မင်းက တော်တော် သေးသွားပေမယ့် မင်းရဲ့ အလေးချိန်က အရမ်းလေးနေလို့ပါ"
ထိုအခါ၊ 168 ကလည်း တစ်လှည့်စီတုံ့ပြန်ပြီးနောက် သူမ၏ မျက်လုံးကြီးကိုးလုံးကိုမှိတ်ကာ စိတ်စွမ်းအားကို အဆုံးမဲ့ထုတ်၍ အိမ်ပြန်ခရီးကို စတင်ခဲ့သည်။
လင်းရွှမ် သည် လင်းယောင်ယောင် နှင့် 012 ကို ကွပ်ကဲခန်း၏ နံရံတွင် တပ်ဆင်ထားသော အသံလုံပြီး တုန်ခါမှုဒဏ်ခံနိုင်သော အခန်းထဲသို့ ထည့်လိုက်သည်။ ထိုအခန်းသည် အာကာသအသွင်ကူးပြောင်းမှုကြောင့်ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများကိုလျှော့ချရန် ပြုလုပ်ထားခြင်းဖြစ်သည်။
ရှော့ခ်ဒဏ်ခံနိုင်သည့်အခန်း၏ အဖုံးသည် ဖောက်ထွင်းမြင်ရသည်။ လင်းယောင်ယောင် သည် ထိုအခန်းထဲမှနေ၍ အိပ်စက်ခြင်း သို့မဟုတ် အပြင်ကိုလည်း ကြည့်နိုင်သည်။
လင်းရွှမ်၊ ချန်ပင်း နှင့် အခြားစစ်သည်အချို့သည် ထိုအခန်းထဲသို့မ၀င်ဘဲ လေယာဉ်မောင်းသူနေရာနှင့် တွဲဖက်လေယာဉ်မှူး နေရာတွင်သာ ထိုင်နေကြသည်။သူတို့သည် အထူးတုန်ခါမှုဒဏ်ခံနိုင်သော ပျော့ပျောင်းသော၊ချပ်ဝတ်တန်ဆာများနှင့် ဆူညံသံများကို လျှော့ချပေးသည့် ရှော့ခ်ဒဏ်ခံဦးထုပ်များကို ၀တ်ဆင်ထားသည်။သံချပ်ကာများ၏ ခံနိုင်ရည်က သိပ်မများပေ။အာကာသခုန်ပျံမှုမှ ဖြစ်ပေါ်လာသော ဖိအားများသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နယ်ပယ်များကို ကြီးစွာသော ထိခိုက်မှုဖြစ်စေသော်လည်း အခြားနည်းလမ်းမရှိပေ။ သူတို့သာ ခရီးစဉ်တစ်လျှောက်လုံး တာဝန်ယူရပေမည်။အကယ်၍ သူတို့သည် အရေးကြီးသော အခြေအနေနှင့် ကြုံတွေ့ရပါက၊ ပင်မစစ်ဘက်ဆိုင်ရာ အာကာသယာဉ်၏ ဉာဏ်ရည်ထက်မြက်သော မောင်းနှင်မှုစနစ်အား အချိန်မရွေး လမ်းညွှန်ပေးနိုင်ပြီး လိုအပ်ပါက လူကိုယ်တိုင် မောင်းနှင်နိုင်သည်။
လူသားကြယ်ပွင့်နယ်မြေမှ တာဇာကြယ်ပွင့်နယ်မြေသို့ အကွာအဝေးသည် မနီးစပ်သဖြင့် အာကာသ ကူးပြောင်းမှုဖြစ်စဥ်သည် တစ်ရက်နီးပါး ကြာမြင့်နိုင်သည်။
ရှော့ခ်ဒဏ်ခံနိုင်သည့်အခန်းအတွင်း၌ပင် ဆူညံသံအနည်းငယ် ထွက်ပေါ်လာမည်ဖြစ်သည်။ ထိုအသံကို အချိန်အကြာကြီး နားထောင်ခြင်းက လူကို ပင်ပန်းနွမ်းနယ်စေသည်။ အစကတည်းက လင်းယောင်ယောင် သည် ခရီးလမ်းလယ်တွင် မတော်တဆမှုတစ်ခုဖြစ်လာမည်ကို စိုးရိမ်သဖြင့် အဝေးမှ နေပြီး လင်းရွှမ် ကို စိုက်ကြည့်နေသည်။
သို့သော် သူက မကြိုက်ဘဲ တုန်ခါမှုဒဏ်ခံနိုင်သည့် ဦးထုပ်ကို ဆောင်းထားရင်းနှင့် အင်တာနက်ကွန်ရက်မှတစ်ဆင့် သူမအား
"မကြည့်နဲ့ ကလေး...အိပ်တော့"
သို့သော်လည်း ခဏအကြာတွင် သူမကို လျစ်လျူရှုပြီး မကြည့်ဖြစ်တော့ပေ။
လေးငါးနာရီကြာပြီးနောက်တွင် သူမလည်း အိပ်ပျော်သွားခဲ့သည်။လင်းရွှမ် က သူမကို ပြန်လှည့်မကြည့်သော်လည်း မတော်တဆမှုတစ်ခုဖြစ်ခဲ့လျှင် သူမ အခြေအနေကို သိနိုင်ဖို့ ရှော့ခ်ဒဏ်ခံနိုင်သည့်အခန်း အပြင်ဘက်မှာ စိတ်စွမ်းအင် သဲလွန်စတစ်ခုကို အမြဲထားလိုက်၏။သူမအား မကြည့်ရခြင်းမှာ ၊ ယိလန်ဂြိုလ်မှ ထွက်လာပြီးကတည်းက သူခံစားရသည့် အာကာသ ဖိအားက ပိုတိုးလာ၍ပင် ဖြစ်ပေတော့သည်။ ခေါင်းလှည့်ပြီး စကားမပြောနိုင်သလို၊လက်ချောင်းတစ်ချောင်းကို ရွှေ့ဖို့တောင် ခက်ခဲပေသည်။
သူ၏ စိတ်ပိုင်းဆိုင်ရာ ဒိုမိန်းသည် အလွန်အားကောင်းပြီး သူ့ စိတ်စွမ်းအားသည် 168 ထက်တောင် ပိုကောင်းသည့် SSS+အဆင့်ဖြစ်သည်။ သူသည် အချိန်တိုင်း နိုးကြားနေနိုင်သော်လည်း သူ့ခန္ဓာကိုယ်မှာ SS+ အဆင့်သာရှိပြီး သဘာဝအတိုင်း ခုခံကာကွယ်နိုင်စွမ်းမရှိသဖြင့် အာကာသယာဉ်၏ ဖိအားကို မခံနိုင်ပေ။သို့သော် သူသည် လင်းယောင်ယောင် အဆင်မပြေဖြစ်မှာကို လိုလားသူမဟုတ်ေပ။
ချန်ပင်း ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုသည် လင်းရွှမ် ထက် အနည်းငယ် အားနည်းသည်။ လင်းယောင်ယောင် အိပ်ပျော်သွားပြီးနောက်မကြာမီ ချန်ပင်းလည်း မခံနိုင်တော့ပေ။ထို့ကြောင့် လင်းရွှမ် သည် ဆေးဘက်ဆိုင်ရာ စက်ရုပ်တစ်ရုပ်အား ချန်ပင်းကို တခြား အခန်းတစ်ခုထဲသို့ စေလွှတ်ရန် အမိန့်ပေးပြီးနောက် အခြားအကြီးတန်း အရာရှိတစ်ဦးကို တွဲဖက်လေယာဉ်မှူးနေရာမှာ ထိုင်ခိုင်းလိုက်၏။
ကံကောင်းစွာပင်၊သူတို့သည် အာကာသတွင်း မုန်တိုင်းကို မကြုံခဲ့ရဘဲ လမ်းတစ်လျှောက်တွင် အန္တရာယ် တစ်စက်မှ မရှိခဲ့ပေ။ ဇာ့ခ်များသည် အန္တရာယ်ကို ရှောင်ရှားနိုင်သည့် သဘာဝရှိသည်ဟု ဆိုကြခြင်းမှာ အမှန်ပင် ဖြစ်ပုံရသည်။ အကယ်၍ နောင်တစ်ချိန်တွင် အရှင်သခင် အင်ပါယာနှင့်တာဇာကြယ်ပွင့်နယ်မြေ ကိုဆက်သွယ်ထားသည့် တည်ငြိမ်သော ပိုးပေါက်စုပ်ဝဲတစ်ခုကိုတည်ဆောက်နိုင်ပါက၊ ရေရှည်ကုန်သွယ်မှု လမ်းကြောင်းကို စဉ်းစားလာနိုင်မည်ဖြစ်သည်။
xxxxxx