အခန်း၁၃၄
Viewers 16k

Chapter 134

(012 နှင့် ဇာ့ခ်ဘုရင်မ)


လင်းယောင်ယောင် သည် လုံလောက်စွာ အနားယူပြီး နောက်တစ်နေ့ နံနက်တွင် နိုးလာသောအခါ ကြောင်စီစီဖြစ်သွားရသည်။


" အိုး ဘုရား…ဘုရား သူမ... မနေ့ညက လင်းရွှမ်နဲ့ အတူတူအိပ်ခဲ့တာလား…"


သူမဘေးက အေးစက်နေသည့် အိပ်ယာ‌ကြောင့် လင်းရွှမ်သည် ခဏလောက်သာ အိပ်ခဲ့ခြင်းဖြစ်ရမည်။ ထို့ကြောင့် သူမ အရှက်ပြေသွားရသော်လည်း အနည်းငယ် စိတ်ပူနေမိဆဲပင်။


သူမသည် စိတ်စွမ်းအား ပြန်လည်ကောင်းမွန်လာသည်အထိ ဦးစွာ ကောင်းကောင်းအနားယူရန် စီစဉ်ထားသည်။ ထို့နောက် သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ် အတွင်းတွင် ကျန်နေသေးသော အနက်ရောင် အဖျက် စွမ်းအင်များကို ရှင်းပစ်မည်ဖြစ်သည်။ ထို့နောက် ဇာ့ခ်ဘုရင်မအား မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကိုလည်း သူနှင့် ဆွေးနွေးရဦးမည်။


 မူရင်းဝတ္ထုကြောင့်၊ ဇာ့ခ်ဘုရင်မသည် လင်းရွှမ် သေဆုံးရသည့် တရားခံဟု သူမ ထင်ခဲ့ဖူးသည်။ ထို့ကြောင့် သူမ ထိုသတ္တဝါကို မကြိုက်ပေ။ သို့သော် ဇာ့ခ်ဘုရင်မနှင့်တွေ့ဆုံပြီးနောက် ကြီးမားသော ကွာခြားမှုတစ်ခုကို ခံစားခဲ့ရသည်။မွေးခါစ ဇာ့ခ်ဘုရင်မသည် သူမ စိတ်ကူးယဉ်ခဲ့သလိုမျိုး ဆိုးသွမ်းသော နတ်ဆိုးတစ်ကောင် မဟုတ်ပေ။  လူသား၏အသားသည် အရသာအရှိဆုံးဖြစ်ကြောင်း တာဇာကြယ်ပွင့်မဟာမိတ်မှ သင်ကြားပေးခဲ့ခြင်းကြောင့် လူသားများအား ဆန့်ကျင်လာခြင်းပင်။


ဇာ့ခ်ဘုရင်မ၏ အပြန်အလှန် စားကြမည်ဆိုသောစကားကို ပြောပုံထောက်လျှင် သူမသည်(အမကြီးမလို့ သူမ သုံးလိုက်ပါတယ်နော်၊၎င်းဆိုရင် ဖတ်ရတာထောက်နေမလားလို့) "တရားမျှတမှု" ကို သဘောပေါက်သူပင်။ သူ့စရိုက်က တော်တော်ဖြူစင်ပြီး လိုရာဆန္ဒများ ပြီးမြောက်နိုင်ဖို့ ဘာမဆို လုပ်ချင်ကြသော တစ်ချို့ လူသားများထက်ပင် ရိုးသားနေသေးသည်။


ဇာ့ခ်ဘုရင်မကို သတ်လိုက်ခြင်းကလည်း စစ်ပွဲကို အဆုံးသတ်စေမှာ မဟုတ်ပေ။ လင်းရွှမ် ကိုရှင်းရန် တာဇာများသည် ဇာ့ခ်ဘုရင်မကို အသုံးပြုလိုကြသည်။ ယခုတစ်ကောင်ကို သတ်လိုက်ပါက နောက်တစ်ကောင်ကိုလည်း ထပ်လွှတ်လာမည်ဖြစ်၏။


လင်းယောင်ယောင် အမျှော်လင့်ဆုံးအရာမှာ ဤ ဇာ့ခ်ဘုရင်မကို ပြုစုပျိုးထောင်ပြီး အဆုံးမသတ်နိုင်သော ဇာ့ခ်များကို စားဖို့ဖြစ်သော်လည်း ထိုအကြံက မဖြစ်နိုင်မှန်း သူမ သိနေသည်။


ဇာ့ခ်ဘုရင်မကြီးသည် လောလောဆယ်  သားပေါက်လေးများ သို့မဟုတ် သူ့အသားကိုသူ စားချင်စိတ်မဖြစ်လာသေး‌ပေ။အကယ်၍ ဗိုက်အတော်ဆာလာပါက စားချင်စားလာနိုင်၏။ထို့ကြောင့် သူမသည် ဇာ့ခ်ဘုရင်မကဲ့သို့ သဘာဝ ဇာ့ခ်အသားထုတ်လုပ်သည့်စက်ကို သိမ်းထားချင်သော်လည်း တစ်ချိန်ချိန်မှာ အရိုင်းဆန်လာနိုင်သဖြင့် ထိုသို့လုပ်ဖို့ အမှန်တစ်ကယ်ကြိုးစားမည်မဟုတ်ပေ။


 ဒါဆို ဇာ့ခ်ဘုရင်မနဲ့ ဆက်ဆံဖို့ အသင့်တော်ဆုံးနည်းလမ်းက ဘာလဲ…


သူမလည်း ဘယ်လိုမှ မစဉ်းစားနိုင်တာကြောင့် လင်းရွှမ် ဆီကို အရင်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သူမ မသိလိုက်ခင်မှာပင် သူ့အပေါ်  ပိုပိုပြီး အားကိုးချင်လာခဲ့၏။


သို့သော်၊သူမ ရေမိုးချိုးပြီး ကပ္ပတိန်အခန်းထဲက ထွက်လာသည့်တိုင် လင်းရွှမ် ကို လုံးဝ မတွေ့ခဲ့ရပေ။သူမလည်း 'မီးဖိုချောင်သို့' ဆိုသည့် ဆိုင်းဘုတ်အတိုင်း ဝင်သွားလိုက်ရာ  အထဲမှာ အစားအသောက် ကုထုံးပညာရှင်များသည် ချက်ပြုတ်ရင်း အလုပ်ရှုပ်နေကြသည်။သူတို့သည် အလုပ်ရှုပ်နေသော်လည်း သူမကိုတွေ့သောအခါ စိတ်လှုပ်ရှားသွားကြပြီး သူမအား သဘောကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။


လင်းယောင်ယောင် ကမူ ဤအသေးစိတ်အချက်အလက်များကို သတိမထားမိဘဲ မီးဖိုချောင်ရှိ အစားအသောက်ကုထုံး ညာရှင်များအား မေးလိုက်သည်။


 "လင်းရွှမ် ဘယ်သွားလဲ သိလား… သူထွက်သွားတာ ဘယ်လောက်ကြာပြီလဲ"


သူတို့အထဲမှ အမြင့်ဆုံးရာထူး ဖြစ်ဟန်တူသော အစားအသောက်ကုထုံးပညာရှင်သည် သူမအား ရိုသေလေးစားစွာဖြင့် ပြောလာသည်။


“မစ္စယောင်ယောင်… ဗိုလ်ချုပ်က လွန်ခဲ့တဲ့ ခြောက်နာရီကပဲ ဇာ့ခ်ဘုရင်မနဲ့ ညှိနှိုင်းဖို့ ထွက်သွားခဲ့ပါတယ်…ဖြည့်စွက်စာတွေ အများကြီးလည်း ယူသွားပါတယ်… ထမင်းဟင်းချက်ထားဖို့လည်း ပြောသွားပါတယ်… ဖြည့်စွက်စာ လာပို့ဖို့ လူတစ်ယောက်ကို တစ်နာရီ တစ်ခါ လွှတ်ခိုင်းရပါမယ်တဲ့.. မစ္စယောင်ယောင် အိပ်ရာကနိုးရင် ဇာ့ခ်ဘုရင်မရဲ့ပိုင်နက်ကို လာလို့ ရပါတယ်တဲ့…ဒါပေမယ့် ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးတွေကို ကြိုတင်ပြီး စားထားပါတဲ့"


အစားအသောက်ကုထုံးပညာရှင် တာဝန်ခံက လင်းယောင်ယောင် ကို အလွန်လေးစားစွာ ပြောဆိုနေသည်။အကြောင်းမှာ ရိုးရှင်းလှသည်။ မနေ့က ပင်မစစ်ဘက်ဆိုင်ရာ အာကာသယာဉ်ပေါ်ကို လင်းရွှမ် တက်လာပြီးသည်နှင့် သူမက သူ၏  စေ့စပ်ထားသူဟူ၍ ပြောလိုက်တာကြောင့် အနာဂါတ်သခင်မဟု အဓိပ္ပါယ်ရသောကြောင့်ပင်။ 


လင်းရွှမ် ၏ စကားများသည်လည်း လင်းယောင်ယောင် အပေါ်အလွန်တန်ဖိုးထားကြောင်း ပြသနေသည်။ ထို့အပြင်၊ ဤအစားအစာ ကုထုံးပညာရှင်များသည် သူမ၏ သင်ကြားမှုဗီဒီယိုများကိုကြည့်ပြီး လိုက်ချက်ကြသူများဖြစ်၍ သူတို့၏ ချက်ပြုတ်စွမ်းရည်မှာ တိုးတက်လာကြ၏။ သူတို့အားလုံးမှာ သူမ၏ တပည့်များဖြစ်သလို၊ ပရိတ်သတ်များဟုလည်း ပြောလို့ရပေသည်။ထို့ကြောင့်လည်း သူမကို စိတ်အားထက်သန်စွာ လေးစားနေကြခြင်းပင်။


လင်းရွှမ် သည် ခဏမျှသာ အိပ်ပျော်သွားပြီး အလုပ်များပြန်ရှုပ်လိမ့်မည်ဟု လင်းယောင်ယောင် မထင်ထားခဲ့ပေ။  စစ်ပွဲအတွင်း ပင်မစစ်ဗိုလ်ချုပ်အဖြစ် သူ့အတွက် တစ်ကယ်ကို ခက်ခဲပေသည်။ ကံကောင်းစွာပင်၊ သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရှိ အဖျက်စွမ်းအင်အများစုကို ဖယ်ရှားပစ်လိုက်ပြီးဖြစ်၍ မကြာခင်မှာ ရူးသွပ်သွားခြင်းမျိုး မဖြစ်လာနိုင်သေးပေ။ထို့အပြင် သူသည် ဇာ့ခ်ဘုရင်မနှင့် တိုက်ခိုက်ရန် မကြံရွယ်ဘဲ နူးညံ့ပျော့ပျောင်းသော နည်းစနစ်ကို စမ်းသုံးရန်လည်း သူစီစဉ်ထားခြင်းဖြစ်နိုင်သည်။ထို့နောက် သူမ၏ ချစ်စရာ ဂြိုလ်သား အိမ်မွေးတိရစ္ဆာန် 012 ကို ရုတ်တရက် သတိရသွားပြီး


 "အာ… သွေးစပျစ်နွယ်ပင်ကို တွေ့လိုက်လား" 


 012 သည် သူမကို အလွန်ကပ်ချွဲတတ်ပြီး အများအားဖြင့် နိုးလာသည်နှင့်တစ်ပြိုင်နက် သူမအား အပြေးလာနှုတ်ဆက်လေ့ရှိသည်။


 "အဟမ်း... မစ္စယောင်ယောင်ရဲ့ ဂြိုလ်သား အိမ်မွေးတိရိစ္ဆာန်က လွန်ခဲ့တဲ့ ခြောက်နာရီကပဲ ဗိုလ်ချုပ်နဲ့အတူ ထွက်သွားပါတယ်… ဗိုလ်ချုပ်နဲ့ဆိုတော့ သူ ဘေးကင်းမှာပါ"


တာဝန်ခံဖြစ်သူ၏ စကားမှာ အနည်းငယ် ထစ်နေသလို ဖြစ်သွား၏။


သူမလည်း အံ့ဩသွားသည်။ လင်းရွှမ် ရှေ့မှာဆို အမြဲကြောက်တတ်သူ 012 က ယခုတော့ သူ့နှင့်အတူ ထွက်သွားကြသည်ဆို၍ မယုံနိုင်စရာ ကောင်းပေသည်။မဟုတ်မှလွဲရော... 012 သည် ဇာ့ခ်ဘုရင်မ၏ အသားများကို စားချင်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။မနေ့က ဇာ့ခ်ဘုရင်မနှင့်ပြောနေစဉ်က  012 သည် အနည်းငယ်စိတ်အားထက်သန်နေကြောင်း သူမ ခံစားမိသည်။ မနေ့က လှိုဏ်ဂူထဲမှ မထွက်ခင်မှာ သူမသည် ဇာ့ခ်ဘုရင်မအတွက် ဖြည့်စွက်စာတချို့ ချန်ထားခဲ့၏။ ယခုအချိန်ထိ ဇာ့ခ်ဘုရင်မသည် ဘာမှ အခြေအနေမထူး‌လာသည်ကို ကြည့်ရလျှင် သူမ ချက်ပြုတ်ထားသော အစားအစာကို နှစ်သက်ခြင်းဖြစ်နိုင်သည်။


လင်းရွှမ် က သူ့လူများကို ဖြည့်စွက်စာ ဆက်ပို့ပေးဖို့ တောင်းဆိုခြင်းမှာ သူသည် ဇာ့ခ်ဘုရင်မကို သူတို့ဖက်သို့ ပါလာအောင် ဆွဲဆောင်ဖို့ အစားအစာများအား အသုံးပြုဖို့ စဉ်းစားနေခြင်း ဖြစ်နိုင်သည်။အစားသူရဲတစ်ယောက်အတွက် ဤနည်းက တိုက်ခိုက်ခြင်းထက် တစ်ကယ်ကို အသုံးဝင်သည်ဟု ပြောနိုင်ပေသည်။ 


ယခုလည်း လင်းရွှမ် နှင့် 012 တို့သည် ဇာ့ခ်ဘုရင်မနှင့် မည်သို့ဆက်သွယ်နေသည်ကို  ချက်ချင်းသွားရောက်ပြီး ကြည့်ချင်သော်လည်း သူမ အလျင်စလို မဖြစ်နေပေ။ ဇာ့ခ်ဘုရင်မနှင့် တွေ့ချင်လျှင် လက်ဆောင်တွေ ယူလာပေးရပေမည်။


ထိုသို့တွေးရင်း လင်းယောင်ယောင် သည် မီးဖိုချောင်တာဝန်ခံကို ပြောလိုက်သည်။


"မီးဖိုချောင်သုံးပစ္စည်းတွေ ကျွန်မ ငှားလို့ရမလား"


 "ဟုတ် ရပါတယ်… ကြိုက်သလိုသုံးလို့ရတယ်"


 ထို့နောက် သူ့လက်များကို ပွတ်သပ်ကာ ပြောလိုက်သည်။


 "ဘေးနားကနေ ကြည့်လို့ရမလားဟင်…အစ်မရဲ့ အစားအသောက် သင်ကြားရေး ဗီဒီယိုတွေကို ကျွန်မ ကြည့်နေခဲ့တာ ကြာပြီ… ဒီနေ့ အစ်မကို လူချင်းတွေ့ခွင့်ရတာ အရမ်းကံကောင်းတာပဲ..."


ထိုအခါ သူမသည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို သဘောပေါက်လာခဲ့သည်။  ဇာ့ခ်အသား၏တန်ဖိုးကိုသိပြီးနောက် လင်းရွှမ် သည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့အား အစားအသောက်ကုထုံး ပညာရှင်များကို စုဆောင်းစေခဲ့သည်။ အစားအသောက်ကုထုံးပညာရှင် အသစ်များကို လေ့ကျင့်သင်ကြားပေးသောအခါတွင် သူမ၏ သင်ကြားရေးဗီဒီယိုများကိုလည်း အသုံးပြုခဲ့ပုံရသည်။သူမလည်း ရှက်ဝဲဝဲဖြင့်


"အိုး...ရတာပေါ့... ဒုက္ခမဖြစ်ဘူးဆိုရင် အတူတူချက်ဖို့ လူနှစ်ယောက်လောက် ရမလား"


 အချိန်မလောက်သဖြင့် နောက်ထပ် ဟင်းလျာများ အမြန် ချက်ပြုတ်ရမည်ဖြစ်၏။ စားရအဆင်ပြေပြီး မွှေးကြိုင်သော အရာတစ်ခုအတွက်၊ အကြော်နှင့် အကင်များထက် ပိုကောင်းသောအရာမရှိချေ။ သို့သော် ဤစစ်ဘက်ဆိုင်ရာ အာကာသယာဉ်ပေါ်ရှိ အစားအသောက် ကုထုံး ပညာရှင်များသည်လည်း အစောကတည်းက စဉ်းစားမိပြီး ထိုဟင်းလျာများစွာကို ချက်ပြုတ်ပြီးသားဖြစ်သည်။ထို့ကြောင့်၊ လျင်မြန်ပြီး ကောင်းမွန်သောရနံ့အပြင်၊ ဆန်းသစ်ပြီး မမေ့နိုင်စရာ အရသာကို ဇာ့ခ်ဘုရင်မ ခံစားရစေရန် ဇာ့ခ်ပြေးလွှားကောင်(မပျံနိုင်သည့် အင်းဆက်)များနှင့် တွားသွားကောင်များကို ဖန်တီးဖို့ ရွေးချယ်ခဲ့သည်။ထို ဇာ့ခ်မျိုးစိတ်နှစ်ခုမှာ အဆင့်နိမ့်သော်လည်း ကျောက်ပုစွန်နှင့် ဂဏန်းလို အရသာရှိပြီး အသားက နူးညံ့နေသည်။ ပိုအရေးကြီးသည်က ထိုအကောင်များသည် စွမ်းအင်မကြွယ်ဝသောကြောင့် ဇာ့ခ်ဘုရင်မ ဘယ်လောက်စားပါစေ၊ အင်အားများလာမှာ မဟုတ်ပေ။ဤနည်းအားဖြင့် ဇာ့ခ်ဘုရင်မသည် ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ ရန်လိုမည်ဆိုလျှင်တောင် အားက အရင်လိုဖြစ်နေပြီး အလွန်အားများနေမည်မဟုတ်ပေ။ 


ဇာ့ခ်ဘုရင်မ၏ အစာစားချင်စိတ်ကို တွေးတောရင်း လင်းယောင်ယောင် များစွာပြုလုပ်ခဲ့သည်။ ဤအစပ်ဟင်းလျာများကို အလွန်အကျွံစားသောအခါ ရေဆာနေမည်မှာ သေချာသည်။ ထို့ကြောင့် စွံပလွံသီး အသံမြည်ဇာ့ခ် (ဥပမာ၊နားကျယ်ကောင်)အသားဟင်းချိုကို အမြန်ချက်လိုက်သည်။အသံမြည်ဇာ့ခ်၏ ကုသရေးအာနိသင်သည် အရိုးနက်ကြက်၏ အဆင့်မြှင့် အာနိသင်ဖြစ်ပေသည်။ ဇာ့ခ်ဘုရင်မသည် ကလေးမွေးနိုင်သောကြောင့် အမ ဖြစ်ရမည်။ ထို့ကြောင့် ဖြည့်စွက်စာ များများကျွေးသင့်ပေသည်။အသံမြည်ဇာ့ခ်ဆိုသည်မှာ ဇာ့ခ်ဘုရင်မ၏ သားပေါက်ဖြစ်သော်လည်း အရသာကောင်းလျှင် အသေးစိတ်အချက်အလက်များကို ဘယ်သူမှ ဂရုမစိုက်နိုင်ပေ။မည်သို့ပင် ဖြစ်စေ၊သူ့မှာသားပေါက်


ထောင်ပေါင်းများစွာ ရှိသည့်အတွက်လည်း မှတ်မိမှာမဟုတ်ပေ။ 


ထို့အပြင် မှိုများ၊ နုတ်နုတ်စင်းထားသော ဇာ့ခ်အသားများ၊ ဟင်းသီးဟင်းရွက်များဖြင့် ရိုးရိုးခေါက်ဆွဲပြုတ်ကိုလည်း ပြုလုပ်ခဲ့သည်။ သူမပါ မနက်စာ စားလိုက်ပြီး အနည်းငယ်ပိုသော ဟင်းများကို အစားအသောက် ကုထုံးပညာရှင်များအားလည်း ကျွေးလိုက်၏။ထို့နောက် သူမသည် လင်းရွှမ်၊ 012 နှင့် ဇာ့ခ်ဘုရင်မအတွက်လည်း များများ ယူလာခဲ့သည်။


 ဤပြင်ဆင်မှုများပြုလုပ်ပြီးနောက် သူမသည် ဟင်းဘူးများကို အာကာသခလုတ်ထဲသို့ထည့်ကာ လင်းပိုထဲသို့တက်၍ ပင်မစစ်ဘက်ဆိုင်ရာ အာကာသယာဉ်မှ ထွက်ခွာသွားခဲ့သည်။


 တစ်ဖက်မှာ လင်းရွှမ် နှင့် 012 တို့သည် ဇာ့ခ်ဘုရင်မ၏ ပိုင်နက်ထဲတွင် အချိန်အတော်ကြာနေပြီးနောက်  သုံးယောက်သား ပြေလည်သွားကြသည်။ အပြင်က စစ်သည်တွေသာ သူတို့ကိုမြင်လျှင် ဆွံ့အပြီးကြောင်စီစီ ဖြစ်သွားနိုင်သည်။ 

အခြေအနေကို ထိန်းချုပ်နိုင်မည်ဟု သူ့ကိုယ်သူ ထင်ခဲ့သော လင်းရွှမ် သည် စကားတစ်ခွန်းမှ မပြောဘဲ အသာ နေရပြီး သွေးစပျစ်နွယ်ပင်၏ ကိုယ်ရံတော်ဖြစ်လာသည်။


စေ့စပ်ညှိနှိုင်းခြင်းကိစ္စကို အဓိကအားဖြင့် 012 က ပြုလုပ်ခဲ့သည်။ ဇာ့ခ်ဘုရင်မသည် လင်းရွှမ် မှာ မနေ့ကထက်စာလျှင် ယနေ့ပို၍အစွမ်းထက်ကြောင်း သိနေသဖြင့်တခြားဘာမှ မလုပ်နိုင်တော့ပေ။တစ်ချိန်က သူမကို သတ်ပစ်ချင်ခဲ့သည့် ဤလူသားပိုးကောင်လေးကို မကြိုက်နိုင်ပေ။


ဇာ့ခ်ဘုရင်မ: ...ကလေးကို သူ ရန်လာစတာမလား…


 တစ်နည်းဆိုရသော် လင်းရွှမ် သည် သွေးစပျစ်နွယ်ပင်နှင့်အတူ ဇာ့ခ်ဘုရင်မ၏ ပိုင်နက်ထဲသို့ ပြန်ဝင်ရောက်လာသောအခါ၊သနားစရာ  ဇာ့ခ်ဘုရင်မသည် ပတ်ဝန်းကျင်မှ ဇာ့ခ်များကို ဆက်တိုက် ဖယ်ရှားပြီး ဂူတွင်း၏ အနက်ဆုံးနေရာမှ ဂူဝင်ပေါက်ဆီသို့ ဆယ်မီတာကျော် ရွေ့လာခဲ့၏။


 အခြားနည်းလမ်းမရှိတော့ပေ။ဇာ့ခ်ဘုရင်မတွင် ကီလိုမီတာတစ်ရာကျော် ကျယ်ဝန်းသော ခန္ဓာကိုယ်ကြီးရှိသည်။  အရွယ်အစားက အတော်ကြီးသဖြင့်  မွေးကင်းစ ဇာ့ခ်လေးများလို ဗိုက်ဆာနေချိန်မှာတောင် မြေဆီလွှာကို စားဖို့ မဖြစ်နိုင်တော့ပေ။ ထို့အပြင်၊ ဇာ့ခ် ကလေးများစွာသည် အမြဲလိုလို သပိတ်မှောက်ဆန္ဒပြကြသည်။  မြေဆီလွှာအနည်းငယ်ကို စားပြီးနောက် သူတို့သည် ခန္ဓာကိုယ်အနည်းငယ် ပိုကြီးလာပြီး ခြေသည်း၊လက်သည်းများ ရှိလာကြသည်။ ထို့ကြောင့် အပြင်ကို ထွက်ချင်ပြီး အရသာရှိသော လူ့အသားတွေကို စားချင်နေကြတော့သည်။မြေဆီလွှာစားဖို့ ဘယ်သူမှ စိတ်မဝင်စားကြတော့။ မြေဆီလွှာဆိုသည်မှာ ဇာ့ခ်မျိုးနွယ်၏ သဘောသဘာဝနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။  ရလဒ်အနေဖြင့် ဇာ့ခ်ဘုရင်မ၏ ကလေးများအပေါ်  ဝိညာဉ်ရေးထိန်းချုပ်မှုမှာ အလွန်လျော့နည်းသွားသည်။


တာဇာကြယ်ပွင့်မဟာမိတ်သည် ဇာ့ခ်ဘုရင်မတည်ရှိရာ လှိုဏ်ဂူကို အထူးရွေးချယ်ထားခဲ့သည်။အစပိုင်းတွင်  ဇာ့ခ်ဘုရင်မသည် အတော်လေး အားနည်းမည် ဖြစ်သောကြောင့် ပုန်းအောင်းစရာနေရာကို ပိုလုံခြုံမှ ဖြစ်ပေသည်။ ဂူထဲသို့ဝင်သူတိုင်းကို သတ်ရန် ဇာ့ခ်ပိုးမျှင်ကို အသုံးပြုမည်ဖြစ်၍ အရာအားလုံး အဆင်ပြေသွားမည်ဖြစ်သည်။ဇာ့ခ်ဘုရင်မသည် SSS မိုင်းနပ်စ်မှ SSS အဆင့်သို့ ဖြည်းဖြည်းချင်း ကြီးထွားလာသောအခါ၊တောင်တစ်ခုလုံးကိုပင် ဖြိုခွင်းပစ်နိုင်သည်။ ထို့နောက် သူမသည် အပြင်ထွက်၍ ကမ္ဘာကြီးတစ်ခုလုံးရှိ လူများစွာကို ရိက္ခာအဖြစ် စားသောက်နိုင်သည်။သူမသည် လူ့အသားနှင့်သွေးကို လုံလောက်စွာစားပြီး SSS+ အဆင့်သို့ မြှင့်တင်၍  အာကာသ ကူးပြောင်းခြင်း စွမ်းရည်ကို အသက်သွင်းကာ အနီးနားရှိ မိုလန်ဂြိုလ်သို့ သွား၍ ထပ်စားမည် ဖြစ်၏။  မိုလန်သည် လူဦးရေ တစ်ဘီလီယံကျော် နေထိုင်သည့် ဂြိုဟ်ဖြစ်သည်။ 


မိုလန်ဂြိုဟ်သည် လင်းရွှမ် ကိုသတ်ရန် တာဇာကြယ်ပွင့်မဟာမိတ်မှ ရွေးချယ်ထားသော အဆုံးစွန်အထိ ကောင်းမွန်သည့် စစ်မြေပြင်ဖြစ်သည်။ မအောင်မြင်လျှင်တောင် သူတို့အတွက် လုံလောက်သည့် ရိက္ခာတွေ ရှိနေမည်ဖြစ်သည်။အစီအစဥ်သည် အလွန်ကောင်းမွန်သော်လည်း အပြောင်းအလဲများကို ဘယ်သူမှ ကြိုမသိထားနိုင်ပေ။


ယခု ဇာ့ခ်ဘုရင်မသည် လူ့အသား၏အရသာကို မမြည်းစမ်းမီ အစွမ်းထက်သော လူသား ပိုးကောင်တစ်ကောင်ကြောင့် ထိတ်လန့်သွားခဲ့သည်။ထို့နောက် လင်းယောင်ယောင် ဆိုသည့် သူ့လို အစားသူရဲနှင့် တွေ့သည်။ ဇာ့ခ်ဘုရင်မသည် လူ့အသားကို စားခွင့်မရသော်လည်း၊ မကြုံစဖူးအရသာထူးတစ်မျိုးအား မြည်းစမ်းခွင့်ရခဲ့သည်။ သူမ ရုတ်တရက် သိလိုက်ရသည်က


  'ဘုရား…ဘုရား…ငါ့သားပေါက်လေးတွေရဲ့ အသားက အရမ်းအရသာရှိတာပဲ… ဒီကလေးကို လောဘကြီးအောင် လုပ်လိုက်ကြပြီ'


ဇာ့ခ်ဘုရင်မသည် အလွန်အမင်း စားချင်စိတ်ကြောင့် မီတာတစ်ဒါဇင်ကျော် ရှေ့သို့ရွေ့လျားသွားလိုက်သည်။  သို့သော်လည်း၊ လှိုဏ်ဂူမှ ထွက်ခွာနိုင်ရန် ဝေးကွာနေသေးသည်။ထိုအချိန်တွင် ကြောက်စရာကောင်းသောလူသားပိုးကောင်သည် အမှန်တစ်ကယ်ရောက်လာပြန်သည်။ သူ့ခန္ဓာကိုယ်ပေါ်က အငွေ့အသက်များမှာ မနေ့ကထက် ပိုကြောက်စရာကောင်းလာသည်။ သူမမည်သို့ပင် အကောင်းဆုံးကြိုးစားပါစေ၊ ဤလူသားပိုးကောင်လေးကို မသတ်နိုင်သလို ခံစားလာရ၏။ သို့သော်လည်း၊ သူမသည် ဤလူသားပိုးကောင်လေး၏ လက်ထဲမှာ လွယ်လွယ်နှင့်အသေခံမှာ မဟုတ်ပေ။ သူမအသက်ရှင်နေပါမှ၊ယခင်က မစားဖူးသေးသော အရသာများစွာကိုစားနိုင်မည်ဖြစ်ပေသည်။သို့သော်၊အံ့အားသင့်‌စေရသည်က၊ဤလူသား ပိုးကောင်ငယ်လေးမှာ သူမကို အသေသတ်ဖို့ ရောက်လာခြင်းမဟုတ်ဘဲ


အရသာရှိသည့် အစားအစာတွေကို ယူဆောင်လာခဲ့ခြင်းကိုပင်။


 ဤလူဆိုးသည် ကြံစည်မှုအချို့ရှိရမည်။ လူသားတွေက တစ်ကယ်ကို မယုံကြည့်ရပေ။ထို့ကြောင့် ဇာ့ခ်ဘုရင်မ သူပေးသော အသားကို စားဖြစ်သော်လည်း သူပြောသော စကားတစ်ခွန်းကိုမှ မယုံနိုင်ပေ။ ကံကောင်းစွာပင်၊ ဤကြောက်စရာကောင်းသော လူသားပိုးကောင်အပြင် အလွန်အားနည်းသော အပင်လေးတစ်ပင်ကို တွေ့သွားရသည်။ ထိုအပင်သည် အရသာ လုံးဝမကောင်းသည့် ပေါင်းပင်လေးတစ်ပင် ဖြစ်သည်။ ထိုပေါင်းပင်သည် လူသား မိန်းကလေး၏ အိမ်မွေးတိရစ္ဆာန်ဖြစ်သည်ဟု ဆိုသည်။  ပထမဦးစွာ၊ ထိုအပင်က သူမအား အလွန်ချစ်ဖို့ကောင်းပြီး သူမ ကိုယ်လုံးက အတော်စားလို့ကောင်းမည်ဟု စိတ်ရင်းမှန်ဖြင့် ချီးကျူးခဲ့သည်။ထို့နောက်လည်း သူမနှင့်မိတ်ဆွေဖွဲ့ပြီး အစားအသောက်တွေ အတူတူစားဖို့ ဤနေရာကို ရောက်လာကြောင်း ပေါင်းပင်က ပြောလေသည်။


ဇာ့ခ်ဘုရင်မသည် 012 ဆိုသည့် ပေါင်းပင်က အလွန်အရသာရှိသော ဟင်းလျာအချို့ကိုထုတ်ယူပြီး စပျစ်နွယ်ပင်များနှင့်အတူ ကမ်းပေးလာသောအခါ အတော်လေး သဘောကျသွားရသည်။ သူမသည် လူသား မိန်းကလေးအပေါ်  မှာလည်း အလွန်ကောင်းမွန်သောမြင်စိတ်ရှိသဖြင့် ကောင်းမွန်သော ဟင်းလျာများအား မငြင်းဆန်နိုင်ပေ။

012 ပေးသော အစာကိုစားပြီးနောက် ဇာ့ခ်ဘုရင်မသည် ကြင်နာတတ်သော မျက်လုံးများဖြင့် ကြည့်လိုက်၍…


 "ဟယ်လို၊ ငါ့နာမည်က 168ပါ ...ဘာလို့လည်း ဆိုတော့ ငါတို့ မက်မွန်သီးရောင်မျိုးနွယ်ရဲ့ 168 ယောက်မြောက်မလို့"


လင်းရွှမ် ကို ဘယ်လိုပင် ကြည့်မရစေကာမူ၊ သူမသည် 012နှင့် ကောင်းမွန်စွာ စကားပြောခဲ့ပြီး သူငယ်ချင်းဖြစ်ခဲ့သည်။ 012 ကလည်း ဇာ့ခ်ဘုရင်မအား အစားအစာတစ်ခုစီကို မိတ်ဆက်ပေးခဲ့သည်။  


"ဒါကို ဇာ့ခ်တောင်ပံကြော်လို့ခေါ်တယ်...ဒါက ဇာ့ခ်တောင်ပံပြုတ်… ဒါကို ဇာ့ခ်တောင်ပံအာလူးကြော်လို့ ခေါ်တယ်... ဒါတွေကို ငါ့သခင် လင်းယောင်ယောင် က လုပ်ထားတာ... သာမာန် အစားအစာကုထုံးပညာရှင်တွေကလည်း လုပ်ထားသေးတယ်…  ဒီဟင်းကို အခုစားလို့ရတယ်…  အစားအသောက်ကုထုံးပညာရှင်တွေက အတွင်းထဲမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်ပေးထားလို့ အရမ်းအရသာရှိတယ်"


ဇာ့ခ်ဘုရင်မသည်လည်း စားပြီးနောက် တစ်ခုခုကို သဘောပေါက်သွား၏။  


"ဒါပေမယ့်...တခြားသူတွေလုပ်ထားတဲ့ဟာက လင်းယောင်ယောင် လုပ်ထားတဲ့ဟာလောက် ဘာလို့အရသာမရှိရတာလဲ"


  "ဘာလို့လဲဆိုတော့ ငါ့သခင်က အရမ်းတော်တာလေ… သခင်ကောင်းတစ်ယောက်ကိုတွေ့ခဲ့တာကတော့ ငါ့ရဲ့ ကံကောင်းမှုလို့ပဲ ပြောရမယ်"


ဇာ့ခ်ဘုရင်မ တုံ့ဆိုင်းသွားသည်။


  "...ဒါပေမယ့်၊ တာဇာမျိုးနွယ်ရဲ့ နတ်ဘုရားတွေက လူ့အသားက အကောင်းဆုံးလို့ ငါတို့ကို ပြောကြတယ်…သူတို့က ငါတို့ကို မွေးတာဆိုတော့ ငါတို့ကို မလိမ်ဘူး"


 012 သည် ဇာ့ခ်ဘုရင်မကို သွေးထိုးလိုက်ပြန်သည်။  


"သြော်... ငါဆိုလည်း မြက်ရိုင်းလေးဖြစ်နေတုန်းက အရမ်းငတ်ပြီး လူ့သွေးကို သောက်ဖူးတယ်...အရသာလုံးဝမရှိဘူး၊ ငါးညှီနံ့ကြီး"


ထိုအခါ ဇာ့ခ်ဘုရင်မသည် သူမ၏ ကြီးမားသောမျက်နှာကို ရှုံ့တွလိုက်သည်။


"အာ...ဟုတ်တယ် ငါးနံ့ရတယ်…ငါမွေးထားတဲ့ ဇာ့ခ်တစ်ချို့ဆို ညစ်ပတ်တဲ့အရာတွေကို စားဖို့ ထွက်သွားကြတယ်…သူတို့ခန္ဓာကိုယ်က စွမ်းအင်တွေ ပိုကြွယ်ဝလာပေမယ့် အရသာက မကောင်းသလို အရမ်း နံတာ"


 012 သည် ဇာ့ခ်ဘုရင်မနှင့် ဆက်၍ စကားများခဲ့သည်။ 


"ဟုတ်တယ်…တာဇာတွေက အညစ်အကြေးတွေကို ဘယ်လိုဖယ်ရှားပြီး ဇာ့ခ်အသားကို ချက်ပြုတ်ရမလဲဆိုတာ မသိတဲ့အတွက်ကြောင့်မို့လို့ လူတွေရဲ့အသားက အရသာရှိတယ်လို့ ထင်ခဲ့ကြတာ"


ဇာ့ခ်ဘုရင်မကလည်း ချက်ချင်းသဘောတူသည်။


"ဟုတ်တယ်…သူတို့က ဇာ့ခ်သားပေါက်လေးတွေ စားတဲ့အခါ အစိမ်းလိုက်မျိုရတာ ကြိုက်တာ"


 012: "သြော်၊ ငါမင်းကိုပြောမယ်… လူ့အသားက အရသာမရှိပေမယ့် လူတွေက တော်တော်အသုံးဝင်တယ်…သူတို့ကို ငါတို့အတွက် စားဖိုမှူးတွေ လုပ်ခိုင်းနိုင်တယ်…အရသာရှိတဲ့ အစားအစာတွေအပြင် ငါတို့ကို ‌ကောင်းတဲ့အရာတွေ အများကြီး လုပ်ပေးခဲ့တယ်"


 ထို့နောက် 012 သည် ၎င်း၏ အိမ်မွေးတိရစ္ဆာန် အလင်းပြဦးနှောက်ကို ထုတ်ယူပြီး ဟိုလိုဂရပ်ဖစ်ပြကွက်ဖြင့် ဇာ့ခ်ဘုရင်မအား လူသားများနှင့် သတ္တဝါများ၏ သဟဇာတဖြစ်မှုနှင့် ချစ်ခြင်းမေတ္တာကို မြှင့်တင်ပေးသည့် ကာတွန်းကို ပြသခဲ့သည်။


 .......